Non Romantic System(Completed)

By bobo_poompat

477K 28.9K 972

ျမတ္ႏိုးတယ္ဆိုတာထက္ပိုေသာစကားမ်ား႐ွိလ်ွင္ ထိုလူသားကိုသာထပ္ေျပာပါမည္..... မြတ်နိုးတယ်ဆိုတာထက်ပိုသောစကားများရှိ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Note
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Note
Part-19
Part-20
International Lesbian Day♥
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Wedding's Post
Part-29
Part-30(Final Part)
Extra-1

Part-21

13.6K 851 37
By bobo_poompat

Zawgyi

ဆတ္သာရဲ႕Ford ကားေလး ရပ္လိုက္တဲ့ေနရာကေတာ့ MT Groupရဲ႕ သူေဌးႀကီးဦးစံ႐ွိန္ရဲ႕အိမ္ဝင္းထဲမွာ ျဖစ္သည္။ေယာက သာမာန္ညစာစားပြဲေလးတစ္ခုျဖစ္ၿပီး အခုလို ျခံဝင္းအက်ယ္ႀကီးထဲမွာ မီဒီယာကလူေတြပါ လာေရာက္႐ိုက္ကူးလိမ့္မယ္ မထင္ခဲ့။

ဆတ္သာ ကားတံခါးဖြင့္ၿပီး ေယာကို လက္ကမ္းလိုက္သည္။

[မသိရင္ RSေတြလိုလို ဘာလိုလို ။ ေဒၚႀကီးခြန္ဆတ္သာေရ ေျဖာင့္မွေျဖာင့္ရဲ႕လား]

ေယာ ကိုယ့္ဘာသာေတြးၿပီး ျပံဳးစိစိလုပ္ေနေတာ့

"အသက္႐ွိေသးလား ေယာ"

ဆတ္သာ ဘုဆတ္ဆတ္ ေျပာလိုက္၏။

"အသက္႐ွိေသးလို႔ အခုပဲဆင္းလာၿပီ"

ေယာလည္း ဂြက်က်ျပန္ေျပာၿပီး ဆတ္သာရဲ႕ လက္ကိုေတာင္ မကိုင္ေတာ့ပဲ ဆင္းလာလိုက္သည္။

"ပိစိကေတာ့ စိတ္ႀကီးပဲေနာ္"

ဆတ္သာ တိုးတိုးေလးေျပာၿပီး ရယ္လိုက္တာကို ေယာၾကားေပမယ့္ ျပန္ေမးခ်ိန္ေတာင္ မရလိုက္။ စုျပံဳေရာက္လာတဲ့ မီဒီယာက လူေတြေၾကာင့္သာ။

"ဒီက ညီမေလးက Nay Thar လုပ္ငန္းစုက ခြန္ေနသစ္ရဲ႕ညီမေလး ခြန္ဆတ္သာလို႔ သိရပါတယ္"

"NT Group အ​ေနနဲ႔ အခု အိမ္ယာစီမံကိန္းပေရာဂ်က္အတြက္ MT Groupနဲ႔ ပူးေပါင္းေဆာင္ရြက္ျဖစ္တဲ့အေၾကာင္းေလး သိလို႔ရမလား"

မ်ားျပားလွတဲ့ သတင္းသမားေတြေၾကာင့္
ေယာကေတာ့ အေတာ္ေလး အာရံုေတြေနာက္လာၿပီး ေဘးဘက္ကိုသာ ေ႐ွာင္ထြက္သြားလိုက္၏။ လူအုပ္ထဲမွာ ထင္းထြက္ေနတဲ့ ဆတ္သာကိုသာ မမွိတ္မသုန္ ျကည့္ေနမိသည္။ သတင္းသမားေတြရဲ႕ ေမးခြန္းေတြကို ေအးေအးေဆးေဆးသာ ျပန္ေျဖေနတဲ့ ဆတ္သာရဲ႕တည္ၿငိမ္မႈက ေယာအတြက္ေတာ့ ရင္ကိုေအးခ်မ္းေစတဲ့ ပံုရိပ္ေလး။

ဆတ္သာကို အာရံုစိုက္ေနတုန္း ေယာေဘးနားမွာ လူတစ္ေယာက္ လာရပ္ေနတာကို ေယာ သတိထားမိၿပီး ျကည့္လိုက္မိသည္။

[က်က္သေရတံုးလိုက္တာ။ဘာလို႔သူနဲ႔မွ လာေတြ႔ရျပန္တာလဲ]

ေ​ယာ​ေဘးနားမွာ ဝိုင္တစ္ခြက္ကိုကိုင္ၿပီး လာရပ္​ေနတဲ့ ဇြဲမင္းထြန္းကိုၾကည့္ၿပီး​ စိတ္ထဲက​ေန ​ေမတၱာပို႔လိုက္မိသည္။

ခပ္လွမ္းလွမ္းမွာ အင္တာဗ်ဴးခံေနရတဲ့ ဆတ္သာလည္း ေယာ႐ွိတဲ့ေနရာကို တစ္ခ်က္ၾကည့္လိုက္ၿပီး အင္တာဗ်ဴးကို ျမန္ျမန္လက္စသတ္လိုက္သည္။

ဇြဲမင္းထြန္းက စကားစလိုက္သည္။

"တစ္ေယာက္တည္းျဖစ္ေနတာလား"

"မဟုတ္ဘူးႏွစ္ေယာက္"

တစ္ေယာက္တည္းေတြ႔တာကိုတစ္ေယာက္တည္း
ျဖစ္ေနတာလား ဆိုတဲ့ေမးခြန္းကို ေယာ ဘုဆတ္ဆတ္ ျပန္ေျဖလိုက္ၿပီး မီဒီယာသမား​ေတြဆီက​ေန လာေနတဲ့ ဆတ္သာဆီကိုသာ သြားလိုက္သည္။

ဆတ္သာလည္း ဇြဲမင္းထြန္းဆီကို အၾကည့္တစ္ခ်က္ေတာင္ မစြန္႔ၾကဲပဲ ေယာကိုေခၚသြားလိုက္ရင္း

"ေစာနကကိစၥအတြက္ sorryေနာ္"

တံုးတိႀကီး လာေတာင္းပန္ေနတဲ့ ဆတ္သာကို ေယာ အူေၾကာင္ၾကားနဲ႔ျပန္ၾကည့္ၿပီး ေမးလိုက္၏။

"ဘာကိုလဲHead"

ဆတ္သာက ေဘးကေယာ ကိုတစ္ခ်က္ငဲ့ၾကည့္ရင္း

"မီဒီယာကလူေတြေၾကာင့္ မင္းကိုတစ္ေယာက္တည္း ထားခဲ့မိလို႔"

ဘာအေၾကာင္းေၾကာင့္ရယ္ဆိုတာ မသိေပမယ့္ ဆတ္သာရဲ႕ ေလသံက တကယ့္ကိုေႏြးေထြးၿပီး စိတ္ရင္းနဲ႔ ေျပာေနတယ္ဆိုတာကို သိသာေနတာမို႔ ေယာရင္ထဲ သိမ့္ခနျဲဖစ္သြားျပီး ျပံဳးျပလိုက္မိသည္။

ျမက္ခငိးျပင္မွာ အလွဆင္ထားတဲ့ မီးအေရာင္ေတြေၾကာင့္ ေယာရဲ႕ဂါဝန္ေလးက ပိုၿပီးထင္းထင္းေလးျဖစ္ေနသလို မ်က္ႏွာေလးကလည္း ဝင္းဝင္းဖန္႔ဖန္႔ေလးျဖစ္ကာ တအားခ်စ္ဖို႔ေကာင္းေနသည္။ဆတ္သာၾကည့္ေနရင္း ဘယ္လိုမွမေနႏိုင္ေတာ့ပဲ ေခ်ာင္းတစ္ခ်က္ဟန္႔ၿပီး ေဘးက ဝိတ္တာေကာင္ေလးဆီက ဝိုင္တစ္ခြက္ကိုယူၿပီး ေသာက္လိုက္မိသည္။

ေနာက္ထပ္က်န္တဲ့ ဝိုင္တစ္ခြက္ကိုယူဖို႔ လက္ျပင္ေနတဲ့ ေယာကို ဆတ္သာ မ်က္ေမွာင္ၾကဳတ္ၾကည့္ရင္း လက္ကို ပုတ္ခ်လိုက္သည္။

"ဟိတ္ ပိစိ ။ ေတာ္စမ္း မေသာက္နဲ႔။ မင္းအတြက္
အ​ေအးသြားယူ​ေပးမယ္"

ေျပာရင္းဆိုရင္း မလွမ္းမကမ္းက ဝိတ္တာေကာင္ေလး ေနာက္တစ္ေယာက္ဆီကေနလိေမၼာ္အေအးခြက္ေလးကို
ယူၿပီး ေယာကိုေပးလိုက္သည္။

[ကေလးမွတ္ေနလားမသိဘူး။ ဂူးဂူးဂါးဂါး]

ေယာစိတ္ထဲကေနပြစိပြစိလုပ္ရင္း လိေမၼာ္ေဖ်ာ္ရည္ကို တစ္က်ိဳက္တည္း ေမာ့ခ်လိုက္၏။

"ဟိုမွာ ကိုကိုနဲ႔႐ွိန္း"

ဆတ္သာၫႊန္တဲ့ေနရာကို​ ေယာ ျကည့္လိုက္​သည္။ Bossကေတာ့ ထံုးစံအတိုင္း သန္႔ၿပီးခန္႔ေနတာပဲ။႐ွိန္းကိုေတာ့ အခုလို suitနဲ႔ ပထမဆံုးေတြ႔ဖူးတာမို႔ ေယာ မေနႏိုင္မထိုင္ႏိုင္ ဖြီးခနဲ တစ္ခ်က္ရယ္မိသြားသည္။

ေယာ ခြီလို႔မွမဆံုးေသးခင္ ေယာတို႔႐ွိရာဘက္ကို ေလ်ွာက္လာတဲ့ ေနသစ္နဲ႔႐ွိန္း။ ႐ွိန္းရဲ႕အၾကည့္ေတြက [နင္ငါ့ကို ခြီေနတာမဟုတ္လား။ငါသိေနတယ္ေနာ္]ဆိုတဲ့ အၾကည့္မ်ိဳးျဖစ္သည္။

ေပပီေလး ႐ွိန္းကို ေယာဆက္ၿပီး စခ်င္ေပမယ့္ Daddy ျကီးေနသစ္ကို အားနာေသာအားျဖင့္ ကိုယ္႐ွိန္သတ္လိုက္သည္။

"ငယ္ေလးနဲ႔ ေယာကေတာ့ တကယ့္ကို ေခ်ာေမာေနၾကေတာ့တာပဲ"

ကိုယ့္ရဲ႕ကေလးငယ္ေတြ အရြယ္ေရာက္လာလို႔ ဝမ္းသာပီတိျဖစ္သလိုအျပံဳးနဲ႔ ေျပာလိုက္တဲ့ ေနသစ္ကို ေယာက သြားေလးၿဖီးျပၿပီး

"Bossနဲ႔ ႐ွိန္းေရာပဲ"

"ကဲ..ေရာက္ေရာက္ျခင္းပဲ ကိုယ္ ငယ္ေလးကို ေယာဆီကခနငွါးသြားမယ္ေနာ္ ရမလား"

ေနသစ္က အတည္​ေပါက္ျကီးနဲ႔ ေျပာလိုက္တဲ့စကားေၾကာင့္ ဆတ္သာနဲ႔ေယာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ဆြံ႔အသြားသည္။

ဆတ္သာ ေခ်ာင္းတစ္ခ်က္ဟန္႔ၿပီး

"ကိုယ္ခနလိုက္သြားမယ္ေနာ္။ ႐ွိန္းနဲ႔အတူ ေနခဲ့ေနာ္ ေယာ"

"ဟုတ္ ဟုတ္"

ေယာလည္း ပုတ္သင္ညိဳေလးလို ေခါင္းကို တဆတ္ဆတ္ၿငိမ့္ျပလိုက္သည္။

ေနသစ္နဲ႔ဆတ္သာ ထြက္သြားမွ ႐ွိန္းကျပံဳးၿဖီးၿဖီးလုပ္ၿပီး ေမးလိုက္သည္။

"ေယာေလး စြံသြားၿပီေပါ့"

႐ွိန္းကို ေပေစာင္းေစာင္းၾကည့္ၿပီး

"ႀကီးေတာ္ကို စြံပါလား"

"အိုကြယ္...႐ွက္ရမ္းေတြရမ္းေနပါေရာလား ႏွမေတာ္ေယာရယ္"

စာသံေပသံနဲ႔ မ်က္ႏွာေျပာင္ေနတဲ့႐ွိန္းကို ေယာ မ်က္ျဖဴတစ္ခ်က္ လွန္ျပလိုက္သည္။

"ဟာ မမ ။ မမက ေန႔လည္က ပြဲတုန္းက မမ မဟုတ္လား"

ေယာနဲ႔႐ွိန္းေဘးကို ႐ုတ္တရက္ႀကီး ေရာက္လာၿပီး လာႏႈတ္ဆတ္ေနတဲ့ ဆယ့္႐ွစ္ႏွစ္ ဆယ့္ကိုးႏွစ္အရြယ္ ေကာင္မေလးကို ေယာ ျပန္ျပံဳးျပရင္း

"အာ...ဟုတ္တယ္ ညီမေလး။ မမကို မွတ္မိေနတာလား"

ေယာက မွတ္မိတယ္ေျပာေတာ့ ဂါဝန္အစိမ္းေလးနဲ႔ေကာင္မေလးက ဝမ္းသာသြားဟန္ေပၚၿပီး ျပံဳးျပေနသည္။

"ဟီးဟီး အိုင္က မမတို႔ကို တအားသေဘာက်ေနတာ။အိုင့္နာမည္က နံ႔သာအိုင္ပါ။ မမကေရာ ဟင္။ မမရဲ႕ facebook accountေလးကို addထားမလို႔"

"မမက ေယာစႏၵာေမာင္ပါ။ ဒါ မမaccount"

ေယာ ေျပာရင္းနဲ႔ဖုန္းဖြင့္ၿပီး fb accေလးကိုပါ ျပလိုက္သည္။ ကိုယ္နဲ႔ဝါသနာတူ အႀကိဳက္တူတဲ့
fan girlညီမေလးမို႔ ေယာ ခင္မိသြားသည္။

ေကာင္မေလးလည္း ေယာရဲ႕accကို ခ်က္ခ်င္းaddၿပီး

"မမရဲ႕ Tachiႀကီးေရာဟင္"

ေကာင္မေလးရဲ႕ ေမးခြန္းေၾကာင့္ ႐ွိန္းကေတာ့ ျပံဳးစိစိလုပ္ေနသည္။ ေယာခမ်ာ ေခ်ာင္းတဟြတ္ဟြတ္ဆိုးၿပီး

"အဟမ္း....မမမွာ Tachiမ႐ွိေသးပါဘူး"

"အမယ္...ေန႔လည္က မမကို ကာကြယ္ေပးေနတဲ့ supportive girlfriend materialမမကို ေျပာတာေလ"

"အဲ့တာ..သူကမမရဲ႕အထက္လူႀကီးပါ"

"ဂင္းခ်ားနားဂင္းခ်ားနား အထက္လူႀကီးဆိုတာလဲ အထက္ပုဂၢိဳလ္ပဲေလ။အဲ့မမရဲ႕အၾကည့္ေတြ အျပဳအမူေတြက လံုးဝမ႐ိုးသားဘူး။ အဲ့မမရဲ႕မ်က္လံုးထဲမွာ မမေယာကို သေဘာက်ေနတဲ့ ခ်စ္ရည္ရႊမ္းတဲ့အၾကည့္ေတြ ဖိတ္က်ေနတာ"

အိုင့္ရဲ႕မွတ္ခ်က္ႀကီးေၾကာင့္ ေယာေတာ့ ျပံဳးေနရံုအျပင္မတတ္ႏိုင္ခဲ့။ အေရးထဲ စပ္ၿဖီးၿဖီးလုပ္ေနတဲ့႐ွိန္းကို အံႀကိတ္ျပရေသးတယ္။

"ဒါဆို အိုင္ ဟိုဘက္ကိုသြားလိုက္ဦးမယ္ေနာ္ မမေယာ။တာ့တာ ။ေနာက္မွ အိုင္စကားလာေျပာမယ္ေနာ္ လိုင္းေပၚမွာ"

သြက္သြက္ကေလးနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့အိုင့္ကို ေယာလည္း ျပံဳးျပၿပီး တာ့တာျပန္ျပလိုက္သည္။

"ကဲ..ေယာေလး ဘာျငင္းခ်င္ေသးလဲ"

"အဲ့တာက အဲ့လိုကိစၥေလးေတြ႐ွိတယ္ဟ။ ေသခ်ာတာေတာ့ ငါကပဲ တစ္ဖက္သတ္ပါဟာ"

သက္ျပင္းခ်လိုက္တဲ့ ေယာပုခံုးေလးကိုပုတ္ၿပီး ႐ွိန္း အားေပးလိုက္သည္။

"အဆင္ေျပမွာပါ။ ငါလည္း ေစာနက ကေလးမေလးလိုပဲ အေတြးတူတယ္။ Headရဲ႕အၾကည့္ေတြက ႐ိုးမေနဘူး"

ေယာစိတ္ထဲကေန သိမ့္ခနဲျဖစ္ၿပီး ဝမ္းသာသြားတာအမွန္။

"အဟမ္း.. ငါေလးေပ်ာ္ရမွာလား"

"ေအး ေပ်ာ္လို႔ရတယ္။ အာ့..ေယာ ခနေနာ္။ငါToiletသြားမွ ရေတာ့မယ္"

"ေအးေအး"

႐ွိန္းထြက္သြားေတာ့ ေယာတစ္ေယာက္တည္း ေယာင္လည္လည္ျဖစ္ေနသည္။ ေနသစ္နဲ႔ဆတ္သာကလည္း လူႀကီးတစ္ခ်ိဳ႕နဲ႔ စကားေျပာေနတာမို႔ ေယာအေ႐ွ႕က ေရကူးကန္ႀကီးကိုၾကည့္ရင္း အေတြးမ်ားေန၏။

"ဟယ္လို...ပ်င္းေနၿပီလား ေဘဘီ"

ေပၚလာျပန္ၿပီ။ ဒီဇြဲမင္းထြန္းဆိုတဲ့လူက ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ၾကည့္လိုက္တိုင္းကို က်က္သေရတံုးေနတာပဲလို႔ ေယာေတြးၿပီး

"ပ်င္းေနရင္ ကျပမလို႔လား"

"မင္းေလးကဆႏၵ႐ွိရင္ေပါ့"

"ဆႏၵကမ႐ွိတာမို႔ လြတ္ရာကြၽတ္ရာကိုသြားလို႔ရပါၿပီ"

ေယာရဲ႕ဘုဆတ္ဆတ္အေျပာေၾကာင့္ ဇြဲမင္းထြန္း သေဘာတက်ရယ္လိုက္ၿပီး

"မင္းေလးနဲ႔ခြန္ဆတ္သာက အတူတူပဲေနာ္။ ဘာလဲ ေယာက်ၤားေတြကို မႀကိဳက္ဘူးလား"

ေမးခြန္းက တေျဖးေျဖးနဲ႔လြန္လာတာမို႔

"ေယာက်ၤားႀကိဳက္ႀကိဳက္ မိန္းမႀကိဳက္ႀကိဳက္ Bro ကိစၥမဟုတ္ပါဘူး။ အာ...အပိုးမက်ိဳးေတာင့္မက်ိဳးတဲ့ လူကလြဲလို႔ အကုန္ႀကိဳက္တယ္"

ဇြဲမင္းထြန္းမ်က္ႏွာႀကီးေမွာင္က်သြားၿပီး

"ဟား...မင္းေလးက အစြာေလးပဲ"

"စြာတာနဲ႔ ဂြက်က်ျပန္ေျပာတတ္တာကို ကြဲကြဲျပားျပား သိတတ္ပါေစ bro"

ေယာကိုျမဴစြယ္ျဖားေယာင္းလို႔ မရမွန္း ဇြဲမင္းထြန္းသေဘာ
ေပါက္သြားၿပီး ဝိုင္ခြက္ကိုေျမႇာက္ျပရင္း ေယာနဲ႔မလွမ္းမကန္းမွာ ရပ္ေနတဲ့ မိန္းမတစ္ေယာက္ဆီ ျမႇားဦးလွည့္သြားသည္။

"ေသာက္ခ်ိဳးကိုမေျပဘူး "

ေယာပြစိပြစိေျပာရင္း ႐ွိန္းအလာကိုေစာင့္ၿပီး ေနလိုက္သည္။ဘူေဖးစနစ္ဆိုေတာ့ သြားယူစားရင္ရေပမယ့္ ႐ွိန္းကိုေတာ့ ေစာင့္ရမယ္။ ဗိုက္လည္းအခ်က္ျပေနၿပီ။ ခြန္ဆတ္သာနဲ႔ ေနသစ္ကေတာ့ လူႀကီးေတြနဲ႔ စကားေကာင္းေနတုန္းပဲ။

ဆတ္သာ ေနသစ္နားကိုတိုးၿပီး ေမးလိုက္သည္။

"ကိုကို ငယ္ေလးသြားလို႔ရၿပီလား"

ေနသစ္လည္း ဆတ္သာကို မိတ္ဆက္သင္႔တဲ႔သူေတြနဲ႔ မိတ္ဆက္ေပးၿပီးၿပီမို႔

"ရတယ္ေလ ငယ္ေလး။ ကိုကိုၿပီးမွ လိုက္လာခဲ့မယ္"

ေနသစ္ဆီကခြင့္ျပဳခ်က္ရတာနဲ႔ ဆတ္သာ ေယာ႐ွိရာဘက္ကို ထြက္လာလိုက္သည္။ တစ္လက္စတည္း ဝိတ္တာေကာင္ေလးဆီက ဝိုင္တစ္ခြက္ကိုပါ ဆြဲယူလာလိုက္သည္။

ေယာက ေရကန္ကိုေငးေနရင္း ဆတ္သာလာေနတာကို သတိမထားမိသလို ဇြဲမင္းထြန္း သြားေတြ႔တဲ့အမ်ိုးသမီးက မ႐ိုးသားတဲ့မ်က္ဝန္းေတြနဲ႔ သူ႔ဆီ ခ်ည္းကပ္လာတာကိုလည္း သတိမထားမိ။

လြန္ခဲ့တဲ့ မိနစ္အနည္းငယ္က ဆတ္သာလူႀကီးေတြနဲ႔သာ စကားေျပာေနတာ ေယာကိုလည္း မေမ့မေလ်ာ့ အကဲခတ္ေနမိသည္။႐ွိန္း ထြက္သြားတုန္း ဇြဲမင္းထြန္းေရာက္လာၿပီး စကားေျပာေနတာေတြ႔တည္းက ဆတ္သာ ျပန္လာခ်င္ေနၿပီ။ဒါေပမယ့္ ​ေယာကျပန္ၿပီး အဖတ္မလုပ္တဲ့ပံုရတာေၾကာင့္ ဇြဲမင္းထြန္း ထြက္သြားေတာ့မွ ဆတ္သာ စိတ္ေအးသြားသည္။

သတိဆိုတာပိုတယ္မ႐ွိတာမို႔ အျမဲေကာက္က်စ္ေနတတ္တဲ့ ဇြဲမင္းထြန္းကို ဆတ္သာ ေလ်ွာ့မတြက္မိ။ဆတ္သာရဲ႕ခန္႔မွန္းခ်က္မွန္သြားသည္။ ဇြဲမင္းထြန္းက ကလတ္တတ္တတ္နဲ႔ မိန္းမတစ္ေယာက္ကို တီးတိုးေျပာၿပီး မၾကာခင္ပဲ ထိုသူက ေယာဆီကိုေလ်ွာက္လာတာေၾကာင့္ ဆတ္သာ ထြက္လာလိုက္ျခင္းပင္။

ထိုအမ်ိုးသမီးက အၾကံအစည္ကို အေကာင္အထည္ေဖာ္ဖို႔ ေရကန္စပ္နားမွာ ေျခေခါက္လဲက်ျပလိုက္သည္။
ေယာကေတာ့ စာနာစိတ္ထားၿပီး သြားထူေပးလိုက္မိသည္။

"အဆင္ေျပရဲ႕လားဟင္"

"ဟုတ္ဟုတ္ေျပပါတယ္"

တစ္ဖက္လူက အဆင္ေျပတယ္ဆိုမွေတာ ့ေယာလည္း ႐ွည္႐ွည္ေဝးေဝး ထပ္မေမးေတာ့ပဲ ေရကန္စပ္နားကေနပဲ ျပန္လွည့္ဖို႔ျပင္လိုက္တယ္။ ေယာအတြက္ေတာ့ ဒီလိုနားမွာ ၾကာၾကာမေနတာ အေကာင္းဆံုးပဲ။စီးထားတဲ့ေဒါက္ဖိနပ္နဲ႔ ေခ်ာ္ၿပီး ေရထဲက်မွာကို စိုးရိမ္မိတာေၾကာင့္ျဖစ္သည္။

ေယာျပန္အလွည့္မွာ အေနာက္ကမိန္းမက  ေယာလက္ကို အားနဲ႔ ဖမ္းဆြဲၿပီး ေရထဲကိုခ်ရန္ ဟန္ျပင္လိုက္သည္။ ဒါေပမယ့္ဆတ္သာက လက္ဦးသြားၿပီး ထိုမိန္းမရင္ဘတ္ကို ဝိုက္ခြက္နဲ႔လွမ္းပတ္ၿပီး ေယာကိုေတာ့ ရင္ခြင္ထဲ ေခၚသြင္းထားလိုက္သည္။

"အား"

ပြဲမွာ႐ွိတဲ့လူအမ်ားစုကလည္း ထိုမိန္းမအသံေၾကာင့္ ဆတ္သာတို႔ဆီကို အာရံုစိုက္လာၾကသည္။

"အို...ဘယ္လိုလုပ္မလဲ။ sorryေနာ္ အစ္မ"

ဆတ္သာရဲ႕အသံက ဘယ္လိုမ ွေတာင္းပန္သည့္ ေလသံမေပၚသလို ခနဲ႔တဲ့တဲ့ပင္ျဖစ္ေန၏။ ​ပခံုးက​ေနသိုင္းဖက္ခံထားရတဲ့​ ေယာက​ေတာ့ ဆတ္သာကို​ေမာ့ၾကည့္ၿပီး ဘာျဖစ္သြားမွန္းလည္း မသိလိုက္ေပ။

"နင္..နင္..ဒါဘယ္လိုလုပ္လိုက္တာလဲ။ ငါမေက်နပ္ႏိုင္ဘူး"

ထိုမိန္းမက အသံစာစာနဲ႔ျပန္ေျပာလိုက္တာေၾကာင့္ ဆတ္သာ ေယာကို လက္ကေနဆြဲရင္း ထိုမိန္းမနားကိုကပ္သြားၿပီး

"ဒီပြဲခင္းထဲမွာလည္း CCTVေတြ႐ွိတယ္ေနာ္။အဲ့ေတာ့ ခင္ဗ်ားဘာသာခင္ဗ်ား အ႐ွက္မကြဲခ်င္ရင္ အခုသြားလိုက္ေတာ့။You know what I mean"

ဆတ္သာရဲ႕ဆိုလိုရင္းကို နားလည္သြားတဲ့မိန္းမလည္း ဇြဲမင္းထြန္းကိုၾကည့္ၿပီး ထြက္သြား၏။ အခုခ်ိန္ထိ ျဖစ္ေၾကာင္းကုန္စင္ကို နားမလည္ေသးတဲ့ေယာကို ဆတ္သာ လက္ကေနဆြဲျပီး ကားေပၚသာ ျပန္ေခၚသြားလိုက္သည္။ကားကိုလည္း ပြဲနဲ႔အတန္အသင့္ေဝးတဲ့ လမ္းဘက္ကို သြားရပ္လိုက္ျပီး ဆတ္သာ သက္ျပင္းတစ္ခ်က္ခ်လိုက္မိ၏။

"မင္းက ေရေၾကာက္တယ္ဆို ဘာလိုအဲ့ေရနားကိုပဲ သြားေနတာလဲ။ဟမ္... ကိုယ့္ကိုယ္ကို ဘယ္လိုကာကြယ္ရမလဲ မသိေသးဘူးလား"

ဆတ္သာရဲ႕ေလသံက တစ္ခုခုကို အလိုမက်တဲ့ေလသံျဖစ္ၿပီး အနည္းငယ္ က်ယ္ေလာင္ေနတာေၾကာင့္ ​ေယာ ျပဴးေၾကာင္ေၾကာင္နဲ႔ၾကည့္လိုက္ရင္း

"ဘာလို႔လဲHead။ ေယာ ဘာလုပ္မိလို႔လဲ"

တကယ့္ကိုျဖဴစင္လြန္းတဲ့ ေယာကို ဆတ္သာ အားမလိုအားမရျဖစ္လာသည္။ က်စ္တစ္ခ်က္စုတ္ရင္း

"Tsk...မင္းတကယ္မသိတာလား။ဒါမွမဟုတ္ တံုးလြန္းတာပဲလား"

"......."

ဘလိုင္းႀကီး အဖဲ့ခံေနရတဲ့ေယာခမ်ာ ေျပာစရာစကား ေပ်ာက္ဆံုးေနသည္။

"မင္းရဲ႕ အဲ့လိုျဖဴစင္တဲ့ အူေၾကာင္ၾကားပံုကပဲ ဇြဲမင္းထြန္း ကိုပိုၿပီးစိတ္ဝင္စားေစတာသိလား"

ေျပာရင္းနဲ႔ဆတ္သာရဲ႕ထင္ျမင္ခ်က္ေတြက ေယာကို သည္းခံႏိုင္စြမ္း ကုန္လာေအာင္လႈ႔ံေဆာ္ေနသည္။ေယာ အမွန္တကယ္ ေအာ္လိုက္မိသြားသည္။

"Head ဘာျဖစ္ခ်င္ေနတာလဲ။ အျမဲတမ္းပဲ ေယာကို ေယာက်ၤားတကာနဲ႔ လိုက္ေပးစားေနတယ္။Head ေျပာလိုက္တာက ဘာရယ္မဟုတ္ေပမယ့္ ေယာက ေယာက ဘယ္ေလာက္နာက်င္ရတယ္ဆိုတာ မစဥ္းစားေပးဖူးဘူးမဟုတ္လား Tsk..."

ေယာ ေျပာရင္းနဲ႔က်လာေတာ့မယ့္ မ်က္ရည္ေတြကိုထိန္းဖို႔
ေခါင္းကို အေပၚေမာ့ၿပီး ႏွာရည္႐ႈတ္သြင္းလိုက္သည္။

ဆတ္သာလည္း ကိုယ့္ဘာသာ ပူထူၿပီး ေျပာမိေျပာရာေတြေျပာေနမိတာကို သတိဝင္သြားၿပီး

"ကိုယ္ေတာင္းပန္ပါတယ္ ေယာ။ ကိုယ္က ဒီအတိုင္း ဒီအတိုင္း ေျပာလိုက္မိတာ"

ေယာ ဆတ္သာကို စိတ္ပ်က္သလိုတစ္ခ်က္ၾကည့္လိုက္ၿပီး

"ဒီအတိုင္း Ok ဒီအတိုင္း။ ေယာကိုခြင့္ျပဳပါဦး Head"

ကားေပၚကေန ေယာဆင္းသြားလိုက္သည္။ ဆတ္သာလည္း ကားေပၚကေနဆင္းလိုက္ၿပီး အလ်င္စလိုေျပာလိုက္မိ၏။

"မင္းကိုစိတ္ပူလို႔။ မင္းငိုေနမွာကို ထပ္မျမင္ခ်င္လို႔။မင္းက ေရေၾကာက္တယ္ေလ။ မင္းကိုအဲ့မိန္းမက တြန္းခ်ဖို႔ၾကံစည္ေနတာ။အဲ့တာေၾကာင့္ ကိုယ္ကမင္းကို ကာကြယ္ေပးခ်င္လို႔"

ေယာလမ္းေလ်ွာက္ေနရာကေန တန္႔ခနဲ ရပ္လိုက္မိသြားသည္။ ဆတ္သာ ေျပာခ်င္တဲ့စကားရဲ႕ အဓိပၸါယ္က ဘာလဲဆိုတာကို နားမလည္ေလာက္တဲ့ အထိေတာ့ ​ေယာကတံုးအမေန။ ဒါေပမယ့္ မေသခ်ာတာမို႔ ေယာေနာက္ျပန္လွည့္ၿပီးဆတ္သာကိုတည့္တည့္ၾကည့္လိုက္သည္။ ေယာ အထင္မွားေနတာမ်ားလား။ဆတ္သာရဲ႕မ်က္လံုးအိမ္ထဲမွာ မ်က္ရည္ေတြဝိုင္းေနတယ္။

"Head ကဘာလို႔ ကာကြယ္ေပးခ်င္ရတာလဲ"

ေျပာၿပီးမွ ေယာ ကိုယ့္ပါးစပ္ကိုယ္သာ ဖ်က္ခ်လိုက္ခ်င္ေတာ့တယ္။ထမင္းစားေနတဲ့သူကို *ေျသာ္..ထမင္းစားေနတာလား* လို႔ ျပန္ေမးလိုက္သလိုျဖစ္ေနျပီး အခုေမးခြန္းႀကီးက တအားေတြ ျမန္မာကားဆန္မေနဘူးလား။

အဲ့အစား *ေယာလည္းHeadကို သေဘာက်ေနပါတယ္* လို႔ေျပာလိုက္တာကမွပိုၿပီး ေနရထိုင္ရသက္သာဦးမယ္။ ေယာ ေတြးရင္းေတြးရင္း မ်က္ႏွာေတြပူတတ္လာသည္။

"အဟမ္း....ဟိုေမးခ်င္တာက"

ေယာ စကားမဆံုးခင္ပဲ ဆတ္သာရဲ႕ရင္ခြင္က်ယ္ထဲကို နစ္ျမဳပ္သြားသည္။ဆတ္သာပါးခ်ိဳင့္နွစ္ဖက္ခြက္ေနေအာင္ ျပံဳးမိၿပီး တင္းတင္းက်ပ္က်ပ္ ဖက္ထားလိုက္၏။ေယာလည္းျပန္တြန္းဖယ္ဖို႔ အစီအစဥ္ေတာ့မ႐ွိ။
ခနေနမွ ေယာကိုလက္ေမာင္းႏွစ္ဖက္ကေန ဆုပ္ကိုင္ၿပီး

"ေယာ ကိုယ့္မ်က္လံုးေတြကို တည့္တည့္ၾကည့္ေနာ္"

ေယာလည္း ဆတ္သာေျပာသလို တည့္တည့္မတ္မတ္ စိုက္ၾကည့္လိုက္သည္။

"ကိုယ္ ေယာကို သေဘာက်တယ္။ ေယာကို ကာကြယ္ေပးခ်င္တယ္"

ေယာ မူေနဖို႔စိတ္ကူးမ႐ွိတာမို႔

"ေယာလည္း Headကိုသေဘာက်တယ္"

ဆတ္သာညစ္က်ယ္က်ယ္ျပံဳးရင္း

"မမူေတာ့ဘူးလားဟင္ ပိစိ"

"မူရေအာင္ ဘဝကဇာတ္လမ္းမွမဟုတ္တာ။ ဘာလဲ မူရဦးမွာလား။ အဲ့တာဆိုလည္း ေ႐ွးလူႀကီးေတြလို သံုးႏွစ္သံုးမိုး ပိုးပမ္းေနမွာလား Headက"

ေယာရဲ႕ဂ်စ္တူးစတိုင္ေလးကို ဆတ္သာ အသဲတယားျဖစ္လာၿပီး ပိစိရဲ႕ႏႈတ္ခမ္းေလးကို ျဖတ္ခနဲနမ္းလိုက္သည္။

"အဟမ္း...စကားမ်ားတယ္ပိစိ"

"....."

"လာလာ... ဒီနားကလူမေျပာနဲ႔ ေခြးေတာင္ မေတြ႔ဘူး။
လာ ကားေပၚတတ္"

အူေၾကာင္ေၾကာင္ေယာကို လက္ကေနဆြဲျပီး ကားေပၚေခၚတင္လိုက္သည္။တစ္လက္စတည္း ခါးပတ္ပါပတ္ေပးၿပီး ဆတ္သာရဲ႕ကြန္ဒိုဆီကိုသာ ေမာင္းသြားလိုက္သည္။

ပြဲမွာက်န္ခဲ့တဲ့ ေနသစ္နဲ႔႐ွိန္းလည္း ဆတ္သာတို႔ျပန္မလာေတာ့ ဖုန္းေခၚဖို႔ျပင္လိုက္သည္။

"ဟယ္လို... ငယ္ေလးျပန္ၿပီလား"

"ဟုတ္...ျပန္ၿပီကိုကို။ မနက္က်မွ ရံုးမွာေတြ႔မယ္ေနာ္ ကိုကို"

"ဟုတ္ၿပီ။ ေယာကိုလည္း ေသခ်ာဂ႐ုစိုက္လိုက္ဦးေနာ္"

"ဟုတ္ကိုကို။ ငယ္ေလး ကိုယ္ဖိရင္ဖိဂ႐ုစိုက္လိုက္ပါ့မယ္"

တစ္ဖက္ကဘာေျပာေနမွန္း ေယာ မၾကားရေပမယ့္ ဆတ္သာ ျပန္ေျဖလိုက္တဲ့စကားေၾကာင့္ ေက်ာခ်မ္းသြားသည္။

ၿပီးေတာ့မွဖုန္းခ်ၿပီး ေယာကိုတစ္ခ်က္ၾကည့္ရင္း ျပံဳးစစနဲ႔ေျပာလိုက္၏။

"ဒီကမမက လက္ကေလးပဲကိုင္မွာပါ ညီမေလးရယ္"

ဆတ္သာကို အခုေလာက္ထိ မ်က္ႏွာ႐ူးထမယ္မွန္း ေယာ မထင္ခဲ့မိ႐ိုးအမွန္။

******

ဆတ္သာရဲ႕အခန္းကို ထိုးက်လာတဲ့ ေနေရာင္ေႏြးေႏြးေလးေၾကာင့္ ဆတ္သာမ်က္လံုးႏွစ္ဖက္ကို အားယူဖြင့္ၿပီး လက္ေမာင္းၾကားမွာ အိပ္ေပ်ာ္ေနတဲ့ ​ေယာမ်က္ႏွာေလးကို အေသအခ်ာစိုက္ၾကည့္ေနမိသည္။ေယာက တကယ့္ကို ခ်စ္ဖို႔ေကာင္းတဲ့ေကာင္မေလး။သာမာန္အခ်ိန္ေတြမွာ တစ္ေယာက္တည္းအိပ္ရင္ ဖ႐ိုဖရဲျဖစ္
ေနတတ္ေပမယ့္ဒီေန႔မွာေတာ့ဆတ္သာရဲ႕ပိုးတိုးလံုးေလး ျဖစ္ေနေတာ့ ၿငိမ္ခ်က္သားေကာင္းေနတာ။နဖူးေပၚမွာက်ေနတဲ့ဆံပင္ေလးကို သပ္တင္ေပးရင္း ေခြးေပါက္ေလးေတြလို ပြတ္သပ္ေပးလိုက္ေတာ့ အီခနဲ အသံျပဳရင္း ဆတ္သာဆီကိုပိုၿပီး တိုးကပ္လာေတာ့ ဆတ္သာ သေဘာတက်ျပံဳးလိုက္မိ၏။ မဆီမဆိုင္နဲ႔ ညကကိစၥကိုပါျပန္ေတြးမိသြားသည္။

ဆတ္သာတို႔ ျပန္ေရာက္လာေတာ့ ေယာေမေမကို ဖုန္းဆက္ၿပီး ကြန္ဒိုမွာအိပ္ဖို႔ ခြင့္ေတာင္းလိုက္သည္။ေယာေမေမကေတာ့ သမီးေလးဆတ္နဲ႔ဆို စိတ္ခ်တယ္ဆိုၿပီး အသာတၾကည္ခြင့္ျပေပးလိုက္၏။

ခ်စ္သူစံုတြဲျဖစ္ခါစေလးမို႔ တီတီတာတာ ေျပာရမလားမွတ္တယ္။ ပိစိမက ဗိုက္ဆာတယ္တဲ့။ ဆတ္သာဆိုတာလည္း UKမွာေနလာတဲ့တစ္ေလ်ွာက္လံုး စားေသာက္ဆိုင္ကို ေဆြမ်ိဳးေတာ္ထားၿပီး
ထမင္းတစ္လံုးေတာင္ ခ်က္ဖို႔အႏိုင္ႏိုင္။ဒါေပမယ့္လည္း ပိစိက ေခါက္ဆျြဲပဳတ္စားမယ္ဆိုေတာ့ ဆတ္သာလက္သီးလက္ေမာင္းတန္းၿပီး မီးဖိုေခ်ာင္ထဲဝင္သြားလိုက္သည္။ ျကီးညို မသိေအာင္လို႔ ပါကင္လိုက္ဝယ္ထားတဲ့ ေခါက္ဆြဲေျခာက္ထုတ္ေလးေတြကို ထုတ္လိုက္ၿပီး ေရခဲေသတၱာထဲမွာ႐ွိတဲ့ အသီးအႏွံတစ္ခ်ိဳ႕ပုစြန္တစ္ခ်ိဳ႕နဲ႔ စပါယ္႐ွယ္ေခါက္ဆျြဲပဳတ္ လုပ္လိုက္သည္။

ဆတ္သာလုပ္ေနတုန္းေတာ့ ေယာ ဘာမွဝင္မ႐ႈပ္ပဲ ထိုင္ၾကည့္ေနလိုက္သည္။ ေခါက္ဆျြဲပဳတ္လက္ရာကေတာ့့ ျကယ္ငါးပြင့္အဆင့္ေပးရမယ္။ စားၿပီးေသာက္ၿပီးေတာ့မွ မီးဖိုေခ်ာင္ဘက္ကို သတိထားမိလိုက္တဲ့ ေယာေလးခမ်ာ အစာမေၾကေတာင္ ျဖစ္ခ်င္သြားသည္။ ေခါက္ဆြဲျပဳတ္ခဲ့တဲ့အိုးကပို႔လို႔ပက္လက္။ ေဘးနားကစင္ေပၚမွာလည္း ဆီအစက္ေတြေရာ ေခါက္ဆြဲေျခာက္ အပိုင္းအစေတြေရာက တစ္ပံုတစ္ပင္။ဒါပဲလားဆိုေတာ့....ယူထည့္ထားတဲ့ဟင္းခတ္ပစၥည္းဘူး
တခ်ိဳ႕ကပါ ဟိုတစ္ခုဒီတစ္ခုျပန္႔က်ဲ။ ေယာ မ်က္ေမွာင္ကုတ္ၿပီး ဆတ္သာကိုၾကည့္လိုက္ေတာ့ ႐ွိသမ်ွသြားေတြ အေအးပတ္ေအာင္ျပံဳးၿဖီးျပရင္း ဆတ္သာ ဆင္ေျခေပးလိုက္၏။

"ကိုယ့္ရဲ႕ေခြးေပါက္ေလး ေယာ ဗိုက္တအားဆာေနမွာဆိုးလို႔ ျမန္ျမန္လုပ္မိသြားတာ။ Ok Ok ကိုယ္ပဲျပန္႐ွင္းမယ္ေနာ္"

ေယာလည္း ဝိုင္းကူလုပ္ေပးရင္း ျမန္ျမန္ကိစၥျဖတ္လိုက္ၾကသည္။

အဲ့အထိက အေကာင္း ျပႆနာက ဘယ္မွာစလဲဆိုေတာ့..ဆတ္သာ ေရခ်ိဳးေနတုန္းမွာပင္။

ဆတ္သာက ေရခ်ိဳးခန္းတံခါးကို ခ်က္မခ်ထားပဲ Bathrobeနဲ႔ မ်က္ႏွာသစ္ေနတုန္း ပိစိကပါဝင္လာၿပီး  သြားလာတိုက္တယ္။ၿပီးေတာ့ ဘာမေျပာညာမေျပာနဲ႔ ဆတ္သာကို နံရံဆီတြန္းကပ္တာ ခံလိုက္ရေတာ့ ေယာင္ယမ္းၿပီး လက္ထဲက မ်က္ႏွစ္သစ္ဆပ္ျပာဗူးပါ လြတ္က်သြားတယ္။ ေယာကေတာ့ လူယုတ္မာေပါက္စ႐ုပ္ေလးနဲ႔ ဆတ္သာရဲ႕ မ်က္ႏွာနားကို တိုးကပ္သြားၿပီး ရီရီေဝေဝေျပာလိုက္သည္။

"ဒီက ညီမေလးကို မပိုင္ဆိုင္ခ်င္ဘူးလား"

ဆတ္သာ ေခ်ာင္းတြတ္ဟြတ္ဆိုးရင္း ဘာျပန္ေျပာသင့္လဲ ေတြးေနတုန္း ေယာမ်က္ႏွာအမူအရာက ခ်က္ခ်င္းႀကီးေျပာင္းသြားၿပီး

"ဘာမွမဟုတ္ေတာ့ဘူး။ စိတ္ထဲထားမေနနဲ႔ ေရခ်ိဳးေတာ့"

ေခြးေပါက္ေလးမာန္ဖီသလို စိတ္ဆိုးမာန္ဆိုးနဲ႔ ျပန္လွည့္လိုက္တဲ့ ေယာေလးခမ်ာ  ဆတ္သာ ​ေစာနက လြတ္က်သြားတဲ့ မ်က္ႏွာသစ္ဆပ္ျပားဗူးကို ေခ်ာ္နင္းမိၿပီး ေခ်ာ္လဲပါေလေရာ။

"အေမေရ႕"

ဆတ္သာျပာျပာသလဲျဖစ္ၿပီး ေယာကို ေပြ႔ခ်ီလိုက္သည္။ ကုတင္ေပၚေရာက္တဲ့အထိ လက္ထဲမွာ အၿငိမ္မေနပဲ႐ုန္းေန
ေသးတယ္။

"အဆင္ေျပရဲ႕လား ။ တအားနာေနလားဟင္ ေယာ"

ကုတင္ေပၚမွာထိုင္ေနရင္းနဲ႔ ဆတ္သာကိုမၾကည့္ပဲ မ်က္ႏွာႀကီး ေအာက္စိုက္ခ်ထားတဲ့ ေယာမ်က္ႏွာေလးကို ဆတ္သာ မရမကလိုက္ၾကည့္ရင္း ထပ္ေမးလိုက္သည္။

"ေယာ ကိုယ့္ကိုၾကည့္။ နာေနရင္ တင္းခံမထားနဲ႔ငိုခ်လိုက္
ကိုယ့္ကိုစိတ္ပူရေအာင္မလုပ္နဲ႔ကြာ"

ဆတ္သာစကားအဆံုးမွာေတာ့ ေယာရဲ႕ မ်က္ရည္ေတြရႊဲေနတဲ့ မ်က္လံုးရြဲရြဲေတြက ဆတ္သာကိုစူးစူးစိုက္စိုက္ၾကည့္ၿပီး ကေလးေတြလို ငိုခ်ရင္းေျပာလိုက္သည္။

"နာတယ္ Eeeee အဲ့တာ ခြန္ဆတ္သာေၾကာင့္ျဖစ္တာ "

ေနရင္းထိုင္ရင္းနဲ႔ တရားခံပါျဖစ္သြားတဲ့ဆတ္သာလည္း ေယာရဲ႕မ်က္ရည္ေတြကို သုတ္ေပးရင္း ႏူးႏူးညံ႔ညံ႔နဲ႔ေမးလိုက္၏။

"ဘာလို႔ ကိုယ္ကတရားခံျဖစ္သြားရတာတုန္း ေယာပိစိရယ္"

"ခြန္ဆတ္သာက ေယာကို တကယ္မခ်သ္ဘူးမို႔လား။ အဲ့တာေၾကာင့္ ေယာက ပိုင္ဆိုက္ခ်င္လားေမးတာေတာင္ ျပန္မေျဖပဲစဥ္းစားေနတာေလ Eeee Sob*"

ေပါက္ေပါက္႐ွာ႐ွာေတြးတတ္လြန္းတဲ့ ေခြးေပါက္ေလးရဲ႕ ႏွာရည္ေတြကို ဆတ္သာမရြံမ႐ွာ သုတ္ေပးရင္း စိတ္႐ွည္႐ွည္နဲ႔႐ွင္းျပေတာ့၏။

"ေယာရယ္ ။ ကိုယ္ကေလ ေယာကို ခ်စ္တယ္ဆိုတာထပ္ပိုတယ္။ ျမတ္ႏိုးတာ။ကိုယ့္ရဲ႕ကေလးေလးတစ္ေယာက္လိုကို ျမတ္ျမတ္ႏိုးႏိုးနဲ႔ခ်စ္တာ။ ကိုယ္လည္းလူပဲ။ အဲ့လိုကိစၥေတြနဲ႔ေတာ့ ဘယ္ေဝးႏိုင္ပါ့မလဲ။ ေယာကိုမပိုင္ဆိုင္ခ်င္ဘူးဆိုတာ ျဖစ္ႏိုင္ပါ့မလား။ကိုယ္ခ်စ္တဲ့သူရဲ႕ အရာရာကို ပိုင္ဆိုင္ခ်င္တာ လူသားေတြရဲ႕အတၱပဲေလ။ အဲ့ေတာ့ အေတြးေတြမလြန္နဲ႔ေနာ္ ေယာ"

ေျပာၿပီးေတာ့ ေယာရဲ႕နဖူးေလးကို ဆတ္သာ ဖိကပ္နမ္းလ္ုက္ရင္း

"ကဲ....အခုနာသြားတဲ့ေနရာကို ေဆးလိမ္းေပးမယ္ေနာ္။ခါးနာသြားတာမဟုတ္လား"

ေယာရဲ႕puppy eyeေလးေတြက အရည္ၾကည္ေတြလဲ့ေနရင္း မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ေနသည္။ဆတ္သာရဲ႕ လက္ေခ်ာင္းေလးေတြကိုဆုပ္ကိုင္ၿပီး အသံတိုးတိုးေလးနဲ႔ေတာင္းပန္စကားဆိုလာ၏။

"ေယာ ေတာင္းပန္ပါတယ္ေနာ္။ Headကို စိတ္မေကာင္းျဖစ္ေအာင္လုပ္မိလို႔"

"ဟုတ္ၿပီ။ အဲ့တာဆိုေဆးလိမ္းမယ္"

ဆတ္သာယူလာတဲ့ေဆးဗူးကို ေယာ လ်င္လ်င္ျမန္ျမန္ျဖတ္ယူလိုက္ၿပီး ေရခ်ိဳးခန္းထဲတန္းဝင္သြားေတာ့၏။

ဆတ္သာျပံဳးလိုက္ၿပီး ေရခ်ိဳးခန္းေ႐ွ႕မွာေစာင့္ေနရင္း ေျပာလိုက္၏။

"အကူအညီ လိုအပ္ရင္ေျပာေနာ္။ ဒီကမမကညီမေလးဖို႔ အဆင္သင့္ပဲေနာ္"

ဆတ္သာညက အေတြးေတြကိုတစ္ခန္းရပ္ၿပီး ကိုယ့္ဘာသာကိုယ္ေတာင္ ကေလးထိန္းမိခင္ႀကီးလို ခံစားမိလိုက္သည္။ ေယာကို စိတ္နဲ႔ေတာင္ မျပစ္မွားရက္ေအာင္ ျမတ္ႏိုးမိေနတာ။ ကိုယ့္ရဲ႕အဖိုးတန္ေလးကို လာထိတဲ့သူကေတာ့ တကယ့္ကို ကံဆိုးတဲ့သူပဲျဖစ္မွာ။ ဆတ္သာ ေတြးေနတုန္း ေယာလည္း လႈပ္စိလႈပ္စိျဖစ္လာၿပီး ႏိုးသြားသည္။ ႏိုးႏိုးျခင္းပဲ သြားစြယ္ေလးေတြေပၚတဲ့အထိ ျပံဳးျပေနတဲ့
ေခြးေပါက္ေလးေယာကို ဆတ္သာ ​ေမႊးေမႊးတစ္ခ်က္ေပးလိုက္၏။

"အား...အာပုတ္ေစာ္နံတယ္ ။ ညစ္ေပတူးေလး ေယာစႏၵာေမာင္ဆီက"

ေယာခပ္ညစ္ညစ္ျပံဳးရင္းဆတ္သာကိုစေတာ့၏။

"လာပါ ဒီညစ္ေပက အနမ္းေတြေပးခ်င္လို႔ အူးမြစ္"

နဖူးကိုလက္နဲ႔တြန္းထားတာေၾကာင့္ အိပ္ရာေပၚမွာ ယက္ကန္ယက္ကန္ျဖစ္ေနတဲ့ေယာကိုၾကည့္ၿပီး ဆတ္သာရဲ႕ တေန႔တာကို ရယ္ေမာျခင္းေတြနဲ႔စတင္လိုက္၏။

******

ကုမၼဏီကို တစ္ခါမွ မေနာက္က်စဖူးေနာက္က်ၿပီး ေရာက္လာတဲ့ ဆတ္သာနဲ႔ေယာ။ႏွစ္ေယာက္သားအတူတူ ေရာက္လာတာမို႔ ဝန္ထမ္းတခ်ိဳ႕ကလည္း ကြက္ၾကည့္ၾကည့္ကြက္ၾကည့္နဲ႔ စပ္စုေနသည္။ ဆတ္သာကေတာ့ ဘယ္သူ႔ကိုမွဂ႐ုမစိုက္ပဲ ေယာကိုပဲ အျပည့္အဝအာရံုစိုက္ထားသည္။
ဓာတ္ေလွကားထဲေရာက္ေတာ့မွ ေယာႏႈတ္ခမ္းေလးကို ျပြတ္ခနဲတစ္ခ်က္နမ္းလိုက္ၿပီး ျပံဳးစိစိလုပ္ေန၏။

"ဟူး...လြမ္းေနေတာ့မွာပဲကြာ"

ေယာကေတာ့ ပိုရန္ေကာဆိုတဲ့ အၾကည့္နဲ႔ၾကည့္ၿပီး

"လြမ္းေနလိုက္ ေဒၚႀကီးခြန္ဆတ္သာေရ"

အလြမ္းသယ္လို႔မွမေဝးခင္ ဓာတ္ေလွကားကပြင့္သြားၿပီး ဆတ္သာလည္း ရံုးခန္းထဲကို မသြားခ်င္သြားခ်င္နဲ႔ဝင္သြားရ
ေတာ့သည္။

"ေယာေလးေရ အေျခအေန"

႐ွိန္းက ၿပီတီတီ႐ုပ္နဲ႔ေမးလာတာကို ​ေယာျပန္ေျဖ၏။

"အေျခအေနက နင္နဲ႔ငါနဲ႔ မယားညီအကိုေတာ္ရမွာလား လင္ညီအမေတာ္ရမွာလားပဲ"

"....."

ေယာအေျဖေၾကာင့္ ႐ွိန္းခမ်ာ ေျပာစရာစကားေတာင္ ႐ွာမရေတာ့ေပ။ေတာ္ေသးတာေပါ့ အသံကိုႏွိမ္ၿပီး ေျပာေနတာမို႔လို႔ အျခားသူေတြမၾကားရတာ။ ႐ွိန္း ေယာေခါင္းကို မနာေအာင္ေခါက္လိုက္ရင္း

"ယဥ္ယဥ္ေက်းေက်းေျပာစမ္း ဂ်ပုမ။ငါ့ကနင္ရဲ႕ အကိုႀကီး ျဖစ္လာေတာ့မွာေနာ္ ဟင္းဟင္း"

႐ွိန္းကို ေယာဂ်ိဳၾကည့္တစ္ခ်က္ၾကည့္ၾကည့္လိုက္၏။

"ေသလိုက္ေလ။ လက္တစ္ဆစ္ေလာက္ေတာင္ မယဥ္ေက်းႏိုင္ဘူး။ ေဆာတီးဖဲ"

ႏွစ္ေယာက္သား ပိက်ိပိက်ိေျပာရင္း အျပန္အလွန္စကားစစ္ထိုးတာ မိနစ္အတန္ငယ္ၾကာမွ ရရပ္လိုက္ရင္း အလုပ္ကိုသာ အာရံုစိုက္လိုက္ၾကေတာ့သည္။

~~~♥~~~
The author has something to say:

Vd call နဲ႕အေမးအေျဖပိစိ~~

Author- ေပ်ာ္႐ႊင္စရာေမြးေန႕ေလးပါေနာ္ ေယာေရ

ေယာပိစိ - ဟိဟိ ရွဲရွဲပါ မား။ မားေရ မားကိုတိုင္စရာရွိတယ္သိလား

Author - ဟင္..ဘာမ်ားလဲ ေယာရဲ႕

ေယာပိစိ - ခြန္ဆတ္သာေၾကာင့္ေလ စေတးဟုမ္းၿပီးတည္းက ေယာေလးတေန႔လုံး အနားမေနရဘူး။တအားပင္ပန္းတာပဲ~_~

Author-ဟင္..ဘယ္လိုေတာင္တုန္းသေမာ္တီးေလးရဲ႕
(မ်က္လုံးျပဴးမ်က္စံျပဴးျဖင့္)

ေယာပိစိ- အယ္....မားဘာေတြေတြး @-@ ခြန္ဆတ္သာက အိမ္ကိုဖြလို႔ ခနခနျပန္ရွင္းၿပီး ေညာင္းညာေနတာကိုေျပာတာ မား ^^

ထိုစဥ္ ဆတ္သာေရာက္လာၿပီး ေယာပိစိရဲ႕ ဇာတ္ေၾကာေလးကိုဆြဲေပးရင္း

ဆတ္သာ- ကဲကဲ ကိုယ့္ခ်စ္ဇနီးေလးကို အေညာင္းေျပေအာင္ ႏွိပ္နယ္ေပးရမွာေပါ့။ မားေရစိတ္ခ်ေနာ္ (~_^)

သဲသဲကဲကဲဇနီးမယားႏွစ္ေယာက္ကိုၾကည့္ၿပီး အေစာေလး
(author)ကပဲ အလိုက္တသိနဲ႕vd callကို ပိတ္လိုက္ပါသတဲ့ရွင္။

ေယာေလးရဲ႕ေမြးေန႕ေလးမွာ အာလုံးလည္း
က်န္းမာေရးဂ႐ုစိုက္ၾကပါေနာ္

Luv u guys💖

Unicode

ဆတ်သာရဲ့Ford ကားလေး ရပ်လိုက်တဲ့နေရာကတော့ MT Groupရဲ့ သူဌေးကြီးဦးစံရှိန်ရဲ့အိမ်ဝင်းထဲမှာ ဖြစ်သည်။ယောက သာမာန်ညစာစားပွဲလေးတစ်ခုဖြစ်ပြီး အခုလို ခြံဝင်းအကျယ်ကြီးထဲမှာ မီဒီယာကလူတွေပါ လာရောက်ရိုက်ကူးလိမ့်မယ် မထင်ခဲ့။

ဆတ်သာ ကားတံခါးဖွင့်ပြီး ယောကို လက်ကမ်းလိုက်သည်။

[မသိရင် RSတွေလိုလို ဘာလိုလို ။ ဒေါ်ကြီးခွန်ဆတ်သာရေ ဖြောင့်မှဖြောင့်ရဲ့လား]

ယော ကိုယ့်ဘာသာတွေးပြီး ပြုံးစိစိလုပ်နေတော့

"အသက်ရှိသေးလား ယော"

ဆတ်သာ ဘုဆတ်ဆတ် ပြောလိုက်၏။

"အသက်ရှိသေးလို့ အခုပဲဆင်းလာပြီ"

ယောလည်း ဂွကျကျပြန်ပြောပြီး ဆတ်သာရဲ့ လက်ကိုတောင် မကိုင်တော့ပဲ ဆင်းလာလိုက်သည်။

"ပိစိကေတာ့ စိတ်ကြီးပဲနော်"

ဆတ်သာ တိုးတိုးလေးပြောပြီး ရယ်လိုက်တာကို ယောကြားပေမယ့် ပြန်မေးချိန်တောင် မရလိုက်။ စုပြုံရောက်လာတဲ့ မီဒီယာက လူတွေကြောင့်သာ။

"ဒီက ညီမလေးက Nay Thar လုပ်ငန်းစုက ခွန်နေသစ်ရဲ့ညီမလေး ခွန်ဆတ်သာလို့ သိရပါတယ်"

"NT Group အနေနဲ့ အခု အိမ်ယာစီမံကိန်းပရောဂျက်အတွက် MT Groupနဲ့ ပူးပေါင်းဆောင်ရွက်ဖြစ်တဲ့အကြောင်းလေး သိလို့ရမလား"

များပြားလှတဲ့ သတင်းသမားတွေကြောင့်
ယောကတော့ အတော်လေး အာရုံတွေနောက်လာပြီး ဘေးဘက်ကိုသာ ရှောင်ထွက်သွားလိုက်၏။ လူအုပ်ထဲမှာ ထင်းထွက်နေတဲ့ ဆတ်သာကိုသာ မမှိတ်မသုန် ကြည့်နေမိသည်။ သတင်းသမားတွေရဲ့ မေးခွန်းတွေကို အေးအေးဆေးဆေးသာ ပြန်ဖြေနေတဲ့ ဆတ်သာရဲ့တည်ငြိမ်မှုက ယောအတွက်တော့ ရင်ကိုအေးချမ်းစေတဲ့ ပုံရိပ်လေး။

ဆတ်သာကို အာရုံစိုက်နေတုန်း ယောဘေးနားမှာ လူတစ်ယောက် လာရပ်နေတာကို ယော သတိထားမိပြီး ကြည့်လိုက်မိသည်။

[ကျက်သရေတုံးလိုက်တာ။ဘာလို့သူနဲ့မှ လာတွေ့ရပြန်တာလဲ]

​ဘေးနားမှာ ဝိုင်တစ်ခွက်ကိုကိုင်ပြီး လာရပ်နေတဲ့ ဇွဲမင်းထွန်းကိုကြည့်ပြီး ယော စိတ်ထဲကနေ မေတ္တာပို့လိုက်မိသည်။

ခပ်လှမ်းလှမ်းမှာ အင်တာဗျူးခံနေရတဲ့ ဆတ်သာလည်း ယောရှိတဲ့နေရာကို တစ်ချက်ကြည့်လိုက်ပြီး အင်တာဗျူးကို မြန်မြန်လက်စသတ်လိုက်သည်။

ဇွဲမင်းထွန်းက စကားစလိုက်သည်။

"တစ်ယောက်တည်းဖြစ်နေတာလား"

"မဟုတ်ဘူးနှစ်ယောက်"

တစ်ယောက်တည်းတွေ့တာကိုတစ်ယောက်တည်း
ဖြစ်နေတာလား ဆိုတဲ့မေးခွန်းကို ယော ဘုဆတ်ဆတ် ပြန်ဖြေလိုက်ပြီး မီဒီယာသမားတွေဆီကနေ လာနေတဲ့ ဆတ်သာဆီကိုသာ သွားလိုက်သည်။

ဆတ်သာလည်း ဇွဲမင်းထွန်းဆီကို အကြည့်တစ်ချက်တောင် မစွန့်ကြဲပဲ ယောကိုခေါ်သွားလိုက်ရင်း

"စောနကကိစ္စအတွက် sorryနော်"

တုံးတိကြီး လာတောင်းပန်နေတဲ့ ဆတ်သာကို ယော အူကြောင်ကြားနဲ့ပြန်ကြည့်ပြီး မေးလိုက်၏။

"ဘာကိုလဲHead"

ဆတ်သာက ဘေးကယော ကိုတစ်ချက်ငဲ့ကြည့်ရင်း

"မီဒီယာကလူတွေကြောင့် မင်းကိုတစ်ယောက်တည်း ထားခဲ့မိလို့"

ဘာအကြောင်းကြောင့်ရယ်ဆိုတာ မသိပေမယ့် ဆတ်သာရဲ့ လေသံက တကယ့်ကိုနွေးထွေးပြီး စိတ်ရင်းနဲ့ ပြောနေတယ်ဆိုတာကို သိသာနေတာမို့ ယောရင်ထဲ သိမ့်ခနဲဖစ်သွားပြီး ပြုံးပြလိုက်မိသည်။

မြက်ခငိးပြင်မှာ အလှဆင်ထားတဲ့ မီးအရောင်တွေကြောင့် ယောရဲ့ဂါဝန်လေးက ပိုပြီးထင်းထင်းလေးဖြစ်နေသလို မျက်နှာလေးကလည်း ဝင်းဝင်းဖန့်ဖန့်လေးဖြစ်ကာ တအားချစ်ဖို့ကောင်းနေသည်။ဆတ်သာကြည့်နေရင်း ဘယ်လိုမှမနေနိုင်တော့ပဲ ချောင်းတစ်ချက်ဟန့်ပြီး ဘေးက ဝိတ်တာကောင်လေးဆီက ဝိုင်တစ်ခွက်ကိုယူပြီး သောက်လိုက်မိသည်။

နောက်ထပ်ကျန်တဲ့ ဝိုင်တစ်ခွက်ကိုယူဖို့ လက်ပြင်နေတဲ့ ယောကို ဆတ်သာ မျက်မှောင်ကြုတ်ကြည့်ရင်း လက်ကို ပုတ်ချလိုက်သည်။

"ဟိတ် ပိစိ ။ တော်စမ်း မသောက်နဲ့။ မင်းအတွက်
အအေးသွားယူပေးမယ်"

ပြောရင်းဆိုရင်း မလှမ်းမကမ်းက ဝိတ်တာကောင်လေး နောက်တစ်ယောက်ဆီကနေလိမ္မော်အအေးခွက်လေးကို
ယူပြီး ယောကိုပေးလိုက်သည်။

[ကလေးမှတ်နေလားမသိဘူး။ ဂူးဂူးဂါးဂါး]

ယောစိတ်ထဲကနေပွစိပွစိလုပ်ရင်း လိ​မ္မော်ဖျော်ရည်ကို တစ်ကျိုက်တည်း မော့ချလိုက်၏။

"ဟိုမှာ ကိုကိုနဲ့ရှိန်း"

ဆတ်သာညွှန်တဲ့နေရာကို ယော ကြည့်လိုက်သည်။ Bossကေတာ့ ထုံးစံအတိုင်း သန့်ပြီးခန့်နေတာပဲ။ရှိန်းကိုတော့ အခုလို suitနဲ့ ပထမဆုံးတွေ့ဖူးတာမို့ ယော မနေနိုင်မထိုင်နိုင် ခွီးခနဲ တစ်ချက်ရယ်မိသွားသည်။

ယော ခွီလို့မှမဆုံးသေးခင် ယောတို့ရှိရာဘက်ကို လျှောက်လာတဲ့ နေသစ်နဲ့ရှိန်း။ ရှိန်းရဲ့အကြည့်တွေက [နင်ငါ့ကို ခွီနေတာမဟုတ်လား။ငါသိနေတယ်နော်]ဆိုတဲ့ အကြည့်မျိုးဖြစ်သည်။

ပေပီလေး ရှိန်းကို ယောဆက်ပြီး စချင်ပေမယ့် Daddy ကြီးနေသစ်ကို အားနာသောအားဖြင့် ကိုယ်ရှိန်သတ်လိုက်သည်။

"ငယ်လေးနဲ့ ယောကတော့ တကယ့်ကို ချောမောနေကြတော့တာပဲ"

ကိုယ့်ရဲ့ကလေးငယ်တွေ အရွယ်ရောက်လာလို့ ဝမ်းသာပီတိဖြစ်သလိုအပြုံးနဲ့ ပြောလိုက်တဲ့ နေသစ်ကို ယောက သွားလေးဖြီးပြပြီး

"Bossနဲ့ ရှိန်းရောပဲ"

"ကဲ..ရောက်ရောက်ခြင်းပဲ ကိုယ် ငယ်လေးကို ယောဆီကခနငှါးသွားမယ်နော် ရမလား"

နေသစ်က အတည်ပေါက်ကြီးနဲ့ ပြောလိုက်တဲ့စကားကြောင့် ဆတ်သာနဲ့ယော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဆွံ့အသွားသည်။

ဆတ်သာ ချောင်းတစ်ချက်ဟန့်ပြီး

"ကိုယ်ခနလိုက်သွားမယ်နော်။ ရှိန်းနဲ့အတူ နေခဲ့နော် ယော"

"ဟုတ် ဟုတ်"

ယောလည်း ပုတ်သင်ညိုလေးလို ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်သည်။

နေသစ်နဲ့ဆတ်သာ ထွက်သွားမှ ရှိန်းကပြုံးဖြီးဖြီးလုပ်ပြီး မေးလိုက်သည်။

"ယောလေး စွံသွားပြီပေါ့"

ရှိန်းကို ပေစောင်းစောင်းကြည့်ပြီး

"ကြီးတော်ကို စွံပါလား"

"အိုကွယ်...ရှက်ရမ်းတွေရမ်းနေပါရောလား နှမတော်ယောရယ်"

စာသံပေသံနဲ့ မျက်နှာပြောင်နေတဲ့ရှိန်းကို ယော မျက်ဖြူတစ်ချက် လှန်ပြလိုက်သည်။

"ဟာ မမ ။ မမက နေ့လည်က ပွဲတုန်းက မမ မဟုတ်လား"

ယောနဲ့ရှိန်းဘေးကို ရုတ်တရက်ကြီး ရောက်လာပြီး လာနှုတ်ဆတ်နေတဲ့ ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်အရွယ် ကောင်မလေးကို ယော ပြန်ပြုံးပြရင်း

"အာ...ဟုတ်တယ် ညီမေလး။ မမကို မှတ်မိနေတာလား"

ယောက မှတ်မိတယ်ပြောတော့ ဂါဝန်အစိမ်းလေးနဲ့ကောင်မလေးက ဝမ်းသာသွားဟန်ပေါ်ပြီး ပြုံးပြနေသည်။

"ဟီးဟီး အိုင်က မမတို့ကို တအားသဘောကျနေတာ။အိုင့်နာမည်က နံ့သာအိုင်ပါ။ မမကေရာ ဟင်။ မမရဲ့ facebook accountလေးကို addထားမလို့"

"မမက ယောစန္ဒာမောင်ပါ။ ဒါ မမaccount"

ယော ပြောရင်းနဲ့ဖုန်းဖွင့်ပြီး fb accလေးကိုပါ ပြလိုက်သည်။ ကိုယ်နဲ့ဝါသနာတူ အကြိုက်တူတဲ့
fan girlညီမလေးမို့ ယော ခင်မိသွားသည်။

ကောင်မလေးလည်း ယောရဲ့accကို ချက်ချင်းaddပြီး

"မမရဲ့ Tachiကြီးရောဟင်"

ကောင်မလေးရဲ့ မေးခွန်းကြောင့် ရှိန်းကတော့ ပြုံးစိစိလုပ်နေသည်။ ယောခမျာ ချောင်းတဟွတ်ဟွတ်ဆိုးပြီး

"အဟမ်း....မမမှာ Tachiမရှိသေးပါဘူး"

"အမယ်...နေ့လည်က မမကို ကာကွယ်ပေးနေတဲ့ supportive girlfriend materialမမကို ပြောတာလေ"

"အဲ့တာ..သူကမမရဲ့အထက်လူကြီးပါ"

"ဂင်းချားနားဂင်းချားနား အထက်လူကြီးဆိုတာလဲ အထက်ပုဂ္ဂိုလ်ပဲလေ။အဲ့မမရဲ့အကြည့်တွေ အပြုအမူတွေက လုံးဝမရိုးသားဘူး။ အဲ့မမရဲ့မျက်လုံးထဲမှာ မမယောကို သဘောကျနေတဲ့ ချစ်ရည်ရွှမ်းတဲ့အကြည့်တွေ ဖိတ်ကျနေတာ"

အိုင့်ရဲ့မှတ်ချက်ကြီးကြောင့် ယောတော့ ပြုံးနေရုံအပြင်မတတ်နိုင်ခဲ့။ အရေးထဲ စပ်ဖြီးဖြီးလုပ်နေတဲ့ရှိန်းကို အံကြိတ်ပြရသေးတယ်။

"ဒါဆို အိုင် ဟိုဘက်ကိုသွားလိုက်ဦးမယ်နော် မမေယာ။တာ့တာ ။နောက်မှ အိုင်စကားလာပြောမယ်နော် လိုင်းပေါ်မှာ"

သွက်သွက်ကလေးနဲ့ ချစ်ဖို့ကောင်းတဲ့အိုင့်ကို ယောလည်း ပြုံးပြပြီး တာ့တာပြန်ပြလိုက်သည်။

"ကဲ..ယောလေး ဘာငြင်းချင်သေးလဲ"

"အဲ့တာက အဲ့လိုကိစ္စလေးတွေရှိတယ်ဟ။ သေချာတာတော့ ငါကပဲ တစ်ဖက်သတ်ပါဟာ"

သက်ပြင်းချလိုက်တဲ့ ယောပုခုံးလေးကိုပုတ်ပြီး ရှိန်း အားပေးလိုက်သည်။

"အဆင်ပြေမှာပါ။ ငါလည်း စောနက ကလေးမလေးလိုပဲ အတွေးတူတယ်။ Headရဲ့အကြည့်တွေက ရိုးမနေဘူး"

ယောစိတ်ထဲကနေ သိမ့်ခနဲဖြစ်ပြီး ဝမ်းသာသွားတာအမှန်။

"အဟမ်း.. ငါလေးပျော်ရမှာလား"

"အေး ပျော်လို့ရတယ်။ အာ့..ယော ခနနော်။ငါToiletသွားမှ ရတော့မယ်"

"အေးအေး"

ရှိန်းထွက်သွားတော့ ယောတစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေသည်။ နေသစ်နဲ့ဆတ်သာကလည်း လူကြီးတစ်ချို့နဲ့ စကားပြောနေတာမို့ ယောအရှေ့က ရေကူးကန်ကြီးကိုကြည့်ရင်း အတွေးများနေ၏။

"ဟယ်လို....ပျင်းနေပြီလား ဘေဘီ"

ပေါ်လာပြန်ပြီ။ ဒီဇွဲမင်းထွန်းဆိုတဲ့လူက ဘယ်အချိန်ပဲဖြစ်ဖြစ် ကြည့်လိုက်တိုင်းကို ကျက်သရေတုံးနေတာပဲလို့ ယောတွေးပြီး

"ပျင်းနေရင် ကပြမလို့လား"

"မင်းလေးကဆန္ဒရှိရင်ပေါ့"

"ဆန္ဒကမရှိတာမို့ လွတ်ရာကျွတ်ရာကိုသွားလို့ရပါပြီ"

ယောရဲ့ဘုဆတ်ဆတ်အပြောကြောင့် ဇွဲမင်းထွန်း သဘောတကျရယ်လိုက်ပြီး

"မင်းလေးနဲ့ခွန်ဆတ်သာက အတူတူပဲနော်။ ဘာလဲ ယောကျၤားတွေကို မကြိုက်ဘူးလား"

မေးခွန်းက တဖြေးဖြေးနဲ့လွန်လာတာမို့

"ယောကျၤားကြိုက်ကြိုက် မိန်းမကြိုက်ကြိုက် Bro ကိစ္စမဟုတ်ပါဘူး။ အာ...အပိုးမကျိုးတောင့်မကျိုးတဲ့ လူကလွဲလို့ အကုန်ကြိုက်တယ်"

ဇွဲမင်းထွန်းမျက်နှာကြီးမှောင်ကျသွားပြီး

"ဟား...မင်းလေးက အစွာလေးပဲ"

"စွာတာနဲ့ ဂွကျကျပြန်ပြောတတ်တာကို ကွဲကွဲပြားပြား သိတတ်ပါစေ bro"

ယောကိုမြူစွယ်ဖြားယောင်းလို့ မရမှန်း ဇွဲမင်းထွန်းသဘော
ပေါက်သွားပြီး ဝိုင်ခွက်ကိုမြှောက်ပြရင်း ယောနဲ့မလှမ်းမကန်းမှာ ရပ်နေတဲ့ မိန်းမတစ်ယောက်ဆီ မြှားဦးလှည့်သွားသည်။

"သောက်ချိုးကိုမပြေဘူး "

ယောပွစိပွစိပြောရင်း ရှိန်းအလာကိုစောင့်ပြီး နေလိုက်သည်။ဘူဖေးစနစ်ဆိုတော့ သွားယူစားရင်ရပေမယ့် ရှိန်းကိုတော့ စောင့်ရမယ်။ ဗိုက်လည်းအချက်ပြနေပြီ။ ခွန်ဆတ်သာနဲ့ နေသစ်ကတော့ လူကြီးတွေနဲ့ စကားကောင်းနေတုန်းပဲ။

ဆတ်သာ နေသစ်နားကိုတိုးပြီး မေးလိုက်သည်။

"ကိုကို ငယ်လေးသွားလို့ရပြီလား"

နေသစ်လည်း ဆတ်သာကို မိတ်ဆက်သင့်တဲ့သူတွေနဲ့ မိတ်ဆက်ပေးပြီးပြီမို့

"ရတယ်လေ ငယ်လေး။ ကိုကိုပြီးမှ လိုက်လာခဲ့မယ်"

နေသစ်ဆီကခွင့်ပြုချက်ရတာနဲ့ ဆတ်သာ ယောရှိရာဘက်ကို ထွက်လာလိုက်သည်။ တစ်လက်စတည်း ဝိတ်တာကောင်လေးဆီက ဝိုင်တစ်ခွက်ကိုပါ ဆွဲယူလာလိုက်သည်။

ယောက ရေကန်ကိုငေးနေရင်း ဆတ်သာလာနေတာကို သတိမထားမိသလို ဇွဲမင်းထွန်း သွားတွေ့တဲ့အမျိုးသမီးက မရိုးသားတဲ့မျက်ဝန်းတွေနဲ့ သူ့ဆီ ချည်းကပ်လာတာကိုလည်း သတိမထားမိ။

လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ဆတ်သာလူကြီးတွေနဲ့သာ စကားပြောနေတာ ယောကိုလည်း မမေ့မလျော့ အကဲခတ်နေမိသည်။ရှိန်း ထွက်သွားတုန်း ဇွဲမင်းထွန်းရောက်လာပြီး စကားပြောနေတာတွေ့တည်းက ဆတ်သာ ပြန်လာချင်နေပြီ။ဒါပေမယ့် ယောကပြန်ပြီး အဖတ်မလုပ်တဲ့ပုံရတာကြောင့် ဇွဲမင်းထွန်း ထွက်သွားတော့မှ ဆတ်သာ စိတ်အေးသွားသည်။

သတိဆိုတာပိုတယ်မရှိတာမို့ အမြဲကောက်ကျစ်နေတတ်တဲ့ ဇွဲမင်းထွန်းကို ဆတ်သာ လျှော့မတွက်မိ။ဆတ်သာရဲ့ခန့်မှန်းချက်မှန်သွားသည်။ ဇွဲမင်းထွန်းက ကလတ်တတ်တတ်နဲ့ မိန်းမတစ်ယောက်ကို တီးတိုးပြောပြီး မကြာခင်ပဲ ထိုသူက ယောဆီကိုလျှောက်လာတာကြောင့် ဆတ်သာ ထွက်လာလိုက်ခြင်းပင်။

ထိုအမျိုးသမီးက အကြံအစည်ကို အကောင်အထည်ဖော်ဖို့ ရေကန်စပ်နားမှာ ခြေခေါက်လဲကျပြလိုက်သည်။
ယောကတော့ စာနာစိတ်ထားပြီး သွားထူပေးလိုက်မိသည်။

"အဆင်ပြေရဲ့လားဟင်"

"ဟုတ်ဟုတ်ပြေပါတယ်"

တစ်ဖက်လူက အဆင်ပြေတယ်ဆိုမှတော့ ယောလည်း ရှည်ရှည်ဝေးဝေး ထပ်မမေးတော့ပဲ ရေကန်စပ်နားကနေပဲ ပြန်လှည့်ဖို့ပြင်လိုက်တယ်။ ယောအတွက်တော့ ဒီလိုနားမှာ ကြာကြာမနေတာ အကောင်းဆုံးပဲ။စီးထားတဲ့ဒေါက်ဖိနပ်နဲ့ ချော်ပြီး ရေထဲကျမှာကို စိုးရိမ်မိတာကြောင့်ဖြစ်သည်။

ယောပြန်အလှည့်မှာ အနောက်ကမိန်းမက ယောလက်ကို အားနဲ့ ဖမ်းဆွဲပြီး ရေထဲကိုချရန် ဟန်ပြင်လိုက်သည်။ ဒါပေမယ့်ဆတ်သာက လက်ဦးသွားပြီး ထိုမိန်းမရင်ဘတ်ကို ဝိုက်ခွက်နဲ့လှမ်းပတ်ပြီး ယောကိုတော့ ရင်ခွင်ထဲ ခေါ်သွင်းထားလိုက်သည်။

"အား"

ပွဲမှာရှိတဲ့လူအများစုကလည်း ထိုမိန်းမအသံကြောင့် ဆတ်သာတို့ဆီကို အာရုံစိုက်လာကြသည်။

"အို...ဘယ်လိုလုပ်မလဲ။ sorryနော် အစ်မ"

ဆတ်သာရဲ့အသံက ဘယ်လိုမှ တောင်းပန်သည့် လေသံမပေါ်သလို ခနဲ့တဲ့တဲ့ပင်ဖြစ်နေ၏။ ပခုံးကနေသိုင်းဖက်ခံထားရတဲ့ ယောကတော့ ဆတ်သာကိုမော့ကြည့်ပြီး ဘာဖြစ်သွားမှန်းလည်း မသိလိုက်ပေ။

"နင်..နင်..ဒါဘယ်လိုလုပ်လိုက်တာလဲ။ ငါမကျေနပ်နိုင်ဘူး"

ထိုမိန်းမက အသံစာစာနဲ့ပြန်ပြောလိုက်တာကြောင့် ဆတ်သာ ယောကို လက်ကနေဆွဲရင်း ထိုမိန်းမနားကိုကပ်သွားပြီး

"ဒီပွဲခင်းထဲမှာလည်း CCTVတွေရှိတယ်နော်။အဲ့တော့ ခင်ဗျားဘာသာခင်ဗျား အရှက်မကွဲချင်ရင် အခုသွားလိုက်တော့။You know what I mean"

ဆတ်သာရဲ့ဆိုလိုရင်းကို နားလည်သွားတဲ့မိန်းမလည်း ဇွဲမင်းထွန်းကိုကြည့်ပြီး ထွက်သွား၏။ အခုချိန်ထိ ဖြစ်ကြောင်းကုန်စင်ကို နားမလည်သေးတဲ့ယောကို ဆတ်သာ လက်ကနေဆွဲပြီး ကားပေါ်သာ ပြန်ခေါ်သွားလိုက်သည်။ကားကိုလည်း ပွဲနဲ့အတန်အသင့်ဝေးတဲ့ လမ်းဘက်ကို သွားရပ်လိုက်ပြီး ဆတ်သာ သက်ပြင်းတစ်ချက်ချလိုက်မိ၏။

"မင်းက ရေကြောက်တယ်ဆို ဘာလိုအဲ့ရေနားကိုပဲ သွားနေတာလဲ။ဟမ်... ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ မသိသေးဘူးလား"

ဆတ်သာရဲ့လေသံက တစ်ခုခုကို အလိုမကျတဲ့လေသံဖြစ်ပြီး အနည်းငယ် ကျယ်လောင်နေတာကြောင့် ယော ပြူးကြောင်ကြောင်နဲ့ကြည့်လိုက်ရင်း

"ဘာလို့လဲHead။ ယော ဘာလုပ်မိလို့လဲ"

တကယ့်ကိုဖြူစင်လွန်းတဲ့ ယောကို ဆတ်သာ အားမလိုအားမရဖြစ်လာသည်။ ကျစ်တစ်ချက်စုတ်ရင်း

"Tsk...မင်းတကယ်မသိတာလား။ဒါမှမဟုတ် တုံးလွန်းတာပဲလား"

"......."

ဘလိုင်းကြီး အဖဲ့ခံနေရတဲ့ယောခမျာ ပြောစရာစကား ပျောက်ဆုံးနေသည်။

"မင်းရဲ့ အဲ့လိုဖြူစင်တဲ့ အူကြောင်ကြားပုံကပဲ ဇွဲမင်းထွန်း ကိုပိုပြီးစိတ်ဝင်စားစေတာသိလား"

ပြောရင်းနဲ့ဆတ်သာရဲ့ထင်မြင်ချက်တွေက ယောကို သည်းခံနိုင်စွမ်း ကုန်လာအောင်လှုံ့ဆော်နေသည်။ ယော အမှန်တကယ် အော်လိုက်မိသွားသည်။

"Head ဘာဖြစ်ချင်နေတာလဲ။ အမြဲတမ်းပဲ ယောကို ယောကျၤားတကာနဲ့ လိုက်ပေးစားနေတယ်။Head ပြောလိုက်တာက ဘာရယ်မဟုတ်ပေမယ့် ယောက ယောက ဘယ်လောက်နာကျင်ရတယ်ဆိုတာ မစဉ်းစားပေးဖူးဘူးမဟုတ်လား Tsk..."

ယော ပြောရင်းနဲ့ကျလာတော့မယ့် မျက်ရည်တွေကိုထိန်းဖို့
ခေါင်းကို အပေါ်မော့ပြီး နှာရည်ရှုတ်သွင်းလိုက်သည်။

ဆတ်သာလည်း ကိုယ့်ဘာသာ ပူထူပြီး ပြောမိပြောရာတွေပြောနေမိတာကို သတိဝင်သွားပြီး

"ကိုယ်တောင်းပန်ပါတယ် ယော။ ကိုယ်က ဒီအတိုင်း ဒီအတိုင်း ပြောလိုက်မိတာ"

ယော ဆတ်သာကို စိတ်ပျက်သလိုတစ်ချက်ကြည့်လိုက်ပြီး

"ဒီအတိုင်း Ok ဒီအတိုင်း။ ယောကိုခွင့်ပြုပါဦး Head"

ကားပေါ်ကနေ ယောဆင်းသွားလိုက်သည်။ ဆတ်သာလည်း ကားပေါ်ကနေဆင်းလိုက်ပြီး အလျင်စလိုပြောလိုက်မိ၏။

"မင်းကိုစိတ်ပူလို့။ မင်းငိုနေမှာကို ထပ်မမြင်ချင်လို့။မင်းက ရေကြောက်တယ်လေ။ မင်းကိုအဲ့မိန်းမက တွန်းချဖို့ကြံစည်နေတာ။အဲ့တာကြောင့် ကိုယ်ကမင်းကို ကာကွယ်ပေးချင်လို့"

ယောလမ်းလျှောက်နေရာကနေ တန့်ခနဲ ရပ်လိုက်မိသွားသည်။ ဆတ်သာ ပြောချင်တဲ့စကားရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာကို နားမလည်လောက်တဲ့ အထိတော့ ယောကတုံးအမနေ။ ဒါပေမယ့် မသေချာတာမို့ ယောနောက်ပြန်လှည့်ပြီးဆတ်သာကိုတည့်တည့်ကြည့်လိုက်သည်။ ယော အထင်မှားနေတာများလား။ဆတ်သာရဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေဝိုင်းနေတယ်။

"Head ကဘာလို့ ကာကွယ်ပေးချင်ရတာလဲ"

ပြောပြီးမှ ယော ကိုယ့်ပါးစပ်ကိုယ်သာ ဖျက်ချလိုက်ချင်တော့တယ်။ထမင်းစားနေတဲ့သူကို *သြော်..ထမင်းစားနေတာလား* လို့ ပြန်မေးလိုက်သလိုဖြစ်နေပြီး အခုမေးခွန်းကြီးက တအားတွေ မြန်မာကားဆန်မနေဘူးလား။

အဲ့အစား *ယောလည်းHeadကို သဘောကျနေပါတယ်* လို့ပြောလိုက်တာကမှပိုပြီး နေရထိုင်ရသက်သာဦးမယ်။ ယော တွေးရင်းတွေးရင်း မျက်နှာတွေပူတတ်လာသည်။

"အဟမ်း....ဟိုမေးချင်တာက"

ယော စကားမဆုံးခင်ပဲ ဆတ်သာရဲ့ရင်ခွင်ကျယ်ထဲကို နစ်မြုပ်သွားသည်။ဆတ်သာပါးချိုင့်နှစ်ဖက်ခွက်နေအောင် ပြုံးမိပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။ယောလည်းပြန်တွန်းဖယ်ဖို့ အစီအစဉ်တော့မရှိ။
ခနနေမှ ယောကိုလက်မောင်းနှစ်ဖက်ကနေ ဆုပ်ကိုင်ပြီး

"ယော ကိုယ့်မျက်လုံးတွေကို တည့်တည့်ကြည့်နော်"

ယောလည်း ဆတ်သာပြောသလို တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်သည်။

"ကိုယ် ယောကို သဘောကျတယ်။ ယောကို ကာကွယ်ပေးချင်တယ်"

ယော မူနေဖို့စိတ်ကူးမရှိတာမို့

"ယောလည်း Headကိုသဘောကျတယ်"

ဆတ်သာညစ်ကျယ်ကျယ်ပြုံးရင်း

"မမူတော့ဘူးလားဟင် ပိစိ"

"မူရအောင် ဘဝကဇာတ်လမ်းမှမဟုတ်တာ။ ဘာလဲ မူရဦးမှာလား။ အဲ့တာဆိုလည်း ရှေးလူကြီးတွေလို သုံးနှစ်သုံးမိုး ပိုးပမ်းနေမှာလား Headက"

ယောရဲ့ဂျစ်တူးစတိုင်လေးကို ဆတ်သာ အသဲတယားဖြစ်လာပြီး ပိစိရဲ့နှုတ်ခမ်းလေးကို ဖြတ်ခနဲနမ်းလိုက်သည်။

"အဟမ်း...စကားများတယ်ပိစိ"

"....."

"လာလာ... ဒီနားကလူမပြောနဲ့ ခွေးတောင် မတွေ့ဘူး။
လာ ကားပေါ်တတ်"

အူကြောင်ကြောင်ယောကို လက်ကနေဆွဲပြီး ကားပေါ်ခေါ်တင်လိုက်သည်။တစ်လက်စတည်း ခါးပတ်ပါပတ်ပေးပြီး ဆတ်သာရဲ့ကွန်ဒိုဆီကိုသာ မောင်းသွားလိုက်သည်။

ပွဲမှာကျန်ခဲ့တဲ့ နေသစ်နဲ့ရှိန်းလည်း ဆတ်သာတို့ပြန်မလာတော့ ဖုန်းခေါ်ဖို့ပြင်လိုက်သည်။

"ဟယ်လို... ငယ်လေးပြန်ပြီလား"

"ဟုတ်...ပြန်ပြီကိုကို။ မနက်မှ ရုံးမှာတွေ့မယ်နော် ကိုကို"

"ဟုတ်ပြီ။ ယောကိုလည်း သေချာဂရုစိုက်လိုက်ဦးနော်"

"ဟုတ်ကိုကို။ ငယ်လေး ကိုယ်ဖိရင်ဖိဂရုစိုက်လိုက်ပါ့မယ်"

တစ်ဖက်ကဘာပြောနေမှန်း ယော မကြားရပေမယ့် ဆတ်သာ ပြန်ဖြေလိုက်တဲ့စကားကြောင့် ကျောချမ်းသွားသည်။

ပြီးတော့မှဖုန်းချပြီး ယောကိုတစ်ချက်ကြည့်ရင်း ပြုံးစစနဲ့ပြောလိုက်၏။

"ဒီကမမက လက်ကလေးပဲကိုင်မှာပါ ညီမလေးရယ်"

ဆတ်သာကို အခုလောက်ထိ မျက်နှာရူးထမယ်မှန်း ယော မထင်ခဲ့မိရိုးအမှန်။

******

ဆတ်သာရဲ့အခန်းကို ထိုးက်လာတဲ့ နေရောင်နွေးနွေးလေးကြောင့် ဆတ်သာမျက်လုံးနှစ်ဖက်ကို အားယူဖွင့်ပြီး လက်မောင်းကြားမှာ အိပ်ပျော်နေတဲ့ ယောမျက်နှာလေးကို အသေအချာစိုက်ကြည့်နေမိသည်။ယောက တကယ့်ကို ချစ်ဖို့ကောင်းတဲ့ကောင်မလေး။သာမာန်အချိန်တွေမှာ တစ်ယောက်တည်းအိပ်ရင် ဖရိုဖရဲဖြစ်
နေတတ်ပေမယ့်ဒီနေ့မှာတော့ဆတ်သာရဲ့ပိုးတိုးလုံးလေး ဖြစ်နေတော့ ငြိမ်ချက်သားကောင်းနေတာ။နဖူးပေါ်မှာကျနေတဲ့ဆံပင်လေးကို သပ်တင်ပေးရင်း ခွေးပေါက်လေးတွေလို ပွတ်သပ်ပေးလိုက်တော့ အီခနဲ အသံပြုရင်း ဆတ်သာဆီကိုပိုပြီး တိုးကပ်လာတော့ ဆတ်သယ သဘောတကျပြုံးလိုက်မိ၏။ မဆီမဆိုင်နဲ့ ညကကိစ္စကိုပါပြန်တွေးမိသွားသည်။

ဆတ်သာတို့ ပြန်ရောက်လာတော့ ယောမေမေကို ဖုန်းဆက်ပြီး ကွန်ဒိုမှာအိပ်ဖို့ ခွင့်တောင်းလိုက်သည်။ယောမေမေကတော့ သမီးလေးဆတ်နဲ့ဆို စိတ်ချတယ်ဆိုပြီး အသာတကြည်ခွင့်ပြပေးလိုက်၏။

ချစ်သူစုံတွဲဖြစ်ခါစလေးမို့ တီတီတာတာ ပြောရမလားမှတ်တယ်။ ပိစိမက ဗိုက်ဆာတယ်တဲ့။ ဆတ်သာဆိုတာလည်း UKမှာနေလာတဲ့တစ်လျှောက်လုံး စားသောက်ဆိုင်ကို ဆွေမျိုးတော်ထားပြီး
ထမင်းတစ်လုံးတောင် ချက်ဖို့အနိုင်နိုင်။ဒါပေမယ့်လည်း ပိစိက ခေါက်ဆွဲပြုတ်စားမယ်ဆိုတော့ ဆတ်သာ လက်သီးလက်မောင်းတန်းပြီး မီးဖိုချောင်ထဲဝင်သွားလိုက်သည်။ ကြီးညို မသိအောင်လို့ ပါကင်လိုက်ဝယ်ထားတဲ့ ခေါက်ဆွဲခြောက်ထုတ်လေးတွေကို ထုတ်လိုက်ပြီး ရေခဲသေတ္တာထဲမှာရှိတဲ့ အသီးအနှံတစ်ချို့ပုစွန်တစ်ချို့နဲ့ စပါယ်ရှယ်ခေါက်ဆွဲပြုတ် လုပ်လိုက်သည်။

ဆတ်သာလုပ်နေတုန်းတော့ ယော ဘာမှဝင်မရှုပ်ပဲ ထိုင်ကြည့်နေလိုက်သည်။ ခေါက်ဆွဲပြုတ်လက်ရာကတော့ ကြယ်ငါးပွင့်အဆင့်ပေးရမယ်။ စားပြီးသောက်ပြီးတော့မှ မီးဖိုချောင်ဘက်ကို သတိထားမိလိုက်တဲ့ ယောလေးခမျာ အစာမကြေတောင် ဖြစ်ချင်သွားသည်။ ခေါက်ဆွဲပြုတ်ခဲ့တဲ့အိုးကပို့လို့ပက်လက်။ ဘေးနားကစင်ပေါ်မှာလည်း ဆီအစက်တွေရော ခေါက်ဆွဲခြောက် အပိုင်းအစတွေရောက တစ်ပုံတစ်ပင်။ဒါပဲလားဆိုတော့....ယူထည့်ထားတဲ့ဟင်းခတ်ပစ္စည်းဘူး
တချို့ကပါ ဟိုတစ်ခုဒီတစ်ခုပြန့်ကျဲ။ ယော မျက်မှောင်ကုတ်ပြီး ဆတ်သာကိုကြည့်လိုက်တော့ ရှိသမျှသွားတွေ အအေးပတ်အောင်ပြုံးဖြီးပြရင်း ဆတ်သာ ဆင်ခြေပေးလိုက်၏။

"ကိုယ့်ရဲ့ခွေးပေါက်လေး ယော ဗိုက်တအားဆာနေမှာဆိုးလို့ မြန်မြန်လုပ်မိသွားတာ။ Ok Ok ကိုယ်ပဲပြန်ရှင်းမယ်နော်"

ယောလည်း ဝိုင်းကူလုပ်ပေးရင်း မြန်မြန်ကိစ္စဖြတ်လိုက်ကြသည်။

အဲ့အထိက အကောင်း ပြဿနာက ဘယ်မှာစလဲဆိုတော့..ဆတ်သာ ရေချိုးနေတုန်းမှာပင်။

ဆတ်သာက ရေချိုးခန်းတံခါးကို ချက်မချထားပဲ Bathrobeနဲ့ မျက်နှာသစ်နေတုန်း ပိစိကပါဝင်လာပြီး သွားလာတိုက်တယ်။ပြီးတော့ ဘာမပြောညာမပြောနဲ့ ဆတ်သာကို နံရံဆီတွန်းကပ်တာ ခံလိုက်ရတော့ ယောင်ယမ်းပြီး လက်ထဲက မျက်နှစ်သစ်ဆပ်ပြာဗူးပါ လွတ်ကျသွားတယ်။ ယောကတော့ လူယုတ်မာပေါက်စရုပ်လေးနဲ့ ဆတ်သာရဲ့ မျက်နှာနားကို တိုးကပ်သွားပြီး ရီရီဝေဝေပြောလိုက်သည်။

"ဒီက ညီမလေးကို မပိုင်ဆိုင်ချင်ဘူးလား"

ဆတ်သာာ ချောင်းတွတ်ဟွတ်ဆိုးရင်း ဘာပြန်ပြောသင့်လဲ တွေးနေတုန်း ယောမျက်နှာအမူအရာက ချက်ချင်းကြီးပြောင်းသွားပြီး

"ဘာမှမဟုတ်တော့ဘူး။ စိတ်ထဲထားမနေနဲ့ ရေချိုးတော့"

ခွေးပေါက်လေးမာန်ဖီသလို စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်လှည့်လိုက်တဲ့ ယောလေးခမျာ ဆတ်သာ စောနက လွတ်ကျသွားတဲ့ မျက်နှာသစ်ဆပ်ပြားဗူးကို ချော်နင်းမိပြီး ချော်လဲပါလေရော။

"အမေရေ့"

ဆတ်သာပြာပြာသလဲဖြစ်ပြီး ယောကို ပွေ့ချီလိုက်သည်။ ကုတင်ပေါ်ရောက်တဲ့အထိ လက်ထဲမှာ အငြိမ်မနေပဲရုန်းနေ
သေးတယ်။

"အဆင်ပြေရဲ့လား ။ တအားနာနေလားဟင် ယော"

ကုတင်ပေါ်မှာထိုင်နေရင်းနဲ့ ဆတ်သာကိုမကြည့်ပဲ မျက်နှာကြီး အောက်စိုက်ချထားတဲ့ ယောမျက်နှာလေးကို ဆတ်သာ မရမကလိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။

"ယော ကိုယ့်ကိုကြည့်။ နာနေရင် တင်းခံမထားနဲ့ငိုချလိုက်
ကိုယ့်ကိုစိတ်ပူရအောင်မလုပ်နဲ့ကွာ"

ဆတ်သာစကားအဆုံးမှာတော့ ယောရဲ့ မျက်ရည်တွေရွှဲနေတဲ့ မျက်လုံးရွဲရွဲတွေက ဆတ်သာကိုစူးစူးစိုက်စိုက်ကြည့်ပြီး ကလေးတွေလို ငိုချရင်းပြောလိုက်သည်။

"နာတယ် Eeeee အဲ့တာ ခွန်ဆတ်သာကြောင့်ဖြစ်တာ "

နေရင်းထိုင်ရင်းနဲ့ တရားခံပါဖြစ်သွားတဲ့ဆတ်သာလည်း ယောရဲ့မျက်ရည်တွေကို သုတ်ပေးရင်း နူးနူးညံ့ညံ့နဲ့မေးလိုက်၏။

"ဘာလို့ ကိုယ်ကတရားခံဖြစ်သွားရတာတုန်း ယောပိစိရယ်"

"ခွန်ဆတ်သာက ယောကို တကယ်မချစ်ဘူးမို့လား။ အဲ့တာကြောင့် ယောက ပိုင်ဆိုင်ချင်လားမေးတာတောင် ပြန်မဖြေပဲစဉ်းစားနေတာလေ Eeee Sob*"

ပေါက်ပေါက်ရှာရှာတွေးတတ်လွန်းတဲ့ ခွေးပေါက်လေးရဲ့ နှာရည်တွေကို ဆတ်သာမရွံမရှာ သုတ်ပေးရင်း စိတ်ရှည်ရှည်နဲ့ရှင်းပြတော့၏။

"ယောရယ် ။ ကိုယ်ကလေ ယောကို ချစ်တယ်ဆိုတာထပ်ပိုတယ်။ မြတ်နိုးတာ။ကိုယ့်ရဲ့ကလေးလေးတစ်ယောက်လိုကို မြတ်မြတ်နိုးနိုးနဲ့ချစ်တာ။ ကိုယ်လည်းလူပဲ။ အဲ့လိုကိစ္စတွေနဲ့တော့ ဘယ်ဝေးနိုင်ပါ့မလဲ။ ယောကိုမပိုင်ဆိုင်ချင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ကိုယ်ချစ်တဲ့သူရဲ့ အရာရာကို ပိုင်ဆိုင်ချင်တာ လူသားတွေရဲ့အတ္တပဲလေ။ အဲ့တော့ အတွေးတွေမလွန်နဲ့နော် ယော"

ပြောပြီးတော့ ယောရဲ့နဖူးလေးကို ဆတ်သာ ဖိကပ်နမ်းလ်ုက်ရင်း

"ကဲ....အခုနာသွားတဲ့နေရာကို ဆေးလိမ်းပေးမယ်နော်။ခါးနာသွားတာမဟုတ်လား"

ယောရဲ့puppy eyeလေးတွေက အရည်ကြည်တွေလဲ့နေရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။ဆတ်သာရဲ့ လက်ချောင်းလေးတွေကိုဆုပ်ကိုင်ပြီး အသံတိုးတိုးလေးနဲ့တောင်းပန်စကားဆိုလာ၏။

"ယော တောင်းပန်ပါတယ်နော်။ Headကို စိတ်မကောင်းဖြစ်အောင်လုပ်မိလို့"

"ဟုတ်ပြီ။ အဲ့တာဆိုဆေးလိမ်းမယ်"

ဆတ်သာယူလာတဲ့ဆေးဗူးကို ယော လျင်လျင်မြန်မြန်ဖြတ်ယူလိုက်ပြီး ရေချိုးခန်းထဲတန်းဝင်သွားတော့၏။

ဆတ်သာပြုံးလိုက်ပြီး ရေချိုးခန်းရှေ့မှာစောင့်နေရင်း ပြောလိုက်၏။

"အကူအညီ လိုအပ်ရင်ပြောနော်။ ဒီကမမကညီမလေးဖို့ အဆင်သင့်ပဲနော်"

ဆတ်သာညက အတွေးတွေကိုတစ်ခန်းရပ်ပြီး ကိုယ့်ဘာသာကိုယ်တောင် ကလေးထိန်းမိခင်ကြီးလို ခံစားမိလိုက်သည်။ ယောကို စိတ်နဲ့တောင် မပြစ်မှားရက်အောင် မြတ်နိုးမိနေတာ။ ကိုယ့်ရဲ့အဖိုးတန်လေးကို လာထိတဲ့သူကေတာ့ တကယ့်ကို ကံဆိုးတဲ့သူပဲဖြစ်မှာ။ ဆတ်သာ တွေးနေတုန်း ယောလည်း လှုပ်စိလှုပ်စိဖြစ်လာပြီး နိုးသွားသည်။ နိုးနိုးခြင်းပဲ သွားစွယ်လေးတွေပေါ်တဲ့အထိ ပြုံးပြနေတဲ့
ခွေးပေါက်လေးယောကို ဆတ်သာ မွှေးမွှေးတစ်ချက်ပေးလိုက်၏။

"အား...အာပုတ်စော်နံတယ် ။ ညစ်ပေတူးလေး ယောစန္ဒာမောင်ဆီက"

ယောခပ်ညစ်ညစ်ပြုံးရင်းဆတ်သာကိုစတော့၏။

"လာပါ ဒီညစ်ပေက အနမ်းတွေပေးချင်လို့ အူးမွစ်"

နဖူးကိုလက်နဲ့တွန်းထားတာကြောင့် အိပ်ရာပေါ်မှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ယောကိုကြည့်ပြီး ဆတ်သာရဲ့ တနေ့တာကို ရယ်မောခြင်းတွေနဲ့စတင်လိုက်၏။

******

ကုမ္မဏီကို တစ်ခါမှ မနောက်ကျစဖူးနောက်ကျပြီး ရောက်လာတဲ့ ဆတ်သာနဲ့ယော။နှစ်ယောက်သားအတူတူ ရောက်လာတာမို့ ဝန်ထမ်းတချို့ကလည်း ကွက်ကြည့်ကြည့်ကွက်ကြည့်နဲ့ စပ်စုနေသည်။
ဆတ်သာက​တော့ ဘယ်သူ့ကိုမှဂရုမစိုက်ပဲ ယောကိုပဲ အပြည့်အဝအာရုံစိုက်ထားသည်။
ဓာတ်လှေကားထဲရောက်တော့မှ ယောနှုတ်ခမ်းလေးကို ပြွတ်ခနဲတစ်ချက်နမ်းလိုက်ပြီး ပြုံးစိစိလုပ်နေ၏။

"ဟူး...လွမ်းနေတော့မှာပဲကွာ"

ယောကတော့ ပိုရန်ကောဆိုတဲ့ အကြည့်နဲ့ကြည့်ပြီး

"လွမ်းနေလိုက် ဒေါ်ကြီးခွန်ဆတ်သာရေ"

အလွမ်းသယ်လို့မှမဝေးခင် ဓာတ်လှေကားကပွင့်သွားပြီး ဆတ်သာလည်း ရုံးခန်းထဲကို မသွားချင်သွားချင်နဲ့ဝင်သွားရ
တော့သည်။

"ယောလေးရေ အခြေအနေ"

ရှိန်းက ပြီတီတီရုပ်နဲ့မေးလာတာကို ယောပြန်ဖြေ၏။

"အခြေအနေက နင်နဲ့ငါနဲ့ မယားညီအကိုတော်ရမှာလား လင်ညီအမတော်ရမှာလားပဲ"

"....."

ယောအဖြေကြောင့် ရှိန်းခမျာ ပြောစရာစကားတောင် ရှာမရတော့ပေ။တော်သေးတာပေါ့ အသံကိုနှိမ်ပြီး ပြောနေတာမို့လို့ အခြားသူတွေမကြားရတာ။ ရှိန်း ယောခေါင်းကို မနာအောင်ခေါက်လိုက်ရင်း

"ယဉ်ယဉ်ကျေးကျေးပြောစမ်း ဂျပုမ။ငါ့ကနင်ရဲ့ အကိုကြီး ဖြစ်လာတော့မှာနော် ဟင်းဟင်း"

ရှိန်းကို ယောဂျိုကြည့်တစ်ချက်ကြည့်ကြည့်လိုက်၏။

"သေလိုက်လေ။ လက်တစ်ဆစ်လောက်တောင် မယဉ်ကျေးနိုင်ဘူး။ ဆောတီးဖဲ"

နှစ်ယောက်သား ပိကျိပိကျိပြောရင်း အပြန်အလှန်စကားစစ်ထိုးတာ မိနစ်အတန်ငယ်ကြာမှ ရပ်လိုက်ရင်း အလုပ်ကိုသာ အာရုံစိုက်လိုက်ကြတော့သည်။

~~~♥~~~
The author has something to say:

Vd call နဲ့အမေးအဖြေပိစိ~~

Author-ပျော်ရွှင်စရာမွေးနေ့လေးပါနော် ယောရေ

ယောပိစိ - ဟိဟိ ရှဲရှဲပါ မား။ မားရေ မားကိုတိုင်စရာရှိတယ်သိလား

Author-ဟင်..ဘာများလဲ ယောရဲ့

ယောပိစိ-ခွန်ဆတ်သာ​ကြောင့်လေ​စတေးဟုမ်းပြီးတည်းက ယောလေး တနေ့လုံးအနားမနေရဘူး။ တအားပင်ပန်းတာပဲ~_~

Author-ဟင်..ဘယ်လိုတောင်တုန်း သမော်တီးလေးရဲ့
(မျက်လုံးပြူးမျက်စံပြူးဖြင့်)

ယောပိစိ-အယ်....မားဘာတွေတွေး @-@ ခွန်ဆတ်သာက အိမ်ကိုဖွလို့ ခနခနပြန်ရှင်းပြီး ညောင်းညာနေတာကိုပြောတာ မား ^^

ထိုစဥ် ဆတ်သာရောက်လာပြီး ယောပိစိရဲ့ ဇာတ်ကြောလေးကိုဆွဲပေးရင်း

ဆတ်သာ- ကဲကဲ ကိုယ့်ချစ်ဇနီးလေးကို အညောင်းပြေအောင် နှိပ်နယ်ပေးရမှာပေါ့။ မားရေစိတ်ချနော် (~_^)

သဲသဲကဲကဲဇနီးမယားနှစ်ယောက်ကိုကြည့်ပြီး အစောလေး
(author)ကပဲ အလိုက်တသိနဲ့vd callကို ပိတ်လိုက်ပါသတဲ့ရှင်။

ယောလေးရဲ့မွေးနေ့လေးမှာ အာလုံးလည်း
ကျန်းမာရေးဂရုစိုက်ကြပါနော်♥

Luv u guys💖

Continue Reading

You'll Also Like

73.1K 713 52
An x reader collection of oneshots and couple scenarios with the human Koopalings and Bowser Jr. ~^REQUESTS OPEN~^ no guarantee I'll tho them do, th...
1.4M 34.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...
3M 86.9K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...