ငွေမှိုင်းလင်းဝေ...(ငွေမှိုင်း...

By Han_Me7012

89.9K 7.4K 1.4K

(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... More

Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)

Part 26(Zawgyi)

420 46 28
By Han_Me7012

ဆရာမရဲ့လက်ကောက်သံမှာ မှိုင်းခေါင်တို့နှင့်ပိုပြီး နီးကပ်လာသည်။ အစောပိုင်းတုန်းက လှုပ်ရွနေသော ငွေရှိုင်းသည်လည်း မျက်နှာပေါ်တွင် စာအုပ်မှောက်ထားကာ အိပ်မောကျနေဟန် အသွင်ရှိသည်။ မှိုင်းခေါင်ကတော့ နဖူးပေါ်လက်တင်လျှက် အိပ်ပျော်နေဟန်နှင့် ငြိမ်သက်နေသည်။

မှိုင်းခေါင်တို့၏ လိုက်ကာနားအရောက်တွင် ခြေသံပျောက်သွားသောကြောင့် ဆရာမသည် ကျောင်းသားတွေအိပ်၊မအိပ် စစ်ဆေးနေကြောင်း မျက်လုံးဖွင့်မကြည့်သော်လည်း သိလိုက်သည်။ ထို့နောက် ညာဘက်ခြမ်းရှိ အခန်းတံခါးဖွင့်သံကို ကြားလိုက်ရပြီး ဆရာမရဲ့အသံဝဲဝဲပါ တစ်ပါတည်း ထွက်ပေါ်လာသည်။

"ဟင်း....ငါအသံတွေကြားနေရတယ်နော်..." ဟုပြောပြီး တံခါးပြန်ပိတ်ကာ အနောက်ဘက်သို့ ထွက်သွားပြန်သည်။ မှိုင်းခေါင်ရော၊ငွေရှိုင်းပါ ငြိမ်ငြိမ်လေးနေပြီး နားစွင့်နေကြသည်။ ဆရာမသည် အောက်ထပ်တွင် ကြာကြာမနေပါ။ စစ်ဆေးပြီးသည်နှင့် ၊စကားသံထွက်နေသူများကို ဆူပူပြီးသည်နှင့် အပေါ်ထပ်သို့ ပြန်တက်သွားလေသည်။

ဒီတော့မှ ငွေရှိုင်းလည်း မျက်နှာပေါ်တွင်
အုပ်ထားသောစာအုပ်ကို ခပ်မြန်မြန်ဖွင့်ကာ သက်ပြင်းချရင်း

" ကျွန်တော်တို့လည်း အခုမှ မူကြိုကလေးတွေလို ပြန်ဖြစ်နေပြီနော်ကိုကို..." ဟူ၍ အသံတိုးတိုးနှင့် ပြောလေသည်။ ငွေရှိုင်း၏ ရယ်သံနှောနေလေသော စကားသံကြောင့် မှိုင်းခေါင်ပါပြုံးခဲ့မိလေသည်။

"ဟိုတစ်ယောက် အသံတိတ်နေပါလား..
အိပ်ပျော်သွားပြီလား မသိဘူး..."

ငွေရှိုင်းသည် ပြောလည်းပြော၊ ဘေးဘက်သို့လည်း ငုံ့ကြည့်လိုက်သေးသည်။ ပက်လက်အနေအထားနှင့် လက်ပိုက်လျှက်ရှိသူသည် အေးဆေးတည်ငြိမ်သောပုံစံနှင့် လက်ရှိလောကမှ ဝေးကွာသွားဟန်ရှိသည်။ ထို့အပြင် လှုပ်ခတ်ရွေ့လျားခြင်း မရှိသော မျက်ခွံတို့ကိုကြည့်ပြီး အလင်းဝေတစ်ယောက်တော့ အိပ်ပျော်သွားရှာပြီဟု အမှန်တကယ်ပင် အတည်ပြုလိုက်ရသည်။

"သူက ရွက်ကျပင်ပေါက်ပဲကိုး...ရှိုင်းငယ်..
အိပ်သွားတာလည်း ကောင်းတယ်..မဟုတ်ရင် နားတွေငြီးလို့..."

"အလင်းဝေက ခင်ဖို့ကောင်းပါတယ် ကိုကိုရ...အခု ကိုကိုတောင်မှ သူနဲ့ တဖြည်းဖြည်းချင်း အဆင်ပြေလာတာပဲ မဟုတ်လား..."

ငွေရှိုင်းသည် မပြောရဲ၊ပြောရဲနှင့် ပြောမိပြီးမှ သူ့ရဲ့စကားကြောင့် မှိုင်းခေါင်စိတ်ကွက်သွားမည်ကိုလည်း စိုးရိမ်နေသည်။ သို့်သော် အချိန်တော်တော် ကြာသည်အထိ စောင့်နေခဲ့သော်လည်း ဘာစကားသံမှ မကြားခဲ့ရပေ။

"ကိုကို...."

ငွေရှိုင်းသည် တိုးညှင်းသည်ထက် ပို၍တိုးညှင်းသောအသံဖြင့် ခေါ်ကြည့်ရင်း ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းလှည့်ကာ မှိုင်းခေါင်ဝေဦးကို ငုံ့ကြည့်လိုက်သည်။

ကိုကိုသည် သရုပ်ဆောင်လည်း သိပ်ကောင်းသည်။ ငွေရှိုင်းစကားကို ပြန်ဖြေမည့်အစား သူ့ခန္ဓာကိုယ်ထက် သေးငယ်သော ခုံလေးပေါ်တွင် သက်တောင့်သက်သာ ဖြစ်ဟန်မျိုးသာ ဆောင်ပစ်လိုက်သည်။ ကိုကို့မျက်နှာကို အချိန်အကြာကြီး ငေးကြည့်နေမိသော်လည်း ဘာမှထူးခြားမလာပေ။ နောက်ဆုံးတွင် ငွေရှိုင်း၏ မျက်လုံးတွေလည်း အမှောင်ထုထဲတွင် တဖြည်းဖြည်း နစ်မြုပ်သွားပါတော့သည်။

.
.
.
ဆယ်တန်းသို့ရောက်လာမှ ကိုကိုနဲ့ အတူရှိနေရချိန်တွေ ပိုများလာသည်။ Green leafမှာလည်းအတူတူ၊ လူငယ့်ပန်းတိုင်မှာလည်းအတူတူ၊ ပြီးတော့ အိမ်မှာပါ စာအတူတူလုပ်ဖြစ်နေသည်။

အစပိုင်းတွင်တော့ တစ်ချိန်လုံး အတူရှိနေရခြင်းကို သဘောမတွေ့သော်လည်း အချိန်ပိုကြာညောင်းလာသည် နှင့်အမျှ ကိုကိုနှင့်အတူရှိနေရခြင်းမှာ ငွေရှိုင်းအတွက် သဘောကျစရာဖြစ်လာသည်။

ငွေရှိုင်းနားမလည်သော physicပုစ္ဆာများကို ကိုကိုက နားလည်သဘောပေါက်လွယ်အောင် ရှင်းပြလေ့ရှိသည်။ အဲ့လိုအချိန်တိုင်း ငွေရှိုင်းတစ်ယောက် ထူးထူးခြားခြား ပျော်နေလေ့ရှိသည်။

ကိုကိုနဲ့သူဟာ သွေးမတော်၊သားမစပ်ဘူးဆိုတဲ့
အတွေးမျိုးတောင် မတွေးမိခဲ့တာ ကြာပြီလေ။

ငွေရှိုင်းသည် မှိုင်းခေါင်ကို အစ်ကိုကြီးတစ်ယောက်အဖြစ် ပို၍ချစ်ခင်လာချိန်တွင် မှိုင်းခေါင်သည်လည်း ငွေရှိုင်းကို ပို၍နင့်နဲစွာ ချစ်လာမိသည်။

ငွေရှိုင်းတစ်ယောက် စာကို အလေးအနက် အာရုံစိုက်နေချိန်များသည် မှိုင်းခေါင် သူ့ကို ခိုးငေးတတ်ချိန်များပင် ဖြစ်သည်။ ခုနှစ်နှစ်၊ရှစ်နှစ်အရွယ် နုနယ်သော ကလေးမျက်နှာလေးနှင့် ဆယ့်ငါးနှစ်အရွယ် ကောင်လေး၏ မျက်နှာကို နှိုင်းယှဉ်ကြည့်သည့်အခါတိုင်း ပြောင်းလဲသွားသည်က ရှိုင်းငယ်မဟုတ်ဘဲ မှိုင်းခေါင်သာဖြစ်နေခဲ့သည်။

"အနာဂတ်ကို စဉ်းစားကြည့်ဖူးလား...ရှိုင်းငယ်"

သူ အဲ့လိုမေးတော့ ရှိုင်းငယ်က နားမလည်ဟန်နှင့်
ငေးကြည့်ပြီး ခေါင်းခါပြသည်။ ပြီးတော့" ကိုကိုကရော" ဟု မှိုင်းခေါင်ကိုပြန်မေးသည်။

"ငါကတော့ အနာဂတ်ကိုစဉ်းစားတိုင်း ငါ့မှာ အကြောက်တရားတွေ ပိုများလာတယ်လို့ ခံစားရပြီး ပစ္စုပ္ပန် မှာနေထိုင်ဖို့အတွက်တောင် ခက်ခဲလာတယ်...
အဲ့တာကလည်း တစ်စုံတစ်ခုကို ဆုံးရှုံးသွားရမှာ ကြောက်တဲ့စိတ်ကြောင့်ဖြစ်မယ်ထင်တယ်.."

"တစ်စုံတစ်ခုက...ဘာများလဲ..ကိုကို"

ကြိုတင်ခန့်မှန်းထားသည့် မေးခွန်းကိုပဲ မေးလာသည်။ ဒီမေးခွန်းကိုတော့ မှိုင်းခေါင်လိမ်ပြီးတော့လည်းမဖြေချင်၊ အမှန်အတိုင်းလည်း မပြောပြချင်ပါ။

"ငါမပိုင်ဆိုင်သေးတဲ့ တစ်စုံတစ်ခုပေါ့...မပိုင်ရသေးခင်မှာ ဆုံးရှုံးလိုက်ရမလားလို့ စိုးရိမ်နေရတဲ့ တစ်စုံတစ်ခု..."

မှိုင်းခေါင်၏ ပဟေဠိဆန်သောအဖြေကို
ရှိုင်းငယ်တစ်ယောက် နားမလည်ပါ။

"ကျွန်တော့ကို ပိုပြီး နားလည်အောင်ရှင်းပြပါလား..." ဟူ၍ ပြောကာ မှိုင်းခေါင်၏စကားကို  စောင့်ဆိုင်းနေသေးသည်။

မေးခွန်းတွေကို ပြန်မဖြေချင်တိုင်း လူလည်ကျနေကျဖြစ်သော မှိုင်းခေါင်ကတော့ ရှိုင်းငယ်၏ ဆံပင်တွေကိုသာ ရှုပ်ပွအောင် လုပ်ခဲ့ရင်း အခန်းထဲမှ ထွက်ခဲ့လိုက်သည်။

*မေမေရော..တစ်ဖက်လူဆီ ရောက်မသွားတဲ့.
ချစ်ခြင်းမေတ္တာအတွက် ကျွန်တော့လိုပဲ နာကျင်ခဲ့လား....။*

မှောင်မည်းနေသော ကောင်းကင်ထက်တွင်
ကြယ်ကလေးတစ်ပွင့်က မှိတ်တုတ်မှိတ်တုတ်...။
လေပြင်းတစ်ချက် တိုက်ခတ်ပြီးသည့်နောက် မှိုင်းခေါင်ရဲ့လက်တွေ ပို၍အေးစက်သွားသည်။

နွေးထွေးသော လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်ထားချင်မိသော်လည်း မှိုင်းခေါင်မှာ အခွင့်အရေးရှိပါရဲ့လား...။

>>>>>>>>>>>>>>>>>>>>>>>

အားကစားအချိန်ဖြစ်၍ ဖူဆယ်ကွင်းထဲတွင် ငွေရှိုင်းတို့ဆယ်တန်းက ကျောင်းသားတွေ စုစုရုံးရုံးဖြစ်နေကြသည်။ ချာလီနဲ့ဂေါ်လီတို့ကို တစ်သင်းစီမှာ နေခိုင်းလိုက်သည်။ သူတို့နှစ်ယောက်မှ အသင်းနှစ်သင်းတွင် ပါဝင်ကစားမည့်သူများကို random ရွေးချယ်လေသည်။ နောက်ဆုံးရလဒ်အရ အလင်းဝေနှင့်ငွေရှိုင်းက ချာလ်ီတို့အသင်းတွင် တစ်ဖွဲ့တည်းကျပြီး မှိုင်းခေါင်ဝေဦးကတော့ ဂေါ်လီတို့အသင်းတွင်ဖြစ်သည်။

အလင်းဝေသည် ငွေရှိုင်း၏လည်ပင်းကို သိုင်းဖက်လျှက် ပျော်မြူးနေသည်။ သူတို့နှစ်ယောက်အား မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေသူမှာ မှိုင်းခေါင်ဝေဦးပင်။ ထိုအကြည့်ကို ငွေရှိုင်းက မြင်လေသောအခါ အလင်းဝေရဲ့လက်ကို ခပ်မြန်မြန် ဖြုတ်ချလိုက်ပြီး ဘေးသို့ ရွှေ့လိုက်သည်။

ငွေရှိုင်းရဲ့အပြုအမူကြောင့် အလင်းဝေက "မင်းကလည်း ကြောက်လိုက်တာကွာ..." ဟူ၍ ထေ့ထေ့ငေါ့ငေါ့ ရေရွတ်ပြီး ခပ်ဝေးဝေးတွင် သွားရပ်နေတော့သည်။ ဒီလိုဆိုတော့လည်း ငွေရှိုင်းမှာ စိတ်မကောင်းဖြစ်သွားရပြန်သည်။

အလင်းဝေသည် သူ့ကိုကြည့်မနေတော့...။

.
.
ကစားပွဲစပြီးနောက် ဆယ့်ငါးမိနစ်အကြာတွင်
အလင်းဝေတို့အသင်းမှ နှစ်ဂိုးရနေပြီဖြစ်ပြီး တစ်ဖက်အသင်းမှာ ဥမကွဲသေးပေ။ မှိုင်းခေါင်၏ခြေစွမ်းက မသေးသော်လည်း အာရုံထွေပြားနေသောကြောင့် ဂိုးသွင်းလိုက်တိုင်း လွဲချော်သွားတာချည်းပင်။ အပျော်တမ်းကစားကြသော ပြိုင်ပွဲလေးဖြစ်သော်လည်း မှိုင်းခေါင်၏စိတ်ထဲတွင် နိုင်လိုစိတ်များ ပြင်းထန်နေသည်။ တစ်ဂိုးရတိုင်း ပခုံးဖက်ပြီး ပျော်နေကြသူ နှစ်ယောက်အား ကြည့်ရင်းကြည့်ရင်း မှိုင်းခေါင်၏ ရင်ထဲတွင်လည်း ပူလောင်နေရသည်။

ထို့နောက်တွင်တော့ ကစားပွဲမှာ အက်ဆီးဒင့်တစ်ခုကြောင့် ရုတ်တရက် ရပ်ဆိုင်းသွားလေသည်။

"မှိုင်းခေါင်ဝေဦး ချော်လဲသွားတယ်..." ဟူ၍ ကျောင်းသားတစ်ယောက်ရဲ့ အော်သံကြောင့် အကုန်လုံး ကစားပွဲကိုရပ်လိုက်ကြသည်။ ငွေရှိုင်းသည် မြေကြီးပေါ်တွင် ခြေဆင်းထိုင်နေသော မှိုင်းခေါင်အနားသို့ ခပ်သုတ်သုတ် ပြေးလာသည်။

"ဟာ....ဒူးခေါင်းမှာ သွေးတွေနဲ့ပါလား...
လာ..လာ..ကျွန်တော့ ပခုံးကိုကိုင်ပြီးထလိုက်...
အလင်းဝေ...ရပ်ကြည့်မနေဘဲ ဟိုဘက်ကနေ ကူပေးပါဦး..."

ဒူးခေါင်းက ပွန်းသွားရုံလေးပါ ...။ချက်ချင်းကြီး ထတောင်မထနိုင်တော့ဘူးလား...။

အလင်းဝေသည် မှိုင်းခေါင်ကိုကြည့်ရင်း တွေဝေနေသော်လည်း ငွေရှိုင်းပြောသည့်အတိုင်း ကူပေးလိုက်ပါသည်။ မတ်တပ် ရပ်နိုင်သွားသောအခါ မှိုင်းခေါင်ဝေဦးက ငွေရှိုင်းကိုသာ အမှီပြုထားပြီး အလင်းဝေကိုတော့ တွန်းထုတ်လိုက်လေသည်။

မှိုင်းခေါင်နှင့်ငွေရှိုင်းတို့၏ ကျောပြင်နှစ်ခုသည်
ကျောင်းသားများရှေ့မှ ဝေးကွာသထက် ဝေးကွာသွားသည်။ ထိုအချိန်အထိ အလင်းဝေသည် ငွေရှိုင်းတို့ကို ကြောင်အန်းအန်းဖြစ်ကာ ရပ်ကြည့်နေမိဆဲ...။

တစ်ဖက်မှာတော့ ငွေရှိုင်းက မှိုင်းခေါင်ကို ကျောင်းဆေးခန်းသို့ ခေါ်သွားနေပြီဖြစ်သည်။ ဆေးခန်းတွင် တစ်ယောက်မှမရှိသဖြင့် မှိုင်းခေါင်ကိုခုံပေါ်တွင် ထိုင်ခိုင်းထားပြီး ဗီရိုထဲရှိ ဆေးသေတ္တာကို ယူထုတ်လာသည်။ စကားတွေလည်း တတွတ်တွတ် ပြောနေလျှက်...။

"ကိုကို့ကို တစ်ယောက်ယောက်
တွန်းလိုက်တာတော့ မဟုတ်ပါဘူးနော်..."

မှိုင်းခေါင်သည် ငွေရှိုင်းကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိသည်။ သူဒဏ်ရာရသွားတော့ ပျာယာခတ်ပြီးပြေးလာတဲ့ပုံလေးကို အခုထိမျက်လုံးထဲက မထွက်သေးပေ..။

"တွန်းလိုက်တယ်ဆိုရင် ဘာလုပ်မလို့လဲ..."

"အဲ့ကောင်ကို ပြန်တွန်းပစ်မှာပေါ့...ကိုကိုရ...
ဘယ်သူလဲ...ဘယ်သူလုပ်လိုက်တာလဲ..."

"တွန်းရဲတွန်းကြည့်ပါလား... ငါက ငြိမ်ခံနေမယ့်ကောင်မှ
မဟုတ်တာ...အခုကလည်း ကိုယ့်ဘာသာ ခြေခေါက်ပြီး လဲသွားတာမို့ စိတ်လျှော့လိုက်တော့..."

မတော်တဆလား....၊ တမင်တကာလား ဆိုတာကိုတော့ သေချာသဲကွဲအောင် မပြောဖြစ်ခဲ့...။

ဆေးတို့ပေးနေစဉ် တစ်လျှောက်လုံး မှိုင်းခေါင်ရဲ့အနာကို လေမှုတ်ပေးနေတဲ့ ရှိုင်းငယ်ကြောင့် နာကျင်မှုကို နည်းနည်းလေးမှ မခံစားရပေ။

မှိုင်းခေါင်ကို တကယ်တမ်းနာကျင်စေတာက ရှိုင်းငယ်ကို တခြားတစ်ယောက်နဲ့ အတူရှိနေတာကို မြင်ရတာပဲလေ။
.
.

ဆေးခန်းရဲ့တံခါးဝတွင် အလင်းဝေတစ်ယောက်
ငြိမ်သက်စွာ မတ်တပ်ရပ်နေသည်။

မှိုင်းခေါင်ဝေဦးက ပြုံးနေတယ်တဲ့လား...။ အဲ့တာကလည်း ငွေရှိုင်းကို တစိမ့်စိမ့်ငေးကြည့်နေရင်းနဲ့...။

အခုအချိန်တွင် မိုးကြိုးပစ်မည်ဆိုလျှင် အလင်းဝေလည်း စက်ကွင်းလွတ်မည် မဟုတ်ပေ...။ ဘာတွေလဲကွာ...ဟုသာ ရေရွတ်ရင်း ထိုနေရာမှ ထွက်လာခဲ့သည်။

အလင်းဝေသည် သူ့ရဲ့ရင်ဘတ်ကို ဖိကိုင်ရင်း
လေပူတွေချည်းသာ မှုတ်ထုတ်နေမိတော့သည်။

ဒီပဟေဠိကို သိအောင် လုပ်မှဖြစ်တော့မယ် ဟုလည်း မာန်တင်းလျှက်ပေါ့....။

>>>>>>>>>>>>>>>>>>>>>>>>

Love you all❤
Han_Me
(26.9.2020)




Continue Reading

You'll Also Like

39.9K 2K 26
ဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ [2024 Edition]
1.5K 58 4
အရောင်စုံသော ချစ်ခြင်းတရားများအကြောင်း...
616K 49.6K 53
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
37.2K 1.8K 40
Title - The Loudest Silence [တိတ်ဆိတ်ခြင်းရဲ့ ပဲ့တင်သံ] Type - Own Creation, Myanmar BL ကြွေကျလာတဲ့ ဆာကူရာ ပွင့်ဖတ်လေးကို ဖမ်းမိခဲ့ရင် မင်းရ...