𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏...
By Daffodil_KJ
115K 12.3K 1.9K
သင်သိပါသလား ?? အမြဲတမ်းသတ်နေတဲ့ ကမ္ဘာ့ရန်ဘက် ကလဲကိုယ့်ကောင်လေးဖြစ်လာနိုင်တယ်ဆိုတာ 🤭 တို့နှစ်ယောက်က ကြောင်နြဲ့... More
Summary
မတည့်အတူနေ - ၁
မတည့်အတူနေ - ၂
မတည့်အတူနေ - ၃
မတည့်အတူနေ - ၎
မတည့်အတူနေ - ၅
မတည့်အတူနေ - ၆
မတည့်အတူနေ - ၇
မတည့်အတူနေ - ၈
မတည့်အတူနေ - ၉
မတည့်အတူနေ - ၁၁
မတည့်အတူနေ - ၁၂
မတည့်အတူနေ - ၁၃
မတည့်အတူနေ - ၁၄
မတည့်အတူနေ - ၁၅
မတည့်အတူနေ - ၁၆
မတည့်အတူနေ - ၁၇
မတည့်အတူနေ - ၁၈
မတည့်အတူနေ - ၁၉
မတည့်အတူနေ - ၂၀
မတည့်အတူနေ - ၂၁
မတည့်အတူနေ - ၂၂ ( final )
မတည့်အတူနေ - ၁၀
4.9K 585 105
By Daffodil_KJ
ZAWGYI
"အာ...ကြာလိုက်တာ"
"အာ...လာပြီ...လာပြီ"
"အ့...ဘာ...ဘာကြီးလဲ...."
"ငြိမ်ငြိမ်နေ....."
ဒဏ်ရာမရစေနဲ့"
ခုန်သွားခဲ့သည်။
ပြေးထွက်သွားသည်။
.
.
Flashback Start .....
"Jungkook Oppa...."
"အွန်း....Jieun ah....wae ?? "
"Nae...."
"ကဲ.....ဘာပြောမလို့လဲ...ပြော"
"ခြေထောက်ကို....."
"အဆင်ပြေရဲ့လား..."
"အဟွတ်....အဟွတ်..."
"ဘ...ဘာလို့လဲ"
လိုက်ဖက်တာပဲ....."
"Nae......"
Flashback End........
.
.
.
.
.
.
.
.
.
.
"Jungkook ah..Seokjin ah.."
"ဟာ...ဦးဦး Hobi......"
"Duty ကပြီးသွားပြီလေ..."
"ဘာလာလုပ်တာလဲ ဒီကို...."
"Taehyung ??? "
"သဘောကျနေတာလား ?? "
"Wow......"
"တ...တကယ်ကြီးလား...."
"Yah....Kim...."
ဝင်ဖြန်ဖြေလိုက်သည်။
"ရော့...."
<< Hello.....Taehyung ?? >>
<< Hello..... >>
<< ငါပါ....Hoseok... >>
<< ဒါဆို အနက်ဖြန်အလုပ်
ပြန်ဆင်းတော့မှာပေါ့..... >>
<< Arrnyi...သတိရလို့.... >>
<< ဟင်..... >>
အသံထွက်လာသည်။
<< ကိုယ်မင်းကို သတိရတယ်........
လွမ်းလဲလွမ်းတယ်..... >>
သဘောကျတယ်...ယောက်ျားလေးတစ်ယောက်ကို လှတယ်လို့မသုံးသင့်ပေမယ့် ကိုယ့်ကြောင့် ပြုံးရယ်
Seokjin နေရခက်လာသည်။ထပဲထွက်သွားရ
ဘယ်လိုအခြေအနေကြီးလဲ...
ကြည့်ရတာအမော..
<< Hoseok Hyung ..... >>
ပါ့မယ်နော် >>
ပြန်ကြည့်လိုက်ရင်း..
<< ချစ်  တယ်  နော် >>
အခုတော့ပြန်တော့မယ်....."
"ကြွ..ကြွ....."
"Nae....ဦးဦး Hobi......"
"အော်....အင်းအင်း"
"ဘာ....."
ငါ...ငါ..ဘယ်လောက်တောင်မှ....."
"Seokjin....."
များလား...
ချင်သည်။
စကားတောင်မဆုံးသေးဘဲ ခါးကနေ သိမ်းကျုံးဖက်ပြီး အရှေ့ကိုအဆွဲခံလိုက်ရတာကြောင့် လန့်ပြီး Jungkook ရင်ဘတ်ပေါ်က အင်္ကျီစလေးကို ဆုပ်ကိုင်လိုက်မိသည်အထိ...
"မင်းလဲ ငါ့လိုပဲလား....."
တောင်မပြောလိုက်ရပေ..
Seokjin လက်လေးတွေ Jungkook ရင်ဘတ်က အင်္ကျီစလေးကနေ တဖြည်းဖြည်း လည်တိုင်ကို ဖက်တွယ်လာသည်။
------------------ TOM & JERRY -------------------
To be continued.....
Love you all 💜💜
_________________________________________
UNICODE
ဆေးရုံကြီးထဲမှာ အခန်းတစ်ခန်းကနေ ခေါင်းလုံးလုံး
လေးအားပြူတစ်ပြူတစ်ဖြင့် ကုတ်ချောင်းချောင်း
နေတဲ့ ကောင်လေးတစ်ယောက်ရှိသည်။
ထိုသူကား Jeon Jungkook ပင်..
"အာ...ကြာလိုက်တာ"
သူ့ပုံစံဟာ ခိုးကြောင်ခိုးဝှက်နဲ့တစ်ယောက်
ယောက်ကို စောင့်နေသလို.....
"အာ...လာပြီ...လာပြီ"
သူစောင့်နေတဲ့သူ လျှောက်လာနေတာကြောင့် တစ်ကိုယ်ထဲရေရွတ်နေသော ကောင်လေး...
"အ့...ဘာ...ဘာကြီးလဲ...."
Seokjin လူနာမှတ်တမ်းကြည့်ရင်း လမ်းလျှောက်
လာနေတုန်း လက်ကနေ ဆောင့်ဆွဲခံလိုက်ရပြီး အခန်းတစ်ခန်းထဲအခေါ်ခံလိုက်ရတာကြောင့် လူကလန့်သွားသည်။
ခန္တာကိုယ်ကို တံခါးနဲ့ဆွဲကပ်ခံလိုက်ရပြီး Jungkook ခန္တာကိုယ်နဲ့ပါ အပိတ်ခံလိုက်
ရတာကြောင့် လူကရုန်းထွက်လို့မရတော့ပေ..
"Yah....Jeon Jungkook....ဘာ....ဘာလုပ်တာလဲ"
"ငြိမ်ငြိမ်နေ....."
Jungkook ပြောပြီး duty coat အိတ်ကပ်လေးထဲက ဆေးဘူးလေးနဲ့ ဂွမ်းတံလေးကိုထုတ်ပြီး Seokjin နှုတ်ခမ်းထောင့်က ကွဲနေသောနေရာလေးကို ဂရုတစိုက်လေးလုပ်ပေးနေတော့ Seokjin ကြောင်တောင်တောင်လေးသာ.....
"အား....စပ်တယ် ခွေးကောင်ရ....ဖြည်းဖြည်း"
"အဲ့ဒါဆိုလဲ ကိုယ့်ဖာသာကိုယ်ဆေးထည့်ပြီး ဂရုစိုက်ပါလား..."
"မင်းကိုရော ဘယ်သူကလုပ်ခိုင်းနေလို့လဲ....ဖယ်....
ဒီဒဏ်ရာလောက်နဲ့ မသေသွားဘူး"
ပြောပြီး သူနဲ့နီးကပ်လွန်းနေတဲ့ Jungkook ခန္တာကိုယ်ကို တွန်းထုတ်ပေမယ့်လဲ အချည်းနှီးသာ....
"လျှာရှည်မနေစမ်းနဲ့...နောက်တစ်ခါ ဒီနေရာ
ဒဏ်ရာမရစေနဲ့"
ဆေးထည့်ပြီးမှ သူ့နှုတ်ခမ်းကိုထိတွေ့ပြီးပြော
လာတာကြောင့် Seokjin ရင်တွေအဆမတန်
ခုန်သွားခဲ့သည်။
"ငါ့ခန္တာကိုယ်နဲ့ငါပါ....ပြီးတော့ ဘယ်သူလုပ်ထားတာလဲ....ဖယ်စမ်းပါ"
ထိုတော့မှ Jungkook  Seokjin ကိုလွှတ်ပေး
လိုက်ပြီး Duty coat ကိုနည်းနည်းပါးပါး လက်နဲ့ဆွဲဆန့်လိုက်ရင်း..
"အဟမ်း....ဟို...ဟို...Mi...Miyanae..."
ပြောပြီးတာနဲ့ Jungkook အခန်းပြင်
ပြေးထွက်သွားသည်။
ပထမဆုံး တောင်းပန်စကားပြောရတာ ရှက်ဖို့ကောင်းလိုက်တာ...
Seokjin နဲ့မတွေ့ခင် Jieun ပြောခဲ့တဲ့စကားတွေကို သူကြားယောင်လာသည်။
.
.
Flashback Start .....
"Jungkook Oppa...."
Jungkook ရိုးရိုးလူနာတစ်ယောက်ကို ကုသနေတုန်း သူ့နာမည်ခေါ်သံကြားတာမို့ နောက်လှည့်ကြည့်
လိုက်တော့ Jieun ဖြစ်နေသည်။
"အွန်း....Jieun ah....wae ?? "
"စကားခဏလောက်ပြောလို့ရမလားဟင်...."
Jieun ပုံစံဟာ တစ်ခုခုကိုပြောပြချင်သလိုပင်...
"အင်း....ဒီလူနာပြီးရင် ပြီးပြီ....ခဏလေးစောင့်နော်"
"Nae...."
Jungkook ပြောလိုက်တော့ လူနာစောင့်တွေထိုင်တဲ့ ခုံလေးတွေမှာ Jieun သွားထိုင်နေလိုက်သည်။
သူလဲ ဘေးကသူနာပြုကို လူနာအတွက် မှာစရာရှိတာတွေမှာပြီး နားကြပ်ကို Duty coat အိတ်ကပ်လေးထဲ ထည့်ပြီးထွက်လာရင်း....
"ကဲ.....ဘာပြောမလို့လဲ...ပြော"
"သမီးလေညှင်းခံထွက်ချင်တယ်....အပြင်ကပန်းခြံလေးထဲ သွားလို့ရမလား...."
Jieun ဘေးနားထိုင်ရင်း ပြောလိုက်တော့ သူ့ကိုလှည့်
ကြည့်ပြီး မေးလာတာကြောင့် သူလဲခေါင်းငြိမ့်ရင်း ဖြေလိုက်သည်။
"ရတာပေါ့....Oppa လိုက်ပို့မယ်"
နှစ်ယောက်သား အတူတူလမ်းလျှောက်ရင်း ဆေးရုံရှေ့ ပန်းခြံလေးထဲက ခုံလေးတစ်ခုံမှာ ထိုင်လိုက်ကြသည်။
"မနေ့က ကိစ္စကိုပြောပြချင်လို့ပါ......မနေ့က Arjushi နဲ့ လမ်းလျှောက်နေတုန်း အဲ့ဒေါက်တာမနဲ့ ဝင်တိုက်တော့ သူကိုင်ထားတဲ့ကော်ဖီပူပူတွေက သမီးပေါ်ကျလာတယ်...
အဲ့ဒါကို Arjushi က ပြန်တောင်းပန်ခိုင်းပေမယ့် မတောင်းပန်နိုင်ဘူးတဲ့လေ...ပြီးတော့ Arjushi ကိုလဲ
ပြောတယ်...အဆင့်မရှိတဲ့ ဆရာဝန်တဲ့.....အစထဲက Arjushi က ဘာတွေဒေါသထွက်ထားလဲမသိပေမယ့် အဲ့ကိစ္စဖြစ်တော့ ပိုဆိုးသွားတယ်....အဲ့မှာ Jungkook Oppa က သူ့ဘက်မပါဘဲ ဟိုဒေါက်တာမဘက်က ဝင်ပြောတော့ သူလဲတင်းပြီး Oppa ကိုပြောလိုက်တာ.."
Jung Kook ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားလိုက်ရ၏။ဘာကိစ္စဆိုတာ သေသေချာချာမသိဘဲ တစ်ဖက်က မိန်းကလေးဆိုတဲ့စိတ်နဲ့ဘဲ သူဝင်ပြောခဲ့မိတာ။
Seok Jin ဘယ်လောက်တောင် ဝမ်းနည်းပြီး ဒေါသထွက်သွားလိမ့်မလဲ..။
"အဲ့လိုလား......Oppa လဲအဲ့အကြောင်းတွေမသိတော့ ဝင်ပါလိုက်တာပါ....Miyanae...."
"သမီးကိုမတောင်းပန်ပါနဲ့.....သမီးကဘာမှမဖြစ်ပါဘူး...အဲ့ဒေါက်တာမကိုပဲ Arjushi ကိုပြန်တောင်းပန်ခိုင်းပါ"
"ဟား....ဟား...ဟုတ်ပါပြီ...ဒါနဲ့ ကော်ဖီအပူလောင်
တယ်ဆိုတာ ဘယ်နေရာထိသွားတာလဲ"
"ခြေထောက်ကို....."
"အဆင်ပြေရဲ့လား..."
"Nae...Arjushi ဆေးထည့်ပေးထားလို့ သက်သာသွားပါပြီ.."
"အင်း.....ဒါနဲ့ နေပါဦး....သူ့ကို ဘာလို့ Arjushi လို့ခေါ်တာလဲ....Oppa နဲ့အသက်တူတူပဲကို"
"သမီးလဲမသိဘူး.....ဒီတိုင်း Arjushi ကိုမြင်ရင် စချင်လို့..Arjushi က ခင်ဖို့ကောင်းတယ်....ဟီး"
"စစတွေ့တုန်းကတော့ သတ်နေကြပြီးတော့..."
"ဟဲဟဲ..ဒါနဲ့လေ Oppa တို့နှစ်ယောက်သာ ရည်းစားဖြစ်သွားရင် သမီးတော့ သေပျော်ပြီ"
"အဟွတ်....အဟွတ်..."
Jieun စကားကြောင့် Jungkook နေရင်းထိုင်ရင်း တံတွေးသီးသွားသည်အထိပင်....
"ဘ...ဘာလို့လဲ"
"သမီးမျက်လုံးထဲမှာ Oppa တို့ကအရမ်း
လိုက်ဖက်တာပဲ....."
"မဖြစ်နိုင်ပါဘူး...ဒီလောက်အမြဲသတ်နေရတာကို..."
Jungkook စိတ်ထဲမှာ ကြိတ်ပျော်နေပေမယ့်လဲ အပြင်မှာတော့ ဟန်ဆောင်ပန်ဆောင် မူလိုက်သေးသည်။
"Oppa တို့ အပြင်ပန်းက သတ်နေကြပေမယ့် မျက်လုံးတွေကိုတော့ ညာလို့မရပါဘူးနော်...သမီးက မျက်လုံးကိုကြည့်တဲ့နေရာမှာဆိုကျွမ်းတယ်.....ရန်ဖြစ်မှ သံယောဇဉ်ဆိုတာ ပိုကြီးမားတာလေ....Tom & Jerry couple လေးပေါ့.....မဟုတ်ဘူးလား....."
"ကြည့်စမ်း...ဒီကလေး..စကားတွေတတ်နေတယ်..."
"သူများကပြောပြတာကို...ဟွန့်"
"ကဲကဲ....အထဲပြန်ဝင်ရအောင် လေသိပ်မခံနဲ့....
အအေးမိမယ်...ခွဲစိတ်ဖို့ရက်က တဖြည်းဖြည်းနဲ့နီးလာပြီ..
ကြားထဲမှာ ဘာမှဖြစ်လို့မရဘူး...ကြားလား"
"Nae......"
Flashback End........
.
.
Jungkook တွေးကာ တစ်ဖန်အခန်းကို နောက်ပြန်လှည့်ပြီးမှ ပြုံးစိစိနဲ့ထွက်သွားသည်။
"ဘာ..ဘာလဲ..ဒီကောင် ငါ့ကိုတောင်းပန်သွားတာလား..."
အခန်းထဲ Seokjin တစ်ကိုယ်ထဲရေရွတ်နေမိသည်။
တစ်နေ့လုံးထူးဆန်းနေသည်လေ......မနက်ကလဲ
Dr.Jo Sena ကလာတောင်းပန်သေးတယ်....အခုလဲ Jungkook ကတောင်းပန်တယ်..
အမြဲသတ်နေတဲ့ သူတို့နှစ်ယောက်ကြားမှာ တောင်းပန်စကားတွေ ရှိနေပြီလား ??
.
.
.
.
.
.
.
.
"Jungkook ah..Seokjin ah.."
အိမ်ထဲဝင်လာလို့ရရဲ့သားနဲ့ အိမ်ပေါက်ဝကနေ အသံပြဲနဲ့အော်နေသော Hoseok ကို ဧည့်ခန်းထဲ ကလေးနဲ့အပြိုင် ကာတွန်းကားကြည့်နေတဲ့ Seokjin တစ်ယောက် တမင်သက်သက် မထူးပေ...
"ဟာ...ဦးဦး Hobi......"
"အာ....uri Jiminie....မတွေ့တာကြာလို့ ပိုပြီးချစ်ဖို့ကောင်းလာတယ်.....ရော့...ဒီမှာ Jimine အတွက် မုန့်တွေပါလာတယ်....."
"ကျေးဇူးတင်ပါတယ် ဦးဦး....ဟီး...."
လက်သေးသေးလေးနဲ့ မုန့်ထုပ်ကိုလှမ်းယူပြီး မျက်လုံးမှေးမှေးလေးတွေ ပိတ်သည်အထိ သွားလေးတွေဖြီးပြရင်းကျေးဇူးတင်စကားပြောလာတဲ့ Jimin ခေါင်းလုံးလုံးလေးကို Hoseok ပုတ်ပေးလိုက်သည်။
ဘေးက သကောင့်သား Seokjin ကတော့ သူ့ကိုလှည့်တောင်မကြည့်ပေ.....
ဆေးရုံမှာမမြင်ချင်မှအဆုံး မြင်နေရတဲ့ ရုပ်တွေပဲကို.....
"Yah....Jung Hoseok...မလာစဖူး လာလို့ပါလား...
ဒီနေ့ မင်း duty မဟုတ်ဘူးလား"
အခန်းထဲမှာ အာကစားလုပ်ပြီး ရေသောက်ဖို့ထွက်လာတဲ့ Jungkook ဟာ Hoseok ကိုမြင်တာနဲ့ ထမင်းစားခန်း
ထဲမရောက်တော့ဘဲ ဧည့်ခန်းထဲရောက်ချလာပြီး Seokjin နဲ့မျက်နှာချင်းဆိုင် ဆိုဖာမှာဝင်ထိုင်လိုက်သည်။
"Duty ကပြီးသွားပြီလေ..."
"ဘာလာလုပ်တာလဲ ဒီကို...."
"ဟို...ဟို...ငါတွေ့ချင်လို့......"
"တွေ့ချင်လို့ ?? ဘယ်သူ့ကိုလဲ....ငါ့ကိုလား"
ကာတွန်းကားထဲ ဈာန်ဝင်နေတဲ့ Seokjin ဟာ
သူတို့ဘက်တစ်ချက်တောင် လှည့်မကြည့်ဘဲ ထပြောသည်။
"ဖွီး....မင်းတို့မျက်ခွက်ကြီး မတွေ့ချင်မှအဆုံး တွေ့နေရတာကို.....ချီးပဲ"
Jungkook နဲ့ Seokjin နှစ်ယောက်လုံးကို မျက်စောင်းထိုးရင်း Hoseok ပြောလိုက်တော့ သူ့ဘေးက Jimin ကထပြောသည်။
"ဒါဆို..သားကို လာတွေ့တာလား...."
"ဒါပေါ့....ချစ်ဖို့ကောင်းတဲ့ Jiminie လေးကို လာတွေ့တာ....ပြီးတော့...."
ပြီးတော့ဆိုပြီး စကားသံရပ်သွားတာကြောင့် Jungkook ရော Seokjin ရော Hoseok ဆီအကြည့်ရောက်သွားသည်။
ထိုတော့မှ မြင်လိုက်ရတာက ပြတင်းပေါက်ကိုကျော်ပြီး မျက်နှာချင်းဆိုင်တိုက်ကိုကြည့်နေသော Hoseok...
"Taehyung ??? "
"မင်းက Taehyung ကိုဘာလို့လဲ"
Taehyung ဆေးရုံမှာခွင့်ယူပြီး Daegu ဘက်ကိုခရီးထွက်သွားတာ တစ်ပတ်လောက်
ရှိနေချေပြီ...ဒီနေ့မှ သူပြန်ရောက်တာပင်..
"မဟုတ်မှလွဲရော....မင်း..မင်း Taehyung ကို..."
တစ်ခုခုကိုစဉ်းစားရသွားဟန်နဲ့ ထအော်သော Seokjin ကြောင့် ဘေးကသုံးယောက်မှာ လန့်သွားရသည်။
"သဘောကျနေတာလား ?? "
Jungkook လဲနားလည်လိုက်ပြီး Seokjin နောက်က သံယောင်လိုက်မေးသည်။
"အင်း....ငါ...ငါသူ့ကိုသဘောကျလို့..."
"Wow......"
"တ...တကယ်ကြီးလား...."
"တကယ်ပါဆိုကွာ...ငါ့ကိုကူညီပေးကြပါ သူငယ်ချင်းတို့ရာ....ငါ....ငါသူ့ကိုဖွင့်မပြောရဲလို့....."
"မင်းကလဲ ဖွင့်ပြောတာ ဘာများခက်လို့လဲ"
ရွှတ်နောက်နောက်ပြောနေတဲ့ Jungkook ဟာ ဘယ်လောက်ပျော်ရွှင်နေလဲဆိုတာ သူ့ကိုယ်သူပဲ သိနိုင်သည်။
Seokjin ဘေးနားကနေ ရှင်းထုတ်လို့ရပြီလေ...ဟဲဟဲ..
"ငါက မင်းလို playboy ကြီးမှ မဟုတ်တာ....ငါက အခုမှအချစ်ကိုတွေ့ရှိသွားတဲ့ Innocent လေး...."
"တော်စမ်းပါ...အပိုတွေ....ငါ့လိုမစွံရင်မစွံဘူးပေါ့"
"ငါသူ့ကိုဖွင့်ပြောချင်တယ်...လူချင်းတွေ့ပြီး မပြောရဲဘူးကွာ...."
"လူချင်းတွေ့ပြီးမပြောရဲရင် ဖုန်းနဲ့ပြောပေါ့....."
"ဖုန်းနဲ့လဲ မပြောရဲဘူး...မင်းတို့ထဲက တစ်ယောက်ယောက် ငါ့ဟန်ဆောင်ပြီး ဖုန်းနဲ့ပြောပေးကြပါလားကွာ...."
"အဲ့ဒါတော့ ဟိုက တော်ကီကြွယ်တဲ့ Playboy ကြီးကိုပြော...."
Seokjin ရွဲ့သလိုလိုစောင်းသလိုလိုနဲ့ မျက်နှာချင်းဆိုင်က Jungkook အား မျက်စောင်းထိုးရင်း ပြောသည်။
"အဟမ်း...ငါ့ကို အထင်ကြီးတာလား...."
"ဝေါ့....ရူးတယ်လို့ပြောရင်လဲ ဘဝင်ကမြင့်ဦးမယ်...
တော်စမ်းပါ...အထင်ကြီးစရာကိုမရှိတာ"
"Yah....Kim...."
"ကဲ...တော်ကြပါတော့ကွာ....Jungkook ငါ့ကိုကူညီပါကွာ...."
မကြာခင် ထသတ်ဖွယ်ရှိတဲ့ ပွဲကို Hoseok ကပဲ
ဝင်ဖြန်ဖြေလိုက်သည်။
"အေးလေ...အကူအညီတောင်းတော့လဲ ကူညီရမှာပေါ့.....မင်းဖုန်းပေး"
"ရော့...."
Hoseok လှမ်းပေးတဲ့ ဖုန်းကိုယူပြီးတာနဲ့ Jungkook နံပါတ်တစ်ခုကို နှိပ်ပြီး Speaker ဖွင့်ကာ စားပွဲခုံအလယ်ပေါ်တင်လိုက်သည်။
<< Hello.....Taehyung ?? >>
<< Hello..... >>
Seokjin တို့သုံးယောက်မှာ Jungkook နဲ့ Taehyung ဖုန်းပြောနေတာကို အာရုံစူးစိုက်နေလေရဲ့..
<< ငါပါ....Hoseok... >>
<< အင်း ဖုန်းနံပါတ်ကြီးမြင်တာ သိတာပေါ့....
Hoseok Hyung ဘာကိစ္စရှိလို့လဲ >>
<< မင်း ခရီးကပြန်ရောက်နေပြီလား >>
<< အင်း...ဒီနေ့ပဲ ပြန်ရောက်တာ.... >>
<< ဒါဆို အနက်ဖြန်အလုပ်
ပြန်ဆင်းတော့မှာပေါ့..... >>
<< အင်း...ကျွန်တော့ခွင့်ရက် ပြည့်သွား
ပြီလေ....ဘာဖြစ်လို့လဲ Hyung >>
<< Arrnyi...သတိရလို့.... >>
<< ဟင်..... >>
တစ်ဖက်က Taehyung ဆီက အံ့ဩသလို
အသံထွက်လာသည်။
<< ကိုယ်မင်းကို သတိရတယ်........
လွမ်းလဲလွမ်းတယ်..... >>
Jungkook ပြောရင်းအကြည့်တွေမှာ ဖုန်းဆီကနေ တဖြည်းဖြည်း သူ့မျက်နှာချင်းဆိုင်က Seokjin ဆီကျရောက်လာသည်။
Seokjin လဲ တစ်ယောက်ယောက်ကြည့်နေသလို ခံစားရတာကြောင့် မော့ကြည့်လိုက်တော့ Jungkook နဲ့အကြည့်ချင်းသွားဆုံပြီး အချိန်တွေဟာ သူတို့နှစ်ယောက်အတွက်ဘဲ ကွက်ပြီးရပ်တန့်သွားသလိုလို....
အားကစားလုပ်ထားလို့ ချွေးစလေးတွေစို့နေတဲ့ Jungkook သူ့ကိုစိုက်ကြည့်နေပုံဟာ သိပ်ကို
ဆွဲဆောင်မှုရှိလွန်းသည်။
သူမျက်နှာလွှဲဖို့တောင် မေ့လျော့နေခဲ့သည်လေ....
<< မတွေ့ရရင် အရမ်းတွေ့ချင်နေတယ်...ကိုယ့်
အနားမှာ မင်းမရှိရင် တစ်ခုခုလိုနေသလိုပဲ...
ကိုယ့်အတွက်မပြီးပြည့်စုံတော့ဘူး....မနက်ခင်းတိုင်းမင်းရဲ့မျက်နှာလေးကို ကြည့်ပြီး နိုးထချင်တယ်..ကိုယ်စနောက်လိုက်လို့ မင်းဆီကထွက်လာတဲ့ချိုသာတဲ့ရယ်သံလေးတွေကို
သဘောကျတယ်...ယောကျ်ားလေးတစ်ယောက်ကို လှတယ်လို့မသုံးသင့်ပေမယ့် ကိုယ့်ကြောင့် ပြုံးရယ်
လိုက်တဲ့ မင်းရဲ့အပြုံးလေးတွေကသိပ်လှလွန်းတယ်...
နောက်ဆုံး....ကိုယ်နဲ့ရန်ဖြစ်ချိန်တိုင်း ရန်ပြန်တွေ့တတ်တဲ့
မင်းပုံလေးက သိပ်ကိုချစ်ဖို့ကောင်းတယ်ကွာ..ကိုယ်မင်းကို အရမ်းချစ်တယ် >>
Seokjin နေရခက်လာသည်။ထပဲထွက်သွားရ
မလိုလို ဆက်ပဲထိုင်နေရမလိုလိုနဲ့...
ဘယ်လိုအခြေအနေကြီးလဲ...
Hoseok ကတော့ Taehyung အိမ်ကို လည်ပြန်ငမ်းနေလို့ အခြေအနေကိုမသိလိုက်ပေမယ့် အလယ်က Jimin လေးကတော့ရိပ်မိပုံနဲ့ Jungkook ကိုတစ်လှည့် Seokjin ကိုတစ်လှည့်ခေါင်းစောင်းစောင်း
ကြည့်ရတာအမော..
<< Hoseok Hyung ..... >>
Seokjin ကိုငေးရင်း အရာရာမေ့နေတဲ့ Jungkook တစ်ယောက် တစ်ဖက်က Taehyung အသံကြားမှ သတိပြန်ဝင်လာသည်။
<< အာ....Taehyung..ကိုယ့်ကိုလက်မခံရင်တောင် ကိုယ့်စကားကို အသိအမှတ်ပြုရင်....>>
Seokjin ဆီကအကြည့်ကိုခွာပြီး မျက်နှာချင်းဆိုင်
တိုက်က မီးပိတ်ထားလို့ မှောင်နေတဲ့ Taehyung အခန်းလေးကို လှမ်းကြည့်လိုက်သည်။
<< အခန်းမီးလေးဖွင့်လိုက်ပါလား...... >>
<< ဟင်...ကျွန်တော်အခန်းမီးပိတ်ထားတာ ဘယ်လိုသိလဲ... >>
<< အမှန်တော့ ကိုယ်က Jungkook တို့အိမ်ရောက်
နေတာ.....မင်းကိုတွေ့ချင်လွန်းလို့...မင်းထွက်မကြည့်ပါနဲ့ ကိုယ်ပြောသလိုလေးပဲ လုပ်ပေးပါ......အခန်းမီးမဖွင့်
ရင်တော့ ကိုယ့်ကိုအသိအမှတ်မပြုဘူးလို့ မှတ်လိုက်
ပါ့မယ်နော် >>
Hoseok ကတော့ Taehyung အခန်းလေးဆီက မျက်လုံးပင်မခွာတော့...စိတ်ထဲမှာလဲ မီးလေးလင်းလာပါစေလို့သာ ဆုတောင်းနေမိသည်။
သူ့အနောက်မှာ အကြည့်စစ်ပွဲပဲဖြစ်ဖြစ် ဘယ်လိုတိုက်ပွဲပဲဖြစ်ဖြစ် ကမ္ဘာဘဲပျက်နေပျက်နေ သူဘာမှမသိတော့...
တော်တော်ကြာတဲ့အထိ Taehyung အခန်းလေး မီးမလင်းလာချေ...
(တစ်မျိုးမထင်ပါနဲ့ မီးသီးကျွမ်းနေလို့ပါ😆)
Hoseok လဲ စိတ်ပျက်လက်ပျက်နဲ့ Jungkook တို့ဘက်ပြန်လှည့်လာပြီး မျက်နှာငယ်လေးနဲ့ သနားစဖွယ်.......(Hoseok နဲ့ Jimin က ပြတင်းပေါက်ကိုကျောပေးထိုင်နေကြတာပါ)
<< ကျေးဇူးတင်ပါတယ် Taehyung....
ကိုယ့်ကိုအသိအမှတ်ပြုပေးလို့..... >>
Jungkook အသံကြားတာနဲ့ Hoseok မျက်နှာ ချက်ချင်းပြောင်းလဲသွားပြီး နောက်လှည့်ကြည့်လိုက်
တော့ တစ်အိမ်လုံးမှာမှ လိုက်ကာလေးတွေပိတ်
ထားရင်းမီးလင်းနေတဲ့အခန်းလေးတစ်ခန်းသာ..
<< Hoseok Hyung အသံကတစ်မျိုးကြီး ဖြစ်နေသလိုပဲနော် >>
<< အာ...ဟုတ်တယ်...ကိုယ်နေသိပ်မကောင်းလို့ >>
<< အော်....ဂရုစိုက်နော်.....မနက်မှတွေ့ကြမယ် Hoseok Hyung...... >>
<< အင်း....ကိုယ်ဆေးရုံရှေ့မှာ စောင့်နေမယ်.....
ကိုယ်ပြောပြီးသားဆိုပေမယ့် နောက်တစ်ခေါက် ထပ်ပြောပါရစေ... >>
Seokjin မျက်နှာလေးကို Jungkook တစ်ဖန်
ပြန်ကြည့်လိုက်ရင်း..
<< ချစ်  တယ်  နော် >>
Jungkook ရဲ့တစ်လုံးချင်း ပီပီသသပြောသံကြောင့် Seokjin ချက်ချင်းပင် ခေါင်းငုံ့သွားပြီး ပြုံးစိစိမျက်နှာကို မနည်းထိန်းနေရသည်။
တီ ဆိုတဲ့ ဖုန်းချသံရဲ့အနောက်မှာတော့ Hoseok တစ်ယောက် ထခုန်လေရဲ့..
"Wow...Jeon Jungkook...တော်ကီတွေက ကြွယ်လိုက်တာ...ကျေးဇူးတင်တယ်ကွာ...ငါ့ကိုကူညီပေးလို့"
အကြောင်းမသိရှာသော Hoseokie လေးကတော့ သူ့ကိုကူညီတယ်ဆိုပြီး ပျော်နေလေရဲ့။
Hoseok ကိုကူညီတာလား...Seokjin ကိုဖွင့်ပြောတာလား မသဲကွဲ....ဘာပဲဖြစ်ဖြစ် တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့....ဟဲဟဲ....
"ရပါတယ်ကွာ...ဒီလောက်ကတော့ အေးဆေးပါ"
"ဒါနဲ့ ငါနဲ့ Taehyung က တစ်ခါမှမင်းတို့နှစ်ကောင်လို မသတ်ဖူးပါဘူး....ဘာတဲ့...ရန်ပြန်တွေ့တဲ့ပုံလေးက ချစ်ဖို့ကောင်းတယ် ဟုတ်လား...."
"အဟွတ်....ဟျောင့်....အဲ့ဒါက တော်ကီလေ"
Jungkook ရှက်ရမ်းရမ်းပြီးသာ ဖြေမိသည်။
"အေးပါကွာ....နောက်နေ့မှ မင်းတို့ကို တစ်ဝိုင်းပေါ့...
အခုတော့ပြန်တော့မယ်....."
"ကြွ..ကြွ....."
"Jiminie....ဦးဦး ပြန်တော့မယ်နော်"
"Nae....ဦးဦး Hobi......"
"သွားပြီ ငါ့ကောင်တွေရေ......"
Hoseok ထွက်သွားပြီးတာနဲ့ Jimin ဆီက အသံထွက်လာသည်။
"သားလဲအိပ်ချင်နေပြီ....သွားအိပ်တော့မယ်နော်..."
"အော်....အင်းအင်း"
သူတို့နှစ်ယောက်လုံး အသံပြိုင်တူထွက်မိသည်။
အဲ့တော့မှပဲ ပြဿနာကစတော့သည်။
သူတို့နှစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ.....
ရှက်ရမ်းရမ်းပြီး နှစ်ယောက်သား ခေါင်းကုတ်ဖင်ကုတ်နဲ့...
"ကျစ်....စိတ်ပျက်ဖို့ကောင်းလိုက်တာ....."
Jungkook ချွေးတွေနဲ့မို့ ရေချိုးဖို့ထအထွက်မှာ Seokjin ဆီက စိတ်ပျက်တဲ့အသံထွက်လာသည်။
"ဘာ....."
"Jeon Jungkook....ငါတို့ ဘယ်ချိန်ထိ ဒီလိုတွေ
ဖြစ်နေရမှာလဲ...အမြဲတမ်း မထိတထိငါ့ကို လာလာ
စပြီးတော့ ပြီးရင်မင်းဘာမှမသိသလို လုပ်တယ်...
ဘယ်ချိန်ထိ မင်းဒီလိုတွေလုပ်နေဦးမှာလဲ..."
"မင်းဘာတွေပြောနေတာလဲ. Seokjin..."
"မင်းဆီက ချစ်တယ်ဆိုတဲ့ စကားကိုကြားခဲ့ပေမယ့် ဘာမှမရှိခဲ့သလို သဘောထားပေး ဟုတ်လား.......
ငါ...ငါ..ဘယ်လောက်တောင်မှ....."
"Seokjin....."
Seokjin စကားတွေကြောင့် Jungkook ကြောင်တောင်တောင်လေးသာ ရပ်နေမိတုန်း။
"ငါ့ဘက်က စချစ်မိလို့ ရှုံးတယ်ပြောလဲ ခံရမှာပဲ...
ခံစားချက်တွေကို ဖုံးကွယ်ရတာ ငါပင်ပန်းလာပြီ..
မင်းကတော့ သူရဲဘောကြောင်နိုင်ပေမယ့် ငါကတော့ အဲ့လိုမလုပ်နိုင်တော့ဘူး Jeon Jungkook.."
ပြောပြီးတာနဲ့ သူ့ပါးရိုးနှစ်ဖက်ကို ထိန်းကိုင်ရင်း သူ့နှုတ်ခမ်းဆီ ထိကပ်လာသော Seokjin ရဲ့ နှုတ်ခမ်းဖူးဖူးလေး.....သူအိပ်မက်မက်နေတာ
များလား...
နမ်းခဲ့ဖူးတဲ့ နှစ်ခေါက်မှာ သူ့ဘက်ကစနမ်းတာ
ချည်းပဲ....အခု...ခု...Seokjin ဘက်က သူ့ကိုစနမ်းတယ်ဆိုတော့....
ဘယ်လောက်မှမကြာ ပြန်ပြီးဖယ်ခွာသော နှုတ်ခမ်းလေး...သူကြောင်နေတာမို့ ပြန်တောင်မနမ်းလိုက်ရဘဲ အဖယ်ခံလိုက်ရသည်။
Seokjin သူကိုယ်တိုင်လဲ ဘာတွေ
လုပ်နေမှန်းမသိတော့.....သူအသိစိတ်တွေ လွတ်သွားတာ....သူ့ကို မထိတထိစပြီး ဒီတိုင်းထထွက်သွားဖို့ ပြင်တဲ့ Jungkook ကြောင့် သူ့စိတ်တွေပေါက်ကွဲပြီး လုပ်ချင်ရာလုပ်မိသွားတာ...
ပြိုင်ဘက်ရှေ့မှာ အရှက်ကွဲလဲ သူမတတ်နိုင်တော့....
သူ့ခံစားချက်တွေကို ဒီထက်ပိုပြီး သူမဖုံးထားနိုင်
တော့ဘူး.....လွတ်လွတ်လပ်လပ်နဲ့ ဖွင့်ထုတ်ပလိုက်
ချင်သည်။
တန်ပြန်အနမ်းတွေ ရောက်မလာတာကြောင့် Seokjin ချက်ချင်းဖယ်ခွာလိုက်ကာ မျက်လုံးတွေ ဟိုဟိုဒီဒီကြည့်ပြီး မတည်မငြိမ်ဖြစ်လာသည်။
လုပ်ချင်တာလုပ်ပြီးမှ ရှက်ဖို့သတိရတယ်ဆိုတာ ဒါမျိုး..
"ဟို...Mi..Miyan..ငါ..ငါစိတ်လွတ်သွား..အင့်..."
စကားတောင်မဆုံးသေးဘဲ ခါးကနေ သိမ်းကျုံးဖက်ပြီး အရှေ့ကိုအဆွဲခံလိုက်ရတာကြောင့် လန့်ပြီး Jungkook ရင်ဘတ်ပေါ်က အကျႌစလေးကို ဆုပ်ကိုင်လိုက်မိသည်အထိ...
အနီးကပ်မြင်ရသော Jungkook မျက်နှာလေးက သူ့ကိုမရိုးနိုင်အောင် ပြုစားနိုင်လွန်းသည်။
သူ့ကိုလန့်ပြီး ပြူးကြည့်နေတဲ့ သူ့လက်ထဲက Seokjin ကိုကြည့်ရင်း Jungkook အသဲယားလာသည်။
"မင်းလဲ ငါ့လိုပဲလား....."
Seokjin မဖြေဘဲ နားလေးတွေရဲလာရင်း Jungkook နဲ့အကြည့်ချင်းမဆုံစေတော့ဘဲ ခေါင်းငုံ့သွားသည်။
"ငါတို့တစ်ယောက်မှ မရှုံးပါဘူး....နှစ်ယောက်လုံးနိုင်တာ..
ငါမင်းကိုချစ်တယ် Seokjin....ပြောချင်ပေမယ့် မပြောရဲခဲ့ဘူး....မင်းမုန်းသွားမှာ ကြောက်နေခဲ့တာ.......
ချစ်တာထုတ်မပြောဘဲမင်းနဲ့ပဲအမြဲရန်ဖြစ်နေတော့မယ်လို့ တွေးနေခဲ့တာ....ရန်ဖြစ်ရလဲ အနည်းဆုံးတော့ မင်းဘေးနားမှာ နေခွင့်ရတယ်လေ....ငါဖွင့်ပြောလိုက်လို့ မင်းငါ့နားကနေ ထွက်သွားမှာ စိုးရိမ်နေခဲ့တာမို့...."
"ငါ....ငါလဲ မင်းကိုချစ်တယ်.....ရူးမတတ်ချစ်....."
ဒုတိယအကြိမ် စကားကိုဖြတ်ပြီး ထိကပ်ခံလိုက်ရသော နှုတ်ခမ်းနှစ်လွှာကြောင့် Seokjin စကားဆုံးအောင်
တောင်မပြောလိုက်ရပေ..
Seokjin ရဲ့အောက်နှုတ်ခမ်းထူထူလေးကို Jungkook တစိုက်မတ်မတ်နဲ့ စုပ်ယူနမ်းရှိုက်သလို Jungkook အပေါ်နှုတ်ခမ်းပါးပါးလေးကို Seokjin စုပ်ယူနမ်းရှိုက်သည်။
Seokjin လက်လေးတွေ Jungkook ရင်ဘတ်က အကျႌစလေးကနေ တဖြည်းဖြည်း လည်တိုင်ကို ဖက်တွယ်လာသည်။
Seokjin ခါးပေါ်က Jungkook လက်တွေကလဲ တဖြည်းဖြည်း ပိုတင်းကျပ်လာသယောင်.....
သေချာပါတယ်....မနက်ဖြန်တိုင်းဟာ ရန်ပွဲတွေမရှိတော့ဘဲ အချစ်ပွဲတွေနဲ့သာ ပြည့်နှက်နေတော့မည်ဆိုတာ....
အဲ့လိုထင်ပါသလား..မထင်လိုက်ပါနဲ့ ရည်းစားဖြစ်လဲ အမြဲသတ်နေမှာပါပဲ...
အောက်ထပ်မှာ အနမ်းချင်းစစ်ထိုးနေတဲ့ ကောင်လေးနှစ်ယောက်ရှိသလို အပေါ်ထပ်က အခန်းလေးထဲ အဖေနှစ်ယောက်နဲ့အတူ Vc ခေါ်ရင်း အတင်းတုပ်နေတဲ့ ပိစိလေးလဲ ရှိနေလေရဲ့.....
------------------ TOM & JERRY -------------------
To be continued.....
Thank you for reading and voting....
Love you all 💜💜
Continue Reading
You'll Also Like
175K 13.9K 25
မင်းရဲ့အမုန်းတွေအတွက် ငါ့ရဲ့အချစ်တွေကို ပေးဆပ်ပေးမယ် ဘာလို့လဲဆိုတော့ မင်းကိုသိပ်ချစ်လို့ Jinkook / Kookjin Yoai Love
27.1K 3.9K 22
သူရှိတဲ့အရပ်က အညိုရောင်တွေဖုံးလွှမ်းနေတဲ့ vintage ရပ်ဝန်းငယ်
13K 1.6K 5
9.4K 399 9
until we meet again. ( lowercase intended )