ရှန်ဟိုင်းက ဆေးရုံတစ်ခုမှာ လက်ထောက်ဆရာဝန်လုပ်နေသည့်ချင်းဟန်က မားနှင့်အတူ စကားလက်ဆုံကျနေသည်မို့ သူရောပါးရော ဘေးနားကသာ နားထောင်နေရသည်။ ရိပေါ်ရဲ့ ဆန္ဒအရဆို အနားယူချင်နေပြီ။မားရဲ့စကားအသွားအလာတွေက သူ့ကို နေရခက်စေကာ ချင်းဟန်ရဲ့ အကြည့်တွေကလည်း စိတ်အနှောက်အယှက် ဖြစ်စေပြန်သည်။ငယ်ကတည်းကပေါင်းလာသည့်အပြင်ချင်းဟန်က သူ့အပေါ်သဘောထားကိုပွင့်ပွင့်လင်းလင်းပြောကာ Proposeလုပ်ထားတဲ့သူ။
"ရိပေါ် ဘာတွေတွေးနေတာလဲ..
ကိုယ်လက်ဆောင်ဝယ်လာတယ်"
"ငါမလိုချင်ပါဘူး ချင်းဟန်ရာ
ပြန်ယူသွားလိုက်ပါ"
ချင်းဟန်ရဲ့ မျက်နှာက သူ့အငြင်းစကားကြောင့် ထိန်းမရအောင်ပျက်သွားတာသိပေမယ့် ရိပေါ်လက်မခံလိုဘူး။မားက ကလေးငယ်ကိုကျ ရန်သူလိုသဘောထားနေပြီ ချင်းဟန်နဲ့ ကြိတ်ပြီးသဘောတူနေတာ မသိဘူးများထင်လား။
Sorryမားရေ။မားသားက Brand ထက် နံနံပင်စည်းကို ပိုကြိုက်တာ။ဒါတွေမားမသိပါဘူး။
"ရိပေါ်ကလည်းကွာ "
ချင်းဟန်ရဲ့ စကားအဆုံးမှာ ပါးက သူ့နားနားကပ်ကာ တိုးတိုးပြောလာသည်။
"သား...ယူထားလိုက်....အသုံးမလွယ်ရင်ပြန်ရောင်းလို့ရတယ်"
ပါးပါးရဲ့စကားအဆုံးမှာ ရိပေါ်ဟာ အံ့သြ လွန်းလို့ ဟင်ခနဲတောင်ဖြစ်သွားရသည်။
"ပေးပေး....ချင်းဟန်....အဲ့လိုပဲ....မင်းသူငယ်ချင်းက အားနာနေတာ"
ချင်းဟန် ကမ်းပေးထားတဲ့အထုပ်တွေကို ပါးကလက်လွှဲယူကာ သူ့လက်ထဲကို အတင်းထိုးထည့်လာသည်။မယူချင်ဘူးလို့မျက်နှာရိပ်မျက်နှာကဲပြလည်းမရတာမို့လက်ထဲရောက်လာတဲ့အထုပ်တွေကို ဆုပ်ကိုင်နေရုံကလွဲပြီး ရိပေါ်မတတ်နိုင်တော့။တစ်ကယ်ပါပဲ ပါးက ပစ္စည်းတွေလက်ထဲထိုးထည့်နေသလိုမားကလည်း ချင်းဟန်လက်ထဲ သူ့ကို အတင်းထိုးထည့်ပေးချင်နေသည်။
မြို့ကြီးသားရေ ငါလေးကို မကယ်နိုင်တော့ဘူးလား......။
"ရိပေါ် အာ့ဆို ငါပြန်တော့မယ်
နောက်ရက်မှဆေးခန်းလာခဲ့မယ်"
"ခွင့်ပြုပါဦး ဦးလေးဝမ်နဲ့ ဒေါ်လေးဝမ်"
ချင်းဟန်နှုတ်ဆက်ကာ ထပြန်သွားသည်နှင့် မားရဲ့မျက်နှာက ခက်ထန်လာသည်။သူအနေရခက်စွာပဲ အပြစ်သားလို ခံစားနေရတယ်။
"ရိပေါ် ပြန်ထိုင်"
ထသွားချင်နေသည့် ရိပေါ်ဟာ မားရဲ့စကားကြောင့် ရပ်ပြီးသားတောင် ပြန်ထိုင်နေရသည်။
"မား"
ပါးကတော့အေးအေးလူလူပင် ။ ရိပေါ်နှင့်မားကို ရေနွေးကြမ်းသောက်ရင်းထိုင်ကြည့်နေသည်။ပါးကိုယ်တိုင်ကလည်း မားသဘော မားသဘောနေသူမို့ ပါးဆီက အကူအညီလဲ ရိပေါ်ရမှာမဟုတ်ဘူး။
"ရိပေါ် သားရဲ့ ဆုံးဖြတ်ချက်၊ လွတ်လပ်ခွင့်ကိုမားဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဘူးနော်"
"ဟုတ်"
"အခုက စပြီးကန့်ကွက်ရမယ်ထင်တယ်
သားဟိုကောင်လေးနဲ့ကင်းကင်းနေမလား
ဒါမှမဟုတ် ဆေးခန်းပိတ်ပြီး ချင်းဟန်နဲ့အတူ ရှန်ဟိုင်းသွားမလား....သားကိုချင်းဟန်ကသဘောကျနေတာ မားအရင်ကတည်းကသိတယ်"
ဆေးခန်းကပိတ်လို့မရဘူးလေမားရယ်။
မြို့နဲ့ဝေးတဲ့ ဒေသမှာ ရိပေါ်ရဲ့ဆေးခန်းလေးသာအားကိုးရာ ဖြစ်နေတာမို့ ဆေးခန်းကို ရိပေါ်က ပိတ်မှာမဟုတ်မှန်း သိရဲ့သားနဲ့။
မားက တစ်ကယ်သူ့ကို ရွေးချယ်စရာမရှိတဲ့ရွေးချယ်မှုကိုပေးလိုက်တာပဲ။
"ကျွန်တော်သူနဲ့ကင်းကင်းရှင်းရှင်းနေပါ့မယ်
ဆေးခန်းကိုမပိတ်ပါရစေနဲ့နော်....
ရွာထဲကလူကြီးတွေကမြို့ထိမသွားနိုင်ဘူးလေမားရယ်"
"ဒါကတော့ သားရဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်တယ်"
"ကဲ....မင်းကလည်းကွာ.....သားက ကင်းကင်းရှင်းရှင်းနေမယ်ပြောပြီးပြီပဲ....ဟိုကလေးကလည်း.....မျိုးကောင်းရိုးကောင်းလေးပါ....
သား....သွားနားတော့....ပင်ပန်းနေတော့မယ်"
ပါးကမားနဲ့သူ့ရဲ့စကားဝိုင်းထဲဝင်လာမှသာ ရိပေါ်သက်သာရာရသည်။ မဟုတ်ရင် မားကသူ့ကို မပတ်သက်ဖို့ အကြိမ်ကြိမ်တားတော့မှာ။မားရဲ့အလိုကျ မပတ်သက်ချင်ပေမယ့်နှလုံးသားက မားရဲ့ ဆန္ဒကိုလွန်ဆန်ချင်နေတဲ့အခါအရမ်းမွန်းကြပ်ရပါသည်။
ညအတော်လေးနက်နေပေမယ့် ရိပေါ် အိပ်မပျော်ဘူး။ အိပ်မပျော်တာထက်ရင်ထဲမှာမွန်းမွန်းကြပ်ကြပ်ကြီးနဲ့ အိပ်မရတာဖြစ်နေသည်။
မားမမြင်အောင် ဆေးအိတ်ထဲဖွက်ကာ ယူလာရသော နံနံပင်စည်းကို ကြည့်ရင်းပဲ မျက်ဝန်းက မျက်ရည်တွေက တလိမ့်လိမ့်ကျလာရသည်။
*ဒေါက် ဒေါက်*
ပြတင်းတံခါးမှ ခေါက်သံကြောင့် ရိပေါ် အိပ်ယာကနေ အသံမကြားအောင်ထရင်း
နံနံပင်စည်းကို တင်းနေအောင်ဆုပ်ကိုင်ထားတယ်။
"ကိုကို....ကျွန်တော်ပါ...တံခါးဖွင့်ပါအုံး
ပြုတ်ကျတော့မယ်"
ပြတင်းပေါက်နားအရောက် ကြားလိုက်ရသောအသံစာစာလေးကြောင့် ရိပေါ်က အလောတကြီးပြတင်းတံခါးကိုဖွင့်ကာ လေထဲတွဲလောင်းကျနေသော ကလေးကို ဆွဲတင်ရသည်။နံနံပင်စည်းကတော့ ရိပေါ် ခြေထောက်ဘေးမှာ နေရာယူနေလေရဲ့။
"မင်း....ဘယ်လိုရောက်လာတာလဲ ....
ပြန်တော့....မားသိရင် မိုးမီးလောင်ကုန်လိမ့်မယ်"
"မပြန်ပါဘူး....ကိုကို ဒါတွေက ချင်းဟန် ဆိုလား ချင်းဟိုဆိုလား....လာပေးသွားတာလား...ဘာလို့လက်ခံရတာလဲ....ပြန်ပေးလိုက်"
သူ့အခန်းကို လှည့်ပတ်ကြည့်နေသည့် ရှောင်ကျန့်ကြောင့်ရိပေါ်သက်ပြင်းသာချရသည်။
"ကိုကိုလို့....ကျွန်တော်ပြန်ဝယ်ပေးမယ်....ပြန်ပေးလိုက်နော်....ဒါပေမယ့်..မုန့်ဖိုးဖြတ်ခံထားရလို့ လောလောဆယ်တော့ ဝယ်မပေးနိုင်သေးဘူး.....သေချာ ပေါက်ဝယ်ပေးမှာမို့....ပြန်ပေးလိုက်နော်"
သူ့ရှေ့ကိုလက်သုံးချောင်းထောင်ကာ ပြောလာသော ကလေးငယ်ကြောင့် ရိပေါ် အသာပြုံးမိသွားရသည်။တစ်ကယ်ပါပဲ....ဒီကောင်လေးဟာလေ။
"အာ....ငါယူထားတာမဟုတ်ဘူး...ပါးကလက်ခံထားတာ...."
"အော်....ကိုကို့အခန်းလေးကြုံတုန်းကြည့်သွားအုံးမယ်....ကိုကို့အခန်းလေးက နေချင်စရာလေး...ကျွန်တော့်အခန်းနဲ့များ...ကွာပါ့"
"မင်း....ဘာလာလုပ်တာလဲ"
သူ့နောက်ကနေလိုက်မေးနေသည့်ကိုကို့ကြောင့် ရှောင်ကျန့် က ရပ်ပစ်လိုက်ကာကိုကို့မျက်နှာကိုစူးစိုက်ကြည့်ပစ်လိုက်သည်။
"ကိုကို့ မားက ကိုကို့ကိုအရမ်းဆူမလားလို့ စိတ်မချလို့ တောင်းပန်ပါတယ် ကိုကို
ကျွန်တော့်ကြောင့် ပြသနာတက်ရပြီ"
"မဟုတ်ပါဘူး...ငါကမင်းကိုအားနာနေတာ
မားက မဆူပါဘူး"
"ဟာ....အဲ့ဒါ...မကြည့်နဲ့"
ငယ်ငယ်ကကိုယ်လုံးတီးနှင့်ရိုက်ထားသည့်ပုံကို ရှောင်ကျန့်က ရှာတွေ့သွားတာကြောင့် ရိပေါ်က အသဲအသန်ပင် ဆွဲရတော့သည်။
"ဟာ...ကိုကို...တိုးတိုးလေ"
လက်ညိုးကိုနှုတ်ခမ်းပေါ်ကပ်ကာ ခပ်အုပ်အုပ်ပြောလာသည့် ကလေးငယ်ကြောင့်
ရိပေါ်ကပဲ မလုံမလဲနှင့်နှုတ်ခမ်းကို လက်နှင့်အုပ်လိုက်ရသည်။
"ပေးလို့...ပေး"
အသံကိုခပ်အုပ်အုပ်ပြောကာ လက်ကို ရှေ့ဖြန့်ပြီးတောင်းလာသော ကိုကို့ကိုကြည်ပြီး
သူက စိတ်ကိုနောက်မှယူပြီး လူကိုအရင်သိမ်းလိုက်ရမလားလို့ တွေးမိတယ်။
"မပေးဘူး....ကျွန်တော်ယူသွားမှာ"
"အေးကွာ...ယူသွား...ပြီးရင် ငါနဲ့လာမပတ်သက်နဲ့တော့...ငါလက်ထပ်တော့မယ်"
ကိုကို့ရဲ့စကားလုံးတွေကြောင့် အလန့်တကြားကိုကို့ကိုကြည့်မိတော့ ကိုကိုက လက်နှစ်ဖက်ကို ပိုက်ထားကာ ကုတင်ပေါ် ခြေ ချိတ်ထိုင်နေသည်။ကိုကိုကအေးအေးလူလူနေနိုင်ပေမယ့် သူ့ရင်ထဲမှာမီးတောင်ပေါက်ကွဲသလို ပူလောင်နေပြီ။
"ကိုကို လိမ်နေတာ"
"မလိမ်ဘူး....တစ်ကယ်လက်ထပ်တော့မှာ
အဲဒါကြောင့် ငါ့ကိုလာမနှောက်ယှက်နဲ့တော့
ပြန်တော့"
သူ့စကားကြောင့်ကောင်လေးက တဖြည်းဖြည်း မျက်နှာမဲ့လာကာ
"ဟင့်....ကိုကိုလူဆိုးကောင်.....လာညာနေတယ်....ဟင့်....ချစ်အောင်လုပ်ပြီးမှ....ကိုကိုတာဝန်ယူရမှာ....ဟင့်"
"နားငြီးတယ်ကွာ.....လာငိုမနေနဲ့....
ကလေးမဟုတ်သူငယ်မဟုတ်....မရှက်ဘူးလား....ငါက ကလေးလိုလို ဘာလိုလိုကို
စိတ်မဝင်စားဘူး....အဲဒါကြောင့် မင်း ပြန်တာအကောင်းဆုံးပဲ...ပြောရမှာအားနာပေမယ့်..
မင်းလိုကလေးကို ငါကမချစ်ဘူး"
"ဟင့်....မချစ်ဘူးမပြောနဲ့.....ဟင့်....
လက်ထပ်ရဲ...လက်ထပ်ကြည့်....မချစ်လဲ...ကားတင်ပြေးပြီး....အပိုင်သိမ်းပစ်မှာ....
ကိုကိုက.... ကျွန်တော့်အပိုင်"
ငိုယိုကာ ပြတင်းပေါက်ကနေ ဆင်းသွားသောကလေးကိုကြည့်ပြီး ရိပေါ်ရင်ထဲကမခံမရပ်နိုင်အောင်နာလာသည်။
ငယ်သေးလို့စိတ်ကစားတာပါ....
ကလေးငယ်....
မနီးနိုင်မယ့်အတူတူဝေးလိုက်ရအောင်။
အချိန်တန်ရင် ငါ့ကို မေ့သွားမှာပါ.....။
"ဟင့်....ကိုကိုညာတယ်.....ပြတင်းပေါက်နားက...နံနံပင်စည်းကြီးက ရယ်ပြနေတယ်သိလား.....ကားတင်ပြီးခိုးပြေးပစ်မယ်"
ပါးစပ်မှပွစိပွစိပြောရင်း စိတ်ကူးကိုအကောင်အထည်ဖော်ဖို့ ရှောင်ကျန့်က Plan ချနေပေမယ့် နှစ်ထပ်တိုက်လေးက အပေါ်ထပ်ခန်းမှာတော့ ရှိုက်သံသဲ့သဲ့လေးတွေထွက်ပေါ်နေသည်။
"မောင်....ငါ....ငါလည်း.မင်းကို ပိုင်ဆိုင်ချင်တယ်"
By....MiMoSa
ကျွန်တော်နေသိပ်မကောင်းလို့ Updateက ကြာချင်ကြာမယ်။
နေမကောင်းဖြစ်ရင် ကျွန်တော်ကရက်ရှည်တတ်လို့။အဆင်ပြေရင်ပြေသလို ရေးပေးမယ်နော်။