1. Close to... You (မင်းနဲ့နီ...

By DoeymyDoe

1.8M 171K 5.1K

Love is painful but still do it More

Intro
P 1
P 2
P 3
P 4
P 5
P 6
P 7
P 8
P 9
P 10
P 11
P 12
P 13
P 14
P 15
P 16
P 17
P 18
P 19
P 20
P 21
P 22
P 23
P 24
P 25
P 26
P 27
P 28
P 29
P 30
P 31
P 32
P 33
P 34
P 35
Extra part (2)
Extra M
Character Art
Character Art 2
Group photo
Book Detail

Extra Part 1

61.1K 4.4K 199
By DoeymyDoe

ဆွေပြမျိုးပြ သွားကြမယ်
------------------

"အကိုရေ၊ ထတော့လေ၊ မနက်၈နာရီတောင် ရှိနေပြီ"

လုံးလုံးလေးကို ပွေ့ထားရင်း နွမ်းခါးက ခွဲခြားကို နှိုးရသည်။ ဒီနေ့ အကိုက သူ့ဆွေမျိုးတွေ ရှိရာဆီ လိုက်ပို့မယ်ဟု ပြောထားသည်။ သူတို့အခုတည်းက ထွက်မှ ညနေလောက်ရောက်မှာ။

"အင်း ထပြီ၊ ထပြီ"

အရင်ကဆို စောစောနိုးတတ်တဲ့ ခွဲခြားက အခုဆို နွမ်းခါး လာမနှိုးမချင်း လုံး၀မထ။ အပျင်းထူတာရယ်လို့ မဟုတ်ပဲ၊ တကုပ်ကုပ်နှင့် မနက်တိုင်း အလုပ်ရှုပ်တတ်သည့် ချစ်ရသူကို အိပ်ရာထဲက ကြည့်ရတာကို နှစ်ခြိုက်၍ ဖြစ်သည်။

"လုံးလုံးလေး၊ ဖေကြီး သားလေး၊ နိုးတာတောင် မငိုဘူး၊ လာပါဦး အာဘွားပေးချင်လို့"

ခွဲခြား၏အလုပ်က နိုးလာသည်နှင့် လုံးလုံးကို စနောက်ရန်ဖြစ်သည်။

"မလုပ်ပါနဲ့ အကိုရာ၊ ကလေးက ငယ်သေးတယ် မျက်နှာမသစ်ရသေးပဲ မနမ်းနဲ့၊ ရေသွားချိုးတော့လေ"

အကယ်၍များ လုံးလုံးကို စနောက်ဖို့ အခွင့်မသာရင်တော့ သူစနောက်မည့်သူက နွမ်းခါးပဲ ဖြစ်လေသည်။

"ဒါဆို အရွယ်ရောက်ပြီးသား ကလေးကို နမ်းမယ်လေ၊ ဒီကိုလာ"

ပခုံးလေးကနေ အသာဆွဲရင် ပါးလေးကို ရွှတ်ခနဲနမ်းလိုက်တော့ နွမ်းခါးက မနိုင်ဘူးဟူသည့် အကြည့်ဖြင့် ခေါင်းရမ်းလေသည်။ မနက်မိုးလင်းတိုင်း ချစ်ရသူနဲ့အတူ နိုးထရသည်က ဘယ်လောက် ကြည်နူးဖို့ ကောင်းလိုက်သလဲ။

"အကို့ အ၀တ်အစားတွေ နိုင်သလောက်တော့ ထည့်ပေးထားတယ်၊ လုံးလုံးနိုးလာလို့ မပြီးလိုက်ဘူး"

"ရပါတယ် ကိုယ့်အချစ်ရယ်၊ ဒီလောက်ကတော့ ကိုယ်လုပ်နိုင်ပါတယ်"

ခွဲခြားကပြောရင်း နွမ်းခါး ရင်ခွင်ထဲက လုံးလုံးကို နမ်းဖြစ်အောင် နမ်းသွားသေးသည်။ လုံးလုံးလေးက လက်သီးဆုပ် သေးသေးလေးတွေနဲ့ ယက်ကန် ယက်ကန် လုပ်ပြသေးသည်။ ရေမိုးချိုးပြီးတော့ နွမ်းခါး မပြင်တတ်ပြင်တတ် ပြင်ထားသည့် မနက်စာကို စားရပြန်သည်။ ခွဲခြားအတွက်တော့ ချစ်သူ ဘာကျွေးကျွေး ချိုမြိန်နေတာပဲ။

ခွဲခြား၏ အမျိုးများက ပြင်ဦးလွင်တွင် ရှိသည်မို့ ‌နွမ်းခါးကို ခေါ်သွားရန် သိပ်တော့အခက်မတွေ့ပါ။ ခွဲခြားတို့မိသားစုပိုင် စပျစ်ခြံကိုလည်း သူရောက်ဖူးနေတော့လေ။

ကားပေါ်မှာ မီးမီးခဲနှင့် ထူးအယ်လင်းတို့၏ "မင်း" သီချင်းသံက ပျံ့လွင့်နေသည်။ ဒီသီချင်းကို နွမ်းခါးရော ခွဲခြားပါ နှစ်သက်သည်မို့ ခရီးသွားလျှင် အမြဲ ဖွင့်ဖြစ်သည်။လုံးလုံးသည်ကား အသက်တစ်နှစ်ပင် ပြည့်တော့မည်မို့ နွမ်းခါး ပေါင်ပေါ်တွင် ထိုင်ကာ သီချင်းသံကို နားထောင်နေသည်။ လုံးလုံးလေးက ငယ်သေးပေမယ့် တော်တော်လေးလည်သည်။ ငြိမ်လည်းငြိမ်သည်။ တော်ရုံ‌လည်း မငိုတာကြောင့် ဘယ်သွားသွား အေးအေးဆေးဆေး သွားလို့ရလေသည်။

"ကိုယ့်အချစ် ညောင်းနေရင်၊ သားလေးကို ကိုယ်တစ်လှည့် ခေါ်ထားပေးရမလား"

နေပြည်တော်က ထွက်လာကတည်းက နွမ်းခါးက ကလေးကို ပေါင်ပေါ်တင်ထားရသည်မို့ ညောင်နေမည်စိုး၍ မေးရသည်။

""အဲ့ဒါဆို ကျွန်တော် တစ်လှည့်မောင်းပေးမယ်လေ၊ အကို ကလေးချီပေး"

နွမ်းခါးက အပြုံးလေးနှင့်ဆိုလေလျှင် နှုတ်ခမ်းနားက အချိုင့်လေးက ထင်းကနဲပေါ်သည်။ မျက်၀န်းညိုတွေက အရင်ကထက် အရောင်တောက်လာသည်မို့ ခွဲခြားကတော့ ပျော်ပါသည်။ ချစ်ရသူ၏ ပျော်ရွှင်ခြင်းက ကိုယ့်ကြောင့်ဆိုတာထက် ပိုပြီး ပျော်ရတာ ရှိပါဦးမလား။

"ရပါတယ်၊ မမောင်းပါနဲ့ကွာ၊ ညောင်းရင်သာ ကိုယ့်ကိုပေးထားပါ"

ကြည့်ရတာ အကိုက ကားနှင့်ပါတ်သတ်လျှင် နွမ်းခါးကို အခုထိ စိတ်ချဟန်မရှိသေးပါ။ ကျွန်တော်တို့ အတိတ်တွေက သိပ်မှ မကောင်းခဲ့တာ။

နွမ်းခါးက ကိုယ်လေးကို နေရာရွှေ့၍ ခွဲခြားနား ကပ်သည်ထက် ကပ်အောင် တိုးသွားလေသည်။ ‌သူ့ခေါင်းလုံးလုံးလေးကို ခွဲခြားလက်မောင်းပေါ်မှီလိုက်တော့ ဂီယာလည်း ကိုင်ရလွယ်၊ နွမ်းခါးလည်း မှီရလွယ်စေရန် ခွဲခြားက သူ့လက်ကို နေရာပြင်ပေးသည်။ သူနှင့်အနီးကပ်ဆုံးမှာ ရှိနေသည့် ခပ်ထူထူ ဆံနွယ်လေးတွေကို ငုံ့ပြီးနမ်းရှိုက်ရသေးသည်။

"ကိုယ့်အချစ်"

"ဗျာ"

"ချစ်တယ်"

အကို့ရဲ့ "ချစ်တယ်"ဆိုတဲ့ စကားလုံးကိုကြားရဖို့ အများကြီး ဖြတ်ကျော်ခဲ့ရတာကို သတိထားမိတော့ ဒီစကားဟာ ကျွန်တော့အတွက်တော့ သိပ်ကို တန်ဖိုးကြီးတယ်။ ကျွန်တော်တစ်ဦးတည်းအတွက် ရည်ညွှန်းသည့်၊ အကိုလေးနက်စွာ ခွန်းဖွဲ့ဆိုသည့် စကားလုံးတိုင်းကို ကျွန်တော် တန်ဖိုးထားတယ်။ အားလုံးနဲ့လဲခဲ့ရပါတယ် အကို။ အကိုနဲ့အတူ ရှိဖို့အတွက်ပေါ့။

"ကျွန်တော်လည်း ချစ်တယ်"

"ချစ်ရင် ခေါင်းလေးမော့ပေးဦးလေ"

ခွဲခြားက ပြုံး၍ဆိုတော့ နွမ်းခါးသည်လည်း ထပ်တူ ပြုံးလေသည်။ အကိုဟာလေ တစ်ခါတစ်လေ သိပ်အကဲပိုသည်။

"ကားကိုပဲ အရှေ့ကြည့်မောင်းပါ အကိုရယ်"

"ခဏလေးပဲကို"

ခွဲခြားက ထပ်မံဆိုတော့ နွမ်းခါး မငြင်းနိုင်ပါ။ နွမ်းခါးသည်ကား ပိုချစ်ပေးချင်တဲ့သူ မဟုတ်လား။ ခေါင်းကို အသာမော့ပေးတော့ နဖူးထက်ကို အကို့အနမ်းက နူးနူးညံ့ညံ့ ကျဆင်းသည်။ ဒီလောက်ဆို သူ့ဘ၀ကြီးက လုံခြုံသွားပြီ။

ပြင်ဦးလွင်ကို ရောက်တော့ ညနေ ၃နာရီပင် ကျော်နေပြီ ဖြစ်သည်။ အကို့မိဘတွေက အနေအေးကြသည်မို့ ဘာမျှ မဆိုကြဘူးဆိုပေမယ့် နွမ်းခါးမှာ သူတို့နှင့် လက်ပွန်းတတီးနေဖို့ အချိန်မရခဲ့ပါ။ အခုမှ အကို့အလုပ်ကိစ္စနှင့် မန္တလေးအပြန် ကြုံသည်မို့ အကို့မိဘအိမ်မှာ သုံးလေးရက်လောက် နေမည်ဟု တိုင်ပင်ထားကြတာဖြး်သည်။ အကိုပြောတဲ့ ဆွေပြမျိုးပြခရီးက နွမ်းခါးအတွက်တော့ အနည်းငယ် လန့်မိသည်။ ကြည်ဖြူပါ့မလားဆိုသည့် အတွေးများက အမြဲ နှောင့်ယှက်နေသည်။ သူတို့သားကို နွမ်းခါးက အောက်လမ်းနည်းဖြင့် ပြုစားခဲ့သည့်အပြင် လိင်တူယူအောင်လည်း ဆွဲဆောင်ခဲ့သည်မလား။

"ဘာမှ ကြောက်စရာမလိုဘူး‌နော်၊ အမေတို့က ကိုယ့်အချစ်ကို တွေ့ချင်တယ်လို့ အမြဲပြောနေတာ"

နွမ်းခါးတို့က တိတ်တဆိတ်သာ မဂ်လာလက်မှတ်ထိုးခဲ့ကြသည်။ ဒါကလည်း နွမ်းခါး၏ အေးချမ်းစွာပဲ ပြီးသွားစေချင်သော စေတနာကြောင့်ဖြစ်သည်။ အကိုအပိုအလုပ်ရှုပ်မှာ မလိုလားဘူးလေ။ ထို့ကြောင့် နှစ်ဖက်မိဘ သိသည်ဆိုရုံသာ လက်မှတ်ရေးထိုးခဲ့ကြတာမို့ နွမ်းခါးအနေနဲ့ အခုမှ ခွဲခြား၏ မိဘများထံ ကိုယ်တိုင်သွားရောက် နှုတ်ဆက်ရမည်ဖြစ်သည်။

နွမ်းခါးပခုံးကို ဖက်ထားသည့် ခွဲခြား၏ လက်များက သန်မာလှသည်။ လက်ဆောင်ထုတ်များကို နွမ်းခါးက ကိုင်ထားပြီး ခွဲခြားက လုံးလုံးလေးကို ချီ၍ ခြံ၀န်းအကျယ်ကြီးထဲက နှစ်ထပ်တိုက်အိမ်လေးထဲကို ခြေချမိတော့သည်။

"သားငယ် လာပြီ၊ မိန်းမရေ သားငယ် ရောက်လာပြီ၊ မင်းသမက်လည်း ပါတယ်"

နွမ်းခါးတို့ကို မြင်သည်နှင့် ခွဲခြား၏ အဖေက မီးဖိုချောင်ဘက်ကို လှမ်းအော်သည်။ မီးဖိုချောင်ထဲမှာ တလှုပ်လှုပ်နဲ့ အလုပ်ရှုပ်နေသည့် ခွဲခြား၏ အမေက ထိုအခါမှ အပြေးအလွှာထွက်လာသည်။ ငါးဆယ်ကျော် ခြောက်ဆယ်နားနီးနေတာတောင် ကျန်းမာ သန်စွမ်းတုန်းပဲ။

"မြေးလေးပါ ပါတာလား"

နွမ်းခါး အနည်းငယ်တော့ ကြောက်သည်။ အစကတည်းက လူကြောက်ပါတယ်ဆို ယောက္ခမကြီးကိုတော့ ပိုကြောက်သည်။ သို့ပေမယ် အန်တီက နွေးထွေးစွာ ပြုံးလျက်ပဲ ကြိုဆိုသည်။

"သားလေး နွမ်းခါး လာ ထိုင် ဒီမှာ၊ အမေ ဟင်းချက်နေတာ ကျက်တော့မယ်၊ ပြီးရင် အတူတူ လက်စုံစားကြတာပေါ့"

မိသားစု လက်ဆုံစားသည်တဲ့။ နွမ်းခါး တစ်ခါမှ မကြုံခဲ့ဖူးပါ။ ခေါင်းလေးသာ ညိတ်ပြပြီး ဆိုဖာပေါ်‌မှာ ၀င်ထိုင်တော့ အန်ကယ်ကပါ နွမ်းခါး၏ မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်ကြသည်။

"သားငယ်ရော အလုပ်အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ပြေပါတယ် ဖေဖေ၊ အခု ကျွန်တော် ပြင်ဦးလွင်မှာ အရက်ချက်စက်ရုံ တိုးချဲ့မလို့ လာတာ၊ နောက်ပိုင်း အခြေချရင် အဖေတို့နဲ့လည်း တွေ့ရတာပေါ့"

အကိုကတော့ ပေါ့ပေါ့ပါးပါး စကားပြောနေပေမယ့် ကျွန်တော့်မှာ ပြောစရာစကားမရှိခဲ့ပါ။ မိသားစုဆိုတဲ့ အငွေ့အသက်က တော်တော်လေးကို စိမ်းနေခဲ့သည်။

"နွမ်းခါးလေး"

"ဗျာ"

"လွတ်လွတ်လပ်လပ်နေနော် အဖေတို့ကို ဘာမှ ကြောက်စရာ မလိုဘူး၊ ကိုယ့်မိဘတွေလိုပဲ သဘောထား"

အကို့ရဲ့မိဘတွေက အကို့လိုပဲ စိတ်သဘောထားပြည့်၀သည်။ ဒီမိဘက သွန်သင်လို့ ဒီလိုသားမျိုး မွေးလာတာပဲ။ လိမ္မာရေးခြားရှိတဲ့ အငယ်ဆုံးသားကို အရယူလိုက်မိတာကိုတော့ စိတ်မကောင်းပါဘူး။

"ဟုတ်ကဲ့ပါ အန်ကယ်"

နွမ်းခါး အဖေလို့ ခေါ်ဖို့ မရဲပါဘူး။ ဒယ်ဒီ့ကိုတောင် တစ်လတစ်ခါမှန်အောင် ဖုန်းမခေါ်ခဲ့ဖူးဘူး။

"အပေါ်ထပ်မှာ အမေအခန်းပြင်ခိုင်းထားတယ်၊ သားငယ် နွမ်းခါးလေးကို ခေါ်သွားလေ"

အမေဖြစ်သူ၏စကားကြောင့် ခွဲခြားက နွမ်းခါး၏ လက်ကိုဆွဲ၍ အပေါ်သို့တက်ခဲ့ရသည်။ သူအရင်က နေခဲ့ဖူးသည့် အခန်းလေးထဲမှာပဲ အခန်းပြင်ပေးထားသည်မို့ သူ့အတွက်က သိပ်မဆန်းပါ။

"အကို ငယ်ငယ်က ဓာတ်ပုံတွေ ကြည့်ချင်လား"

နွမ်းခါးက သိသိသာသာ ငြိမ်နေတာကြောင့် ခွဲခြားက စိတ်ပြောင်းစေရန် ပြောရသည်။ နွမ်းခါးက ပြုံး၍ ခေါင်းညိတ်ပြတော့ လုံးလုံးလေးကို နွမ်းခါးဆီ ပေးလိုက်ရသည်။ သူ့ငယ်ငယ်က အမှတ်တရတွေကတော့ သိပ်မရှိပါဘူး။ လိမ္မာပြီး ကြိုးစားခဲ့သည့် ကလေးတစ်ဦးထက် ဘာမှ မပိုခဲ့ဘူး။ နွမ်းခါးနဲ့ဆုံတွေ့ရမှ သူ့ဘ၀က အနိမ့်အမြင့်မညီတဲ့ ဘ၀ဇာတ်ခုံမှာ ကရတော့တာ။ ဒါပေမယ့် သူပျော်သည်လေ။ နွမ်းခါးက သူ့ရဲ့ ဇာတ်ဆရာပဲ။ စေလိုရာ ညွှန်နိုင်ပါတယ်။

ဓာတ်ပုံ အယ်လ်ဘမ်ကို ကြည့်ရင်း တစ်နေရာရောက်တော့ ကလေး လေးဦး အတူ‌ရိုက်ထားသည့်ပုံကို တွေ့ရသည်။ အငယ်ဆုံး ကလေးလေးက အသက်၅နှစ်လောက်ပဲ ရှိဦးမည်။ တစ်ဦးတည်းသော မိန်းကလေးက အသက်အကြီးဆုံး ဖြစ်ဟန်တူသည်။

"အဲ့ဒါ ဒွန်းနေခတို့ မောင်နှမတွေနဲ့ အတူရိုက်ထားတာ၊ အဲ့တုန်းက ကိုယ်တို့ ရန်ကုန်မှာပဲ ရှိသေးတယ်"

"ဟုတ်လား၊ နိုနိုလေးက ငယ်ငယ်ထဲက ပါးဖောင်းဖောင်းလေးနော်"

ထိုအခါ ခွဲခြားက နွမ်းခါးကို ကြည့်၍ ပြုံးသည်။ သူ့ရှေ့က ကောင်လေးကရော ချစ်ဖို့မကောင်းလို့လား။

"အင်း ဟုတ်တယ်၊ သူက ငယ်ငယ်ထဲက ချစ်စရာလေး၊ ကိုယ်မျက်လုံးထဲမှာတော့ မင်းက ချစ်ဖို့ အကောင်းဆုံးပဲ"

ထိုအခါ နွမ်းခါးက ရှက်သွေးဖြာ၍ပြုံးသည်။ အကို့ဆီက အီစီကလီစကားတွေကို နားထောင်ဖို့ အခုထိ နားရည်မ၀နိုင်သေးဘူး။

"အာ အဲ့လိုကြီးတွေ မပြောနဲ့ဆို အကိုရာ၊ သွား ရေသွားချိုးတော့၊ အန်တီတို့စောင့်နေလိမ့်မယ်"

"အမေလို့ ခေါ်ပါ ကိုယ့်အချစ်ရယ်၊ ကိုယ့်မိဘက မင်းမိဘတွေပဲလေ"

"အားနာလို့ပါ အကိုရယ်"

"ဘာအားနာစရာရှိလဲ၊ မိသားစုတွေလေ ကိုယ့်အချစ်ရဲ့"

ခွဲခြား စိတ်မကောင်းဖြစ်ရသည်ကတော့ အမှန်ပဲ။ မိသားစုဆိုသည့် အသံကိုကြားလျှင် နွမ်းခါး မျက်နှာလေးက ညှိုးငယ်သွားလေ့ရှိသည်။ နွမ်းခါး၏ ဘ၀အကြောင်းအား မိဘများကို ရှင်းပြပြီးပြီမို့ မိဘများကလည်း အနွေးထွေးဆုံး ဆက်ဆံပေးနေတာ ခွဲခြားသိသည်။ သို့သော် နွမ်းခါးက ဒီအခြေအနေမျိုးနဲ့ မရင်းနှီးသေးဘူး ထင်ပါတယ်။

"ဟုတ်ကဲ့ပါ အကို၊ ကျွန်တော် ခေါ်လိုက်ပါ့မယ်"

နွမ်းခါးကို ခေါ်၍ အောက်ထပ်သို့ ပြန်ဆင်းတော့ မိခင်ဖြစ်သူက ထမင်းစားပွဲကို ပြင်ပြီးသွားပြီ။ ဖခင်ဖြစ်သူကလည်း သူတို့နှစ်ဦးကို စောင့်နေသည်။

"သားတို့ လာကြ၊ မေမေ့မြေးလေးကို ချီပါရစေဦး၊ အမလေး ထွားလိုက်တာတော်၊ ချစ်စရာကောင်းလိုက်တာ"

နွမ်းခါးက ယောက္ခမဖြစ်သူ၏ အမူအရာကို ကြည့်၍ ကြည်နူးမိသည်။ အကို့မိဘတွေက အကိုပြောသလို တကယ် အနေအေးတာပဲ။

"နွမ်းခါး သားလေး ထည့်စား၊ များများစား သားကြိုက်တတ်တာတွေ ခွဲခြားကို လှမ်းမေးပြီး ချက်ထားတာ"

နွမ်းခါး၏ ပန်းကန်ထဲကို ထမင်းဝိုင်းတစ်ခုလုံးရှိ လူများက သူ့အကြိုက်တွေချည်း ဝိုင်းထည့်ပေးတော့ နွမ်းခါး မျက်ရည်ဝိုင်းရသည်။ နွမ်းခါးဘ၀မှာ မိဘနှစ်ပါးနဲ့ ထမင်းလက်စုံစားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။

‌စားပြီးတော့လည်း အမေက စကားလာပြောသည်။ ကျွန်တော် မဝံ့မရဲနဲ့ အမေဟု ခေါ်မိတော့လည်း ပြုံးရှာသည်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။ သားသုံးယောက်ဖြစ်သွားတော့လည်း ကောင်းတာပဲတဲ့။ ပြီးတော့ အမေရော အဖေရောက လုံးလုံးလေးကို သိပ်ချစ်တယ်။ ကျွန်တော် အကို့ကို ချစ်ခဲ့မိတာ လုံး၀ နောင်တ မရမယ့် အချက်ကလည်း အဖေနဲ့အမေကြောင့်လည်း ပါ၀င်လာခဲ့တယ်။ ကျွန်တော့်အပေါ် မိသားစုလို ဆက်ဆံပေးတိုင်း အကို့ကိုပဲ ကျေးဇူးတင်နေမိတော့တာ။

"ကိုယ့်အချစ်လေး အိပ်ကြမယ်လေ၊ မနက်ကျရင် ကိုယ့်အကိုက လာလည်ဖို့ ပြောထားတယ်"

၀ရန်တာမှာ ထွက်ငေးသည့် ကောင်လေးကို အနောက်ကနေ ခါးလေးကို သိမ်းဖက်ရင်း ဆိုမိသည်။ အမေကတော့ လုံးလုံးကို သူနဲ့ခေါ်သိပ်မည်ဆိုပြီး ခေါ်သွားတာပဲ။ သားလေး လုံးလုံးကြောင့် အနေအထိုင် ဆင်ခြင်ခဲ့ရတာမို့ နှစ်ယောက်တည်း မနေရတာ တော်တော်တောင် ကြာနေပြီလို့ ခံစားနေရသည်။

"ဒီည အဟမ်း.. ကိုယ့်ကို ဟိုလေ"

ခွဲခြားက ခွင့်တောင်းချင်ပေမယ့် စကားတွေသာ ထစ်ရင်း ပြီးဆုံးရသည်။ နွမ်းခါးလေးက သူတို့ကျောင်းတုန်းက ဖြစ်ခဲ့သည့် အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး စိတ်ဒဏ်ရာ ရနေလောက်မလားဆိုသည့် အတွေးကြောင့် တစ်နှစ်နီးပါးကြာသည်အထိ ဖက်ရုံ နမ်းရုံကလွဲ သူအဆင့်မတက်မိပါ။

နွမ်းခါးက ရင်ခွင်ထဲမှ နေ၍ ရယ်သည်။ ပြီးတော့ ရှက်သွေးဖြာဟန် ခေါင်းကိုငုံ့၍ ဆိုသည်။

"အကို အမြဲတမ်း ဒီစကားပြောမယ်ဆို တစ်၀က်လောက်နဲ့ ရပ်ရပ်သွားတယ်၊ ကျွန်တော် ပြောချင်တာက ကျွန်တော်က အကို့အပိုင်ပါနော်၊ ပြီးတော့ အဲ့ဒီကိစ္စကိုလည်း အနည်းနဲ့အများတော့ သိပါတယ်"

ဟိုက်။ သူကသာ ချီတုံချတုံ ဖြစ်နေတာ နွမ်းခါးက ဘယ်ချိန်တုန်းက လေ့လာလိုက်ပါလိမ့်။

"နှာဘူးလေး၊ ကိုယ်ပြောချင်တာ ကိုယ့်အချစ်လေးသိရင် ပြီးတာပဲ၊ ဒါဆို ကိုယ့်ကို ခွင့်ပြုမလားဟင်"

နွမ်းခါးက ငြိမ်သက်နေရာမှာ ခေါင်းလေးညိတ်ပြသည်။ သူတို့အခြေအနေက ရည်းစားတောင် မဖြစ်ရသေးခင်ကတည်းက ကလေးရနေသည့်ပုံမျိုး ဖြစ်နေတာကြောင့် တော်တော်လေးကို ထိန်းသိမ်းထားခဲ့ရသည်။ အခုသူ နွမ်းခါး၏ ခွင့်ပြုချက်ကို ရပြီ။

ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်တော့ ဆွေ့ခနဲပါလာသည်။ သူ့မျက်နှာလေး ဖြူဖြူချောချောက မီးရောင်အောက်မှာ သိပ်လှသည်။

ကုတင်ပေါ်ကို အသာချတော့လည်း အရှက်သည်းစွာ မျက်၀န်းများကို ပိတ်ထားသည်။ မျက်လွှာလေးကို ခွဲခြား နမ်းလိုက်ပြီး ‌နှာခေါင်းထိပ်လေးကိုပါ နမ်းလိုက်သည်။ ထို့နောက် သူ၏ ဦးတည်ရာက နီစွေးသော နှုတ်ခမ်းလေးများဆီကို။

ဖွင့်ထားသည့် ပြတင်းပေါက်ကနေ လေပြေလေး တိုးဝေ့၍ ၀င်ရောက်သည်။ သူတို့နှစ်ဦးက အချမ်းဓာတ်ကို မသိကျေးကျွန်ပြု၍ နှစ်ဦးသား ထွေးဖက်ထားကြသည်။ တစ်စတစ်စ တိုးပွားလာသည့် အချစ်တွေကြောင့် လိုက်ကာအဖြူလေးတောင် ရှက်သွေးဖြာ၍ ဘယ်ညာယိမ်းလေသည်။

"ချစ်တယ် အချစ်ရယ်၊ ကိုယ် မင်းကို သိပ်ချစ်တယ်"

ချစ်သူနှုတ်ဖျားက တီးတိုးစကားသံကြောင့် နွမ်းခါးရင်ထဲ ကြည်နူးမိသည်။ နောက်ထပ် အခွင့်အရေး ထပ်ရဦးမယ်ဆိုလည်း ကျွန်တော် အကို့ကိုပဲ ရွေးချယ်နေမိဦးမှာပဲ။ ပြီးတော့ အကိုကလည်း ကျွန်တော့ကိုပဲ လက်ခံပေးလိမ့်မည်ဆိုတာကို အခုများတော့‌ဖြင့် ကျွန်တော် ယုံပါပြီ။ အကိုရေ...ကျွန်တော်လည်း သိပ်ချစ်ပါတယ်။

--------------------
Uwu🥺🥺🥺 long time no see နွမ်းခါးလေးရေ

Extraတောင်းနေသူများ ကျေနပ်ကြပါနော်၊ မရိုတတ်ရိုတတ် ရေးထားတာမို့ ခွင့်လွှတ်ပါလို့😁

Zawgyi

ေဆြျပမ်ိဳးျပ သြားၾကမယ္
------------------

"အကိုေရ၊ ထေတာ့ေလ၊ မနက္၈နာရီေတာင္ ရွိေနၿပီ"

လုံးလုံးေလးကို ေပြ႕ထားရင္း ႏြမ္းခါးက ခြဲျခားကို ႏွိုးရသည္။ ဒီေန႕ အကိုက သူ႕ေဆြမ်ိဳးေတြ ရွိရာဆီ လိုက္ပို႔မယ္ဟု ေျပာထားသည္။ သူတို႔အခုတည္းက ထြက္မွ ညေနေလာက္ေရာက္မွာ။

"အင္း ထၿပီ၊ ထၿပီ"

အရင္ကဆို ေစာေစာနိုးတတ္တဲ့ ခြဲျခားက အခုဆို ႏြမ္းခါး လာမႏွိုးမခ်င္း လုံး၀မထ။ အပ်င္းထူတာရယ္လို႔ မဟုတ္ပဲ၊ တကုပ္ကုပ္ႏွင့္ မနက္တိုင္း အလုပ္ရႈပ္တတ္သည့္ ခ်စ္ရသူကို အိပ္ရာထဲက ၾကည့္ရတာကို ႏွစ္ၿခိဳက္၍ ျဖစ္သည္။

"လုံးလုံးေလး၊ ေဖႀကီး သားေလး၊ နိုးတာေတာင္ မငိုဘူး၊ လာပါဦး အာဘြားေပးခ်င္လို႔"

ခြဲျခား၏အလုပ္က နိုးလာသည္ႏွင့္ လုံးလုံးကို စေနာက္ရန္ျဖစ္သည္။

"မလုပ္ပါနဲ႕ အကိုရာ၊ ကေလးက ငယ္ေသးတယ္ မ်က္ႏွာမသစ္ရေသးပဲ မနမ္းနဲ႕၊ ေရသြားခ်ိဳးေတာ့ေလ"

အကယ္၍မ်ား လုံးလုံးကို စေနာက္ဖို႔ အခြင့္မသာရင္ေတာ့ သူစေနာက္မည့္သူက ႏြမ္းခါးပဲ ျဖစ္ေလသည္။

"ဒါဆို အ႐ြယ္ေရာက္ၿပီးသား ကေလးကို နမ္းမယ္ေလ၊ ဒီကိုလာ"

ပခုံးေလးကေန အသာဆြဲရင္ ပါးေလးကို ႐ႊတ္ခနဲနမ္းလိုက္ေတာ့ ႏြမ္းခါးက မနိုင္ဘူးဟူသည့္ အၾကည့္ျဖင့္ ေခါင္းရမ္းေလသည္။ မနက္မိုးလင္းတိုင္း ခ်စ္ရသူနဲ႕အတူ နိုးထရသည္က ဘယ္ေလာက္ ၾကည္ႏူးဖို႔ ေကာင္းလိုက္သလဲ။

"အကို႔ အ၀တ္အစားေတြ နိုင္သေလာက္ေတာ့ ထည့္ေပးထားတယ္၊ လုံးလုံးနိုးလာလို႔ မၿပီးလိုက္ဘူး"

"ရပါတယ္ ကိုယ့္အခ်စ္ရယ္၊ ဒီေလာက္ကေတာ့ ကိုယ္လုပ္နိုင္ပါတယ္"

ခြဲျခားကေျပာရင္း ႏြမ္းခါး ရင္ခြင္ထဲက လုံးလုံးကို နမ္းျဖစ္ေအာင္ နမ္းသြားေသးသည္။ လုံးလုံးေလးက လက္သီးဆုပ္ ေသးေသးေလးေတြနဲ႕ ယက္ကန္ ယက္ကန္ လုပ္ျပေသးသည္။ ေရမိုးခ်ိဳးၿပီးေတာ့ ႏြမ္းခါး မျပင္တတ္ျပင္တတ္ ျပင္ထားသည့္ မနက္စာကို စားရျပန္သည္။ ခြဲျခားအတြက္ေတာ့ ခ်စ္သူ ဘာေကြၽးေကြၽး ခ်ိဳၿမိန္ေနတာပဲ။

ခြဲျခား၏ အမ်ိဳးမ်ားက ျပင္ဦးလြင္တြင္ ရွိသည္မို႔ ‌ႏြမ္းခါးကို ေခၚသြားရန္ သိပ္ေတာ့အခက္မေတြ႕ပါ။ ခြဲျခားတို႔မိသားစုပိုင္ စပ်စ္ၿခံကိုလည္း သူေရာက္ဖူးေနေတာ့ေလ။

ကားေပၚမွာ မီးမီးခဲႏွင့္ ထူးအယ္လင္းတို႔၏ "မင္း" သီခ်င္းသံက ပ်ံ့လြင့္ေနသည္။ ဒီသီခ်င္းကို ႏြမ္းခါးေရာ ခြဲျခားပါ ႏွစ္သက္သည္မို႔ ခရီးသြားလွ်င္ အၿမဲ ဖြင့္ျဖစ္သည္။လုံးလုံးသည္ကား အသက္တစ္ႏွစ္ပင္ ျပည့္ေတာ့မည္မို႔ ႏြမ္းခါး ေပါင္ေပၚတြင္ ထိုင္ကာ သီခ်င္းသံကို နားေထာင္ေနသည္။ လုံးလုံးေလးက ငယ္ေသးေပမယ့္ ေတာ္ေတာ္ေလးလည္သည္။ ၿငိမ္လည္းၿငိမ္သည္။ ေတာ္႐ုံ‌လည္း မငိုတာေၾကာင့္ ဘယ္သြားသြား ေအးေအးေဆးေဆး သြားလို႔ရေလသည္။

"ကိုယ့္အခ်စ္ ေညာင္းေနရင္၊ သားေလးကို ကိုယ္တစ္လွည့္ ေခၚထားေပးရမလား"

ေနျပည္ေတာ္က ထြက္လာကတည္းက ႏြမ္းခါးက ကေလးကို ေပါင္ေပၚတင္ထားရသည္မို႔ ေညာင္ေနမည္စိုး၍ ေမးရသည္။

""အဲ့ဒါဆို ကြၽန္ေတာ္ တစ္လွည့္ေမာင္းေပးမယ္ေလ၊ အကို ကေလးခ်ီေပး"

ႏြမ္းခါးက အၿပဳံးေလးႏွင့္ဆိုေလလွ်င္ ႏႈတ္ခမ္းနားက အခ်ိဳင့္ေလးက ထင္းကနဲေပၚသည္။ မ်က္၀န္းညိုေတြက အရင္ကထက္ အေရာင္ေတာက္လာသည္မို႔ ခြဲျခားကေတာ့ ေပ်ာ္ပါသည္။ ခ်စ္ရသူ၏ ေပ်ာ္႐ႊင္ျခင္းက ကိုယ့္ေၾကာင့္ဆိုတာထက္ ပိုၿပီး ေပ်ာ္ရတာ ရွိပါဦးမလား။

"ရပါတယ္၊ မေမာင္းပါနဲ႕ကြာ၊ ေညာင္းရင္သာ ကိုယ့္ကိုေပးထားပါ"

ၾကည့္ရတာ အကိုက ကားႏွင့္ပါတ္သတ္လွ်င္ ႏြမ္းခါးကို အခုထိ စိတ္ခ်ဟန္မရွိေသးပါ။ ကြၽန္ေတာ္တို႔ အတိတ္ေတြက သိပ္မွ မေကာင္းခဲ့တာ။

ႏြမ္းခါးက ကိုယ္ေလးကို ေနရာေ႐ႊ႕၍ ခြဲျခားနား ကပ္သည္ထက္ ကပ္ေအာင္ တိုးသြားေလသည္။ ‌သူ႕ေခါင္းလုံးလုံးေလးကို ခြဲျခားလက္ေမာင္းေပၚမွီလိုက္ေတာ့ ဂီယာလည္း ကိုင္ရလြယ္၊ ႏြမ္းခါးလည္း မွီရလြယ္ေစရန္ ခြဲျခားက သူ႕လက္ကို ေနရာျပင္ေပးသည္။ သူႏွင့္အနီးကပ္ဆုံးမွာ ရွိေနသည့္ ခပ္ထူထူ ဆံႏြယ္ေလးေတြကို ငုံ႕ၿပီးနမ္းရွိုက္ရေသးသည္။

"ကိုယ့္အခ်စ္"

"ဗ်ာ"

"ခ်စ္တယ္"

အကို႔ရဲ႕ "ခ်စ္တယ္"ဆိုတဲ့ စကားလုံးကိုၾကားရဖို႔ အမ်ားႀကီး ျဖတ္ေက်ာ္ခဲ့ရတာကို သတိထားမိေတာ့ ဒီစကားဟာ ကြၽန္ေတာ့အတြက္ေတာ့ သိပ္ကို တန္ဖိုးႀကီးတယ္။ ကြၽန္ေတာ္တစ္ဦးတည္းအတြက္ ရည္ၫႊန္းသည့္၊ အကိုေလးနက္စြာ ခြန္းဖြဲ႕ဆိုသည့္ စကားလုံးတိုင္းကို ကြၽန္ေတာ္ တန္ဖိုးထားတယ္။ အားလုံးနဲ႕လဲခဲ့ရပါတယ္ အကို။ အကိုနဲ႕အတူ ရွိဖို႔အတြက္ေပါ့။

"ကြၽန္ေတာ္လည္း ခ်စ္တယ္"

"ခ်စ္ရင္ ေခါင္းေလးေမာ့ေပးဦးေလ"

ခြဲျခားက ၿပဳံး၍ဆိုေတာ့ ႏြမ္းခါးသည္လည္း ထပ္တူ ၿပဳံးေလသည္။ အကိုဟာေလ တစ္ခါတစ္ေလ သိပ္အကဲပိုသည္။

"ကားကိုပဲ အေရွ႕ၾကည့္ေမာင္းပါ အကိုရယ္"

"ခဏေလးပဲကို"

ခြဲျခားက ထပ္မံဆိုေတာ့ ႏြမ္းခါး မျငင္းနိုင္ပါ။ ႏြမ္းခါးသည္ကား ပိုခ်စ္ေပးခ်င္တဲ့သူ မဟုတ္လား။ ေခါင္းကို အသာေမာ့ေပးေတာ့ နဖူးထက္ကို အကို႔အနမ္းက ႏူးႏူးညံ့ညံ့ က်ဆင္းသည္။ ဒီေလာက္ဆို သူ႕ဘ၀ႀကီးက လုံၿခဳံသြားၿပီ။

ျပင္ဦးလြင္ကို ေရာက္ေတာ့ ညေန ၃နာရီပင္ ေက်ာ္ေနၿပီ ျဖစ္သည္။ အကို႔မိဘေတြက အေနေအးၾကသည္မို႔ ဘာမွ် မဆိုၾကဘူးဆိုေပမယ့္ ႏြမ္းခါးမွာ သူတို႔ႏွင့္ လက္ပြန္းတတီးေနဖို႔ အခ်ိန္မရခဲ့ပါ။ အခုမွ အကို႔အလုပ္ကိစၥႏွင့္ မႏၲေလးအျပန္ ႀကဳံသည္မို႔ အကို႔မိဘအိမ္မွာ သုံးေလးရက္ေလာက္ ေနမည္ဟု တိုင္ပင္ထားၾကတာျဖး္သည္။ အကိုေျပာတဲ့ ေဆြျပမ်ိဳးျပခရီးက ႏြမ္းခါးအတြက္ေတာ့ အနည္းငယ္ လန႔္မိသည္။ ၾကည္ျဖဴပါ့မလားဆိုသည့္ အေတြးမ်ားက အၿမဲ ေႏွာင့္ယွက္ေနသည္။ သူတို႔သားကို ႏြမ္းခါးက ေအာက္လမ္းနည္းျဖင့္ ျပဳစားခဲ့သည့္အျပင္ လိင္တူယူေအာင္လည္း ဆြဲေဆာင္ခဲ့သည္မလား။

"ဘာမွ ေၾကာက္စရာမလိုဘူး‌ေနာ္၊ အေမတို႔က ကိုယ့္အခ်စ္ကို ေတြ႕ခ်င္တယ္လို႔ အၿမဲေျပာေနတာ"

ႏြမ္းခါးတို႔က တိတ္တဆိတ္သာ မဂ္လာလက္မွတ္ထိုးခဲ့ၾကသည္။ ဒါကလည္း ႏြမ္းခါး၏ ေအးခ်မ္းစြာပဲ ၿပီးသြားေစခ်င္ေသာ ေစတနာေၾကာင့္ျဖစ္သည္။ အကိုအပိုအလုပ္ရႈပ္မွာ မလိုလားဘူးေလ။ ထို႔ေၾကာင့္ ႏွစ္ဖက္မိဘ သိသည္ဆို႐ုံသာ လက္မွတ္ေရးထိုးခဲ့ၾကတာမို႔ ႏြမ္းခါးအေနနဲ႕ အခုမွ ခြဲျခား၏ မိဘမ်ားထံ ကိုယ္တိုင္သြားေရာက္ ႏႈတ္ဆက္ရမည္ျဖစ္သည္။

ႏြမ္းခါးပခုံးကို ဖက္ထားသည့္ ခြဲျခား၏ လက္မ်ားက သန္မာလွသည္။ လက္ေဆာင္ထုတ္မ်ားကို ႏြမ္းခါးက ကိုင္ထားၿပီး ခြဲျခားက လုံးလုံးေလးကို ခ်ီ၍ ၿခံ၀န္းအက်ယ္ႀကီးထဲက ႏွစ္ထပ္တိုက္အိမ္ေလးထဲကို ေျခခ်မိေတာ့သည္။

"သားငယ္ လာၿပီ၊ မိန္းမေရ သားငယ္ ေရာက္လာၿပီ၊ မင္းသမက္လည္း ပါတယ္"

ႏြမ္းခါးတို႔ကို ျမင္သည္ႏွင့္ ခြဲျခား၏ အေဖက မီးဖိုေခ်ာင္ဘက္ကို လွမ္းေအာ္သည္။ မီးဖိုေခ်ာင္ထဲမွာ တလႈပ္လႈပ္နဲ႕ အလုပ္ရႈပ္ေနသည့္ ခြဲျခား၏ အေမက ထိုအခါမွ အေျပးအလႊာထြက္လာသည္။ ငါးဆယ္ေက်ာ္ ေျခာက္ဆယ္နားနီးေနတာေတာင္ က်န္းမာ သန္စြမ္းတုန္းပဲ။

"ေျမးေလးပါ ပါတာလား"

ႏြမ္းခါး အနည္းငယ္ေတာ့ ေၾကာက္သည္။ အစကတည္းက လူေၾကာက္ပါတယ္ဆို ေယာကၡမႀကီးကိုေတာ့ ပိုေၾကာက္သည္။ သို႔ေပမယ္ အန္တီက ေႏြးေထြးစြာ ၿပဳံးလ်က္ပဲ ႀကိဳဆိုသည္။

"သားေလး ႏြမ္းခါး လာ ထိုင္ ဒီမွာ၊ အေမ ဟင္းခ်က္ေနတာ က်က္ေတာ့မယ္၊ ၿပီးရင္ အတူတူ လက္စုံစားၾကတာေပါ့"

မိသားစု လက္ဆုံစားသည္တဲ့။ ႏြမ္းခါး တစ္ခါမွ မႀကဳံခဲ့ဖူးပါ။ ေခါင္းေလးသာ ညိတ္ျပၿပီး ဆိုဖာေပၚ‌မွာ ၀င္ထိုင္ေတာ့ အန္ကယ္ကပါ ႏြမ္းခါး၏ မ်က္ႏွာခ်င္းဆိုင္တြင္ ၀င္ထိုင္ၾကသည္။

"သားငယ္ေရာ အလုပ္အဆင္ေျပရဲ႕လား"

"ဟုတ္ကဲ့ ေျပပါတယ္ ေဖေဖ၊ အခု ကြၽန္ေတာ္ ျပင္ဦးလြင္မွာ အရက္ခ်က္စက္႐ုံ တိုးခ်ဲ့မလို႔ လာတာ၊ ေနာက္ပိုင္း အေျခခ်ရင္ အေဖတို႔နဲ႕လည္း ေတြ႕ရတာေပါ့"

အကိုကေတာ့ ေပါ့ေပါ့ပါးပါး စကားေျပာေနေပမယ့္ ကြၽန္ေတာ့္မွာ ေျပာစရာစကားမရွိခဲ့ပါ။ မိသားစုဆိုတဲ့ အေငြ႕အသက္က ေတာ္ေတာ္ေလးကို စိမ္းေနခဲ့သည္။

"ႏြမ္းခါးေလး"

"ဗ်ာ"

"လြတ္လြတ္လပ္လပ္ေနေနာ္ အေဖတို႔ကို ဘာမွ ေၾကာက္စရာ မလိုဘူး၊ ကိုယ့္မိဘေတြလိုပဲ သေဘာထား"

အကို႔ရဲ႕မိဘေတြက အကို႔လိုပဲ စိတ္သေဘာထားျပည့္၀သည္။ ဒီမိဘက သြန္သင္လို႔ ဒီလိုသားမ်ိဳး ေမြးလာတာပဲ။ လိမၼာေရးျခားရွိတဲ့ အငယ္ဆုံးသားကို အရယူလိုက္မိတာကိုေတာ့ စိတ္မေကာင္းပါဘူး။

"ဟုတ္ကဲ့ပါ အန္ကယ္"

ႏြမ္းခါး အေဖလို႔ ေခၚဖို႔ မရဲပါဘူး။ ဒယ္ဒီ့ကိုေတာင္ တစ္လတစ္ခါမွန္ေအာင္ ဖုန္းမေခၚခဲ့ဖူးဘူး။

"အေပၚထပ္မွာ အေမအခန္းျပင္ခိုင္းထားတယ္၊ သားငယ္ ႏြမ္းခါးေလးကို ေခၚသြားေလ"

အေမျဖစ္သူ၏စကားေၾကာင့္ ခြဲျခားက ႏြမ္းခါး၏ လက္ကိုဆြဲ၍ အေပၚသို႔တက္ခဲ့ရသည္။ သူအရင္က ေနခဲ့ဖူးသည့္ အခန္းေလးထဲမွာပဲ အခန္းျပင္ေပးထားသည္မို႔ သူ႕အတြက္က သိပ္မဆန္းပါ။

"အကို ငယ္ငယ္က ဓာတ္ပုံေတြ ၾကည့္ခ်င္လား"

ႏြမ္းခါးက သိသိသာသာ ၿငိမ္ေနတာေၾကာင့္ ခြဲျခားက စိတ္ေျပာင္းေစရန္ ေျပာရသည္။ ႏြမ္းခါးက ၿပဳံး၍ ေခါင္းညိတ္ျပေတာ့ လုံးလုံးေလးကို ႏြမ္းခါးဆီ ေပးလိုက္ရသည္။ သူ႕ငယ္ငယ္က အမွတ္တရေတြကေတာ့ သိပ္မရွိပါဘူး။ လိမၼာၿပီး ႀကိဳးစားခဲ့သည့္ ကေလးတစ္ဦးထက္ ဘာမွ မပိုခဲ့ဘူး။ ႏြမ္းခါးနဲ႕ဆုံေတြ႕ရမွ သူ႕ဘ၀က အနိမ့္အျမင့္မညီတဲ့ ဘ၀ဇာတ္ခုံမွာ ကရေတာ့တာ။ ဒါေပမယ့္ သူေပ်ာ္သည္ေလ။ ႏြမ္းခါးက သူ႕ရဲ႕ ဇာတ္ဆရာပဲ။ ေစလိုရာ ၫႊန္နိုင္ပါတယ္။

ဓာတ္ပုံ အယ္လ္ဘမ္ကို ၾကည့္ရင္း တစ္ေနရာေရာက္ေတာ့ ကေလး ေလးဦး အတူ‌ရိုက္ထားသည့္ပုံကို ေတြ႕ရသည္။ အငယ္ဆုံး ကေလးေလးက အသက္၅ႏွစ္ေလာက္ပဲ ရွိဦးမည္။ တစ္ဦးတည္းေသာ မိန္းကေလးက အသက္အႀကီးဆုံး ျဖစ္ဟန္တူသည္။

"အဲ့ဒါ ဒြန္းေနခတို႔ ေမာင္ႏွမေတြနဲ႕ အတူရိုက္ထားတာ၊ အဲ့တုန္းက ကိုယ္တို႔ ရန္ကုန္မွာပဲ ရွိေသးတယ္"

"ဟုတ္လား၊ နိုနိုေလးက ငယ္ငယ္ထဲက ပါးေဖာင္းေဖာင္းေလးေနာ္"

ထိုအခါ ခြဲျခားက ႏြမ္းခါးကို ၾကည့္၍ ၿပဳံးသည္။ သူ႕ေရွ႕က ေကာင္ေလးကေရာ ခ်စ္ဖို႔မေကာင္းလို႔လား။

"အင္း ဟုတ္တယ္၊ သူက ငယ္ငယ္ထဲက ခ်စ္စရာေလး၊ ကိုယ္မ်က္လုံးထဲမွာေတာ့ မင္းက ခ်စ္ဖို႔ အေကာင္းဆုံးပဲ"

ထိုအခါ ႏြမ္းခါးက ရွက္ေသြးျဖာ၍ၿပဳံးသည္။ အကို႔ဆီက အီစီကလီစကားေတြကို နားေထာင္ဖို႔ အခုထိ နားရည္မ၀နိုင္ေသးဘူး။

"အာ အဲ့လိုႀကီးေတြ မေျပာနဲ႕ဆို အကိုရာ၊ သြား ေရသြားခ်ိဳးေတာ့၊ အန္တီတို႔ေစာင့္ေနလိမ့္မယ္"

"အေမလို႔ ေခၚပါ ကိုယ့္အခ်စ္ရယ္၊ ကိုယ့္မိဘက မင္းမိဘေတြပဲေလ"

"အားနာလို႔ပါ အကိုရယ္"

"ဘာအားနာစရာရွိလဲ၊ မိသားစုေတြေလ ကိုယ့္အခ်စ္ရဲ႕"

ခြဲျခား စိတ္မေကာင္းျဖစ္ရသည္ကေတာ့ အမွန္ပဲ။ မိသားစုဆိုသည့္ အသံကိုၾကားလွ်င္ ႏြမ္းခါး မ်က္ႏွာေလးက ညွိုးငယ္သြားေလ့ရွိသည္။ ႏြမ္းခါး၏ ဘ၀အေၾကာင္းအား မိဘမ်ားကို ရွင္းျပၿပီးၿပီမို႔ မိဘမ်ားကလည္း အေႏြးေထြးဆုံး ဆက္ဆံေပးေနတာ ခြဲျခားသိသည္။ သို႔ေသာ္ ႏြမ္းခါးက ဒီအေျခအေနမ်ိဳးနဲ႕ မရင္းႏွီးေသးဘူး ထင္ပါတယ္။

"ဟုတ္ကဲ့ပါ အကို၊ ကြၽန္ေတာ္ ေခၚလိုက္ပါ့မယ္"

ႏြမ္းခါးကို ေခၚ၍ ေအာက္ထပ္သို႔ ျပန္ဆင္းေတာ့ မိခင္ျဖစ္သူက ထမင္းစားပြဲကို ျပင္ၿပီးသြားၿပီ။ ဖခင္ျဖစ္သူကလည္း သူတို႔ႏွစ္ဦးကို ေစာင့္ေနသည္။

"သားတို႔ လာၾက၊ ေမေမ့ေျမးေလးကို ခ်ီပါရေစဦး၊ အမေလး ထြားလိုက္တာေတာ္၊ ခ်စ္စရာေကာင္းလိုက္တာ"

ႏြမ္းခါးက ေယာကၡမျဖစ္သူ၏ အမူအရာကို ၾကည့္၍ ၾကည္ႏူးမိသည္။ အကို႔မိဘေတြက အကိုေျပာသလို တကယ္ အေနေအးတာပဲ။

"ႏြမ္းခါး သားေလး ထည့္စား၊ မ်ားမ်ားစား သားႀကိဳက္တတ္တာေတြ ခြဲျခားကို လွမ္းေမးၿပီး ခ်က္ထားတာ"

ႏြမ္းခါး၏ ပန္းကန္ထဲကို ထမင္းဝိုင္းတစ္ခုလုံးရွိ လူမ်ားက သူ႕အႀကိဳက္ေတြခ်ည္း ဝိုင္းထည့္ေပးေတာ့ ႏြမ္းခါး မ်က္ရည္ဝိုင္းရသည္။ ႏြမ္းခါးဘ၀မွာ မိဘႏွစ္ပါးနဲ႕ ထမင္းလက္စုံစားဖို႔ဆိုတာ မျဖစ္နိုင္ေတာ့ဘူး။

‌စားၿပီးေတာ့လည္း အေမက စကားလာေျပာသည္။ ကြၽန္ေတာ္ မဝံ့မရဲနဲ႕ အေမဟု ေခၚမိေတာ့လည္း ၿပဳံးရွာသည္။ သူ႕မွာ သားႏွစ္ေယာက္ရွိတယ္။ သားသုံးေယာက္ျဖစ္သြားေတာ့လည္း ေကာင္းတာပဲတဲ့။ ၿပီးေတာ့ အေမေရာ အေဖေရာက လုံးလုံးေလးကို သိပ္ခ်စ္တယ္။ ကြၽန္ေတာ္ အကို႔ကို ခ်စ္ခဲ့မိတာ လုံး၀ ေနာင္တ မရမယ့္ အခ်က္ကလည္း အေဖနဲ႕အေမေၾကာင့္လည္း ပါ၀င္လာခဲ့တယ္။ ကြၽန္ေတာ့္အေပၚ မိသားစုလို ဆက္ဆံေပးတိုင္း အကို႔ကိုပဲ ေက်းဇူးတင္ေနမိေတာ့တာ။

"ကိုယ့္အခ်စ္ေလး အိပ္ၾကမယ္ေလ၊ မနက္က်ရင္ ကိုယ့္အကိုက လာလည္ဖို႔ ေျပာထားတယ္"

၀ရန္တာမွာ ထြက္ေငးသည့္ ေကာင္ေလးကို အေနာက္ကေန ခါးေလးကို သိမ္းဖက္ရင္း ဆိုမိသည္။ အေမကေတာ့ လုံးလုံးကို သူနဲ႕ေခၚသိပ္မည္ဆိုၿပီး ေခၚသြားတာပဲ။ သားေလး လုံးလုံးေၾကာင့္ အေနအထိုင္ ဆင္ျခင္ခဲ့ရတာမို႔ ႏွစ္ေယာက္တည္း မေနရတာ ေတာ္ေတာ္ေတာင္ ၾကာေနၿပီလို႔ ခံစားေနရသည္။

"ဒီည အဟမ္း.. ကိုယ့္ကို ဟိုေလ"

ခြဲျခားက ခြင့္ေတာင္းခ်င္ေပမယ့္ စကားေတြသာ ထစ္ရင္း ၿပီးဆုံးရသည္။ ႏြမ္းခါးေလးက သူတို႔ေက်ာင္းတုန္းက ျဖစ္ခဲ့သည့္ အျဖစ္အပ်က္နဲ႕ ပတ္သတ္ၿပီး စိတ္ဒဏ္ရာ ရေနေလာက္မလားဆိုသည့္ အေတြးေၾကာင့္ တစ္ႏွစ္နီးပါးၾကာသည္အထိ ဖက္႐ုံ နမ္း႐ုံကလြဲ သူအဆင့္မတက္မိပါ။

ႏြမ္းခါးက ရင္ခြင္ထဲမွ ေန၍ ရယ္သည္။ ၿပီးေတာ့ ရွက္ေသြးျဖာဟန္ ေခါင္းကိုငုံ႕၍ ဆိုသည္။

"အကို အၿမဲတမ္း ဒီစကားေျပာမယ္ဆို တစ္၀က္ေလာက္နဲ႕ ရပ္ရပ္သြားတယ္၊ ကြၽန္ေတာ္ ေျပာခ်င္တာက ကြၽန္ေတာ္က အကို႔အပိုင္ပါေနာ္၊ ၿပီးေတာ့ အဲ့ဒီကိစၥကိုလည္း အနည္းနဲ႕အမ်ားေတာ့ သိပါတယ္"

ဟိုက္။ သူကသာ ခ်ီတုံခ်တဳံ ျဖစ္ေနတာ ႏြမ္းခါးက ဘယ္ခ်ိန္တုန္းက ေလ့လာလိုက္ပါလိမ့္။

"ႏွာဘူးေလး၊ ကိုယ္ေျပာခ်င္တာ ကိုယ့္အခ်စ္ေလးသိရင္ ၿပီးတာပဲ၊ ဒါဆို ကိုယ့္ကို ခြင့္ျပဳမလားဟင္"

ႏြမ္းခါးက ၿငိမ္သက္ေနရာမွာ ေခါင္းေလးညိတ္ျပသည္။ သူတို႔အေျခအေနက ရည္းစားေတာင္ မျဖစ္ရေသးခင္ကတည္းက ကေလးရေနသည့္ပုံမ်ိဳး ျဖစ္ေနတာေၾကာင့္ ေတာ္ေတာ္ေလးကို ထိန္းသိမ္းထားခဲ့ရသည္။ အခုသူ ႏြမ္းခါး၏ ခြင့္ျပဳခ်က္ကို ရၿပီ။

ခႏၶာကိုယ္ေလးကို ေပြ႕ခ်ီလိုက္ေတာ့ ေဆြ႕ခနဲပါလာသည္။ သူ႕မ်က္ႏွာေလး ျဖဴျဖဴေခ်ာေခ်ာက မီးေရာင္ေအာက္မွာ သိပ္လွသည္။

ကုတင္ေပၚကို အသာခ်ေတာ့လည္း အရွက္သည္းစြာ မ်က္၀န္းမ်ားကို ပိတ္ထားသည္။ မ်က္လႊာေလးကို ခြဲျခား နမ္းလိုက္ၿပီး ‌ႏွာေခါင္းထိပ္ေလးကိုပါ နမ္းလိုက္သည္။ ထို႔ေနာက္ သူ၏ ဦးတည္ရာက နီေစြးေသာ ႏႈတ္ခမ္းေလးမ်ားဆီကို။

ဖြင့္ထားသည့္ ျပတင္းေပါက္ကေန ေလေျပေလး တိုးေဝ့၍ ၀င္ေရာက္သည္။ သူတို႔ႏွစ္ဦးက အခ်မ္းဓာတ္ကို မသိေက်းကြၽန္ျပဳ၍ ႏွစ္ဦးသား ေထြးဖက္ထားၾကသည္။ တစ္စတစ္စ တိုးပြားလာသည့္ အခ်စ္ေတြေၾကာင့္ လိုက္ကာအျဖဴေလးေတာင္ ရွက္ေသြးျဖာ၍ ဘယ္ညာယိမ္းေလသည္။

"ခ်စ္တယ္ အခ်စ္ရယ္၊ ကိုယ္ မင္းကို သိပ္ခ်စ္တယ္"

ခ်စ္သူႏႈတ္ဖ်ားက တီးတိုးစကားသံေၾကာင့္ ႏြမ္းခါးရင္ထဲ ၾကည္ႏူးမိသည္။ ေနာက္ထပ္ အခြင့္အေရး ထပ္ရဦးမယ္ဆိုလည္း ကြၽန္ေတာ္ အကို႔ကိုပဲ ေ႐ြးခ်ယ္ေနမိဦးမွာပဲ။ ၿပီးေတာ့ အကိုကလည္း ကြၽန္ေတာ့ကိုပဲ လက္ခံေပးလိမ့္မည္ဆိုတာကို အခုမ်ားေတာ့‌ျဖင့္ ကြၽန္ေတာ္ ယုံပါၿပီ။ အကိုေရ...ကြၽန္ေတာ္လည္း သိပ္ခ်စ္ပါတယ္။

--------------------
Uwu🥺🥺🥺 long time no see ႏြမ္းခါးေလးေရ

Extraေတာင္းေနသူမ်ား ေက်နပ္ၾကပါေနာ္၊ မရိုတတ္ရိုတတ္ ေရးထားတာမို႔ ခြင့္လႊတ္ပါလို႔😁

Continue Reading

You'll Also Like

36.7K 2.4K 23
အစ္ကို႔ရဲ႕မ်တ္ႏွာေလးကိုတစ္သက္လံုး ျမတ္ႏိုးစြာ ၾကည့္ခြင့္ရမဲ့သူက လြန္းသာ ျဖစ္ခဲ့ရင္၊ဒီေလာက မွာ လြန္းေလာက္ကံေကာင္းတဲ့သူရွိေတာ့မွာမဟုတ္ဘူး။ အစ်ကို့ရဲ့မျ...
348K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
449K 33.2K 42
[Mini-story] Love has no pride!
82.6K 6.5K 16
🤍 In a relationship with Mg's Saydanaryone Start Date - 3. 8. 2021 End Date - 6.11.2022