သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Compl...
By Rockeain
131K 6.8K 238
အားရှန့် သတ်ပုံမှားနေတဲ့ကောရဲ့အတ္တတွေကိုပြင်ဆင်ခွင့်ပေးခဲ့လို့ ထာဝရအတွက်ကျေးဇူးတင်နေမှာပါ။🚫++အနည်းငယ် ပါဝင်ပ... More
💓(1)💓
💓(3)💓
💓(4)💓
💓(5)💓
💓(6)💓
💓(7)💓
💓(8)💓
💓(9)💓
💓(10)💓
💓(11)💓
💓(12)💓
💓(13)💓
💓(14)💓
💓(15)💓
💓(16)💓
💓(17)💓
💓(18)💓
💓(19)💓
💓(20)💓
💓(21)💓
💓(22)💓ခွင့်လွှတ်ခြင်း💚
💓(23)💓
💓(24)💓
💓(25)💓
💓(26)💓
💓(27)💓
💓(28)💓
💓(29)💓
💓(30)💓
💓(31)💓
💓(32)💓
💓(33)💓
❄🎄(34)🎄❄
❄🎄🍷🎄❄
💓(35)💓
(36)
(37)
(38)
(39)
(40)
(41)final
extra 💞
💓(2)💓
5.5K 283 1
By Rockeain
ရှောင်ကျန့်ရဲ့ဘဝက ငယ်စဥ်ကတည်းက
အဒေါ်ဖြစ်သူနဲ့သာ နေထိုင်ခဲ့ရရှာတာ..
သူတို့တူဝရီးနှစ်ယောက်ဘဝက သနားစရာကောင်းလှတယ်။
ရှောင်ကျန့်အဖေရဲ့ ညီမဖြစ်တဲ့ ဒေါ်ယွင်စီဟာ ရှောင်ကျန့်လေးကို သိပ်ချစ်ရှာတာ။
သူ့အကိုကြောင့် အရင်က စည်းစိမ်ချမ်းသာတွေ ဆုံးရှုံးခဲ့ရတာ။ လုပ်ငန်းတွေရော ငွေတွေရော နောက် တခြား လုပ်ငန်းစုမှာဝင်ထားတဲ့ ရှယ်ယာတွေ ဒါတွေအကုန် သူ့အကိုကြောင့်... အခုတော့ ကျန့်ကျန့်လေးကို သူကိုယ်တိုင်ပဲ ခေါ်ပြီးအိမ်ကထွက်လာခဲ့တာ။
သူမ အိမ်ကထွက်လာတာ ဘယ်လောက်မှမကြာသေး စံအိမ်ကြီး မီးလောင်တယ်ဆိုတဲ့သတင်းက သတင်းစာထဲထိ ပါလာခဲ့ပြန်တယ်။
သေဆုံးသူ မပြောပြထားပေမဲ့ အလောင်းတွေကို ရေခဲတိုက်သယ်ဆောင်သွားကြတဲ့ရုပ်သံကတော့ ရုပ်သံတင်ဆက်တဲ့အထဲတောင် အရှင်းသားကြီး။
ရှောင်ကျန့်လေးက အသက်ငယ်သေးတော့
ဘာမှမသိရှာဘူး။
ဒေါ်ယွင်စီကိုပဲ ခင်တွယ်အားကိုးခဲ့ရရှာတယ်။
ဒီအကြောင်းတွေကို ရှောင်ကျန့်လေးကို သူမပြောပဲ ဖုံးကွယ်ပြီးနေခဲ့တယ်။
ကျန့်ကျန့်လေးက စာတော်ပြီး ချစ်ဖို့ကောင်းလို့ ကျောင်းက ဆရာတွေနဲ့ တကျောင်းလုံးက ချစ်ကြရှာတယ်။
ဖြူစင်တဲ့အပြုံးလေးနဲ့အပြစ်ကင်းစင်တဲ့
ဒီကောင်လေးကို မချစ်တဲ့သူက မျက်လုံးကန်းနေတာပဲဖြစ်မယ်။
ဒီနေ့ ရှောင်ကျန့် ကျောင်းကိုအလာ
လမ်းမှာ လူတစ်ယောက်နဲ့ အမှတ်မထင် တိုက်မိခဲ့တယ်။
ကျောင်းနောက်ကျနေလို့ အမြန်လာကာမှ
လူနဲ့ဝင်တိုက်ဖြစ်အောင်ကိုတိုက်မိသေးတာ..
''ဟို...တောင်းပန်ပါတယ် မတော်တဆတိုက်မိတဲ့အတွက်....''
ဟိုက...ဖြူနုနေတဲ့ သူ့အသားကို အသာပုတ်ခါရင်း...''မင်းဘယ်လိုဖြစ်ပြီး နမော်နမဲ့နိုင်ရတာလည်း။''
ရိပေါ် အပေါ်က ကောင်လေးကို မကြည့်မိပဲ အော်ပြောလိုက်တာမို့..မျက်နှာငယ်လေးနဲ့ ကြောက်သွားရှာတဲ့ ရှောင်ကျန့်။
''ဟို..ဟို..အကို ကျန့်ကျန့်တောင်းပန်ပါတယ်။ ကျောင်းနောက်ကျနေလို့ လောသွားလို့ပါ ....''
လက်ချောင်းသွယ်သွယ်လေးတွေနဲ့ လဲကျနေတဲ့ ရိပေါ်ရဲ့ မျက်နှာရှေ့ ကမ်းပေးလါတဲ့လက်တစုံကြောင့် ရိပေါ် လက်ဆွဲပြီး အမြန်ထရပ်လိုက်တော့တယ်။
နောက် ထိုလက်ပိုင်ရှင်ကောင်လေးကို ကြည့်မိလိုက်တဲ့အချိန် သူ့ရင်ခွင်ထဲ အမည်မဖော်တတ်တဲ့ ခံစားမှုမျိုး ဖြစ်ပေါ်သွားတော့တယ်။
'ဟင်.. မျက်နှာပါးလေးနဲ့ ကောင်လေးတစ်ယောက်ပဲ နှာတံချွန်ချွန်လေးတွေနဲ့ နှုတ်ခမ်းအောက်က မှဲ့နက်သေးသေးလေးနဲ့မို့ ဆွဲဆောင်နိုင်တဲ့အလှတရားတွေကအပြည့်ပဲ။'
သူစဥ်းစားအကဲဖြတ်နေတုန်း ''ဟီးဟီး'' ယုန်သွားလေးပေါ်အောင်ရယ်ပြပြီး ''အကို ကျွန်တော်ကျောင်းသွားတော့မယ် ...
ထပ်ပြီးတော့ တောင်းပန်ခဲ့ပါတယ်..
ခွင့်လွှတ်ပေးပါ..သွားခွင့်ပြုပါအုံး။''
နာမည်မသိရ မေးမလို့ကြံယုံရှိသေး..
ပြေးထွက်သွားတဲ့ ခြေလှမ်းတွေနောက်
သူလိုက်သွားလို့က မသင့်ပြန်ဘူးလေ။
သူ့ရဲ့ ကားရှိရာဆီသာ ပြန်လာခဲ့တဲ့ ဝမ်ရိပေါ်...
ဒီနေ့အစောလေးနိုးတာနဲ့ သူကားမောင်းထွက်ခဲ့ပြီး..လေ့ကျင့်ခန်းလေးလာလုပ်နေတာ မထင်မှတ်ထားပဲ ထိုကောင်လေးနဲ့ ဝင်တိုက်မိခဲ့တာ။
'ဘယ်လိုဟာလေးမှန်းမသိဘူး ပုံစံလေးက
ယုန်..ဟုတ်တယ်.. အဲ့သွားကြီးနှစ်ချောင်းနဲ့
တကယ့်ယုန်မှယုန်ပဲ။'
ရှောင်ကျန့်ကတော့ ကျောင်းရောက်တာနဲ့
အမောလုံးဆို့နေပြီလေ...သူနောက်ကျနေတဲ့အတွက်.
''ဝမ်နင်ရာ ခဏလေးတောင်မစောင့်ဘူး မင်းကလေ..ငါ့မှာမောလို့သေရပါတော့မယ်
ဟူးးးးးး''
''မင်းကညနက်တဲ့အထိ ဘာလို့ အလုပ်ဆင်းရလည်း ရှောင်ကျန့်ရာ။
မနက်ရောက်တော့ စောစောဘယ်နိုးပါ့မလဲ ဒီလိုနေ့စဥ်ကြီးကတော့ မဖြစ်ဘူးနော်။''
''အေးပါကွာ.. ငါအချိန်ပိုမဆင်းပဲ ရက်ခြားနားလို့ရအေင် ဆိုင်ရှင်နဲ့ညှိကြည့်ပါ့မယ်။''
''အေး..ပြီးရော ညနေငါ စကိတ်ကွင်းဘက်
သွားမလို့ ဟိုကောင်မလေးကို သွားရှိုးမလို့။''
''မင်းကတော့ လေ နှာခေါင်းမီးတောက်ဖို့ပဲသိ ဝမ်နင် စာမေးပွဲနားကပ်နေပြီ စာလုပ်ဖို့
ခေါင်းထဲထည့်အုံး နှာဘူးကောင်ရဲ့။''
''ငါက မျန်မျန်လေးကို ချစ်တာကိုး..
မင်းက ကျောက်ရုပ် ကျန့်ကျန့်ပဲ ဘယ်ခံစားတတ်ပါ့မလည်း။''
''ဆရာလာပြီကွ..ရှူးးးး ''
ဝမ်ရိပေါ်ကတော့ သူ့ကားပေါ်ရောက်တာတောင် အိမ်မပြန်ဖြစ်သေး...ဒီကောင်လေးကို သူ့စိတ်ထဲ မေးခွန်းတွေထုတ်နေမိပြန်တယ်။
'ပိန်ပိန်သွယ်သွယ် ညိုချောစားရင်းဝင်လေး
ဟာ...ငါဘာတွေ တွေးနေရပါလိမ့်..
အဲ့ဒါမိန်းကလေးမှမဟုတ်တာ..
ငါ့ချစ်သူ ရှားမေရီ နဲ့ယှဥ်နေမိတာလား သူ့ကိုငါကလေ..
ဒီမနက် ငါအလုပ်သွားရမှာပဲ..
မားကိုလည်း ငါသတိရတယ်..'
'နောက်မှ လန်ဒန် ပြန်ရမယ်..
ရောက်တာမှ မကြာသေးတဲ့ ပေကျင်းမြို့ကြီးဟာ ငါ့အတွက် ပျင်းရိစရာကောင်းနေပြန်တယ်။'
'မားကခုထိ ပါးကို စိတ်ဆိုးနေတုန်း အိမ်ပြန်မလာတာပဲကြည့်..'
သူငါးနှစ်သား အရွယ်ထဲက အိမ်ပေါ်က ဆင်းသွားတဲ့ ဝမ်ရိပေါ်အမေက အရမ်းမာနအတ္တကြီးတဲ့သူ။
ဒါကြောင့် ဝမ်ရိပေါ် ချေမိုးတာ မဆန်း..
တခြားလူတွေအပေါ် သူဆက်ဆံတာ ဒီထက်တောင်ဆိုးသေး။
ဒါပေမဲ့ ဒီနေ့ ဟိုကောင်လေး..ဟုတ်တယ်
အဲ့ကောင်လေးရဲ့လက်ကိုတောင် သူကိုင်ခဲ့မိသေးတာ။
mp Rockeain
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Zawgyi
ဘာမှမသိရှာဘူး။
တကယ့်ယုန်မှယုန်ပဲ။'
ဟူးးးးးး''
''ဆရာလာပြီကွ..ရှူးးးး ''
မားကိုလည်း ငါသတိရတယ်..'
mp Rockeain
Continue Reading
You'll Also Like
9.2K 1.1K 26
ဝမ်ရိပေါ်!!! မင်းငါ့နောက်ကို ဘာလို့ဆက်လိုက်နေသေးတာလဲ!? Xiao Zhan ကျွန်တော်က ကိုကို့ရဲ့ အရိပ်မလို့လေ။ ...
342K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
129K 13.9K 16
198K 12.9K 11
ဇာတ်ကားတစ်ခုကို yizhanအနေဖြင့် ပြန်ရေးသားခြင်း။