Unicode
အပိုင်း(၉)
ထပ်တူနာကျင်ခံစားရခြင်း။
ကြမ်းပြင်ပေါ် လဲကျသွားသော လွန်းငယ်ကြောင့် ခွန်းသုရှင် ထိတ်လန့်သွားရသည်။ စိတ်၏ ဆောင်မှုကြောင့် လွန်းငယ်အနား မည်သို့ရောက်ရှိသွားမှန်းပင် မသိလိုက်။ လွန်းငယ်၏ ပေါ့ပါးသော ကိုယ်အား ပွေ့ချီလိုက်သည်။
သူ့လုပ်ရပ် အရမ်းလွန်သွားပုံရသည်။ သို့သော် သူ ခံစားခဲ့ရတာနှင့်ယှဉ်လျှင် စာပင်မဖွဲ့လောက်။ ဆုံးရှုံးရသော နာကျင်မှုအား လွန်းငယ် မခံစားရသေးပါ။ စကားနှင့်ပင် ထိုမျှလောက်နာနေရင် သူကဲ့သို့ ရင်နင့်စရာအဖြစ်မျိုးကြုံခဲ့ရလျှင်။
နုနုနယ်နယ် မျက်နှာအား မြင်မိတိုင်း သူ မုန်းမိသည်။ သူတို့ဘယ်လိုများ ဘာမှမဖြစ်သလို နေနိုင်ရသလဲဟု စဉ်းစားမိတိုင်း နှလုံးသားထဲမှ စူးအောင့်ရသည်။ လွန်းငယ်အား ခံစားရအောင် လုပ်ပြီးတိုင်း ထပ်တူနာကျင်ခံစားရသည့် ကိုယ့်ကိုကိုယ်အားလည်း ပို၍ မုန်းတီးမိသည်။ တစ်ခုခုဖြစ်မည်စိုးကာ အမြဲစိုးရိမ်မိသည့်စိတ်သည် သူ့အား အမြဲပြန်နှိပ်စက်နေသည်။
ချစ်သူဖြစ်စ ပျော်ရွှင်ဖွယ်အချိန်များ ပြန်တွေးမိလေတိုင်း ကြည်နူးမိသော စိတ်အားလည်း မယုံကြည်နိုင်။ သူ့ဘက်မှ စတင်ချဉ်းကပ်ခဲ့ခြင်းဖြစ်သော်လည်း ချစ်စဖွယ်မျက်နှာလေး၏ ဆွဲဆောင်မှုကိုခံရကာ စိတ်ရင်းနှင့်ကောင်းမိခဲ့သည့် အခိုက်အတန့်များစွာရှိသည်။ ထိုမျက်နှာလှလှလေးက လူတစ်ယောက်ကို သေစေနိုင်တယ်ဟူသော အတွေးဝင်မိသည့်အခါ အမုန်းကြီးမုန်းမိသည်။
ယခုလည်း လွန်းငယ် မေ့လဲသည်ထိ ဖြစ်သွားသောအခါ သူ မနေနိုင်ပေ။ ရင်ထဲပူလောင်ကာ စိုးရိမ်မှုတို့ ကြီးစိုးသွားရသည်။
ပေါ့ပါးသော လွန်းငယ် ကိုယ်အား ပွေ့ချီကာ ဝိုင်းအုံနေကြသောလူများကြားမှ တိုးထွက်လိုက်သည်။ ဆေးရုံခန်းတံခါးရှေ့ရပ်နေသော မဝါအား ပြောလိုက်၏။
"မဝါ တံခါးဖွင့်ပေး"
"ကိုသု အထဲမှာ ဒေါက်တာမိုးက လူနာကြည့်နေတာ ခုလို ဝင်လိုက်ရင် မကောင်းဘူး...ခဏစောင့်ပါဦး"
"လူတစ်ယောက်လုံး မေ့လဲတာ ခင်ဗျား မျက်လုံးမပါဘူးလား...ခင်ဗျား ရူးနေလား"
ဒေါသထွက်စွာ အော်ဟစ်လိုက်တော့ မဝါက တံခါးလက်ကိုင်အား လှည့်လိုက်၏။ တံခါးအနည်းငယ် ပွင့်သွားသည်နှင့် စိတ်မရှည်စွာ တံခါးအား ဆောင့်ကန်လိုက်တော့ လူနာအား စမ်းသပ်နေသော မိုးက သူ့အား ကြောင်အစွာ ကြည့်လာသည်။
"ကို"
မိုးရှိရာ အမြန်သွားပြီး အလျင်စလို ပြောလိုက်သည်။
"မိုး လွန်းငယ် မေ့လဲသွားလို့...လွန်းငယ်ကို ကြည့်ပေးပါဦး...သူ့မှာ နှလုံးရောဂါအခံလည်း ရှိတယ်...သူ့ကို အရင်ကြည့်ပေးပါ မိုး"
အက်ကွဲသော အသံဖြင့် သူ့အား တရစပ်တောင်းဆိုနေသော ကို့အား ကြယ်လွှဲမိုး မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ အမြဲတည်ငြိမ်နေတတ်သော ကိုက ကိုနှင့်မတူစွာ စိုးရိမ်ပူပန်လွန်းနေသည်။
ထိုကောင်လေးအား မုန်းသည်ဟု အမြဲပြောတတ်သော ကိုက မေ့လဲရုံမျှဖြင့် ကမ္ဘာပျက်သလိုဖြစ်နေသည်။ ရှစ်နှစ်တာ ချစ်သူသက်တမ်းကို ယုံကြည်နေမိသော သူ(မ) ပထမဆုံးအကြိမ် ကို့အား ဆုံးရှုံးရမည်ကို စိုးရွံ့မိလာသည်။ ကိုနှင့် ထိုကောင်လေး ဘယ်သောအခါမှ အဆင်ပြေနိုင်မည် မဟုတ်မှန်း သူ(မ) သိသော်လည်း ကို ကောင်လေးအား ချစ်မိသွားမည်ကို သူ(မ) မလိုလားပေ။
လက်ထဲတွင် ကိုင်ထားသော ဆေးစာအား ကုတင်ပေါ်ရှိ လူနာအား ပေးလိုက်သည်။
"အရှေ့က နာစ့်မတွေဆီက ဆေးထုတ်ယူလိုက်နော်"
"ဟုတ်ကဲ့"
လူနာသည် အလိုက်သိစွာ ဆေးစာအား ယူ၍ ထွက်သွားလေ၏။
"ကို သူ့ကို လူနာကုတင်ပေါ် တင်လိုက်"
ကောင်လေးအား လူနာကုတင်ပေါ် ဖြေးညှင်းစွာ ချလိုက်သော ကို့အား ကြယ်လွှဲမိုး မျက်တောင်မခတ်ကြည့်နေမိသည်။
ကောင်လေးအား နားကြပ်ဖြင့် စမ်းသပ်စစ်ဆေးပြီး ကို့အား ကြည့်လိုက်တော့ စိုးရိမ်ပူပန်မှု အပြည့် မျက်ဝန်းများ။ သူ(မ)၏ ကို့အား အပြည့်အဝ ယုံကြည်မှုတို့ မှေးမှိန်သွားရသည်။ ကို့ကို ချစ်လွန်းသောကြောင့် အရာရာလက်ခံပေးကာ ကို့အစီအစဉ်အား မတားမိခြင်းအပေါ် နောင်တရလာမိသည်။
"အခြေအနေ ဘယ်လိုလဲဟင် မိုး...စိုးရိမ်ရလား"
"အားနည်းပြီး မေ့လဲသွားတာပါ ကို...အရမ်းစိတ်မပူပါနဲ့"
အရမ်းစိတ်မပူရန် ပြောသောနေရာတွင် သူ(မ) အသံမြှင့်၍ ပြောလိုက်သော်လည်း ကိုက သတိထားမိပုံမပေါ်။ သူ(မ) ရင်ထဲနာကျင်သွားရသည်။
"တကယ် မစိုးရိမ်ရဘူးလား...ဆေးရုံတက်ဖို့ လိုလား မိုး"
"မလိုပါဘူး ကို...အိမ်မှာ နားနားနေနေ နေခိုင်းပြီး အားရှိတာတွေကျွေးပေးပါ...အစားကို ပုံမှန်စားခိုင်း...မိုး ဆေးပေးလိုက်မယ်"
"အင်း ကျေးဇူး မိုး...ဆေးပေးလိုက်နော်...ကို လွန်းငယ်ကို အခု အိမ်ပြန်ခေါ်သွားတော့မယ်"
ကို့စကားကြောင့် ကြယ်လွှဲမိုး အံ့အားသင့်သွားရသည်။
"အခု ပြန်ခေါ်သွားမှာလား...နိုးမှ ခေါ်သွားလိုက်လေ"
"ဆေးရုံမှာ ကြာကြာမထားချင်လို့...ဆေးရုံတက်စရာ မလိုဘူးဆို ကို ပြန်ခေါ်သွားတော့မယ်"
ကြယ်လွှဲမိုး ကြားရသော စကားကိုပင် မယုံနိုင်။ ကိုက ထိုကောင်လေးအား ဂရုစိုက်နေသည်တဲ့။ ကို၏ မသိစိတ်ထဲတွင် ထိုကောင်လေးသည် နေရာတစ်ခုယူလိုက်ပုံရသည်။ ကို၏ နာကျည်းစိတ်များကြောင့် သူ(မ) အနေဖြင့် ကို့လုပ်ရပ်များအား လက်မခံနိုင်ခဲ့သော်လည်း လက်မလွှတ်နိုင်သဖြင့် ယုံကြည်ကာခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ချစ်သူက တခြားသူတစ်ယောက်အား လက်ထပ်ယူခြင်းကို ခွင့်လွှတ်နိုင်အောင်ထိ သူ(မ) ကို့အပေါ် အရမ်းချစ်ခဲ့သည်။ သူ(မ)တို့၏ ရှစ်နှစ်သံယောဇဉ်နှင့် ကို၏ မုန်းတီးမှုများကို ယိမ်းယိုင်အောင် လုပ်နိုင်သော ကောင်လေးမျက်နှာအားလည်း မယုံကြည်နိုင်စွာ ကြည့်လိုက်မိ၏။
"မိုး အားဆေးပေးလိုက်မယ်ဆို အခုပေးတော့လေ"
သတိလွတ်သလိုဖြစ်နေသော မိုးအား ကြည့်ကာခွန်းသုရှင် ပြောလိုက်သည်။ ထက်မြက်သော မိုး၏ ဇဝေဇဝါဖြစ်သော ပုံစံမျိုးသည် လွန်စွာရှားပါးလှသည်။ မိုး၏ ထိုသို့ဖြစ်ရခြင်းက သူ့ကြောင့်ဖြစ်မှန်းလည်း သူသိသည်။
ကိုယ့်အားကိုယ်ကိုးကာ မာနကြီးလွန်းသောမိုးက သူ၏လုပ်ရပ်များအား လက်ခံပေးခဲ့သည်ထိ သူ့အားချစ်မှန်းသူသိ၏။
မိဘများရှိစဉ် သဘောတူခဲ့ကတည်းက လိမ္မာရေးခြားရှိသည့်မိုးအား သူ မကန့်ကွက်ခဲ့။ သူနှင့်မိုးသည် အောက်ခြေဘဝမှ အတူတူကြိုးစားတက်လှမ်းခဲ့ကြသူများဖြစ်သဖြင့် တစ်ဦးပေါ်တစ်ဦး သံယောစဉ်လည်း လွန်စွာကြီးမားသည်။ ချစ်သူဖြစ်ပြီးသည်ထိ သူ့ဘက်မှ မိုးအပေါ်ခံစားချက်များအား မသေချာခဲ့။ ခံစားချက်အား ထည့်မတွက်ဘဲ သူ့အပေါ်ချစ်သော မိုးနှင့် တစ်အိုးတစ်အိမ်ထူထောင်ရန်ထိ သူ့တွင် ရည်မှန်းချက်များ ရှိခဲ့သည်။
ထိုအဖြစ်အပျက်များသာ မဖြစ်ပွားခဲ့လျှင်...။ သူနှင့် မိုးသည် ယခုချိန် အေးချမ်းသော မိသားစုလေးအဖြစ် ပျော်ရွှင်နေရပေလိမ့်မည်။
အရာအားလုံး၏ အစသည် ကုတင်ပေါ်ရှိ ကောင်လေးကြောင့်ပင်။ ထို့ကြောင့် သူ ထိုကောင်လေးအား အရမ်းမုန်းသည်။ အရမ်းလည်း နာကျည်းမိသည်။ သူ့အပေါ် အမြဲရက်စက်သော ကံတရားက ဘယ်သောအခါမှ သူ့အပေါ် မကောင်းခဲ့။ သူ အရမ်းမုန်းရသောသူက သူ့အပေါ် အရမ်းချစ်သည်တဲ့။ ဘယ်လောက်ထိ ချစ်လဲဆိုတာ သူ မြင်နေရသည်။
အစတွင် သူခံစားခဲ့ရသော နာကျည်းမှုများ ပြန်ခံစားစေနိုင်သောကြောင့် သူ ပျော်ရွှင်ခဲ့ရသည်။ သို့သော် ထိုကောင်လေးအား နာကျင်အောင် လုပ်မိတိုင်း သူ၏ နှလုံးသားမှ စူးအောင့်နာကျင်ရသည်။ သူ ပျော်ရွှင်မည်ထင်ခဲ့သော်လည်း ပျော်ရွှင်မှုအား မခံစားရ။
ဖြစ်ခဲ့သော အရာများအား ကျေအေးပေးနိုင်အောင်ထိ သူသည်လည်း စိတ်သဘောထားကြီးမြတ်သူ မဟုတ်။ မချစ်မိရန် သူ ကြိုးစားခဲ့သော်လည်း မုန်းတီးခြင်း၏ တစ်ဖက်ခြမ်း၌ သူ ချစ်မိသွားခဲ့သည်။ မုန်းတီးခြင်းနှင့် ချစ်ခြင်းအား ဒွန်တွဲခံစားစေသည့်ကောင်လေးကို တစ်စစီ ခြေမွဖျက်ဆီးချင်မိသည်။
တစ်ခါတလေ သူအထင်မှားခြင်းများလားဟု ထင်မိသည်။ ဖြူစင်ရိုးသားကာ ချစ်စရာကောင်းသောကောင်လေးက သူ့လုပ်ရပ်များ စတင်ရာ၏ တရားခံဖြစ်လိမ့်မည်ဟု မယုံနိုင်။ ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်များက သက်သေမို့သာ သူလက်ခံလိုက်ရသည်။ ယခုလည်း အမှတ်မရှိစွာ သူ စိုးရိမ်နေပြန်ပြီ။
"ကို ဒီမှာ ဆေးစာ"
မိုး ပေးသော ဆေးစာအား ယူ၍ ဆေးသွားထုတ်ရန် အပြင်သို့ သူ ထွက်လာလိုက်သည်။
ကြယ်လွှဲမိုး ကုတင်ပေါ်ရှိ ကောင်လေးဆီသို့ အကြည့်များ ထပ်မံရောက်သွားရသည်။
"နင်ကလေ တကယ် လူတွေကို ရူးသွပ်သွားစေနိုင်တာပဲ လွန်းထားစေ...ပြသနာတိုင်းက နင့်ကြောင့် ဖြစ်ရတာချည်းပဲ...နင့်ကို ချစ်မိတဲ့ သူတိုင်းက ပူလောင်ရတတ်တယ်...ငါ မျှော်လင့်ပါတယ်...ကို နင့်ကို ချစ်မသွားပါစေနဲ့လို့"
အေးချမ်းစွာ အိပ်စက်နေသော ကောင်လေးသည် ပကတိဖြူ စင်စွာ။ သူ(မ)အားလည်း ဘာမှ ပြန်ဖြေကြားခြင်းမရှိ။ မကြားနိုင်မှန်း သိလျက် သူ(မ)သည်သာ အရူးတစ်ယောက်လို ပြောနေမိသည်။
"ငါ ကို့ကို လက်မလွှတ်နိုင်ဘူး လွန်းထားစေ...ငါလည်း ကို့ကို အရမ်းချစ်တယ်...နင်တို့ မဖြစ်နိုင်မှန်း သိတဲ့အခါ ကျေးဇူးပြု ပြီး နင်လက်လွှတ်ပေးပါဟာ"
သူ(မ) မျက်ဝန်းတွင် မျက်ရည်ဝဲလာသောကြောင့် ကို ပြန်ဝင်လာသောအခါ မမြင်စေရန် လက်ဖြင့် အမြန်သုတ်လိုက်သည်။ သုတ်ပြီးသည်နှင့် အချိန်ကိုက်ပင် အခန်းထဲသို့ ကို ပြန်ဝင်လာသည်။
"ဆေးယူခဲ့ပြီ မိုး...ကို ပြန်ပြီ"
သူ(မ)အား အသိပေးရုံပေးကာ ကုတင်ပေါ်မှ ကောင်လေးအား ပွေ့ချီထွက်သွားသော ကို့ကျောပြင်ကို ငေးရင်း သူ(မ) မျက်ဝန်းတွင် မျက်ရည်များ ပြန်၍ ရစ်ဝိုင်းလာရသည်။
"ကို မာနကြီးလွန်းတဲ့ မိုးက ဂုဏ်သိက္ခာအထိခိုက်ခံပြီး အိမ်ထောင်ရှင် အမျိုးသားတစ်ယောက်ရဲ့ တိတ်တိတ်ပုန်း ပုံစံနေနေရတာ မိုးပျော်တယ်ထင်နေတာလား ကို...ကို့ကို ချစ်လွန်းလို့ အထင်မြင်သေးမှုတွေ နှာခေါင်းရှုံ့မှုတွေကြားက မိုး တင်းခံနေနေတာပါ...ကျေးဇူးပြုပြီး သူ့ကို ချစ်မသွားပါနဲ့ ကိုရယ်...ခုချိန်ထိ ကို့ကို စောင့်နေခဲ့တဲ့မိုးကို ငဲ့ညှာပါဦး"
မျက်ရည်များသည် ပါးပြင်ပေါ် စီးကျလာသည်။ စီးကျလာသော မျက်ရည်များအား လက်ဖြင့်အမြန်သုတ်လိုက်ရသည်။ သူ(မ) ငို၍ မရပေ။ သူမ လူနာများရှေ့ ပျော့ညံ့သော ပုံစံအား မြင်၍ မဖြစ်။ သူ(မ) ပြိုလဲ၍ မရသေး။ သူ(မ) ပြိုလဲလိုက်လျှင် ဖိနှိပ်လာမည့် ရိုက်ခတ်မှုများက များပြားစွာ။ ရရှိထားသော အဆင့်အတန်းတစ်ခု၏ ဖိအားသည် ကြီးမားလွန်းလှသည်။
ပါးပြင်တွင် မျက်ရည်များ မရှိသောအခါ သူ(မ) ကြိုးစားပြုံးလိုက်သည်။ ဆရာဝန်တစ်ယောက်၏ အပြုံးသည် လူနာအား ရောဂါတစ်ဝက်သက်သာစေနိုင်သည်။ သေချာသည်ကတော့ ဒီနေ့တနေကုန် နာကျင်နေသော သူ(မ) နှလုံးသားအား ဖုံးကွယ်ကာ မျက်နှာတွင် အပြုံးတစ်ခုအား အမြဲတပ်ဆင်ထားရပေတော့မည်။
ဟန်ဆောင်ခံစားချက်တွေ
အမှန်ဖြစ်တည်လာမယ်လို့
အစကတည်းက
ရိပ်မိခဲ့ရင်
အချိန်မလွန်ခင်
သူတားမိခဲ့လောက်တယ်။
သို့သော်
ကံကြမ္မာက
သူ့အား ထိုအခွင့်အရေး
မပေးခဲ့ပေ။
*******************
စေထားရာ အိမ်ထဲ ဝင်လိုက်သော်လည်း အိမ်၏ အငွေ့အသက်များအား မခံစားရ။ အရင်လို သူရောက်လာသည်နှင့် စကားများ ရေပက်မဝင်အောင် ပြောမည့် ငယ်လေး သူ့ဘေးတွင် ရှိမနေပေ။
အိမ်ရှိလူများသည် အမှားသိစွာ သူ့အား ကြောက်ရွံ့နေကြသည်။ သူသည်လည်း စိတ်မကြည်သောကြောင့် ဘာမှ ပြောမနေတော့။
"တီလေးခိုင် ထမင်းပြင်ထားလိုက်ပါ...ကျွန်တော် ရေချိုးပြီး ဆင်းလာခဲ့မယ်..ဦးအောင် luggageကို အခန်းထဲသယ်ခဲ့ပေး...မိချော အထဲက ပစ္စည်းတွေကို အခန်းထဲနေရာတကျထားလိုက်"
တီလေးခိုင်၊ ဦးအောင်နှင့် မိချောတို့အား မှာကြားပြီးနောက် ကိုယ်ရံတော်များဘက် လှည့်ပြောလိုက်သည်။
"အပြင်မှာဘဲ စောင့်နေလိုက်ကြတော့...ငါဒီနေ့ ကုမ္ပဏီ မသွားတော့ဘူး"
"ဟုတ်ကဲ့ boss"
အကုန်လုံးမှာကြားပြီးနောက် သူ အိမ်ပေါ်ထပ်တက်လာလိုက်သည်။
ရေချိုးခန်းဝင်ကာ စိတ်ပင်ပန်းမှုများအား ရေချိုး၍ ဖြေဖျောက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ရှပ်လက်ရှည်မိုးပြာရောင်နှင့် စတိုင်ပင် အနက်အား လဲဝတ်လိုက်သည်။ ရေစိုနေသော ဆံပင်အား dryerဖြင့် ခြောက်စေလိုက်ပြီး ဘီးဖြင့် ဖြီးလိုက်သည်။ ကုမ္ပဏီ မသွားတော့သောကြောင့် နောက်သို့ လှန်မဖြီးတော့။ ဆံစနည်းနည်းက နဖူးပေါ် ဝဲကျနေသည်။
အောက်ထပ်သို့ ပြန်ဆင်းကာ အဆင်သင့်ပြင်ထားသော ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။ ဟင်းခွက်အများကြီး ကြားထဲ ပထမဆုံးမြင်လိုက်သည်က ပုစွန်ချက်။
"တီလေးခိုင် ငယ်လေးတွက် ပုစွန်ချက်များများ ချန်ထားရဲ့လား"
ရုတ်တရက် ပါးစပ်မှ ယောင်ထွက်လိုက်မိပြီး ငယ်လေး မရှိမှန်း သတိရမိသွားသည်။
အနားတွင်ရှိသော တီလေးခိုင်ကတော့ ဘာမှမပြော။ ခေါင်းငုံ့ကာသာ ရပ်နေသည်။
"ငယ်လေးက ပုစွန်အရမ်းကြိုက်တာ"
နှုတ်မှ တိုးတိုးလေး ရေရွတ်ကာ ထမင်းစားရန် ဇွန်း၊ ခရင်းအား ကိုင်လိုက်သည်။ ထမင်းစားချင်စိတ် သူ့တွင် ရှိမနေတော့။
ငယ်လေးရော ထမင်းကောင်းကောင်းစားရဲ့လား။
ဝင်လာသော အတွေးက သူ၏ စိတ်အား ဖိစီးစေသည်။
နေမကောင်းတာ သက်သာရဲ့လား မသိဘူး။
ချက်ချင်းထကာ ငယ်လေးဆီ သွားချင်သောစိတ်များ ပေါ်လာရသည်။
"တီလေးခိုင် လင်းထက်ကို ဖုန်းဆက် ခေါ်ပေး"
"ဟုတ်ကဲ့ သခင်လေး"
တီလေးခိုင် ထွက်သွားသည်နှင့် ဇွန်း၊ ခရင်းအား သူ ချလိုက်သည်။
ငယ်လေးအား အရိပ်တကြည့်ကြည့် ကြည့်နေသော သူ့အနေဖြင့် ငယ်လေးနှင့် တွေ့ချိန်တွင် ငယ်လေး၏ စိုးရိမ်မှုအား မြင်ခဲ့ရသည်။ သူ့အား တွေ့ချိန် စိုးရိမ်သွားသောကြောင့် လုံးဝပျက်ယွင်းသွားသောမျက်နှာ။
ခွန်းသုရှင်နှင့် ပတ်သတ်၍ လိမ်ညာကာကွယ်ပေးမှု။ ငယ်လေး ဖုံးကွယ်ထားချင်သည့် အကြောင်းတစ်ခုခုသေချာပေါက်ရှိနေလိမ့်မည်။ ငယ်လေး ပုံစံသည် ပုံမှန် မဟုတ်ပေ။
တခဏအကြာ အိမ်ပြန်သွားသော လင်းထက် ပြန်ရောက်လာသည်။
"Boss ခိုင်းစရာ တစ်ခုခုရှိလို့လား"
"အင်း"
အေးစက်နေသော boss၏ မျက်နှာကြောင့် အရေးကြီးကိစ္စတစ်ခုခုဖြစ်လောက်မည်ဟု လင်းထက်တွေးလိုက်မိသည်။ သေချာအာရုံစိုက် နားထောင်နေလိုက်၏။
"ငယ်လေးရဲ့ အိမ်ထောင်ရေးအကြောင်း စုံစမ်းပေး"
"ဗျာ"
လင်းထက် အံ့အားသင့်စွာ အာမေဋိတ်သံထွက်သွားရသည်။ သူက အလုပ်ကိစ္စထင်မိသောကြောင့် အံ့သြသွားရခြင်းဖြစ်သည်။
"ငယ်လေးနဲ့ ခွန်းသုရှင်ရဲ့ အိမ်ထောင်ရေး စုံစမ်းပေးဖို့ပြောတာ"
Bossက စိတ်မရှည်စွာ သူ့အား ထပ်ပြောလာသည်။ သူ တကယ်မေ့သွားခဲ့ခြင်းဖြစ်သည်။ Boss အတွက် အလုပ်ကိစ္စထက် လွန်းလေးက ပိုအရေးကြီးပေသည်။ နောက်ဆုံး သူလည်း အလုပ်ကိစ္စမဟုတ်သည့် သူများအိမ်ထောင်ရေးကို စုံစမ်းရပေတော့မည်။
"ဟုတ်ကဲ့ boss ကျွန်တော်စုံစမ်းထားလိုက်ပါမယ်"
"အင်း ငါ အမြန်သိချင်တယ်"
"ဟုတ်ကဲ့ စိတ်ချပါ boss"
သူ၏ စကားဆုံးသည်နှင့် Bossက အိမ်ပေါ်ထပ်သို့ တက်သွားလေတော့သည်။
"ဟင်း ကျေးဇူးပြု ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေး ဖြစ်နေပါစေ"
လွန်းလေးနှင့် ပတ်သတ်လျှင် နဲနဲလေးမျှ အထိခိုက်မခံနိုင်သော boss အကြောင်းအား သိစွာ လင်းထက် သက်ပြင်းချ၍ ရေရွတ်လိုက်မိသည်။
သူ မျှော်လင့်သလို အိမ်ထောင်ရေးတစ်ခု မဟုတ်မှန်းသာ လင်းထက်တယောက် သိရှိသွားခဲ့လျှင်.....။
ခေါင်းအစခြေအဆုံး
မြတ်နိုးသူမို့
မင်းအတွက်ဆို
အရာအားလုံးရင်းရဲပါတယ်။
တန်ဖိုးထားသူ
ကိုယ့်ရင်ခွင်ကိုသာ
ခြေစုံကန်မသွားပါနဲ့
ကိုယ့်ရဲ့ကလေးငယ်။
****************
လွန်းငယ် မျက်လုံးပွင့်လာချင်း ပတ်ဝန်းကျင်အား ကြည့်မိတော့ မောင်နှင့် သူ့အခန်း။
မျက်ဝန်းထဲတွင် ဖြစ်ပျက်ခဲ့သော ပုံရိပ်များအား မြင်ယောင်လာသည်။ ကြားခဲ့ရသော နာကျင်ဖွယ် စကားလုံးများ။
ရုတ်တရက် အခန်းတံခါးဖွင့်ကာ ဝင်လာသော မောင်။ လက်ထဲတွင် ပန်းကန်တစ်ချပ်အား ကိုင်လျက်။
"နိုးပြီလား လွန်းငယ်...ဆန်ပြုတ်သောက်လိုက်ဦး...ပြီးရင် ဆေးသောက်ရအောင်"
ပန်းကန်အား ကိုင်လျက် ဘေးနားလာထိုင်သောမောင်။ လွန်းငယ် အိပ်ရာပေါ်မှ ထထိုင်လိုက်၏။
"ဒါနည်းနည်းဝင်အောင် စားလိုက်"
ခွံ့တိုက်လာသော ဇွန်းက ပါးစပ်နားရောက်လာသော်လည်း လွန်းငယ် ပါးစပ်မဟမိ။
"နည်းနည်းစားလိုက် လွန်းငယ်"
ချော့ကာပြောနေသည့် စကားက ပို၍နာကျင်ရစေသည်။ မောင် ရက်စက်စွာ ပြောသည့်အခါတွင် နာကျင်ရသလို နူးညံ့စွာ ပြောလျှင်လည်း နာကျင်ရပြန်သည်။ မောင်သည် လွန်းငယ်အတွက် နာကျင်စေရသည့် ဖြစ်တည်မှုပင်။
အနီးရောက်နေသော ခွက်နှင့် ဇွန်းအား လက်ဖြင့် ပုတ်ထုတ်လိုက်တော့ ကိုယ်ပေါ်ကျလာသည့် ဆန်ပြုတ်ပူပူများ။ အသားပေါ် ပူလောင်သွားရသော်လည်း ရင်တွင်းမှ ပူလောင်မှုကို မမှီသောကြောင့် လွန်းငယ် ဘာမှ မခံစားရ။
"လွန်းငယ် မင်းဘာလုပ်လိုက်တာလဲ"
ဒေါသတကြီး အော်ဟစ်လာသော မောင်။ အခုမှ မောင်ပီသတော့သည်။ လွန်းငယ်အား နူးညံ့စွာ ပြောတတ်သူမှာ မောင်မှ မဟုတ်ဘဲ။ ရင့်သီးစွာ ပြောတတ်သည်ကမှ လွန်းငယ် အသည်းနင့်အောင် ချစ်ရသည့်မောင်ပင်။
"မောင် ပျော်လား...လွန်းငယ်ကို လှည့်စားရတာ ပျော်လား မောင်"
ပထမဆုံးအကြိမ် မောင့်အပေါ် ပေါက်ကွဲစွာ အော်မိသည့် စကားပင်။
"ရှစ်နှစ်တောင် တွဲတဲ့ချစ်သူရှိရဲ့နဲ့ လွန်းငယ်ကို လိမ်ရတာ မောင် ပျော်ရဲ့လား...ခုထိ လွန်းငယ်အပေါ် နှိပ်စက်ရ မဝသေးဘူးလား မောင်...ခုထိ ခုချိန်ထိ..."
စီးကျလာသော မျက်ရည်များ။ မောင် ဘာလို့ သူ့အပေါ် အရမ်းရက်စက်နေရတာလဲ။ နာကျင်ရလွန်းနေပြီ။ မာင်ပေးသော အမှတ်တရများအား လက်ခံဖို့ အရမ်းခဲယဉ်းလွန်းနေပြီ။
"လွန်းငယ် ဘာအမှားလုပ်မိလို့လဲ မောင်...ဘာလို့ ခုလိုရက်စက်ရတာလဲ...တော်ရုံနှိပ်စက်ပါ မောင်ရယ်...လွန်းငယ် မခံစားနိုင်လို့ပါ"
မြိုသိပ်ထားခဲ့သော စကားတို့သည် အစီအစဉ်မကျ ပေါက်ကွဲထွက်လာတော့သည်။ လွန်းငယ်လည်း လူသားတစ်ယောက်ဖို့ နာကျင်လွယ်တယ် ထင်ပါရဲ့။
"လွန်းငယ် မှားခဲ့တာ တစ်ခုပဲ ရှိပါတယ် မောင်ရယ်...မောင့်ကို ချစ်မိတာ တစ်ခုပဲ လွန်းငယ် မှားခဲ့တာပါ"
သူ့အား မုန်းတီးစွာစိုက်ကြည့်နေသော မောင်၏ မျက်ဝန်းများအား နာကျင်စွာ ကြည့်ရင်း လွန်းငယ် ငိုကာ ပြောနေမိသည်။ ဘယ်လိုအငြိုးနဲ့ များ မောင့်ကိုအရမ်းချစ်တဲ့လွန်းငယ်ကို အမုန်းကြီးမုန်းနေရတာလဲ မောင်။
"လွန်းထားစေ ငါ့ကို ပြန်အော်ရဲလောက်အောင်ထိ ဘယ်ကသတ္တိတွေ ရှိနေတာလဲ ဟမ်...ဘယ်အားကိုးနဲ့ သတ္တိတွေ ရှိနေတာလဲ"
ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်ကာ ဒေါသတကြီး မေးလာသော မောင်။ မောင် ဆုပ်ကိုင်ထားသော ပုခုံးသားများက နာကျင်လာရသည်။
"အော် ငါ မေ့နေတာပဲ...မင်းရဲ့ မျက်နှာလှလှလေး အသုံးချပြီး တခြားသူတွေ သွားမြူစွယ်လို့ရသေးတာပဲ...အဲလို အားကိုးရှာမလို့ ငါ့ကို ပြန်အော်ရဲနေတာပေါ့...စိတ်ကူးတွေ အရမ်းမယဉ်နဲ့ လွန်းထားစေ...ငါ မကွာရှင်းပေးမချင်း မင်း နောက်လင်ထားလို့မရဘူး"
မျက်ရည်များ ပြည့်လျှံနေသော မျက်ဝန်းဖြင့် မောင့်အား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ ပြောရက်လိုက်တာ မောင်။ ဘယ်လိုများ ပြောရက်နိုင်တာလဲ။ မောင့်ကို ချစ်လွန်းလို့ အရာရာသည်းခံပေးခဲ့တဲ့ လွန်းငယ်အပေါ် ဘယ်လိုများထင်ရက်နိုင်တာလဲ။ မောင်နဲ့ ပတ်သတ်တဲ့ အရာရာတိုင်း လက်ခံပေးခဲ့တဲ့လွန်းငယ်ကို ပိုင်းလုံးတစ်ယောက်လို မောင်တွေးရက်တယ်။ မောင်နဲ့ပတ်သတ်မှ လွန်းငယ်ရဲ့ ကိုယ့်ကျင့်တရားအကုန် အစော်ကားခံရတာပါ။ အဲလိုဖြစ်အောင် ဖန်တီးသူကလည်း မောင်ပါပဲ။
မောင့်စကားများအား မခံစားနိုင်စွာ မောင့်ကိုယ်အား တွန်းဖယ်၍ အခန်းထဲမှထွက်ပြေးရန် ပြင်လိုက်သည်။
ထပ်ကြားရမည့်စကားများအား လွန်းငယ် နားမထောင်နိုင်ပါ။ ရင်ဘတ်အား အချက်များစွာ ထိုးနှက်သည့် ထိုစကားလုံးများကို လွန်းငယ် မခံစားနိုင်တော့။
တံခါးဘက် မျက်နှာမူနေသော သူ၏ကိုယ်အား ကြမ်းတမ်းစွာ ဆွဲလှည့်လိုက်သော မောင်။ ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်၍ လှုပ်ခါကာ မေးလာလေသည်။
"သတ္တိတွေ အရမ်းကောင်းနေတယ်ပေါ့ လွန်းထားစေ"
ထို့နောက် အရှိန်ဖြင့် ပုခုံးမှကိုင်ကာ တွန်းလိုက်သောကြောင့် ကြမ်းပြင်ပေါ် အရှိန်ဖြင့် ထိုင်ကျသွားရသည်။
ခန္ဓာကိုယ်မှနာကျင်မှုနှင့် ရင်တွင်းမှနာကျင်မှုတို့ပေါင်းကာ မျက်ရည်များတားဆီးမရစွာ ကျဆင်းလာ၏။
"အီးဟီး ပါးပါးကို မရိုက်ပါနဲ့...သား တောင်းပန်ပါတယ်"
ထွက်ပေါ်လာသော အသံသေးသေးလေးကြောင့် လွန်းငယ် ရင်ထဲထိတ်လန့်သွားရသည်။ ထွက်ပေါ်ရာနေရာအား ကြည့်လိုက်တော့ မောင် ဖွင့်ထားခဲ့သော တံခါးနားတွင် ရပ်ကာ ငိုနေသော ပေါက်စီလေး။
စိုးရိမ်မှုနှင့်အတူ သူလဲကျသောနေရာနှင့် သိပ်မဝေးသောပေါက်စီလေးဆီ ကြိုးစားထကာ ပွေ့ဖက်ထားလိုက်မိသည်။
"ပါးပါး ဘာမှမဖြစ်ပါဘူး...ဖေဖေက ပါးပါးကို ရိုက်တာ မဟုတ်ပါဘူး မငိုနဲ့နော်"
ကလေးတို့သည် သူတို့မြင်ရသော အရာများအပေါ်သာ ယုံကြည်တတ်ကြသည်။ ကလေးငယ်အား စိတ်ဒဏ်ရာရအောင် လွန်းငယ် လုပ်လိုက်မိပြီထင်ပါရဲ့။
"ဖေဖေ ပါးပါးကို မရိုက်ပါနဲ့နော်...သား တောင်းပန်ပါတယ်...ပါးပါးမှာ အမှားမရှိဘူး...သားတောင်းပန်ပါတယ် အီး ဟီး"
ရှိုက်ကြီးတငင် ငိုကြွေးနေသော ပေါက်စီလေးအား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ ယခုသူ၏ နာကျင်ခြင်းထက် ကလေးငယ် စိတ်ဒဏ်ရာ မရရန်က ပိုအရေးကြီးသည်။ မိဘများ၏ ပြသနာက ကလေးများအား မသက်ရောက်စေလိုပါ။
"ပေါက်စီလေးက လိမ္မာတယ်လေ မငိုနဲ့တော့နော်...ပေါက်စီလေး ငိုရင်ပါးပါးစိတ်မကောင်းဖြစ်ရတယ်...ပါးပါးနဲ့ ဖေဖေက စကားပြောနေရင်း မတော်တဆဖြစ်သွားတာပါ...မတော်တဆက နေရာတိုင်းဖြစ်တတ်တယ်...ခုကလည်း မတော်တဆဖြစ်တာ"
"ပါးပါး လိမ်တယ်...ပါးပါး မကောင်းဘူး...ပါးပါးတို့ ရန်ဖြစ်နေကြတာ...မတော်တဆမဟုတ်ဘူး...လူကြီးတွေက မလိမ်ရဘူးတဲ့...ပါးပါးတို့ သားကိုလိမ်တယ် အီးဟီးဟီး"
ကလေးငယ်အား လွန်းငယ် မည်သို့ပြန်ပြောရမှန်းမသိတော့။ ပေါက်စီလေး သူတို့ဖြစ်နေသည်များအား တော်တော်ကြာ မြင်မိသွားခဲ့ပုံရသည်။ ကလေးငယ်၏ ဝမ်းနည်းမှုနှင့်အတူ သူ၏ဝမ်းနည်းမှုတို့သည်လည်း ပြန်လည်ပေါ်ပေါက်လာသည်။
ကလေးငယ်အား ပွေ့ဖက်ရင်း သူပါ အတူတူ လိုက်ငိုနေမိသည်။ ငိုသံအား ကလေးငယ် မကြားစေရန် နှုတ်ခမ်းအား နာကျင်အောင်ဖိကိုက်ထားမိသည်။
"ကြီးကြီး"
မောင်၏ ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံ။ ချက်ချင်းအခန်းရှေ့ရောက်လာသောကြီးကြီး။
"သုသုက ဘယ်လို ဒီရောက်လာလဲ ဟမ်...ကလေးတစ်ယောက်တောင် သေချာမထိန်းနိုင်ဘူးလား"
ကြီးကြီးအား လေးလေးစားစားသာဆက်ဆံတတ်သည့် မောင်က ဒေါသတကြီးဖြင့် ကြီးကြီးအား အော်လေတော့သည်။
"ကြီးကြီး အောက်ထပ်မှာ ပန်းကန်တွေဆေးနေတာ မသိလိုက်မိလို့ သားသု...ကြီးကြီးတောင်းပန်ပါတယ်...သုသုလေးကို ခေါ်သွားလိုက်ပါ့မယ်"
ကြီးကြီးက ပွေ့ဖက်ထားသော ပေါက်စီလေးနားလာကာ ခေါ်ရန်ပြင်တော့
"ဟင့်အင်း သား မသွားဘူး...သား သွားရင် ဖေဖေက ပါးပါးကို ရိုက်မှာ အီးဟီး"
မိဘများ အဆင်မပြေမှုအား မြင်တွေ့သွားသော ကလေးငယ်တွင် စိတ်ဒဏ်ရာ ဖြစ်သွားခဲ့လေပြီ။ လွန်းငယ် ကိုယ့်ကိုကိုယ် တကယ်မုန်းတီးမိသည်။ ကလေးတစ်ယောက်အား ပျိုးထောင်ရန်ပင် သူ့တွင်အရည်အချင်းမရှိပေ။ သူ လုပ်နိုင်တာ တကယ် ဘာမှမရှိ။ သူက တကယ်ပင် အသုံးမကျသည့် အပိုလူသက်သက်ပင်။
"တောက်"
ကျယ်လောင်စွာ တောက်ခေါက်လိုက်သော မောင်၏အသံ။
"ကြီးကြီး ကျွန်တော် ကုမ္ပဏီသွားတော့မယ်"
မာထန်သော လေသံဖြင့် ပြောကာ အခန်းထဲမှ ထွက်သွားသော မောင်။ တခဏအကြာတွင် အိမ်ရှေ့မှ ကားမောင်းထွက်သွားသံ ကြားလိုက်တော့သည်။
အခန်းထဲတွင် ရှိုက်ငိုနေသော ကလေးငယ်အား ပွေ့ဖက်ကာ မျက်ရည်များ ကျနေသည့် ကောင်လေးတစ်ယောက်နှင့် အခန်းရှေ့တွင် စိတ်မကောင်းစွာ ရပ်နေသော လူကြီးတစ်ယောက်တို့သည် ဝမ်းနည်းမှု ကိုယ်စီဖြင့် ကျန်ရှိခဲ့လေတော့သည်။
နုနယ်သော
ကလေးတစ်ယောက်၏
နှလုံးသားတွင်
ဒဏ်ရာထင်ကျန်အောင်
လုပ်နိုင်ခဲ့သည့် မောင့်အား
တစ်ခွန်းသာ မေးချင်မိပါသည်။
မောင် ပျော်ရဲ့လား ဟူ၍သာ....။
***************
အပိုင္း(၉)
ထပ္တူနာက်င္ခံစားရျခင္း။
ၾကမ္းျပင္ေပၚ လဲက်သြားေသာ လြန္းငယ္ေၾကာင့္ ခြန္းသုရွင္ ထိတ္လန႔္သြားရသည္။ စိတ္၏ ေဆာင္မႈေၾကာင့္ လြန္းငယ္အနား မည္သို႔ေရာက္ရွိသြားမွန္းပင္ မသိလိုက္။ လြန္းငယ္၏ ေပါ့ပါးေသာ ကိုယ္အား ေပြ႕ခ်ီလိုက္သည္။
သူ႕လုပ္ရပ္ အရမ္းလြန္သြားပုံရသည္။ သို႔ေသာ္ သူ ခံစားခဲ့ရတာႏွင့္ယွဥ္လွ်င္ စာပင္မဖြဲ႕ေလာက္။ ဆုံးရႈံးရေသာ နာက်င္မႈအား လြန္းငယ္ မခံစားရေသးပါ။ စကားႏွင့္ပင္ ထိုမွ်ေလာက္နာေနရင္ သူကဲ့သို႔ ရင္နင့္စရာအျဖစ္မ်ိဳးႀကဳံခဲ့ရလွ်င္။
ႏုႏုနယ္နယ္ မ်က္ႏွာအား ျမင္မိတိုင္း သူ မုန္းမိသည္။ သူတို႔ဘယ္လိုမ်ား ဘာမွမျဖစ္သလို ေနနိုင္ရသလဲဟု စဥ္းစားမိတိုင္း ႏွလုံးသားထဲမွ စူးေအာင့္ရသည္။ လြန္းငယ္အား ခံစားရေအာင္ လုပ္ၿပီးတိုင္း ထပ္တူနာက်င္ခံစားရသည့္ ကိုယ့္ကိုကိုယ္အားလည္း ပို၍ မုန္းတီးမိသည္။ တစ္ခုခုျဖစ္မည္စိုးကာ အၿမဲစိုးရိမ္မိသည့္စိတ္သည္ သူ႕အား အၿမဲျပန္ႏွိပ္စက္ေနသည္။
ခ်စ္သူျဖစ္စ ေပ်ာ္႐ႊင္ဖြယ္အခ်ိန္မ်ား ျပန္ေတြးမိေလတိုင္း ၾကည္ႏူးမိေသာ စိတ္အားလည္း မယုံၾကည္နိုင္။ သူ႕ဘက္မွ စတင္ခ်ဥ္းကပ္ခဲ့ျခင္းျဖစ္ေသာ္လည္း ခ်စ္စဖြယ္မ်က္ႏွာေလး၏ ဆြဲေဆာင္မႈကိုခံရကာ စိတ္ရင္းႏွင့္ေကာင္းမိခဲ့သည့္ အခိုက္အတန႔္မ်ားစြာရွိသည္။ ထိုမ်က္ႏွာလွလွေလးက လူတစ္ေယာက္ကို ေသေစနိုင္တယ္ဟူေသာ အေတြးဝင္မိသည့္အခါ အမုန္းႀကီးမုန္းမိသည္။
ယခုလည္း လြန္းငယ္ ေမ့လဲသည္ထိ ျဖစ္သြားေသာအခါ သူ မေနနိုင္ေပ။ ရင္ထဲပူေလာင္ကာ စိုးရိမ္မႈတို႔ ႀကီးစိုးသြားရသည္။
ေပါ့ပါးေသာ လြန္းငယ္ ကိုယ္အား ေပြ႕ခ်ီကာ ဝိုင္းအုံေနၾကေသာလူမ်ားၾကားမွ တိုးထြက္လိုက္သည္။ ေဆး႐ုံခန္းတံခါးေရွ႕ရပ္ေနေသာ မဝါအား ေျပာလိုက္၏။
"မဝါ တံခါးဖြင့္ေပး"
"ကိုသု အထဲမွာ ေဒါက္တာမိုးက လူနာၾကည့္ေနတာ ခုလို ဝင္လိုက္ရင္ မေကာင္းဘူး...ခဏေစာင့္ပါဦး"
"လူတစ္ေယာက္လုံး ေမ့လဲတာ ခင္ဗ်ား မ်က္လုံးမပါဘူးလား...ခင္ဗ်ား ႐ူးေနလား"
ေဒါသထြက္စြာ ေအာ္ဟစ္လိုက္ေတာ့ မဝါက တံခါးလက္ကိုင္အား လွည့္လိုက္၏။ တံခါးအနည္းငယ္ ပြင့္သြားသည္ႏွင့္ စိတ္မရွည္စြာ တံခါးအား ေဆာင့္ကန္လိုက္ေတာ့ လူနာအား စမ္းသပ္ေနေသာ မိုးက သူ႕အား ေၾကာင္အစြာ ၾကည့္လာသည္။
"ကို"
မိုးရွိရာ အျမန္သြားၿပီး အလ်င္စလို ေျပာလိုက္သည္။
"မိုး လြန္းငယ္ ေမ့လဲသြားလို႔...လြန္းငယ္ကို ၾကည့္ေပးပါဦး...သူ႕မွာ ႏွလုံးေရာဂါအခံလည္း ရွိတယ္...သူ႕ကို အရင္ၾကည့္ေပးပါ မိုး"
အက္ကြဲေသာ အသံျဖင့္ သူ႕အား တရစပ္ေတာင္းဆိုေနေသာ ကို႔အား ၾကယ္လႊဲမိုး မယုံၾကည္နိုင္စြာ ၾကည့္လိုက္မိသည္။ အၿမဲတည္ၿငိမ္ေနတတ္ေသာ ကိုက ကိုႏွင့္မတူစြာ စိုးရိမ္ပူပန္လြန္းေနသည္။
ထိုေကာင္ေလးအား မုန္းသည္ဟု အၿမဲေျပာတတ္ေသာ ကိုက ေမ့လဲ႐ုံမွ်ျဖင့္ ကမာၻပ်က္သလိုျဖစ္ေနသည္။ ရွစ္ႏွစ္တာ ခ်စ္သူသက္တမ္းကို ယုံၾကည္ေနမိေသာ သူ(မ) ပထမဆုံးအႀကိမ္ ကို႔အား ဆုံးရႈံးရမည္ကို စိုး႐ြံ႕မိလာသည္။ ကိုႏွင့္ ထိုေကာင္ေလး ဘယ္ေသာအခါမွ အဆင္ေျပနိုင္မည္ မဟုတ္မွန္း သူ(မ) သိေသာ္လည္း ကို ေကာင္ေလးအား ခ်စ္မိသြားမည္ကို သူ(မ) မလိုလားေပ။
လက္ထဲတြင္ ကိုင္ထားေသာ ေဆးစာအား ကုတင္ေပၚရွိ လူနာအား ေပးလိုက္သည္။
"အေရွ႕က နာစ့္မေတြဆီက ေဆးထုတ္ယူလိုက္ေနာ္"
"ဟုတ္ကဲ့"
လူနာသည္ အလိုက္သိစြာ ေဆးစာအား ယူ၍ ထြက္သြားေလ၏။
"ကို သူ႕ကို လူနာကုတင္ေပၚ တင္လိုက္"
ေကာင္ေလးအား လူနာကုတင္ေပၚ ေျဖးညွင္းစြာ ခ်လိဳက္ေသာ ကို႔အား ၾကယ္လႊဲမိုး မ်က္ေတာင္မခတ္ၾကည့္ေနမိသည္။
ေကာင္ေလးအား နားၾကပ္ျဖင့္ စမ္းသပ္စစ္ေဆးၿပီး ကို႔အား ၾကည့္လိုက္ေတာ့ စိုးရိမ္ပူပန္မႈ အျပည့္ မ်က္ဝန္းမ်ား။ သူ(မ)၏ ကို႔အား အျပည့္အဝ ယုံၾကည္မႈတို႔ ေမွးမွိန္သြားရသည္။ ကို႔ကို ခ်စ္လြန္းေသာေၾကာင့္ အရာရာလက္ခံေပးကာ ကို႔အစီအစဥ္အား မတားမိျခင္းအေပၚ ေနာင္တရလာမိသည္။
"အေျခအေန ဘယ္လိုလဲဟင္ မိုး...စိုးရိမ္ရလား"
"အားနည္းၿပီး ေမ့လဲသြားတာပါ ကို...အရမ္းစိတ္မပူပါနဲ႕"
အရမ္းစိတ္မပူရန္ ေျပာေသာေနရာတြင္ သူ(မ) အသံျမႇင့္၍ ေျပာလိုက္ေသာ္လည္း ကိုက သတိထားမိပုံမေပၚ။ သူ(မ) ရင္ထဲနာက်င္သြားရသည္။
"တကယ္ မစိုးရိမ္ရဘူးလား...ေဆး႐ုံတက္ဖို႔ လိုလား မိုး"
"မလိုပါဘူး ကို...အိမ္မွာ နားနားေနေန ေနခိုင္းၿပီး အားရွိတာေတြေကြၽးေပးပါ...အစားကို ပုံမွန္စားခိုင္း...မိုး ေဆးေပးလိုက္မယ္"
"အင္း ေက်းဇူး မိုး...ေဆးေပးလိုက္ေနာ္...ကို လြန္းငယ္ကို အခု အိမ္ျပန္ေခၚသြားေတာ့မယ္"
ကို႔စကားေၾကာင့္ ၾကယ္လႊဲမိုး အံ့အားသင့္သြားရသည္။
"အခု ျပန္ေခၚသြားမွာလား...နိုးမွ ေခၚသြားလိုက္ေလ"
"ေဆး႐ုံမွာ ၾကာၾကာမထားခ်င္လို႔...ေဆး႐ုံတက္စရာ မလိုဘူးဆို ကို ျပန္ေခၚသြားေတာ့မယ္"
ၾကယ္လႊဲမိုး ၾကားရေသာ စကားကိုပင္ မယုံနိုင္။ ကိုက ထိုေကာင္ေလးအား ဂ႐ုစိုက္ေနသည္တဲ့။ ကို၏ မသိစိတ္ထဲတြင္ ထိုေကာင္ေလးသည္ ေနရာတစ္ခုယူလိုက္ပုံရသည္။ ကို၏ နာက်ည္းစိတ္မ်ားေၾကာင့္ သူ(မ) အေနျဖင့္ ကို႔လုပ္ရပ္မ်ားအား လက္မခံနိုင္ခဲ့ေသာ္လည္း လက္မလႊတ္နိုင္သျဖင့္ ယုံၾကည္ကာခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
ခ်စ္သူက တျခားသူတစ္ေယာက္အား လက္ထပ္ယူျခင္းကို ခြင့္လႊတ္နိုင္ေအာင္ထိ သူ(မ) ကို႔အေပၚ အရမ္းခ်စ္ခဲ့သည္။ သူ(မ)တို႔၏ ရွစ္ႏွစ္သံေယာဇဥ္ႏွင့္ ကို၏ မုန္းတီးမႈမ်ားကို ယိမ္းယိုင္ေအာင္ လုပ္နိုင္ေသာ ေကာင္ေလးမ်က္ႏွာအားလည္း မယုံၾကည္နိုင္စြာ ၾကည့္လိုက္မိ၏။
"မိုး အားေဆးေပးလိုက္မယ္ဆို အခုေပးေတာ့ေလ"
သတိလြတ္သလိုျဖစ္ေနေသာ မိုးအား ၾကည့္ကာခြန္းသုရွင္ ေျပာလိုက္သည္။ ထက္ျမက္ေသာ မိုး၏ ဇေဝဇဝါျဖစ္ေသာ ပုံစံမ်ိဳးသည္ လြန္စြာရွားပါးလွသည္။ မိုး၏ ထိုသို႔ျဖစ္ရျခင္းက သူ႕ေၾကာင့္ျဖစ္မွန္းလည္း သူသိသည္။
ကိုယ့္အားကိုယ္ကိုးကာ မာနႀကီးလြန္းေသာမိုးက သူ၏လုပ္ရပ္မ်ားအား လက္ခံေပးခဲ့သည္ထိ သူ႕အားခ်စ္မွန္းသူသိ၏။
မိဘမ်ားရွိစဥ္ သေဘာတူခဲ့ကတည္းက လိမၼာေရးျခားရွိသည့္မိုးအား သူ မကန႔္ကြက္ခဲ့။ သူႏွင့္မိုးသည္ ေအာက္ေျခဘဝမွ အတူတူႀကိဳးစားတက္လွမ္းခဲ့ၾကသူမ်ားျဖစ္သျဖင့္ တစ္ဦးေပၚတစ္ဦး သံေယာစဥ္လည္း လြန္စြာႀကီးမားသည္။ ခ်စ္သူျဖစ္ၿပီးသည္ထိ သူ႕ဘက္မွ မိုးအေပၚခံစားခ်က္မ်ားအား မေသခ်ာခဲ့။ ခံစားခ်က္အား ထည့္မတြက္ဘဲ သူ႕အေပၚခ်စ္ေသာ မိုးႏွင့္ တစ္အိုးတစ္အိမ္ထူေထာင္ရန္ထိ သူ႕တြင္ ရည္မွန္းခ်က္မ်ား ရွိခဲ့သည္။
ထိုအျဖစ္အပ်က္မ်ားသာ မျဖစ္ပြားခဲ့လွ်င္...။ သူႏွင့္ မိုးသည္ ယခုခ်ိန္ ေအးခ်မ္းေသာ မိသားစုေလးအျဖစ္ ေပ်ာ္႐ႊင္ေနရေပလိမ့္မည္။
အရာအားလုံး၏ အစသည္ ကုတင္ေပၚရွိ ေကာင္ေလးေၾကာင့္ပင္။ ထို႔ေၾကာင့္ သူ ထိုေကာင္ေလးအား အရမ္းမုန္းသည္။ အရမ္းလည္း နာက်ည္းမိသည္။ သူ႕အေပၚ အၿမဲရက္စက္ေသာ ကံတရားက ဘယ္ေသာအခါမွ သူ႕အေပၚ မေကာင္းခဲ့။ သူ အရမ္းမုန္းရေသာသူက သူ႕အေပၚ အရမ္းခ်စ္သည္တဲ့။ ဘယ္ေလာက္ထိ ခ်စ္လဲဆိုတာ သူ ျမင္ေနရသည္။
အစတြင္ သူခံစားခဲ့ရေသာ နာက်ည္းမႈမ်ား ျပန္ခံစားေစနိုင္ေသာေၾကာင့္ သူ ေပ်ာ္႐ႊင္ခဲ့ရသည္။ သို႔ေသာ္ ထိုေကာင္ေလးအား နာက်င္ေအာင္ လုပ္မိတိုင္း သူ၏ ႏွလုံးသားမွ စူးေအာင့္နာက်င္ရသည္။ သူ ေပ်ာ္႐ႊင္မည္ထင္ခဲ့ေသာ္လည္း ေပ်ာ္႐ႊင္မႈအား မခံစားရ။
ျဖစ္ခဲ့ေသာ အရာမ်ားအား ေက်ေအးေပးနိုင္ေအာင္ထိ သူသည္လည္း စိတ္သေဘာထားႀကီးျမတ္သူ မဟုတ္။ မခ်စ္မိရန္ သူ ႀကိဳးစားခဲ့ေသာ္လည္း မုန္းတီးျခင္း၏ တစ္ဖက္ျခမ္း၌ သူ ခ်စ္မိသြားခဲ့သည္။ မုန္းတီးျခင္းႏွင့္ ခ်စ္ျခင္းအား ဒြန္တြဲခံစားေစသည့္ေကာင္ေလးကို တစ္စစီ ေျခမြဖ်က္ဆီးခ်င္မိသည္။
တစ္ခါတေလ သူအထင္မွားျခင္းမ်ားလားဟု ထင္မိသည္။ ျဖဴစင္ရိုးသားကာ ခ်စ္စရာေကာင္းေသာေကာင္ေလးက သူ႕လုပ္ရပ္မ်ား စတင္ရာ၏ တရားခံျဖစ္လိမ့္မည္ဟု မယုံနိုင္။ ျဖစ္ပ်က္ခဲ့ေသာ အျဖစ္ပ်က္မ်ားက သက္ေသမို႔သာ သူလက္ခံလိုက္ရသည္။ ယခုလည္း အမွတ္မရွိစြာ သူ စိုးရိမ္ေနျပန္ၿပီ။
"ကို ဒီမွာ ေဆးစာ"
မိုး ေပးေသာ ေဆးစာအား ယူ၍ ေဆးသြားထုတ္ရန္ အျပင္သို႔ သူ ထြက္လာလိုက္သည္။
ၾကယ္လႊဲမိုး ကုတင္ေပၚရွိ ေကာင္ေလးဆီသို႔ အၾကည့္မ်ား ထပ္မံေရာက္သြားရသည္။
"နင္ကေလ တကယ္ လူေတြကို ႐ူးသြပ္သြားေစနိုင္တာပဲ လြန္းထားေစ...ျပသနာတိုင္းက နင့္ေၾကာင့္ ျဖစ္ရတာခ်ည္းပဲ...နင့္ကို ခ်စ္မိတဲ့ သူတိုင္းက ပူေလာင္ရတတ္တယ္...ငါ ေမွ်ာ္လင့္ပါတယ္...ကို နင့္ကို ခ်စ္မသြားပါေစနဲ႕လို႔"
ေအးခ်မ္းစြာ အိပ္စက္ေနေသာ ေကာင္ေလးသည္ ပကတိျဖဴ စင္စြာ။ သူ(မ)အားလည္း ဘာမွ ျပန္ေျဖၾကားျခင္းမရွိ။ မၾကားနိုင္မွန္း သိလ်က္ သူ(မ)သည္သာ အ႐ူးတစ္ေယာက္လို ေျပာေနမိသည္။
"ငါ ကို႔ကို လက္မလႊတ္နိုင္ဘူး လြန္းထားေစ...ငါလည္း ကို႔ကို အရမ္းခ်စ္တယ္...နင္တို႔ မျဖစ္နိုင္မွန္း သိတဲ့အခါ ေက်းဇူးျပဳ ၿပီး နင္လက္လႊတ္ေပးပါဟာ"
သူ(မ) မ်က္ဝန္းတြင္ မ်က္ရည္ဝဲလာေသာေၾကာင့္ ကို ျပန္ဝင္လာေသာအခါ မျမင္ေစရန္ လက္ျဖင့္ အျမန္သုတ္လိုက္သည္။ သုတ္ၿပီးသည္ႏွင့္ အခ်ိန္ကိုက္ပင္ အခန္းထဲသို႔ ကို ျပန္ဝင္လာသည္။
"ေဆးယူခဲ့ၿပီ မိုး...ကို ျပန္ၿပီ"
သူ(မ)အား အသိေပး႐ုံေပးကာ ကုတင္ေပၚမွ ေကာင္ေလးအား ေပြ႕ခ်ီထြက္သြားေသာ ကို႔ေက်ာျပင္ကို ေငးရင္း သူ(မ) မ်က္ဝန္းတြင္ မ်က္ရည္မ်ား ျပန္၍ ရစ္ဝိုင္းလာရသည္။
"ကို မာနႀကီးလြန္းတဲ့ မိုးက ဂုဏ္သိကၡာအထိခိုက္ခံၿပီး အိမ္ေထာင္ရွင္ အမ်ိဳးသားတစ္ေယာက္ရဲ႕ တိတ္တိတ္ပုန္း ပုံစံေနေနရတာ မိုးေပ်ာ္တယ္ထင္ေနတာလား ကို...ကို႔ကို ခ်စ္လြန္းလို႔ အထင္ျမင္ေသးမႈေတြ ႏွာေခါင္းရႈံ႕မႈေတြၾကားက မိုး တင္းခံေနေနတာပါ...ေက်းဇူးျပဳၿပီး သူ႕ကို ခ်စ္မသြားပါနဲ႕ ကိုရယ္...ခုခ်ိန္ထိ ကို႔ကို ေစာင့္ေနခဲ့တဲ့မိုးကို ငဲ့ညွာပါဦး"
မ်က္ရည္မ်ားသည္ ပါးျပင္ေပၚ စီးက်လာသည္။ စီးက်လာေသာ မ်က္ရည္မ်ားအား လက္ျဖင့္အျမန္သုတ္လိုက္ရသည္။ သူ(မ) ငို၍ မရေပ။ သူမ လူနာမ်ားေရွ႕ ေပ်ာ့ညံ့ေသာ ပုံစံအား ျမင္၍ မျဖစ္။ သူ(မ) ၿပိဳလဲ၍ မရေသး။ သူ(မ) ၿပိဳလဲလိုက္လွ်င္ ဖိႏွိပ္လာမည့္ ရိုက္ခတ္မႈမ်ားက မ်ားျပားစြာ။ ရရွိထားေသာ အဆင့္အတန္းတစ္ခု၏ ဖိအားသည္ ႀကီးမားလြန္းလွသည္။
ပါးျပင္တြင္ မ်က္ရည္မ်ား မရွိေသာအခါ သူ(မ) ႀကိဳးစားၿပဳံးလိုက္သည္။ ဆရာဝန္တစ္ေယာက္၏ အၿပဳံးသည္ လူနာအား ေရာဂါတစ္ဝက္သက္သာေစနိုင္သည္။ ေသခ်ာသည္ကေတာ့ ဒီေန႕တေနကုန္ နာက်င္ေနေသာ သူ(မ) ႏွလုံးသားအား ဖုံးကြယ္ကာ မ်က္ႏွာတြင္ အၿပဳံးတစ္ခုအား အၿမဲတပ္ဆင္ထားရေပေတာ့မည္။
ဟန္ေဆာင္ခံစားခ်က္ေတြ
အမွန္ျဖစ္တည္လာမယ္လို႔
အစကတည္းက
ရိပ္မိခဲ့ရင္
အခ်ိန္မလြန္ခင္
သူတားမိခဲ့ေလာက္တယ္။
သို႔ေသာ္
ကံၾကမၼာက
သူ႕အား ထိုအခြင့္အေရး
မေပးခဲ့ေပ။
*******************
ေစထားရာ အိမ္ထဲ ဝင္လိုက္ေသာ္လည္း အိမ္၏ အေငြ႕အသက္မ်ားအား မခံစားရ။ အရင္လို သူေရာက္လာသည္ႏွင့္ စကားမ်ား ေရပက္မဝင္ေအာင္ ေျပာမည့္ ငယ္ေလး သူ႕ေဘးတြင္ ရွိမေနေပ။
အိမ္ရွိလူမ်ားသည္ အမွားသိစြာ သူ႕အား ေၾကာက္႐ြံ႕ေနၾကသည္။ သူသည္လည္း စိတ္မၾကည္ေသာေၾကာင့္ ဘာမွ ေျပာမေနေတာ့။
"တီေလးခိုင္ ထမင္းျပင္ထားလိုက္ပါ...ကြၽန္ေတာ္ ေရခ်ိဳးၿပီး ဆင္းလာခဲ့မယ္..ဦးေအာင္ luggageကို အခန္းထဲသယ္ခဲ့ေပး...မိေခ်ာ အထဲက ပစၥည္းေတြကို အခန္းထဲေနရာတက်ထားလိုက္"
တီေလးခိုင္၊ ဦးေအာင္ႏွင့္ မိေခ်ာတို႔အား မွာၾကားၿပီးေနာက္ ကိုယ္ရံေတာ္မ်ားဘက္ လွည့္ေျပာလိုက္သည္။
"အျပင္မွာဘဲ ေစာင့္ေနလိုက္ၾကေတာ့...ငါဒီေန႕ ကုမၸဏီ မသြားေတာ့ဘူး"
"ဟုတ္ကဲ့ boss"
အကုန္လုံးမွာၾကားၿပီးေနာက္ သူ အိမ္ေပၚထပ္တက္လာလိုက္သည္။
ေရခ်ိဳးခန္းဝင္ကာ စိတ္ပင္ပန္းမႈမ်ားအား ေရခ်ိဳး၍ ေျဖေဖ်ာက္လိုက္ၿပီး ေပါ့ေပါ့ပါးပါး ရွပ္လက္ရွည္မိုးျပာေရာင္ႏွင့္ စတိုင္ပင္ အနက္အား လဲဝတ္လိုက္သည္။ ေရစိုေနေသာ ဆံပင္အား dryerျဖင့္ ေျခာက္ေစလိုက္ၿပီး ဘီးျဖင့္ ၿဖီးလိုက္သည္။ ကုမၸဏီ မသြားေတာ့ေသာေၾကာင့္ ေနာက္သို႔ လွန္မၿဖီးေတာ့။ ဆံစနည္းနည္းက နဖူးေပၚ ဝဲက်ေနသည္။
ေအာက္ထပ္သို႔ ျပန္ဆင္းကာ အဆင္သင့္ျပင္ထားေသာ ထမင္းစားပြဲတြင္ ဝင္ထိုင္လိုက္သည္။ ဟင္းခြက္အမ်ားႀကီး ၾကားထဲ ပထမဆုံးျမင္လိုက္သည္က ပုစြန္ခ်က္။
"တီေလးခိုင္ ငယ္ေလးတြက္ ပုစြန္ခ်က္မ်ားမ်ား ခ်န္ထားရဲ႕လား"
႐ုတ္တရက္ ပါးစပ္မွ ေယာင္ထြက္လိုက္မိၿပီး ငယ္ေလး မရွိမွန္း သတိရမိသြားသည္။
အနားတြင္ရွိေသာ တီေလးခိုင္ကေတာ့ ဘာမွမေျပာ။ ေခါင္းငုံ႕ကာသာ ရပ္ေနသည္။
"ငယ္ေလးက ပုစြန္အရမ္းႀကိဳက္တာ"
ႏႈတ္မွ တိုးတိုးေလး ေရ႐ြတ္ကာ ထမင္းစားရန္ ဇြန္း၊ ခရင္းအား ကိုင္လိုက္သည္။ ထမင္းစားခ်င္စိတ္ သူ႕တြင္ ရွိမေနေတာ့။
ငယ္ေလးေရာ ထမင္းေကာင္းေကာင္းစားရဲ႕လား။
ဝင္လာေသာ အေတြးက သူ၏ စိတ္အား ဖိစီးေစသည္။
ေနမေကာင္းတာ သက္သာရဲ႕လား မသိဘူး။
ခ်က္ခ်င္းထကာ ငယ္ေလးဆီ သြားခ်င္ေသာစိတ္မ်ား ေပၚလာရသည္။
"တီေလးခိုင္ လင္းထက္ကို ဖုန္းဆက္ ေခၚေပး"
"ဟုတ္ကဲ့ သခင္ေလး"
တီေလးခိုင္ ထြက္သြားသည္ႏွင့္ ဇြန္း၊ ခရင္းအား သူ ခ်လိဳက္သည္။
ငယ္ေလးအား အရိပ္တၾကည့္ၾကည့္ ၾကည့္ေနေသာ သူ႕အေနျဖင့္ ငယ္ေလးႏွင့္ ေတြ႕ခ်ိန္တြင္ ငယ္ေလး၏ စိုးရိမ္မႈအား ျမင္ခဲ့ရသည္။ သူ႕အား ေတြ႕ခ်ိန္ စိုးရိမ္သြားေသာေၾကာင့္ လုံးဝပ်က္ယြင္းသြားေသာမ်က္ႏွာ။
ခြန္းသုရွင္ႏွင့္ ပတ္သတ္၍ လိမ္ညာကာကြယ္ေပးမႈ။ ငယ္ေလး ဖုံးကြယ္ထားခ်င္သည့္ အေၾကာင္းတစ္ခုခုေသခ်ာေပါက္ရွိေနလိမ့္မည္။ ငယ္ေလး ပုံစံသည္ ပုံမွန္ မဟုတ္ေပ။
တခဏအၾကာ အိမ္ျပန္သြားေသာ လင္းထက္ ျပန္ေရာက္လာသည္။
"Boss ခိုင္းစရာ တစ္ခုခုရွိလို႔လား"
"အင္း"
ေအးစက္ေနေသာ boss၏ မ်က္ႏွာေၾကာင့္ အေရးႀကီးကိစၥတစ္ခုခုျဖစ္ေလာက္မည္ဟု လင္းထက္ေတြးလိုက္မိသည္။ ေသခ်ာအာ႐ုံစိုက္ နားေထာင္ေနလိုက္၏။
"ငယ္ေလးရဲ႕ အိမ္ေထာင္ေရးအေၾကာင္း စုံစမ္းေပး"
"ဗ်ာ"
လင္းထက္ အံ့အားသင့္စြာ အာေမဋိတ္သံထြက္သြားရသည္။ သူက အလုပ္ကိစၥထင္မိေသာေၾကာင့္ အံ့ၾသသြားရျခင္းျဖစ္သည္။
"ငယ္ေလးနဲ႕ ခြန္းသုရွင္ရဲ႕ အိမ္ေထာင္ေရး စုံစမ္းေပးဖို႔ေျပာတာ"
Bossက စိတ္မရွည္စြာ သူ႕အား ထပ္ေျပာလာသည္။ သူ တကယ္ေမ့သြားခဲ့ျခင္းျဖစ္သည္။ Boss အတြက္ အလုပ္ကိစၥထက္ လြန္းေလးက ပိုအေရးႀကီးေပသည္။ ေနာက္ဆုံး သူလည္း အလုပ္ကိစၥမဟုတ္သည့္ သူမ်ားအိမ္ေထာင္ေရးကို စုံစမ္းရေပေတာ့မည္။
"ဟုတ္ကဲ့ boss ကြၽန္ေတာ္စုံစမ္းထားလိုက္ပါမယ္"
"အင္း ငါ အျမန္သိခ်င္တယ္"
"ဟုတ္ကဲ့ စိတ္ခ်ပါ boss"
သူ၏ စကားဆုံးသည္ႏွင့္ Bossက အိမ္ေပၚထပ္သို႔ တက္သြားေလေတာ့သည္။
"ဟင္း ေက်းဇူးျပဳ ၿပီး သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးေလး ျဖစ္ေနပါေစ"
လြန္းေလးႏွင့္ ပတ္သတ္လွ်င္ နဲနဲေလးမွ် အထိခိုက္မခံနိုင္ေသာ boss အေၾကာင္းအား သိစြာ လင္းထက္ သက္ျပင္းခ်၍ ေရ႐ြတ္လိုက္မိသည္။
သူ ေမွ်ာ္လင့္သလို အိမ္ေထာင္ေရးတစ္ခု မဟုတ္မွန္းသာ လင္းထက္တေယာက္ သိရွိသြားခဲ့လွ်င္.....။
ေခါင္းအစေျခအဆုံး
ျမတ္နိုးသူမို႔
မင္းအတြက္ဆို
အရာအားလုံးရင္းရဲပါတယ္။
တန္ဖိုးထားသူ
ကိုယ့္ရင္ခြင္ကိုသာ
ေျခစုံကန္မသြားပါနဲ႕
ကိုယ့္ရဲ႕ကေလးငယ္။
****************
လြန္းငယ္ မ်က္လုံးပြင့္လာခ်င္း ပတ္ဝန္းက်င္အား ၾကည့္မိေတာ့ ေမာင္ႏွင့္ သူ႕အခန္း။
မ်က္ဝန္းထဲတြင္ ျဖစ္ပ်က္ခဲ့ေသာ ပုံရိပ္မ်ားအား ျမင္ေယာင္လာသည္။ ၾကားခဲ့ရေသာ နာက်င္ဖြယ္ စကားလုံးမ်ား။
႐ုတ္တရက္ အခန္းတံခါးဖြင့္ကာ ဝင္လာေသာ ေမာင္။ လက္ထဲတြင္ ပန္းကန္တစ္ခ်ပ္အား ကိုင္လ်က္။
"နိုးၿပီလား လြန္းငယ္...ဆန္ျပဳတ္ေသာက္လိုက္ဦး...ၿပီးရင္ ေဆးေသာက္ရေအာင္"
ပန္းကန္အား ကိုင္လ်က္ ေဘးနားလာထိုင္ေသာေမာင္။ လြန္းငယ္ အိပ္ရာေပၚမွ ထထိုင္လိုက္၏။
"ဒါနည္းနည္းဝင္ေအာင္ စားလိုက္"
ခြံ႕တိုက္လာေသာ ဇြန္းက ပါးစပ္နားေရာက္လာေသာ္လည္း လြန္းငယ္ ပါးစပ္မဟမိ။
"နည္းနည္းစားလိုက္ လြန္းငယ္"
ေခ်ာ့ကာေျပာေနသည့္ စကားက ပို၍နာက်င္ရေစသည္။ ေမာင္ ရက္စက္စြာ ေျပာသည့္အခါတြင္ နာက်င္ရသလို ႏူးညံ့စြာ ေျပာလွ်င္လည္း နာက်င္ရျပန္သည္။ ေမာင္သည္ လြန္းငယ္အတြက္ နာက်င္ေစရသည့္ ျဖစ္တည္မႈပင္။
အနီးေရာက္ေနေသာ ခြက္ႏွင့္ ဇြန္းအား လက္ျဖင့္ ပုတ္ထုတ္လိုက္ေတာ့ ကိုယ္ေပၚက်လာသည့္ ဆန္ျပဳတ္ပူပူမ်ား။ အသားေပၚ ပူေလာင္သြားရေသာ္လည္း ရင္တြင္းမွ ပူေလာင္မႈကို မမွီေသာေၾကာင့္ လြန္းငယ္ ဘာမွ မခံစားရ။
"လြန္းငယ္ မင္းဘာလုပ္လိုက္တာလဲ"
ေဒါသတႀကီး ေအာ္ဟစ္လာေသာ ေမာင္။ အခုမွ ေမာင္ပီသေတာ့သည္။ လြန္းငယ္အား ႏူးညံ့စြာ ေျပာတတ္သူမွာ ေမာင္မွ မဟုတ္ဘဲ။ ရင့္သီးစြာ ေျပာတတ္သည္ကမွ လြန္းငယ္ အသည္းနင့္ေအာင္ ခ်စ္ရသည့္ေမာင္ပင္။
"ေမာင္ ေပ်ာ္လား...လြန္းငယ္ကို လွည့္စားရတာ ေပ်ာ္လား ေမာင္"
ပထမဆုံးအႀကိမ္ ေမာင့္အေပၚ ေပါက္ကြဲစြာ ေအာ္မိသည့္ စကားပင္။
"ရွစ္ႏွစ္ေတာင္ တြဲတဲ့ခ်စ္သူရွိရဲ႕နဲ႕ လြန္းငယ္ကို လိမ္ရတာ ေမာင္ ေပ်ာ္ရဲ႕လား...ခုထိ လြန္းငယ္အေပၚ ႏွိပ္စက္ရ မဝေသးဘူးလား ေမာင္...ခုထိ ခုခ်ိန္ထိ..."
စီးက်လာေသာ မ်က္ရည္မ်ား။ ေမာင္ ဘာလို႔ သူ႕အေပၚ အရမ္းရက္စက္ေနရတာလဲ။ နာက်င္ရလြန္းေနၿပီ။ မာင္ေပးေသာ အမွတ္တရမ်ားအား လက္ခံဖို႔ အရမ္းခဲယဥ္းလြန္းေနၿပီ။
"လြန္းငယ္ ဘာအမွားလုပ္မိလို႔လဲ ေမာင္...ဘာလို႔ ခုလိုရက္စက္ရတာလဲ...ေတာ္႐ုံႏွိပ္စက္ပါ ေမာင္ရယ္...လြန္းငယ္ မခံစားနိုင္လို႔ပါ"
ၿမိဳသိပ္ထားခဲ့ေသာ စကားတို႔သည္ အစီအစဥ္မက် ေပါက္ကြဲထြက္လာေတာ့သည္။ လြန္းငယ္လည္း လူသားတစ္ေယာက္ဖို႔ နာက်င္လြယ္တယ္ ထင္ပါရဲ႕။
"လြန္းငယ္ မွားခဲ့တာ တစ္ခုပဲ ရွိပါတယ္ ေမာင္ရယ္...ေမာင့္ကို ခ်စ္မိတာ တစ္ခုပဲ လြန္းငယ္ မွားခဲ့တာပါ"
သူ႕အား မုန္းတီးစြာစိုက္ၾကည့္ေနေသာ ေမာင္၏ မ်က္ဝန္းမ်ားအား နာက်င္စြာ ၾကည့္ရင္း လြန္းငယ္ ငိုကာ ေျပာေနမိသည္။ ဘယ္လိုအၿငိဳးနဲ႕ မ်ား ေမာင့္ကိုအရမ္းခ်စ္တဲ့လြန္းငယ္ကို အမုန္းႀကီးမုန္းေနရတာလဲ ေမာင္။
"လြန္းထားေစ ငါ့ကို ျပန္ေအာ္ရဲေလာက္ေအာင္ထိ ဘယ္ကသတၱိေတြ ရွိေနတာလဲ ဟမ္...ဘယ္အားကိုးနဲ႕ သတၱိေတြ ရွိေနတာလဲ"
ပုခုံးႏွစ္ဖက္အား ဆုပ္ကိုင္ကာ ေဒါသတႀကီး ေမးလာေသာ ေမာင္။ ေမာင္ ဆုပ္ကိုင္ထားေသာ ပုခုံးသားမ်ားက နာက်င္လာရသည္။
"ေအာ္ ငါ ေမ့ေနတာပဲ...မင္းရဲ႕ မ်က္ႏွာလွလွေလး အသုံးခ်ၿပီး တျခားသူေတြ သြားျမဴစြယ္လို႔ရေသးတာပဲ...အဲလို အားကိုးရွာမလို႔ ငါ့ကို ျပန္ေအာ္ရဲေနတာေပါ့...စိတ္ကူးေတြ အရမ္းမယဥ္နဲ႕ လြန္းထားေစ...ငါ မကြာရွင္းေပးမခ်င္း မင္း ေနာက္လင္ထားလို႔မရဘူး"
မ်က္ရည္မ်ား ျပည့္လွ်ံေနေသာ မ်က္ဝန္းျဖင့္ ေမာင့္အား မယုံၾကည္နိုင္စြာ ၾကည့္လိုက္မိသည္။ ေျပာရက္လိုက္တာ ေမာင္။ ဘယ္လိုမ်ား ေျပာရက္နိုင္တာလဲ။ ေမာင့္ကို ခ်စ္လြန္းလို႔ အရာရာသည္းခံေပးခဲ့တဲ့ လြန္းငယ္အေပၚ ဘယ္လိုမ်ားထင္ရက္နိုင္တာလဲ။ ေမာင္နဲ႕ ပတ္သတ္တဲ့ အရာရာတိုင္း လက္ခံေပးခဲ့တဲ့လြန္းငယ္ကို ပိုင္းလုံးတစ္ေယာက္လို ေမာင္ေတြးရက္တယ္။ ေမာင္နဲ႕ပတ္သတ္မွ လြန္းငယ္ရဲ႕ ကိုယ့္က်င့္တရားအကုန္ အေစာ္ကားခံရတာပါ။ အဲလိုျဖစ္ေအာင္ ဖန္တီးသူကလည္း ေမာင္ပါပဲ။
ေမာင့္စကားမ်ားအား မခံစားနိုင္စြာ ေမာင့္ကိုယ္အား တြန္းဖယ္၍ အခန္းထဲမွထြက္ေျပးရန္ ျပင္လိုက္သည္။
ထပ္ၾကားရမည့္စကားမ်ားအား လြန္းငယ္ နားမေထာင္နိုင္ပါ။ ရင္ဘတ္အား အခ်က္မ်ားစြာ ထိုးႏွက္သည့္ ထိုစကားလုံးမ်ားကို လြန္းငယ္ မခံစားနိုင္ေတာ့။
တံခါးဘက္ မ်က္ႏွာမူေနေသာ သူ၏ကိုယ္အား ၾကမ္းတမ္းစြာ ဆြဲလွည့္လိုက္ေသာ ေမာင္။ ပုခုံးႏွစ္ဖက္အား ဆုပ္ကိုင္၍ လႈပ္ခါကာ ေမးလာေလသည္။
"သတၱိေတြ အရမ္းေကာင္းေနတယ္ေပါ့ လြန္းထားေစ"
ထို႔ေနာက္ အရွိန္ျဖင့္ ပုခုံးမွကိုင္ကာ တြန္းလိုက္ေသာေၾကာင့္ ၾကမ္းျပင္ေပၚ အရွိန္ျဖင့္ ထိုင္က်သြားရသည္။
ခႏၶာကိုယ္မွနာက်င္မႈႏွင့္ ရင္တြင္းမွနာက်င္မႈတို႔ေပါင္းကာ မ်က္ရည္မ်ားတားဆီးမရစြာ က်ဆင္းလာ၏။
"အီးဟီး ပါးပါးကို မရိုက္ပါနဲ႕...သား ေတာင္းပန္ပါတယ္"
ထြက္ေပၚလာေသာ အသံေသးေသးေလးေၾကာင့္ လြန္းငယ္ ရင္ထဲထိတ္လန႔္သြားရသည္။ ထြက္ေပၚရာေနရာအား ၾကည့္လိုက္ေတာ့ ေမာင္ ဖြင့္ထားခဲ့ေသာ တံခါးနားတြင္ ရပ္ကာ ငိုေနေသာ ေပါက္စီေလး။
စိုးရိမ္မႈႏွင့္အတူ သူလဲက်ေသာေနရာႏွင့္ သိပ္မေဝးေသာေပါက္စီေလးဆီ ႀကိဳးစားထကာ ေပြ႕ဖက္ထားလိုက္မိသည္။
"ပါးပါး ဘာမွမျဖစ္ပါဘူး...ေဖေဖက ပါးပါးကို ရိုက္တာ မဟုတ္ပါဘူး မငိုနဲ႕ေနာ္"
ကေလးတို႔သည္ သူတို႔ျမင္ရေသာ အရာမ်ားအေပၚသာ ယုံၾကည္တတ္ၾကသည္။ ကေလးငယ္အား စိတ္ဒဏ္ရာရေအာင္ လြန္းငယ္ လုပ္လိုက္မိၿပီထင္ပါရဲ႕။
"ေဖေဖ ပါးပါးကို မရိုက္ပါနဲ႕ေနာ္...သား ေတာင္းပန္ပါတယ္...ပါးပါးမွာ အမွားမရွိဘူး...သားေတာင္းပန္ပါတယ္ အီး ဟီး"
ရွိုက္ႀကီးတငင္ ငိုေႂကြးေနေသာ ေပါက္စီေလးအား တင္းက်ပ္စြာ ေပြ႕ဖက္ထားလိုက္သည္။ ယခုသူ၏ နာက်င္ျခင္းထက္ ကေလးငယ္ စိတ္ဒဏ္ရာ မရရန္က ပိုအေရးႀကီးသည္။ မိဘမ်ား၏ ျပသနာက ကေလးမ်ားအား မသက္ေရာက္ေစလိုပါ။
"ေပါက္စီေလးက လိမၼာတယ္ေလ မငိုနဲ႕ေတာ့ေနာ္...ေပါက္စီေလး ငိုရင္ပါးပါးစိတ္မေကာင္းျဖစ္ရတယ္...ပါးပါးနဲ႕ ေဖေဖက စကားေျပာေနရင္း မေတာ္တဆျဖစ္သြားတာပါ...မေတာ္တဆက ေနရာတိုင္းျဖစ္တတ္တယ္...ခုကလည္း မေတာ္တဆျဖစ္တာ"
"ပါးပါး လိမ္တယ္...ပါးပါး မေကာင္းဘူး...ပါးပါးတို႔ ရန္ျဖစ္ေနၾကတာ...မေတာ္တဆမဟုတ္ဘူး...လူႀကီးေတြက မလိမ္ရဘူးတဲ့...ပါးပါးတို႔ သားကိုလိမ္တယ္ အီးဟီးဟီး"
ကေလးငယ္အား လြန္းငယ္ မည္သို႔ျပန္ေျပာရမွန္းမသိေတာ့။ ေပါက္စီေလး သူတို႔ျဖစ္ေနသည္မ်ားအား ေတာ္ေတာ္ၾကာ ျမင္မိသြားခဲ့ပုံရသည္။ ကေလးငယ္၏ ဝမ္းနည္းမႈႏွင့္အတူ သူ၏ဝမ္းနည္းမႈတို႔သည္လည္း ျပန္လည္ေပၚေပါက္လာသည္။
ကေလးငယ္အား ေပြ႕ဖက္ရင္း သူပါ အတူတူ လိုက္ငိုေနမိသည္။ ငိုသံအား ကေလးငယ္ မၾကားေစရန္ ႏႈတ္ခမ္းအား နာက်င္ေအာင္ဖိကိုက္ထားမိသည္။
"ႀကီးႀကီး"
ေမာင္၏ က်ယ္ေလာင္စြာ ထြက္ေပၚလာေသာ အသံ။ ခ်က္ခ်င္းအခန္းေရွ႕ေရာက္လာေသာႀကီးႀကီး။
"သုသုက ဘယ္လို ဒီေရာက္လာလဲ ဟမ္...ကေလးတစ္ေယာက္ေတာင္ ေသခ်ာမထိန္းနိုင္ဘူးလား"
ႀကီးႀကီးအား ေလးေလးစားစားသာဆက္ဆံတတ္သည့္ ေမာင္က ေဒါသတႀကီးျဖင့္ ႀကီးႀကီးအား ေအာ္ေလေတာ့သည္။
"ႀကီးႀကီး ေအာက္ထပ္မွာ ပန္းကန္ေတြေဆးေနတာ မသိလိုက္မိလို႔ သားသု...ႀကီးႀကီးေတာင္းပန္ပါတယ္...သုသုေလးကို ေခၚသြားလိုက္ပါ့မယ္"
ႀကီးႀကီးက ေပြ႕ဖက္ထားေသာ ေပါက္စီေလးနားလာကာ ေခၚရန္ျပင္ေတာ့
"ဟင့္အင္း သား မသြားဘူး...သား သြားရင္ ေဖေဖက ပါးပါးကို ရိုက္မွာ အီးဟီး"
မိဘမ်ား အဆင္မေျပမႈအား ျမင္ေတြ႕သြားေသာ ကေလးငယ္တြင္ စိတ္ဒဏ္ရာ ျဖစ္သြားခဲ့ေလၿပီ။ လြန္းငယ္ ကိုယ့္ကိုကိုယ္ တကယ္မုန္းတီးမိသည္။ ကေလးတစ္ေယာက္အား ပ်ိဳးေထာင္ရန္ပင္ သူ႕တြင္အရည္အခ်င္းမရွိေပ။ သူ လုပ္နိုင္တာ တကယ္ ဘာမွမရွိ။ သူက တကယ္ပင္ အသုံးမက်သည့္ အပိုလူသက္သက္ပင္။
"ေတာက္"
က်ယ္ေလာင္စြာ ေတာက္ေခါက္လိုက္ေသာ ေမာင္၏အသံ။
"ႀကီးႀကီး ကြၽန္ေတာ္ ကုမၸဏီသြားေတာ့မယ္"
မာထန္ေသာ ေလသံျဖင့္ ေျပာကာ အခန္းထဲမွ ထြက္သြားေသာ ေမာင္။ တခဏအၾကာတြင္ အိမ္ေရွ႕မွ ကားေမာင္းထြက္သြားသံ ၾကားလိုက္ေတာ့သည္။
အခန္းထဲတြင္ ရွိုက္ငိုေနေသာ ကေလးငယ္အား ေပြ႕ဖက္ကာ မ်က္ရည္မ်ား က်ေနသည့္ ေကာင္ေလးတစ္ေယာက္ႏွင့္ အခန္းေရွ႕တြင္ စိတ္မေကာင္းစြာ ရပ္ေနေသာ လူႀကီးတစ္ေယာက္တို႔သည္ ဝမ္းနည္းမႈ ကိုယ္စီျဖင့္ က်န္ရွိခဲ့ေလေတာ့သည္။
ႏုနယ္ေသာ
ကေလးတစ္ေယာက္၏
ႏွလုံးသားတြင္
ဒဏ္ရာထင္က်န္ေအာင္
လုပ္နိုင္ခဲ့သည့္ ေမာင့္အား
တစ္ခြန္းသာ ေမးခ်င္မိပါသည္။
ေမာင္ ေပ်ာ္ရဲ႕လား ဟူ၍သာ....။
***************