[[Completed]]ကောင်းကင်ဘုံသို့...

By MyTreasuresForYou

818K 148K 22.5K

Title - ေကာင္းကင္ဘုံသို႔ ႂကြလွမ္းစံျမန္းေနသည္၊ မေႏွာင့္ယွက္ရ။ ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်... More

မိတ်ဆက် / မိတ္ဆက္
အခန်း(၁) ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ် အခန္း(၁) ထူးဆန္းအံ့ၾသဖြယ္ျဖစ္ရပ္
အခန်း(၂) မုသား အခန္း(၂) မုသား
အခန်း (၃) ကျင့်ကြံခြင်းလောက အခန္း (၃) က်င့္ႀကံျခင္းေလာက
အခန်း (၄) နှစ်သစ်ကူးစာအိတ်နီ အခန္း (၄) ႏွစ္သစ္ကူးစာအိတ္နီ
အခန်း(၅) ဘရိုကိတ်အိတ် အခန္း(၅) ဘရိုကိတ္အိတ္
အခန်း(၆) ယွင်ဟွာဂိုဏ်း အခန္း(၆) ယြင္ဟြာဂိုဏ္း
ကျင့်ကြံခြင်းအဆင့်ကြီး (၁၀)ဆင့် က်င့္ႀကံျခင္းအဆင့္ႀကီး (၁၀)ဆင့္
အခန်း(၇) မိမိကိုယ်ကိုပိုင်နိုင်ယုံကြည်မှု အခန္း(၇) မိမိကိုယ္ကိုပိုင္ႏိုင္ယံုၾကည္
အခန်း(၈)တပည့်အဖြစ်လက်ခံပွဲအခမ်းအနား အခန္း(၈)တပၫ့္အျဖစ္လက္ခံပြဲအခမ္းအနား
အခန်း (၉) စမ်းသပ်မှု အခန္း (၉) စမ္းသပ္မႈ
အခန်း(၁၀) ခန္ဓာကိုယ်ထဲသို့ စွမ်းအင်သွင်းခြင်း အခန္း(၁၀) ခႏၶာကိုယ္ထဲသို႔ စြမ္းအင
အမည်နာမများနှင့် ဆက်စပ်ရှင်းလင်းချက်များ အမည္နာမမ်ားႏွင့္ ဆက္စပ္ရွင္းလင္းခ်က္မ်ာ
အခန်း(၁၁) ဝတ္ထုစာအုပ် အခန္း(၁၁) ဝတၳဳစာအုပ္
အခန္း(၁၂) အက်ိတ္အခဲစမ္းသပ္မႈ လြန္ေျမာက္ျခင္း
အခန်း (၁၃) အခြေခံပျိုးထောင်ခြင်း အခန္း (၁၃) အေျခခံပ်ိဳးေထာင္ျခင္း
အခန်း(၁၄) သူစိမ်းများ အခန္း(၁၄) သူစိမ္းမ်ား
အခန်း (၁၅) ယွိရှောင်းဂိုဏ်းက? အခန္း (၁၅) ယြိေရွာင္းဂိုဏ္းက?
အခန်း (၁၆) သတိပေးလိုက်ခြင်း အခန္း (၁၆) သတိေပးလိုက္ျခင္း
အခန်း(၁၇) ဤကား မမှန်ပါ။ အခန္း(၁၇) ဤကား မမွန္ပါ။
အခန္း (၁၈) စိတ္ေရာကိုယ္ပါေက်းဇူးတင္ရိွျခင္း
အခန်း (၁၉) စာအုပ်ငှားသွားခြင်း အခန္း (၁၉) စာအုပ္ငွားသြားျခင္း
အခန္း (၂၀) စိတ္နွင့္ခႏၶာမွန္ကန္မႈရိွျခင္း
အခန်း (၂၁) ဇာမဏီငှက်ခေါင်းကုန်းဟုံ အခန္း (၂၁) ဇာမဏီငွက္ေခါင္းကုန္းဟံု
အခန်း(၂၂) အတိတ် အခန္း(၂၂) အတိတ္
အခန်း(၂၃) ဂိုဏ်းသားအသစ်များ အခန္း(၂၃) ဂိုဏ္းသားအသစ္မ်ား
အခန်း (၂၄) တောင်မှထွက်ခွာခြင်း အခန္း (၂၄) ေတာင္မွထြက္ခြာျခင္း
အခန်း (၂၅) ဆေးပေးခြင်း အခန္း (၂၅) ေဆးေပးျခင္း
အခန်း (၂၆) ဂယက်ထခြင်း အခန္း (၂၆) ဂယက္ထျခင္း
အခန်း (၂၇) မြေးလေး အခန္း (၂၇) ေျမးေလး
အခန်း (၂၈) အကျင့်များ အခန္း (၂၈) အက်င့္မ်ား
အခန်း(၂၉) တရားခံ အခန္း(၂၉) တရားခံ
ဂိုဏ်းအမည်များနှင့် အထင်ကရအဖြစ်များ ဂိုဏ္းအမည္မ်ားႏွင့္ အထင္ကရအျဖစ္မ်ား
အခန်း (၃၀) ပြဿနာအသေးအဖွဲ့လေး အခန္း (၃၀) ျပႆနာအေသးအဖြဲ႔ေလး
အခန်း (၃၁) လက်ဆောင်ပစ္စည်း အခန္း (၃၁) လက္ေဆာင္ပစၥည္း
အခန်း (၃၂) သစ်ပင်အိမ် အခန္း (၃၂) သစ္ပင္အိိမ္
အခန်း (၃၃) သစ်တော အခန္း (၃၃) သစ္ေတာ
အခန်း (၃၄) မနာလိုဖြစ်နေသည်? အခန္း (၃၄) မနာလိုျဖစ္ေနသည္?
အခန်း (၃၅) အချစ်နှင့်အမုန်း အခန္း (၃၅) အခ်စ္နွင့္အမုန္း
အခန်း (၃၆) စိတ်အာရုံဘဝင်ခိုက်မိန်းမောမှု အခန္း (၃၆) စိတ္အာရံုဘဝင္ခိုက္မိန္းေမာမႈ
အခန်း (၃၇) အဓိပ္ပါယ်မရှိတာတွေ အခန္း (၃၇) အဓိပၸါယ္မရိွတာေတြ
အခန်း (၃၈) ညွှန်ကြားပြသပေးရန်တောင်းဆိုမှုအခန္း (၃၈) ညႊန္ၾကားျပသေပးရန္ေတာင္းဆိုမႈ
အခန်း (၃၉) အမှာပါးစာလွှာအင်း အခန္း (၃၉) အမွာပါးစာလႊာအင္း
အခန်း (၄၀) ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်ကျော်စောခြင်း
အခန်း (၄၁) လက်ဆောင်ပေးခြင်း အခန္း (၄၁) လက္ေဆာင္ေပးျခင္း
အခန်း (၄၂) ကုပေးမည်မဟုတ်ပါ။ အခန္း (၄၂) ကုေပးမည္မဟုတ္ပါ။
အခန်း (၄၃) ဆေး အခန္း (၄၃) ေဆး
အခန်း(၄၄) လက်ဆောင်ပြန်ပို့ခြင်း အခန္း(၄၄) လက္ေဆာင္ျပန္ပို႔ျခင္း
အခန်း (၄၅) စိတ်အေးအေးထားပါ အခန္း (၄၅) စိတ္ေအးေအးထားပါ
အခန်း (၄၆) အကျိတ်အခဲစမ်းသပ်မှုအိပ်မက် အခန္း (၄၆) အက်ိတ္အခဲစမ္းသပ္မႈအိပ္မက္
အခန်း (၄၇) စိတ်အာရုံအသက်သွင်းခြင်းအဆင့် အခန္း (၄၇) စိတ္အာရံုအသက္သြင္းျခင္းအဆင့္
အခန်း (၄၈) ယန့်မြို့တော် အခန္း (၄၈) ယန္႔ၿမိဳ႕ေတာ္
အခန်း (၄၉) လုပ်ကြံမှု အခန္း (၄၉) လုပ္ႀကံမႈ
အခန်း (၅၀) အလည်အပတ် အခန္း (၅၀) အလည္အပတ္
အခန်း (၅၁) ငါ့မိတ်ဆွေ အခန္း (၅၁) ငါ့မိတ္ေဆြ
အခန်း (၅၂) ပန်းပေါင်းတစ်ရာကပွဲသဘင် အခန္း (၅၂) ပန္းေပါင္းတစ္ရာကပြဲသဘင္
အခန်း (၅၃) အကောင်းဆုံး အခန္း (၅၃) အေကာင္းဆံုး
အခန်း (၅၄) ငါးဆားနယ် အခန္း (၅၄) ငါးဆားနယ္
အခန်း (၅၅) နန်းတော်ပျံ အခန္း (၅၅) နန္းေတာ္ပ်ံ
အခန်း (၅၆) ကံဆိုးမိုးမှောင်ကျမှု အခန္း (၅၆) ကံဆိုးမိုးေမွာင္က်မႈ
အခန်း (၅၇) မကောင်းဆိုးဝါး အခန္း (၅၇) မေကာင္းဆိုးဝါး
အခန်း (၅၈) စကားတည်ခြင်း အခန္း (၅၈) စကားတည္ျခင္း
အခန်း (၅၉) ဖုန်းမြို့တော် အခန္း (၅၉) ဖုန္းၿမိဳ႕ေတာ္
အခန်း (၆၀) အကာအကွယ်စည်း အခန္း (၆၀) အကာအကြယ္စည္း
အခန်း (၆၁) သတင်းပေးခြင်း အခန္း (၆၁) သတင္းေပးျခင္း
အခန်း (၆၂) အထင်မြင်လွဲမှားမူ အခန္း (၆၂) အထင္ျမင္လြဲမွားမူ
အခန္း (၆၃) အဘီဘြားဘြားႀကီး အခန္း (၆၃) အဘီဘြားဘြားႀကီး
အခန်း (၆၄) လျှို့ဝှက်နယ်မြေ အခန္း (၆၄) လွ်ိဳ႕ဝွက္နယ္ေျမ
အခန်း (၆၅) ဖိတ်ခေါ်ကမ်းလှမ်းခြင်း အခန္း (၆၅) ဖိတ္ေခၚကမ္းလွမ္းျခင္း
အခန်း (၆၆) လေးထောင့်ကျကျဦးခေါင်း အခန္း (၆၆) ေလးေထာင့္က်က်ဦးေခါင္း
အခန်း (၆၇) အလည်အပတ်သွားခြင်း အခန္း (၆၇) အလည္အပတ္သြားျခင္း
အခန်း (၆၈) ရွှီဖုန်း အခန္း (၆၈) ရႊီဖုန္း
အခန်း (၆၉) လက်ချော်သွားသည်။ အခန္း (၆၉) လက္ေခ်ာ္သြားသည္။
အခန္း (၇၀) ေလ့က်င့္ပါမ်ားလွ်င္ ျပည့္စံုလာသည္
အခန္း (၇၁) စၾကာဝဠာတူစုံယွဥ္တြဲက်င့္ႀကံျခင္း
အခန်း (၇၂) မြူ အခန္း (၇၂) ျမဴ
အခန္း (၇၃) နူးနူးညံ့ညံ့နွင့္ အစြမ္းထက္လွေသာ
အခန်း (၇၄) အိမ်တော်ရာ အခန္း (၇၄) အိမ္ေတာ္ရာ
အခန်း (၇၅) ရတနာသေတ္တာ အခန္း (၇၅) ရတနာေသတၱာ
အခန်း (၇၆) ခြိမ်းခြောက်မှု အခန္း (၇၆) ၿခိမ္းေျခာက္္မႈ
အခန်း (၇၇) ရေပန်းစားမှု အခန္း (၇၇) ေရပန္းစားမႈ
အခန်း (၇၈) ညှိုးနွမ်းခြောက်သွေ့ကုန်သည် အခန္း (၇၈) ညိႈးႏြမ္းေျခာက္ေသြ႔ကုန္သည္
အခန်း (၇၉) ဓားဒဏ်ရာ အခန္း (၇၉) ဓားဒဏ္ရာ
အခန်း (၈၀) ဖြေရှင်းသည် အခန္း (၈၀) ေျဖရွင္းသည္
အခန်း (၈၁) ထင်ယောင်ထင်မှားဖြစ်ခြင်း အခန္း (၈၁) ထင္ေယာင္ထင္မွားျဖစ္ျခင္း
အခန်း (၈၂) မဟုတ်ကဟုတ်က အခန္း (၈၂) မဟုတ္ကဟုတ္က
အခန်း (၈၃) အခါးရည်တိုက်ခြင်း အခန္း (၈၃) အခါးရည္တိုက္ျခင္း
အခန်း (၈၄) ကပ်ပါး အခန္း (၈၄) ကပ္ပါး
အခန်း (၈၅) တောင်းဆုပြုခြင်း အခန္း (၈၅) ေတာင္းဆုျပဳျခင္း
အခန်း (၈၆) နတ်မင်း အခန္း (၈၆) နတ္မင္း
အခန်း (၈၇) ကျန်းခံ့သာလို့မာပါရဲ့လား အခန္း (၈၇) က်န္းခံ့သာလို႔မာပါရဲ႕လား
အခန်း (၈၈) မသူတော်တရားကျင့်ကြံသူ အခန္း (၈၈) မသူေတာ္တရားက်င့္ႀကံသူ
အခန်း (၈၉) တောင်းပန်ခြင်းကို မလိုအပ်ပါ။ အခန္း (၈၉) ေတာင္းပန္ျခင္းကို မလိုအပ္ပါ။
အခန်း (၉၀) အချောလေးရယ်၊ နော်လို့ အခန္း (၉၀) အေခ်ာေလးရယ္၊ ေနာ္လို႔
အခန္း (၉၁) အခက္အခဲမ်ားၾကား ေပ်ာ္ရႊင္မႈကိုရွာေဖြျခင္း
အခန္း (၉၂) ဗုဒၶတရားေတာ္မ်ားနွင့္ ေရစက္မပါပါ
အခန်း (၉၃) ပြန်လည်မွေးဖွားခြင်း အခန္း (၉၃) ျပန္လည္ေမြးဖြားျခင္း
အခန်း (၉၄) ပေးဆပ်ရသည့်တန်ဖိုး အခန္း (၉၄) ေပးဆပ္ရသည့္တန္ဖိုး
အခန်း (၉၅) သူ ရှင့်ကိုမလိမ်ခဲ့ပါဘူး အခန္း (၉၅) သူ ရွင့္ကိုမလိမ္ခဲ့ပါဘူး
အခန်း (၉၆) အတူတူမြေမြုပ်သဂြိုဟ်ခြင်း အခန္း (၉၆) အတူတူေျမျမဳပ္သၿဂိဳဟ္ျခင္း
အခန်း (၉၇) စိတ်မဆိုးပါဘူး အခန္း (၉၇) စိတ္မဆိုးပါဘူး
အခန်း (၉၈) အရှက်အကြောက်တရား အခန္း (၉၈) အရွက္အေၾကာက္တရား
အခန်း(၉၉) အင်မတန်ထူးခြားသည်။ အခန္း(၉၉) အင္မတန္ထူးျခားသည္။
အခန်း(၁၀၀) အိမ်ပြန်လာခြင်း အခန္း(၁၀၀) အိမ္ျပန္လာျခင္း
အခန်း (၁၀၁) မဟုတ်ရပါ အခန္း (၁၀၁) မဟုတ္ရပါ
အခန်း (၁၀၂) အမှား အခန္း (၁၀၂) အမွား
အခန်း (၁၀၃) အလစ်သုတ်သလော အခန္း (၁၀၃) အလစ္သုတ္သေလာ
အခန်း (၁၀၄) နေရာမှားနေသည် အခန္း (၁၀၄) ေနရာမွားေနသည္
အခန်း (၁၀၅) အတူတူနေပေးပါ အခန္း (၁၀၅) အတူတူေနေပးပါ
အခန်း(၁၀၇) ရန်သူနှင့်ပူးပေါင်းခြင်း အခန္း(၁၀၇) ရန္သူနွင့္ပူးေပါင္းျခင္း
အခန်း(၁၀၈) လူများလက်ခံခြင်း အခန္း(၁၀၈) လူမ်ားလက္ခံျခင္း
အခန်း (၁၀၉) ပျော်ရွှင်မှု အခန္း (၁၀၉) ေပ်ာ္႐ႊင္မႈ
အခန္း (၁၁၀) နဂါးနွင့္ဇာမဏီ၊ ဖိုဓာတ္နွင့္မဓာတ္
အခန်း(၁၁၁) ရင်ဘတ်ကိုအုပ်လိုက်သည် အခန္း(၁၁၁) ရင္ဘတ္ကိုအုပ္လိုက္သည္
အခန်း(၁၁၂) စမ်းကြည့်ခြင်း အခန္း(၁၁၂) စမ္းၾကည့္ျခင္း
အခန်း(၁၁၃) အားလုံးက မကောင်းကြပါဘူး အခန္း(၁၁၃) အားလံုးက မေကာင္းၾကပါဘူး
အခန္း(၁၁၄) လူမသိသူမသိေလး အခန္း(၁၁၄) လူမသိသူမသိေလး
အခန်း(၁၁၅) နားလည်မှုလွဲခြင်း အခန္း(၁၁၅) နားလည္မႈလြဲျခင္း
အခန်း(၁၁၆) ပေါ်ပြီလေ အခန္း(၁၁၆) ေပၚၿပီေလ
အခန်း(၁၁၇) နှစ်ပေါင်းများစွာကြာခဲ့လေပြီ အခန္း(၁၁၇) နွစ္ေပါင္းမ်ားစြာၾကာခဲ့ေလၿပီ
အခန်း(၁၁၈) ယောင်းအမ အခန္း(၁၁၈) ေယာင္းအမ
အခန်း (၁၁၉) သတ္တဝါဆန်းထိန်းကြောင်းခြင်း အခန္း (၁၁၉) သတၱဝါဆန္းထိန္းေၾကာင္းျခင္း
အခန်း(၁၂၀) အချစ်စစ်လား အခန္း(၁၂၀) အခ်စ္စစ္လား
အခန်း (၁၂၁) ချစ်ဖို့ကောင်းသော အခန္း (၁၂၁) ခ်စ္ဖို႔ေကာင္းေသာ
အခန်း (၁၂၂) ဂုဏ်သရေရှိဧည့်သည်တော်များ အခန္း (၁၂၂) ဂုဏ္သေရရိွဧည့္သည္ေတာ္မ်ား
အခန်း (၁၂၃) ထွေးဖက်သည်။ အခန္း (၁၂၃) ေထြးဖက္သည္။
အခန်း (၁၂၄) ငွေရလာခြင်း အခန္း (၁၂၄) ေငြရလာျခင္း
အခန်း (၁၂၅) ကံတရား အခန္း (၁၂၅) ကံတရား
အခန်း(၁၂၆) စိတ်စွဲလမ်းမှုဥပါဒန် အခန္း(၁၂၆) စိတ္စြဲလမ္းမႈဥပါဒန္
အခန်း(၁၂၇) ပုလဲ အခန္း(၁၂၇) ပုလဲ
အခန်း (၁၂၈) သရော်ခြင်း အခန္း (၁၂၈) သေရာ္ျခင္္း
အခန်း (၁၂၉) နှီးနှောဖလှယ်ခြင်း အခန္း (၁၂၉) နွွီးေနွာဖလွယ္ျခင္း
အခန်း (၁၃၀) ဆွေးနွေးမှု အခန္း (၁၃၀) ေဆြးေႏြးမႈ
အခန်း (၁၃၁) ထောင်ဖောက်ခြင်း အခန္း (၁၃၁) ေထာင္ေဖာက္ျခင္း
အခန်း (၁၃၂) ပေါပေါပဲပဲ အခန္း (၁၃၂) ေပါေပါပဲပဲ
အခန်း (၁၃၃) ထင်ထားတဲ့အတိုင်း၊ မင်းပဲ အခန္း (၁၃၃) ထင္ထားတဲ့အတုိင္း၊ မင္းပဲ
အခန်း (၁၃၄) အပေါ်ရုံသင်္ကန်း အခန္း (၁၃၄) အေပၚရံုသကၤန္း
အခန်း (၁၃၅) သူမ အခန္း (၁၃၅) သူမ
အခန်း (၁၃၆) လမ်းစဉ်အဖော်မွန် အခန္း (၁၃၆) လမ္းစဥ္အေဖာ္္မြန္
အခန်း(၁၃၇) မသိစိတ်နတ်ဆိုး အခန္း(၁၃၇) မသိစိတ္နတ္ဆိုး
အခန်း(၁၃၈) ဂိုဏ်းသို့ပြန်ခြင်း အခန္း(၁၃၈) ဂိုဏ္းသို႔ျပန္ျခင္း
အခန္း(၁၃၉) ဆူဆူညံညံအသံမ်ားထဲ မ႑ပ္တိုင္တက္ျပျခင္း
အခန်း(၁၄၀) အသိအလိမ္မာမဲ့ခြင်း အခန္း(၁၄၀) အသိအလိမၼာမဲ့ျခင္း
အခန်း(၁၄၁) အထင်အမြင်လွဲမှားမှု အခန္း(၁၄၁) အထင္အျမင္လြဲမွားမႈ
အခန္း(၁၄၂) သမီးသူ႔ကို ဂုဏ္ပုဒ္ေလးတစ္ခုေပးခ်င္လို႔ပါ
အခန္း (၁၄၃) မင္းျပန္လာမွာကို ေစာင့္ေနမယ္
အခန်း (၁၄၄) လက်ထပ်မင်္ဂလာပြုခြင်း အခန္း (၁၄၄) လက္ထပ္မဂၤလာျပဳျခင္း
အခန္း (၁၄၅) ကၽြန္မတို႔က တကယ္ကိုေရစက္ပါၾကတာပဲ
အခန်း (၁၄၆) နဂါးလား အခန္း (၁၄၆) နဂါးလား
အခန်း (၁၄၇) သာမန်လေ အခန္း (၁၄၇) သာမန္ေလ
အခန်း (၁၄၈) နဂါးစွမ်းအင် အခန္း (၁၄၈) နဂါးစြမ္းအင္
အခန္း (၁၄၉) ေမွ်ာ္လင့္ခ်က္ပ်က္သုဥ္းသြားရၿပီေလာ
အခန်း (၁၅၀) ညမိုးချုပ်နေပြီ အခန္း (၁၅၀) ညမိုးခ်ဳပ္ေနၿပီ
အခန်း (၁၅၁) ရူးကြောင်မူးကြောင်အ ခန္း (၁၅၁) ရူးေၾကာင္မူးေၾကာင္
အခန်း (၁၅၂) စည်းစိမ်များထုတ်ကြွားခြင်း အခန္း (၁၅၂) စည္းစိမ္မ်ားထုတ္ၾကြားျခင္း
အခန်း (၁၅၃) နောက်ဆုံးတော့ အခန္း (၁၅၃) ေနာက္ဆံုးေတာ့
အခန်း (၁၅၄) ရယ်စရာကောင်းသည် အခန္း (၁၅၄) ရယ္စရာေကာင္းသည္
အခန်း (၁၅၅) ကျားမြွေနဂါးသတ္တဝါဆန်း အခန္း (၁၅၅) က်ားေျမြနဂါးသတၱဝါဆန္း
အခန္း(၁၅၆) ေကာင္းကင္ဘံုသို႔ၾကြလွမ္းစံျမန္းေနသည္၊ မေနွာင့္ယွက္ရ။
အခန္း (၁၅၇) အခန္းပို - ငါးဆားနယ္ဦးေလးႀကီးက ပံုျပင္ေျပာျပသည္။
အခန္း (၁၅၈) အခန္းပို - ေပ်ာ္ရႊင္ခ်မ္းေျမ့မႈ
အမှတ်တရလေးများ အမွတ္တရေလးမ်ား

အခန်း(၁၀၆) အရှက်ရခြင်း အခန္း(၁၀၆) အရွက္ရျခင္း

4K 857 210
By MyTreasuresForYou

[Unicode]

"ရှင့်မှာအခြား ကြိုတင်စီစဉ်ထားတာတွေရှိနေလို့ရှိရင်၊ ကျွန်မမပြောခဲ့ဘူးလို့ပဲ..."

"အဆင်ပြေပါတယ်" ဟွမ်ကျုံးက သူမကိုကြည့်လာသည်။ "(၁)နှစ်၊ (၂)နှစ်ဆိုရင်တောင်မှ၊ အဆင်ပြေပါတယ်"

ကုန်းဟုံတစ်ယောက် ကြောင်အမ်းအမ်းဖြစ်လို့သွားသည်။ တအောင့်မျှကြာသော် သူမက မျက်နှာကိုအုပ်လိုက်တော့၏။ ဟွမ်ကျုံးက သူမအား ဤကဲ့သို့ကြည့်လိုက်သည့်အချိန်ဆိုလျှင် သူမကိုယ်သူမ သူ၏ကမ္ဘာကြီးတစ်ခုလုံးဟု ခံစားလိုက်ရပေလိမ့်မည်။

"အရမ်းအကြာကြီးတော့မလိုပါဘူး" ကုန်းဟုံက ဆရာမှ သူမအား တောင်ပေါ်တွင် မည်မျှပင်ကျင့်ကြံအားထုတ်စေချင်နေကြောင်းနှင့် သူတို့နှစ်ယောက်အတူတူတွဲလျက်ကျင့်ကြံအားထုတ်ကြလျှင် ပို၍ဖြစ်ဖြစ်မြောက်မြောက်ရှိမည်ဟု သူမခံစားမိကြောင်းပါ ဟွမ်ကျုံးအားပြောပြလိုက်သည်။

"ဒါကောင်းတာပေါ့" ဟွမ်ကျုံးကပြောလေသည်။ "ငါက ပျင်းစရာကောင်းပြီး အထီးကျန်နေတဲ့လူတစ်ယောက်ပဲဟာ။ မင်းသာအတူတွဲပြီးရှိမနေပေးရင် နေရာတွေအားလုံးက အတူတူပဲ"

"ရှင်ကတော့လေ ဘယ်နှယ့်လုပ် ဒီလိုမျိုးတွေးပစ်လိုက်နိုင်ရတာလဲ" ကုန်းဟုံက လက်မခံချေ။ "ရှင်က အားလုံးကောင်းပါတယ်နော်"

ဟွမ်ကျုံးက တစ်ခုခုပြောလိုသော်လည်း ရပ်လိုက်၏။ ထို့နောက် သူက "မင်းသာ ငါနဲ့စကြာဝဠာတူစုံယှဉ်တွဲကျင့်ကြံဖို့ အတူတူတွဲနေပေးမယ်ဆိုရင်၊ ငါ့ရဲ့စိတ်စွမ်းအင်သွေးကြောလည်း ပိုပြီးပြန်ကောင်းလာမှာပဲ"

"ဒါဆိုရင် ရှင်အဲ့ဒီဆေးတွေမလိုဘဲ လုံးဝပြန်ကောင်းလာမှာလား" ကုန်းဟုံ၏မျက်လုံးများတလက်လက်တောက်ပလို့လာသည်။ သူမလှည့်လျက် အနောက်ပြန်လျှောက်လိုက်ကာ ဟွမ်ကျုံးကိုပြောလေ၏။ "သူတို့အားလုံးပြောကြတာတော့ ရှင်က ရှားပါးပါရမီရှင်တစ်ယောက်တဲ့။ ရှင့်ရဲ့စိတ်စွမ်းအင်သွေးကြောသာ လုံးဝပြန်ကောင်းလာလို့ရှိရင်၊ ရှင်စိတ်အာရုံအသွင်ကွဲပြားသွားခြင်းအဆင့်ကနေ စိတ်အာရုံမြင်ကွင်းထူးအဆင့်ကိုဖြတ်သန်းရောက်ရှိသွားမှာလားဟင်"

"အူကြောင်ကြောင်ကောင်မလေး၊ အဲ့ဒါက ဒီလောက်အရမ်းကြီးလွယ်မနေပါဘူးကွာ" ဟွမ်ကျုံးက ရယ်မောလိုက်သည်။ သူမခမျာ သူနှင့်စကားပြောရာတွင်စိတ်နစ်ဝင်နေသဖြင့် သတိမထားမိဘဲ သစ်ပင်တစ်ပင်နှင့်သွားဆောင့်မိတော့မည်ဖြစ်ကြောင်း မြင်သွားကာ သူမလက်ကို လှမ်းဆုပ်ကိုင်လျက် သူ့ဘက်သို့ဆွဲလိုက်သည်။ "သတိထား"

"အမ်" ကုန်းဟုံလှည့်လိုက်သည့်အခါ သစ်ပင်ပင်စည်တစ်ခုကို မြင်လိုက်ရ၏။ သူမက ကျိုးကျိုးနွံနွံလေးရပ်နေလျက် အနောက်ပြန်ကြီးထပ်မလျှောက်ဝံ့တော့ချေ။

အနီးအနားရှိလမ်းကြောင်းပေါ်တွင်ရှိနေကြသော အခြားဂိုဏ်းများမှဂိုဏ်းသားအချို့ဟာ ထိုမြင်ကွင်းကိုမြင်သွားကြသည်။ ထို့နောက် တိတ်တဆိတ်လေး ခြေလှမ်းအနည်းငယ်မျှပြန်ဆုတ်သွားကြကာ မည်သည်ကိုမျှ မမြင်လိုက်သယောင်ဟန်ဆောင်နေလိုက်ကြ၏။ လျှိုကွမ်းဂိုဏ်းမှ ယွင်ဟွာဂိုဏ်းသို့ ကြုံလျှင်ကြုံသလိုလက်ဆောင်များပေးပို့ရခြင်းအား နှစ်သက်သဘောကျနေခြင်းမှာ အထူးအဆန်းတော့မဟုတ်ချေ။ အကြောင်းမှာမူ သူတို့၏ဂိုဏ်းသားများဟာ မေတ္တာမျှနေကြသောကြောင့်ပင်။

ဤကဲ့သို့သောကိစ္စမျိုးဖြစ်လိမ့်မည်မှန်းသာ သူတို့သိခဲ့လျှင် ထိုနေရာသို့ဦးတည်၍ သူတို့သွားခဲ့ကြလိမ့်မည် မဟုတ်ပါ။ ထိုသို့ဆိုလျှင် အနေရခက်သည့်ကိုးရိုးကားယားအခြေအနေကြီးအား ရှောင်ရှားပြီးသားဖြစ်သွားပေလိမ့်မည်။

ဤဂိုဏ်းသားနှစ်ယောက်အတူတူရှိသွားကြသည့်အပေါ် နတ်မိမယ်ကုန်းဟုံအား သူမ၏ကြီးမြတ်မှုကြီးအတွက် ချီးမြှောက်ရမည်လော၊ စိတ်စွမ်းအင်အရှင်သခင်ဟွမ်ကျုံးကို ချီးမြှောက်ရမည်လောပင် သူတို့မသိတော့ချေ။

ယွင်ဟွာဂိုဏ်းရှိမျိုးဆက်(၃)ဆက်လုံးတွင် မည်သူတစ်ဦးတစ်ယောက်မျှ လက်ထပ်မင်္ဂလာမပြုဖြစ်ခဲ့ကြချေ။ သို့သော် စိတ်စွမ်းအင်အရှင်သခင်ဟွမ်ကျုံးက ယွင်ဟွာဂိုဏ်းမှ အမျိုးသမီးဂိုဏ်းသားတစ်ယောက်အား သူနှင့်ချစ်ကျွမ်းဝင်မိသွားအောင်လုပ်နိုင်ခဲ့သည်။ ဤကား မည်သို့သောအရည်အချင်းကြီးနည်း။

လျှိုကွမ်းဂိုဏ်းမှဓားသမားကျင့်ကြံသူများဟာ လွယ်လင့်တကူချစ်ကျွမ်းမဝင်ခဲ့ကြပေ။ သူတို့အကြီးကျယ်အပြောင်မြောက်ဆုံးချစ်ရသည့်အရာမှာ သူတို့၏ဓားများဖြစ်၏။ သို့သော် နတ်မိမယ်ကုန်းဟုံက သူ့အား သူ့ဓားကိုမေ့လျက် သူမအပေါ်တွင်သာလုံးလုံးအာရုံစိုက်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ဤကား မည်သို့သောအရည်အချင်းကြီးနည်း။

ထိုဂိုဏ်းသားများထွက်ခွာသွားပြီးနောက်ရက်အနည်းငယ်ကြာသည့်အခါ စိတ်စွမ်းအင်အရှင်သခင်ဟွမ်ကျုံးနှင့် နတ်မိမယ်ကုန်းဟုံတို့ တွဲနေကြသည်ဟူသော ကောလာဟလမှာ ပျံ့နှံ့လို့သွားတော့သည်။ ထိုကောလာဟလအား လူပေါင်းမြောက်မြားစွာသိရှိသွားကြ၏။ ပတ်သက်သူနှစ်ယောက်နှင့် ယွင်ဟွာဂိုဏ်းသာလျှင် မသိကြချေ။

ကြည့်ရသည်မှာမူ အတင်းအဖျင်းတစ်ခုကား ပါဝင်ပတ်သက်သူများထံသို့ မရောက်သင့်ဟူသော စည်းမျဉ်းအား လူတိုင်းနားလည်သဘောပေါက်လျက် သူတို့၏ကိုယ်ပိုင်အတွေးများကို ကောင်းစွာထိန်းသိမ်းထားကြသည့်ပုံပင်။

###

အခမ်းအနားပြီးသွားသည့်အခါ ဂိုဏ်းပေါင်းများစွာမှဧည့်သည်တော်များဟာ နှုတ်ဆက်စကားများဆိုလာခဲ့ကြသည်။ ဧည့်သည်တော်များကို ဆက်လက်ခေါ်ထားရန်မဖြစ်နိုင်ကြောင်း ယွင်ဟွာဂိုဏ်းမှ သိနားလည်သဖြင့် နှုတ်ဆက်သည့်စားသောက်ပွဲအခမ်းအနား ကျင်းပခဲ့လေသည်။ ဂိုဏ်းများမှ ဧည့်သည်တော်များအားလုံးနီးပါး တက်ရောက်ကြသည်။ ယွင်ဟွာဂိုဏ်းမှ စားသောက်ပွဲများဟာ လူတိုင်းအတွက်အလွန်ဆွဲဆောင်မှုရှိကြောင်း မြင်နိုင်ပါ၏။

စားသောက်ပြီးသွားကြသည့်အခါ ဟန်ယန့်က "အားလုံး အဝေးကြီးကနေလာခဲ့ကြရတာပဲ။ ဒီလူမှာ ပြန်ပေးစရာ ကောင်းကောင်းမွန်မွန်တော့ ဘာမှမရှိပါဘူး။ ကျွန်တော်တို့တွေ တိုက်တိုက်ဆိုင်ဆိုင် ပျောက်ဆုံးနေတဲ့ ဓားကျမ်းတစ်ခုရထားကြတာရှိတယ်။ ဒီအညတရဂိုဏ်းနဲ့ လျှိုကွမ်းဂိုဏ်းတို့က ဒါကိုစစ်ဆေးကြည့်ခဲ့ပြီး ဒီဓားကျမ်းနဲ့ပတ်သက်လို့ မှားယွင်းနေတာမရှိကြောင်း အတည်ပြုခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အဲ့ဒီဟာကို စာအုပ်အနေနဲ့ထုတ်ထားကြပါတယ်။ အားလုံးစိတ်ထဲ မငြိုငြင်ဘူးဆိုရင်တော့ ခင်ဗျားတို့နဲ့အတူ တစ်စုံဆီယူသွားလို့ရပါတယ်ခင်ဗျာ"

သူစကားဆုံးသည်နှင့် ဂိုဏ်းသားတစ်ယောက်က စာအုပ်ပုံကြီးအထပ်လိုက်ဖြင့် ထွက်လာလေသည်။ ဝုချွမ်းက ဂိုဏ်းတိုင်း၏ကိုယ်စားပြုများကို စာအုပ်တစ်အုပ်စီပေးလိုက်သည်။

"မိုး၊မြေတို့၏ဓား?" လင်ယွဲ့က စာအုပ်ကိုလက်ခံရရှိလေသည်။ အဖုံးပေါ်မှ စာလုံး(၄)လုံးကိုကြည့်ကာ သူမမျက်လုံးကို သူမမယုံနိုင်လုနီးနီးဖြစ်ခဲ့ရသည်။ ထိုသို့ဆိုစေကာမူ သူမဟာ မျက်တောင်ပင်မခတ်ဝံ့ဘဲ စာအုပ်အား ဖြည်းဖြည်းချင်းဖွင့်လိုက်သေး၏။

ပါဝင်သည့်အကြောင်းအရာများက စစ်မှန်လေသည်။ ထိုကျမ်းကိုပြုစုခဲ့သူမှာ ဓားရေးတွင်အင်မတန်ပိုင်နိုင်လှသူဖြစ်ကြောင်း မြင်နိုင်လေ၏။

'မိုးမြေတို့၏ဓား'မှာ လွန်ခဲ့သည့်အနှစ်(၁,၀၀၀)က နာမည်ကျော်ကြားခဲ့သော ဓားကျမ်းတစ်ခုဖြစ်၏။ ပြောကြသည့်အတိုင်းဆိုလျှင် ဤဓားကျမ်းအားသိရှိခဲ့သည့််နောက်ဆုံးသောကျင့်ကြံသူမှာ ကောင်းကင်ဘုံသို့ကြွမြန်းသွားနှင့်ပြီးလေပြီ။ နောက်ပိုင်း၌ လူအများက ထို'မိုးမြေတို့၏ဓား'ထဲမှ အကြောင်းအရာများကို ပြန်ဖော်ထုတ်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ သို့သော် အဆုံးသတ်တွင်မူ သူတို့တွင်ရှိသည့်အကြောင်းအရာများမှာ မလုံလောက်သည့်အတွက် လက်သာလျော့ခဲ့ကြရလေသည်။

ဤနှစ်များအတွင်း 'မိုးမြေတို့၏ဓား'နှင့်ပတ်သက်သည့် ကောလာဟလများမှာ အခါအားလျော်စွာ ပေါ်ထွက်လာတတ်သည်။ ယနေ့တွင် လူတစ်ယောက်က 'မိုးမြေတို့၏ဓား'ဖြစ်နိုင်ချေရှိသော လျှို့ဝှက်ဓားကျမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ မနက်ဖြန်တွင် ထိုအရည်အသွေးကိုဆက်ခံနိုင်သူပေါ်ထွက်လာခဲ့သည်။ သို့သော် ထိုကောလာဟလများအားလုံး၏ အဆုံးသတ်အနှစ်ချုပ်မှာမူ သူတို့အားလုံးဟာ အတုအယောင်များသာ ဖြစ်နေခဲ့၏။

ယခုအခါ ယွင်ဟွာဂိုဏ်းမှ ဤဓားကျမ်းကိုရရှိခဲ့လျက် စာအုပ်များအဖြစ်ရိုက်နှိပ်ထုတ်ဝေကာ အဆင့်မြင့်ဂိုဏ်းကြီးများသို့ ပို့ခဲ့သည်။ သူတို့အား အကျင့်သီလနှင့်ပြည့်စုံသူများဟု ဆိုနိုင်ပေမည်။ လက်ရှိရှိနေကြသည့်ဓားရေးကျင့်ကြံသူမဟုတ်ကြသူများပင်လျှင် ယွင်ဟွာဂိုဏ်းအား အလွန်ကျေးဇူးတင်ရှိမိကြ၏။

ရွှမ်းချင်းက 'မိုးမြေတို့၏ဓား' ကိုကိုင်လျက် စိတ်ရှုပ်ထွေးလို့နေသည်။ ယွမ်းကျီဂိုဏ်း၏ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့်အားလျော်စွာ သူ၏အကြီးမားဆုံးသောစိတ်ကူးအိမ်မက်မှာ ယွမ်းကျီဂိုဏ်းအား အဆင့်မြင့်ဂိုဏ်းကြီး(၁၀)ထဲသို့ တွန်းတင်ရန်ပင်ဖြစ်၏။ သူငယ်ရွယ်စဉ်အခါက ဂိုဏ်းထဲမှအကြီးအကဲများ ထိုဓားကျမ်းအကြောင်းပြောသည်ကို သူကြားခဲ့ရဖူးပါသည်။ အကြီးအကဲများပြောသည့်အတိုင်းဆိုလျှင် ဤဓားကျမ်းမှာ အစွမ်းထက်လျက် လျှို့ဝှက်နက်နဲလှသည်။ ဓားသမားကျင့်ကြံသူတစ်ယောက်သာ ဤဓားကျမ်းကို လေ့လာသင်ယူခဲ့လျှင် သူတို့၏အစွမ်းမှာ ကြီးကြီးမားမားတိုးတက်လာလျက် ကောင်းကင်ဘုံသို့ကြွလှမ်းနိုင်မည့်အခွင့်အရေးတစ်ခုရှာတွေ့ရန် အခွင့်ကြုံလာပေလိမ့်မည်။

ဤစကားများက သူ့အား 'မိုးမြေတို့၏ဓား'အပေါ် စိတ်ကူးယဉ်အိပ်မက်အချို့ဖြစ်တည်စေခဲ့သည်။ သို့သော် သူစိတ်ကူးယဉ်အိပ်မက်မက်နေခဲ့သည့် ထိုလျှို့ဝှက်ဓားကျမ်းအား ယွင်ဟွာဂိုဏ်းဆီမှရလာလိမ့်မည်ဟု သူတွေးပင်မတွေးမိခဲ့ပါ။

တစ်စုံတစ်ယောက်ဆီမှ တစ်ခုခုယူလိုက်လျှင်... သင်ဟာ သူတို့အပေါ် အကြွေးတင်လို့သွား၏။

###

စားသောက်ပွဲပြီးသွားသည့်အခါ အားလုံးက သူတို့တည်းခိုသည့်နေရာသို့ပြန်လျက် မနက်ဖြန်မနက်ထွက်ခွာရန် ပြင်ဆင်ကြလေသည်။ လျှိုကွမ်းဂိုဏ်းမှတောင်သခင်တစ်ယောက်ဖြစ်သည့်အားလျော်စွာ စုန်းဟယ်ဟာ ဂိုဏ်းသားများအား ဝန်စည်စလယ်များ ထုပ်ပိုးသိမ်းဆည်းရန် အစီအစဉ်ချပေးနေစဉ် သူ့ဂိုဏ်းတူတူလေး၏မျက်နှာကို အကဲခတ်လိုက်မိသည်။

သူ့ကြည့်ရသည်မှာ ပုံမှန်အတိုင်းနေနေလျက် ထုပ်ပိုးပြင်ဆင်မည့်ပုံပင်မပေါ်ပေ။ မိန်းကလေးကုန်းဟုံနှင့် မခွဲနိုင်မခွာရက်ဖြစ်နေပုံရ၏။

"ဂိုဏ်းတူညီလေး၊ မင်းအခုချိန်မှာ ထုပ်ပိုးမထားဘူးဆိုရင် မနက်ဖြန်ကျ ပျာယာခတ်နေရလိမ့်မယ်" ချန်းဟိုင်က စုန်းဟယ်ကိုကူညီထုပ်ပိုးပေးကာ သူ့အတွက်သူလည်း ထုပ်ပိုးသိမ်းဆည်းလို့နေသည်။ "မင်း မိန်းကလေးကုန်းဟုံနဲ့ မခွဲချင်မှန်းကို ငါသိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက မကြာခင်မှာ ဖြေရှင်းလို့ရဦးမှာမဟုတ်ဘူး။ ငါတို့နဲ့ဂိုဏ်းကိုပြန်လိုက်ခဲ့ရင်ရော၊ ပြီးတော့ သူတို့တွေနောက်နှစ်ကျ လျှိုကွမ်းဂိုဏ်းမှာ ညီလာခံလာတက်တဲ့အခါကျမှ ငါတို့တွေ နောက်တစ်ခါထပ်ပြီးဆွေးနွေးကြည့်လို့ရတာပဲဟာ"

"ဆရာဦးလေး၊ ဂိုဏ်းတူအစ်ကိုချန်းဟိုင်၊ ကျွန်တော် ပြန်မလိုက်တော့ဘူး" ဟွမ်ကျုံးက ကျင့်ကြံအားထုတ်သည့်ဖျာပေါ်တွင် ကြော့ကြော့မော့မော့လေးထိုင်ချလိုက်ကာ လက်ထဲတွင် အခါးရည်ခွက်တစ်ခွက်ကို လှည့်လို့နေသည်။ "ကျွန်တော် လင်ဟူကိုတော့ ပြန်ထည့်လိုက်မယ်"

"မင်းမပြန်ဘူးဆိုတော့၊ ယွင်ဟွာဂိုဏ်းအနီးအနားပတ်လည်မှာပဲ တစ်သက်လုံး ယောင်ပေပေလုပ်နေတော့မလိုလား" သူ့ဂိုဏ်းတူညီလေးတွင် ဤကဲ့သို့သောအတွေးမျိုးရှိနေလိမ့်မည်ဟု ချန်းဟိုင် မျှော်လင့်မထားမိခဲ့ချေ။ လွန်ခဲ့သည့်ရက်အနည်းငယ်က လမ်းစဉ်အဆွေတော်ချန်ယိ၏ စိတ်အာရုံရုပ်လုံးဖော်ခြင်းအဆင့် အောင်ပွဲခံအခမ်းအနားတွင်  မိန်းကလေးကုန်းဟုံဘေး ဂိုဏ်းတူညီလေးဖြစ်သူ မည်သို့မည်ပုံသွားရပ်ခဲ့ကြောင်း ပြန်တွေးမိလိုက်ကာ သူကလိမ္မာပါးနပ်စွာဖြင့် စကားဆိုလိုက်သည်။ "အရမ်းကြီးမသိသာစေနဲ့ဦး။ ယွင်ဟွာဂိုဏ်းသာ ဒေါသပုန်ထသွားလို့ရှိရင်..." လျှိုကွမ်းဂိုဏ်းပင်လျှင် အသက်မဆက်နိုင်မှာ သူစိုးမိလေ၏။

"ဂိုဏ်းတူအစ်ကိုတော့ အထင်လွဲနေပြီ" ဟွမ်ကျုံးက အခါးရည်ခွက်ကိုချလိုက်ကာ ချန်းဟိုင်အားပြုံးပြလိုက်၏။ "မိန်းကလေးကုန်းဟုံက ဒီနှစ်ဝက်မှာ သူမနဲ့အတူ စကြာဝဠာတူစုံယှဉ်တွဲကျင့်ကြံဖို့ ကျွန်တော့ကို ဖိတ်ကြားခဲ့တာ။ ကျွန်တော်က သဘောတူလိုက်တယ်"

ချန်းဟိုင် "..."

သူ့မျက်လုံးများ တစ်ခုခုမှားယွင်းကုန်ကြပြီလော။ သူ့ဂိုဏ်းတူညီလေး၌ ဤကဲ့သို့သော ကိုယ့်ကိုကိုယ်ဟုတ်လှပြီအထင်နှင့် ဘဝင်ခိုက်နေသည့်အပြုံးကြီးမျိုး အဘယ်ကြောင့် ဖြစ်နေရပါသနည်း။

ဤကားစကြာဝဠာတူစုံယှဉ်တွဲကျင့်ကြံခြင်းသာဖြစ်၏။ တူစုံယှဉ်တွဲကျင့်ကြံခြင်းမဟုတ်ပါ။ သူ့အနေဖြင့် ထိုမျှအလွန်အမင်းဘဝင်ခိုက်နေရန် လိုပါသလော။ ချန်းဟိုင်ဟာ ဟွမ်ကျုံး၏စိတ်ဓာတ်လေးကို ကျဆင်းသွားရအောင် မလုပ်လိုက်တော့ဘဲ မေးသာမေးလိုက်တော့သည်။ "မင်းယွင်ဟွာတောင်မှာ ဘယ်လောက်ကြာအောင်နေမှာလဲ"

"နောက်နှစ် ညီလာခံကြီး တရားဝင်မစခင် ကျွန်တော်ပြန်လာခဲ့ပါ့မယ်" ဟွမ်ကျုံးက မတ်တပ်ရပ်လျက် စုန်းဟယ်နှင့်ချန်းဟိုင်တို့အား ဦးညွှတ်အရိုအသေပေးလိုက်သည်။ "ဆရာဦးလေး၊ ဂိုဏ်းတူအစ်ကို၊ ကျေးဇူးပြုပြီး ကျွန်တော့ဆရာကို ဒီကိစ္စပြောပေးကြပါခင်ဗျာ"

"မင်းဆရာကို ဒီကိစ္စ လောလောဆယ် မပြောပြနိုင်သေးမှာဘဲ ငါတော့စိုးရိမ်မိတာ" စုန်းဟယ်က ပြောလာသည်။ "မင်းနဲ့မိန်းကလေးကုန်းဟုံတို့ စကြာဝဠာတူစုံယှဉ်တွဲကျင့်ကြံအားထုတ်နိုင်သွားကတည်းက ဂိုဏ်းချုပ်ရဲ့စိတ်အခြေအနေဟာ မြန်မြန်ဆန်ဆန်ကြီး ပွင့်လန်းသွားခဲ့တာ။ ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားခဲ့တယ်။ မင်းပြန်လာခဲ့အခါကျရင် မင်းဆရာက စိတ်အာရုံမြင်ကွင်းထူးအဆင့်ကို ရောက်ချင်ရင်တောင်ရောက်နေလောက်ပြီ"

ကျင်းယွဲ့ဟာ စိတ်အာရုံအသွင်ကွဲပြားသွားခြင်းအဆင့်တွင် တန့်နေခဲ့သည်မှာ ရာစုနှစ်(၄)ခုရှိလေပြီ။ ဤတစ်ခေါက် သူဟာရုတ်တရက်ကြီးအချို့အချို့သောကိစ္စများကို သဘောပေါက်နားလည်သွားခဲ့သည်။ ထို့နောက် သူ့စိတ်အခြေအနေမှာ ပြောင်းလဲသွားခဲ့၏။ ဤအချိန်မှာ အဆင့်ကြားအတားအဆီးကို ဖြတ်ကျော်ဖို့ကြိုးစားရန် အချိန်ကောင်းတစ်ခုဖြစ်လေသည်။

ကျုံ့ရှီတစ်ယောက် ဂိုဏ်းချုပ်၏တပည့်ဖြစ်လာသည့်အချိန်၌ ဂိုဏ်းချုပ်တွင် စိတ်အာရုံအသွင်ကွဲပြားသွားခြင်းအဆင့် ကျင့်ကြံခြင်းအစွမ်းရှိနေခဲ့သည်။ ယခုအခါ ကျုံ့ရှီဟာ စိတ်အာရုံအသွင်ကွဲပြားသွားခြင်းအဆင့်ကို ရောက်နှင့်နေပြီဖြစ်သော်လည်း ဂိုဏ်းချုပ်မှာမူ နဂိုအတိုင်းသာ ရှိနေဆဲဖြစ်၏။ လျှိုကွမ်းဂိုဏ်းအပေါ်မနာလိုကြသည့်အချို့လူများက ဤကိစ္စအတွက် ဂိုဏ်းချုပ်၏နောက်ကွယ်တွင် လှောင်ပြောင်ရယ်မောကြလေသည်။ ကံကောင်းထောက်မစွာဖြင့် ဂိုဏ်းချုပ်မှာ သူ့ဂုဏ်သတင်းအား အရေးစိုက်နေသူတစ်ယောက်မဟုတ်ခဲ့ပေ။ သူက ထိုသူများကို လျစ်လျှူရှုထားခဲ့သည်။ ထိုသို့မဟုတ်ပါက ဤကိစ္စအသေးအမွှားလေးများက ဆရာနှင့်တပည့်ကြားရှိ ယုံကြည်မှုများကို အကျိုးသက်ရောက်စေမှာပင် သူစိုးရိမ်မိသေး၏။

"ကျွန်တော်ကတော့ ဆရာ့ကို စိတ်ဓာတ်ကျအောင်လုပ်ခဲ့မိတာပဲ" ဟွမ်ကျုံးက သက်ပြင်းချလိုက်သည်။ ဆရာသာ ဤနှစ်များအတွင်း ဆရာ့စွမ်းအင်များအားလုံးကို သူ့အားဖြည့်ဆည်းပေးရန်အတွက်သာ ပုံအောမထားခဲ့ဘူးဆိုလျှင် စိတ်အာရုံအသက်သွင်းခြင်းအဆင့်၌ ထိုမျှကြာရှည်လွန်းစွာနေနေရလိမ့်မည်လော။

ဆရာဟာ သူ့အား သွန်သင်ညွှန်ကြား၊ ပျိုးထောင်ရသည့်အတွက် ခဲခက်သည့်အချိန်များရှိခဲ့လေသည်။ သို့သော် သူ့စိတ်အာရုံအခြေအနေနှင့်စိတ်စွမ်းအင်သွေးကြောတို့တွင် ပြဿနာများရှိခဲ့သည့်အတွက် ဆရာ့အား ပို၍ပင်စိတ်ပူပန်စေခဲ့သေးသည်။ ယခုမူ နောက်ဆုံးတွင် ဆရာ ဤအခက်အခဲမှကျော်လွန်နိုင်ခဲ့လေပြီ။ ဟွမ်ကျုံးစိတ်ထဲ ဝမ်းသာပျော်ရွှင်မှုနှင့် အပြစ်မကင်းမှုတို့ နှစ်မျိုးစလုံးခံစားလို့နေရ၏။

"မင်းကဖြင့် အသက်(၃၀၀)ကျော်ပဲရှိသေးတဲ့ဟာကို__ ဘာကိစ္စ ဒီလိုမျိုးတွေးနေရတာတုန်း" စုန်းဟယ်က ပြောလာသည်။ "ဟိုးတုန်းက ဂိုဏ်းတူအစ်ကိုရဲ့ကျင့်ကြံခြင်းအစွမ်းတွေ တန့်သွားခဲ့ရတာ မင်းကို ပျိုးထောင်ခဲ့ရလို့မဟုတ်ဘူး။ သူ့ကျင့်ကြံခြင်းအစွမ်းက ပိတ်ဆို့ပြီးတန့်နေတဲ့အနေအထားတစ်ခုကိုရောက်နေမှန်း တွေ့ပြီးသွားမှ မင်းကိုဂိုဏ်းဆီတပည့်တစ်ယောက်အနေနဲ့ပြန်ခေါ်လာခဲ့တဲ့အချိန်နဲ့ ကြုံခဲ့ရတာ

"မင်းနဲ့မိန်းကလေးကုန်းဟုံတို့ စကြာဝဠာတူစုံယှဉ်တွဲကျင့်ကြံအားထုတ်နိုင်တယ်ဆိုတဲ့သတင်း ဂိုဏ်းကိုလည်းရောက်လာရော၊ ဂိုဏ်းချုပ်တစ်ယောက် အပျော်ကြီးပျော်သွားပြီး စိတ်အာရုံအဆင့်ကြားအတားအဆီးဖြတ်ကျော်မှုတစ်ခုနဲ့ ကြုံသွားခဲ့ရတာပဲ" စုန်းဟယ်က ဟွမ်ကျုံး၏ပခုံးကိုပုတ်လိုက်ကာ "မိန်းကလေးကုန်းဟုံက မင်းကိုဧည့်သည်တော်အဖြစ်ဆက်ထားထားတယ်ဆိုမှတော့၊ ဒီမှာပဲနေခဲ့လိုက်တော့ပေါ့။ ဂိုဏ်းမှာတော့ ငါတို့တွေပဲ ကိစ္စတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းထားလိုက်မယ်လေ။"

ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းတောင်သခင်တစ်ယောက်ဖြစ်နေတုန်းကတောင်မှ ဂိုဏ်းထဲကကိစ္စဝိစ္စတွေကို ဝင်ပြီးစီမံခန့်ခွဲပေးခဲ့တာမှမဟုတ်ဘဲကိုကွာ။

###

ဟွမ်ကျုံး၏ဂိုဏ်းမှ သူ့အားယွင်ဟွာဂိုဏ်းတွင်နေခဲ့ရန် အပြည့်အဝအထောက်အပံ့ပေးနေကြောင်းကိုမူ ကုန်းဟုံတစ်ယောက် မသိသေးချေ။ ဤလများအတွင်း သူမ၏ဝေစုကိုမရခဲ့ကြောင်း အမှတ်ရသွားသဖြင့် သဘာဝအင်အားစု(၅)မျိုးခန်းမသို့ သွားခဲ့လေသည်။ အပြန်လမ်းတွင် တောင်ပေါ်၌ ဓားဝှေ့ယမ်းနေသည့်အသံများ ကြားမိ၏။

သူမ တိမ်များအောက်သို့သက်ဆင်းလျက် သစ်ကိုင်းများကိုဘေးတွန်းဖယ်လိုက်သည့်အခါ ကွေးလင်ဟုခေါ်သော ဂိုဏ်းတူမောင်လေးဖြစ်နေကြောင်း မြင်လိုက်ရ၏။

သူမက မယုံသင်္ကာဖြင့် သူမလက်မောင်းကိုပြန်ထိကြည့်လိုက်သည်။ ဤကား အစစ်အမှန်တည်း။ သူမအိပ်မက်မက်နေခြင်းမဟုတ်ပါ။ ယွင်ဟွာဂိုဏ်းတွင် ညနက်သန်းခေါင်ကြီး တိတ်တိတ်ကလေးဓားရေးလေ့ကျင့်နေသည့် ဝီရိယကြီးလှသော ဂိုဏ်းသားတစ်ဦးရှိနေပါသကော။ ထိုဂိုဏ်းတူမောင်လေးဖြစ်သူ ပျင်းစရာကောင်းလှသည့် ဓားကွက်များအား ထပ်ခါ၊ ထပ်ခါလွှဲခတ်နေစဉ် ဖြစ်ပေါ်လာသည့် နဖူးပေါ်မှချွေးများကိုကြည့်လျက် ကုန်းဟုံမတွေးကြည့်မိဘဲ မနေနိုင်တော့ချေ__ ဤဂိုဏ်းတူမောင်လေးဟာ ဂိုဏ်းများ မှားဝင်လာမိလေသလော။

ဧကဝုစ်စိတ်စွမ်းအင်ဓာတ်ခံမျိုးရှိကာ အလုပ်ကြိုးစားလျက် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်စွမ်းရှိသူ။ သူ့အနေဖြင့်လျှိုကွမ်းဂိုဏ်း၊ ကျိုဖုန့်ဂိုဏ်းနှင့် ကျောင်းဟန်ဂိုဏ်းတို့ကဲ့သို့သော မည်သည့်ဂိုဏ်းမျိုးကိုမဆို သွားလို့ရပါ၏။ အဘယ်ကြောင့် ယွင်ဟွာဂိုဏ်းထဲ ဝင်လာခဲ့ရပါသနည်း။

သူမ လက်ကိုလွှတ်လိုက်သည့်အတွက် သစ်ကိုင်းများမှ ခြိုးခြိုးချွတ်ချွတ်မြည်လို့သွား၏။ ထိုအသံကိုကြားသော် ကွေးလင်က သူ့ဓားအား အလျင်အမြန်သိမ်းလျက် လှည့်လိုက်သည့်အခါ ပန်းရောင်ဂါဝန်လေးဝတ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ယောက်ကို မြင်သွားသည်။ တဒင်္ဂမျှတွေတွေကြီးဖြစ်နေပြီးနောက် ကုန်းဟုံအား ဦးညွှတ်အရိုအသေပေးလိုက်ကာ "ဂိုဏ်းတူအစ်မကို ဂါရဝပြုနှုတ်ဆက်ပါတယ်"

"အရမ်းကြီးယဉ်ကျေးသမှုပြုနေဖို့မလိုပါဘူးကွယ်။ မင်းနှယ် ကျင့်ကြံအားထုတ်တယ်ဆိုတာ ဒီလောက်ကြီးအလျင်လိုနေစရာမလိုပါဘူးကွ" ကုန်းဟုံက ဂိုဏ်းတူမောင်လေး၏မျက်နှာကိုကြည့်လိုက်သည်။ ထိုမျှ ချောမောခံ့ညားလှသည့်မျက်နှာမျိုး။ အရပ်မရှည်နိုင်ခြင်းကြောင့်သာ သူ့ခမျာလူဖြစ်ရကျိုးမနပ်ခဲ့သော် စိတ်မကောင်းစရာဖြစ်ရပေလိမ့်မည်။

"စိုးရိမ်ပေးတဲ့အတွက် ဂိုဏ်းတူအစ်မကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့ကိုယ်ကျွန်တော် ကောင်းကောင်းဂရုစိုက်လိုက်ပါ့မယ်ခင်ဗျာ" သစ်ကိုင်းများပေါ်မှ မိန်းမပျိုလေးကို မော့ကြည့်ကာ ကွေးလင်၏မျက်နှာဟာ အနည်းငယ်နီမြန်းလို့လာ၏။ သူတစ်ခုခုပြောတော့မည်အပြုတွင် အဖြူရောင်ဝတ်စုံဝတ်စိတ်စွမ်းအင်အရှင်သခင်ဟွမ်ကျုံးက လေထဲမှဖြတ်သန်းလာနေကြောင်း လှမ်းမြင်သွား၏။

"ကုန်းဟုံ" ဟွမ်ကျုံးပုံကိုကြည့်လိုက်လျှင် ကွေးလင်အား မမြင်လိုက်သည့်ပုံမျိုးပင်။ သူက ကုန်းဟုံဘေးရှိလေထဲတွင် လာရပ်လိုက်သည်။

ကွေးလင်ကမူ ဤသိမ်မွေ့ကြော့ရှင်းသည့်အမျိုးသားက သူ့အား အေးစက်စက်ကြီးတစ်ချက်လှမ်းကြည့်လိုက်ကြောင်း ရှင်းရှင်းလင်းလင်းကိုမြင်လိုက်ရပါ၏။

ဤအကြည့်ကြီးက သူ့အား ဖောက်ထွင်းသွားသည့်ပုံနှယ်ရှိလှသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်စေကာ ပုန်းနေလိုစိတ်ပင်ဖြစ်မိပါတော့သည်။ ။
••••••••••••

(16.10.2020, 19:00 - 21:00)ကျ အားလုံးအတူတူ ဒီနေရာလေးမှာ ပြန်ဆုံကြရအောင်နော်။ 😁😁😉😁😁😍
••••••••••••
••••••••••••

[Zawgyi]

"ရွင့္မွာအျခား ႀကိဳတင္စီစဥ္ထားတာေတြရိွေနလို႔ရိွရင္၊ ကၽြန္မမေျပာခဲ့ဘူးလို႔ပဲ..."

"အဆင္ေျပပါတယ္" ဟြမ္က်ံဳးက သူမကိုၾကည့္လာသည္။ "(၁)နွစ္၊ (၂)နွစ္ဆိုရင္ေတာင္မွ၊ အဆင္ေျပပါတယ္"

ကုန္္းဟံုတစ္ေယာက္ ေၾကာင္အမ္းအမ္းျဖစ္လို႔သြားသည္။ တေအာင့္မွ်ၾကာေသာ္ သူမက မ်က္နွာကိုအုပ္လိုက္ေတာ့၏။ ဟြမ္က်ံဳးက သူမအား ဤကဲ့သို႔ၾကည့္လိုက္သည့္အခ်ိန္ဆိုလွ်င္ သူမကိုယ္သူမ သူ၏ကမာၻႀကီးတစ္ခုလံုးဟု ခံစားလိုက္ရေပလိမ့္မည္။

"အရမ္းအၾကာႀကီးေတာ့မလိုပါဘူး" ကုန္းဟံုက ဆရာမွ သူမအား ေတာင္ေပၚတြင္ မည္မွ်ပင္္က်င့္ႀကံအားထုတ္ေစခ်င္ေနေၾကာင္းနွင့္ သူတို႔နွစ္ေယာက္အတူတူတြဲလ်က္က်င့္ႀကံအားထုတ္ၾကလွ်င္ ပို၍ျဖစ္ျဖစ္ေျမာက္ေျမာက္ရိွမည္ဟု သူမခံစားမိေၾကာင္းပါ ဟြမ္က်ံဳးအားေျပာျပလိုက္သည္။

"ဒါေကာင္းတာေပါ့" ဟြမ္က်ံဳးကေျပာေလသည္။ "ငါက ပ်င္းစရာေကာင္းၿပီး အထီးက်န္ေနတဲ့လူတစ္ေယာက္ပဲဟာ။ မင္းသာအတူတြဲၿပီးရိွမေနေပးရင္ ေနရာေတြအားလံုးက အတူတူပဲ"

"ရွင္ကေတာ့ေလ ဘယ္နွယ့္လုပ္ ဒီလိုမ်ိဳးေတြးပစ္လိုက္နုိင္ရတာလဲ" ကုန္းဟံုက လက္မခံေခ်။ "ရွင္က အားလံုးေကာင္းပါတယ္ေနာ္"

ဟြမ္က်ံဳးက တစ္ခုခုေျပာလိုေသာ္လည္း ရပ္လိုက္၏။ ထို႔ေနာက္ သူက "မင္းသာ ငါနဲ႔စၾကာဝဠာတူစံုယွဥ္တြဲက်င့္ႀကံဖို႔ အတူတူတြဲေနေပးမယ္ဆိုရင္၊ ငါ့ရဲ႕စိတ္စြမ္းအင္ေသြးေၾကာလည္း ပိုၿပီးျပန္ေကာင္းလာမွာပဲ"

"ဒါဆိုရင္ ရွင္အဲ့ဒီေဆးေတြမလိုဘဲ လံုးဝျပန္ေကာင္းလာမွာလား" ကုန္းဟံု၏မ်က္လံုးမ်ားတလက္လက္ေတာက္ပလို႔လာသည္။ သူမလွည့္လ်က္ အေနာက္ျပန္ေလွ်ာက္လိုက္ကာ ဟြမ္က်ံဳးကိုေျပာေလ၏။ "သူတို႔အားလံုးေျပာၾကတာေတာ့ ရွင္က ရွားပါးပါရမီရွင္္တစ္ေယာက္တဲ့။ ရွင့္ရဲ႕စိတ္စြမ္းအင္ေသြးေၾကာသာ လံုးဝျပန္ေကာင္းလာလို႔ရိွရင္၊ ရွင္စိတ္အာရံုအသြင္ကြဲျပားသြားျခင္းအဆင့္ကေန စိတ္အာရံုျမင္ကြင္းထူးအဆင့္ကိုျဖတ္သန္းေရာက္ရိွသြားမွာလားဟင္"

"အူေၾကာင္ေၾကာင္ေကာင္မေလး၊ အဲ့ဒါက ဒီေလာက္အရမ္းႀကီးလြယ္မေနပါဘူးကြာ" ဟြမ္က်ံဳးက ရယ္ေမာလိုက္သည္။ သူမခမ်ာ သူနွင့္စကားေျပာရာတြင္စိတ္နစ္ဝင္ေနသျဖင့္ သတိမထားမိဘဲ သစ္ပင္တစ္ပင္နွင့္သြားေဆာင့္မိေတာ့မည္ျဖစ္ေၾကာင္း ျမင္သြားကာ သူမလက္ကို လွမ္းဆုပ္ကိုင္လ်က္ သူ႔ဘက္သို႔ဆြဲလိုက္သည္။ "သတိထား"

"အမ္" ကုန္းဟံုလွည့္လိုက္သည့္အခါ သစ္ပင္ပင္စည္တစ္ခုကို ျမင္လိုက္ရ၏။ သူမက က်ိဳးက်ိဳးႏြံႏြံေလးရပ္ေနလ်က္ အေနာက္ျပန္ႀကီးထပ္္မေလွ်ာက္ဝံ့ေတာ့ေခ်။

အနီးအနားရိွလမ္းေၾကာင္းေပၚတြင္ရိွေနၾကေသာ အျခားဂိုဏ္းမ်ားမွဂိုဏ္းသားအခ်ိဳ႕ဟာ ထိုျမင္ကြင္းကိုျမင္သြားၾကသည္။ ထို႔ေနာက္ တိတ္တဆိတ္ေလး ေျခလွမ္းအနည္းငယ္မွ်ျပန္ဆုတ္သြားၾကကာ မည္သည္ကိုမွ် မျမင္လိုက္သေယာင္ဟန္ေဆာင္ေနလိုက္ၾက၏။ လွ်ိဳကြမ္းဂိုဏ္းမွ ယြင္ဟြာဂိုဏ္းသို႔ ႀကံဳလွ်င္ႀကံဳသလိုလက္ေဆာင္မ်ားေပးပို႔ရျခင္းအား နွစ္သက္သေဘာက်ေနျခင္းမွာ အထူးအဆန္းေတာ့မဟုတ္ေခ်။ အေၾကာင္းမွာမူ သူတို႔၏ဂိုဏ္းသားမ်ားဟာ ေမတၱာမွ်ေနၾကေသာေၾကာင့္ပင္။

ဤကဲ့သို႔ေသာကိစၥမ်ိဳးျဖစ္လိမ့္မည္မွန္းသာ သူတို႔သိခဲ့လွ်င္ ထိုေနရာသို႔ဦးတည္၍ သူတို႔သြားခဲ့ၾကလိမ့္မည္ မဟုတ္ပါ။ ထိုသို႔ဆိုလွ်င္ အေနရခက္သည့္ကိုးရိုးကားယားအေျခအေနႀကီးအား ေရွာင္ရွားၿပီးသားျဖစ္သြားေပလိ္မ့္မည္။

ဤဂိုဏ္းသားနွစ္ေယာက္အတူတူရိွသြားၾကသည့္အေပၚ နတ္မိမယ္ကုန္းဟံုအား သူမ၏ႀကီးျမတ္မႈႀကီးအတြက္ ခ်ီးေျမွာက္ရမည္ေလာ၊ စိတ္စြမ္းအင္အရွင္သခင္ဟြမ္က်ံဳးကို ခ်ီးေျမွာက္ရမည္ေလာပင္ သူတို႔မသိေတာ့ေခ်။

ယြင္ဟြာဂိုဏ္းရိွမ်ိဳးဆက္(၃)ဆက္လံုးတြင္ မည္သူတစ္ဦးတစ္ေယာက္မွ် လက္ထပ္မဂၤလာမျပဳျဖစ္ခဲ့ၾကေခ်။ သို႔ေသာ္ စိတ္စြမ္းအင္အရွင္သခင္ဟြမ္က်ံဳးက ယြင္ဟြာဂိုဏ္းမွ အမ်ိဳးသမီးဂိုဏ္းသားတစ္ေယာက္အား သူနွင့္ခ်စ္ကၽြမ္းဝင္မိသြားေအာင္လုပ္နိုင္ခဲ့သည္။ ဤကား မည္သို႔ေသာအရည္အခ်င္းႀကီးနည္း။

လွ်ိဳကြမ္းဂိုဏ္းမွဓားသမားက်င့္ႀကံသူမ်ားဟာ လြယ္လင့္တကူခ်စ္ကၽြမ္းမဝင္ခဲ့ၾကေပ။ သူတို႔အႀကီးက်ယ္အေျပာင္ေျမာက္ဆံုးခ်စ္ရသည့္အရာမွာ သူတို႔၏ဓားမ်ားျဖစ္၏။ သို႔ေသာ္ နတ္မိမယ္ကုန္းဟံုက သူ႔အား သူ႔ဓားကိုေမ့လ်က္ သူမအေပၚတြင္သာလံုးလံုးအာရံုစိုက္လာေအာင္ လုပ္ေဆာင္နိုင္ခဲ့သည္။ ဤကား မည္သို႔ေသာအရည္အခ်င္းႀကီးနည္း။

ထိုဂိုဏ္းသားမ်ားထြက္ခြာသြားၿပီးေနာက္ရက္အနည္းငယ္ၾကာသည့္အခါ စိတ္စြမ္းအင္အရွင္သခင္ဟြမ္က်ံဳးနွင့္ နတ္မိမယ္ကုန္းဟံုတို႔ တြဲေနၾကသည္ဟူေသာ ေကာလာဟလမွာ ပ်ံ႕နွံ႔လို႔သြားေတာ့သည္။ ထိုေကာလာဟလအား လူေပါင္းေျမာက္ျမားစြာသိရိွသြားၾက၏။ ပတ္သက္သူနွစ္ေယာက္နွင့္ ယြင္ဟြာဂိုဏ္းသာလွ်င္ မသိၾကေခ်။

ၾကည့္ရသည္မွာမူ အတင္းအဖ်င္းတစ္ခုကား ပါဝင္ပတ္သက္သူမ်ားထံသို႔ မေရာက္သင့္ဟူေသာ စည္းမ်ဥ္းအား လူတိုင္းနားလည္သေဘာေပါက္လ်က္ သူတို႔၏ကိုယ္ပိုင္အေတြးမ်ားကို ေကာင္းစြာထိန္းသိမ္းထားၾကသည့္ပံုပင္။

###

အခမ္းအနားၿပီးသြားသည့္အခါ ဂိုဏ္းေပါင္းမ်ားစြာမွဧည့္သည္ေတာ္မ်ားဟာ နႈတ္ဆက္စကားမ်ားဆိုလာခဲ့ၾကသည္။ ဧည့္သည္ေတာ္မ်ားကို ဆက္လက္ေခၚထားရန္မျဖစ္နိုင္ေၾကာင္း ယြင္ဟြာဂိုဏ္းမွ သိနားလည္သျဖင့္ နႈတ္ဆက္သည့္စားေသာက္ပြဲအခမ္းအနား က်င္းပခဲ့ေလသည္။ ဂိုဏ္းမ်ားမွ ဧည့္သည္ေတာ္မ်ားအားလံုးနီးပါး တက္ေရာက္ၾကသည္။ ယြင္ဟြာဂိုဏ္းမွ စားေသာက္ပြဲမ်ားဟာ လူတိုင္းအတြက္အလြန္ဆြဲေဆာင္မႈရိွေၾကာင္း ျမင္နိုင္ပါ၏။

စားေသာက္ၿပီးသြားၾကသည့္အခါ ဟန္ယန္႔က "အားလံုး အေဝးႀကီးကေနလာခဲ့ၾကရတာပဲ။ ဒီလူမွာ ျပန္ေပးစရာ ေကာင္းေကာင္းမြန္မြန္ေတာ့ ဘာမွမရိွပါဘူး။ ကၽြန္ေတာ္တို႔ေတြ တိုက္တုိက္ဆိုင္ဆိုင္ ေပ်ာက္ဆံုးေနတဲ့ ဓားက်မ္းတစ္ခုရထားၾကတာရိွတယ္။ ဒီအညတရဂိုဏ္းနဲ႔ လွ်ိဳကြမ္းဂိုဏ္းတို႔က ဒါကိုစစ္ေဆးၾကည့္ခဲ့ၿပီး ဒီဓားက်မ္းနဲ႔ပတ္သက္လို႔ မွားယြင္းေနတာမရိွေၾကာင္း အတည္ျပဳခဲ့ၿပီးပါၿပီ။ ကၽြန္ေတာ္တို႔ အဲ့ဒီဟာကို စာအုပ္အေနနဲ႔ထုတ္ထားၾကပါတယ္။ အားလံုးစိတ္ထဲ မၿငိဳျငင္ဘူးဆိုရင္ေတာ့ ခင္ဗ်ားတို႔နဲ႔အတူ တစ္စံုဆီယူသြားလို႔ရပါတယ္ခင္ဗ်ာ"

သူစကားဆံုးသည္နွင့္ ဂိုဏ္းသားတစ္ေယာက္က စာအုပ္ပံုႀကီးအထပ္လိုက္ျဖင့္ ထြက္လာေလသည္။ ဝုခၽြမ္းက ဂိုဏ္းတိုင္း၏ကိုယ္စားျပဳမ်ားကို စာအုပ္တစ္အုပ္စီေပးလိုက္သည္။

"မိုး၊ေျမတို႔၏ဓား?" လင္ယြဲ႔က စာအုပ္ကိုလက္ခံရရိွေလသည္။ အဖံုးေပၚမွ စာလံုး(၄)လံုးကိုၾကည့္ကာ သူမမ်က္လံုးကို သူမမယံုနိုင္လုနီးနီးျဖစ္ခဲ့ရသည္။ ထိုသို႔ဆိုေစကာမူ သူမဟာ မ်က္ေတာင္ပင္မခတ္ဝံ့ဘဲ စာအုပ္အား ျဖည္းျဖည္းခ်င္းဖြင့္လိုက္ေသး၏။

ပါဝင္သည့္အေၾကာင္းအရာမ်ားက စစ္မွန္ေလသည္။ ထိုက်မ္းကိုျပဳစုခဲ့သူမွာ ဓားေရးတြင္အင္မတန္ပိုင္နိုင္လွသူျဖစ္ေၾကာင္း ျမင္နိုင္ေလ၏။

'မိုးေျမတို႔၏ဓား'မွာ လြန္ခဲ့သည့္အနွစ္(၁,၀၀၀)က နာမည္ေက်ာ္ၾကားခဲ့ေသာ ဓားက်မ္းတစ္ခုျဖစ္၏။ ေျပာၾကသည့္အတိုင္းဆိုလွ်င္ ဤဓားက်မ္းအားသိရိွခဲ့သည့္္ေနာက္ဆံုးေသာက်င့္ႀကံသူမွာ ေကာင္းကင္ဘံုသို႔ၾကြျမန္းသြားနွင့္ၿပီးေလၿပီ။ ေနာက္ပိုင္း၌ လူအမ်ားက ထို'မိုးေျမတို႔၏ဓား'ထဲမွ အေၾကာင္းအရာမ်ားကို ျပန္ေဖာ္ထုတ္ရန္ ႀကိဳးပမ္းအားထုတ္ခဲ့ၾကသည္။ သို႔ေသာ္ အဆံုးသတ္တြင္မူ သူတို႔တြင္ရိွသည့္အေၾကာင္းအရာမ်ားမွာ မလံုေလာက္သည့္အတြက္ လက္သာေလ်ာ့ခဲ့ၾကရေလသည္။

ဤနွစ္မ်ားအတြင္း 'မိုးေျမတို႔၏ဓား'နွင့္ပတ္သက္သည့္ ေကာလာဟလမ်ားမွာ အခါအားေလ်ာ္စြာ ေပၚထြက္လာတတ္သည္။ ယေန႔တြင္ လူတစ္ေယာက္က 'မိုးေျမတို႔၏ဓား'ျဖစ္နိုင္ေခ်ရိွေသာ လွ်ိဳ႕ဝွက္ဓားက်မ္းတစ္ခုကို ရွာေဖြေတြ႔ရိွခဲ့သည္။ မနက္ျဖန္တြင္ ထိုအရည္အေသြးကိုဆက္ခံနိုင္သူေပၚထြက္လာခဲ့သည္။ သို႔ေသာ္ ထိုေကာလာဟလမ်ားအားလံုး၏ အဆံုးသတ္အနွစ္ခ်ဳပ္မွာမူ သူတို႔အားလံုးဟာ အတုအေယာင္မ်ားသာ ျဖစ္ေနခဲ့၏။

ယခုအခါ ယြင္ဟြာဂိုဏ္းမွ ဤဓားက်မ္းကိုရရိွခဲ့လ်က္ စာအုပ္မ်ားအျဖစ္ရိုက္နိွပ္္ထုတ္ေဝကာ အဆင့္ျမင့္ဂိုဏ္းႀကီးမ်ားသို႔ ပို႔ခဲ့သည္။ သူတို႔အား အက်င့္သီလနွင့္ျပည့္စံုသူမ်ားဟု ဆိုနိုင္ေပမည္။ လက္ရိွရိွေနၾကသည့္ဓားေရးက်င့္ႀကံသူမဟုတ္ၾကသူမ်ားပင္လွ်င္ ယြင္ဟြာဂိုဏ္းအား အလြန္ေက်းဇူးတင္ရိွမိၾက၏။

ရႊမ္းခ်င္းက 'မိုးေျမတို႔၏ဓား' ကိုကိုင္္လ်က္ စိတ္ရႈပ္ေထြးလို႔ေနသည္။ ယြမ္းက်ီဂိုဏ္း၏ဂိုဏ္းခ်ဳပ္တစ္ေယာက္ျဖစ္သည့္အားေလ်ာ္စြာ သူ၏အႀကီးမားဆံုးေသာစိတ္ကူးအိမ္မက္မွာ ယြမ္းက်ီဂိုဏ္းအား အဆင့္ျမင့္ဂိုဏ္းႀကီး(၁၀)ထဲသို႔ တြန္းတင္ရန္ပင္္ျဖစ္၏။ သူငယ္ရြယ္စဥ္အခါက ဂိုဏ္းထဲမွအႀကီးအကဲမ်ား ထိုဓားက်မ္းအေၾကာင္းေျပာသည္ကို သူၾကားခဲ့ရဖူးပါသည္။ အႀကီးအကဲမ်ားေျပာသည့္အတိုင္းဆိုလွ်င္ ဤဓားက်မ္းမွာ အစြမ္းထက္လ်က္ လွ်ိဳ႕ဝွက္နက္နဲလွသည္။ ဓားသမားက်င့္ႀကံသူတစ္ေယာက္သာ ဤဓားက်မ္းကို ေလ့လာသင္ယူခဲ့လွ်င္ သူတို႔၏အစြမ္းမွာ ႀကီးႀကီးမားမားတိုးတက္လာလ်က္ ေကာင္းကင္ဘံုသို႔ၾကြလွမ္းနိုင္မည့္အခြင့္အေရးတစ္ခုရွာေတ႔ြရန္ အခြင့္ႀကံဳလာေပလိမ့္မည္။

ဤစကားမ်ားက သူ႔အား 'မိုးေျမတို႔၏ဓား'အေပၚ စိတ္ကူးယဥ္အိပ္မက္အခ်ိဳ႕ျဖစ္္တည္ေစခဲ့သည္။ သို႔ေသာ္ သူစိတ္ကူးယဥ္အိပ္မက္မက္ေနခဲ့သည့္ ထိုလွ်ိဳ႕ဝွက္ဓားက်မ္းအား ယြင္ဟြာဂိုဏ္းဆီမွရလာလိမ့္မည္ဟု သူေတြးပင္မေတြးမိခဲ့ပါ။

တစ္စံုတစ္ေယာက္ဆီမွ တစ္ခုခုယူလိုက္လွ်င္... သင္ဟာ သူတို႔အေပၚ အေၾကြးတင္လို႔သြား၏။

###

စားေသာက္ပြဲၿပီးသြားသည့္အခါ အားလံုးက သူတို႔တည္းခုိသည့္ေနရာသို႔ျပန္လ်က္ မနက္ျဖန္မနက္ထြက္ခြာရန္ ျပင္ဆင္ၾကေလသည္။ လွ်ိဳကြမ္းဂိုဏ္းမွေတာင္သခင္တစ္ေယာက္ျဖစ္သည့္အားေလ်ာ္စြာ စုန္းဟယ္ဟာ ဂိုဏ္းသားမ်ားအား ဝန္စည္စလယ္မ်ား ထုပ္ပိုးသိမ္းဆည္းရန္ အစီအစဥ္ခ်ေပးေနစဥ္ သူ႔ဂိုဏ္းတူတူေလး၏မ်က္္နွာကို အကဲခတ္လိုက္မိသည္။

သူ႔ၾကည့္ရသည္္မွာ ပံုမွန္အတိုင္းေနေနလ်က္ ထုပ္ပိုးျပင္ဆင္မည့္ပံုပင္မေပၚေပ။ မိန္းကေလးကုန္းဟံုနွင့္ မခြဲနိုင္မခြာရက္ျဖစ္ေနပံုရ၏။

"ဂိုဏ္းတူညီေလး၊ မင္းအခုခ်ိန္မွာ ထုပ္ပိုးမထားဘူးဆိုရင္ မနက္ျဖန္က် ပ်ာယာခတ္ေနရလိမ့္မယ္" ခ်န္းဟိုင္က စုန္းဟယ္ကိုကူညီထုပ္ပိုးေပးကာ သူ႔အတြက္သူလည္း ထုပ္ပိုးသိမ္းဆည္းလို႔ေနသည္။ "မင္း မိန္းကေလးကုန္းဟံုနဲ႔ မခြဲခ်င္မွန္းကို ငါသိပါတယ္။ ဒါေပမဲ့ ဒီကိစၥက မၾကာခင္မွာ ေျဖရွင္းလို႔ရဦးမွာမဟုတ္ဘူး။ ငါတို႔နဲ႔ဂိုဏ္းကိုျပန္လိုက္ခဲ့ရင္ေရာ၊ ၿပီးေတာ့ သူတို႔ေတြေနာက္နွစ္က် လွ်ိဳကြမ္းဂိုဏ္းမွာ ညီလာခံလာတက္တဲ့အခါက်မွ ငါတို႔ေတြ ေနာက္တစ္ခါထပ္ၿပီးေဆြးေႏြးၾကည့္လို႔ရတာပဲဟာ"

"ဆရာဦးေလး၊ ဂိုဏ္းတူအစ္ကိုခ်န္းဟိုင္၊ ကၽြန္ေတာ္ ျပန္မလိုက္ေတာ့ဘူး" ဟြမ္က်ံဳးက က်င့္ႀကံအားထုတ္သည့္ဖ်ာေပၚတြင္ ေၾကာ့ေၾကာ့ေမာ့ေမာ့ေလးထိုင္ခ်လိုက္ကာ လက္ထဲတြင္ အခါးရည္ခြက္တစ္ခြက္ကို လွည့္လို႔ေနသည္။ "ကၽြန္ေတာ္ လင္ဟူကိုေတာ့ ျပန္ထည့္လိုက္မယ္"

"မင္းမျပန္ဘူးဆိုေတာ့၊ ယြင္ဟြာဂိုဏ္းအနီးအနားပတ္လည္မွာပဲ တစ္သက္လံုး ေယာင္ေပေပလုပ္ေနေတာ့မလိုလား" သူ႔ဂိုဏ္းတူညီေလးတြင္ ဤကဲ့သို႔ေသာအေတြးမ်ိဳးရိွေနလိမ့္မည္ဟု ခ်န္းဟိုင္ ေမွ်ာ္လင့္မထားမိခဲ့ေခ်။ လြန္ခဲ့သည့္ရက္အနည္းငယ္က လမ္းစဥ္အေဆြေတာ္ခ်န္ယိ၏ စိတ္အာရံုရုပ္လံုးေဖာ္ျခင္းအဆင့္ ေအာင္ပြဲခံအခမ္းအနားတြင္  မိန္းကေလးကုန္းဟံုေဘး ဂိုဏ္းတူညီေလးျဖစ္သူ မည္သို႔မည္ပံုသြားရပ္ခဲ့ေၾကာင္း ျပန္ေတြးမိလိုက္ကာ သူကလိမၼာပါးနပ္စြာျဖင့္ စကားဆိုလိုက္သည္။ "အရမ္းႀကီးမသိသာေစနဲ႔ဦး။ ယြင္ဟြာဂိုဏ္းသာ ေဒါသပုန္ထသြားလို႔ရိွရင္..." လွ်ိဳကြမ္းဂိုဏ္းပင္လွ်င္ အသက္မဆက္ႏိုင္မွာ သူစိုးမိေလ၏။

"ဂိုဏ္းတူအစ္ကိုေတာ့ အထင္လြဲေနၿပီ" ဟြမ္က်ံဳးက အခါးရည္ခြက္ကိုခ်လိုက္ကာ ခ်န္းဟိုင္အားၿပံဳးျပလိုက္၏။ "မိန္းကေလးကုန္းဟံုက ဒီနွစ္ဝက္မွာ သူမနဲ႔အတူ စၾကာဝဠာတူစံုယွဥ္တြဲက်င့္ႀကံဖို႔ ကၽြန္ေတာ့ကို ဖိတ္ၾကားခဲ့တာ။ ကၽြန္ေတာ္က သေဘာတူလိုက္တယ္"

ခ်န္းဟိုင္ "..."

သူ႔မ်က္လံုးမ်ား တစ္ခုခုမွားယြင္းကုန္ၾကၿပီေလာ။ သူ႔ဂိုဏ္းတူညီေလး၌ ဤကဲ့သို႔ေသာ ကိုယ့္ကိုကိုယ္ဟုတ္လွၿပီအထင္နွင့္ ဘဝင္ခိုက္ေနသည့္အၿပံဳးႀကီးမ်ိဳး အဘယ္ေၾကာင့္ ျဖစ္ေနရပါသနည္း။

ဤကားစၾကာဝဠာတူစံုယွဥ္တြဲက်င့္ႀကံျခင္းသာျဖစ္၏။ တူစံုယွဥ္တြဲက်င့္ႀကံျခင္းမဟုတ္ပါ။ သူ႔အေနျဖင့္ ထိုမွ်အလြန္အမင္းဘဝင္ခိုက္ေနရန္ လိုပါသေလာ။ ခ်န္းဟိုင္ဟာ ဟြမ္က်ံဳး၏စိတ္ဓာတ္ေလးကို က်ဆင္းသြားရေအာင္ မလုပ္လိုက္ေတာ့ဘဲ ေမးသာေမးလိုက္ေတာ့သည္။ "မင္းယြင္ဟြာေတာင္မွာ ဘယ္ေလာက္ၾကာေအာင္ေနမွာလဲ"

"ေနာက္နွစ္ ညီလာခံႀကီး တရားဝင္မစခင္ ကၽြန္ေတာ္ျပန္လာခဲ့ပါ့မယ္" ဟြမ္က်ံဳးက မတ္တပ္ရပ္လ်က္ စုန္းဟယ္နွင့္ခ်န္းဟိုင္တို႔အား ဦးညႊတ္အရိုအေသေပးလိုက္သည္။ "ဆရာဦးေလး၊ ဂိုဏ္းတူအစ္ကို၊ ေက်းဇူးျပဳၿပီး ကၽြန္ေတာ့ဆရာကို ဒီကိစၥေျပာေပးၾကပါခင္ဗ်ာ"

"မင္းဆရာကို ဒီကိစၥ ေလာေလာဆယ္ မေျပာျပနိုင္ေသးမွာဘဲ ငါေတာ့စိုးရိမ္မိတာ" စုန္းဟယ္က ေျပာလာသည္။ "မင္းနဲ႔မိန္းကေလးကုန္းဟံုတို႔ စၾကာဝဠာတူစံုယွဥ္တြဲက်င့္ႀကံအားထုတ္နိုင္သြားကတည္းက ဂိုဏ္းခ်ဳပ္ရဲ႕စိတ္အေျခအေနဟာ ျမန္ျမန္ဆန္ဆန္ႀကီး ပြင့္လန္းသြားခဲ့တာ။ ၿပီးေတာ့ လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းက တံခါးပိတ္က်င့္ႀကံဖို႔ ဝင္သြားခဲ့တယ္။ မင္းျပန္လာခဲ့အခါက်ရင္ မင္းဆရာက စိတ္အာရံုျမင္ကြင္းထူးအဆင့္ကို ေရာက္ခ်င္ရင္ေတာင္ေရာက္ေနေလာက္ၿပီ"

က်င္းယြဲ႔ဟာ စိတ္အာရံုအသြင္ကြဲျပားသြားျခင္းအဆင့္တြင္ တန္႔ေနခဲ့သည္မွာ ရာစုနွစ္(၄)ခုရိွေလၿပီ။ ဤတစ္ေခါက္ သူဟာရုတ္တရက္ႀကီးအခ်ိဳ႕အခ်ိဳ႕ေသာကိစၥမ်ားကို သေဘာေပါက္နားလည္သြားခဲ့သည္။ ထို႔ေနာက္ သူ႔စိတ္အေျခအေနမွာ ေျပာင္းလဲသြားခဲ့၏။ ဤအခ်ိန္မွာ အဆင့္ၾကားအတားအဆီးကို ျဖတ္ေက်ာ္ဖို႔ႀကိဳးစားရန္ အခ်ိန္ေကာင္းတစ္ခုျဖစ္ေလသည္။

က်ံဳ႕ရွီတစ္ေယာက္ ဂိုဏ္းခ်ဳပ္၏တပည့္ျဖစ္လာသည့္အခ်ိန္၌ ဂိုဏ္းခ်ဳပ္တြင္ စိတ္အာရံုအသြင္ကြဲျပားသြားျခင္းအဆင့္ က်င့္ႀကံျခင္းအစြမ္းရိွေနခဲ့သည္။ ယခုအခါ က်ံဳ႕ရွီဟာ စိတ္အာရံုအသြင္ကြဲျပားသြားျခင္းအဆင့္ကို ေရာက္နွင့္ေနၿပီျဖစ္ေသာ္လည္း ဂိုဏ္းခ်ဳပ္မွာမူ နဂိုအတိုင္းသာ ရိွေနဆဲျဖစ္၏။ လွ်ိဳကြမ္းဂိုဏ္းအေပၚမနာလိုၾကသည့္အခ်ိဳ႕လူမ်ားက ဤကိစၥအတြက္ ဂိုဏ္းခ်ဳပ္၏ေနာက္ကြယ္တြင္ ေလွာင္ေျပာင္ရယ္ေမာၾကေလသည္။ ကံေကာင္းေထာက္မစြာျဖင့္ ဂိုဏ္းခ်ဳပ္မွာ သူ႔ဂုဏ္သတင္းအား အေရးစိုက္ေနသူတစ္ေယာက္မဟုတ္ခဲ့ေပ။ သူက ထိုသူမ်ားကို လ်စ္လွ်ဴရႈထားခဲ့သည္။ ထိုသို႔မဟုတ္ပါက ဤကိစၥအေသးအမႊားေလးမ်ားက ဆရာနွင့္တပည့္ၾကားရိွ ယံုၾကည္မႈမ်ားကို အက်ိဳးသက္ေရာက္ေစမွာပင္ သူစိုးရိမ္မိေသး၏။

"ကၽြန္ေတာ္ကေတာ့ ဆရာ့ကို စိတ္ဓာတ္က်ေအာင္လုပ္ခဲ့မိတာပဲ" ဟြမ္က်ံဳးက သက္ျပင္းခ်လိုက္သည္။ ဆရာသာ ဤနွစ္မ်ားအတြင္း ဆရာ့စြမ္းအင္မ်ားအားလံုးကို သူ႔အားျဖည့္ဆည္းေပးရန္အတြက္သာ ပံုေအာမထားခဲ့ဘူးဆိုလွ်င္ စိတ္အာရံုအသက္သြင္းျခင္းအဆင့္၌ ထိုမွ်ၾကာရွည္လြန္းစြာေနေနရလိမ့္မည္ေလာ။

ဆရာဟာ သူ႔အား သြန္သင္ညႊန္ၾကား၊ ပ်ိဳးေထာင္ရသည့္အတြက္ ခဲခက္သည့္အခ်ိန္မ်ားရိွခဲ့ေလသည္။ သို႔ေသာ္ သူ႔စိတ္အာရံုအေျခအေနနွင့္စိတ္စြမ္းအင္ေသြးေၾကာတို႔တြင္ ျပႆနာမ်ားရိွခဲ့သည့္အတြက္ ဆရာ့အား ပို၍ပင္စိတ္ပူပန္ေစခဲ့ေသးသည္။ ယခုမူ ေနာက္ဆံုးတြင္ ဆရာ ဤအခက္အခဲမွေက်ာ္လြန္နိုင္ခဲ့ေလၿပီ။ ဟြမ္က်ံဳးစိတ္ထဲ ဝမ္းသာေပ်ာ္ရႊင္မႈနွင့္ အျပစ္မကင္းမႈတို႔ နွစ္မ်ိဳးစလံုးခံစားလို႔ေနရ၏။

"မင္းကျဖင့္ အသက္(၃၀၀)ေက်ာ္ပဲရိွေသးတဲ့ဟာကို__ ဘာကိစၥ ဒီလိုမ်ိဳးေတြးေနရတာတုန္း" စုန္းဟယ္က ေျပာလာသည္။ "ဟိုးတုန္းက ဂိုဏ္းတူအစ္ကိုရဲ႕က်င့္ႀကံျခင္းအစြမ္းေတြ တန္႔သြားခဲ့ရတာ မင္းကို ပ်ိဳးေထာင္ခဲ့ရလို႔မဟုတ္ဘူး။ သူ႔က်င့္ႀကံျခင္းအစြမ္းက ပိတ္ဆို႔ၿပီးတန္႔ေနတဲ့အေနအထားတစ္ခုကိုေရာက္ေနမွန္း ေတြ႔ၿပီးသြားမွ မင္းကိုဂိုဏ္းဆီတပည့္တစ္ေယာက္အေနနဲ႔ျပန္ေခၚလာခဲ့တဲ့အခ်ိန္နဲ႔ ႀကဳံခဲ့ရတာ

"မင္းနဲ႔မိန္းကေလးကုန္းဟံုတို႔ စၾကာဝဠာတူစံုယွဥ္တြဲက်င့္ႀကံအားထုတ္နိုင္တယ္ဆိုတဲ့သတင္း ဂိုဏ္းကိုလည္းေရာက္လာေရာ၊ ဂိုဏ္းခ်ဳပ္တစ္ေယာက္ အေပ်ာ္ႀကီးေပ်ာ္သြားၿပီး စိတ္အာရံုအဆင့္ၾကားအတားအဆီးျဖတ္ေက်ာ္မႈတစ္ခုနဲ႔ ႀကံဳသြားခဲ့ရတာပဲ" စုန္းဟယ္က ဟြမ္က်ံဳး၏ပခံုးကိုပုတ္လိုက္ကာ "မိန္းကေလးကုန္းဟံုက မင္းကိုဧည့္သည္ေတာ္အျဖစ္ဆက္ထားထားတယ္ဆိုမွေတာ့၊ ဒီမွာပဲေနခဲ့လိုက္ေတာ့ေပါ့။ ဂိုဏ္းမွာေတာ့ ငါတို႔ေတြပဲ ကိစၥေတြအားလံုးကို ကိုင္တြယ္ေျဖရွင္းထားလိုက္မယ္ေလ။"

ဘယ္လိုပဲျဖစ္ျဖစ္၊ မင္းေတာင္သခင္တစ္ေယာက္ျဖစ္ေနတုန္းကေတာင္မွ ဂိုဏ္းထဲကကိစၥဝိစၥေတြကို ဝင္ၿပီးစီမံခန္႔ခြဲေပးခဲ့တာမွမဟုတ္ဘဲကိုကြာ။

###

ဟြမ္က်ံဳး၏ဂိုဏ္းမွ သူ႔အားယြင္ဟြာဂိုဏ္းတြင္ေနခဲ့ရန္ အျပည့္အဝအေထာက္အပံ့ေပးေနေၾကာင္းကိုမူ ကုန္းဟံုတစ္ေယာက္ မသိေသးေခ်။ ဤလမ်ားအတြင္း သူမ၏ေဝစုကိုမရခဲ့ေၾကာင္း အမွတ္ရသြားသျဖင့္ သဘာဝအင္အားစု(၅)မ်ိဳးခန္းမသို႔ သြားခဲ့ေလသည္။ အျပန္လမ္းတြင္ ေတာင္ေပၚ၌ ဓားေဝွ႔ယမ္းေနသည့္အသံမ်ား ၾကားမိ၏။

သူမ တိမ္မ်ားေအာက္သို႔သက္ဆင္းလ်က္ သစ္ကိုင္းမ်ားကိုေဘးတြန္းဖယ္လိုက္သည့္အခါ ေကြးလင္ဟုေခၚေသာ ဂိုဏ္းတူေမာင္ေလးျဖစ္ေနေၾကာင္း ျမင္လိုက္ရ၏။

သူမက မယံုသကၤာျဖင့္ သူမလက္ေမာင္းကိုျပန္ထိၾကည့္လိုက္သည္။ ဤကား အစစ္အမွန္တည္း။ သူမအိပ္မက္မက္ေနျခင္းမဟုတ္ပါ။ ယြင္ဟြာဂိုဏ္းတြင္ ညနက္သန္းေခါင္ႀကီး တိတ္တိတ္ကေလးဓားေရးေလ့က်င့္ေနသည့္ ဝီရိယႀကီးလွေသာ ဂိုဏ္းသားတစ္ဦးရိွေနပါသေကာ။ ထိုဂိုဏ္းတူေမာင္ေလးျဖစ္သူ ပ်င္းစရာေကာင္းလွသည့္ ဓားကြက္မ်ားအား ထပ္ခါ၊ ထပ္ခါလႊဲခတ္ေနစဥ္ ျဖစ္ေပၚလာသည့္ နဖူးေပၚမွေခၽြးမ်ားကိုၾကည့္လ်က္ ကုန္းဟံုမေတြးၾကည့္မိဘဲ မေနနိုင္ေတာ့ေခ်__ ဤဂိုဏ္းတူေမာင္ေလးဟာ ဂိုဏ္းမ်ား မွားဝင္လာမိေလသေလာ။

ဧကဝုစ္စိတ္စြမ္းအင္ဓာတ္ခံမ်ိဳးရိွကာ အလုပ္ႀကိဳးစားလ်က္ အခက္အခဲမ်ားကို ႀကံ့ႀကံ့ခံနိုင္စြမ္းရိွသူ။ သူ႔အေနျဖင့္လွ်ိဳကြမ္းဂိုဏ္း၊ က်ိဳဖုန္႔ဂိုဏ္းနွင့္ ေက်ာင္းဟန္ဂိုဏ္းတို႔ကဲ့သို႔ေသာ မည္သည့္ဂိုဏ္းမ်ိဳးကိုမဆို သြားလို႔ရပါ၏။ အဘယ္ေၾကာင့္ ယြင္ဟြာဂိုဏ္းထဲ ဝင္လာခဲ့ရပါသနည္း။

သူမ လက္ကိုလႊတ္လိုက္သည့္အတြက္ သစ္ကိုင္းမ်ားမွ ၿခိဳးၿခိဳးခၽြတ္ခၽြတ္ျမည္လို႔သြား၏။ ထိုအသံကိုၾကားေသာ္ ေကြးလင္က သူ႔ဓားအား အလ်င္အျမန္သိမ္းလ်က္ လွည့္လိုက္သည့္အခါ ပန္းေရာင္ဂါဝန္ေလးဝတ္ဆင္ထားသည့္ မိန္းမပ်ိဳေလးတစ္ေယာက္ကို ျမင္သြားသည္။ တဒဂၤမွ်ေတြေတြႀကီးျဖစ္ေနၿပီးေနာက္ ကုန္းဟံုအား ဦးညႊတ္အရိုအေသေပးလိုက္ကာ "ဂိုဏ္းတူအစ္မကို ဂါရဝျပဳနႈတ္ဆက္ပါတယ္"

"အရမ္းႀကီးယဥ္ေက်းသမႈျပဳေနဖို႔မလိုပါဘူးကြယ္။ မင္းႏွယ္ က်င့္ႀကံအားထုတ္တယ္ဆိုတာ ဒီေလာက္ႀကီးအလ်င္လိုေနစရာမလိုပါဘူးကြ" ကုန္းဟံုက ဂိုဏ္းတူေမာင္ေလး၏မ်က္နွာကိုၾကည့္လိုက္သည္။ ထိုမွ် ေခ်ာေမာခံ့ညားလွသည့္မ်က္နွာမ်ိဳး။ အရပ္မရွည္နိုင္ျခင္းေၾကာင့္သာ သူ႔ခမ်ာလူျဖစ္ရက်ိဳးမနပ္ခဲ့ေသာ္ စိတ္မေကာင္းစရာျဖစ္ရေပလိမ့္မည္။

"စိုးရိမ္ေပးတဲ့အတြက္ ဂိုဏ္းတူအစ္မကို ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ့ကိုယ္ကၽြန္ေတာ္ ေကာင္းေကာင္းဂရုစိုက္လိုက္ပါ့မယ္ခင္ဗ်ာ" သစ္ကိုင္းမ်ားေပၚမွ မိန္းမပ်ိဳေလးကို ေမာ့ၾကည့္ကာ ေကြးလင္၏မ်က္နွာဟာ အနည္းငယ္နီျမန္းလို႔လာ၏။ သူတစ္ခုခုေျပာေတာ့မည္အျပဳတြင္ အျဖဴေရာင္ဝတ္စံုဝတ္စိတ္စြမ္းအင္အရွင္သခင္ဟြမ္က်ံဳးက ေလထဲမွျဖတ္သန္းလာေနေၾကာင္း လွမ္းျမင္သြား၏။

"ကုန္းဟံု" ဟြမ္က်ံဳးပံုကိုၾကည့္လိုက္လွ်င္ ေကြးလင္အား မျမင္လိုက္သည့္ပံုမ်ိဳးပင္။ သူက ကုန္းဟံုေဘးရိွေလထဲတြင္ လာရပ္လိုက္သည္။

ေကြးလင္ကမူ ဤသိမ္ေမြ႔ေၾကာ့ရွင္းသည့္အမ်ိဳးသားက သူ႔အား ေအးစက္စက္ႀကီးတစ္ခ်က္လွမ္းၾကည့္လိုက္ေၾကာင္း ရွင္းရွင္းလင္းလင္းကိုျမင္လိုက္ရပါ၏။

ဤအၾကည့္ႀကီးက သူ႔အား ေဖာက္ထြင္းသြားသည့္ပံုနွယ္ရိွလွသျဖင့္ ရွက္ကိုးရွက္ကန္းျဖစ္ေစကာ ပုန္းေနလိုစိတ္ပင္ျဖစ္မိပါေတာ့သည္။ ။
••••••••••••

(16.10.2020, 19:00 - 21:00)က် အားလံုးအတူတူ ဒီေနရာေလးမွာ ျပန္ဆံုၾကရေအာင္ေနာ္။ 😁😁😉😁😁😍
••••••••••••
••••••••••••

Published @ wattpad date - 14.10.2020

Continue Reading

You'll Also Like

879K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
58.2K 7.2K 172
sequel of (1394 to final)
36.7K 5.1K 19
[Unicode + Zawgyi code] Name: ဗီလိန်ဖေဖေ၅ယောက်က ငါ့ကိုအလိုလိုက်ဖို့ ရန်ဖြစ်နေကြတယ် Summary >> Ye sang ရဲ့ အဖေငါးယောက်ဟာ ဒီကမ္ဘာမှာ မကောင်းမှုတွေကို လ...
3.6M 361K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္