Non Romantic System(Completed)

By bobo_poompat

496K 29.4K 975

ျမတ္ႏိုးတယ္ဆိုတာထက္ပိုေသာစကားမ်ား႐ွိလ်ွင္ ထိုလူသားကိုသာထပ္ေျပာပါမည္..... မြတ်နိုးတယ်ဆိုတာထက်ပိုသောစကားများရှိ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Note
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Note
Part-20
Part-21
International Lesbian Day♥
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Wedding's Post
Part-29
Part-30(Final Part)
Extra-1

Part-19

12.8K 897 34
By bobo_poompat

Zawgyi

"အဟမ္း... အဟမ္း"

တဟမ္းဟမ္း လုပ္ေနတဲ့ ေယာကို႐ွိန္း နားမလည္သလို ၾကည့္ေနသည္။

"အမယ္...အင္ႏိုးဆန္႔ (innocent)႐ုပ္ေလးနဲ႔ ျကည့္မေနနဲ႔။ မွန္မွန္လိမ္စမ္း နင္နဲ႔Bossနဲ႔ ဟိဟိ"

"ဟိဟိ ကဘာလဲ"

ေယာကေတာ့ မ်က္ႏွာပိုးမသတ္ႏိုင္ပဲ ျပံဳးစိစိလုပ္ရင္း

"ဟိဟိက ဟိဟိပဲေပါ့"

ေယာ ဘာကိုဆိုလိုခ်င္တာမွန္း ႐ွိန္း သေဘာေပါက္သြားၿပီး ေယာကို မ်က္ႏွာငယ္ေလးနဲ႔ ၾကည့္လိုက္၏။႐ွိန္းရဲ႕ သနားစရာေကာင္းလွေသာ မ်က္ႏွာေဘးေလးက secret life of petကာတြန္းထဲကယုန္ေလး snow ball႐ုပ္ကေလးနဲ႔ပင္ တူေနတာေၾကာင့္ ​ေယာခမ်ာ မဟိဟိႏိုင္ေတာ့ေပ။

"ဟဲ့ အဲ့ေန႔ညက နင္နဲ႔Bossနဲ႔ဘာမွ မဘာဘူး လို႔ေတာ့မေျပာနဲ႔ေနာ္ "

"အမွန္ပဲဟ။ ဂါး.. အဲ့ဘိုးေတာ္ႀကီးက ဝါေတာ္ေျခာက္ဆယ္ရၿပီး ေတာထြက္ေတာ့မွာ"

လြန္ခဲ့ေသာႏွစ္ရက္ က ေမာင္းမကန္ကမ္းေျခ~~

ဘန္ဂလိုကိုျပန္ေရာက္လာတဲ့ ​ေနသစ္နဲ႔႐ွိန္းကေတာ့ အသီးသီးေရမိုးခ်ိဳးၿပီး ေျပာစရာစကား ေပ်ာက္ဆံုးေနသည္။

႐ွိန္းကေတာ့ ေနသစ္ဘာမ်ား ေျပာမလဲေစာင့္ေနတာျဖစ္ၿပီး ေနသစ္ကေတာ့ ဘာစေျပာရမလဲ စဥ္းစားေနတာျဖစ္တယ္။

"အဟမ္း အိပ္ေတာ့ေလ ႐ွိန္း"

ေျသာ္....ဆယ့္ငါးမိနစ္ေလာက္ တိတ္ဆိတ္ေနရာကေန ထ
ေျပာတဲ့စကားက အိပ္ေတာ့တဲ့လား။ ႐ွိန္းခမ်ာ အင္တင္တင္ေတာင္ ျဖစ္သြား၏။

"ဘိုးေတာ္...ခင္ဗ်ားႀကီး တစ္ခုခုလုပ္ဖို႔
အစီအစဥ္မ႐ွိဘူးလား"

႐ွိန္းတစ္ေယာက္ ေနသစ္ကုတင္ေပၚတတ္သြားၿပီး စိတ္ေပါက္ေပါက္နဲ႔ ​ေမးလိုက္သည္။

"အဟမ္း... လူႀကီးကို ႐ို႐ိုေသေသေျပာစမ္း ႐ွိန္း"

"ဘယ္လိုေျပာရမွာလဲ ႐ို႐ိုေသေသက။ ကိုကိုႀကီး ခြန္ေနသစ္လား"

႐ွိန္းအသံကို ေပ်ာ့ေျပာင္းေအာင္လုပ္ရင္း ရြဲ႕ေမးလိုက္ေတာ့ ေနသစ္က ဟက္ခနဲတစ္ခ်က္ရယ္ရင္း ႐ွိန္းကိုယ္ေလးကို ခါးကေနဆြဲေပြ႔လိုက္သည္။ ႐ွိန္းအရပ္ ကလန္႔ကလားေၾကာင့္ ကေလးေတြလို ​ေပါင္ေပၚဆြဲတင္ဖို႔ေတာ့ မျဖစ္ႏိုင္။

"ဘာတဲ့။ ကမ္းေျခမွာ ေျပာတာေတာ့ ခြန္ေနဆိုလားပဲ ။ ေခၚၾကည့္ပါဦး"

ေနသစ္ရဲ႕ၿပီတီတီအျပံဳးေၾကာင့္ ႐ွိန္း လက္ခလယ္ေထာင္ျပလိုက္ၿပီး

"ခြန္ေန လို႔ေခၚရင္ဘာေပးမွာလဲ"

"႐ွိန္းက ဘာေပးေစခ်င္တာလဲ"

ေနသစ္ရဲ႕ အပ္႐ွ႐ွအသံေၾကာင့္ ႐ွိန္းတစ္ေယာက္ ျကက္သီးေမႊးညႇင္းေတြေတာင္ ထသြား၏။

ျပန္ေၿဖဖို႔စဥ္းစားေနတုန္း ေနသစ္ရဲ႕ႏႈတ္ခမ္းသားက ႐ွိန္းရဲ႕ႏႈတ္ခမ္းသားႏုႏုကို လာမိတ္ဆက္ေလသည္။

နမ္းေနျခင္းမ်ိဳးမဟုတ္ပဲ ႏႈတ္ခမ္းကို တတိတိကိုက္ေနျခင္းေၾကာင့္ ​ေနသစ္ကို ႐ွိန္းမ်က္ျဖဴလွန္ၾကည့္ၿပီး ေနသစ္ေအာက္ႏႈတ္ခမ္းသားကို အားနဲ႔ျပန္ကိုက္ခ်လိုက္သည္။

"အား..ဘာလို႔ကိုခ်တာလဲ ႐ွိန္းရ"

"သူခိုးက လူျပန္ဟစ္ေနတယ္။ ခြန္ေန အရင္ကိုက္တာေလ။ မနမ္းဖူးဘူးလား"

႐ွိန္းစကားက ရာႏႈန္းျပည့္မွန္တာေၾကာင့္ ေနသစ္ခမ်ာ အ႐ိႈက္ထိသြားၿပီး မ်က္ႏွာေလးေတာင္ ညႇိဳးက်သြား၏။႐ွိန္းလည္း သတိထားမိၿပီး ေခ်ာင္းအသာဟန္႔ရင္း

"ကြၽန္ေတာ္လည္း ပထမအႀကိမ္ပါပဲ။ ဒါေပမယ့္ ခြန္ေန လိုေတာ့ မကိုက္ဘူးေလဗ်ာ"

႐ွိန္းအတြက္လည္း ပထမဆံုးအႀကိမ္ဆိုတာကို သိၿပီးမွပဲ ေနသစ္ျပံဳးၿဖီးၿပီး ရွိန္းကို အိပ္ရာေပၚဆြဲလျွဲပီး ဖက္ထားလိုက္သည္။

"အိပ္ေတာ့ေနာ္။ ေနာက္တစ္ခါက်ရင္ မကိုက္ေတာ့ဘူး။ ကိုယ္ေလ့လာထားလိုက္မယ္။ ဟုတ္ၿပီလား"

ေနသစ္လက္ေမာင္းၾကားကေန ႐ွိန္းဘုၾကည့္လွမ္းၾကည့္ၿပီး

"ေလ့လာရေအာင္ ဘယ္လိုေလ့လာမွာလဲ။လက္ေတြ႔ကြင္းဆင္းေလ့လာခ်င္တာလား ခင္ဗ်ားႀကီးက"

႐ွိန္းရဲ႕ေပါက္ေပါက္႐ွာ႐ွာအေတြးေၾကာင့္ ေနသစ္ အသဲတယားျပံဳးလိုက္ၿပီး ႐ွိန္းဆံပင္ေလးေတြကို ပြတ္သပ္ေပးရင္း ေျဖလိုက္သည္။

"စာေတြ႔ေလ့လာမယ္ကြာ။ ၿပီးရင္ေတာ့ ကြင္းဆင္းေလ့လာဖို႔ ႐ွိန္းထြဋ္ေခါင္ဆိုတဲ့ လူသားေလး တစ္ေယာက္လံုး႐ွိတာပဲ"

႐ွိန္းျပံဳးလိုက္ၿပီး ေနသစ္ရင္ခြင္နားကို ပိုကပ္သြားလိုက္သည္။

"ခ်စ္တယ္ ခြန္ေန"

"ကိုယ္ေရာပဲ။ ခ်စ္တယ္ ႐ွိန္း"

"Goodnight ခြန္ေန"

"ဟုတ္ၿပီ ။ အိပ္မက္ခ်ိဳခ်ိဳေလးမက္ပါေစ ကေလးငယ္"

လေရာင္ျဖာက်ေနတဲ့ ဘန္ဂလိုေလးထဲမွာ ႐ွိန္းရဲ႕ဆံသားေလးေတြကို ဖြဖြေလးပြတ္သပ္ေပးရင္း ေနသစ္လည္း အိပ္စက္ျခင္းဆီသို႔။~~

"အဲ့တာပဲ။ ဘာမွမျဖစ္ဘူး။ ဒါေပမယ့္ ငါ့ခြန္ေနက ငါ့ကိုတအားခ်စ္တာ"

သဲသဲကဲကဲလာလုပ္ျပေနတဲ့ ႐ွိန္းကို ေယာ မ်က္ျဖဴလွန္ၾကည့္လိုက္သည္။

"နင့္ လူႀကီးကို ငါ့ဖုန္းထဲက တခ်ိဳ႕တေလကို ကူးေပးမွျဖစ္ေတာ့မယ္"

ေယာ ကူးေပးမယ္ဆိုတာ ဘာေတြမွန္း႐ွိန္းသိတာမို႔ ရွိန္းဆံပင္ေတာင္ ​ေထာင္ခ်င္သြားၿပီး

"ေယာရယ္ ငါ့ကိုအခြၽန္နဲ႔မ မစမ္းပါနဲ႔"

"Ok Ok "

ေယာကေတာ့ Okဟုသာ အေျဖျပန္ေပးေသာ္လည္း ဖုန္းကေန ကူးေပးလို႔မရရင ္memory stickနဲ႔ကို ​ခြန္ေနသစ္ဆီ မေရာက္ေရာက္ေအာင္ ပို႔ေပးမယ္ဟု စိတ္ဆံုးျဖတ္ထားသည္။

******

တကၠသိုလ္ရိပ္သာလမ္းက အိမ္မွာေတာ့ ဆတ္သာ ညစာလာစားျဖစ္ေနသည္။ ေနသစ္က ေျပာစရာစကား႐ွိတယ္ဆိုလို႔ ဆတ္သာ ေရာက္လာျခင္းျဖစ္သည္။

"ေရာ့..ငယ္ေလး။ ႀကီးညိဳက သံပုရာရည္ေလး ေဖ်ာ္ေပးထားတာ"

စာၾကည့္ခန္းထဲမွာထိုင္ေနတဲ့ ဆတ္သာဆီကို ​ေနသစ္ အေအးခြက္ေလး ကမ္းလိုက္သည္။

"ကိုကို ​ေျပာစရာ႐ွိတယ္ဆိုတာက.."

ဆတ္သာ အေအးတစ္ငံုေသာက္ၿပီး စကားစလိုက္သည္။

"ကိုကို႔ဘဝမွာ ငယ္ေလးက တစ္ဦးတည္းေသာ ေသြးသားရင္းခ်ားေလးမို႔ ကိုကို ငယ္ေလးအေပၚမွာ လ်ိဳ႕ဝွက္ခ်က္မထားခ်င္ဘူး ငယ္ေလး"

ေနသစ္က တည္တည္ၾကည္ၾကည္နဲ႔ စိတ္ႏွစ္ၿပီးေျပာေနတာမို႔ ဆတ္သာလည္း ဂ႐ုတစိုက္နားေထာင္လိုက္သည္။

"ကိုကိုက Gayတစ္ေယာက္ဆိုရင္ ငယ္ေလး လက္ခံေပးႏိုင္မွာလား"

ေနသစ္ရဲ႕စကားေၾကာင့္ ဆတ္သာကိုင္ထားတဲ့ အေအးခြက္က ေလထဲမွာတန္႔သြားၿပီး ေနသစ္ကို ျပဴးၾကည့္လိုက္သည္။

"ဟုတ္တယ္ ငယ္ေလး။ ကိုကိုနဲ႔ ႐ွိန္းနဲ႔ တြဲေနၾကၿပီ ငယ္ေလး"

ေနသစ္ဘဝမွာ မတုန္လႈပ္စဖူး အေတာ္ေလး တုန္လႈပ္ေနမိသည္။ ငယ္ေလးဆီက အသိအမွတ္ျပဳမႈေလးကို ရခ်င္လို႔ အခုလိုေျပာျပဖို႔ ဆံုးျဖတ္လိုက္ျခင္းသာ။

"Oh My God!really? Wow congratulationsပါ ကိုကို"

ခ်က္ခ်င္းႀကီး ေနသစ္ကိုေျပးဖက္ၿပီး ဂုဏ္ျပဳေပးေနတဲ့ ဆတ္သာေၾကာင့္ ေနသစ္ေတာင္ ေၾကာင္သြားသည္။

"ကိုကိုရယ္ ။ ကိုကို႔ရဲ႕ sexual orientation(လိင္စိတ္တိမ္းၫႊတ္မႈ) ​ေျကာင့္ ဘယ္သူ႔ကိုမွ ႐ွိန္ေနစရာမလိုဘူး ကိုကို။ Gayလည္းလူပဲ။လူကို လူလို႔ျမင္ရင္ရၿပီ ။ ၿပီးေတာ့ အခ်စ္ကအခ်စ္ပဲ။အခ်စ္က ျဖဴစင္တယ္။အဲ့တာကို သဘာဝေတြဘာေတြနဲ႔ တိုင္းတာၿပီး တစ္ဖက္ပိတ္အျမင္နဲ႔ ျငင္းေနတဲ့ လူေတြကသာ မွားေနတာ"

ဆတ္သာဆီကေန အသိအမွတ္ျပဳမႈကိုရတဲ့အျပင္ အားေပးစကားေတြပါ ရလိုက္တာေၾကာင့္ ေနသစ္ ႏွစ္ႏွစ္ကာကာ ျပံဳးလိုက္မိသည္။

"ေက်းဇူးပါ ငယ္ေလး။ ကိုကို႔ကိုနားလည္ေပးလို႔ ေက်းဇူးပါ"

"အဟမ္း.... လက္စနဲ႔ငယ္ေလးေရာ
come outလုပ္လို႔ရမလား"

ဆတ္သာစကားေၾကာင့္ ေနသစ္ မ်က္ခံုးတစ္ဖက္ပင့္တင္ၿပီး
*ေျပာၾကည့္* ဆိုသည့္ဟန္ျပလိုက္သည္။

"တကယ္ေတာ့ ငယ္ေလးလည္း Gayပဲ ကိုကို။ေျပာရရင္ေတာ့ Leasbianေပါ့။မိန္းကေလးတိုင္းကို ျကိဳက္ေနတာမ်ိဳးမဟုတ္ပဲ တစ္ေယာက္တည္းေၾကာင့္ gayသြားရတာပါ။ သူကလြဲရင္ အျခားတစ္ေယာက္ကိုလည္း ေျပာင္းခ်စ္လို႔ ရမယ္မထင္ဘူးရယ္"

အေလးအနက္ထားေျပာေနတဲ့ ဆတ္သာ လက္ကေလးကို ေနသစ္ ဖြဖြေလးဆုပ္ကိုင္ေပးၿပီး

"ကိုကိုနားလည္ပါတယ္။ ဒါနဲ႔ ဆႏၵ႐ွိရင္ေတာ့ ငယ္ေလး သေဘာက်ေနတဲ့ ေကာင္မေလးကို ကိုကို႔ကို ေျပာျပလို႔ရတယ္ေနာ္"

"ေယာ ။ ေယာစႏၵာေမာင္ပါ ကိုကို။ငယ္ေလးရဲ႕တစ္ဦးတည္းေသာ ေပါက္စေလး"

"ဟားဟား ေယာဆိုတဲ့ေပါက္စက ကိုကို႔ငယ္ေလးကို စ်ာန္ေလ်ွာေအာင္ လုပ္လိုက္ႏိုင္တယ္ေပါ့"

ေနာက္ရႊတ္ရႊတ္ေျပာလာတဲ့ ေနသစ္ကို ဆတ္သာ မ်က္ေစာင္းတစ္ခ်က္ထိုးၿပီး

"ကိုကိုလည္း အတူတူပဲေလ။ လူပ်ိဳႀကီးပဲလုပ္ေတာ့မလိုလိုနဲ႔ ႐ွိန္းထြဋ္ေခါင္ဆိုတဲ့ တ႐ုတ္ေပါက္ေလးကိုမွ ခ်စ္မိသြားတာပါလား"

"ဟားဟား ဟုတ္တယ္ေနာ္။ ကိုကိုနဲ႔ငယ္ေလးက အဲ့ေပါက္စႏွစ္ေယာက္ကိုမွ သြားၿပီးခ်စ္မိတာပဲ"

"ဟုတ္ပ ။ အဲ့ေပါက္စႏွစ္ေယာက္က စကားကလည္းမ်ားပါ့။ဂ်စ္တူးလည္း က်ေသးတယ္"

ဆတ္သာနဲ႔ေနသစ္တို႔ရဲ႕ စကားဝိုင္းေလးမွာ ေယာနဲ႔႐ွိန္း
အ​ေျကာင္းကလည္း အပါအဝင္ျဖစ္သြားေလရဲ႕။

******

"အလုပ္အခ်ိန္ႀကီးကို ဘာလို႔ေခၚလိုက္တာတုန္း"

​ေနသစ္ရဲ႕ အလုပ္စားပြဲအစြန္းမွာ ထိုင္လိုက္ရင္း ေမးခြန္းထုတ္လိုက္တဲ့႐ွိန္းကို ​ေနသစ္ေပါက္ေပၚဆြဲတင္ၿပီး အေနာက္ကေန သိုင္းဖက္ထားလိုက္သည္။႐ွိန္းခႏၶာကိုယ္ကလည္း ေသးေသးပိစိေလးမဟုတ္ေတာ့ ေနသစ္ေပါင္ေတာ့ နည္းနည္းေအာင့္သြားတာအမွန္။

"လြမ္းလို႔ေလ "

ေျပာရင္းနဲ႔ ႐ွိန္းရဲ႕ဂုတ္သားေလးေတြကို ႏွာေခါင္းနဲ႔ တ႐ႈံ႕႐ႈံ႕လုပ္ေနတဲ့ ေနသစ္ေၾကာင့္ ႐ွိန္း ၾကက္သီးေလးေတြပါ ထလာၿပီး

"အာ့...ယားတယ္ဗ်"

႐ွိန္းက ေဟာက္လိုက္တာနဲ႔ ျငိမ္က်သြားတဲ့​ ​ေနသစ္ေၾကာင့္ ႐ွိန္း ကိုယ္တစ္ျခမ္းလွည့္ၿပီး ေနသစ္ရဲ႕ေအးခ်မ္းတဲ့ မ်က္လံုးအစံုကိုစိုက္ၾကည့္ရင္း ေျပာလိုက္သည္။

"ကြၽန္ေတာ္လည္း လြမ္းတယ္။ လြမ္းတယ္ အင္တူ သရီးေသာင္ဇင္ (လြမ္းတယ္ × 3000) "

အေျပာေကာင္းေနတဲ့ ႐ွိန္းႏႈတ္ခမ္းရဲရဲေလးကို ေနသစ္ သိမ္းပိုက္လိုက္သည္။ အေပၚေအာက္ႏႈတ္ခမ္းသားေလးေတြကို တစ္လွည့္စီ ဖြဖြေလးငံုလိုက္ စုပ္လိုက္လုပ္ေနရာကေန လ်ွာဖ်ားေလးကိုပါ ဝင္ခြင့္ေတာင္းလာတဲ့ေနသစ္ေၾကာင့္ ႐ွိန္း အေယာင္ေယာင္အမွားမွားနဲ႔ ႏႈတ္ခမ္းေလး ဟေပးလိုက္မိသည္။  လ်ွာဖ်ားေလးကိုပါ ကြၽမ္းကြၽမ္းက်င္က်င္ နယ္ေျမခ်ဲ႕ထြင္လာတာေၾကာင့္ မိနစ္အနည္းငယ္ၾကာေတာ့ ႐ွိန္း အသက္႐ွဴမဝေတာ့ပဲ ေနသစ္ကိုတြန္းဖို႔ ျကိဳးစားလိုက္သည္။

အရိပ္အကဲ နားလည္သြားတဲ့ေနသစ္လည္း ႏႈတ္ခမ္းသားေလးနွစ္ခုကို ဖြဖြေလးနမ္းလိုက္ၿပီး လႊတ္ေပးလိုက္သည္။

"အဟမ္း ေတာ္ေတာ္ေလး တိုးတတ္လာတာပါလား ခြန္ေန"

"ဟားဟား ကိုယ္ကဉာဏ္ေကာင္းတယ္ေလ"

႐ွိန္းရဲ႕ႏႈတ္ခမ္းစြန္းမွာ ေပေနတဲ့ တံေထြးေလးမ်ွင္ေလးကို လက္မနဲ႔ သုတ္ဖယ္ေပးရင္း ေနသစ္ေျပာလိုက္ေတာ့ အပိုဆုအေနနဲ႔ ႐ွိန္းဆီက ဘုၾကည့္ေလး တစ္ခ်က္ရလိုက္၏။

လြန္ခဲ့တဲ့သံုးရက္ေလာက္က ေယာဆီကေန memory stickေလးတစ္ခု ရထားတာကေတာ့ ခြၽင္းခ်က္ေပါ့ေလ။

*Boss အက်ိဳး႐ွိ႐ွိအသံုးခ်ပါ *ဆိုၿပီး ေယာက စိတ္ရင္းနဲ႔ကို ေပးသြားတာ။ ေယာရဲ႕ အကြက္​ေက်ာ္ျမင္တတ္မႈႀကီးေၾကာင့္ ငယ္ေလးအစားေတာ့ မ်က္ခံုးလႈပ္မိသား။

*****

"Oops.... "

ဆတ္သာ ေနသစ္ အခန္းတံခါးကို မေခါက္ပဲ အခန္းထဲဝင္လိုက္မိတာေၾကာင့္ ခ်စ္ၾကည္ႏူးတစ္တီတူးေနတဲ့ ေနသစ္တို႔အတြဲကိုျမင္ၿပီး ေျပာစရာစကား ႐ွာမရေတာ့ပဲ အခန္းတံခါးကို အသာေလးျပန္ပိတ္ထားလိုက္သည္။

တိုက္တိုက္ဆိုင္ဆိုင္ပဲ လက္ထဲမွာ fileတြဲတစ္ခ်ိဳ႕ ကိုင္ရင္း ေရာက္ခ်လာတဲ့ေယာ။ ဆတ္သာကို တစ္ခ်က္ျပံဳးျပၿပီး အခန္းတံခါးကိုေခါက္ဖို႔ လက္ရြယ္ လိုက္တဲ့ ေယာလက္ကို အခ်ိန္ကိုက္ဖမ္းဆြဲလိုက္တာေျကာင့္ ဆတ္သာကို ေယာ ျပဴးတူးျပဲတဲနဲ႔ ျကည့္လိုက္၏။

"အထဲကိုမသြားနဲ႔ဦး"

"ဘာလို႔လဲ Head"

ဆတ္သာက တိုးတိုးေလးေျပာတာေၾကာင့္ ေယာလည္း တိုးတိုးေလး ျပန္ေမးလိုက္သည္။မသိရင္ ႏွစ္ေယာက္သားပံုက လူႀကီးေတြမသိေအာင္ ခ်ိန္းေတြ႔ေနရတဲ့ သမီးရည္းစားပံုနဲ႔။

"အထဲမွာ ကေလးေတြ မျမင္သင့္တာေတြ႐ွိတယ္"

သိပ္မၾကာခင္ကပဲ Bossက ႐ွိန္းကိုေခၚတယ္။အခုအခန္းထဲမွာ.... .......
ေယာနားလည္သြားၿပီး အသံတိတ္ေအာ္လိုက္မိသည္။

"အား....အိုေခ အိုေခ "

ပါးစပ္ကသာ အိုေခအိုေခေျပာၿပီး တံခါးလက္ကိုင္ဘုကို ဖြဖြေလးဖြင့္ၿပီး ေခ်ာင္းဖို႔ျပင္ေနတဲ့ ​ေယာေပါက္စကို ဂုတ္ကေနဆြဲျပီး ပထုတ္လာရတဲ့ ဆတ္သာ ဘဝကလည္းလြယ္ကူမေန။

ဆတ္သာရဲ႕ ရံုးခန္းထဲေရာက္တဲ့အထိ ေယာရဲ႕ ဝမ္းသာပီတိဂြမ္းဆီထိေနတဲ့ မ်က္ႏွာထားက ေလ်ာ့မသြားေသး။ မိန္႔မိန္႔ႀကီးျပံဳးေနတာ။

"ကဲ... အဲ့စာရင္းေတြ ကိုယ့္ကိုေပးခဲ့"

ေယာေပ်ာ္ေနတာန ဲ႔ေသခ်ာမစံုစမ္းရေသးတဲ့ကိစၥကို ဆတ္သာထံ ​ေမးလိုက္သည္။

"ဟိုေလ... Head သိေနတာလား"

"အင္း...သိတယ္"

"ေယာက ဘာကိုေမးရေသးလို႔ Headက သိတယ္ေျဖတာလဲဟင္"

သိခ်င္တာကို ရဲရဲဝံ႔ဝံ႔မေမးပဲ ေဝ့လည္ေၾကာင္ပတ္လုပ္ေနတဲ့ ေယာကို ဆတ္သာလက္ပိုင္ၾကည့္ရင္း ေယာမ်က္ႏွာနဲ႔ အနီးဆံုးထိတိုးသြားၿပီး

"မင္းက ဘာကိုသိေစခ်င္တာလဲ "

အေညႇာင့္အသြားမလြတ္ ေမးလာတဲ့ဆတ္သာရဲ႕ အတည္ေပါက္မ်က္ႏွာေပးေၾကာင့္ ေယာ ေယာင္ယမ္းၿပီး ေနာက္ကိုဆုတ္လိုက္မိသြား၏။

"ဟို..အဲ့တာက.."

တကယ္အက်ပ္ရိုက္ေနတဲ့ ေယာရဲ႕ ခ်စ္စဖြယ္မ်က္ႏွာေလးေၾကာင့္ ဆတ္သာထပ္မစေတာ့ပဲ

"ကိုယ္သိတယ္။ ကိုကိုနဲ႔ ႐ွိန္းနဲ႔ တြဲေနတာကို။ ကိုကို ကိုယ္တိုင္ ေျပာျပထားလို႔"

"ေျသာ္...."

ေယာေခါင္းေလးၿငိမ့္ရင္း အေျဖျပန္ေပးလိုက္ၿပီး
လက္ထဲကဖိုင္ေလးကို ဆတ္သာဆီ လႊဲေပးလိုက္သည္။

"ဒါဆို ေယာကိုခြင့္ျပဳပါဦး"

"အာ..ခန မနက္ျဖန္တေန႔လံုး ေယာရဲ႕အခ်ိန္ေတြ ကိုယ့္ကို ခနငွါးေပးလို႔ရမလား"

အဆက္အစပ္မ႐ွိတဲ့ ဆတ္သာစကားေၾကာင့္ ​ေယာပါးစပ္အေဟာင္းသား ျဖစ္သြားတဲ့ပံုေလးကို ဆတ္သာ အူယားသြားတာအမွန္။

"ဒီလိုကြာ...ကိုကိုက ပြဲတစ္ခုကို တတ္ေပးဖို႔ ေျပာထားလို႔။ အဲ့တာ partnerအေနနဲ႔ ​ေခၚသြားခ်င္လို႔။ေယာ အဆင္ေျပမလား"

ေယာလို သာမာန္ accountantေကာင္မေလးကို ဘာ့ေၾကာင့္ partnerအေနနဲ႔ ေခၚတာလဲဆိုတာကို ​ေယာ ေမးခြန္းထုတ္ခ်င္ေပမယ့္ မျဖစ္မေန သိရမဲ့ကိစၥလည္း မဟုတ္သလို ဆတ္သာကလည္း လိုလိုလားလား အကူအညီေတာင္းလာတာမို႔ ေယာလက္ခံလိုက္သည္။

"ဟုတ္။ ရပါတယ္Head"

ဆတ္သာ ႏွစ္ႏွစ္ကာကာျပံဳးလိုက္ရင္း

"Ok အဲ့တာဆိုရင္ မနက္ျဖန္က်ရင္ ရံုးကိုမလာနဲ႔။  ကိုယ္အိမ္ကို လာေခၚမယ္"

ေခါင္းတစ္ခ်က္ၿငိမ့္ျပရင္း အခန္းအျပင္ ျပန္ထြက္သြားတဲ့ ​ေယာကိုၾကည့္ၿပီး ဆတ္သာရဲ႕အျပံဳးေတြက ဖံုးဖိမရခဲ့။

******

"ဟယ္..ဆတ္ေလး ဘယ္လိုလုပ္ၿပီး အေစာႀကီးေရာက္ခ်လာတာတုန္း သမီးရဲ႕"

ဟုတ္ပါတယ္။ဆတ္သာတစ္ေယာက္ ေယာအိမ္ကို မနက္ခုႏွစ္နာရီေလာက္ႀကီး ေရာက္ခ်လာတာေၾကာင့္ ေယာေမေမ ေမးလိုက္မိျခင္းသာ။

"ဟုတ္တယ္ အန္တီ။ဆတ္ေလ ဒီေန႔ ေယာကိုလာေခၚမယ္ ေျပာထားတာ။ အဲ့တာ နည္းနည္းေလး ေစာသြားတာနဲ႔.."

"အိုကြယ္...လာလာအိမ္ထဲဝင္။ေယာက အိပ္ေနတုန္း။ အန္တီသြားႏိႈးေပးမယ္"

"အာ...ဆတ္ သြားႏိႈးလို႔ရမလား"

မ်က္စိေ႐ွ႕ေရာက္လာတဲ့ အခြင့္အေရးကို ဆတ္သာ လက္လြတ္မခံႏိုင္ပါ။

ေယာေမေမဆီက ခြင့္ျပဳခ်က္ကိုယူျပီးခ်က္ခ်င္းပဲ ေယာအခန္းထဲကို ဆတ္သာအလင္းလိုအလ်င္နဲ႔ ဝင္သြားလိုက္သည္။

"အိုင္းယား....အိပ္ေနတာကလည္း ဆိုးလိုက္တာ"

တကယ္ႀကီးဆိုးတာပါ။သူ႔ေလာက္႐ွိတဲ့ ဝက္ဝံ႐ုပ္ႀကီးကို ခြထားတာကလည္း စဥ့္အိုးမွာ ဖားျပဳတ္ကပ္ေနတဲ့အတိုင္းပဲ။ေမာင္းမကန္မွာ အိပ္တုန္းကေတာ့ ဒီေလာက္ အေျခအေနမဆိုးပါဘူး။ ေဟာက္သံ ပိစိေလာက္ပဲထြက္တာ။အခုေတာ့ သြားရည္ပါက်ေနတာ။ ဒါေပမယ့္လည္း ခ်စ္ေသာမ်က္စိနဲ႔ ျကည့္ေနတာမို႔ ေယာေပါက္စက ဆတ္သာမ်က္လံုးထဲမွာေတာ့ တစ္အား ခ်စ္ဖို႔ေကာင္းေနသည္။

"ခြိခြိ"

ဆတ္သာ မခ်ဳပ္တည္းႏိုင္ေတာ့ပဲ ခါးေထာက္ၾကည့္ရင္း ရယ္လိုက္ၿပီး ႏိႈးဖို႔ၾကံစည္လိုက္သည္။

"ဟိတ္...ေယာ ထေတာ့"

တုတ္တုတ္ေတာင္မလႈပ္ေတာ့ ဆတ္သာဖုန္းထဲက အခုတေလာေခတ္စားေနတဲ့ မီးပန္းဇူဇူးဇူ ေျမာင္ေျမာင္းေျမာင္ သီခ်င္းကို ​ေယာနား အနားသြားကပ္ဖြင့္ေပးလိုက္ေတာ့မွ ေယာခမ်ာ အိပ္မက္ဆိုးကေန ႏိုးလာသလို ငုပ္တုပ္ထိုင္လိုက္ၿပီး မ်က္လံုးကမဖြင့္ေသးပဲ

"ခ်ီး.....ငါ့နားထဲမွာ အဲ့သီခ်င္းက အဲ့ေလာက္စြဲေနတာလား။F**k"

ေစာေစာစီးစီး က်ိန္ဆဲလိုက္တာေၾကာင့္ ဆတ္သာခမ်ာ ရယ္ရခက္ငိုရခက္ပင္ ျဖစ္သြားေတာ့၏။

"အဟမ္း"

ဆတ္သာရဲ႕ ေခ်ာင္းဟန္႔သံၾကားေတာ့မွ မပြင့္ေသးတဲ့မ်က္လံုးကို ျပဴးျပဲဖြင့္ၿပီး ေယာေနာက္တစ္ခါ က်ိန္ဆဲလိုက္ျပန္သည္။

"F**k"

ေစာေစာစီးစီး လူလိမၼာေလးလုပ္ေနတဲ့ ေယာကို ဆတ္သာ မ်က္ေမွာင္ကုတ္ၾကည့္ရင္း

"ကိုယ္ မင္းကိုလာေခၚတာေလ။ ထေတာ့။ကိုယ္ ဧည့္ခန္းထဲမွာေစာင့္ေနမယ္"

"ခ ခ (kha kha)"

အိပ္ခ်င္းမူးတူးနဲ႔ ထိုင္းဘာသာစကားေတြနဲ႔ပါ ျပန္ေျဖေနတဲ့ေယာကို ဆတ္သာ ျပံဳးစစၾကည့္ၿပီး ဧည့္ခန္းထဲ ထြက္သြားလိုက္သည္။

"ဆတ္ေရ...ေယာက ၾကာဦးမွာ။ သမီးေလးဗိုက္ဆာေနမွာပဲ။လာလာ အန္တီ မနက္စာျပင္ေပးမယ္"

"အာ...မဟုတ္တာ အန္တီရယ္။ ဆတ္ မဆာေသးပါဘူး"

"ဘယ္ကသာ ဆာေနမွာေပါ့။ လာပါ"

ေယာေမေမက ေစတနာပါပါနဲ႔ ေခၚေနတာမို႔ ဆတ္သာ ဆက္မျငင္းေတာ့ပဲ ေယာေမေမေခၚရာ ထမင္းစားခန္းထဲကို လိုက္သြားလိုက္သည္။

"သမီး စားေနာ္။ အန္တီ ကိုယ္တိုင္ေၾကာ္ထားတာ"

အေငြ႔တေထာင္းေထာင္းထေနတဲ့ ထမင္းေၾကာ္ပန္းကန္ေလးကို ဆတ္သာေ႐ွ႕ခ်ေပးရင္း အရံဟင္းေတြပါ ခ်ေပးေနတဲ့ ေယာေမေမ။

"အာ...ဟုတ္"

ထမင္းေၾကာ္ပန္းကန္ေလးကိုၾကည့္ရင္း ဆတ္သာခမ်ာ ဟုတ္တစ္လံုးသာ ေျပာႏိုင္ေတာ့သည္။ စိတ္ထဲမွာလည္း ေယာေျပာတာ တကယ္မွန္တာပဲဆိုတာ ေတြးမိလိုက္၏။ ေယာေမေမရဲ႕ ထမင္းေၾကာ္မမည္တဲ့ ပဲျပဳတ္ေၾကာ္ထဲဟာ
အေငြ႔တေထာင္းေထာင္းပါပဲေလ။

အိပ္ခန္းထဲကထြက္လာတဲ့ ေယာလည္း ထမင္းေၾကာ္ပန္းကန္ေ႐ွ႕က ဆတ္သာကို ျကည့္ၿပီး ျပံဳးစိစိလုပ္ရင္း ေရခ်ိဳးခန္းထဲ ဝင္သြားေတာ့သည္။

~~~♥~~~

The author has something to say:

update ျကာသြားတယ္ဟုတ္(~_^)

ေသြ႔ပုခ်ိ ေသြ႔ပုခ်ိ v_v

က်န္းမာေရးဂ႐ုစိုက္ၾကေနာ္ Luv u all

Unicode

"အဟမ်း... အဟမ်း"

တဟမ်းဟမ်း လုပ်နေတဲ့ ယောကိုရှိန်း နားမလည်သလို ကြည့်နေသည်။

"အမယ်...အင်နိုးဆန့် (innocent)ရုပ်လေးနဲ့ ကြည့်မနေနဲ့။ မှန်မှန်လိမ်စမ်း နင်နဲ့Bossနဲ့ ဟိဟိ"

"ဟိဟိ ကဘာလဲ"

ယောကတော့ မျက်နှာပိုးမသတ်နိုင်ပဲ ပြုံးစိစိလုပ်ရင်း

"ဟိဟိက ဟိဟိပဲပေါ့"

ယော ဘာကိုဆိုလိုချင်တာမှန်း ရှိန်း သဘောပေါက်သွားပြီး ယောကို မျက်နှာငယ်လေးနဲ့ ကြည့်လိုက်၏။ရှိန်းရဲ့ သနားစရာကောင်းလှသော မျက်နှာဘေးလေးက
secret life of petကာတွန်းထဲကယုန်လေး snow ballရုပ်ကလေးနဲ့ပင် တူနေတာကြောင့် ယောခမျာ မဟိဟိနိုင်တော့ပေ။

"ဟဲ့ အဲ့နေ့ညက နင်နဲ့Bossနဲ့ဘာမှ မဘာဘူး လို့တော့မပြောနဲ့နော် "

"အမှန်ပဲဟ။ ဂါး.. အဲ့ဘိုးတော်ကြီးက ဝါတော်ခြောက်ဆယ်ရပြီး တောထွက်တော့မှာ"

လွန်ခဲ့သောနှစ်ရက် က မောင်းမကန်ကမ်းခြေ~~

ဘန်ဂလိုကိုပြန်ရောက်လာတဲ့ နေသစ်နဲ့ရှိန်းကတော့ အသီးသီးရေမိုးချိုးပြီး ပြောစရာစကား ပျောက်ဆုံးနေသည်။

ရှိန်းကတော့ နေသစ်ဘာများ ပြောမလဲစောင့်နေတာဖြစ်ပြီး နေသစ်ကတော့ ဘာစပြောရမလဲ စဉ်းစားနေတာဖြစ်တယ်။

"အဟမ်း အိပ်တော့လေ ရှိန်း"

သြော်....ဆယ့်ငါးမိနစ်လောက် တိတ်ဆိတ်နေရာကနေ ထ
ပြောတဲ့စကားက အိပ်တော့တဲ့လား။ ရှိန်းခမျာ အင်တင်တင်တောင် ဖြစ်သွား၏။

"ဘိုးတော်...ခင်ဗျားကြီး တစ်ခုခုလုပ်ဖို့
အစီအစဉ်မရှိဘူးလား"

ရှိန်းတစ်ယောက် နေသစ်ကုတင်ပေါ်တတ်သွားပြီး စိတ်ပေါက်ပေါက်နဲ့ မေးလိုက်သည်။

"အဟမ်း... လူကြီးကို ရိုရိုသေသေပြောစမ်း ရှိန်း"

"ဘယ်လိုပြောရမှာလဲ ရိုရိုသေသေက။ ကိုကိုကြီး ခွန်နေသစ်လား"

ရှိန်းအသံကို ပျော့ပြောင်းအောင်လုပ်ရင်း ရွဲ့မေးလိုက်တော့ နေသစ်က ဟက်ခနဲတစ်ချက်ရယ်ရင်း ရှိန်းကိုယ်လေးကို ခါးကနေဆွဲပွေ့လိုက်သည်။ ရှိန်းအရပ် ကလန့်ကလားကြောင့် ကလေးတွေလို ပေါင်ပေါ်ဆွဲတင်ဖို့တော့ မဖြစ်နိုင်။

"ဘာတဲ့။ ကမ်းခြေမှာ ပြောတာတော့ ခွန်နေဆိုလားပဲ ။ ခေါ်ကြည့်ပါဦး"

နေသစ်ရဲ့ပြီတီတီအပြုံးကြောင့် ရှိန်း လက်ခလယ်ထောင်ပြလိုက်ပြီး

"ခွန်နေ လို့ခေါ်ရင်ဘာပေးမှာလဲ"

"ရှိန်းက ဘာပေးစေချင်တာလဲ"

နေသစ်ရဲ့ အပ်ရှရှအသံကြောင့် ရှိန်းတစ်ယောက် ကြက်သီးမွှေးညှင်းတွေတောင် ထသြား၏။

ပြန်ဖြေဖို့စဉ်းစားနေတုန်း နေသစ်ရဲ့နှုတ်ခမ်းသားက ရှိန်းရဲ့နှုတ်ခမ်းသားနုနုကို လာမိတ်ဆက်လေသည်။

နမ်းနေခြင်းမျိုးမဟုတ်ပဲ နှုတ်ခမ်းကို တတိတိကိုက်နေခြင်းကြောင့် နေသစ်ကို ရှိန်းမျက်ဖြူလှန်ကြည့်ပြီး နေသစ်အောက်နှုတ်ခမ်းသားကို အားနဲ့ပြန်ကိုက်ချလိုက်သည်။

"အား..ဘာလို့ကိုချတာလဲ ရှိန်းရ"

"သူခိုးက လူပြန်ဟစ်နေတယ်။ ခွန်နေ အရင်ကိုက်တာလေ။ မနမ်းဖူးဘူးလား"

ရှိန်းစကားက ရာနှုန်းပြည့်မှန်တာကြောင့် နေသစ်ခမျာ အရှိုက်ထိသွားပြီး မျက်နှာလေးတောင် ညှိုးကျသွား၏။ရှိန်းလည်း သတိထားမိပြီး ချောင်းအသာဟန့်ရင်း

"ကျွန်တော်လည်း ပထမအကြိမ်ပါပဲ။ ဒါပေမယ့် ခွန်နေ လိုတော့ မကိုက်ဘူးလေဗျာ"

ရှိန်းအတွက်လည်း ပထမဆုံးအကြိမ်ဆိုတာကို သိပြီးမှပဲ နေသစ်ပြုံးဖြီးပြီး ရှိန်းကို အိပ်ရာပေါ်ဆွဲလဲဲပြီး ဖက်ထားလိုက်သည်။

"အိပ်တော့နော်။ နောက်တစ်ခါကျရင် မကိုက်တော့ဘူး။ ကိုယ်လေ့လာထားလိုက်မယ်။ ဟုတ်ပြီလား"

နေသစ်လက်မောင်းကြားကနေ ရှိန်းဘုကြည့်လှမ်းကြည့်ပြီး

"လေ့လာရအောင် ဘယ်လိုလေ့လာမှာလဲ။လက်တွေ့ကွင်းဆင်းလေ့လာချင်တာလား ခင်ဗျားကြီးက"

ရှိန်းရဲ့ပေါက်ပေါက်ရှာရှာအတွေးကြောင့် နေသစ် အသဲတယားပြုံးလိုက်ပြီး ရှိန်းဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း ဖြေလိုက်သည်။

"စာတွေ့လေ့လာမယ်ကွာ။ ပြီးရင်တော့ ကွင်းဆင်းလေ့လာဖို့ ရှိန်းထွဋ်ခေါင်ဆိုတဲ့ လူသားလေး တစ်ယောက်လုံးရှိတာပဲ"

ရှိန်းပြုံးလိုက်ပြီး နေသစ်ရင်ခွင်နားကို ပိုကပ်သွားလိုက်သည်။

"ချစ်တယ် ခွန်နေ"

"ကိုယ်ရောပဲ။ ချစ်တယ် ရှိန်း"

"Goodnight ခွန်နေ"

"ဟုတ်ပြီ ။ အိပ်မက်ချိုချိုလေးမက်ပါစေ ကလေးငယ်"

လရောင်ဖြာကျနေတဲ့ ဘန်ဂလိုလေးထဲမှာ ရှိန်းရဲ့ဆံသားလေးတွေကို ဖွဖွလေးပွတ်သပ်ပေးရင်း နေသစ်လည်း အိပ်စက်ခြင်းဆီသို့။~~

"အဲ့တာပဲ။ ဘာမှမ​ဖြစ်ဘူး။ ဒါပေမယ့် ငါ့ခွန်နေက ငါ့ကိုတအားချစ်တာ"

သဲသဲကဲကဲလာလုပ်ပြနေတဲ့ ရှိန်းကို ယော မျက်ဖြူလှန်ကြည့်လိုက်သည်။

"နင့် လူကြီးကို ငါ့ဖုန်းထဲက တချို့တလေကို ကူးပေးမှဖြစ်တော့မယ်"

ယော ကူးပေးမယ်ဆိုတာ ဘာတွေမှန်းရှိန်းသိတာမို့ ရှိန်းဆံပင်တောင် ထောင်ချင်သွားပြီး

"ယောရယ် ငါ့ကိုအချွန်နဲ့မ မစမ်းပါနဲ့"

"Ok Ok "

ယောကတော့ Okဟုသာ အဖြေပြန်ပေးသော်လည်း ဖုန်းကနေ ကူးပေးလို့မရရင် memory stickနဲ့ကို ခွန်နေသစ်ဆီ မရောက်ရောက်အောင် ပို့ပေးမယ်ဟု စိတ်ဆုံးဖြတ်ထားသည်။

******

တက္ကသိုလ်ရိပ်သာလမ်းက အိမ်မှာတော့ ဆတ်သာ ညစာလာစားဖြစ်နေသည်။ နေသစ်က ပြောစရာစကားရှိတယ်ဆိုလို့ ဆတ်သာ ရောက်လာခြင်းဖြစ်သည်။

"ရော့..ငယ်လေး။ ကြီးညိုက သံပုရာရည်လေး ဖျော်ပေးထားတာ"

စာကြည့်ခန်းထဲမှာထိုင်နေတဲ့ ဆတ်သာဆီကို နေသစ် အအေးခွက်လေး ကမ်းလိုက်သည်။

"ကိုကို ပြောစရာရှိတယ်ဆိုတာက.."

ဆတ်သာ အအေးတစ်ငုံသောက်ပြီး စကားစလိုက်သည်။

"ကိုကို့ဘဝမှာ ငယ်လေးက တစ်ဦးတည်းသော သွေးသားရင်းချားလေးမို့ ကိုကို ငယ်လေးအပေါ်မှာ လျို့ဝှက်ချက်မထားချင်ဘူး ငယ်လေး"

နေသစ်က တည်တည်ကြည်ကြည်နဲ့ စိတ်နှစ်ပြီးပြောနေတာမို့ ဆတ်သာလည်း ဂရုတစိုက်နားထောင်လိုက်သည်။

"ကိုကိုက Gayတစ်ယောက်ဆိုရင် ငယ်လေး လက်ခံပေးနိုင်မှာလား"

နေသစ်ရဲ့စကားကြောင့် ဆတ်သာကိုင်ထားတဲ့ အအေးခွက်လေး လေထဲမှာတန့်သွားပြီး နေသစ်ကို ပြူးကြည့်လိုက်သည်။

"ဟုတ်တယ် ငယ်လေး။ ကိုကိုနဲ့ ရှိန်းနဲ့ တွဲနေကြပြီ ငယ်လေး"

နေသစ်ဘဝမှာ မတုန်လှုပ်စဖူး အတော်လေး တုန်လှုပ်နေမိသည်။ ငယ်လေးဆီက အသိအမှတ်ပြုမှုလေးကို ရချင်လို့ အခုလိုပြောပြဖို့ ဆုံးဖြတ်လိုက်ခြင်းသာ။

"Oh My God!really? Wow congratulationsပါ ကိုကို"

ချက်ချင်းကြီး နေသစ်ကိုပြေးဖက်ပြီး ဂုဏ်ပြုပေးနေတဲ့ ဆတ်သာကြောင့် နေသစ်တောင် ကြောင်သွားသည်။

"ကိုကိုရယ် ။ ကိုကို့ရဲ့
sexual orientation (လိင်စိတ်တိမ်းညွှတ်မှု)ကြောင့် ဘယ်သူ့ကိုမှ ရှိန်နေစရာမလိုဘူး ကိုကို။ Gayလည်းလူပဲ။လူကို လူလို့မြင်ရင်ရပြီ ။ ပြီးတော့ အချစ်ကအချစ်ပဲ။အချစ်က ဖြူစင်တယ်။အဲ့တာကို သဘာဝတွေဘာတွေနဲ့ တိုင်းတာပြီး တစ်ဖက်ပိတ်အမြင်နဲ့ ငြင်းနေတဲ့ လူတွေကသာ မှားနေတာ"

ဆတ်သာဆီကနေ အသိအမှတ်ပြုမှုကိုရတဲ့အပြင် အားပေးစကားတွေပါ ရလိုက်တာကြောင့် နေသစ် နှစ်နှစ်ကာကာ ပြုံးလိုက်မိသည်။

"ကျေးဇူးပါ ငယ်လေး။ ကိုကို့ကိုနားလည်ပေးလို့ ကျေးဇူးပါ"

"အဟမ်း.... လက်စနဲ့ငယ်လေးရော
come outလုပ်လို့ရမလား"

ဆတ်သာစကားကြောင့် နေသစ် မျက်ခုံးတစ်ဖက်ပင့်တင်ပြီး
*ပြောကြည့်* ဆိုသည့်ဟန်ပြလိုက်သည်။

"တကယ်တော့ ငယ်လေးလည်း Gayပဲ ကိုကို။ပြောရရင်တော့ Leasbianပေါ့။မိန်းကလေးတိုင်းကို ကြိုက်နေတာမျိုးမဟုတ်ပဲ တစ်ယောက်တည်းကြောင့် gayသွားရတာပါ။ သူကလွဲရင် အခြားတစ်ယောက်ကိုလည်း ပြောင်းချစ်လို့ ရမယ်မထင်ဘူးရယ်"

အလေးအနက်ထားပြောနေတဲ့ ဆတ်သာ လက်ကလေးကို နေသစ် ဖွဖွလေးဆုပ်ကိုင်ပေးပြီး

"ကိုကိုနားလည်ပါတယ်။ ဒါနဲ့ ဆန္ဒရှိရင်တော့ ငယ်လေး သဘောကျနေတဲ့ ကောင်မလေးကို ကိုကို့ကို ပြောပြလို့ရတယ်နော်"

"ယော ။ ယောစန္ဒာမောင်ပါ ကိုကို။ငယ်လေးရဲ့တစ်ဦးတည်းသော ပေါက်စလေး"

"ဟားဟား ယောဆိုတဲ့ပေါက်စက ကိုကို့ငယ်လေးကို ဈာန်လျှောအောင် လုပ်လိုက်နိုင်တယ်ပေါ့"

နောက်ရွှတ်ရွှတ်ပြောလာတဲ့ နေသစ်ကို ဆတ်သာ မျက်စောင်းတစ်ချက်ထိုးပြီး

"ကိုကိုလည်း အတူတူပဲလေ။ လူပျိုကြီးပဲလုပ်တော့မလိုလိုနဲ့ ရှိန်းထွဋ်ခေါင်ဆိုတဲ့ တရုတ်ပေါက်လေးကိုမှ ချစ်မိသွားတာပါလား"

"ဟားဟား ဟုတ်တယ်နော်။ ကိုကိုနဲ့ငယ်လေးက အဲ့ပေါက်စနှစ်ယောက်ကိုမှ သွားပြီးချစ်မိတာပဲ"

"ဟုတ္ပ ။ အဲ့ပေါက်စနှစ်ယောက်က စကားကလည်းများပါ့။ဂျစ်တူးလည်း ကျသေးတယ်"

ဆတ်သာနဲ့နေသစ်တို့ရဲ့ စကားဝိုင်းလေးမှာ ယောနဲ့ရှိန်း
အကြောင်းကလည်း အပါအဝင်ဖြစ်သွားလေရဲ့။

******

"အလုပ်အချိန်ကြီးကို ဘာလို့ခေါ်လိုက်တာတုန်း"

နေသစ်ရဲ့ အလုပ်စားပွဲအစွန်းမှာ ထိုင်လိုက်ရင်း မေးခွန်းထုတ်လိုက်တဲ့ရှိန်းကို နေသစ်ပေါက်ပေါ်ဆွဲတင်ပြီး အနောက်ကနေ သိုင်းဖက်ထားလိုက်သည်။ရှိန်းခန္ဓာကိုယ်ကလည်း သေးသေးပိစိလေးမဟုတ်တော့ နေသစ်ပေါင်တော့ နည်းနည်းအောင့်သွားတာအမှန်။

"လွမ်းလို့လေ "

ပြောရင်းနဲ့ ရှိန်းရဲ့ဂုတ်သားလေးတွေကို နှာခေါင်းနဲ့ တရှုံ့ရှုံ့လုပ်နေတဲ့ နေသစ်ကြောင့် ရှိန်း ကြက်သီးလေးတွေပါ ထလာပြီး

"အာ့...ယားတယ်ဗျ"

ရှိန်းက ဟောက်လိုက်တာနဲ့ ငြိမ်ကျသွားတဲ့ နေသစ်ကြောင့် ရှိန်း ကိုယ်တစ်ခြမ်းလှည့်ပြီး နေသစ်ရဲ့အေးချမ်းတဲ့ မျက်လုံးအစုံကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။

"ကျွန်တော်လည်း လွမ်းတယ်။ လွမ်းတယ် အင်တူ သရီးသောင်ဇင် (လွမ်းတယ်  3000) "

အပြောကောင်းနေတဲ့ ရှိန်းနှုတ်ခမ်းရဲရဲလေးကို နေသစ် သိမ်းပိုက်လိုက်သည်။ အပေါ်အောက်နှုတ်ခမ်းသားလေးတွေကို တစ်လှည့်စီ ဖွဖွလေးငုံလိုက် စုပ်လိုက်လုပ်နေရာကနေ လျှာဖျားလေးကိုပါ ဝင်ခွင့်တောင်းလာတဲ့နေသစ်ကြောင့် ရှိန်း အယောင်ယောင်အမှားမှားနဲ့ နှုတ်ခမ်းလေး ဟပေးလိုက်မိသည်။ လျှာဖျားလေးကိုပါ ကျွမ်းကျွမ်းကျင်ကျင် နယ်မြေချဲ့ထွင်လာတာကြောင့် မိနစ်အနည်းငယ်ကြာတော့ ရှိန်း အသက်ရှူမဝတော့ပဲ နေသစ်ကိုတွန်းဖို့ ကြိုးစားလိုက်သည်။

အရိပ်အကဲ နားလည်သွားတဲ့နေသစ်လည်း နှုတ်ခမ်းသားလေးနှစ်ခုကို ဖွဖွလေးနမ်းလိုက်ပြီး လွှတ်ပေးလိုက်သည်။

"အဟမ်း တော်တော်လေး တိုးတတ်လာတာပါလား ခွန်နေ"

"ဟားဟား ကိုယ်ကဉာဏ်ကောင်းတယ်လေ"

ရှိန်းရဲ့နှုတ်ခမ်းစွန်းမှာ ပေနေတဲ့ တံထွေးလေးမျှင်လေးကို လက်မနဲ့ သုတ်ဖယ်ပေးရင်း နေသစ်ပြောလိုက်တော့ အပိုဆုအနေနဲ့ ရှိန်းဆီက ဘုကြည့်လေး တစ်ချက်ရလိုက်၏။

လွန်ခဲ့တဲ့သုံးရက်လောက်က ယောဆီကနေ memory stickလေးတစ်ခု ရထားတာကတော့ ချွင်းချက်ပေါ့လေ။

*Boss အကျိုးရှိရှိအသုံးချပါ *ဆိုပြီး ယောက စိတ်ရင်းနဲ့ကို ပေးသွားတာ။ ယောရဲ့ အကွက်ကျော်မြင်တတ်မှုကြီးကြောင့် ငယ်လေးအစားတော့ မျက်ခုံးလှုပ်မိသား။

*****

"Oops.... "

ဆတ်သာ နေသစ် အခန်းတံခါးကို မခေါက်ပဲ အခန်းထဲဝင်လိုက်မိတာကြောင့် ချစ်ကြည်နူးတစ်တီတူးနေတဲ့ နေသစ်တို့အတွဲကိုမြင်ပြီး ပြောစရာစကား ရှာမရတော့ပဲ အခန်းတံခါးကို အသာလေးပြန်ပိတ်ထားလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ လက်ထဲမှာ fileတွဲတစ်ချို့ ကိုင်ရင်း ရောက်ချလာတဲ့ယော။ ဆတ်သာကို တစ်ချက်ပြုံးပြပြီး အခန်းတံခါးကိုခေါက်ဖို့ လက်ရွယ် လိုက်တဲ့ ယောလက်ကို အချိန်ကိုက်ဖမ်းဆွဲလိုက်တာကြောင့် ဆတ်သာကို ယော ပြူးတူးပြဲတဲနဲ့ ကြည့်လိုက်၏။

"အထဲကိုမသွားနဲ့ဦး"

"ဘာလို့လဲ Head"

ဆတ်သာက တိုးတိုးလေးပြောတာကြောင့် ယောလည်း တိုးတိုးလေး ပြန်မေးလိုက်သည်။မသိရင် နှစ်ယောက်သားပုံက လူကြီးတွေမသိအောင် ချိန်းတွေ့နေရတဲ့ သမီးရည်းစားပုံနဲ့။

"အထဲမှာ ကလေးတွေ မမြင်သင့်တာတွေရှိတယ်"

သိပ်မကြာခင်ကပဲ Bossက ရှိန်းကိုခေါ်တယ်။အခုအခန်းထဲမှာ.... .......
ယောနားလည်သွားပြီး အသံတိတ်အော်လိုက်မိသည်။

"အား....အိုခေ အိုခေ "

ပါးစပ်ကသာ အိုခေအိုခေပြောပြီး တံခါးလက်ကိုင်ဘုကို ဖွဖွလေးဖွင့်ပြီး ချောင်းဖို့ပြင်နေတဲ့ ယောပေါက်စကို ဂုတ်ကနေဆွဲပြီး ပထုတ်လာရတဲ့ ဆတ်သာ ဘဝကလည်းလွယ်ကူမနေ။

ဆတ်သာရဲ့ ရုံးခန်းထဲရောက်တဲ့အထိ ယောရဲ့ ဝမ်းသာပီတိဂွမ်းဆီထိနေတဲ့ မျက်နှာထားက လျော့မသွားသေး။ မိန့်မိန့်ကြီးပြုံးနေတာ။

"ကဲ... အဲ့စာရင်းတွေ ကိုယ့်ကိုပေးခဲ့"

ယောပျော်နေတာနဲ့ သေချာမစုံစမ်းရသေးတဲ့ကိစ္စကို ဆတ်သာထံ မေးလိုက်သည်။

"ဟိုလေ... Head သိနေတာလား"

"အင်း...သိတယ်"

"ယောက ဘာကိုမေးရသေးလို့ Headက သိတယ်ဖြေတာလဲဟင်"

သိချင်တာကို ရဲရဲဝံ့ဝံ့မမေးပဲ ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ ယောကို ဆတ်သာလက်ပိုင်ကြည့်ရင်း ယောမျက်နှာနဲ့ အနီးဆုံးထိတိုးသွားပြီး

"မင်းက ဘာကိုသိစေချင်တာလဲ "

အညှောင့်အသွားမလွတ် မေးလာတဲ့ဆတ်သာရဲ့ အတည်ပေါက်မျက်နှာပေးကြောင့် ယော ယောင်ယမ်းပြီး နောက်ကိုဆုတ်လိုက်မိသွား၏။

"ဟို..အဲ့တာက.."

တကယ်အကျပ်ရိုက်နေတဲ့ ယောရဲ့ ချစ်စဖွယ်မျက်နှာလေးကြောင့် ဆတ်သာထပ်မစတော့ပဲ

"ကိုယ်သိတယ်။ ကိုကိုနဲ့ ရှိန်းနဲ့ တွဲနေတာကို။ ကိုကို ကိုယ်တိုင် ပြောပြထားလို့"

"သြော်...."

ယောခေါင်းလေးငြိမ့်ရင်း အဖြေပြန်ပေးလိုက်ပြီး
လက်ထဲကဖိုင်လေးကို ဆတ်သာဆီ လွှဲပေးလိုက်သည်။

"ဒါဆို ယောကိုခွင့်ပြုပါဦး"

"အာ..ခန မနက်ဖြန်တနေ့လုံး ယောရဲ့အချိန်တွေ ကိုယ့်ကို ခနငှါးပေးလို့ရမလား"

အဆက်အစပ်မရှိတဲ့ ဆတ်သာစကားကြောင့် ယောပါးစပ်အဟောင်းသား ဖြစ်သွားတဲ့ပုံလေးကို ဆတ်သာ အူယားသွားတာအမှန်။

"ဒီလိုကြာ...ကိုကိုက ပွဲတစ်ခုကို တတ်ပေးဖို့ ပြောထားလို့။ အဲ့တာ partnerအနေနဲ့ ခေါ်သွားချင်လို့။ယော အဆင်ပြေမလား"

ယောလို သာမာန် accountantကောင်မလေးကို ဘာ့ကြောင့် partnerအနေနဲ့ ခေါ်တာလဲဆိုတာကို ယော မေးခွန်းထုတ်ချင်ပေမယ့် မဖြစ်မနေ သိရမဲ့ကိစ္စလည်း မဟုတ်သလို ဆတ်သာကလည်း လိုလိုလားလား အကူအညီတောင်းလာတာမို့ ယောလက်ခံလိုက်သည်။

"ဟုတ်။ ရပါတယ်Head"

ဆတ်သာ နှစ်နှစ်ကာကာပြုံးလိုက်ရင်း

"Ok အဲ့တာဆိုရင် မနက်ဖြန်ကျရင် ရုံးကိုမလာနဲ့။ ကိုယ်အိမ်ကို လာခေါ်မယ်"

ခေါင်းတစ်ချက်ငြိမ့်ပြရင်း အခန်းအပြင် ပြန်ထွက်သွားတဲ့ ယောကိုကြည့်ပြီး ဆတ်သာရဲ့အပြုံးတွေက ဖုံးဖိမရခဲ့။

******

"ဟယ်..ဆတ်လေး ဘယ်လိုလုပ်ပြီး အစောကြီးရောက်ချလာတာတုန်း သမီးရဲ့"

ဟုတ်ပါတယ်။ဆတ်သာတစ်ယောက် ယောအိမ်ကို မနက်ခုနှစ်နာရီလောက်ကြီး ရောက်ချလာတာကြောင့် ယောမေမေ မေးလိုက်မိခြင်းသာ။

"ဟုတ်တယ် အန်တီ။ဆတ်လေ ဒီနေ့ ယောကိုလာခေါ်မယ် ပြောထားတာ။ အဲ့တာ နည်းနည်းလေး စောသွားတာနဲ့.."

"အိုကွယ်...လာလာအိမ်ထဲဝင်။ယောက အိပ်နေတုန်း။ အန်တီသွားနှိုးပေးမယ်"

"အာ...ဆတ် သွားနှိုးလို့ရမလား"

မျက်စိရှေ့ရောက်လာတဲ့ အခွင့်အရေးကို ဆတ်သာ လက်လွတ်မခံနိုင်ပါ။

ယောမေမေဆီက ခွင့်ပြုချက်ကိုယူပြီးချက်ချင်းပဲ ယောအခန်းထဲကို ဆတ်သာအလင်းလိုအလျင်နဲ့ ဝင်သွားလိုက်သည်။

"အိုင်းယား....အိပ်နေတာကလည်း ဆိုးလိုက်တာ"

တကယ်ကြီးဆိုးတာပါ။သူ့လောက်ရှိတဲ့ ဝက်ဝံရုပ်ကြီးကို ခွထားတာကလည်း စဥ့်အိုးမှာ ဖားပြုတ်ကပ်နေတဲ့အတိုင်းပဲ။မောင်းမကန်မှာ အိပ်တုန်းကတော့ ဒီလောက် အခြေအနေမဆိုးပါဘူး။ ဟောက်သံ ပိစိလောက်ပဲထွက်တာ။အခုတော့ သွားရည်ပါကျနေတာ။ ဒါပေမယ့်လည်း ချစ်သောမျက်စိနဲ့ ကြည့်နေတာမို့ ယောပေါက်စက ဆတ်သာမျက်လုံးထဲမှာတော့ တစ်အား ချစ်ဖို့ကောင်းနေသည်။

"ခွိခွိ"

ဆတ်သာ မချုပ်တည်းနိုင်တော့ပဲ ခါးထောက်ကြည့်ရင်း ရယ်လိုက်ပြီး နှိုးဖို့ကြံစည်လိုက်သည်။

"ဟိတ်...ယော ထေတာ့"

တုတ်တုတ်တောင်မလှုပ်တော့ ဆတ်သာဖုန်းထဲက အခုတလောခေတ်စားနေတဲ့ မီးပန်းဇူဇူးဇူ မြောင်မြောင်းမြောင် သီချင်းကို ယောနား အနားသွားကပ်ဖွင့်ပေးလိုက်တော့မှ ယောခမျာ အိပ်မက်ဆိုးကနေ နိုးလာသလို ငုပ်တုပ်ထိုင်လိုက်ပြီး မျက်လုံးကမဖွင့်သေးပဲ

"ချီး.....ငါ့နားထဲမှာ အဲ့သီချင်းက အဲ့လောက်စွဲနေတာလား။F**k"

စောစောစီးစီး ကျိန်ဆဲလိုက်တာကြောင့် ဆတ်သာခမျာ ရယ်ရခက်ငိုရခက်ပင် ဖြစ်သွားတော့၏။

"အဟမ်း"

ဆတ်သာရဲ့ ချောင်းဟန့်သံကြားတော့မှ မပွင့်သေးတဲ့မျက်လုံးကို ပြူးပြဲဖွင့်ပြီး ယောနောက်တစ်ခါ ကျိန်ဆဲလိုက်ပြန်သည်။

"F**k"

စောစောစီးစီး လူလိမ္မာလေးလုပ်နေတဲ့ ယောကို ဆတ်သာ မျက်မှောင်ကုတ်ကြည့်ရင်း

"ကိုယ် မင်းကိုလာခေါ်တာလေ။ ထတော့။ကိုယ် ဧည့်ခန်းထဲမှာစောင့်နေမယ်"

"ခ ခ (kha kha)"

အိပ်ချင်းမူးတူးနဲ့ ထိုင်းဘာသာစကားတွေနဲ့ပါ ပြန်ဖြေနေတဲ့ယောကို ဆတ်သာ ပြုံးစစကြည့်ပြီး ဧည့်ခန်းထဲ ထွက်သွားလိုက်သည်။

"ဆတ်ရေ...ယောက ကြာဦးမှာ။ သမီးလေးဗိုက်ဆာနေမှာပဲ။လာလာ အန်တီ မနက်စာပြင်ပေးမယ်"

"အာ...မဟုတ်တာ အန်တီရယ်။ ဆတ် မဆာသေးပါဘူး"

"ဘယ်ကသာ ဆာနေမှာပေါ့။ လာပါ"

ယောမေမေက စေတနာပါပါနဲ့ ခေါ်နေတာမို့ ဆတ်သာ ဆက်မငြင်းတော့ပဲ ယောမေမေခေါ်ရာ ထမင်းစားခန်းထဲကို လိုက်သွားလိုက်သည်။

"သမီး စားနော်။ အန်တီ ကိုယ်တိုင်ကြော်ထားတာ"

အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းကြော်ပန်းကန်လေးကို ဆတ်သာရှေ့ချပေးရင်း အရံဟင်းတွေပါ ချပေးနေတဲ့ ယောမေမေ။

"အာ...ဟုတ်"

ထမင်းကြော်ပန်းကန်လေးကိုကြည့်ရင်း ဆတ်သာခမျာ ဟုတ်တစ်လုံးသာ ပြောနိုင်တော့သည်။ စိတ်ထဲမှာလည်း ယောပြောတာ တကယ်မှန်တာပဲဆိုတာ တွေးမိလိုက်၏။ ယောမေမေရဲ့ ထမင်းကြော်မမည်တဲ့ ပဲပြုတ်ကြော်ထဲဟာ
အငွေ့တထောင်းထောင်းပါပဲလေ။

အိပ်ခန်းထဲကထွက်လာတဲ့ ယောလည်း ထမင်းကြော်ပန်းကန်ရှေ့က ဆတ်သာကို ကြည့်ပြီး ပြုံးစိစိလုပ်ရင်း ရေချိုးခန်းထဲ ဝင်သွားတော့သည်။

~~~~~~

The author has something to say:

update ကြာသွားတယ်ဟုတ်(~_^)

သွေ့ပုချိ သွေ့ပုချိv-v

ကျန်းမာရေးဂရုစိုက်ကြနော် Luv u all

Continue Reading

You'll Also Like

105K 1.8K 14
An ex-soldier now an animal Caretaker and a cafe owner. Despite his desire of normal life after a special encounter his fate will change. Will it be...
2.4M 84.4K 51
She stared at him with nothing but emptiness holding in her beautiful grey eyes. "What are you doing here." She mumbled in a blank tone waiting for...
8.1K 634 31
စရိုက်မျိုးစုံနဲ့ သူဌေးသမီးလေး၅ယောက် စိတ်၏ ဆန္ဒနောက်လိုက်ရင်း သရဲခြောက်တဲ့ ရှေးဟောင်းအိမ်ကြီး ကို ရောက်ရှိသွားတဲ့အခါမှာတော့ဘယ်လိုသည်းထိတ်ရင်ဖိုစရာကော...
10K 612 26
This book is the best Angst book you'll ever read. Trust me ⛔HIGH ANGST BOOK ⛔MPREG ⛔Topjungkook