PETRICHOR || VMIN

Από Yimmy95

86.7K 13K 836

မိုးရေနဲ့မြေပြင် ပနံသင့်စွာပေါင်းဖက်ပြီး ဖြစ်ပေါ်လာတဲ့ Petrichor. ကိုယ်မြတ်နိုးရတဲ့ Petrichor. မင်းဟာ ကိုယ့်ရ... Περισσότερα

နိဒါန်း
1
2
3
4
5
6
7
8
9
10
11
13
14
15
16
17
18
19
20(Final)
PETRICHOR
Extra
Extra (Bonus Chapter)
Hello!!!
🌨️🌿

12

2.7K 519 26
Από Yimmy95

Unicode

အနည်းငယ် မို့အစ်နေသယောင်ရှိသော မျက်ဝန်းအိမ်ငယ်လေးအား တစ်ချက်။ ပါးအို့ဖောင်းဖောင်းလေးနှစ်ဖက်၏ အလယ်က နှာတံစင်းစင်းလေးအား တစ်ချက်။ နောက်ဆုံး နီရဲဖူးကြွနေသည့် နှုတ်ခမ်းထူထူလေးအား တစ်ချက်။

ဘေး၌ အိပ်ပျော်လျက်ရှိသည့် ကလေးငယ်၏ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီအား တို့ထိနေမိသည်။ အကျင့်ပါနေသော မျက်လုံးတို့ကြောင့် ထယ်ယောင်းဟာ မနက်စောစော နိုးလာပါသော်လည်း ဘေးက ကလေးငယ်ကတော့ အိပ်မောကျ
လျက်ပင်။

မနေ့ကညက အိမ်ပြန်နောက်ကျသည်မို့ ဂျီမင်းလေး အဘွား၏ တောင်းဆိုမှုကြောင့်
ထယ်ယောင်း ထိုအိမ်မှာပဲ ညအိပ်ဖြစ်ခဲ့သည်။ အနားသို့ရောက်လာတိုင်း တုန်ယင်လာတတ်နေပြီဖြစ်သော နှလုံးသားတစ်စုံကြောင့် ညက ကလေးငယ်ဘေးမှာ သူ မနည်းကြိုးစားကာ အိပ်စက်ခဲ့ရ၏။

ပြတင်းပေါက်မှ ဖြာကျလာသည့် နေခြည်နွေးနွေးဟာ သူ့အားကျော်ကာ ကလေးငယ်၏
မျက်နှာပေါ် လာရောက်ခစားလေသည်မို့ နိုးသွားမှာ စိုးထိတ်သည့်စိတ်ဖြင့် သူ့လက်နှင့် မိုးကာပေးထားမိလိုက်သည်။

သူ မလွန်ပါဘူးနော်။ သစ္စာမရှိတဲ့ တစ်စုံတစ်ဦးအတွက် ထိုက်သင့်သလောက် သူ ခံစားခဲ့ရပြီးပြီမို့။ တစ်နှစ်လောက် နှလုံးသားဟာ နာကျင်ခဲ့ရပြီးပြီမို့။ ကုစားပေးဖို့များ ဘုရားသခင်က ကလေးငယ်နှင့် စုံတွေ့စေလေသလား။ စတွေ့တာဖြင့် တစ်လမပြည့်သေးသော ကလေးငယ်​အပေါ် သူ့ခံစားချက်တွေကရော ယုံရရဲ့လား။

သို့သည့်တိုင် သူ့အရွယ်က စိတ်ကစားတတ်သော အရွယ် မဟုတ်လေတော့။ အနှီကလေးငယ်ဟာ သူမနဲ့ သိပ်တူနေလို့များပင်လား။

***

တနင်္ဂနွေနေ့၏ မနက်ခင်းယံဟာ နှစ်ဦးသား အတူတူ စတင်ရလို့များလား။ သို့တည်းမဟုတ် ကောင်းကင်ပြာတစ်ခွင် တိမ်ကင်းစင်ပြီး ရာသီဥတုသာယာနေလို့များပင်လား။ ထယ်ယောင်း စိတ်ကြည်လင်နေသည်တော့အမှန်။

မည်သို့ပင်ဆိုစေကာမူ အနှီကလေးနှင့် အတူရှိရသည့် အချိန်တိုင်း သူ အရင်ကလိုမဟုတ်ဘဲ စိတ်ထဲပေါ့ပါးနေ၏။ စက်ဘီးနင်းရင်း နောက်ပါးဆီမှ ကလေးငယ်ပြောသမျှ စကားတွေကို နားထောင်ရတာ သူသဘောကျတတ်လာပြီ။ ခါးဆီဖက်တွယ်လာသည့် လက်တစ်စုံကိုလည်း အနှစ်နှစ်အလလက ခံစားမိဖူးသလို နေသားကျနေသည်။

တစ်ခါတစ်ရံ ကလေးငယ်က သူ့စကားနှင့်သူ အားရပါးရ ရယ်သွမ်းပြီးတိုင်း နောက်ကျောပြင်ကျယ်ဆီ ခေါင်းလေးမှီချလာတတ်သည်။အထက်တန်း ကျောင်းသားလေးက တစ်ကယ့်ကို အလည်လေးပါပင်။

ပိတ်ရက်တွေ၏ ထုံးစံအတိုင်း စက်ဘီးလေးတစ်စီး ဆေးရုံထဲဝင်လာသည်နှင့် ပန်းခြံထဲက သူနာပြုတွေ၊ လူနာတွေကပါ နှုတ်ဆက်ကြသည်။ ယခုဆို ပတ်ဂျီမင်းလေးဟာ ဆေးရုံရဲ့ အချစ်တော်လေးကိုဖြစ်လို့။

"ဂျီမင်း နေ့လယ်ကျ ကိုယ့်ဆီလာခဲ့နော်
နေ့လယ်စာ အတူတူစားကြမယ်"

"ဟီးဟီး . . ဟုတ် အစ်ကို"

ထယ်ယောင်း သူ့အခန်းကို ဝင်သွားသည်နှင့် ပတ်ဂျီမင်းလေးသည်လည်း အန်တီနိုရီတို့ရှိရာ အဆောင်ဘက်သို့ လှည့်ထွက်လာခဲ့သည်။ ယခုရက်ပိုင်းတွင် သူနှင့် လူကြီးတို့ ပိုရင်းနှီးလာကြပြီး လူကြီးဆီက ဂရုစိုက်ခံနေရသည့်အပြင် သည်မနက်လည်း လူကြီးနှင့် အတူ ဆေးရုံသွားရန် ပြင်ဆင်လာရသည်မို့ ပတ်ဂျီမင်းလေး၏ ခြေလှမ်းတွေဟာ ကော်ရစ်တာ တစ်လျှောက် မြှောက်ကြွမြှောက်ကြွဖြင့်။

သီချင်းတညည်းညည်းနှင့် ခုန်စွ ခုန်စွ လျှောက်နေတုန်း သူ့လက်အား အနောက်မှနေပြီး တစ်ယောက်ယောက်က လှမ်းဆွဲသည်ကို ခံစားလိုက်ရ၏။

"ဟင် . . သူနာပြုချွဲ"

ယခင်နေ့တွေနှင့် မတူပါဘဲ သူနာပြုချွဲ၏ အကြည့်များဟာ စိမ်းသက်သက် ဖြစ်နေသယောင်။

"ကိုယ်နဲ့ ခဏလိုက်ခဲ့ပါလား"

သူ့ဆီက ခွင့်ပြုချက်မရခင် ဆွဲခေါ်သွားသော လက်တစ်စုံသည် မသုံးတာကြာပြီဖြစ်သည့် ဆေးရုံ၏ အခန်းလွတ်တစ်ခုဆီသို့။ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ကြောင့်ရော၊ သူတစ်ခါမှမမြင်ဖူးသည့် သူနာပြုချွဲ၏ ပုံစံကြောင့်ပါ သူရုန်းဖို့တောင် မတွေးမိဘဲ ကြောင်အနေမိသည်။

အခန်းထဲ အတင်းဆွဲခေါ်ပြီးနောက် နံရံပေါ်သို့ သူ့ကိုယ်ငယ်အား ဆွဲကပ်ခံလိုက်ရတော့မှ ဂျီမင်း အသိဝင်လာတော့၏။

"ဂျီမင်း . . ကိုယ်ပြောတာသေချာနားထောင်"

" . . . . . "

"ကိုယ် မင်းကို သဘောကျတယ်"

ရုတ်တရက်ကြီးဖြစ်သည့်အပြင် မထင်မှတ်ထားသည့် သူနာပြုချွဲ စကားကြောင့် ဂျီမင်း ကြက်သီးမွှေးညှင်းလေးများပင် ထလာရ၏။

"ဟင် . . အစ်ကို ဘာတွေပြောနေတာလဲ"

"ဒေါက်တာကင်မ် မင်းက်ို ဘယ်လိုတွေ ဆိုက်က်ို သွင်းထားလဲ မသ်ိပေမယ့် ၊ သူနဲ့မင်းကို ကိုယ်ဆက်ပြီး စိတ်မချနိုင်တော့ဘူး"

"ဗလိုင်းကြီး !!
ကျွန်တော့်ကို ဘာတွေလာပြောနေတာလဲ အစ်ကို ရူးသွားပြီလား"

"မရူးဘူး . . ဒါပေမယ့် ကိုယ်က လူပျိုဆ်ိုတာ သိတယ်မလား ဒေါက်တာကင်မ်လို မိန်းမရှိပြီးသား မုဆိုးဖိုလည်း မဟုတ်ဘူး . . . "

"တော်တော့ ခင်ဗျား!!!"

သူ့ ပုခုံးနှစ်ဖက်သို့ ဆုပ်ကိုင်ထားသည့် သူနာပြုချွဲ၏ ပိုတင်းကျပ်လာသည့် လက်များထံမှ သူရုန်းထွက်ရန် မစွမ်းသာသလို။ ရုတ်တရက် သူနာပြုချွဲ၏ အပြုအမူတွေ​ကြောင့်လည်း ရူးပါရူးချင်လာသည်။

"ခင်ဗျား ​ောက်ရူးလား"

"ဂျီမင်း . . . ကျေးဇူးပြုပြီး သူ့ကို လက်လွှတ်ပြီး ကိုယ်နဲ့နေပေးပါလား အဲ့လိုသာဆို ကိုယ်ခွင့်လွှတ်ပေးမယ်လေ မင်းဘယ်သူနဲ့ ဖြစ်ခဲ့ ဖြစ်ခဲ့"

သည်လို လူမဆန်သည့် အရူးကောင်အား လူကြီး မည်သို့ကြောင့် စိတ်ပူနေမှန်း ဂျီမင်း အခုမှ သဘောပေါက်လာ၏။

"ရုတ်တရက် ဘာထဖြစ်မှန်း မသိပေမဲ့ ခင်ဗျား စိတ်အေးအေးထားပြီး ကျွန်တော့် စကား . . .  အွတ်"


စကားမဆုံးသေးခင် အလစ်ဝင်ရောက်လာသော သူနာပြုချွဲ၏ နှုတ်ခမ်းတွေဟာ သူ့နှုတ်ခမ်းပါးဆီသို့။ နမ်းရှိုက်ခြင်း မမြည်တော့ ကိုက်ခဲမှုများကြောင့် နာကျင်လာပါသော်လည်း မမျှတသော ခွန်အား​ချင်းဟာ သူ့တစ်ကိုယ်လုံ ရုန်းထွက်လာနိုင်အောင် မစွမ်းသာခဲ့။

စည်းကျော်လာသည့် လက်တစ်ဖက်က သူ့ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်လာသည့်အပြင် အတင်း ဖိညှစ်ခံထားရသည်ကြောင့် သူ အသက်ရှုတွေပါကြပ်လာသည်။ လွတ်နေသော ခြေထောက်တို့ဖြင့် ကန်ကြောက်နေသည့်တိုင် အနှီလူကြီးဟာ ပ်ို၍ရဲတင်းလာချေသည်။

"ဟင့် . . လွှတ်ပါ"

ရှိုက်သံသေးသေးလေး​ ထွက်လာမှ သူနာပြုချွဲ အသိစိတ်ဝင်လာ၏။

"ဂျီမင်း . . ငိုနေတာလား
မင်းငိုနေတာလား"

လှုပ်ရှားမှုများ ရပ်တန့်သွားပြီးနောက်တွင် သူနာပြုချွဲက သူမျက်နှာအား အသာပွတ်သပ်ကာ မျက်မှောင်ကြုတ်ရင်းဆို၏။

"ကိုယ်က မင်းကို မထိခိုက်စေချင်ပါဘူး ကလေးရယ်"

ထို့နောက် သူနာပြုချွဲဟာ သူ့မျက်နှာနား ထပ်မံတိုးကပ်လာပြီး နဖူးချင်း ခပ်ဖွဖွသာ ထိတွေ့လာတော့သည်။

"ကိုယ် မင်းကို သူ့နောက်ပါသွားမှာစိုးလို့ပါ"

"ကျ . .ကျွန်တော်ကို လွှတ်ပါ"

"ဂျီမင်း"

ချုပ်ကိုင်ထားသော ထိုလူ့ လက်တွေ အား​ပျော့လာချိန် သူ့ခန္ဓာကိုယ်ကရှိသမျှ အားများဖြင့် သူနာပြုချွဲကို တွန်းထုတ်လိုက်၏။ သို့မှမဟုတ် သူနာပြုချွဲက သူ့အား အသာတကြည် ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။

ဂျီမင်းလေးသည် ရုန်းထွက်လို့ရသည်နှင့်အပြင်သို့ မြန်နိုင်သမျှ မြန်အောင် ပြေးထွက်လာခဲ့တော့၏။

သူဦးတည်သွားသည်မှာ တစ်ခုတည်းသော ခိုးနားရာလေးဆီသို့။ လူကြီး ဆီသွားရမည်။ သူနာပြုချွဲက သူ့အား စော်ကားဖို့ကြံသည်ဆိုသည့်အကြောင်းကို လူကြီးထံ တိုင်ပြောရလိမ့်မည်။

ဂျီမင်းဟာ ထယ်ယောင်း အခန်းဆီမရောက်မချင်း အဆောင်များ တစ်ခုပြီးတစ်ခု ကျော်ပြီး ကော်ရစ်တာတစ်လျှောက် တွေ့သမျှ လူများအား လျစ်လျုရှုကာ ပြေးနေမိသည်။
ယခုအချိန်မှာ သူ့ပုံစံဟာ မည်သို့မည်ပုံ ဖြစ်နေမည်ကို သူမသိတော့။ ဖြစ်ပျက်သွားသည့် ဖရိုဖရဲ အခြေအနေများကြောင့် သေချာပေါက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေမှာတော့ အသေအချာပါပင်။

နောက်ဆုံး၌မူ ဒေါက်တာကင်မ်ထယ်ယောင်းဟု ရေးထားသော ဆိုင်းဘုတ်ပြာလေးချိတ်ထားသည့် အခန်းငယ်လေးရှေ့ ရောက်ရောက်ချင်း သူတံခါးမခေါက်ဘဲ ပြေးဝင်လိုက်သည်။

"ဘာလို့တံခါးမခေါက် . . ဟင် ဂျီမင်း"

စားပွဲပေါ်မှာထိုင်နေပြီး အလုပ်လုပ်နေဟန်ရှိသည့် ထယ်ယောင်းက တခြားသူဝင်လာသည် အထင်ဖြင့် ဆူမည့်ဟန်ပြင်ပြီးကာမှ ဂျီမင်းပုံအား မြင်သွားသည်ထင်၏။ ထိတ်ထိတ်ပျာပျာဖြင့် အနားသို့ အမြန်ရောက်လာသည်။

"ဂျီမင်း . . ငိုနေတာလား ဘာဖြစ်လို့လဲ"

သူ မငိုခဲ့ဘူး။ မျက်ရည်ကျရုံလေးတင်။
သို့သော်လည်း အနှီယောက်ျားသားရှေ့ ရောက်ကာမှ။

အီးဟီး . . . ဟင့် . . ဟင့်

ရုတ်တရက် နှာသီးထိပ်လေးတွေပါ နီရဲတတ်လာကာ ရှိုက်ကြီးတငင်ထငိုသည့် ကောင်လေးကြောင့် ထယ်ယောင်း ပို၍ ရင်ထိတ်လာတော့သည်။

"သူ . . သူ . . နာပြု အစ်..ဟင့်.."

ရှိုက်သံလေးများ ဆက်တိုက်ထွက်လာပြီး စကား​တောင် ဖြောင့်အောင် မပြောနိုင်တော့သော ကောင်လေးဟာ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တသိမ့်သိမ့် တုန်ယင်နေရှာသည်။ ထယ်ယောင်းသည် ကိုယ်ငယ်လေး၏ ပုခုံးနှစ်ဖက်အား ဆုပ်ကိုင်လိုက်ပြီးနောက်။

"ကိုယ်စိတ်ပူလာပြီ ဂျီမင်းရယ်
ဘာဖြစ်လာတာလဲကွာ"

"အင့် . . ဟင့် အစ်ကို့"

ထိုအခိုက် မည်သည့်စကားမှ ဆက်မဆိုတော့ဘဲ ရင်ခွင်ထဲသို့ တိုးဝင်လာသည့် ကိုယ်ငယ်လေးဟာ သူ့ခါးကိုပါ အားကိုးတကြီး ဖက်တွယ်လာသည်ကြောင့် ထယ်ယောင်း မည်သည်မှ မတွေးနိုင်တော့ဘဲ ကလေးငယ်အား ပြန်လည်ထွေးဖက်လိုက်၏။

ပိုပို ကျယ်လောင်လာသော ရှိုက်သံများသည် သူ့နှလုံးသားအား မွန်းကြပ်စေသည်။ ကလေးငယ်ဟာ သူ့အား အတင်းဖက်တွယ်ထားသည့်တိုင် အလွန်အမင်း တုန်ရီနေရှာသည်။ မျက်နှာအပ်လို့ထားသော သူ့ရင်ဘက်တစ်ခုလုံးနီးပါးကိုတောင် စိုစွတ်လာစေသည်အထိ ရှိုက်ကြီးတငင်င်ိုကြွေးနေသည်။

မငိုပါနဲ့ဂျီမင်းရယ် . .
ကိုယ်ရင်တွေပူလွန်းလိုပါ

ထိုနေ့က petrichor ငယ်လေးအား ထွေးပိုက်ရင်း ထယ်ယောင်းသည်လည်း မျက်ရည်ကျခဲ့ရ၏။

အနှီအရာသည် အချစ်ဟု ခေါင်းစဥ်တပ်ရန် လုံလောက်သည့် အချက်များလေလား။

YIMMY

******

ကိုယ်အတင်းစိတ်နှစ်ထားပေမယ့် အရေးအသားကြောင့် ဖတ်ရတာပေါ့နေမယ်ထင်တယ်။
ဒီအပိုင်းကနှစ်ယောက်သားရဲ့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့စိတ်ကိုပေါ်လွင်စေချင်လို့ပါ။

Zawgyi

အနည္းငယ္ မို႔အစ္ေနသေယာင္ရွိေသာ မ်က္ဝန္းအိမ္ငယ္ေလးအား တစ္ခ်က္။ ပါးအို႔ေဖာင္းေဖာင္းေလးႏွစ္ဖက္၏ အလယ္က ႏွာတံစင္းစင္းေလးအား တစ္ခ်က္။ ေနာက္ဆုံး နီရဲဖူးႂကြေနသည့္ ႏႈတ္ခမ္းထူထူေလးအား တစ္ခ်က္။

ေဘး၌ အိပ္ေပ်ာ္လ်က္ရွိသည့္ ကေလးငယ္၏ မ်က္ႏွာအစိတ္အပိုင္း တစ္ခုခ်င္းစီအား တို႔ထိေနမိသည္။ အက်င့္ပါေနေသာ မ်က္လုံးတို႔ေၾကာင့္ ထယ္ေယာင္းဟာ မနက္ေစာေစာ နိုးလာပါေသာ္လည္း ေဘးက ကေလးငယ္ကေတာ့ အိပ္ေမာက်
လ်က္ပင္။

မေန႕ကညက အိမ္ျပန္ေနာက္က်သည္မို႔ ဂ်ီမင္းေလး အဘြား၏ ေတာင္းဆိုမႈေၾကာင့္
ထယ္ေယာင္း ထိုအိမ္မွာပဲ ညအိပ္ျဖစ္ခဲ့သည္။ အနားသို႔ေရာက္လာတိုင္း တုန္ယင္လာတတ္ေနၿပီျဖစ္ေသာ ႏွလုံးသားတစ္စုံေၾကာင့္ ညက ကေလးငယ္ေဘးမွာ သူ မနည္းႀကိဳးစားကာ အိပ္စက္ခဲ့ရ၏။

ျပတင္းေပါက္မွ ျဖာက်လာသည့္ ေနျခည္ေႏြးေႏြးဟာ သူ႕အားေက်ာ္ကာ ကေလးငယ္၏
မ်က္ႏွာေပၚ လာေရာက္ခစားေလသည္မို႔ နိုးသြားမွာစိုးထိတ္သည့္စိတ္ျဖင့္ သူ႕လက္ႏွင့္ မိုးကာေပးထားမိလိုက္သည္။

သူ မလြန္ပါဘူးေနာ္။ သစၥာမရွိတဲ့ တစ္စုံတစ္ဦးအတြက္ ထိုက္သင့္သေလာက္ သူ ခံစားခဲ့ရၿပီးၿပီမို႔။ တစ္ႏွစ္ေလာက္ ႏွလုံးသားဟာ နာက်င္ခဲ့ရၿပီးၿပီမို႔။ ကုစားေပးဖို႔မ်ား ဘုရားသခင္က ကေလးငယ္ႏွင့္ စုံေတြ႕ေစေလသလား။ စေတြ႕တာျဖင့္ တစ္လမျပည့္ေသးေသာ ကေလးငယ္​အေပၚ သူ႕ခံစားခ်က္ေတြကေရာ ယုံရရဲ႕လား။

သို႔သည့္တိုင္ သူ႕အ႐ြယ္က စိတ္ကစားတတ္ေသာ အ႐ြယ္ မဟုတ္ေလေတာ့။ အႏွီကေလးငယ္ဟာ သူမနဲ႕ သိပ္တူေနလို႔မ်ားပင္လား။

***

တနဂၤေႏြေန႕၏ မနက္ခင္းယံဟာ ႏွစ္ဦးသား အတူတူ စတင္ရလို႔မ်ားလား။ သို႔တည္းမဟုတ္ ေကာင္းကင္ျပာတစ္ခြင္ တိမ္ကင္းစင္ၿပီး ရာသီဥတုသာယာေနလို႔မ်ားပင္လား။ ထယ္ေယာင္း စိတ္ၾကည္လင္ေနသည္ေတာ့အမွန္။

မည္သို႔ပင္ဆိုေစကာမူ အႏွီကေလးႏွင့္ အတူရွိရသည့္ အခ်ိန္တိုင္း သူ အရင္ကလိုမဟုတ္ဘဲ စိတ္ထဲေပါ့ပါးေန၏။ စက္ဘီးနင္းရင္း ေနာက္ပါးဆီမွ ကေလးငယ္ေျပာသမွ် စကားေတြကို နားေထာင္ရတာ သူသေဘာက်တတ္လာၿပီ။ ခါးဆီဖက္တြယ္လာသည့္ လက္တစ္စုံကိုလည္း အႏွစ္ႏွစ္အလလက ခံစားမိဖူးသလို ေနသားက်ေနသည္။

တစ္ခါတစ္ရံ ကေလးငယ္က သူ႕စကားႏွင့္သူ အားရပါးရ ရယ္သြမ္းၿပီးတိုင္း ေနာက္ေက်ာျပင္က်ယ္ဆီ ေခါင္းေလးမွီခ်လာတတ္သည္။ တကယ္ေတာ့ အထက္တန္း ေက်ာင္းသားေလးက တစ္ကယ့္ကို အလည္ေလးပါပင္။

ပိတ္ရက္ေတြ၏ ထုံးစံအတိုင္း စက္ဘီးေလးတစ္စီး ေဆး႐ုံထဲဝင္လာသည္ႏွင့္ ပန္းၿခံထဲက သူနာျပဳေတြ၊ လူနာေတြကပါ ႏႈတ္ဆက္ၾကသည္။ ယခုဆို ပတ္ဂ်ီမင္းေလးဟာ ေဆး႐ုံရဲ႕ အခ်စ္ေတာ္ေလးကိုျဖစ္လို႔။

"ဂ်ီမင္း ေန႕လယ္က် ကိုယ့္ဆီလာခဲ့ေနာ္
ေန႕လယ္စာ အတူတူစားၾကမယ္"

"ဟီးဟီး . . ဟုတ္ အစ္ကို"

ထယ္ေယာင္း သူ႕အခန္းကို ဝင္သြားသည္ႏွင့္ ပတ္ဂ်ီမင္းေလးသည္လည္း အန္တီနိုရီတို႔ရွိရာ အေဆာင္ဘက္သို႔ လွည့္ထြက္လာခဲ့သည္။ ယခုရက္ပိုင္းတြင္ သူႏွင့္ လူႀကီးတို႔ ပိုရင္းႏွီးလာၾကၿပီး လူႀကီးဆီက ဂ႐ုစိုက္ခံေနရသည့္အျပင္ သည္မနက္လည္း လူႀကီးႏွင့္ အတူ ေဆး႐ုံသြားရန္ ျပင္ဆင္လာရသည္မို႔ ပတ္ဂ်ီမင္းေလး၏ ေျခလွမ္းေတြဟာ ေကာ္ရစ္တာ တစ္ေလွ်ာက္ ျမႇောက္ႂကြျမႇောက္ႂကြျဖင့္။

သီခ်င္းတညည္းညည္းႏွင့္ ခုန္စြ ခုန္စြ ေလွ်ာက္ေနတုန္း သူ႕လက္အား အေနာက္မွေနၿပီး တစ္ေယာက္ေယာက္က လွမ္းဆြဲသည္ကို ခံစားလိုက္ရ၏။

"ဟင္ . . သူနာျပဳခြၽဲ"

ယခင္ေန႕ေတြႏွင့္ မတူပါပဲ သူနာျပဳခြၽဲ၏ အၾကည့္မ်ားဟာ စိမ္းသက္သက္ ျဖစ္ေနသေယာင္။

"ကိုယ္နဲ႕ ခဏလိုက္ခဲ့ပါလား"

သူ႕ဆီက ခြင့္ျပဳခ်က္မရခင္ ဆြဲေခၚသြားေသာ လက္တစ္စုံသည္ မသုံးတာၾကာၿပီျဖစ္သည့္ ေဆး႐ုံ၏ အခန္းလြတ္တစ္ခုဆီသို႔။ တင္းက်ပ္စြာ ဆုပ္ကိုင္ထားေသာ လက္ေၾကာင့္ေရာ၊ သူတစ္ခါမွမျမင္ဖူးသည့္ သူနာျပဳခြၽဲ၏ ပုံစံေၾကာင့္ပါ သူ႐ုန္းဖို႔ေတာင္ မေတြးမိဘဲ ေၾကာင္အေနမိသည္။

အခန္းထဲ အတင္းဆြဲေခၚၿပီးေနာက္ နံရံေပၚသို႔ သူ႕ကိုယ္ငယ္အား ဆြဲကပ္ခံလိုက္ရေတာ့မွ ဂ်ီမင္း အသိဝင္လာေတာ့၏။

"ဂ်ီမင္း . . ကိုယ္ေျပာတာေသခ်ာနားေထာင္"

" . . . . . "

"ကိုယ္ မင္းကို သေဘာက်တယ္"

႐ုတ္တရက္ႀကီးျဖစ္သည့္အျပင္ မထင္မွတ္ထားသည့္ သူနာျပဳခြၽဲ စကားေၾကာင့္ ဂ်ီမင္း ၾကက္သီးေမႊးညွင္းေလးမ်ားပင္ ထလာရ၏။

"ဟင္ . . အစ္ကို ဘာေတြေျပာေနတာလဲ"

"ေဒါက္တာကင္မ္ မင္းက္ို ဘယ္လိုေတြ ဆိုက္က္ိုေတြသြင္းထားလဲ မသ္ိေပမယ့္ ၊ သူနဲ႕မင္းကို ကိုယ္ဆက္ၿပီး စိတ္မခ်နိဳင္ေတာ့ဘူး"

"ဗလိုင္းႀကီး !!
ကြၽန္ေတာ့္ကို ဘာေတြလာေျပာေနတာလဲ အစ္ကို ႐ူးသြားၿပီလား"

"မ႐ူးဘူး . . ဒါေပမယ့္ ကိုယ္က လူပ်ိဳဆ္ိုတာ သိတယ္မလား ေဒါက္တာကင္မ္လို မိန္းမရွိၿပီးသား မုဆိုးဖိုလည္း မဟုတ္ဘူး . . . "

"ေတာ္ေတာ့ ခင္ဗ်ား!!!"

သူ႕ ပုခုံးႏွစ္ဖက္သို႔ ဆုပ္ကိုင္ထားသည့္ သူနာျပဳခြၽဲ၏ ပိုတင္းက်ပ္လာသည့္ လက္မ်ားထံမွ သူ႐ုန္းထြက္ရန္ မစြမ္းသာသလို။ ႐ုတ္တရက္ သူနာျပဳခြၽဲ၏ အျပဳအမူေတြ​ေၾကာင့္လည္း ႐ူးပါ႐ူးခ်င္လာသည္။

"ခင္ဗ်ား ​ောက္႐ူးလား"

"ဂ်ီမင္း . . . ေက်းဇူးျပဳၿပီး သူ႕ကို လက္လႊတ္ၿပီး ကိုယ္နဲ႕ေနေပးပါလား အဲ့လိုသာဆို ကိုယ္ခြင့္လႊတ္ေပးမယ္ေလ မင္းဘယ္သူနဲ႕ ျဖစ္ခဲ့ ျဖစ္ခဲ့"

သည္လို လူမဆန္သည့္ အ႐ူးေကာင္အား လူႀကီး မည္သို႔ေၾကာင့္ စိတ္ပူေနမွန္း ဂ်ီမင္း အခုမွ သေဘာေပါက္လာ၏။

"႐ုတ္တရက္ ဘာထျဖစ္မွန္း မသိေပမဲ့ ခင္ဗ်ား စိတ္ေအးေအးထားၿပီး ကြၽန္ေတာ့္ စကား . . .  အြတ္"

စကားမဆုံးေသးခင္ အလစ္ဝင္ေရာက္လာေသာ သူနာျပဳခြၽဲ၏ ႏႈတ္ခမ္းေတြဟာ သူ႕ႏႈတ္ခမ္းပါးဆီသို႔။ နမ္းရွိုက္ျခင္း မျမည္ေတာ့ ကိုက္ခဲမႈမ်ားေၾကာင့္ နာက်င္လာပါေသာ္လည္း မမွ်တေသာ ခြန္အား​ခ်င္းဟာ သူ႕တစ္ကိုယ္လုံ ႐ုန္းထြက္လာနိုင္ေအာင္ မစြမ္းသာခဲ့။

စည္းေက်ာ္လာသည့္ လက္တစ္ဖက္က သူ႕ ခႏၶာကိုယ္အႏွံ႕ ပြတ္သပ္လာသည့္အျပင္ အတင္း ဖိညွစ္ခံထားရသည္ေၾကာင့္ သူ အသက္ရႈေတြပါၾကပ္လာသည္။ လြတ္ေနေသာ ေျခေထာက္ေတြျဖင့္ ကန္ေၾကာက္ေနသည့္တိုင္ အႏွီလူႀကီးဟာ ပ္ို၍ရဲတင္းလာေခ်သည္။

"ဟင့္ . . လႊတ္ပါ"

ရွိုက္သံေသးေသးေလး​ ထြက္လာမွ သူနာျပဳခြၽဲ အသိစိတ္ဝင္လာ၏။

"ဂ်ီမင္း . . ငိုေနတာလား
မင္းငိုေနတာလား"

လႈပ္ရွားမႈမ်ား ရပ္တန့္သြားၿပီးေနာက္တြင္ သူနာျပဳခြၽဲက သူမ်က္ႏွာအား အသာပြတ္သပ္ကာ မ်က္ေမွာင္ၾကဳတ္ရင္းဆို၏။

"ကိုယ္က မင္းကို မထိခိုက္ေစခ်င္ပါဘူး ကေလးရယ္"

ထို႔ေနာက္ သူနာျပဳခြၽဲဟာ သူ႕မ်က္ႏွာနား ထပ္မံတိုးကပ္လာၿပီး နဖူးခ်င္း ခပ္ဖြဖြသာ ထိေတြ႕လာေတာ့သည္။

"ကိုယ္ မင္းကို သူ႕ေနာက္ပါသြားမွာစိုးလို႔ပါ"

"က် . .ကြၽန္ေတာ္ကို လႊတ္ပါ"

"ဂ်ီမင္း"

ခ်ဳပ္ကိုင္ထားေသာ ထိုလူ႕ လက္ေတြ အား​ေပ်ာ့လာခ်ိန္ သူ႕ခႏၶာကိုယ္ကရွိသမွ် အားမ်ားျဖင့္ သူနာျပဴခြၽဲကို တြန္းထုတ္လိုက္၏။ သို႔မွမဟုတ္ သူနာျပဳခြၽဲက သူ႕အား အသာတၾကည္ ျပန္လႊတ္ေပးလိုက္သည္ဟု ဆိုလွ်င္ ပိုမွန္လိမ့္မည္။

ဂ်ီမင္းေလးသည္ ႐ုန္းထြက္လို႔ရသည္ႏွင့္အျပင္သို႔ ျမန္နိုင္သမွ် ျမန္ေအာင္ ေျပးထြက္လာခဲ့ေတာ့၏။

သူဦးတည္သြားသည္မွာ တစ္ခုတည္းေသာ ခိုးနားရာေလးဆီသို႔။ လူႀကီး ဆီသြားရမည္။ သူနာျပဳခြၽဲက သူ႕အား ေစာ္ကားဖို႔ႀကံသည္ဆိုသည့္အေၾကာင္းကို လူႀကီးထံ တိုင္ေျပာရလိမ့္မည္။

ဂ်ီမင္းဟာ ထယ္ေယာင္း အခန္းဆီမေရာက္မခ်င္း အေဆာင္မ်ား တစ္ခုၿပီးတစ္ခု ေက်ာ္ၿပီး ေကာ္ရစ္တာတစ္ေလွ်ာက္ ေတြ႕သမွ် လူမ်ားအား လ်စ္လ်ဳရႈကာ ေျပးေနမိသည္။
ယခုခ်ိန္မွာ သူ႕ပုံစံဟာ မည္သို႔မည္ပုံ ျဖစ္ေနမည္ကို သူမသိေတာ့။ ျဖစ္ပ်က္သြားသည့္ ဖရိုဖရဲ အေျခအေနမ်ားေၾကာင့္ ေသခ်ာေပါက္ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေနမွာေတာ့ အေသအခ်ာပါပင္။

ေနာက္ဆုံး၌မူ ေဒါက္တာကင္မ္ထယ္ေယာင္းဟု ေရးထားေသာ ဆိုင္းဘုတ္ျပာေလးခ်ိတ္ထားသည့္ အခန္းငယ္ေလးေရွ႕ေရာက္ေရာက္ခ်င္း သူတံခါးမေခါက္ပဲ ေျပးဝင္လိုက္သည္။

"ဘာလို႔တံခါးမေခါက္ . . ဟင္ ဂ်ီမင္း"

စားပြဲေပၚမွာထိုင္ေနၿပီး အလုပ္လုပ္ေနဟန္ရွိသည့္ ထယ္ေယာင္းက တျခားသူဝင္လာသည္ အထင္ျဖင့္ ဆူမည့္ဟန္ျပင္ၿပီးကာမွ ဂ်ီမင္းပုံအား ျမင္သြားသည္ထင္၏။ ထိတ္ထိတ္ပ်ာပ်ာျဖင့္ အနားသို႔ အျမန္ေရာက္လာသည္။

"ဂ်ီမင္း . . ငိုေနတာလား ဘာျဖစ္လို႔လဲ"

သူ မငိုခဲ့ဘူး။ မ်က္ရည္က်႐ုံေလးတင္။
သို႔ေသာ္လည္း အႏွီေယာက္်ားသားေရွ႕ ေရာက္ကာမွ။

အီးဟီး . . . ဟင့္ . . ဟင့္

႐ုတ္တရက္ ႏွာသီးထိပ္ေလးေတြပါ နီရဲတတ္လာကာ ရွိုက္ႀကီးတငင္ထငိုသည့္ ေကာင္ေလးေၾကာင့္ ထယ္ေယာင္း ပို၍ ရင္ထိတ္လာေတာ့သည္။

"သူ . . သူ . . နာျပဳ အစ္..ဟင့္.."

ရွိုက္သံေလးမ်ား ဆက္တိုက္ထြက္လာၿပီး စကား​ေတာင္ ေျဖာင့္ေအာင္ မေျပာနိုင္ေတာ့ေသာ ေကာင္ေလးဟာ ခႏၶာကိုယ္တစ္ခုလုံးသည္လည္း တသိမ့္သိမ့္ တုန္ယင္ေနရွာသည္။ ထယ္ေယာင္းသည္ ကိုယ္ငယ္ေလး၏ ပုခုံးႏွစ္ဖက္အား ဆုပ္ကိုင္လိုက္ၿပီးေနာက္။

"ကိုယ္စိတ္ပူလာၿပီ ဂ်ီမင္းရယ္
ဘာျဖစ္လာတာလဲကြာ"

"အင့္ . . ဟင့္ အစ္ကို႔"

ထိုအခိုက္ မည္သည့္စကားမွ ဆက္မဆိုေတာ့ဘဲ ရင္ခြင္ထဲသို႔ တိုးဝင္လာသည့္ ကိုယ္ငယ္ေလးဟာ သူ႕ခါးကိုပါ အားကိုးတႀကီး ဖက္တြယ္လာသည္ေၾကာင့္ ထယ္ေယာင္း မည္သည္မွ မေတြးနိုင္ေတာ့ဘဲ ကေလးငယ္အား ျပန္လည္ေထြးဖက္လိုက္၏။

ပိုပို က်ယ္ေလာင္လာေသာ ရွိုက္သံမ်ားသည္ သူ႕ႏွလုံးသားအား မြန္းၾကပ္ေစသည္။ ကေလးငယ္ဟာ သူ႕အား အတင္းဖက္တြယ္ထားသည့္တိုင္ အလြန္အမင္း တုန္ရီေနရွာသည္။ မ်က္ႏွာအပ္လို႔ထားေသာ သူ႕ရင္ဘက္တစ္ခုလုံးနီးပါးကိုေတာင္ စိုစြတ္လာေစသည္အထိ ရွိုက္ႀကီးတငင္င္ိုေႂကြးေနသည့္ ကေလးငယ္။

မငိုပါနဲ႕ဂ်ီမင္းရယ္ . .
ကိုယ္ရင္ေတြပူလြန္းလိုပါ

ထိုေန႕က petrichor ငယ္ေလးအား ေထြးပိုက္ရင္း ထယ္ေယာင္းသည္လည္း မ်က္ရည္က်ခဲ့ရ၏။

အႏွီအရာသည္ အခ်စ္ဟု ေခါင္းစဥ္တပ္ရန္ လုံေလာက္သည့္ အခ်က္မ်ားေလလား။

YIMMY

******

ကိုယ္အတင္းစိတ္ႏွစ္ထားေပမယ့္ အေရးအသားေၾကာင့္ ဖတ္ရတာေပါ့ေနမယ္ထင္တယ္။
ဒီအပိုင္းကႏွစ္ေယာက္သားရဲ႕ တစ္ေယာက္အေပၚတစ္ေယာက္ထားတဲ့စိတ္ကိုေပၚလြင္ေစခ်င္လို႔ပါ။

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

5.2K 865 7
ဟိုးရှေးရှေးတုန်းက အစချီ ဒ​ဏ္ဍာရီထဲက ပုံပြင်လေးဟာ ထာဝရတည်ရှိနေမှာဖြစ်ကြောင်း.....
33.5K 4.3K 17
ရာသီဥတုကဒီခ်စ္ျခင္းေမတၲာေလးကိုမူတည္တယ္ သူပူရင္ကြၽန္ေတာ္ပါပူရၿပီး သူေအးရင္ကြၽန္ေတာ္ပါေအးခ်မ္းရတာ... ခ်စ္ရတဲ့ေနြဦးေလးေရ မင္းအေပၚမွာကိုယ့္ကမ႓ာကမူတည္ၿပီး...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
242K 7.6K 29
Yuri wakes one morning in the bed of one Victor Nikiforov after getting drunk at a club the evening before. However, their one-night stand would not...