ချစ်ခြင်း၏စီးဆင်းရာ [Complete...

Galing kay AnnaXiao105

157K 12.3K 271

WangYiBo [&] XiaoZhan Higit pa

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23(Final)

Ep-7

5.2K 545 8
Galing kay AnnaXiao105

ခ်စ္ျခင္း၏စီးဆင္းရာ Ep-7






Zawgyi







  ေနာက္ေန႔ေတြမွာေတာ့ သူ႔ရဲ႕တာဝန္ေတြက ပံုမွန္လည္ပတ္ေနၿပီမို႔ ေကာင္ကေလးႏွင့္ မနက္တစ္ခါ ညတစ္ခါသာ ေတြ႔ရေတာ့၏။

  ေကာင္ကေလးက ထူးျခားစြာပင္ အိမ္ထဲကအိမ္ျပင္ မထြက္ေတာ့ေခ်။ ေစ်းကိုလည္း ေဒၚႀကီးမိုကိုသာ လႊတ္ေလေတာ့သည္။ ေကာင္ကေလးကိုၾကည့္ရတာ တစ္ခုခုကို စိုးရိမ္ျခင္းႀကီးေနသည့္ ပံုစံမ်ိဳးျဖစ္ေန၍ ရီေပၚပင္ ဘာကိုမွန္း မသိ။ ေကာင္ကေလးအတြက္ စိုးရိမ္စိတ္ ပူပန္ေနမိသည္။

  ၿပီးေတာ့.....

  ေယာက်ာ္းေလးထက္ မိန္းကေလးလို ပီသလွေသာ ေကာင္ကေလးကို ၾကည့္ၿပီး သူ႔ရင္ထဲက ခ်စ္ဒီဂရီေတြဟာလည္း ျမင့္တက္လာရ၏။

  ေကာင္ကေလးကို သူ႔ရဲ႕ ခ်စ္ျမတ္ႏိုးျခင္းေတြက အ႐ုပ္ကေလးတစ္႐ုပ္ကို တသသခ်စ္ျမတ္ႏိုးေနသည့္ ပံုစံမ်ိဳးပင္ ျဖစ္ေတာ့သည္။ သူ ဖြင့္ေျပာဖို႔ကိုလည္း အႀကိမ္ႀကိမ္ စဥ္းစားေနမိ၏။ သူ႔အိမ္မွာ မွီခိုေနသည့္ ေကာင္ကေလး၊ ၿပီးေတာ့ သူ႔ သိကၡာ၊ ၿပီးေတာ့ ေကာင္ကေလး၏ ရာဇဝင္။

  ဟူး......

  စိတ္ေမာရပါလား ေကာင္ကေလးရယ္။

  အိမ္သားအားလံုး အိပ္ေမာက်ေနၾကၿပီး သူ တစ္ေယာက္တည္းသာ အိပ္ခန္းထဲတြင္ ညဥ့္နက္တဲ့အထိ စာရင္းေတြလုပ္ရင္း နာရီကို တစ္ခ်က္လွမ္းၾကည့္ေတာ့ 1:00တိတိ။

  အိပ္စက္အနားယူရန္ ထိုင္ရာမွထ၍ ခုတင္ေပၚ တက္လိုက္၏။

  "ကေလာက္...ကေလာက္"

  ဘာသံပါလိမ့္.....

  အသံက ဆက္လက္ထြက္ေပၚဆဲပင္.....

  အိမ္ေနာက္ေဖးမွ အသံၾကား၍ အိပ္ေနရာမွ ဝုန္းခနဲ ထရပ္ကာ ဓာတ္မီးကိုယူၿပီး အခန္းေထာင့္တြင္ ေထာင္ထားေသာ တုတ္ေခ်ာင္းကို ယူကာ၊ အခန္းတံခါးကို အသာဖြင့္၍ ေအာက္ထပ္သို႔ ဆင္း၍ လက္ႏွိပ္ဓာတ္မီးကို မဖြင့္ဘဲ အိမ္ေနာက္ေဖးသို႔ ထြက္လာခဲ့၏။

  ေနာက္ေဖး႐ွိ တံခါးမႀကီးကို စူးစိုက္၍ၾကည့္လိုက္ေတာ့ တံခါးမႀကီးကပြင့္ေနၿပီး ေလက တဟူးဟူးတိုက္ေန၏။ ၿပီးေနာက္ သံပန္းတံခါးကို ဖြင့္ရန္ ႀကိဳးစားေနေသာ သူမ်ားကို ခပ္ဝါးဝါးျမင္ရ၍၊ ေနာက္ေဖးမီးကို ဖြင့္ရန္ စိတ္ကူးလိုက္ေပမယ့္ ထိုလူေတြကို သူ ဆံုးမလိုက္ခ်င္ေသးသည္ေၾကာင့္၊ သံပန္းတံခါးနား တိုးကပ္သြားၿပီး လက္ထဲတြင္႐ွိေသာ တုတ္ေခ်ာင္းကို အားပါးတရကိုင္၍ အျပင္ဘက္သို႔မွန္းကာ ႐ိုက္ခ်လိုက္သည္။

  ထိုအခါ ဓာတ္မီးျဖင့္ ၾကည့္လိုက္ေတာ့ ဟိုလူေတြ.....

  "ကဲဟာ...ကဲဟာ"

  "အား!..."

  အသံႏွင့္အတူ ထိုလူႏွစ္ေယာက္ ေျပးထြက္သြားသည့္ ေျခသံမ်ား ၾကားရ၏။

  "ေနာက္ေဖးက ဆူညံဆူညံနဲ႔ ဘာျဖစ္ၾကတာလဲ"

  အသံႏွင့္အတူ မားက အိမ္ေနာက္ေဖးမီးကို ဖြင့္လိုက္သည္။ မားနံေဘးတြင္ ေၾကာက္လန္႔တၾကား မ်က္ဝန္းေလးမ်ားျဖင့္ ေကာင္ကေလးက သူ႔ကို ၾကည့္ေန၏။

  "သူခိုးကပ္တာ မား၊ သူတို႔က တံခါးမႀကီးကို ဖြင့္ေနၿပီ၊ အခု အထဲက သံပန္းတံခါးကို ဖြင့္ဖို႔ႀကိဳးစားေနတုန္း သား ေရာက္လာတာ"

  "အမေလး၊ အမေလး မားတို႔ ဒီမွာေနလာတာ 10ႏွစ္ေက်ာ္ေနၿပီ၊ ဒီတစ္ခါပဲ သူခိုးကပ္ဖူးပါတယ္ကြယ္"

  ေဒၚရီ႐ႈဟန္ ရင္ဘတ္ဖိၿပီး ထမင္းစားပြဲတြင္ ဝင္ထိုင္လိုက္၏။ ေ႐ွာင္က်န္႔က အလိုက္သိစြာ ေရတစ္ခြက္ခပ္ကာ.....

  "ေရေသာက္လိုက္ပါဦး အန္တီ"

  "သားက သူခိုးကို ဘာလုပ္လိုက္လဲ"

  "တုတ္နဲ႔႐ိုက္လိုက္တယ္ေလ တစ္ခါထဲ ေအာ္ၿပီးကို ထြက္ေျပးသြားတာ"

  ဝမ္ရီေပၚ တုတ္ေခ်ာင္းကို ေျမႇာက္ျပေတာ့ ေဒၚရီ႐ႈဟန္ ထပ္မံ၍ အမေလး တျပန္သည္။

  "သားရယ္ ေနာက္အဲ့လိုမလုပ္ပါနဲ႔ ေတာ္ၾကာ သားကို တစ္ခုခုလုပ္သြားရင္ေတာ့ မား ရင္က်ိဳးရခ်ည္ရဲ႕ကြယ္"

  "ဟုတ္သားပဲ"

  ေကာင္ကေလးက မားစကားကို လိုက္၍ ေထာက္ခံေျပာေနသည္ေၾကာင့္ ရီေပၚ ျပံဳးမိသည္။

  "မားျဖင့္ ဆက္အိပ္လို႔ရေတာ့မွာကို မဟုတ္ဘူး"

  "အန္တီကလည္း စိတ္ေအးေအးထားၿပီး ျပန္အိပ္ပါ၊ သူခိုးေတြလည္း ထပ္ကပ္မွာ မဟုတ္ေတာ့ပါဘူး၊ သား အိပ္ခန္းထဲ လိုက္ပို႔ေပးမယ္ေနာ္"

  ေကာင္ကေလးက မားကို ႏူးညံ့ညင္သာစြာ ေျပာဆိုၿပီး အိပ္ခန္းထဲသို႔ လိုက္ပို႔ေပးလိုက္၏။ ေကာင္ကေလး ဘာေတြ႐ႈပ္ထားလို႔ ဒီလူေတြ အသည္းအသန္ျဖစ္ေနရတာလဲဆိုသည့္ အေတြးေတြေၾကာင့္ သူ ရင္ေမာသြားမိရသည္။

ခဏအၾကာ ေကာင္ကေလး အိပ္ခန္းထဲမွ ထြက္လာၿပီး၊ သူ႔ကို တစ္ခ်က္လွမ္းၾကည့္၏။

  "မင္း မအိပ္နဲ႔ဦး၊ မင္းနဲ႔ငါ ေျပာစရာ စကား႐ွိတယ္ လာထိုင္"

  "ဗ်ာ ဟုတ္ကဲ့"

  ေကာင္ကေလးက ျငင္းဆန္ျခင္းမ႐ွိလဲ Sofaတြင္ ဝင္ထိုင္၏။

  "ေစာေစာက အိမ္ထဲကို ဝင္ဖို႔ႀကိဳးစားတာ ဘယ္သူလဲ သိလား"

  ေကာင္ကေလးက သူ႔ကို ျပဴးေၾကာင္ေၾကာင္ေမာ့ၾကည့္ၿပီး ေခါင္းခါျပသည္။

  "ေအး၊ မသိရင္ ေျပာျပမယ္၊ ဟိုတစ္ခါ မင္းကို လာေမးတဲ့အေကာင္ႏွစ္ေကာင္ ငါ အေသအခ်ာကို ဓာတ္မီးနဲ႔ၾကည့္လိုက္တယ္၊ ကဲ မင္းရဲ႕ အ႐ႈပ္ထုပ္ေတြကို ငါ့ကို ေျပာျပေတာ့၊ ေနာက္မို႔ဆို ငါ့ရဲ႕မိသားစု အႏၱရာယ္က်ေရာက္ေတာ့မယ္ သိလား"

  ရီေပၚရဲ႕ ခပ္မာမာေလသံေၾကာင့္ ေ႐ွာင္က်န္႔ ၿငိမ္သက္ကာ ေခါင္းကိုသာ တြင္တြင္ႀကီး ငံု႔ေနေလေတာ့သည္။

  "ေျဖေလ မင္းဘယ္သူလဲ၊ အဲဒီအေကာင္ေတြနဲ႔ ဘယ္လိုပတ္သက္သလဲ"

  "မသိဘူး၊ ကြၽန္ေတာ္ သူတို႔ကို တကယ္မသိတာပါ"

  တိုးတိုးလ်လ်ငိုသံေလးျဖင့္ ေျပာလိုက္ေသာ ေ႐ွာင္က်န္႔ေၾကာင့္ ရီေပၚရဲ႕ ေဒါသမီးေတြ ဟုန္းခနဲ ၿငိမ္က်သြားရသည္။

  ငိုသံေလးႏွင့္ ေျပာေနသည္က သူခ်စ္ရတဲ့သူမွတ္လား။

  "ဘာပဲျဖစ္ျဖစ္ မင္းအေၾကာင္းေတြ ငါ့ကို ေျပာျပပါ၊ ဒါမွ မင္းမွာ ဘယ္လိုျပႆနာပဲ႐ွိ႐ွိ ငါတို႔က ကူညီေျဖ႐ွင္းေပးလို႔ရမွာ"

  "ဟင့္အင္း ကြၽန္ေတာ္ မေျပာခ်င္ဘူး၊ ကြၽန္ေတာ့္ရဲ႕ ဒုကၡေတြကို ခင္ဗ်ားတို႔ ဒုကၡမျဖစ္ေစခ်င္လို႔ပါ၊ ကြၽန္ေတာ့္ကို ဒီအိမ္မွာ မေနေစခ်င္ဘူးဆိုရင္လည္း မနက္ျဖန္မနက္ပဲ ထြက္သြားေပးပါ့မယ္"

  သူ႔ကို ဆို႔ဆို႔နင့္နင့္ႀကီးေျပာကာ ထြက္သြားေသာ ေကာင္ကေလး၏ ေနာက္ေက်ာကိုၾကည့္၍ သူ သက္ျပင္းတစ္ခ်က္ ေလးပင္စြာခ်လိုက္ေလသည္။

  ေကာင္ကေလးက သူ႔ကို ဘယ္လိုမွ ဖြင့္ေျပာမည့္ဟန္မ႐ွိ။ အတင္းေမးလ်ွင္လည္း အိမ္က ထြက္သြားမည့္ပံုေပၚသည္။ သူ ကေလးကို လံုးဝမထြက္သြားေစခ်င္ပါ။ ကေလးသာ မ႐ွိေတာ့ရင္ သူ ရင္ကြဲနာက်လိမ့္မည္။ ဒီကေလးကို သူ မခြဲႏိုင္မခြာရက္ေအာင္ ခ်စ္ေနမိၿပီ။

  အခုလို သူ ဖြင့္ေမးရတာလဲ ကေလးအတြက္ စိုးရိမ္လို႔သာ ျဖစ္သည္။

  မင္းမွာ ဘယ္လို အခက္အခဲေတြမ်ား ႐ွိေနလဲ ကေလးရယ္.....

  ထိုတစ္ညလံုး သူ႔အတြက္ အိပ္စက္၍ မရႏိုင္ေတာ့ေခ်။



❤💚❤💚❤💚





  ေနာက္တစ္ေန႔ နံနက္တြင္ေတာ့ သူ ေကာင္ကေလးႏွင့္ မဆံုဆံုေအာင္ ေစာေစာထကာ ထမင္းစားခန္းထဲသို႔ဝင္လာေတာ့ ေကာင္ကေလးက Coffeeေဖ်ာ္ေနသည္။

  "က်န္႔"

  တစ္ခါမွ ဒီနာမည္ကို မေခၚဘူးေခ်။

  သူ႔ ရင္ေတြပါ တလွပ္လွပ္ခုန္ေနရသည္။ ေကာင္ကေလးက လွည့္ပင္မၾကည့္.....

  "က်န္႔...က်န္႔က်န္႔"

  ထိုအခါမွ အံ့ဩသည့္မ်က္ဝန္းေလးမ်ားျဖင့္ ဖ်တ္ခနဲ လွည့္ၾကည့္၏။

  "ဦးဝမ္ရီေပၚ ဘာကိစၥ႐ွိလို႔လဲ"

  "ဟိုေလ ကိုယ္ညက ကိစၥကို ေတာင္းပန္ပါတယ္၊ ကိုယ္ ထူပူၿပီး ဘာေတြေျပာလို႔ေျပာမွန္းမသိ ျဖစ္သြားတယ္၊ က်န္႔ ကိုယ္တို႔အိမ္က ထြက္မသြားပါနဲ႔ေနာ္၊ ကိုယ္တို႔ အိမ္အတြက္ေရာ မား အတြက္ပါ က်န္႔က မ႐ွိမျဖစ္ လိုအပ္ပါတယ္ကြာ"

  ေ႐ွာင္က်န္႔ မဲ့ျပံဳးေလးတစ္ပြင့္ဖန္ဆင္းကာ.....

  "ကြၽန္ေတာ္က ခင္ဗ်ားတို႔ အိမ္မွာေနတဲ့သူပဲ ကြၽန္ေတာ့္ကို ေျပာခြင့္႐ွိပါတယ္၊ ကြၽန္ေတာ့္မွာလဲ ေလာေလာဆယ္ ေနစရာမ႐ွိေသးတဲ့အတြက္ ဒီမွာပဲ ခိုကပ္ေနဦးမွာပါ ႏွင္မခ်မျခင္းေပါ့"

  "က်န္႔ရယ္"

  ေ႐ွာင္က်န္႔၏ ခပ္ရြဲ႔ရြဲ႔စကားသံမ်ားက ရီေပၚ ရင္ကို ျပင္းထန္စြာ ထိ႐ွေစ၏။ ရီေပၚ ဘာမွျပန္မေျပာဘဲ ထမင္းစားပြဲတြင္ ဝင္ထိုက္လိုက္ေတာ့သည္။

  "က်န္႔ ကိုယ့္ကို စိတ္ဆိုးေနတာလားဟင္"

  "အဟင္း...ဟင္း၊ ကြၽန္ေတာ့္မွာ စိတ္ဆိုးခြင့္မ႐ွိဘူးဆိုတာ ကြၽန္ေတာ္ ေကာင္းေကာင္းသိပါတယ္ ဦးဝမ္ရီေပၚရယ္"

  ေျပာေလ ထပ္ရြဲ႔ေလမို႔ ရီေပၚ ဘာမွ ထပ္မေျပာဝံ့ေတာ့ပါ။

  ထမင္းစားပြဲတြင္သာ ငူငူငိုငိုင္ ထိုင္ေနမိေတာ့သည္။ ေနာက္ေဖး မီးဖိုခန္းတြင္ အလုပ္႐ႈပ္၍ ေျပးလႊားေနေသာ ေရွာင္က်န္႔ရဲ႕ ပံုရိပ္ေလးကိုသာ ရီေပၚ ေငးၾကည့္ေနမိေတာ့၏။

  သိပ္ခ်စ္ရပါလား ကေလးရယ္.....

  ကိုယ့္ဘဝဟာ ကေလးနဲ႔ေတြ႔မွ အခ်စ္ဆိုတာကို ေတြ႔႐ွိခဲ့ရတာ မင္း မသိဘူးမွတ္လား ကေလးရယ္.....

  သူ႔ရင္ထဲက စကားေတြက အျပင္ဘက္ကိုေတာ့ ထြက္မလာခဲ့ပါ ရင္ထဲမွာသာ သိုဝွက္ထားလ်ွက္.....

  သူ႔ကို ဥေပကၡာျပဳေနေသာ ေကာင္ကေလးေ႐ွ႕မွာ ခံႏိုင္ရည္မ႐ွိစြာ ထြက္လာခဲ့မိေတာ့သည္။

  ဒီကေလးကို သူ႔ရင္ခုန္သံမွ အေၾကာင္းအရာေတြကို ဖြင့္ေျပာရန္ သူ ႀကိဳးစားရပါဦးမည္။

  မင္းေလး ကိုယ့္ကို နားလည္ပါေတာ့ ကေလးေလးရယ္......







Ep-8
Coming Soon❤💚
လူပ်ိဳႀကီးေတာ္ေတာ္ျဖစ္🤣🤣










ချစ်ခြင်း၏စီးဆင်းရာ Ep-7






Unicode







  နောက်နေ့တွေမှာတော့ သူ့ရဲ့တာဝန်တွေက ပုံမှန်လည်ပတ်နေပြီမို့ ကောင်ကလေးနှင့် မနက်တစ်ခါ ညတစ်ခါသာ တွေ့ရတော့၏။

  ကောင်ကလေးက ထူးခြားစွာပင် အိမ်ထဲကအိမ်ပြင် မထွက်တော့ချေ။ ဈေးကိုလည်း ဒေါ်ကြီးမိုကိုသာ လွှတ်လေတော့သည်။ ကောင်ကလေးကိုကြည့်ရတာ တစ္ခုခုကို စိုးရိမ်ခြင်းကြီးနေသည့် ပုံစံမျိုးဖြစ်နေ၍ ရီပေါ်ပင် ဘာကိုမှန်း မသိ။ ကောင်ကလေးအတွက် စိုးရိမ်စိတ် ပူပန်နေမိသည်။

  ပြီးတော့.....

  ယောကျာ်းလေးထက် မိန်းကလေးလို ပီသလွေသာ ကောင်ကလေးကို ကြည့်ပြီး သူ့ရင်ထဲက ချစ်ဒီဂရီတွေဟာလည်း မြင့်တက်လာရ၏။

  ကောင်ကလေးကို သူ့ရဲ့ ချစ်မြတ်နိုးခြင်းတွေက အရုပ်ကလေးတစ်ရုပ်ကို တသသချစ်မြတ်နိုးနေသည့် ပုံစံမျိုးပင် ဖြစ်တော့သည်။ သူ ဖွင့်ပြောဖို့ကိုလည်း အကြိမ်ကြိမ် စဉ်းစားနေမိ၏။ သူ့အိမ်မှာ မှီခိုနေသည့် ကောင်ကလေး၊ ပြီးတော့ သူ့ သိက္ခာ၊ ပြီးတော့ ကောင်ကလေး၏ ရာဇဝင်။

  ဟူး......

  စိတ်မောရပါလား ကောင်ကလေးရယ်။

  အိမ်သားအားလုံး အိပ်မောကျနေကြပြီး သူ တစ်ယောက်တည်းသာ အိပ်ခန်းထဲတွင် ညဥ့်နက်တဲ့အထိ စာရင်းတွေလုပ်ရင်း နာရီကို တစ်ချက်လှမ်းကြည့်တော့ 1:00တိတိ။

  အိပ်စက်အနားယူရန် ထိုင်ရာမှထ၍ ခုတင်ပေါ် တက်လိုက်၏။

  "ကလောက်...ကလောက်"

  ဘာသံပါလိမ့်.....

  အသံက ဆက်လက်ထွက်ပေါ်ဆဲပင်.....

  အိမ်နောက်ဖေးမှ အသံကြား၍ အိပ်နေရာမှ ဝုန်းခနဲ ထရပ္ကာ ဓာတ်မီးကိုယူပြီး အခန်းထောင့်တွင် ထောင်ထားသော တုတ်ချောင်းကို ယူကာ၊ အခန်းတံခါးကို အသာဖွင့်၍ အောက်ထပ်သို့ ဆင်း၍ လက်နှိပ်ဓာတ်မီးကို မဖွင့်ဘဲ အိမ်နောက်ဖေးသို့ ထြက္လာခဲ့၏။

  နောက်ဖေးရှိ တံခါးမကြီးကို စူးစိုက်၍ကြည့်လိုက်တော့ တံခါးမကြီးကပွင့်နေပြီး လေက တဟူးဟူးတိုက်နေ၏။ ပြီးနောက် သံပန်းတံခါးကို ဖွင့်ရန် ကြိုးစားနေသော သူမ်ားကို ခပ်ဝါးဝါးမြင်ရ၍၊ နောက်ဖေးမီးကို ဖွင့်ရန် စိတ်ကူးလိုက်ပေမယ့် ထိုလူတွေကို သူ ဆုံးမလိုက်ချင်သေးသည်ကြောင့်၊ သံပန်းတံခါးနား တိုးကပ်သွားပြီး လက်ထဲတွင်ရှိသော တုတ်ချောင်းကို အားပါးတရကိုင်၍ အပြင်ဘက်သို့မှန်းကာ ရိုက်ချလိုက်သည်။

  ထိုအခါ ဓာတ်မီးဖြင့် ကြည့်လိုက်တော့ ဟိုလူတွေ.....

  "ကဲဟာ...ကဲဟာ"

  "အား!..."

  အသံနှင့်အတူ ထိုလူနှစ်ယောက် ပြေးထွက်သွားသည့် ခြေသံများ ကြားရ၏။

  "နောက်ဖေးက ဆူညံဆူညံနဲ့ ဘာဖြစ်ကြတာလဲ"

  အသံနှင့်အတူ မားက အိမ်နောက်ဖေးမီးကို ဖွင့်လိုက်သည်။ မားနံဘေးတွင် ကြောက်လန့်တကြား မျက်ဝန်းလေးများဖြင့် ကောင်ကလေးက သူ့ကို ကြည့်နေ၏။

  "သူခိုးကပ္တာ မား၊ သူတို့က တံခါးမကြီးကို ဖွင့်နေပြီ၊ အခု အထဲက သံပန်းတံခါးကို ဖွင့်ဖို့ကြိုးစားနေတုန်း သား ရောက်လာတာ"

  "အမေလး၊ အမေလး မားတို့ ဒီမှာနေလာတာ 10နှစ်ကျော်နေပြီ၊ ဒီတစ်ခါပဲ သူခိုးကပ်ဖူးပါတယ်ကွယ်"

  ဒေါ်ရီရှုဟန် ရင်ဘတ်ဖိပြီး ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်၏။ ရှောင်ကျန့်က အလိုက္သိစြာ ရေတစ်ခွက်ခပ်ကာ.....

  "ရေသောက်လိုက်ပါဦး အန္တီ"

  "သားက သူခိုးကို ဘာလုပ်လိုက်လဲ"

  "တုတ်နဲ့ရိုက်လိုက်တယ်လေ တစ်ခါထဲ အော်ပြီးကို ထွက်ပြေးသွားတာ"

  ဝမ်ရီပေါ် တုတ်ချောင်းကို မြှောက်ပြတော့ ဒေါ်ရီရှုဟန် ထပ္မံ၍ အမေလး တပြန်သည်။

  "သားရယ် နောက်အဲ့လိုမလုပ်ပါနဲ့ တော်ကြာ သားကို တစ်ခုခုလုပ်သွားရင်တော့ မား ရင်ကျိုးရချည်ရဲ့ကွယ်"

  "ဟုတ္သားပဲ"

  ကောင်ကလေးက မားစကားကို လိုက်၍ ထောက်ခံပြောနေသည်ကြောင့် ရီပေါ် ပြုံးမိသည်။

  "မားဖြင့် ဆက်အိပ်လို့ရတော့မှာကို မဟုတ္ဘူး"

  "အန်တီကလည်း စိတ်အေးအေးထားပြီး ပြန်အိပ်ပါ၊ သူခိုးတွေလည်း ထပ်ကပ်မှာ မဟုတ်တော့ပါဘူး၊ သား အိပ်ခန်းထဲ လိုက်ပို့ပေးမယ်နော်"

  ကောင်ကလေးက မားကို နူးညံ့ညင်သာစွာ ပြောဆိုပြီး အိပ်ခန်းထဲသို့ လိုက်ပို့ပေးလိုက်၏။ ကောင်ကလေး ဘာတွေရှုပ်ထားလို့ ဒီလူတွေ အသည်းအသန်ဖြစ်နေရတာလဲဆိုသည့် အတွေးတွေကြောင့် သူ ရင်မောသွားမိရသည်။

ခဏအကြာ ကောင်ကလေး အိပ်ခန်းထဲမှ ထွက်လာပြီး၊ သူ့ကို တစ်ချက်လှမ်းကြည့်၏။

  "မင်း မအိပ်နဲ့ဦး၊ မင်းနဲ့ငါ ပြောစရာ စကားရှိတယ် လာထိုင်"

  "ဗ်ာ ဟုတ်ကဲ့"

  ကောင်ကလေးက ငြင်းဆန်ခြင်းမရှိလဲ Sofaတွင် ဝင်ထိုင်၏။

  "စောစောက အိမ်ထဲကို ဝင်ဖို့ကြိုးစားတာ ဘယ္သူလဲ သိလား"

  ကောင်ကလေးက သူ့ကို ပြူးကြောင်ကြောင်မော့ကြည့်ပြီး ခေါင်းခါပြသည်။

  "အေး၊ မသိရင် ပြောပြမယ်၊ ဟိုတစ်ခါ မင်းကို လာမေးတဲ့အကောင်နှစ်ကောင် ငါ အေသအခ်ာကို ဓာတ်မီးနဲ့ကြည့်လိုက်တယ်၊ ကဲ မင်းရဲ့ အရှုပ်ထုပ်တွေကို ငါ့ကို ပြောပြတော့၊ နောက်မို့ဆို ငါ့ရဲ့မိသားစု အန္တရာယ်ကျရောက်တော့မယ် သိလား"

  ရီပေါ်ရဲ့ ခပ်မာမာလေသံကြောင့် ရှောင်ကျန့် ငြိမ်သက်ကာ ခေါင်းကိုသာ တွင်တွင်ကြီး ငုံ့နေလေတော့သည်။

  "ဖြေလေ မင်းဘယ်သူလဲ၊ အဲဒီအကောင်တွေနဲ့ ဘယ္လိုပတ္သက္သလဲ"

  "မသိဘူး၊ ကျွန်တော် သူတို့ကို တကယ္မသိတာပါ"

  တိုးတိုးလျလျငိုသံလေးဖြင့် ပြောလိုက်သော ရှောင်ကျန့်ကြောင့် ရီပေါ်ရဲ့ ဒေါသမီးတွေ ဟုန်းခနဲ ငြိမ်ကျသွားရသည်။

  ငိုသံလေးနှင့် ပြောနေသည်က သူချစ်ရတဲ့သူမှတ်လား။

  "ဘာပဲဖြစ်ဖြစ် မင်းအကြောင်းတွေ ငါ့ကို ပြောပြပါ၊ ဒါမွ မင်းမှာ ဘယ်လိုပြဿနာပဲရှိရှိ ငါတို့က ကူညီဖြေရှင်းပေးလို့ရမှာ"

  "ဟင့်အင်း ကျွန်တော် မပြောချင်ဘူး၊ ကျွန်တော့်ရဲ့ ဒုက္ခတွေကို ခင်ဗျားတို့ ဒုက္ခမဖြစ်စေချင်လို့ပါ၊ ကျွန်တော့်ကို ဒီအိမ်မှာ မနေစေချင်ဘူးဆိုရင်လည်း မနက်ဖြန်မနက်ပဲ ထွက်သွားပေးပါ့မယ်"

  သူ့ကို ဆို့ဆို့နင့်နင့်ကြီးပြောကာ ထွက်သွားသော ကောင်ကလေး၏ နောက်ကျောကိုကြည့်၍ သူ သက်ပြင်းတစ်ချက် လေးပင်စွာချလိုက်လေသည်။

  ကောင်ကလေးက သူ့ကို ဘယ္လိုမွ ဖွင့်ပြောမည့်ဟန်မရှိ။ အတင်းမေးလျှင်လည်း အိမ္က ထွက်သွားမည့်ပုံပေါ်သည်။ သူ ကေလးကို လုံးဝမထွက်သွားစေချင်ပါ။ ကေလးသာ မရှိတော့ရင် သူ ရင်ကွဲနာကျလိမ့်မည်။ ဒီကေလးကို သူ မခွဲနိုင်မခွာရက်အောင် ချစ်နေမိပြီ။

  အခုလို သူ ဖွင့်မေးရတာလဲ ကလေးအတွက် စိုးရိမ်လို့သာ ဖြစ်သည်။

  မင်းမှာ ဘယ္လို အခက်အခဲတွေများ ရှိနေလဲ ကလေးရယ်.....

  ထိုတစ်ညလုံး သူ့အတွက် အိပ်စက်၍ မရနိုင်တော့ချေ။



❤💚❤💚❤💚




  နောက်တစ်နေ့ နံနက်တွင်တော့ သူ ကောင်ကလေးနှင့် မဆုံဆုံအောင် စောစောထကာ ထမင်းစားခန်းထဲသို့ဝင်လာတော့ ကောင်ကလေးက Coffeeဖျော်နေသည်။

  "ကျန့်"

  တစ်ခါမှ ဒီနာမည်ကို မခေါ်ဘူးချေ။

  သူ့ ရင်တွေပါ တလှပ်လှပ်ခုန်နေရသည်။ ကောင်ကလေးက လှည့်ပင်မကြည့်.....

  "ကျန့်...ကျန့်ကျန့်"

  ထိုအခါမွ အံ့ဩသည့်မျက်ဝန်းလေးများဖြင့် ဖ်တ္ခနဲ လှည့်ကြည့်၏။

  "ဦးဝမ်ရီပေါ် ဘာကိစ္စရှိလို့လဲ"

  "ဟိုလေ ကိုယ္ညက ကိစ္စကို တောင်းပန်ပါတယ်၊ ကိုယ် ထူပူပြီး ဘာတွေပြောလို့ပြောမှန်းမသိ ဖြစ်သွားတယ်၊ ကျန့် ကိုယ်တို့အိမ်က ထွက်မသွားပါနဲ့နော်၊ ကိုယ်တို့ အိမ်အတွက်ရော မား အတွက်ပါ ကျန့်က မရှိမဖြစ် လိုအပ်ပါတယ်ကွာ"

  ရှောင်ကျန့် မဲ့ပြုံးလေးတစ်ပွင့်ဖန်ဆင်းကာ.....

  "ကျွန်တော်က ခင်ဗျားတို့ အိမ်မှာနေတဲ့သူပဲ ကျွန်တော့်ကို ပြောခွင့်ရှိပါတယ်၊ ကျွန်တော့်မှာလဲ လောလောဆယ် နေစရာမရှိသေးတဲ့အတွက် ဒီမွာပဲ ခိုကပ်နေဦးမှာပါ နှင်မချမခြင်းပေါ့"

  "ကျန့်ရယ်"

  ရှောင်ကျန့်၏ ခပ်ရွဲ့ရွဲ့စကားသံများက ရီပေါ် ရင်ကို ပြင်းထန်စွာ ထိရှစေ၏။ ရီပေါ် ဘာမှပြန်မပြောဘဲ ထမင်းစားပွဲတွင် ဝင်ထိုက်လိုက်တော့သည်။

  "ကျန့် ကိုယ့်ကို စိတ်ဆိုးနေတာလားဟင်"

  "အဟင်း...ဟင်း၊ ကျွန်တော့်မှာ စိတ်ဆိုးခွင့်မရှိဘူးဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ် ဦးဝမ်ရီပေါ်ရယ်"

  ပြောလေ ထပ်ရွဲ့လေမို့ ရီပေါ် ဘာမွ ထပ်မပြောဝံ့တော့ပါ။

  ထမင်းစားပွဲတွင်သာ ငူငူငိုငိုင် ထိုင်နေမိတော့သည်။ နောက်ဖေး မီးဖိုခန်းတွင် အလုပ်ရှုပ်၍ ပြေးလွှားနေသော ရှောင်ကျန့်ရဲ့ ပုံရိပ်လေးကိုသာ ရီပေါ် ငေးကြည့်နေမိတော့၏။

  သိပ်ချစ်ရပါလား ကလေးရယ်.....

  ကိုယ့်ဘဝဟာ ကလေးနဲ့တွေ့မှ အခ်စ္ဆိုတာကို တွေ့ရှိခဲ့ရတာ မင်း မသိဘူးမွတ္လား ကလေးရယ်.....

  သူ့ရင်ထဲက စကားတွေက အပြင်ဘက်ကိုတော့ ထွက်မလာခဲ့ပါ ရင်ထဲမှာသာ သိုဝှက်ထားလျှက်.....

  သူ့ကို ဥပေက္ခာပြုနေသော ကောင်ကလေးရှေ့မှာ ခံနိုင်ရည်မရှိစွာ ထွက်လာခဲ့မိတော့သည်။

  ဒီကေလးကို သူ့ရင်ခုန်သံမှ အကြောင်းအရာတွေကို ဖွင့်ပြောရန် သူ ကြိုးစားရပါဦးမည်။

  မင်းလေး ကိုယ့်ကို နားလည်ပါတော့ ကလေးလေးရယ်......







Ep-8
Coming Soon❤💚
လူပျိုကြီးတော်တော်ဖြစ်🤣🤣

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

195K 13.8K 43
YiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးန...
112K 4.9K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
444K 62.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
62.1K 16.2K 56
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥