Mysterious Love ( Completed )

By yoon_085

621K 60.2K 3.9K

ေလာကမွာ မျမင္ႏိုင္တဲ့အရာေတြ အမ်ားႀကီး႐ွိတယ္ ကိုယ္ကမျမင္ရတာနဲ႔ပဲ မရွိဘူးလို႔ေျပာလို႔မရဘူး အက္မျမင္ရတဲ့ အရာေတြက... More

Part 1 ~ Xiao Family
Part-2 ~Wrong face🔞🚨
Part-3 ~Sad Song
Part -4~ Leader Wang
Part-5 ~Picture
Part -6 ~ Piano
Part -7~ Argument
Part-8 ~ Lonely
Part -9 ~ Truth
Part -10~Darkness
Part-11~Cheating
Part-12~Party Night 🔞🚨
Part-13~ Attention 🔞🚨
Part-14 ~ It's hurt
Part-15~ Mirror
Part-16~Broken Photo
Part-17 ~ Mansion
Part -18 ~ Scream
Part-19 ~Red Lady
Part-20 ~ Cctv Records
Part-21~It's call Love 💚❤
Part-22~ Nightmare
Part-23~ Dating (1)
Part-24~Dating (2)
Part - 25~ Clue (1)
Part -26~ Clue (2)
Part-27~Love Drug 🔞🚨
Part-28 ~ Dream
Part-29~Cheater
Part-30 ~ Past (1)
Part-31 ~Past (2)
Part-32 ~Sleep Walking
Part-33 ~The Church
Part -34~ Love Poem 🔞🚨
Part -35~ Come Along
Part -36 ~ Terrify
Part -38~Who is murderer?
Part -39 ~ Tears
Part-40 ~Twin Flame 🚨🔞
Part -41~ Belief ( Final )
Extra - I 🔞🚨
Holloween Special
one shot
Announcement !!

Part- 37~ Unexpected

9.2K 1.3K 178
By yoon_085

Mysterious Love

Unicode

ယွီပင်းရန်ဖေးကိုတွဲခေါ်လာပြီးအခန်းပြင်ကို ဘယ်လိုပြေး
ထွက်လာမှန်းတောင်မမှတ်မိတော့ဘူးတစ်အိမ်လုံးလဲ မှောင်မဲနေတာမို့လို့စမ်းတဝါးဝါးနဲ့ထွက်ပြေးလာရတယ် ။

" ဖေးကော အဆင်ပြေရဲ့လား ''

" ရတယ် ငါအဆင်ပြေတယ် ''

"ကျွန်တော်တို့လောလောဆယ်ဒဏ်ရာကိုသွေးတိတ်
အောင်လုပ်ရမယ်အခန်းထဲသွားရအောင် ''
ယွီပင်းလဲရန်ဖေးကိုခေါ်ပြီး အခန်းထဲသွားကာတံခါးကို သေချာအောင်လော့ချပြီးတံခါးနားကို ခုံတွေနဲ့ပါပိတ်လိုက်တယ် ။

လင်းချန်နဲ့ရှောင်ဟန်ကမီးဖိုချောင်ထဲက ဟင်းချက်တဲ့စင် အနောက်မှာနှစ်ယောက်သားပုန်းနေကြတယ် ။

"လင်းဒီမှာခဏနေခဲ့ကောတချက်သွားကြည့်လိုက်မယ် ''

" ဘယ်ကိုလဲ ''

"ဟမ် အော် ဇီယီတို့အဆင်ပြေရဲ့လားဆိုတာ သွားကြည့်မလို့ကျိုးချန်ကလဲတစ်ယောက်တည်း မေ့နေတာမလား အဲ့ဒါကြောင့် ''

" လင်းလဲလိုက်မယ် ''

" ကျစ်ဘာလိုက်လုပ်မှာလဲမြန်မြန်သွားပြီးပြန်လာခဲ့မယ်''
ရှောင်ဟန်ကလင်းချန်ပြောတာတောင်မစောင့်ဘူး ချက်ချင်းပဲထွက်သွားတယ် လင်းချန်လဲ ထိုနေရာကနေပုန်းနေတာမထွက်ရဲဘူး သရဲမရဲ့ပုံစံကိုမြင်ပြီးအတော်ကိုတုန်လှုပ်နေပြီ အိမ်မက်ထဲမှာသူမြင်လိုက်ရတဲ့ပုံစံအပြင် လက်ရှိအချိန်မှာမြင်ရတဲ့သွေးပျက်စရာအခြေနေကြောင့် သူတော်တော်တုန်လှုပ်နေပြီ ။

ရှောင်ဟန်မီးဖိုချောင်ထဲကနေအမြန်ထွက်လာပြီး သူ့အခန်းထဲကိုဝင်သွားတယ် အခန်းတံခါးကိုမြန်မြန်ပိတ်ပြီး သူ့ကုတင်အောက်မှာ ဖွတ်ထားတဲ့မီးခြစ်လိုအရာလေးကိုဆွဲခွာလိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲထည့်လိုက်တယ်၊ ပြီးတော့သူ့ဖုန်းမီးကိုဖွင့်ပြီးအခန်းတံခါးကိုသေချာပိတ်ကာ တစ်ဖက်ကိုလှည့်လိုက်တော့ သူ့ကိုပြုံးပြီးစိုက်ကြည့်နေတဲ့ဇီယီနဲ့တွေ့တယ် ။

" အား ''
ရှောင်ဟန်လဲလက်ထဲကကိုင်ထားတဲ့ ဖုန်းကိုလန့်ပြီးလွင့်ပစ်လိုက်ပြီးထွက်ပြေးလာတယ်၊ ရှောင်ဟန်ကအခန်းတွေရှိတဲ့လျှောက်လှမ်းတွေ ဘက်ကနေထွက်ပြေးလာပြီးလှေကားနားရောက်တော့ မောလို့ဒူးပေါ်လက်ထောက်ပြီး အမောဖြေနေတုန်း နံရံကိုလက်သည်းနဲ့ကုတ်ခြစ်တဲ့အသံကြားလိုက်ရတယ်၊ ရိုးရိုးကုတ်ခြစ်တဲ့အသံလိုမဟုတ်ဘဲ လျှောက်လာတဲ့လမ်းတစ်လျှောက်ကိုလက်သည်းနဲ့ ခြစ်ဆွဲလာတဲ့အသံမျိိုး ။

ရှောင်ဟန်လဲအသံကိုကြားပြီးဘယ်ထွက်ပြေးရမှန်း မသိတာနဲ့ အပေါ်ထပ်ကိုထွက်ပြေးလာတယ် လင်းချန်တစ်ယောက်တည်းကျန်ခဲ့တယ်ဆိုတာလဲမေ့လို့ ။

လင်းချန်မီးဖိုချောင်ထဲမှာဒူးလေးကိုလက်နှစ်ဖက်နဲ့ ပိုက်ကာကျုံကျုံလေးထိုင်နေမိတယ် ဘာအသံမှလဲမထွက်ရဲ ။

~~~~~~~~ လျှပ် ~~~~~~ လျှပ် ~~~~~~

မီးဖိုချောင်ထဲကိုလူဝင်လာတဲ့အသံကြားတာမို့ ရှောင်ဟန်ပြန်လာပြီအထင်နဲ့လင်းချန်အနည်းငယ် စိတ်သက်သာရသွားတယ်
ဒါပေမယ့်ခြေသံသာကြားရပြီးသူ့အနားကို ရောက်မလာသေးတာမို့ရင်တထိပ်ထိပ်နဲ့ စောင့်နေရတုန်း....

အတော်ကြာတဲ့အထိကိုခြေသံကလဲပျောက်သွား သူ့အနားကိုရှောင်ဟန်ကလဲရောက်မလာသေးတာမို့ သူပုန်းနေတဲ့ မီးဖိုချောင်အကွယ်နားကနေ ချောင်းကြည့်လိုက်တော့မှောင်မဲနေတဲ့ မီးဖိုချောင်ထဲမှာလူအရိပ်ကိုမတွေ့....

သူလဲအနည်းငယ်ကြောက်နေတာမို့လို့လက်နှစ်ဖက်ကို ယှက်ပြီးဆုတောင်းလိုက်မိတယ် ဘယ်သူမဆိုတော့
သေရမှာကြောက်ကြတာချည်းပဲ သူလဲစိတ်သက်သာရအောင်အကြာကြီးမျက်လုံးမှတ်ပြီး ဆုတောင်းနေလိုက်မိတယ် ရုတ်တရုတ်သူ့ပါးပေါ်အေးစက်စက် အရာတစ်ခုကကျလာတာမို့လို့ သူ့ပါးပေါ်ကျလာတဲ့အရာကိုကြည့်လိုက်တော့ အေးစက်စက်အရည်တစ်စက် ။

မဟုတ်ပါစေတဲ့ဆုတောင်းပြီးမျက်လုံးကိုမှိတ်ကာ အားယူပြီး အပေါ်ကိုဖွင့်ကြည့်လိုက်တော့ မျက်နှာကြက်မှာကပ်ကာ သူ့ကိုငုံပြီးကြည့်နေတဲ့ဇီယီ ဆံပင်များကလဲရူပ်ပွနေပြီး မျက်လုံးမှသွေးမျက်ရည်စီးကြောင်းတွေစီးနေပြီး သူ့ကိုအပေါ်ကနေစိုက်ကြည့်နေတယ်။

" အား ''
လင်းချန်လဲသူမြင်လိုက်ရတဲ့သွေးပျက်စရာမြင်ကွင်းကို လန့်သွားတာကြောင့် အသံကုန်ခြစ်ပြီးအော်လိုက်မိတယ်။
ပြီးတော့သူလဲကြောက်ကြောက်နဲ့မီးဖိုချောင်ထဲက ထွက်လာတယ် ။

" ရိပေါ်အောက်မှာလင်းချန်ရဲ့အသံကြားတယ် ဘာဖြစ်တာလဲမသိဘူးသွားကြည့်ရအောင် ''
အပေါ်ထပ်ကဧည့်ခန်းနားမှာထိုင်နေတဲ့ရှောင်ကျန့်နဲ့ ရိပေါ်နှစ်ယောက်ဖုန်းမီးအကူညီကိုယူပြီး အောက်ကိုထပ်ဆင်းလာတယ် လက်ဝါးကပ်တိုင်ကိုကိုင်ထားတဲ့ရိပေါ်ကအရှေ့က နေသွားတယ် သူတို့အောက်ကိုရောက်တော့ မီးဖိုချောင်ကနေပြေးထွက်လာတဲ့လင်းချန်နဲ့ တိုက်မိတော့ ကြောက်လန့်နေတဲ့လင်းချန်ကအသံကုန် အော်ဟစ်တော့တာပဲ ။

" လင်းချန် စိတ်လျော့ငါတို့ပါ ''

" မန်နေဂျင်းအဟင့်ကယ်ပါဦး ကျွန်မမသေချင်သေးဘူး''
အလွန်အမင်းကြောက်ရွံကာငိုကြွေးနေတဲ့လင်းချန်ကို ဖျောင်းဖျပေးပြီးစိတ်သက်သာအောင် ဖက်ပေးလိုက်တယ်

" ငါမီးဖိုချောင်ထဲမှာသွားကြည့်လိုက်မယ် ''

"မသွားပါနဲ့အရမ်းကြောက်ဖို့ကောင်းတယ် မသွားနဲ့ ''

လင်းချန်ကရိပေါ်ရဲ့အင်္ကျီကိုလက်နဲ့မှီသလောက်လှမ်းဆွဲ ထားလိုက်တယ် ။

" ရပါတယ် ငါ့ကိုယ်ငါကာကွယ်နိုင်ပါတယ် ''

" သူက သူက မီးဖိုချောင်ရဲ့မျက်နှာကြက်မှာ ''

"ဟုတ်ပြီ ငါသွားကြည့်လိုက်မယ် ''

"ရိပေါ် သတိထားဦး ''
ရှောင်ကျန့်ကရိပေါ်ကိုလှမ်းသတိပေးတော့ ရိပေါ်ယဲ့ယဲ့လေးပြုံးမိသွားတယ် ရှောင်ကျန့်ကသူ့ကိုစိတ်ပူပေးသားပဲ သူအခုချိန်မှာတောင်တစ်ခုခုဖြစ်ချင်သွားတယ် သူ့ကိုရှောင်ကျန့်စိုးရိမ်တာလေးလိုချင်လို့....

ရိပေါ်မီးဖိုချောင်ထဲကိုလက်ဝါးကပ်တိုင်ယူပြီးသတိနဲ့ ဝင်သွားတယ် မီးဖိုချောင်တစ်ခုလုံးရောလင်းချန်ပြောတဲ့ မျက်နှာကြက်ကိုရောလိုက်ကြည့်ပေမယ့် ဘာမှမရှိတာကြောင့်မီးဖိုချောင်ထဲကပြန်ထွက်လာတယ် ဒါပေမယ့်သူ့အနောက်ကအရိပ်တစ်ခုက သူ့ကိုရပ်ကြည့်နေတယ်ဆိုတာကတော့ သူသတိမထားမိလိုက်ဘူး ။

ဧည့်ခန်းထဲမှာထိုင်နေတဲ့ရှောင်ကျန့်တို့ဆီပြန်သွား လိုက်တော့ အခုချိန်ထိတုန်လှုပ်နေသေးတဲ့လင်းချန်ကို နှစ်သိမ့်ပေးနေတဲ့ရှောင်ကျန့်ရယ် သတိလစ်နေသေးတဲ့ကျိုးချန်ရယ်

" ရိပေါ်တွေ့ခဲ့လား ''

"ဟင့်အင်းဘာမှမရှိဘူး ''

" မဖြစ်နိုင်တာ ခုနကတင်ခုနကတင်လင်း လင်းကိုယ်ကိုယ်မြင်လိုက်ရတာ ''

" အခုမတွေ့တော့ဘူးအဲ့ဒါထက်ငါတို့ဒီမှာနေလို့မဖြစ်ဘူး အခန်းတစ်ခန်းထဲမှာသွားနေရအောင် ကျိုးချန်ကိုဒီအတိုင်းထားခဲ့ရင်အန္တာရယ်ရှိတယ် ''
ရိပေါ်ကကျိုးချန်ကိုလက်တစ်ဖက်ကိုပခုံးပေါ် တင်လိုက်ပြီးတွဲထူကာအောက်ထပ်ကအခန်းတွေ ဘက်ကိုလျှောက်လာတယ် ရှောင်ကျန့်နဲ့လင်းချန်ကလဲ ရိပေါ်အနောက်ကနေလိုက်လာတယ် ။

အောက်ထပ်ကအခန်းတွေဘက်ကို လျှောက်လာတော့ ရှောင်ကျန့်ခပ်အေးအေးအရာတစ်ခုကိုတက်နင်းမိတာမို့ ကောက်ယူပြီးကြည့်လိုက်တော့မီးခြစ်တစ်ခု၊ သူလဲအသုံးလိုမှာပဲဆိုပြီးသူ့ဘောင်းဘီအိတ်ထဲ ထည့်ထားလိုက်တယ် ။

အောက်ထပ်ကမိန်းကလေးနှစ်ယောက်နေတဲ့အခန်းထဲမှာ ရိပေါ်ရှောင်ကျန့်၊လင်းချန်နဲ့ကျိုးချန်တို့လေးယောက်၊ကျိုးချန်ကသတိမရသေးတာမို့သူတို့မှာသတိနဲ့နေ နေရတယ် တော်ကြာသတိမေ့နေတဲ့လူထဲဝင်ပူးကုန်မှ ဒုက္ခတွေဖြစ်နေမယ်တစ်အိမ်လုံးမှာလဲလူတွေကကွဲနေကြတယ် သူတို့လေးယောက်ကတစ်ခန်းထဲအတူရှိနေကြပြီး ရန်ဖေးနဲ့ယွီပင်းကဘယ်ရောက်နေမှန်းမသိ ရှောင်ဟန်ကလဲပျောက် ။

တစ်အိမ်လုံး လုံးဝတိတ်ဆိတ်နေတဲ့အချိန်....

~~~~~ တင်တင် ~~~~ တင် ~~~ တင်တင်တင် ~~~

တိတ်ဆိတ်နေတဲ့တစ်အိမ်လုံးကို စည်းချက်ကျကျထွက်လာတဲ့ စန္ဒယားသံက တစ်အိမ်လုံးပျံနှံလို့ Adele ရဲ့ Hello သီချင်းကို စည်းချက်ကျစွာတီးခတ်တဲ့အသံက သာမန်လူတီးခတ်နေတယ်ဆိုရင်အရမ်းကောင်းမှာပဲလို့ ချီးကျူးမိမှာ ဒါပေမယ့်အခုလိုခြောက်ခြားဖွယ်ကောင်း တဲ့အချိန်မှာကြားလိုက်ရတာမို့လို့အားလုံးအတွက်ကတော့ ထိုသံစဉ်ကကြက်သီးထဖွယ်တကယ်လို့သူတို့ ဒီစံအိမ်ကြီးထဲမှာဒီနေ့ကိုကျော်လွန်လို့ လွတ်မြောက်ခဲ့ကြရင် Adele ရဲ့ Hello သီချင်းကိုထပ်ကြားချင်ကြမယ်မထင်တော့ဘူး သူတို့အတွက်သွေးပျက်စရာကောင်းလောက်အောင် ခြောက်လှန့်နေတဲ့သံစဉ်ကို ဘယ်သူမှသတိရမနေချင်မှာ အသေချာပဲ ။

" ရိပေါ်ဖုန်းလိုင်းတွေပြန်ရပြီလား ဖာသာဆီဆက်ကြည့်ပါဦး ငါတို့ဒီတိုင်းတစ်ညလုံး ထွက်ပြေးနေရတော့မှာလား ''

" အင်း ကိုယ်ဆက်ကြည့်လိုက်မယ် ''

ရိပေါ်ဖာသာဆီကိုရောဘုရားကျောင်းကစစ်စတာကြီးဆီ ကိုရောဆက်ကြည့်ပေမယ့် တစ်ယောက်မှလဲမကိုင် ။ အချိန်ကည၁၂ကိုကျော်လွန်ရုံကာရှိသေးမနက်ရောက်ဖို့ အများကြီးလိုနေသေးတယ်သူတို့ဒီပုံစံအတိုင်း မနက်ရောက်ဖို့်ထိုင်စောင့်နေရင်မနက်ကျရင် အလောင်းတွေအားလုံးကိုပဲ မြင်ရတော့မယ့်ပုံပေါက်နေပြီ မင်အာကလဲဒီပုံစံအတိုင်းဆိုရပ်မယ့်ပုံမရဘူး ။

တစ်အိမ်လုံးရဲ့မီးကလဲလုံးဝကိုအလုပ်မလုပ်တာကြောင့် သူတို့မှာအခက်တွေ့ပတ်ဝန်းကျင်ကိုအော်ပြီး အကူညီတောင်းရအောင်လဲ ဒီလောက်ကျယ်တဲ့ခြံနဲ့ လိပ်ခေါင်းထွက်မတက်အော်တောင် ဘယ်သူ့မှသိမှာမဟုတ်ဘူး ။

ရှောင်ဟန်လဲ ကြောက်လန့်စွာအပေါ်ထပ်ကို ပြေးတက်လာပြီးမှနောင်တကရချင်လာပြီ အပေါ်မှာဘယ်သူမှလဲမရှိတဲ့အပြင် တစ်ယောက်တည်းဖြစ်တာကြောင့် အလွန်ပင်သွေးပျက်နေပြီအောက်ထပ်ကကြားလိုက်ရတဲ့ စန္ဒယားသံကြောင့် သူ့တစ်ကိုယ်လုံးသွေးပင် မလျှောက်တော့ဘူးလားထင်ရအောင်ကို တုန်လှုပ်နေမိတယ်သူကြားနေရတဲ့သံစဉ်က ရှောင်မင်အာအရမ်းကြိုက်တဲ့သီချင်း ၊သူ့အတွက်ရည်ရွယ်တာမဟုတ်ဘဲရိပေါ်အတွက် ရည်ရွယ်ကာအမြဲ feel တဲ့သီချင်း....

ယွီပင်းကရန်ဖေးပေါင်ကပုလင်းကွဲနဲ့ထိုးမိတဲ့ဒဏ်ရာကို ရေနဲ့သေချာသုတ်ပေးပြီး အဝတ်စတစ်ခုနဲ့သွေးထက်
မထွက်တော့အောင်စည်းပေးထားတယ် ။

" ငါတို့ဒီအခန်းထဲမှာပဲဘယ်ချိန်ထိနေရမှာလဲ ''

ရန်ဖေးကမျှော်လင့်ချက်မဲ့စွာနဲ့မေးလိုက်မိတယ် ။
" ကျွန်တော်လဲမသိဘူး အခုချိန်ကျွန်တော်တို့ ဒီထဲမှာနေတာကလွဲရင်ဘာမှလုပ်မရဘူး ''

"သေမယ့်အချိန်ကို ငုတ်တုတ်ထိုင်ပြီး စောင့်နေရသလိုပါပဲကွာ''

" ကျဲရော အဆင်ပြေရဲ့လားမသိဘူး သရဲမကဘာလို့အခုလိုလုပ်နေတယ်လို့ကောထင်လဲ ''

" ငါလဲဘယ်သိမှာလဲကွာ ဒီနေ့ကျမှပဲညကလဲရှည်လိုက်တာ''

" ဟုတ်ပါ့ ''

ယွီပင်းနဲ့ရန်ဖေးနှစ်ယောက်သားကုတင်အောင်နားမှာ နံရံကိုမှီပြီးစကားပြောနေကြတယ် ရုတ်တရက် သူတို့အခန်းထဲကရေချိုးခန်းကရေပွင့်လာတယ် ။

" ကော ''

" အေးငါကြားတယ် ''
မထင်ထားတာကသူတို့ပိတ်ထားတဲ့တံခါးကြီးကို အပြင်ကလူတစ်ယောက်အားနဲ့ရိုက်ထုနေသလို ဒုန်း ဒုန်း ဒုန်းနဲ့ အသံထွက်လာပြီးတံခါးကြီးတစ်ခုလုံး လှုပ်ယမ်းနေတယ်၊ ယွီပင်းနဲ့ရန်ဖေးက တံခါးပေါက်ကိုကြည့်ပြီးဘာလုပ်ရမှန်းမသိ ။ တံခါးကြီးကိုအဆက်မပြတ်ထုနေတာရပ်သွားတာကြောင့် သက်ပြင်းချမယ်ကြံရုံရှိသေး သူတို့အခန်းထဲက ပစ္စည်းတွေကတစ်ခုပြီးတစ်ခုပြုတ်ကျလာတယ် ။

အဝတ်ဗီရိုကြီးကလဲလှုပ်ရမ်းလာတာမို့လို့ ယွီပင်းနဲ့ရန်ဖေးလဲ အခန်းတံခါးမှာပိတ်ထားတဲ့ ခုံကိုတွန်းဖယ်ပြီးအပြင်ထွက်ဖို့လုပ်တယ် ဗီဒိုကြီးကကြောက်စရာကောင်းလောက်အောင် လှုပ်ယမ်းနေပြီးအရှေ့ဘက်ကိုပြိုကျသွားတယ် ယွီပင်းလဲဒဏ်ရာရနေတဲ့ရန်ဖေးကိုတွဲကူပြီး အခန်းထဲကအမြန်ထွက်လာတယ် သူတို့အခန်းထဲမှာဆက်နေရင်မနက်နေထွက်တာကို ကြည့်ဖို့အာမတောင်မခံနိုင်ဘူး ။

ဘေးဘက်အခန်းကဆူညံသံတွေကြောင့် ရှောင်ကျန့်တံခါးကိုဖွင့်ပြီးကြည့်လိုက်တော့ ရန်ဖေးကိုတွဲကာအခန်းထဲကပြေးထွက်လာပုံရတဲ့ ယွီပင်းကိုတွေ့လိုက်ရတယ် ။

" ငါတို့အောက်ထပ်မှာနေရင်အဆင်ပြေမှာမဟုတ်ဘူး အပေါ်ထပ်သွားရအောင်အားလုံးလူစုနေ ''

ရိပေါ်ကဦးဆောင်ပြီးဝင်ပြောလိုက်ကာအကုန်လုံးကို အရှေ့ကသွားခိုင်းလိုက်ပြီးသူကအနောက်ကနေပဲ
လိုက်ခဲ့လိုက်တယ် အပေါ်ထပ်ရောက်တော့ဧည့်ခန်းက ဆိုဖာတွေအနားမှာပုန်းနေတဲ့ ရှောင်ဟန်ကို တွေ့လိုက်ရတယ် ။

" ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ ''

"ငါလဲပြေးမိပြေးရာပြေးလာတာ မင်းတို့ရောက်လာလို့ တော်သေးတယ် ''

သူတို့အပေါ်ထပ်ကလူမသုံးတဲ့အခန်းထဲဝင်လိုက်ကြပြီး တံခါးကိုပိတ်လိုက်တယ်တစ်ယာက်တကွဲစီ ဖြစ်နေတာထက်စာရင်အားလုံးအတူရှိတော့ ကူညီလို့ရတာပေါ့ သူတို့အပေါ်ထပ်မှာရှိနေတဲ့အချိန် အောက်ထပ်ကနေပန်းကန်ကွဲတဲ့အသံတွေရော စန္ဒယားကိုအားပြင်းပြင်းနဲ့ရိုက်ခတ်တဲ့အသံတွေရော အတိုင်းသားကြားနေရတယ် ။

အသံကိုကြားနေရပေမယ့်သူတို့တွေဘာစကားမှ မပြောဖြစ်ကြ ဒါပေမယ့်သိပ်မကြာဘူးသူတို့နေနေတဲ့ အခန်းတံခါးကိုပြင်းပြင်းထန်ထန်လာထု ရိုက်လာပြန်တယ် ။

" အဟင့် လုပ်ပါဦး တစ်ခုခုလုပ်ကြပါဦး ဟီး....''
လင်းချန်ကအခန်းထဲမှာကြောက်လန့်ပြီးထငိုနေတယ် မိန်းကလေးတစ်ယောက်အနေနဲ့ဒီလိုအဖြစ်ပျက်မျိုးကို ကြုံတွေနေရတာမလန့်လဲနေမလား သူဘယ်လိုပဲမကြောက်အောင်တင်းခံထားတင်းခံထား အဖြစ်ပျက်တွေကလက်ခံနိုင်စရာမရှိဘဲ ၊

" ဘာလို့အခုလိုတွေကြုံနေရတာလဲ ဘာလို့လဲ အဲ့လောက်တောင်သတ်ချင်နေရင်သတ်တဲ့သူကို ပဲဒုက္ခပေးပါလားဘာလို့မဆိုင်တဲ့သူတွေပါ လိုက်လုပ်နေတာလဲ ဟီး...အဟင့်''

လင်းချန်လဲကြောက်ကြောက်လန့်လန့်နဲ့ ဘယ်ထဲကထွက်လာမှန်းမသိတဲ့ပေါက်ကွဲမှုတွေနဲ့သူလဲ ပြောချင်ရာပြောလိုက်တယ်လင်းချန်ပြောပြီးသိပ်မကြာဘူး တံခါးကိုအဆက်မပြတ်ထုနေတာရပ်သွားတာကြောင့် အားလုံးကဝမ်းပဲသာရမလားထိတ်ပဲလန့်ရမလားတောင် ဖြစ်သွားကြတယ်၊

" စိတ်လျော့ ငါသွားကြည့်လိုက်မယ် ''

ရိပေါ်ကအသံတိတ်သွားတဲ့တံခါးနားကိုဖြေးဖြေးချင်း ကပ်သွားလိုက်တယ် ။

" ရိပေါ်သတိထားဦး ''
ရှောင်ကျန့်ကရိပေါ်အနောက်လိုက်သွားပြီး လက်ဝါးကပ်တိုင်ပါတဲ့ဆွဲကြိုးလေးကို လက်ထဲထည့်ပေးလိုက်တယ် ။

ရုတ်တရက်လော့ချထားတဲ့အခန်းတံခါးက ဝုန်းခနဲထပွင့်သွားပြီး ရိပေါ်ကိုအားပြင်းပြင်းနဲ့ ဆောင့်တွန်းလိုက်တာကြောင့် ရိပေါ်အခန်းအပြင်ဘက်ကိုရောက်သွားပြီး သူ့လက်ထဲကကိုင်ထားတဲ့လက်ဝါးကပ်တိုင်ပါ လွင့်ထွက်သွားတယ် ရှောင်ကျန့်ထိုအဖြစ်ပျက်ကိုမြင်ပြီး မယုံနိုင်အောင်ဖြစ်သွားတယ် ခုနကလင်းချန်ပြောတဲ့ စကားများကလဲနားထဲမှာပဲ့ထင်သံလိုထပ်လို့....

' အဲ့လောက်တောင်သတ်ချင်နေရင်သတ်တဲ့သူကိုပဲ ဒုက္ခပေးပါလား ဘာလို့မဆိုင်တဲ့သူတွေပါဒုက္ခလိုက်ပေး နေတာလဲ '

ရိပေါ် ? ရိပေါ်ကတကယ်ပဲတရားခံလား သူ့အတွေးတွေ ကြာကြာမခံလိုက်ပါဘူး ဦးနှောက်ထက်နှလုံးသားက ပိုမြန်တာကြောင့်ရိပေါ်ဒုက္ခရောက်နေတာကို ဘယ်လိုမှမျက်နှာမလွဲနိုင်တာကြောင့် အခန်းထဲက ပြေးထွက်ပြီးလဲကျနေတဲ့ရိပေါ်ဆီပြေးထွက်သွားမိတယ် ရှောင်ကျန့်လဲအခန်းပြင်ဘက်ကို ပြေးထွက်သွားပြီးတာနဲ့ အခန်းတံခါးကဝုန်းခနဲပိတ်ကျသွားတယ် ။

" မန်နေဂျင်း အဆင်ပြေရဲ့လား ''

အခန်းထဲကသူ့ကိုစိုးရိမ်စွာမေးနေတာမို့လို့ သူအဆင်ပြေကြောင်းလှမ်းပြောလိုက်တယ် ။ ရှောင်ကျန့်ရိပေါ်ကိုထူပေးလိုက်ပြီးပြုတ်ကျသွားတဲ့ လက်ဝါးကပ်တိုင်ကိုကောက်လိုက်တယ် ။

" အဲ့ဒါမင်းလား ''
ရှောင်ကျန့်ထိုစကားကိုခက်ခက်ခဲခဲပြောလိုက်ရပြီး မျက်ရည်တွေဝေ့ကာရိပေါ်ကိုမေးလိုက်တယ် ။

" ရှောင်ကျန့် ? "

ထိုမေးခွန်းကရိပေါ်ရဲ့နှလုံးသားတည့်တည့်ကို ဓားနဲ့မွှန်းနေသလိုပဲနှစ်ခါသူဒီမေးခွန်းကို မေးတာနှစ်ခါရှိသွားပြီ ငါကမင်းအတွက်အဲ့လိုလူစားမျိုး ဖြစ်နေခဲ့လို့လားရှောင်ကျန့်...

ရိပေါ်ရှောင်ကျန့်ရဲ့မေးခွန်းအတွက်အဖြေမရှိပါ အခြေနေတွေအားလုံးကသူ့ကိုတရားခံပါလို့ တွန်းပို့နေတာသူ့ချစ်သူထင်လဲထင်နိုင်တာပေါ့ သူစိတ်မဆိုးရက်ပါဘူး ငါချစ်မိသွားတဲ့မင်းကို မနာကျင်စေချင်ဘူး ရိပေါ်ခဏလေးပဲမျက်နှာလွှဲလိုက်တဲ့ အချိန်ရှောင်ကျန့်အခန်းတံခါးကဝုန်းခနဲပွင့်သွားပြီး ရှောင်ကျန့်ကိုဆွဲခေါ်သွားသလိုပါသွားတယ် ။

" ရှောင်ကျန့်....''
ရိပေါ် ရှောင်ကျန့်ကိုလိုက်ဆွဲပေမယ့် ဘယ်လိုမှမမှီတော့ဘူး အခန်းတံခါးကလဲဝုန်းခနဲ ပိတ်သွားတာမို့ ရိပေါ်ဘယ်လိုမှမမှီလိုက် တံခါးကိုအကြိမ်ကြိမ်ဆွဲဖွင့်ပေမယ့်ဘယ်လိုမှမရ ။

" ရှောင်ကျန့် အဆင်ပြေရဲ့လားရှောင်ကျန့် ''
ရိပေါ်တံခါးကိုထုရိုက်နေပြီးအားနဲ့တွန်းဖွင့်ပေမယ့်လုံးဝ ဖွင့်လို့မရ ။

" ရှောင်ကျန့်ခဏနေဦးနော် ကိုယ်မင်းကိုရအောင်ထုတ်ပေးမယ် ''

" ရိပေါ်ငါအဆင်ပြေတယ် အခန်းထဲကကျန်တဲ့သူတွေကို သာသွားကြည့်လိုက်ငါဘာမှမဖြစ်ဘူး ''

"စောင့်နေကိုယ်မင်းကိုရအောင်ကယ်မယ် ''
ရိပေါ်သူ့အခန်းထဲကစစ်စတာကြီးဆီကရထားတဲ့ မန်းထားတဲ့ရေကိုသွားယူတယ် ။

ရှောင်ကျန့်ကတော့အခန်းထဲမှာတစ်ယောက်တည်း သူဘာလုပ်ရမှန်းမသိသူ့စိတ်ထဲဝင်လာတဲ့အတွေးတစ်ခုက ရိပေါ်သာသူ့အမကိုသတ်တဲ့သူဖြစ်နေရင်သူရိပေါ်ကို မုန်းရမှာလား ဦးနှောက်ကမေးနေပေမယ့်နှလုံးသားက လက်မခံဘူး သူချစ်မိသွားတဲ့သူကိုလွယ်လွယ်မုန်း လို့်ရပါ့မလားတဲ့....

ရှောင်ကျန့်တံခါးကို ကျောပေးကာထိုင်ချလိုက်တော့ သူ့ဘောင်းဘီအိတ်ထဲကအရာတစ်ခုကိုစမ်းမိတာကြောင့် ထုတ်ကြည့်လိုက်တော့ သူအောက်ထပ်မှာကောက်ရခဲ့တဲ့ မီးခြစ်လေး ၊အခန်းထဲမှာလဲမှောင်မဲနေတာကြောင့် အလင်းရောင်ရဖို့မီးခြစ်ကိုထုတ်လိုက်ပေမယ့် သူထင်ထားသလိုမီးခြစ်ဟုတ်မနေခဲ့ USB လေးတစ်ခု ။ ရှောင်ကျန့်လဲUSBကိုကိုင်ပြီးသေချာကြည့် နေလိုက်တယ်အထဲမှာဘာ Fileများရှိနေမလဲ

ရှောင်ကျန့်လဲသူ့မျက်စိရှေ့ကခုံပေါ်မှာတင်ထားတဲ့ Laptop ကိုမြင်လိုက်ရတာကြောင့်သူအမြန်ပဲ Laptop ကိုယူပြီးUSBကိုထိုးကာကြည့်လိုက်တယ် ။

USB ထဲကFile မွာ 0442017 ဆိုတဲ့ Fileကိုမြင်လိုက်ရတာကြောင့် ရှောင်ကျန့်လဲ ဖွင့်ကြည့်လိုက်တယ် မဖွင့်ကြည့်ခင်စိတ်ထဲကနေ ကျေးဇူးပြုပြီးသူမဖြစ်ပါစေနဲ့လို့တိုးတိုးလေး ဆုတောင်းနေမိတယ် ။

edaz
7:31 a.m.

____________<<<<<<<__________

Mysterious Love

Zawgyi

ယြီပင္းရန္ေဖးကိုတြဲေခၚလာၿပီးအခန္းျပင္ကို ဘယ္လိုေျပး
ထြက္လာမွန္းေတာင္မမွတ္မိေတာ့ဘူးတစ္အိမ္လုံးလဲ ေမွာင္မဲေနတာမို႔လို႔စမ္းတဝါးဝါးနဲ႕ထြက္ေျပးလာရတယ္ ။

" ေဖးေကာ အဆင္ေျပရဲ႕လား ''

" ရတယ္ ငါအဆင္ေျပတယ္ ''

"ကြၽန္ေတာ္တို႔ေလာေလာဆယ္ဒဏ္ရာကိုေသြးတိတ္
ေအာင္လုပ္ရမယ္အခန္းထဲသြားရေအာင္ ''
ယြီပင္းလဲရန္ေဖးကိုေခၚၿပီး အခန္းထဲသြားကာတံခါးကို ေသခ်ာေအာင္ေလာ့ခ်ၿပီးတံခါးနားကို ခုံေတြနဲ႕ပါပိတ္လိုက္တယ္ ။

လင္းခ်န္နဲ႕ေရွာင္ဟန္ကမီးဖိုေခ်ာင္ထဲက ဟင္းခ်က္တဲ့စင္ အေနာက္မွာႏွစ္ေယာက္သားပုန္းေနၾကတယ္ ။

"လင္းဒီမွာခဏေနခဲ့ေကာတခ်က္သြားၾကည့္လိုက္မယ္ ''

" ဘယ္ကိုလဲ ''

"ဟမ္ ေအာ္ ဇီယီတို႔အဆင္ေျပရဲ႕လားဆိုတာ သြားၾကည့္မလို႔က်ိဳးခ်န္ကလဲတစ္ေယာက္တည္း ေမ့ေနတာမလား အဲ့ဒါေၾကာင့္ ''

" လင္းလဲလိုက္မယ္ ''

" က်စ္ဘာလိုက္လုပ္မွာလဲျမန္ျမန္သြားၿပီးျပန္လာခဲ့မယ္''
ေရွာင္ဟန္ကလင္းခ်န္ေျပာတာေတာင္မေစာင့္ဘူး ခ်က္ခ်င္းပဲထြက္သြားတယ္ လင္းခ်န္လဲ ထိုေနရာကေနပုန္းေနတာမထြက္ရဲဘူး သရဲမရဲ႕ပုံစံကိုျမင္ၿပီးအေတာ္ကိုတုန္လႈပ္ေနၿပီ အိမ္မက္ထဲမွာသူျမင္လိုက္ရတဲ့ပုံစံအျပင္ လက္ရွိအခ်ိန္မွာျမင္ရတဲ့ေသြးပ်က္စရာအေျခေနေၾကာင့္ သူေတာ္ေတာ္တုန္လႈပ္ေနၿပီ ။

ေရွာင္ဟန္မီးဖိုေခ်ာင္ထဲကေနအျမန္ထြက္လာၿပီး သူ႕အခန္းထဲကိုဝင္သြားတယ္ အခန္းတံခါးကိုျမန္ျမန္ပိတ္ၿပီး သူ႕ကုတင္ေအာက္မွာ ဖြတ္ထားတဲ့မီးျခစ္လိုအရာေလးကိုဆြဲခြာလိုက္ၿပီး သူ႕ေဘာင္းဘီအိတ္ထဲထည့္လိုက္တယ္၊ ၿပီးေတာ့သူ႕ဖုန္းမီးကိုဖြင့္ၿပီးအခန္းတံခါးကိုေသခ်ာပိတ္ကာ တစ္ဖက္ကိုလွည့္လိုက္ေတာ့ သူ႕ကိုၿပဳံးၿပီးစိုက္ၾကည့္ေနတဲ့ဇီယီနဲ႕ေတြ႕တယ္ ။

" အား ''
ေရွာင္ဟန္လဲလက္ထဲကကိုင္ထားတဲ့ ဖုန္းကိုလန႔္ၿပီးလြင့္ပစ္လိုက္ၿပီးထြက္ေျပးလာတယ္၊ ေရွာင္ဟန္ကအခန္းေတြရွိတဲ့ေလွ်ာက္လွမ္းေတြ ဘက္ကေနထြက္ေျပးလာၿပီးေလွကားနားေရာက္ေတာ့ ေမာလို႔ဒူးေပၚလက္ေထာက္ၿပီး အေမာေျဖေနတုန္း နံရံကိုလက္သည္းနဲ႕ကုတ္ျခစ္တဲ့အသံၾကားလိုက္ရတယ္၊ ရိုးရိုးကုတ္ျခစ္တဲ့အသံလိုမဟုတ္ဘဲ ေလွ်ာက္လာတဲ့လမ္းတစ္ေလွ်ာက္ကိုလက္သည္းနဲ႕ ျခစ္ဆြဲလာတဲ့အသံမ်ိိုး ။

ေရွာင္ဟန္လဲအသံကိုၾကားၿပီးဘယ္ထြက္ေျပးရမွန္း မသိတာနဲ႕ အေပၚထပ္ကိုထြက္ေျပးလာတယ္ လင္းခ်န္တစ္ေယာက္တည္းက်န္ခဲ့တယ္ဆိုတာလဲေမ့လို႔ ။

လင္းခ်န္မီးဖိုေခ်ာင္ထဲမွာဒူးေလးကိုလက္ႏွစ္ဖက္နဲ႕ ပိုက္ကာက်ဳံက်ဳံေလးထိုင္ေနမိတယ္ ဘာအသံမွလဲမထြက္ရဲ ။

~~~~~~~~ လွ်ပ္ ~~~~~~ လွ်ပ္ ~~~~~~

မီးဖိုေခ်ာင္ထဲကိုလူဝင္လာတဲ့အသံၾကားတာမို႔ ေရွာင္ဟန္ျပန္လာၿပီအထင္နဲ႕လင္းခ်န္အနည္းငယ္ စိတ္သက္သာရသြားတယ္
ဒါေပမယ့္ေျခသံသာၾကားရၿပီးသူ႕အနားကို ေရာက္မလာေသးတာမို႔ရင္တထိပ္ထိပ္နဲ႕ ေစာင့္ေနရတုန္း....

အေတာ္ၾကာတဲ့အထိကိုေျခသံကလဲေပ်ာက္သြား သူ႕အနားကိုေရွာင္ဟန္ကလဲေရာက္မလာေသးတာမို႔ သူပုန္းေနတဲ့ မီးဖိုေခ်ာင္အကြယ္နားကေန ေခ်ာင္းၾကည့္လိုက္ေတာ့ေမွာင္မဲေနတဲ့ မီးဖိုေခ်ာင္ထဲမွာလူအရိပ္ကိုမေတြ႕....

သူလဲအနည္းငယ္ေၾကာက္ေနတာမို႔လို႔လက္ႏွစ္ဖက္ကို ယွက္ၿပီးဆုေတာင္းလိုက္မိတယ္ ဘယ္သူမဆိုေတာ့
ေသရမွာေၾကာက္ၾကတာခ်ည္းပဲ သူလဲစိတ္သက္သာရေအာင္အၾကာႀကီးမ်က္လုံးမွတ္ၿပီး ဆုေတာင္းေနလိုက္မိတယ္ ႐ုတ္တ႐ုတ္သူ႕ပါးေပၚေအးစက္စက္ အရာတစ္ခုကက်လာတာမို႔လို႔ သူ႕ပါးေပၚက်လာတဲ့အရာကိုၾကည့္လိုက္ေတာ့ ေအးစက္စက္အရည္တစ္စက္ ။

မဟုတ္ပါေစတဲ့ဆုေတာင္းၿပီးမ်က္လုံးကိုမွိတ္ကာ အားယူၿပီး အေပၚကိုဖြင့္ၾကည့္လိုက္ေတာ့ မ်က္ႏွာၾကက္မွာကပ္ကာ သူ႕ကိုငုံၿပီးၾကည့္ေနတဲ့ဇီယီ ဆံပင္မ်ားကလဲ႐ူပ္ပြေနၿပီး မ်က္လုံးမွေသြးမ်က္ရည္စီးေၾကာင္းေတြစီးေနၿပီး သူ႕ကိုအေပၚကေနစိုက္ၾကည့္ေနတယ္။

" အား ''
လင္းခ်န္လဲသူျမင္လိုက္ရတဲ့ေသြးပ်က္စရာျမင္ကြင္းကို လန႔္သြားတာေၾကာင့္ အသံကုန္ျခစ္ၿပီးေအာ္လိုက္မိတယ္။
ၿပီးေတာ့သူလဲေၾကာက္ေၾကာက္နဲ႕မီးဖိုေခ်ာင္ထဲက ထြက္လာတယ္ ။

" ရိေပၚေအာက္မွာလင္းခ်န္ရဲ႕အသံၾကားတယ္ ဘာျဖစ္တာလဲမသိဘူးသြားၾကည့္ရေအာင္ ''
အေပၚထပ္ကဧည့္ခန္းနားမွာထိုင္ေနတဲ့ေရွာင္က်န႔္နဲ႕ ရိေပၚႏွစ္ေယာက္ဖုန္းမီးအကူညီကိုယူၿပီး ေအာက္ကိုထပ္ဆင္းလာတယ္ လက္ဝါးကပ္တိုင္ကိုကိုင္ထားတဲ့ရိေပၚကအေရွ႕က ေနသြားတယ္ သူတို႔ေအာက္ကိုေရာက္ေတာ့ မီးဖိုေခ်ာင္ကေနေျပးထြက္လာတဲ့လင္းခ်န္နဲ႕ တိုက္မိေတာ့ ေၾကာက္လန႔္ေနတဲ့လင္းခ်န္ကအသံကုန္ ေအာ္ဟစ္ေတာ့တာပဲ ။

" လင္းခ်န္ စိတ္ေလ်ာ့ငါတို႔ပါ ''

" မန္ေနဂ်င္းအဟင့္ကယ္ပါဦး ကြၽန္မမေသခ်င္ေသးဘူး''
အလြန္အမင္းေၾကာက္႐ြံကာငိုေႂကြးေနတဲ့လင္းခ်န္ကို ေဖ်ာင္းဖ်ေပးၿပီးစိတ္သက္သာေအာင္ ဖက္ေပးလိုက္တယ္

" ငါမီးဖိုေခ်ာင္ထဲမွာသြားၾကည့္လိုက္မယ္ ''

"မသြားပါနဲ႕အရမ္းေၾကာက္ဖို႔ေကာင္းတယ္ မသြားနဲ႕ ''

လင္းခ်န္ကရိေပၚရဲ႕အကၤ်ီကိုလက္နဲ႕မွီသေလာက္လွမ္းဆြဲ ထားလိုက္တယ္ ။

" ရပါတယ္ ငါ့ကိုယ္ငါကာကြယ္နိုင္ပါတယ္ ''

" သူက သူက မီးဖိုေခ်ာင္ရဲ႕မ်က္ႏွာၾကက္မွာ ''

"ဟုတ္ၿပီ ငါသြားၾကည့္လိုက္မယ္ ''

"ရိေပၚ သတိထားဦး ''
ေရွာင္က်န႔္ကရိေပၚကိုလွမ္းသတိေပးေတာ့ ရိေပၚယဲ့ယဲ့ေလးၿပဳံးမိသြားတယ္ ေရွာင္က်န႔္ကသူ႕ကိုစိတ္ပူေပးသားပဲ သူအခုခ်ိန္မွာေတာင္တစ္ခုခုျဖစ္ခ်င္သြားတယ္ သူ႕ကိုေရွာင္က်န႔္စိုးရိမ္တာေလးလိုခ်င္လို႔....

ရိေပၚမီးဖိုေခ်ာင္ထဲကိုလက္ဝါးကပ္တိုင္ယူၿပီးသတိနဲ႕ ဝင္သြားတယ္ မီးဖိုေခ်ာင္တစ္ခုလုံးေရာလင္းခ်န္ေျပာတဲ့ မ်က္ႏွာၾကက္ကိုေရာလိုက္ၾကည့္ေပမယ့္ ဘာမွမရွိတာေၾကာင့္မီးဖိုေခ်ာင္ထဲကျပန္ထြက္လာတယ္ ဒါေပမယ့္သူ႕အေနာက္ကအရိပ္တစ္ခုက သူ႕ကိုရပ္ၾကည့္ေနတယ္ဆိုတာကေတာ့ သူသတိမထားမိလိုက္ဘူး ။

ဧည့္ခန္းထဲမွာထိုင္ေနတဲ့ေရွာင္က်န႔္တို႔ဆီျပန္သြား လိုက္ေတာ့ အခုခ်ိန္ထိတုန္လႈပ္ေနေသးတဲ့လင္းခ်န္ကို ႏွစ္သိမ့္ေပးေနတဲ့ေရွာင္က်န႔္ရယ္ သတိလစ္ေနေသးတဲ့က်ိဳးခ်န္ရယ္

" ရိေပၚေတြ႕ခဲ့လား ''

"ဟင့္အင္းဘာမွမရွိဘူး ''

" မျဖစ္နိုင္တာ ခုနကတင္ခုနကတင္လင္း လင္းကိုယ္ကိုယ္ျမင္လိုက္ရတာ ''

" အခုမေတြ႕ေတာ့ဘူးအဲ့ဒါထက္ငါတို႔ဒီမွာေနလို႔မျဖစ္ဘူး အခန္းတစ္ခန္းထဲမွာသြားေနရေအာင္ က်ိဳးခ်န္ကိုဒီအတိုင္းထားခဲ့ရင္အႏၱာရယ္ရွိတယ္ ''
ရိေပၚကက်ိဳးခ်န္ကိုလက္တစ္ဖက္ကိုပခုံးေပၚ တင္လိုက္ၿပီးတြဲထူကာေအာက္ထပ္ကအခန္းေတြ ဘက္ကိုေလွ်ာက္လာတယ္ ေရွာင္က်န႔္နဲ႕လင္းခ်န္ကလဲ ရိေပၚအေနာက္ကေနလိုက္လာတယ္ ။

ေအာက္ထပ္ကအခန္းေတြဘက္ကို ေလွ်ာက္လာေတာ့ ေရွာင္က်န႔္ခပ္ေအးေအးအရာတစ္ခုကိုတက္နင္းမိတာမို႔ ေကာက္ယူၿပီးၾကည့္လိုက္ေတာ့မီးျခစ္တစ္ခု၊ သူလဲအသုံးလိုမွာပဲဆိုၿပီးသူ႕ေဘာင္းဘီအိတ္ထဲ ထည့္ထားလိုက္တယ္ ။

ေအာက္ထပ္ကမိန္းကေလးႏွစ္ေယာက္ေနတဲ့အခန္းထဲမွာ ရိေပၚေရွာင္က်န႔္၊လင္းခ်န္နဲ႕က်ိဳးခ်န္တို႔ေလးေယာက္၊က်ိဳးခ်န္ကသတိမရေသးတာမို႔သူတို႔မွာသတိနဲ႕ေန ေနရတယ္ ေတာ္ၾကာသတိေမ့ေနတဲ့လူထဲဝင္ပူးကုန္မွ ဒုကၡေတြျဖစ္ေနမယ္တစ္အိမ္လုံးမွာလဲလူေတြကကြဲေနၾကတယ္ သူတို႔ေလးေယာက္ကတစ္ခန္းထဲအတူရွိေနၾကၿပီး ရန္ေဖးနဲ႕ယြီပင္းကဘယ္ေရာက္ေနမွန္းမသိ ေရွာင္ဟန္ကလဲေပ်ာက္ ။

တစ္အိမ္လုံး လုံးဝတိတ္ဆိတ္ေနတဲ့အခ်ိန္....

~~~~~ တင္တင္ ~~~~ တင္ ~~~ တင္တင္တင္ ~~~

တိတ္ဆိတ္ေနတဲ့တစ္အိမ္လုံးကို စည္းခ်က္က်က်ထြက္လာတဲ့ စႏၵယားသံက တစ္အိမ္လုံးပ်ံႏွံလို႔ Adele ရဲ႕ Hello သီခ်င္းကို စည္းခ်က္က်စြာတီးခတ္တဲ့အသံက သာမန္လူတီးခတ္ေနတယ္ဆိုရင္အရမ္းေကာင္းမွာပဲလို႔ ခ်ီးက်ဴးမိမွာ ဒါေပမယ့္အခုလိုေျခာက္ျခားဖြယ္ေကာင္း တဲ့အခ်ိန္မွာၾကားလိုက္ရတာမို႔လို႔အားလုံးအတြက္ကေတာ့ ထိုသံစဥ္ကၾကက္သီးထဖြယ္တကယ္လို႔သူတို႔ ဒီစံအိမ္ႀကီးထဲမွာဒီေန႕ကိုေက်ာ္လြန္လို႔ လြတ္ေျမာက္ခဲ့ၾကရင္ Adele ရဲ႕ Hello သီခ်င္းကိုထပ္ၾကားခ်င္ၾကမယ္မထင္ေတာ့ဘူး သူတို႔အတြက္ေသြးပ်က္စရာေကာင္းေလာက္ေအာင္ ေျခာက္လွန႔္ေနတဲ့သံစဥ္ကို ဘယ္သူမွသတိရမေနခ်င္မွာ အေသခ်ာပဲ ။

" ရိေပၚဖုန္းလိုင္းေတြျပန္ရၿပီလား ဖာသာဆီဆက္ၾကည့္ပါဦး ငါတို႔ဒီတိုင္းတစ္ညလုံး ထြက္ေျပးေနရေတာ့မွာလား ''

" အင္း ကိုယ္ဆက္ၾကည့္လိုက္မယ္ ''

ရိေပၚဖာသာဆီကိုေရာဘုရားေက်ာင္းကစစ္စတာႀကီးဆီ ကိုေရာဆက္ၾကည့္ေပမယ့္ တစ္ေယာက္မွလဲမကိုင္ ။ အခ်ိန္ကည၁၂ကိုေက်ာ္လြန္႐ုံကာရွိေသးမနက္ေရာက္ဖို႔ အမ်ားႀကီးလိုေနေသးတယ္သူတို႔ဒီပုံစံအတိုင္း မနက္ေရာက္ဖို႔္ထိုင္ေစာင့္ေနရင္မနက္က်ရင္ အေလာင္းေတြအားလုံးကိုပဲ ျမင္ရေတာ့မယ့္ပုံေပါက္ေနၿပီ မင္အာကလဲဒီပုံစံအတိုင္းဆိုရပ္မယ့္ပုံမရဘူး ။

တစ္အိမ္လုံးရဲ႕မီးကလဲလုံးဝကိုအလုပ္မလုပ္တာေၾကာင့္ သူတို႔မွာအခက္ေတြ႕ပတ္ဝန္းက်င္ကိုေအာ္ၿပီး အကူညီေတာင္းရေအာင္လဲ ဒီေလာက္က်ယ္တဲ့ၿခံနဲ႕ လိပ္ေခါင္းထြက္မတက္ေအာ္ေတာင္ ဘယ္သူ႕မွသိမွာမဟုတ္ဘူး ။

ေရွာင္ဟန္လဲ ေၾကာက္လန႔္စြာအေပၚထပ္ကို ေျပးတက္လာၿပီးမွေနာင္တကရခ်င္လာၿပီ အေပၚမွာဘယ္သူမွလဲမရွိတဲ့အျပင္ တစ္ေယာက္တည္းျဖစ္တာေၾကာင့္ အလြန္ပင္ေသြးပ်က္ေနၿပီေအာက္ထပ္ကၾကားလိုက္ရတဲ့ စႏၵယားသံေၾကာင့္ သူ႕တစ္ကိုယ္လုံးေသြးပင္ မေလွ်ာက္ေတာ့ဘူးလားထင္ရေအာင္ကို တုန္လႈပ္ေနမိတယ္သူၾကားေနရတဲ့သံစဥ္က ေရွာင္မင္အာအရမ္းႀကိဳက္တဲ့သီခ်င္း ၊သူ႕အတြက္ရည္႐ြယ္တာမဟုတ္ဘဲရိေပၚအတြက္ ရည္႐ြယ္ကာအၿမဲ feel တဲ့သီခ်င္း....

ယြီပင္းကရန္ေဖးေပါင္ကပုလင္းကြဲနဲ႕ထိုးမိတဲ့ဒဏ္ရာကို ေရနဲ႕ေသခ်ာသုတ္ေပးၿပီး အဝတ္စတစ္ခုနဲ႕ေသြးထက္
မထြက္ေတာ့ေအာင္စည္းေပးထားတယ္ ။

" ငါတို႔ဒီအခန္းထဲမွာပဲဘယ္ခ်ိန္ထိေနရမွာလဲ ''

ရန္ေဖးကေမွ်ာ္လင့္ခ်က္မဲ့စြာနဲ႕ေမးလိုက္မိတယ္ ။
" ကြၽန္ေတာ္လဲမသိဘူး အခုခ်ိန္ကြၽန္ေတာ္တို႔ ဒီထဲမွာေနတာကလြဲရင္ဘာမွလုပ္မရဘူး ''

"ေသမယ့္အခ်ိန္ကို ငုတ္တုတ္ထိုင္ၿပီး ေစာင့္ေနရသလိုပါပဲကြာ''

" က်ဲေရာ အဆင္ေျပရဲ႕လားမသိဘူး သရဲမကဘာလို႔အခုလိုလုပ္ေနတယ္လို႔ေကာထင္လဲ ''

" ငါလဲဘယ္သိမွာလဲကြာ ဒီေန႕က်မွပဲညကလဲရွည္လိုက္တာ''

" ဟုတ္ပါ့ ''

ယြီပင္းနဲ႕ရန္ေဖးႏွစ္ေယာက္သားကုတင္ေအာင္နားမွာ နံရံကိုမွီၿပီးစကားေျပာေနၾကတယ္ ႐ုတ္တရက္ သူတို႔အခန္းထဲကေရခ်ိဳးခန္းကေရပြင့္လာတယ္ ။

" ေကာ ''

" ေအးငါၾကားတယ္ ''
မထင္ထားတာကသူတို႔ပိတ္ထားတဲ့တံခါးႀကီးကို အျပင္ကလူတစ္ေယာက္အားနဲ႕ရိုက္ထုေနသလို ဒုန္း ဒုန္း ဒုန္းနဲ႕ အသံထြက္လာၿပီးတံခါးႀကီးတစ္ခုလုံး လႈပ္ယမ္းေနတယ္၊ ယြီပင္းနဲ႕ရန္ေဖးက တံခါးေပါက္ကိုၾကည့္ၿပီးဘာလုပ္ရမွန္းမသိ ။ တံခါးႀကီးကိုအဆက္မျပတ္ထုေနတာရပ္သြားတာေၾကာင့္ သက္ျပင္းခ်မယ္ႀကံ႐ုံရွိေသး သူတို႔အခန္းထဲက ပစၥည္းေတြကတစ္ခုၿပီးတစ္ခုျပဳတ္က်လာတယ္ ။

အဝတ္ဗီရိုႀကီးကလဲလႈပ္ရမ္းလာတာမို႔လို႔ ယြီပင္းနဲ႕ရန္ေဖးလဲ အခန္းတံခါးမွာပိတ္ထားတဲ့ ခုံကိုတြန္းဖယ္ၿပီးအျပင္ထြက္ဖို႔လုပ္တယ္ ဗီဒိုႀကီးကေၾကာက္စရာေကာင္းေလာက္ေအာင္ လႈပ္ယမ္းေနၿပီးအေရွ႕ဘက္ကိုၿပိဳက်သြားတယ္ ယြီပင္းလဲဒဏ္ရာရေနတဲ့ရန္ေဖးကိုတြဲကူၿပီး အခန္းထဲကအျမန္ထြက္လာတယ္ သူတို႔အခန္းထဲမွာဆက္ေနရင္မနက္ေနထြက္တာကို ၾကည့္ဖို႔အာမေတာင္မခံနိုင္ဘူး ။

ေဘးဘက္အခန္းကဆူညံသံေတြေၾကာင့္ ေရွာင္က်န႔္တံခါးကိုဖြင့္ၿပီးၾကည့္လိုက္ေတာ့ ရန္ေဖးကိုတြဲကာအခန္းထဲကေျပးထြက္လာပုံရတဲ့ ယြီပင္းကိုေတြ႕လိုက္ရတယ္ ။

" ငါတို႔ေအာက္ထပ္မွာေနရင္အဆင္ေျပမွာမဟုတ္ဘူး အေပၚထပ္သြားရေအာင္အားလုံးလူစုေန ''

ရိေပၚကဦးေဆာင္ၿပီးဝင္ေျပာလိုက္ကာအကုန္လုံးကို အေရွ႕ကသြားခိုင္းလိုက္ၿပီးသူကအေနာက္ကေနပဲ
လိုက္ခဲ့လိုက္တယ္ အေပၚထပ္ေရာက္ေတာ့ဧည့္ခန္းက ဆိုဖာေတြအနားမွာပုန္းေနတဲ့ ေရွာင္ဟန္ကို ေတြ႕လိုက္ရတယ္ ။

" ဘယ္လိုလုပ္ဒီကိုေရာက္ေနတာလဲ ''

"ငါလဲေျပးမိေျပးရာေျပးလာတာ မင္းတို႔ေရာက္လာလို႔ ေတာ္ေသးတယ္ ''

သူတို႔အေပၚထပ္ကလူမသုံးတဲ့အခန္းထဲဝင္လိုက္ၾကၿပီး တံခါးကိုပိတ္လိုက္တယ္တစ္ယာက္တကြဲစီ ျဖစ္ေနတာထက္စာရင္အားလုံးအတူရွိေတာ့ ကူညီလို႔ရတာေပါ့ သူတို႔အေပၚထပ္မွာရွိေနတဲ့အခ်ိန္ ေအာက္ထပ္ကေနပန္းကန္ကြဲတဲ့အသံေတြေရာ စႏၵယားကိုအားျပင္းျပင္းနဲ႕ရိုက္ခတ္တဲ့အသံေတြေရာ အတိုင္းသားၾကားေနရတယ္ ။

အသံကိုၾကားေနရေပမယ့္သူတို႔ေတြဘာစကားမွ မေျပာျဖစ္ၾက ဒါေပမယ့္သိပ္မၾကာဘူးသူတို႔ေနေနတဲ့ အခန္းတံခါးကိုျပင္းျပင္းထန္ထန္လာထု ရိုက္လာျပန္တယ္ ။

" အဟင့္ လုပ္ပါဦး တစ္ခုခုလုပ္ၾကပါဦး ဟီး....''
လင္းခ်န္ကအခန္းထဲမွာေၾကာက္လန႔္ၿပီးထငိုေနတယ္ မိန္းကေလးတစ္ေယာက္အေနနဲ႕ဒီလိုအျဖစ္ပ်က္မ်ိဳးကို ႀကဳံေတြေနရတာမလန႔္လဲေနမလား သူဘယ္လိုပဲမေၾကာက္ေအာင္တင္းခံထားတင္းခံထား အျဖစ္ပ်က္ေတြကလက္ခံနိုင္စရာမရွိဘဲ ၊

" ဘာလို႔အခုလိုေတြႀကဳံေနရတာလဲ ဘာလို႔လဲ အဲ့ေလာက္ေတာင္သတ္ခ်င္ေနရင္သတ္တဲ့သူကို ပဲဒုကၡေပးပါလားဘာလို႔မဆိုင္တဲ့သူေတြပါ လိုက္လုပ္ေနတာလဲ ဟီး...အဟင့္''

လင္းခ်န္လဲေၾကာက္ေၾကာက္လန႔္လန႔္နဲ႕ ဘယ္ထဲကထြက္လာမွန္းမသိတဲ့ေပါက္ကြဲမႈေတြနဲ႕သူလဲ ေျပာခ်င္ရာေျပာလိုက္တယ္လင္းခ်န္ေျပာၿပီးသိပ္မၾကာဘူး တံခါးကိုအဆက္မျပတ္ထုေနတာရပ္သြားတာေၾကာင့္ အားလုံးကဝမ္းပဲသာရမလားထိတ္ပဲလန႔္ရမလားေတာင္ ျဖစ္သြားၾကတယ္၊

" စိတ္ေလ်ာ့ ငါသြားၾကည့္လိုက္မယ္ ''

ရိေပၚကအသံတိတ္သြားတဲ့တံခါးနားကိုေျဖးေျဖးခ်င္း ကပ္သြားလိုက္တယ္ ။

" ရိေပၚသတိထားဦး ''
ေရွာင္က်န႔္ကရိေပၚအေနာက္လိုက္သြားၿပီး လက္ဝါးကပ္တိုင္ပါတဲ့ဆြဲႀကိဳးေလးကို လက္ထဲထည့္ေပးလိုက္တယ္ ။

႐ုတ္တရက္ေလာ့ခ်ထားတဲ့အခန္းတံခါးက ဝုန္းခနဲထပြင့္သြားၿပီး ရိေပၚကိုအားျပင္းျပင္းနဲ႕ ေဆာင့္တြန္းလိုက္တာေၾကာင့္ ရိေပၚအခန္းအျပင္ဘက္ကိုေရာက္သြားၿပီး သူ႕လက္ထဲကကိုင္ထားတဲ့လက္ဝါးကပ္တိုင္ပါ လြင့္ထြက္သြားတယ္ ေရွာင္က်န႔္ထိုအျဖစ္ပ်က္ကိုျမင္ၿပီး မယုံနိုင္ေအာင္ျဖစ္သြားတယ္ ခုနကလင္းခ်န္ေျပာတဲ့ စကားမ်ားကလဲနားထဲမွာပဲ့ထင္သံလိုထပ္လို႔....

' အဲ့ေလာက္ေတာင္သတ္ခ်င္ေနရင္သတ္တဲ့သူကိုပဲ ဒုကၡေပးပါလား ဘာလို႔မဆိုင္တဲ့သူေတြပါဒုကၡလိုက္ေပး ေနတာလဲ '

ရိေပၚ ? ရိေပၚကတကယ္ပဲတရားခံလား သူ႕အေတြးေတြ ၾကာၾကာမခံလိုက္ပါဘူး ဦးႏွောက္ထက္ႏွလုံးသားက ပိုျမန္တာေၾကာင့္ရိေပၚဒုကၡေရာက္ေနတာကို ဘယ္လိုမွမ်က္ႏွာမလြဲနိုင္တာေၾကာင့္ အခန္းထဲက ေျပးထြက္ၿပီးလဲက်ေနတဲ့ရိေပၚဆီေျပးထြက္သြားမိတယ္ ေရွာင္က်န႔္လဲအခန္းျပင္ဘက္ကို ေျပးထြက္သြားၿပီးတာနဲ႕ အခန္းတံခါးကဝုန္းခနဲပိတ္က်သြားတယ္ ။

" မန္ေနဂ်င္း အဆင္ေျပရဲ႕လား ''

အခန္းထဲကသူ႕ကိုစိုးရိမ္စြာေမးေနတာမို႔လို႔ သူအဆင္ေျပေၾကာင္းလွမ္းေျပာလိုက္တယ္ ။ ေရွာင္က်န႔္ရိေပၚကိုထူေပးလိုက္ၿပီးျပဳတ္က်သြားတဲ့ လက္ဝါးကပ္တိုင္ကိုေကာက္လိုက္တယ္ ။

" အဲ့ဒါမင္းလား ''
ေရွာင္က်န႔္ထိုစကားကိုခက္ခက္ခဲခဲေျပာလိုက္ရၿပီး မ်က္ရည္ေတြေဝ့ကာရိေပၚကိုေမးလိုက္တယ္ ။

" ေရွာင္က်န႔္ ? "

ထိုေမးခြန္းကရိေပၚရဲ႕ႏွလုံးသားတည့္တည့္ကို ဓားနဲ႕မႊန္းေနသလိုပဲႏွစ္ခါသူဒီေမးခြန္းကို ေမးတာႏွစ္ခါရွိသြားၿပီ ငါကမင္းအတြက္အဲ့လိုလူစားမ်ိဳး ျဖစ္ေနခဲ့လို႔လားေရွာင္က်န႔္...

ရိေပၚေရွာင္က်န႔္ရဲ႕ေမးခြန္းအတြက္အေျဖမရွိပါ အေျခေနေတြအားလုံးကသူ႕ကိုတရားခံပါလို႔ တြန္းပို႔ေနတာသူ႕ခ်စ္သူထင္လဲထင္နိုင္တာေပါ့ သူစိတ္မဆိုးရက္ပါဘူး ငါခ်စ္မိသြားတဲ့မင္းကို မနာက်င္ေစခ်င္ဘူး ရိေပၚခဏေလးပဲမ်က္ႏွာလႊဲလိုက္တဲ့ အခ်ိန္ေရွာင္က်န႔္အခန္းတံခါးကဝုန္းခနဲပြင့္သြားၿပီး ေရွာင္က်န႔္ကိုဆြဲေခၚသြားသလိုပါသြားတယ္ ။

" ေရွာင္က်န႔္....''
ရိေပၚ ေရွာင္က်န႔္ကိုလိုက္ဆြဲေပမယ့္ ဘယ္လိုမွမမွီေတာ့ဘူး အခန္းတံခါးကလဲဝုန္းခနဲ ပိတ္သြားတာမို႔ ရိေပၚဘယ္လိုမွမမွီလိုက္ တံခါးကိုအႀကိမ္ႀကိမ္ဆြဲဖြင့္ေပမယ့္ဘယ္လိုမွမရ ။

" ေရွာင္က်န႔္ အဆင္ေျပရဲ႕လားေရွာင္က်န႔္ ''
ရိေပၚတံခါးကိုထုရိုက္ေနၿပီးအားနဲ႕တြန္းဖြင့္ေပမယ့္လုံးဝ ဖြင့္လို႔မရ ။

" ေရွာင္က်န႔္ခဏေနဦးေနာ္ ကိုယ္မင္းကိုရေအာင္ထုတ္ေပးမယ္ ''

" ရိေပၚငါအဆင္ေျပတယ္ အခန္းထဲကက်န္တဲ့သူေတြကို သာသြားၾကည့္လိုက္ငါဘာမွမျဖစ္ဘူး ''

"ေစာင့္ေနကိုယ္မင္းကိုရေအာင္ကယ္မယ္ ''
ရိေပၚသူ႕အခန္းထဲကစစ္စတာႀကီးဆီကရထားတဲ့ မန္းထားတဲ့ေရကိုသြားယူတယ္ ။

ေရွာင္က်န႔္ကေတာ့အခန္းထဲမွာတစ္ေယာက္တည္း သူဘာလုပ္ရမွန္းမသိသူ႕စိတ္ထဲဝင္လာတဲ့အေတြးတစ္ခုက ရိေပၚသာသူ႕အမကိုသတ္တဲ့သူျဖစ္ေနရင္သူရိေပၚကို မုန္းရမွာလား ဦးႏွောက္ကေမးေနေပမယ့္ႏွလုံးသားက လက္မခံဘူး သူခ်စ္မိသြားတဲ့သူကိုလြယ္လြယ္မုန္း လို႔္ရပါ့မလားတဲ့....

ေရွာင္က်န႔္တံခါးကို ေက်ာေပးကာထိုင္ခ်လိဳက္ေတာ့ သူ႕ေဘာင္းဘီအိတ္ထဲကအရာတစ္ခုကိုစမ္းမိတာေၾကာင့္ ထုတ္ၾကည့္လိုက္ေတာ့ သူေအာက္ထပ္မွာေကာက္ရခဲ့တဲ့ မီးျခစ္ေလး ၊အခန္းထဲမွာလဲေမွာင္မဲေနတာေၾကာင့္ အလင္းေရာင္ရဖို႔မီးျခစ္ကိုထုတ္လိုက္ေပမယ့္ သူထင္ထားသလိုမီးျခစ္ဟုတ္မေနခဲ့ USB ေလးတစ္ခု ။ ေရွာင္က်န႔္လဲUSBကိုကိုင္ၿပီးေသခ်ာၾကည့္ ေနလိုက္တယ္အထဲမွာဘာ Fileမ်ားရွိေနမလဲ

ေရွာင္က်န႔္လဲသူ႕မ်က္စိေရွ႕ကခုံေပၚမွာတင္ထားတဲ့ Laptop ကိုျမင္လိုက္ရတာေၾကာင့္သူအျမန္ပဲ Laptop ကိုယူၿပီးUSBကိုထိုးကာၾကည့္လိုက္တယ္ ။

USB ထဲကFile မြာ 0442017 ဆိုတဲ့ Fileကိုျမင္လိုက္ရတာေၾကာင့္ ေရွာင္က်န႔္လဲ ဖြင့္ၾကည့္လိုက္တယ္ မဖြင့္ၾကည့္ခင္စိတ္ထဲကေန ေက်းဇူးျပဳၿပီးသူမျဖစ္ပါေစနဲ႕လို႔တိုးတိုးေလး ဆုေတာင္းေနမိတယ္ ။

edaz
7:31 a.m.

____________<<<<<<<__________

Continue Reading

You'll Also Like

431K 37.6K 39
Yizhan Historical Start Date-14.10.2021 End Date-22.11.2021 :The contents of this fiction are not intended to offend the idol:
8.6K 575 13
သိမ်းဆည်းထား‌သော Fan Art Photoများ
110K 13.7K 25
သူဟာ လရောင်ကိုနှစ်ခြိုက်တဲ့ လိုင်လက်ပန်းလေးအသွင် သူဟာ လေရာင္ကိုႏွစ္ၿခိဳက္တဲ့ လိုင္လက္ပန္းေလးအသြင္ Wang Yi Bo 💙 Xiao Zhan BO JUN YI XIAO story in Hog...
29.8K 2.4K 55
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...