ငွေမှိုင်းလင်းဝေ...(ငွေမှိုင်း...

By Han_Me7012

89.9K 7.4K 1.4K

(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... More

Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)

Part 25(Zawgyi)

431 45 36
By Han_Me7012

အရှေ့ဘက်ခန်းရှိ ကိုးတန်းဝိုင်းမှ စကားသံများ တိတ်ဆိတ်သွားသည်။ ထို့နောက် တံခါးတွန်းဖွင့်သံ ကြားရပြီးသည်နှင့်မကြာ လိုက်ကာနောက်မှ ထွက်လာသော အသားညိုညို၊ အရပ်ရှည်ရှည်နှင့် အသက်လေးဆယ်အရွယ် ပိန်သွယ်သော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ ပါးဆုံရိုးနှစ်ဖက် ထင်းလျှက်ရှိသော ထိုအမျိုးသားသည် လူငယ့်ပန်းတိုင်မှ အင်္ဂလိပ်စာဆရာဖြစ်သည်။

"Good evening... "

"Good evening sir..."

တခြားသူများနည်းတူ ငွေရှိုင်းတို့လည်း ရောယောင်၍ နှုတ်ဆက်လိုက်သည်။ ဆရာ့နာမည်မှာ ဦးအောင်အောင်ဟု သိရလေသည်။ မျက်နှာချိုပြီး အေးဆေးပုံရသော်လည်း ဆရာ့တွင် အရှိန်အဝါတစ်ခု ကိန်းဝပ်နေသကဲ့သို့ ဆရာရောက်လာကတည်းက ကျောင်းသားများအားလုံး ငြိမ်ကုတ်နေကြသည်။

ဆရာဦးအောင်အောင်သည် မှိုင်းခေါင်ဝေဦးနှင့် ငွေရှိုင်းတို့ကိုကြည့်ပြီး

"အသစ်ရောက်လာတဲ့..နောက်ဆုံးက သားနှစ်ယောက်.
မင်းတို့နာမည်ကို အားလုံးသိရအောင် မိတ်ဆက်စမ်းကွာ..." ဟုပြောလေသည်။

ငွေရှိုင်းနှင့်မှိုင်းခေါင်ဝေဦးတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။ အရှေ့တန်းမှ ကျောင်းသားတွေကလည်း အနောက်သို့ လှည့်ကြည့်နေသဖြင့် မှိုင်းခေါင်ဝေဦးက ချောင်းတစ်ချက်ဟန့်ပြီး အရင်ထရပ်လိုက်သည်။

"နေ....နေ....ထိုင်ပြီးတော့ပြော..."

မှိုင်းခေါင်ဝေဦးက ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး
သူ့နာမည်ကို ပြောလိုက်သည်။

"My name is Hmine Khaung Wai Oo..."

မှိုင်းခေါင်၏ အင်္ဂလိပ်စကားသံမှာ ကြည်လင်ပီသစွာ ထွက်ပေါ်သွားခဲ့သည်။

"မှိုင်းခေါင်ဝေဦး...နာမည်နဲ့လိုက်အောင်..
မျက်နှာကလည်း မှုန်မှိုင်းထားတာလားကွ..."

အလင်းဝေအပါအဝင် ကျန်တဲ့သူတွေက ဆရာ့နောက်မှ လိုက်ရယ်ကြသည်။ မှိုင်းခေါင်ကတော့ အောင့်သက်သက် ဖြစ်သွားသောကြောင့် မရယ်ဖြစ်ပါ။ သူက အငယ်တွေ ဝိုင်းရယ်တာကို ခံလိုက်ရတဲ့သူ မဟုတ်လား..။

"ကဲ...ကဲ...နောက်သားတစ်ယောက်နာမည်ကရော..."

"ငွေရှိုင်းပါ...ဆရာ..."

"တောက်ပနေတဲ့နာမည်နဲ့သားက..
မျက်နှာလည်းမလန်းပါလား...လူငယ်ဆိုတာ တက်တက်ကြွကြွနေရတယ်...ဆရာတို့လို အရွယ်ကျမှ အရမ်းတက်ကြွနေရင် မိန်းမက မျက်စောင်းထိုးတာ ခံရလိမ့်မယ်...မင်းတို့ဆရာမကိုပဲကြည့် ဆရာ့ကိုဆိုရင် မျက်စောင်းတကဲကဲနဲ့ပဲလေ..."

ငွေရှိုင်းသည် အူတူတူမျက်နှာဘေးနှင့် ဆရာဦးအောင်အောင်ကို ကြည့်နေသောကြောင့် အလင်းဝေက ဘေးသို့ကပ်ပြီး ခပ်တိုးတိုးရှင်းပြလေသည်။

"ဆရာနဲ့ဆရာမက လင်မယားတွေလေ...
အပေါ်မှာ မင်းတို့တွေ့ခဲ့ရတဲ့ ရွေဆွဲကြိုးကြီးနဲ့ဆရာမပေါ့...
ဆရာက အဲ့လိုပဲ.. ငါတို့ရှေ့မှာလည်း နောက်နောက်ပြောင်ပြောင်ပြောနေကျ....."

ဆရာဦးအောင်အောင်၏ ပုံစံကို တစ်စွန်းတစသိရပြီဖြစ်၍ ရက်ကြာလာလျှင်ပိုသိရလိမ့်မည်ဟု ငွေရှိုင်းယူဆလိုက်သည်။ စာသင်ချိန်မှာတော့ ဆရာရဲ့မျက်နှာက ပိုပြီးလေးနက် တည်ကြည်သွားကာ ကျောင်းသားများကလည်း ဆရာသင်သော ဘာသာရပ်ကို အထူးအာရုံစိုက်ရလေသည်။

စာသင်ချိန်တစ်နာရီခွဲတွင် ဆရာဦးအောင်အောင်က စာချည်းလှိမ့်သင်နေသည်မဟုတ်။ ကျောင်သားများ မငြီးငွေ့ရအောင် ဟာသ အတိုအစလေးတွေကိုလည်း ထည့်ထည့်ပြောတတ်သည်။ ထိုအချိန်တွေကျလျှင် အကြောင်းသိသော ကျောင်းသားများက မက်မက်မောမော ရယ်ကြသော်လည်း မရယ်သော တချို့သူများလည်း ရှိနေသည်။

ထိုအချိန်တွင် ဆရာပြောတတ်သော စကားတစ်ခွန်းရှိသည်။

" ဟာသကို မခံစားနိုင်တဲ့သူတွေရဲ့ နှလုံးသားဟာ စိတ်ဆင်းရဲစရာတွေနဲ့ ပေကျံနေတတ်တယ်..အဲ့ဒါတွေ ပြောင်စင်သွားဖို့အတွက် များများရယ်ပေးရမယ်...."တဲ့...။

အလင်းဝေလည်း ဆရာဦးအောင်ရဲ့စကားကြောင့် ဟာသတွေကြားတဲ့အခါတိုင်း ရယ်ရသည်ဖြစ်စေ၊ မရယ်ရသည်ဖြစ်စေ မမေ့မလျော့ ပြုံးတတ်လာခဲ့တာပေါ့...။

ဆရာဦးအောင်အောင်သည် သူ့ရဲ့ဟာသကို မခံစားနိုင်သူ တစ်ယောက်အား ရယ်သံနှောလျှက် စကားပစ်လိုက်သည်။

"မစ်စတာ မှိုင်းခေါင်...မင်း
ရည်းစားပူများ မိနေတာလား..." ဟူ၍။

ဆရာသည် မှိုင်းခေါင်၏ သူခိုးလူမိဖြစ်သွားသော မျက်နှာကို မြင်ခဲ့ရရ၍လားမသိ တဟားဟားနှင့် အော်ရယ်လေသည်။ ထိုအချိန်တွင် မှိုင်းခေါင်ဝေဦးကတော့ ငွေရှိုင်းကိုသာ လှည့်ကြည့်ဖြစ်ခဲ့သည်။

ချစ်ခြင်းမေတ္တာက အနားမှာရှိနေလျှက်နှင့်
ဟာတာတာဖြစ်နေရသော နှလုံးသားသည် မှိုင်းခေါင်ကို
ဘယ်အချိန်ထိများ နှိပ်စက်နေမှာလဲ....။

>>>>>>>>>>>>>>>>>>>>>>>

မှိုင်းခေါင်းဝေဦး ကျောင်းပြန်တက်ပြီးမှ အတန်းထဲတွင် ထူးထူးခြားခြားပြောင်းလဲသွားသော ကိစ္စရပ်များပေါ်ပေါက်လာသည်။ အထူးသဖြင့် အောင်သစ္စာနှင့်နောင်သစ္စာတို့ အမြွှာညီအစ်ကိုတို့၏ အိနြေ္ဒရသော အပြုအမူများကြောင့် သူတို့စနောက်နေကျ လူများပါ အေးချမ်းသွားရသော ကိစ္စရပ်ဖြစ်သည်။

မှိုင်းခေါင်ဝေဦးတစ်ယောက် အတန်းထဲမှာရှိနေတာကိုပင် ကျေးဇူးတင်ရမလိုလို စိတ်မျိုး ထိုသူများထံသို့ ရောက်လာသည်။ အလင်းဝေကတော့ ရှင်းသည်။ အမြွှာနှစ်ယောက်က ငြိမ်နေလျှင်တောင် သူက သွားစတတ်သူမို့ အတန်းပြင်ပတွင်တော့ နေ့ရက်တို့က ပုံမှန်အတိုင်းလည်ပတ်နေဆဲ...။

ချစ်မြတ်နိုးတစ်ယောက်လည်း အနေအထိုင်တို့ပြောင်းလဲနေသည်။ အလှအပတွေပြင်ဆင်လာပြီး အနောက်တန်းသို့ ခဏခဏ လှည့်ကြည့်သည်။ မှိုင်းခေါင်ဝေဦးကို ငေးငေးကြည့်နေမှန်း အလင်းဝေက သိတော့ ချစ်မြတ်နိုးနှင့် မှိုင်းခေါင်ဝေဦးကို လှော်လှော်ပေးသည်။

"ဟဲ့ချစ်မြတ်နိုး....နံရံကြီးကို သိပ်မကြည့်နဲ့... နင်အုန်းလွဲသွားဦးမယ်..." ဟူ၍... အသံကျယ်ကျယ်နှင့်အော်တိုင်း ချစ်မြတ်နိုးခေါင်းက ဘေးဘီဝဲယာပင် မလှည့်ရဲဘဲ တောင့်တောင့်ကြီး ဖြစ်သွားသောအခါ အော်ရယ်ရသည်ကလည်း အရသာတစ်မျိုး။

မှိုင်းခေါင်ဝေဦးရဲ့မျက်နှာကြီး ဆူပုတ်နေသည်ကို ကြည့်နေရခြင်းကလည်း အရသာတစ်မျိုး...။ ထိုအထဲတွင် ပို၍အရသာအရှိဆုံးကတော့ ငွေရှိုင်းရဲ့မျက်နှာကို တစိမ့်စိမ့် ငေးကြည့်နေရခြင်းပင်ဖြစ်သည်။

သို့သော် ငွေရှိုင်းကို ငေးကြည့်ချိန်တိုင်းတွင် angry birdအနီကောင်၏ မီးဟုန်းဟုန်းတောက်နေသော အကြည့်နှင့် ဆုံရသည်ကတော့ ဇာတ်လမ်းအရှိန်ကောင်းမှ လျှပ်တပြက် ဝင်ဝင်လာသော ကြော်ငြာနှင့်တူ၏။

ထိုအချိန်တိုင်း အလင်းဝေရဲ့စိတ်ထဲတွင် ထူးဆန်းသွားရသည်ကတော့ ပဟေဠိတစ်ခုလိုပင် ကျန်ရစ်နေခဲ့သည်။

ဘာလို့များ ဤအခြေအနေမျိုးကို မြွေမြွေချင်းခြေမြင်တယ် ဟု သုံးနှုန်းချင်ရတာလဲ...။ အလင်းဝေ၏သံသယကို သူတို့က ညီအစ်ကိုတွေ ဟူသော တံတိုင်းက အမြဲတမ်း ကာရံပစ်နေပါ၏။
.
.
>>>>>>>>>>>

စနေနေ့ဖြစ်သော်လည်း အိပ်ယာထဲတွင် ခွေခေါက်ချင်နေ၍မရပါ။ မနက်စောစောထပြီး နေ့တက်ဘော်ဒါ သွားတက်ရန်ပြင်ဆင်ရသည်။ တစ်ရက်ကလေးမှပင် အိပ်ရေးဝဝ မအိပ်ရသေးသောကြောင့် ငွေရှိုင်းတစ်ယောက် တစ်လမ်းလုံး သမ်းဝေလာသည်။

မှိုင်းခေါင်ဝေဦးက သူ့ရဲ့ ကျောပိုးအိတ်ကပ်ထဲမှ ဘာလီသကြားလုံးတစ်လုံး ထုတ်ပေးသည်။ ချိုချိုချဉ်ချဉ်ဟူသမျှ မစားတတ်သူတစ်ယောက်၏ အိတ်ကပ်ထဲတွင် ချိုသော၊ချဉ်သော သကြားလုံးလေးတွေ ရှိနေသည်။ ထိုသကြားလုံးလေးတွေကလည်း ရှိုင်းငယ်ဆိုသော ကောင်လေးတစ်ယောက်တည်း အတွက်သာ...။

"စာသင်မှ အိပ်ငိုက်နေရင် ဒုက္ခပဲ...ကိုကိုရဲ့
ဆရာက တစ်ကြောင်းရှင်းပြပြီးတိုင်း အလွတ်ပြန်ပြန်မေးနေတော့ သေချာအာရုံစိုက်နိုင်မှ တော်ကာကျတယ်..."

မှိုင်းခေါင်ကတော့ ရှိုင်းငယ်ရဲ့ ညည်းညူစကားသံကို
နားထောင်ပြီး ခပ်ပြုံးပြုံးဖြစ်နေသည်။ လူငယ့်ပန်းတိုင်နဲ့ကျမှ ရှိုင်းငယ်လည်း အဘိုးအိုလေးလို ညည်းနေတတ်ပြီလေ။

ငါးထပ်တိုက်အောက်တွင် ဖယ်ရီကားပေါ်မှ ဆင်းလာသော တူညီဝတ်စုံနှင့် လူငယ်လေးများကိုတွေ့ရသည်။ တချို့ကလည်း စကားဖောင်ဖွဲ့ပြီး တက်ကြွနေကြသလောက် တချို့ကလည်း အိပ်မှုန်စုံမွှားနှင့် ထမင်းချိုင့်လေးတွေကိုင်လို့ အပေါ်တက်သွားကြသည်။

မနက်ခုနှစ်နာရီကနေ ညခုနှစ်နာရီအထိ တက်ရတယ်ဆိုတာ နည်းတဲ့အချိန်မှမဟုတ်တာ။ မှိုင်းခေါင်တောင်မှ ပိတ်ရက်ကို အချိန်အကြာကြီးတက်ရလို့ စိတ်ညစ်ပေမယ့် အိမ်မှာနေရတာထက် စာရင်တော့ စိတ်အေးချမ်းသာရှိသဖြင့် သည်းခံဖြစ်နေသည်။

အလင်းဝေတစ်ယောက်ကတော့ အရင် ရောက်နှင့်နေသည်။ အခုအချိန်အထိ မှိုင်းခေါင်နှင့်အလင်းဝေတို့ မျက်နှာကြောမတည့်ကြသေး။မှိုင်းခေါင်ကလည်း အလင်းဝေကိုမြင်တိုင်း မျက်မှောင်ကြုတ်ကာ စူးရဲစွာကြည့်ုဖြစ်ပြီး အလင်းဝေသည်လည်း မှိုင်းခေါင်ကို စကားတွေနှင့် မထိတထိစနေမြဲ။

"အစ်ကိုမှိုင်းခေါင်...ခေါင်းမှောက်အိပ်ဖို့ကြံမနေနဲ့ဗျ...
အပေါ်ထပ်မှာ ဘုရားသွားရှိခိုးရမယ်..."

မှိုင်းခေါင်တစ်ယောက် ခုံပေါ်မှောက်အိပ်ရန်ကြံနေကာမှ အလင်းဝေကြောင့် တွန့်ဆုတ်သွားရလေသည်။ မှိုင်းခေါင်ပြန်ပြောဖို့် ကြံရွယ်လိုက်တော့ ငွေရှိုင်းက စကားဝင်ထောက်သည်။

"ဘုရားလည်းရှိခိုးရတယ် ဟုတ်လား..."

"အေးဆို...နေ့ခင်းကျရင်လည်း တရေးတမော အိပ်ရသေးတယ်.."

ထိုအချိန်တွင် ကလေးမလေးတစ်ယောက် လာခေါ်သောကြောင့် ငွေရှိုင်းတို့ သုံးယောက်စလုံး အပေါ်ထပ်သို့ ခပ်သုတ်သုတ် ပြေးရလေတော့သည်။
.
.
.
နေ့လည်ဆယ့်နှစ်နာရီအတိမှစ၍ နှစ်နာရီအထိသည် နားချိန်ဖြစ်သောကြောင့် ပါလာသော ထမင်းချိုင့်များကို ဖွင့်စားဖြစ်ကြသည်။ ထမင်းစားပြီးတာနဲ့ အလင်းဝေက မီးလုံးတွေ လိုက်ပိတ်သည်။ ခေါင်းရင်းဘက်တွင် တိုက်အိမ်ကြီးရှိသောကြောင့် အလင်းရောင်မဝင်သဖြင့် မီးပိတ်လိုက်တော့ အခန်းထဲတွင် ခပ်မှောင်မှောင်လေးဖြစ်နေသည်။

မိန်းကလေးတွေကတော့ အပေါ်ထပ်တွင် သွားအိပ်ကြသည်ဟု ပြောသည်။ ထို့အတူ အပေါ်ထပ်မှ ဆင်းလာသော ယောက်ျားလေးတချို့ကလည်း အောက်ထပ်တွင် လာအိပ်ကြသည်။ ပထမတော့ အလင်းဝေ၏စကားကို နောက်နေခြင်းဟုပင် ထင်ခဲ့သော်လည်း တရေးတမော အိပ်ရတာက တကယ်ဖြစ်နေသည်။

နေရာကျဉ်းကျဉ်းလေးမှာ ဘယ်လိုအိပ်ကြသလဲဆိုတော့ အလင်းဝေပြန်ဖြေသည်က စာသင်ခုံတွေပေါ်မှာ ဒီလိုပဲ တက်အိပ်ကြတာတဲ့...။

မအိပ်ချင်ဘူးဆိုလည်းမရ....။ တစ်နာရီထိုးခါနီးဆို ဆရာမက လာလာချောင်းတတ်ပြီး မအိပ်ဘဲ ငုတ်တုတ်ထိုင်နေတာ မြင်ရင် အဆူခံရတတ်သည်ဟု ပြောပြန်သည်။

မှိုင်းခေါင်သည် စိတ်ညစ်နေပုံနှင့် နံရံကို မှီထိုင်နေသည်။ အရှေ့ဆုံးအတန်းတွင် ကျောပိုးအိတ်နှင့် ထမင်းချိုင့်တွေကို တင်ထားသောကြောင့် ထိုနေရာတွင်ထိုင်သော ယောက်ျားလေးသုံးယောက်က အနောက်ဘက်တွင် သွားအိပ်ကြသည်။

အလင်းဝေကတော့ ဒုတိယတန်းရှိ ဖင်ထိုင်ခုံပေါ်တွင် ကျောပိုးအိတ်လေးကို ခေါင်းအုံးကဲ့သို့ပြုလုပ်ပြီး လှဲအိပ်နေပြီ။ ငွေရှိုင်းသည်လည်း တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်နှင့် လိုက်ကာအပြင်ကို ထွက်ကြည့်တော့လည်း တခြားအခန်းတွေမှာ  ခုံပေါ်အသီးသီး လှဲအိပ်နေကြသော ကျောင်းသားများကြောင့် အစ်ကိုဖြစ်သူကိုသာ စိတ်ပျက်ပျက်နှင့် မေးလိုက်ရသည်။

"ကိုကို...စာရေးခုံပေါ်မှာ အိပ်မှာလား....ဖင်ထိုင်ခုံပေါ်မှာ အိပ်မှာလား..." ဟူ၍...။

နောက်ဆုံးမှာတော့ စာရေးခုံပေါ်တက်အိပ်လိုက်ရသည်က ငွေရှိုင်းပင်။ မှိုင်းခေါင်ကတော့ ထိုင်နေမြဲ။ အလင်းဝေသည် အဖော်ရသွားပြီဟု တွေးမိသောစိတ်ကြောင့် ပျော်မြူးနေမိသည်။အရင်ကဆိုရင် ဒီလိုမျိုးဒုက္ခတွေကို တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်ကျော်ခဲ့ရတာလေ။

"ကိုကို လှဲအိပ်လိုက်ပါလား...ခြေရင်းဘက်က နှစ်ခုံက လှုပ်စိလှုပ်စိနဲ့...ဖင်ထိုင်ခုံမှာ ဝိတ်နဲ့ဆိုရင် လှုပ်တာရပ်သွားမယ်..."

ထိုအချိန်တွင် စာရေးခုံပေါ်လှဲအိပ်လိုက်သော ငွေရှိုင်းသည် ခုံကလှုပ်နေသောကြောင့် ပြုတ်ကျမှာစိုး၍ မှိုင်းခေါင်ကို အတင်းအိပ်ခိုင်းလေသည်။ အရပ်တွေက ဂလန်ဂလားနဲ့မို့ ခုံပေါ်မှာအိပ်ရခြင်းက အဆင်လုံးဝမပြေ။

မှိုင်းခေါင်သည် ငွေရှိုင်းရဲ့စကားအတိုင်း ကျောပိုးအိတ်ခု၍ဖြည်းဖြည်းချင်း လှဲချလိုက်သည်။

"အခုမှ မူကြိုကို ရောက်နေတာပဲ..." ဟူ၍လည်း ညည်းတွားလိုက်သေးသည်။ ဘေးသို့လှည့်ကြည့်လိုက်တော့ အလင်းဝေတစ်ယောက် တခွိခွိနှင့် ရယ်နေခြင်းကို  ခုံက အပိတ်မဟုတ်သောကြောင့် ထင်ထင်ရှားရှားမြင်နေရသည်။

"မင်းက ဘာရယ်နေတာလဲ..."

"အစ်ကို့ကို မှန်ပဲပြလိုက်ချင်တယ်...အီးမှန်ထားတဲ့
မျက်နှာဆိုတာ ဘယ်လိုပုံစံလည်း သိသွားအောင်လို့လေ..."

"ငါ့စိတ်ကိုလာမဆွဘဲ..ငြိမ်ငြိမ်အိပ်..အလင်းဝေ...
ဂျိုကာလိုမျိုး ပြောင်စပ်စပ်လုပ်မနေနဲ့..."

"ကျွန်တော်က ငြိမ်ငြိမ်လေးအိပ်နေတာပါ...
လှုပ်နေတာက အစ်ကိုနဲ့အစ်ကို့ညီ..."

ထိုအချိန်တွင် သူတို့ပြောတာကို တိတ်တဆိတ် နားထောင်နေသောငွေရှိုင်းက ဝင်ပြောလေတော့သည်။

"ငါတို့က မွေ့ယာပေါ်မှာ အိပ်နေရတာမှ မဟုတ်တာ...
ခုံကလည်း သက်တောင့်သက်သာမရှိတော့ အဆင်မပြေဘူး...."

"အေးလေ မင်းကတော့ ဘယ်လိုလုပ်ပြီး
ဇိမ်ရှိတဲ့ပုံ ပေါက်နေရတာလဲ...."

မှိုင်းခေါင်ဝေဦး၏ လေသံက ခပ်တိုးတိုးပင်ဖြစ်သည်။ တကယ်တော့ သူတို့သုံးယောက်စလုံး အသံတိုး၍ပြောနေရခြင်း ဖြစ်လေသည်။ ရောမရောက်၍ ရောမလို ကျင့်ကြံနေရပြီဖြစ်သော ညီအစ်ကိုနှစ်ယောက်သည် အလင်းဝေ၏ မျက်လုံးထဲတွင် ဒေါသဖြစ်ချင်စရာမကောင်းဘဲ ရယ်စရာသာကောင်းနေသည်။

"လက်စသတ်တော့ အစ်ကိုက ကျွန်တော့ကိုကြည့်ပြီး မနာလိုဖြစ်နေတာကိုး...ဟား..ဟား..."

"ငါမင်းကို ဘယ်တုန်းကမှ မနာလိုမဖြစ်ဘူး..." ဟူ၍ မှိုင်းခေါင်က ခပ်ကြိတ်ကြိတ်ပြန်ပြောသည်။ ငွေရှိုင်းသည် အောက်ဘက်တွင် တကျက်ကျက်ဖြစ်နေကြသူနှစ်ယောက်၏ အသံကိုနားစွင့်ကာ မျက်နှာကျက်ကိုငေးကြည့်၍ ပြုံးနေမိသည်။

အနာတရဖြစ်သည်အထိ ထိုးကြတာထက်စာရင် ဒီလိုမျိုးအခြေအနေက ပိုကျေနပ်စရာကောင်းသည် ဟူ၍လည်း တွေးနေမိသည်။ ဒါဆိုရင် ငွေရှိုင်းလည်း နှစ်ယောက်ကြားမှာ အနေရခက် မနေတော့ဘူးပေါ့....။

.
မှိုင်းခေါင်ဝေဦးနှင့် အလင်းဝေတို့ကတော့ သူတစ်ပြန်၊ကိုယ်တစ်ပြန် စကားနိုင်လုနေကြဆဲ...။ ထိုအချိန်တွင် လှေကားမှ ခြေသံနှင့်အတူ ထွက်ပေါ်လာသော လက်ကောက်သံကြောင့် အောက်ထပ်တစ်ထပ်လုံး အပ်ကျသံပင် ကြားရနိုင်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

အလင်းဝေက မှိုင်းခေါင်ကိုကြည့်ပြီး ပြောလိုက်သည်။

"အစ်ကိုနဲ့ကျွန်တော် နောက်မှဆက်ငြင်းမယ်...ဆရာမ လက်ကောက်သံကြားတယ်...အရင်ဆုံး မျက်လုံးမှိတ်ပြီး...
အိပ်ချင်ယောင်သာဆောင်နေလိုက်တော့..." ဟူ၍...။

ထို့နောက် တံခါးဖွင့်ရာမှ ထွက်လာသော တကျွီကျွီမြည်သံကြောင့် မှိုင်းခေါင်လည်း မျက်လုံးမှိတ်ထားလိုက်တော့သည်။

စိတ်ပျက်ဖို့ကောင်းတယ်ဟု ရေရွတ်နေမိသော်လည်း တကယ်တမ်းကျတော့ မှိုင်းခေါင်ပျော်နေမိသည်။

ဆယ်ကျော်သက်တစ်ယောက်ရဲ့ ဖြစ်တည်မှု ပုံစံမျိုးနဲ့ပေါ့....။

>>>>>>>>>>>>>>>>>>>>>>>>>

Love you all❤
Han_Me
(24.9.2020)

Continue Reading

You'll Also Like

2.8K 113 24
မင်းခန့်ပိုင် × ရှင်းသန့်ပိုင် " ကိုကြီး ခံစားမိနေတယ် ရှင်းသန့်။ ဒီအချစ်က အရမ်းကြီးမားတာကိုခံစားမိတယ်။ ရင်ထဲပြည့်ကျပ်လွန်းနေတဲ့ဒီအချစ် ဒီမေတ္တာက သေရာ...
59.1K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...
37.2K 1.8K 40
Title - The Loudest Silence [တိတ်ဆိတ်ခြင်းရဲ့ ပဲ့တင်သံ] Type - Own Creation, Myanmar BL ကြွေကျလာတဲ့ ဆာကူရာ ပွင့်ဖတ်လေးကို ဖမ်းမိခဲ့ရင် မင်းရ...
42.7K 2.2K 53
Unicode + Zawgyi မင်းနဲ့ ငါ့ကြား ကန့်လန့်ကာပါး တစ်ချပ်ခြား.... မင်းနဲ့ ငါ့ကြား ကန့်လန့်ကာပါး တစ်ချပ်ခြား.... Start Date - 24.6.2021 End Date - 21.2.2...