Part-21

4.7K 399 5
                                    

ချစ်ခြင်း၏စီးဆင်းရာ Ep-21


Zawgyi




  "သားရေ မားဒီနေ့ဆရာဆီသွားမလို့ လိုက်ပို့ပေးပါဦး"

  "ဟာ...မား၊ ဒီနေ့ သားလုံးဝမအားဘူး အရေးကြီးကိစ္စတစ်ခုသွားစရာရှိလို့"

  "အင်းလေ ဒါဆိုလည်း နောက်အပတ်မှပေါ့"

  "မား ဘာကိစ္စရှိလို့လဲ"

  ခါတိုင်းဆို သူမားကိုလိုက်ပို့နေကျမို့ အားနာမိပြီး မေးလိုက်သည်။

  "ဘာကိစ္စရမှာလည်း သားရဲ့ကိစ္စပေါ့၊ သားက အခုတလော စိတ်တွေမငြိမ်ဘူး ဟိုရောက်ဒီရောက် ရောက်နေလို့ မားက ဆရာကြီးဆီမှာသွားမေးမလို့"

  "ဖြစ်ရလေ မားရယ်"

  နေရာတကာ သူ့အတွက် လိုက်ပူပေးနေသော မားကိုကြည့်၍ သူ စိတ်မကောင်းဖြစ်ရ၏။

  "ကဲပါ မားရယ် သားအတွက်အဲလောက်ကြီးလည်း ပူပင်ကြီးမနေပါနဲ့၊ နောက်တောင်ကျနေပြီ သားသွားတော့မယ် မား"

  ရီပေါ် လက်မှာပတ်ထားသည့်နာရီကိုကြည့်၍ ပြောလိုက်သည်။

  9:00AM

  ရီပေါ့်ကားလေး၏ ဦးတည်ရာကား ကုန်တိုက်သို့အရင်သွားပြီး၊ လုပ်စရာရှိသည်များကို ညွှန်ကြားပြီး ပြန်လာမည်ဟု စဉ်းစားထားခြင်းပင် ဖြစ်၏။

  "ရီပေါ်"

  "ဪ ယွေ့ဖိန်လီပါလား၊ ဘာကိစ္စရှိလို့လဲ"

  "ကိစ္စရယ်လို့တော့ မဟုတ်ပါဘူး၊ ဖိန်လီ Li Qun Roast Duckသွားပြီး ဘဲကင်စားချင်လို့ပါ၊ အဲဒါ ရီပေါ်အားမယ်ဆိုရင်"

  ယွေ့ဖိန်လီ စကားကြောင့် ရီပေါ် မလုံမလဲ ဖြစ်သွားရသည်။ ယွေ့ဖိန်လီနဲ့ ပြဿနာဖြစ်ပြီး သူငယ်ချင်းလို ခင်မင်စွာဆက်ဆံမိပြန်တော့၊ ယွေ့ဖိန်လီက ရီပေါ့်ကို တစ်ခါတစ်ခါ အနိုင်ကျင့်တတ်ပြန်၏။

  "ဒီနေ့ ကျွန်တော်မအားပါဘူး ယွေ့ဖိန်လီရယ်၊ အလုပ်တွေတောင် 11:30အထိလုပ်ပြီး ထားခဲ့ရမှာ၊ အရေးကြီးကိစ္စရှိလို့"

  "အရေးကြီးတယ်ပေါ့"

  "အရေးကြီးတာမှ ကျွန်တော့်တစ်ဘဝလုံးစာအတွက်ကို အရေးကြီးတာပါ ယွေ့ဖိန်လီ"

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now