PETRICHOR || VMIN

Af Yimmy95

86.9K 13K 836

မိုးရေနဲ့မြေပြင် ပနံသင့်စွာပေါင်းဖက်ပြီး ဖြစ်ပေါ်လာတဲ့ Petrichor. ကိုယ်မြတ်နိုးရတဲ့ Petrichor. မင်းဟာ ကိုယ့်ရ... Mere

နိဒါန်း
1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
18
19
20(Final)
PETRICHOR
Extra
Extra (Bonus Chapter)
Hello!!!
🌨️🌿

11

2.8K 551 27
Af Yimmy95

Unicode

"အစ်ကို"

"နာလို့လားဟင်"

"မဟုတ်ပါဘူး . . ဒီလောက်ဆိုရပြီထင်တယ်"

ဂျီမင်းက မျက်နှာလေးလွှဲကာဆိုလာတော့မှ ယခုအခြေအနေဟာ နှစ်ဦးသားအတွက် အလွန်အမင်း နီးကပ်လွန်းနေမှန်း ထယ်ယောင်း သတိဝင်တော့၏။

"သြော် . . အင်း အင်း"

"အဟွန်း . .  အစ်ကို စောစောက စတိုခန်းကို ဘာကိစ္စရှိလို့လာတာလဲ ကျွန်တော့်ကြောင့် သက်သက်ကြီး အလုပ်ရှုပ်သွားရပြီ"

ဂျီမင်း အမေးကြောင့် ထယ်ယောင်းက ခေတ္တစဥ်းစားဟန်ပြုပြီးမှ ပြန်ဖြေသည်။

"ကိစ္စရယ်လို့ မဟုတ်ပါဘူး ၊
ဂျီမင်းနောက်ကို သူနာပြုချွဲ တိတ်တိတ်လေး
လိုက်လာတာတွေ့လို့ သိပ်ပြီး မသင်္ကာတာနဲ့"

"သူနာပြုချွဲက ဘာလို့လဲ . . ."

ဒေါက် . . ဒေါက်

သူ့ စကားအပြီးမသတ်ရသေးခင် အခန်းအပြင်မှ တံခါးခေါက်သံကြားလိုက်ရသည်။ လူကြီးက အသုံးပြုပြီးသော ဂွမ်းအား အမှိုက်တောင်းထဲသို့ သွားပစ်ရင်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေသည်။

"ဝင်ခဲ့လေ"

အခန်းတံခါးအား ဖြည်းဖြည်းဖွင့်ကာ ဝင်လာသူမှာ တခြားမဟုတ်။ သူနာပြုချွဲသာပင်။
မပြုံးမရယ် မျက်နှာဖြင့် သူတို့နှစ်ဦးထံ မျက်လုံးလေး ကစားပြီးမှ စကားစ၏။

"ဒေါက်တာကင်မ် ရွာထဲ တစ်ချက်သွားပေးလို့ရမလား ဒေါက်တာဟန်က အခုခွဲစိတ်ခန်းဝင်နေတာမို့ သူ့လူနာကို သွားကြည့်ပေးဖို့ အကူအညီတောင်းခဲ့လို့"

"ကိုယ့်ကိုလည်းပြောခဲ့တယ် လာသတိပေးလို့ ကျေးဇူးနော်"

"​အော် . . ဒေါက်တာသိပြီးသားလား
ဒါဆို ခွင့်ပြုပါဦး"

ထိုအခါ သူနာပြုချွဲက ထယ်ယောင်းအား ခေါင်းညွှတ်ကာ နှုတ်ဆက်ပြီးမှ ဂျီမင်း ဘက်သို့ လှည့်ကာ။

"ဂျီမင်း ကိုယ်သွားပြီနော်"

"ဟုတ်"

အခန်းတံခါးကိုပိတ်ပြီး သူနာပြုချွဲ ထွက်သွားသည်အထိ ဂျီမင်း ထိုတံခါးကိုသာ ငေးနေမိသည်။

သူနာပြုချွဲက သူ့အမြင်အရဆို လူကောင်းပါ။
ဘာလို့ လူကြီးက စိတ်ပူတာများလဲ။

အချိန်အားဖြင့် ညနေ လေးနာရီခွဲ ငါးနာရီလောက်ရှိပြီမို့ သူရော၊ လူကြီးပါ တစ်ခါတည်း အိပ်ပြန်ရန်ပစ္စည်းတွေကို သိမ်းခဲ့လိုက်ကြသည်။ အန်တီနိုရီတို့ကို နှုတ်ဆက်ပြီးနောက် စက်ဘီးတစ်စီးဖြင့် ရွာထဲသို့ ထွက်ခဲ့၏။

ရွာလမ်းတစ်လျှောက်တွင် အုပ်ဆိုင်းကြီးမားလှသည့် အပင်ကြီးများကြောင့် အအေးဓာတ်လေးရလို့နေပြီး အနှီအပင်များ၏ အရွက်အကိုင်းများကြားမှ နေရောင်​ဖြောက်ဖြောက်မှာ ဟိုတစ်ကွက် သည်တစ်ကွက်ဖြင့် ဖြာကျလျက်။ ဆောင်းဦးလေပြည်တို့သည်လည်း တသုန်သုန် တိုက်ခတ်နေလေသည်။

သို့ပေသ်ိ သေချာခင်းကျင်းထားခြင်း မရှိသော ရွာလမ်းငယ်ဟာ ချိုင့်ခွက်များ အများအပြားရှိနေသည့်အပြင် ခဲလုံးအကြီးကြီးများလည်း အတော်များ၏။ ထို့ကြောင့် လူကြီးက ထိုအရာများအား ရှောင်ရင်း ဂရုတစိုက် နင်းနေရသည်။

"ဂျီမင်း . . . ဒီဘက်ရွာက လမ်းတွေက အတော်ကြမ်းတယ်"

အင်္ကျီစကိုသာ အသာကိုင်ထားသည့် ဂျီမင်းအား ထယ်ယောင်း စကားစလိုက်ရခြင်းမှာ
ကလေးငယ် သူ့ကိုအားနာပြီး သေချာမကိုင်ထားမိဘဲ ပြုတ်ကျမှာကြောက်လို့ပင်။

"ဟုတ်တယ် အစ်ကို"

"ကိုယ့်ကို ဖက်ထားမလား"

ပုံမှန်အတိုင်းပင် အေးဆေးတည်ငြိမ်လွန်းသည့် လေသံဖြင့် ဆိုလိုက်သော်ငြား ထွက်လာသော စကား၏ အဓိပ္ပာယ်ကြောင့် နှစ်ဦးသားလုံး ရှိန်းမြမြဖြစ်သွားကြ၏။

"ဗျ . .ဗျာ"

"ပြုတ်ကျမှာစိုးလို့ ခါးကိုဖက်ထားမလားလို့"

လေ​ပြည်ညင်းဟာ တသိမ့်သိမ့် တိုက်မြဲ။ စက်ဘီးငယ်လေးသည်လည်း ပုံမှန်အရှိန်လေးအတိုင်း။ သို့သော် စက်ဘီးပေါ်မှ လူသားလေးနှစ်ဦး၏ စကားသံတို့ကတော့
ခေတ္တမျှ တိတ်ဆိတ်သွားချေသည်။

တစ်စက္ကန့်

နှစ်စက္ကန့်

သုံးစက္ကန့်

လေး၊ ငါး၊ ခြောက် . . . . ။

တဒင်္ဂကြာသည်အထိ ဂျီမင်းဆီမှ တုန့်ပြန်မှုလေးရမလာသောကြောင့် သူ့စကားများလွန်သွားပြီလားဟု ထယ်ယောင်းတွေးလိုက်မိသည်။

"ဟို ဂျီ . . "

ထိုအခိုက် ရုတ်တရက် ကျောပေါ်ကျရောက်လာသော နွေးထွေးမှုလေးနှင့်အတူ  ခါးပေါ်ရစ်တွယ်လာသည့် လက်တစ်စုံကြောင့် ထယ်ယောင်း ပြောရမည့် စကားတို့ တိတ်ဆိတ်သွားရပြန်၏။ ဂျီမင်းဆီမှ ရယ်သံ ခပ်မြူးမြူးလေး ထွက်ကျလာလေသည်။

"ဟီးဟီး . . အစ်ကို့ ကျောကအကျယ်ကြီးပဲ"

ကလေးဆန်လွန်းသည့် ကောင်လေးကြောင့် ထယ်ယောင်းသည်လည်း သွားတန်းဖွေးဖွေးလေးများပင် ပေါ်သည်အထ်ိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိလိုက်၏။ သည်နှစ်များအတွင်းမှာ ပထမဆုံးအကြိမ်လိုပင်။

"ဟုတ်လား"

ခါးကိုပဲ ဖက်ထားခိုင်းသည်ကို ပတ်ဂျီမင်း အလည်လေးက သူ့လူကြီး၏ ကျောကိုပါ ကိုယ်ငယ်လေးဖြင့် မှီတွယ်လာသည်။

ကလေးငယ်က အဆိုးလေး ၊
တကယ့်ကို အဆိုးလေးရယ် . . . ။

နောက်ထပ် သုံးမိနစ်လောက် ထပ်နင်းလာရပြီးနောက်တွင် စက်ဘီးလေးမှာ လမ်းသွယ်လေး နှစ်ခုသို့ ကွေ့ဝင်လာခဲ့သည်။ ကိုယ်ပိုင်စိုက်ခင်းသေးသေးလေးရှိရာ အိမ်ငယ်လေးရှေ့ရောက်တော့ လူကြီးက စက်ဘီးအား ရပ်လိုက်၏။

"​ဟယ်  . .
ဒီနေ့ ဒေါက်တာကင်မ်လာတာလား"

ခြံရှေ့တွင် ထိုင်စောင့်နေဟန်ရှိသည့် အဒေါ်ကြီးတစ်ယောက်က လူကြီးအားမြင်သည့်အခါ ဝမ်းသာအားရဖြစ်သွားပုံပေါ်သည်။

"ဟုတ်တယ် အဒေါ်ရဲ့ ဒေါက်တာဟန် ခွဲခန်းဝင်နေရလို့ ကျွန်တော်ပဲ လာလိုက်တာ"

"ဒီကလူတွေကလည်း ဒေါက်တာကင်မ့်ကို မတွေ့တာကြာလို့ သတ်ိရနေကြတာ"

"ဒီနေ့ရော ဦးလေးအခြေအနေဘယ်လိုရှိလဲ"

"တော်တော်လေးတော့ သက်သာနေပါပြီ . . . မနက်ကတော့ ချောင်းနည်းနည်းဆိုးသေးတယ်"

လူကြီးနှင့် ထိုအဒေါ်ကြီးတို့ ပေါ့ပေါ့ပါးပါးစကားပြောနေပုံထောက်လျှင် သည်ရွာက လူများနှင့်လည်း လူကြီးက ရင်းနှီးနေဟန်ရှိသည်။

"ဂျီမင်း အိမ်ရှေ့မှာ ထိုင်စောင့်နေပေးနော်
ကိုယ် လူနာသွားကြည့်လိုက်ဦးမယ်"

"ဟုတ်ကဲ့ အစ်ကို"

လူနာရှင် အဒေါ်ကြီးနှင့်အတူ လူကြီးက အိမ်ထဲဝင်သွားသည်။ သူကတော့ အိမ်ရှေ့တံစက်မြိတ်အောက်က ကွတ်ပြစ်၌သာ ထိုင်စောင့်နေလိုက်သည်။ လက်ကနာရီကို ငုံ့ကြည်မိတော့ အချိန်မှာ ညနေငါးနာရီခွဲပြီ။

ဆောင်းဝင်ခါနီးပြီးမို့ ကောင်းကင်ဟာ တဖြည်းဖြည်းဖြင့် မှောင်ရီပျိူးလာတော့၏။

သိပ်မကြာလိုက်ပါပဲ အိမ်လေးအတွင်းမှ လူကြီးနှင့်အတူ အဒေါ်ကြီးတို့ ပြန်ထွက်လာကြသည်။ လူနာသောက်ရမည့် ဆေးများအား ပြောပြနေဟန်ရှိသည့် လူကြီး၏ပုံလေးဟာ တကယ့်ကို တည်ငြိမ်ရင့်ကျက်လွန်းပြီး သူအားကျရသည့် ပုံစံမျိူးလေး။ သူနှင့် အသက်အားဖြင့် ဆယ်နှစ်ကျော်ကွာသော လူကြီးဟာ ယခု သူ့ပုံစံနှင့် အကွာကြီး ကွာခြားလွန်း၏။

သူလည်း နောက်ဆယ်နှစ်လောက်နေရင် လူကြီးလိုမျိုး တည်ငြိမ်ရင့်ကျက်နိုင်ပါ့မလား။ နောင် ဆယ်နှစ်မှာ လူကြီးဘေးမှာရော နေနေနိုင်ပါ့မလား။

"ဂျီမင်း"

"ဗျာ"

"ပြန်ရအောင်လေ ဘာတွေစဥ်းစားနေတာလဲ"

"​ဟုတ် ပြန် . .ပြန်မယ်လေ"

လူကြီးက အိမ်ရှင်အဒေါ်ကြီးအား နှုတ်ဆက်နေစဥ်မှာပင် သူက စက်ဘီးလေး ရပ်ထားရာ ခြံအပြင်သို့ ထွက်နှင့်နေပြီ။

မှောင်ရိပ်သန်းလာသော ပတ်ဝန်းကျင်ဟာ
ပြာရီမှိုင်းနေ၏။ လေသင့်တိုင်း ရောက်လာသော ပန်းတချို့၏ ဖျော့တော့တော့ ရနံ့တို့ကိုလည်း ရလို့နေသည်။

သို့သော် ဤမျှ စိတ်ကူးယဥ်ဆန်လွန်းလှသည့် အခြေအနေနှင့် မလိုက်ဖက်စွာ တဝီဝီအော်မြည်နေကာ ​ခြေသလုံးသား ဖြူဖြူလေးနှစ်ဖက်သို့ လာလာကိုက်သည့် ခြင်တို့​ကြောင့် ပတ်ဂျီမင်းတစ်ယောက် နှုတ်မှ နည်းလမ်းပေါင်းစုံဖြင့် ခပ်တိုးတိုး မေတ္တာပို့သနေရပေသည်။ လူကြီးထွက်လာပြီး စက်ဘီးအား သော့​ဖွင့်နေသည်အထိ မျက်နှာမှာ ဆူဆူပုတ်ပုတ်လေး ဖြစ်နေသေး၏။

"ဂျီမင်း . . လာတတ်"

"ဟုတ်"

အလည်လေးဟာ စက်ဘီးငယ်လေး၏ နောက်ခုံမှာ ထိုင်ပြီးချင်းချင်းပင် ရှေ့က လူကြီး၏ ခါးအား အသင့်ဖက်ထားလိုက်၏။
တစ်ခါဖက်ထားဖို့ ပြောဖူးရင် နောက်အခေါက်တွေကိုလည်း ဖက်ထားလို့ရတယ်ဟု ပြောသည်နှင့် အတူတူပဲမဟုတ်ပါလား။
ရှေ့ကလူကြီး သူ့ကို လှောင်ချင်လှောင်ပါစေ
သူကတော့ အခွင့်အရေးကို လုံးဝလက်လွှတ်မခံနိုင်ပေါင်။

မှောင်လာပြီမို့ ထယ်ယောင်းက စက်ဘီးအား ဂရုတစိုက်နင်းနေသည့်တိုင် တစ်ခါတစ်ခါ မမြင်ရသည့် ခဲလုံးများနှင့် တိုက်မိကာ ခုန်ခုန်သွားရပြီး နောက်ခုံမှာထိုင်နေရသော ပတ်ဂျီမင်းလေး၏ တင်သားလုံးလုံးလေးများသည်လည်း အတော်လေးကို အီစိမ့်နေရှာပြီ။

လူကြီးက အဆင်ပြေလား ခဏခဏမေးသော်လည်း သူ့မှာ အရှက်ကွဲမှာစိုးပြီး အောင့်အီးသည်းခံကာ အဆင်ပြေတယ်ဟုပင် ဇွတ်ဖြေနေရသည်။

ဖောက် . . ရှုး

ရုတ်တရက် ထွက်လာသော အသံနှင့်အတူ
တင်အောက်နားကပါ ဒုတ်ခနဲ ဖြစ်သွားသည်မို့ ဂျီမင်း မျက်လုံးလေးများ ပြူးကျယ်ကုန်၏။

"အစ်ကို အသံကြားလား"

"ကြားတယ် ၊ နောက်ဘီးကလား မသိဘူး
ဂျီမင်း ခဏဆင်းလိုက်ပါလား"

"ဟုတ် အစ်ကို"

ဆင်းကြည့်သည့်အခါ သူတို့နှစ်ဦး ထင်ထားသည့်အတိုင်းပင် စက်ဘီးနောက် ဘီးပေါက်သွားခြင်းသာ။

"ဘယ်လိုလုပ်ကြမလဲဟင်"

"လမ်းပဲ ဆင်းလျှောက်တာပေါ့ 
ကားကြုံရလဲ လိုက်သွားလို့ရတာပဲ"

"ဟွန့် . . လမ်းကြီးလျှောက်ရဦးမယ်"

နှုတ်ခမ်းကိုဆူကာ ခြေဆောင့်ချင်နေသည့်
ကောင်လေးသည် တကယ့်ကို သုံးနှစ်လေးလိုပင်။

"လျှောက်လိုက်ပါ ဂျီမင်းရယ် ကိုယ်လည်းဘေးမှာပါတာပဲကို"

" . . . . "

သူတို့ နှစ်ယောက်လမ်းမကြီးကိုကျော်ကာ ဖရဲခင်းဘေး မြေနီလမ်းငယ်သို့ ရောက်တော့ မိုးပင်ချုပ်နေပြီ။ မီးမရှိသေးသော မြေနီလမ်းငယ်ပေါ်  လရိပ်ပြာသည် ထိန်ထိန်သာသာလို့နေသည်။ အေးမြမြလရောင်၏ အကူအညီဖြင့် နှစ်ဦးသား ဆက်လျှောက်လာခဲ့သည်။

ကောင်းကင်ပြင်၌ ကြယ်ငယ်တို့ကို မမြင်ရသည်အထိ တိမ်မျှင်တို့ဖုံးကွယ်နေသည့်တိုင် လမင်းငယ်ဟာ ပြိုင်ဘက်ကင်း အလင်းပေးနေသေး၏။

ပတ်ဂျီမင်းလေး၏ စကားသံတညံညံကြောင့် တိတ်ဆိတ်သော မြေနီလမ်းငယ်လေးပေါ် အထီးကျန်ခြင်းကင်းလို့။

စက်ဘီးလေးကို တွန်းရင်း ဘေးက ကလေးငယ်ပြောသမျှ စကားတိုင်းကို နားထောင်ပေးနေသော ဆရာဝန်လေးသည် မသိစိတ်မှ ချစ်ခြင်းမေတ္တာအပေါ် တစ်ဖန် ပျော်ဝင်လာဟန်ရှိသည်။

ဆောင်းအဝင် လေပြည်ချိုချိုတို့ တိုက်ခတ်နေသော မြေနီလမ်းလေးပေါ် ခြေလှမ်းနှစ်စုံဟာ ထပ်တူကျလို့။ ဤသို့ဖြင့် လရောင်ဆမ်းသော လမ်းငယ်လေးဟာ ရင်ခုန်သံတို့ပေါက်ဖွားရာ နယ်မြေတစ်ခုအဖြစ်သို့ . . . ။

YIMMY

***

တစ်ခုတောင်းဆိုချင်ပါတယ်
ficလေးက အပိုင်းများလာပြီမို့
အရေးအသားအပေါ်အမြင်လေးရော
ပြင်စေချင်တဲ့ အချက်လေးတွေရော ပြောပြကြပါလားဟင်😗


Zawgyi

"အစ္ကို"

"နာလို႔လားဟင္"

"မဟုတ္ပါဘူး . . ဒီေလာက္ဆိုရၿပီထင္တယ္"

ဂ်ီမင္းက မ်က္ႏွာေလးလႊဲကာဆိုလာေတာ့မွ ယခုအေျခအေနဟာ ႏွစ္ဦးသားအတြက္ အလြန္အမင္း နီးကပ္လြန္းေနမွန္း ထယ္ေယာင္း သတိဝင္ေတာ့၏။

"ေၾသာ္ . . အင္း အင္း"

"အဟြန္း . .  အစ္ကို ေစာေစာက စတိုခန္းကို ဘာကိစၥရွိလို႔လာတာလဲ ကြၽန္ေတာ့္ေၾကာင့္ သက္သက္ႀကီး အလုပ္ရႈပ္သြားရၿပီ"

ဂ်ီမင္း အေမးေၾကာင့္ ထယ္ေယာင္းက ေခတၱစဥ္းစားဟန္ျပဳၿပီးမွ ျပန္ေျဖသည္။

"ကိစၥရယ္လို႔ မဟုတ္ပါဘူး ၊
ဂ်ီမင္းေနာက္ကို သူနာျပဳခြၽဲ တိတ္တိတ္ေလး
လိုက္လာတာေတြ႕လို႔ သိပ္ၿပီး မသကၤာတာနဲ႕"

"သူနာျပဳခြၽဲက ဘာလို႔လဲ . . ."

ေဒါက္ . . ေဒါက္

သူ႕ စကားအၿပီးမသတ္ရေသးခင္ အခန္းအျပင္မွ တံခါးေခါက္သံၾကားလိုက္ရသည္။ လူႀကီးက အသုံးျပဳၿပီးေသာ ဂြမ္းအား အမွိုက္ေတာင္းထဲသို႔ သြားပစ္ရင္း တည္တည္ၿငိမ္ၿငိမ္ပင္ ျပန္ေျဖသည္။

"ဝင္ခဲ့ေလ"

အခန္းတံခါးအား ျဖည္းျဖည္းဖြင့္ကာ ဝင္လာသူမွာ တျခားမဟုတ္။ သူနာျပဳခြၽဲသာပင္။
မၿပဳံးမရယ္ မ်က္ႏွာျဖင့္ သူတို႔ႏွစ္ဦးထံ မ်က္လုံးေလး ကစားၿပီးမွ စကားစ၏။

"ေဒါက္တာကင္မ္ ႐ြာထဲ တစ္ခ်က္သြားေပးလို႔ရမလား ေဒါက္တာဟန္က အခုခြဲစိတ္ခန္းဝင္ေနတာမို႔ သူ႕လူနာကို သြားၾကည့္ေပးဖို႔ အကူအညီေတာင္းခဲ့လို႔"

"ကိုယ့္ကိုလည္းေျပာခဲ့တယ္ လာသတိေပးလို႔ ေက်းဇူးေနာ္"

"ေၾသာ္ . . ေဒါက္တာသိၿပီးသားလား
ဒါဆို ခြင့္ျပဳပါဦး"

ထိုအခါ သူနာျပဳခြၽဲက ထယ္ေယာင္းအား ေခါင္းၫႊတ္ကာ ႏႈတ္ဆက္ၿပီးမွ ဂ်ီမင္း ဘက္သို႔ လွည့္ကာ။

"ဂ်ီမင္း ကိုယ္သြားၿပီေနာ္"

"ဟုတ္"

အခန္းတံခါးကိုပိတ္ၿပီး သူနာျပဳခြၽဲ ထြက္သြားသည္အထိ ဂ်ီမင္း ထိုတံခါးကိုသာ ေငးေနမိသည္။

သူနာျပဳခြၽဲက သူ႕အျမင္အရဆို လူေကာင္းပါ။
ဘာလို႔ လူႀကီးက စိတ္ပူတာမ်ားလဲ။

အခ်ိန္အားျဖင့္ ညေန ေလးနာရီခြဲ ငါးနာရီေလာက္ရွိၿပီမို႔ သူေရာ၊ လူႀကီးပါ တစ္ခါတည္း အိပ္ျပန္ရန္ပစၥည္းေတြကို သိမ္းခဲ့လိုက္ၾကသည္။ အန္တီနိုရီတို႔ကို ႏႈတ္ဆက္ၿပီးေနာက္ စက္ဘီးတစ္စီးျဖင့္ ႐ြာထဲသို႔ ထြက္ခဲ့၏။

႐ြာလမ္းတစ္ေလွ်ာက္တြင္ အုပ္ဆိုင္းႀကီးမားလွသည့္ အပင္ႀကီးမ်ားေၾကာင့္ အေအးဓာတ္ေလးရလို႔ေနၿပီး အႏွီအပင္မ်ား၏ အ႐ြက္အကိုင္းမ်ားၾကားမွ ေနေရာင္​ေျဖာက္ေျဖာက္မွာ ဟိုတစ္ကြက္ သည္တစ္ကြက္ျဖင့္ ျဖာက်လ်က္။ ေဆာင္းဦးေလျပည္တို႔သည္လည္း တသုန္သုန္ တိုက္ခတ္ေနေလသည္။

သို႔ေပသ္ိ ေသခ်ာ ခင္းက်င္းထားျခင္း မရွိေသာ ႐ြာလမ္းငယ္ဟာ ခ်ိဳင့္ခြက္မ်ား အမ်ားအျပားရွိေနသည့္အျပင္ ခဲလုံးအႀကီးႀကီးမ်ားလည္း အေတာ္မ်ား၏။ ထို႔ေၾကာင့္ လူႀကီးက ထိုအရာမ်ားအား ေရွာင္ရင္း ဂ႐ုတစိုက္ နင္းေနရသည္။

"ဂ်ီမင္း . . . ဒီဘက္႐ြာက လမ္းေတြက အေတာ္ၾကမ္းတယ္"

အကၤ်ီစကိုသာ အသာကိုင္ထားသည့္ ဂ်ီမင္းအား ထယ္ေယာင္း စကားစလိုက္ရျခင္းမွာ
ကေလးငယ္ သူ႕ကိုအားနာၿပီး ေသခ်ာမကိုင္ထားမိဘဲ ျပဳတ္က်မွာေၾကာက္လို႔ပင္။

"ဟုတ္တယ္ အစ္ကို"

"ကိုယ့္ကို ဖက္ထားမလား"

ပုံမွန္အတိုင္းပင္ ေအးေဆးတည္ၿငိမ္လြန္းသည့္ ေလသံျဖင့္ ဆိုလိုက္ေသာ္ျငား ထြက္လာေသာ စကား၏ အဓိပၸာယ္ေၾကာင့္ ႏွစ္ဦးသားလုံး ရွိန္းျမျမျဖစ္သြားၾက၏။

"ဗ် . .ဗ်ာ"

"ျပဳတ္က်မွာစိုးလို႔ ခါးကိုဖက္ထားမလားလို႔"

ေလ​ျပည္ညင္းဟာ တသိမ့္သိမ့္ တိုက္ၿမဲ။ စက္ဘီးငယ္ေလးသည္လည္း ပုံမွန္အရွိန္ေလးအတိုင္း။ သို႔ေသာ္ စက္ဘီးေပၚမွ လူသားေလးႏွစ္ဦး၏ စကားသံတို႔ကေတာ့ ခတၱမွ် တိတ္ဆိတ္သြားေခ်သည္။

တစ္စကၠန့္

ႏွစ္စကၠန့္

သုံးစကၠန့္

ေလး၊ ငါး၊ ေျခာက္ . . . . ။

တဒဂၤၾကာသည္အထိ ဂ်ီမင္းဆီမွ တုန့္ျပန္မႈေလး ရမေသာေၾကာင့္ သူ႕စကားမ်ားလြန္သြားျပန္ၿပီလားဟု ထယ္ေယာင္းေတြးလိုက္မိသည္။

"ဟို ဂ်ီ . . "

ထိုအခိုက္ ႐ုတ္တရက္ ေက်ာေပၚက်ေရာက္လာေသာ ေႏြးေထြးမႈေလးႏွင့္အတူ  ခါးေပၚရစ္တြယ္လာသည့္ လက္တစ္စုံေၾကာင့္ ထယ္ေယာင္း ေျပာရမည့္ စကားတို႔ တိတ္ဆိတ္သြားရျပန္၏။ ဂ်ီမင္းဆီမွ ရယ္သံ ခပ္ျမဴးျမဴးေလး ထြက္က်လာေလသည္။

"ဟီးဟီး . . အစ္ကို႔ ေက်ာကအက်ယ္ႀကီးပဲ"

ကေလးဆန္လြန္းသည့္ ေကာင္ေလးေၾကာင့္ ထယ္ေယာင္းသည္ သြားတန္းေဖြးေဖြးေလးမ်ားပင္ ေပၚသည္အထ္ိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးမိလိုက္၏။ သည္ႏွစ္မ်ားအတြင္းမွာ ပထမဆုံးအႀကိမ္လိုပင္။

"ဟုတ္လား"

ခါးကိုပဲ ဖက္ထားခိုင္းသည္ကို ပတ္ဂ်ီမင္း အလည္ေလးက သူ႕လူႀကီး၏ ေက်ာကိုပါ ကိုယ္ငယ္ေလးျဖင့္ မွီတြယ္လာသည္။

ကေလးငယ္က အဆိုးေလး ၊
တကယ့္ကို အဆိုးေလးရယ္ . . . ။

ေနာက္ထပ္ သုံးမိနစ္ေလာက္ ထပ္နင္းလာရၿပီးေနာက္တြင္ စက္ဘီးေလးမွာ လမ္းသြယ္ေလး ႏွစ္ခုသို႔ ေကြ႕ဝင္လာခဲ့သည္။ ကိုယ္ပိုင္စိုက္ခင္းေသးေသးေလးရွိရာ အိမ္ငယ္ေလးေရွ႕ေရာက္ေတာ့ လူႀကီးက စက္ဘီးအား ရပ္လိုက္၏။

"​ဟယ္  . .
ဒီေန႕ ေဒါက္တာကင္မ္လာတာလား"

ၿခံေရွ႕တြင္ ထိုင္ေစာင့္ေနဟန္ရွိသည့္ အေဒၚႀကီးတစ္ေယာက္က လူႀကီးအားျမင္သည့္အခါ ဝမ္းသာအားရျဖစ္သြားပုံေပၚသည္။

"ဟုတ္တယ္ အေဒၚရဲ႕ ေဒါက္တာဟန္ ခြဲခန္းဝင္ေနရလို႔ ကြၽန္ေတာ္ပဲ လာလိုက္တာ"

"ဒီကလူေတြကလည္း ေဒါက္တာကင္မ့္ကို မေတြ႕တာၾကာလို႔ သတ္ိရေနၾကတာ"

"ဒီေန႕ေရာ ဦးေလးအေျခအေနဘယ္လိုရွိလဲ"

"ေတာ္ေတာ္ေလးေတာ့ သက္သာေနပါၿပီ . . . မနက္ကေတာ့ ေခ်ာင္းနည္းနည္းဆိုးေသးတယ္"

လူႀကီးႏွင့္ ထိုအေဒၚႀကီးတို႔ ေပါ့ေပါ့ပါးပါးစကားေျပာေနပုံေထာက္လွ်င္ သည္႐ြာက လူမ်ားႏွင့္လည္း လူႀကီးက ရင္းႏွီးေနဟန္ရွိသည္။

"ဂ်ီမင္း အိမ္ေရွ႕မွာ ထိုင္ေစာင့္ေနေပးေနာ္
ကိုယ္ လူနာသြားၾကည့္လိုက္ဦးမယ္"

"ဟုတ္ကဲ့ အစ္ကို"

လူနာရွင္ အေဒၚႀကီးႏွင့္အတူ လူႀကီးက အိမ္ထဲဝင္သြားသည္။ သူကေတာ့ အိမ္ေရွ႕တံစက္ၿမိတ္ေအာက္က ကြတ္ျပစ္၌သာ ထိုင္ေစာင့္ေနလိုက္သည္။ လက္ကနာရီကို ငုံ႕ၾကည္မိေတာ့ အခ်ိန္မွာ ညေနငါးနာရီခြဲၿပီ။

ေဆာင္းဝင္ခါနီးၿပီးမို႔ ေကာင္းကင္ဟာ တျဖည္းျဖည္းျဖင့္ ေမွာင္ရီပ်ိဴးလာေတာ့၏။

သိပ္မၾကာလိုက္ပါပဲ အိမ္ေလးအတြင္းမွ လူႀကီးႏွင့္အတူ အေဒၚႀကီးတို႔ ျပန္ထြက္လာၾကသည္။ လူနာေသာက္ရမည့္ ေဆးမ်ားအား ေျပာေနဟန္ရွိသည့္ လူႀကီး၏ပုံေလးဟာ တကယ့္ကို တည္ၿငိမ္ရင့္က်က္လြန္းၿပီး သူအားက်ရတဲ့ပုံစံမ်ိဴးေလး။ သူႏွင့္ အသက္အားျဖင့္ ဆယ္ႏွစ္ေက်ာ္ကြာေသာ လူႀကီးဟာ ယခု သူ႕ပုံစံႏွင့္ အကြာျခားႀကီး ကြာျခားလြန္း၏။

သူ လည္းေနာက္ ဆယ္ႏွစ္ေလာက္ေနလွ်င္ လူႀကီးလိုမ်ိဳး တည္ၿငိမ္ရင့္က်က္နိုင္ပါ့မလား။ ေနာင္ ဆယ္ႏွစ္မွာ လူႀကီးေဘးမွာေရာ ေနေနနိုင္ပါ့မလား။

"ဂ်ီမင္း"

"ဗ်ာ"

"ျပန္ရေအာင္ေလ ဘာေတြစဥ္းစားေနတာလဲ"

"ေၾသာ္ . . ၊
ျပန္ . .ျပန္မယ္ေလ"

လူႀကီးက အိမ္ရွင္အေဒၚႀကီးအား ႏႈတ္ဆက္ေနစဥ္မွာပင္ သူက စက္ဘီးေလး ရပ္ထားရာ ၿခံအျပင္သို႔ ထြက္ႏွင့္ေနၿပီ။

ေမွာင္ရိပ္သန္းလာေသာ ပတ္ဝန္းက်င္ဟာ
ျပာရီမွိုင္းလာ၏။ ေလသင့္တိုင္း ေရာက္လာေသာ ပန္းတခ်ိဳ႕၏ ေဖ်ာ့ေတာ့ေတာ့ ရနံ႕တို႔ကိုလည္း ရလို႔ေနသည္။

သို႔ေသာ္ ဤမွ် စိတ္ကူးယဥ္ဆန္လြန္းလွသည့္ အေျခအေနႏွင့္ မလိုက္ဖက္စြာ တဝီဝီေအာ္ျမည္ေနကာ ​ေျခသလုံးသား ျဖဴျဖဴေလးႏွစ္ဖက္သို႔ လာလာကိုက္သည့္ ျခင္တို႔​ေၾကာင့္ ပတ္ဂ်ီမင္းတစ္ေယာက္ ႏႈတ္မွ နည္းလမ္းေပါင္းစုံျဖင့္ ခပ္တိုးတိုး ေမတၱာပို႔သေနရသည္။ လူႀကီးထြက္လာၿပီး စက္ဘီးအား ေသာ့ေျဖေနသည္အထိ မ်က္ႏွာမွာ ဆူဆူပုတ္ပုတ္ေလး ျဖစ္ေနေသး၏။

"ဂ်ီမင္း . . လာတတ္"

"ဟုတ္"

အလည္ေလးဟာ စက္ဘီးငယ္ေလး၏ ေနာက္ခုံမွာ ထိုင္ၿပီးခ်င္းခ်င္းပင္ ေရွ႕က လူႀကီး၏ ခါးအား အသင့္ဖက္ထားလိုက္၏။
တစ္ခါ ဖက္ထားဖို႔ေျပာဖူးရင္ ေနာက္အေခါက္ေတြကိုလည္း ဖက္ထားလို႔ရတယ္ဟု ေျပာသည္ႏွင့္ အတူတူပဲမဟုတ္ပါလား။
ေရွ႕ကလူႀကီး သူ႕ကို ေလွာင္ခ်င္ေလွာင္ပါေစ
သူကေတာ့ အခြင့္အေရးကိုလုံးဝလက္လႊတ္မခံနိုင္ေပါင္။

ေမွာင္လာၿပီမို႔ ထယ္ေယာင္းက စက္ဘီးအား ဂ႐ုတစိုက္နင္းေနသည့္တိုင္ တစ္ခါတစ္ခါ မျမင္ရသည့္ ခဲလုံးမ်ားႏွင့္ တိုက္မိကာ ခုန္ခုန္သြားရၿပီး ေနာက္ခုံမွာထိုင္ေနရေသာ ပတ္ဂ်ီမင္းေလး၏ တင္သားလုံးလုံးေလးမ်ားသည္လည္း အေတာ္ေလးကို အီစိမ့္ေနရွာၿပီ။

လူႀကီးက အဆင္ေျပလား ခဏခဏေမးေသာ္လည္း သူ႕မွာအရွက္ကြဲမွာစိုးၿပီး ေအာင့္အီးသည္းခံကာ အဆင္ေျပတယ္ဟုပင္ ဇြတ္ေျဖေနရသည္။

ေဖာက္ . . ရႈး

႐ုတ္တရက္ ထြက္လာေသာ အသံႏွင့္အတူ
တင္ေအာက္နားကပါ ဒုတ္ခနဲ ျဖစ္သြားသည္မို႔ ဂ်ီမင္း မ်က္လုံးေလးမ်ား ျပဴးက်ယ္ကုန္၏။

"အစ္ကို အသံၾကားလား"

"ၾကားတယ္ ၊ ေနာက္ဘီးကလား မသိဘူး
ဂ်ီမင္း ခဏဆင္းလိုက္ပါလား"

"ဟုတ္ အစ္ကို"

ဆင္းၾကည့္သည့္အခါ သူတို႔ႏွစ္ဦး ထင္ထားသည့္အတိုင္းပင္ စက္ဘီးေနာက္ ဘီးေပါက္သြားျခင္းသာ။

"ဘယ္လိုလုပ္ၾကမလဲဟင္"

"လမ္းပဲ ဆင္းေလွ်ာက္တာေပါ့ 
ကားႀကဳံရလဲ လိုက္သြားလို႔ရတာပဲ"

"ဟြန့္ . . လမ္းႀကီးေလွ်ာက္ရဦးမယ္"

ႏႈတ္ခမ္းကိုဆူကာ ေျခေဆာင့္ခ်င္ေနသည့္
ေကာင္ေလးသည္ တကယ့္ကို သုံးႏွစ္ေလးလိုပင္။

"ေလွ်ာက္လိုက္ပါ ဂ်ီမင္းရယ္ ကိုယ္လည္းေဘးမွာပါတာပဲကို"

" . . . . "

သူတို႔ ႏွစ္ေယာက္လမ္းမႀကီးကိုေက်ာ္ကာ ဖရဲခင္းေဘး ေျမနီလမ္းငယ္သို႔ ေရာက္ေတာ့ မိုးပင္ခ်ဳပ္ေနၿပီ။ မီးမရွိေသးေသာ ေျမနီလမ္းငယ္ေပၚ  လရိပ္ျပာသည္ ထိန္ထိန္သာသာလို႔ေနသည္။ ေအးျမျမလေရာင္၏ အကူအညီျဖင့္ ႏွစ္ဦးသား ဆက္ေလွ်ာက္လာခဲ့သည္။

ေကာင္းကင္ျပင္၌ ၾကယ္ငယ္တို႔ကို မျမင္ရသည္အထိ တိမ္မွ်င္တို႔ဖုံးကြယ္ေနသည့္တိုင္ လမင္းငယ္ဟာ ၿပိဳင္ဘက္ကင္း အလင္းေပးေနေသး၏။

ပတ္ဂ်ီမင္းေလးရဲ႕ စကားသံတညံညံေၾကာင့္ တိတ္ဆိတ္ေသာ ေျမနီလမ္းငယ္ေလးေပၚ အထီးက်န္ျခင္းကင္းလို႔။

စက္ဘီးေလးကို တြန္းရင္း ေဘးက ကေလးငယ္ေျပာသမွ် စကားတိုင္းကို နားေထာင္ေပးေနေသာ ဆရာဝန္ေလးသည္ မသိစိတ္မွ ခ်စ္ျခင္းေမတၱာအေပၚ တစ္ဖန္ ေပ်ာ္ဝင္လာဟန္ရွိသည္။

ေဆာင္းအဝင္ ေလျပည္ခ်ိဳခ်ိဳတို႔ တိုက္ခတ္ေနေသာ ေျမနီလမ္းေလးေပၚ ေျခလွမ္းႏွစ္စုံဟာ ထပ္တူက်လိဳ႕။ ဤသို႔ျဖင့္ လေရာင္ဆမ္းေသာ လမ္းငယ္ေလးဟာ ရင္ခုန္သံတို႔ေပါက္ဖြားရာ နယ္ေျမတစ္ခုအျဖစ္သို႔ . . . ။

YIMMY

***

တစ္ခုေတာင္းဆိုခ်င္ပါတယ္
ficေလးက အပိုင္းမ်ားလာၿပီမို႔
အေရးအသားအေပၚအျမင္ေလးေရာ
ျပင္ေစခ်င္တဲ့ အခ်က္ေလးေတြေရာ ေျပာျပၾကပါလားဟင္😗

Fortsæt med at læse

You'll Also Like

2.2M 116K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
224K 27.3K 38
Cover presented by @Alexandrine_Kim "ကကြိုး‌ရုပ်တွေရဲ့ ဖြစ်တည်မှုကို ခင်ဗျားသိလား။" "ကႀကိဳးရုပ္ေတြရဲ့ ျဖစ္တည္မႈကို ခင္ဗ်ားသိလား..။" 📆Start - 21.9.20...
106K 2.4K 46
The grade's pretty girl catches Jahseh's attention
33.5K 4.3K 17
ရာသီဥတုကဒီခ်စ္ျခင္းေမတၲာေလးကိုမူတည္တယ္ သူပူရင္ကြၽန္ေတာ္ပါပူရၿပီး သူေအးရင္ကြၽန္ေတာ္ပါေအးခ်မ္းရတာ... ခ်စ္ရတဲ့ေနြဦးေလးေရ မင္းအေပၚမွာကိုယ့္ကမ႓ာကမူတည္ၿပီး...