မျက်လုံးများကို အားယူဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်ဖြူဖြူနှင့် နံရံကပ်ပန်ကာတစ်လုံးကို တွေ့ရသည်။ နိုးနိုးချင်းသတိရမိသည်က နွမ်းခါးကို။
လက်တွင် ဆေးချိတ်လျက် တန်းလန်းမို့ ထထိုင်လိုက်တာနဲ့ လက်ဖမိုးက စူးအောင့်သွားသည်။
"ဟာ ဟေ့ကောင် ချက်ချင်းမထနဲ့လေ"
ကျော်ဇောက အနားသို့ အမြန်ရောက်လာကာ ဆိုလေသည် ။
"နွမ်းခါးရော"
"ရှိတယ် မင်းခြေရင်းက ကုတင်မှာ ကလေးရော နွမ်းခါးရောက သတိရနေပြီ။ toiletခဏသွားတယ်"
"ဪ တော်သေးတာပေါ့"
ထိုအခါမှ စိတ်ကို လွှတ်ချလိုက်ပြီး ကုတင်ပေါ်ပြန်လှဲလိုက်သည်။
"ဒါနဲ့ ခွဲခြား သူတို့ကားပေါ် ဗုံးပါသွားတာ မင်းက ဘယ်လိုသိလဲ"
"မသိပါဘူး ဗုံးပါတာလား ငါက ဘရိတ်ပေါက်တယ် ထင်တာ"
"အေး ဗုံးပေါက်ကွဲတာ ရန်သူဖက်က သတိပေးပေမယ့် ကားက လမ်းပေါ်တောင် ရောက်နေပြီတဲ့ မင်းက ဘယ်လိုလုပ် ငါ့ဝောာင်မစောင့်ပဲ အရင်လိုက်သွားတာလဲ"
"မသိဘူး မမေးနဲ့တော့"
ခွဲခြားဖြေရှင်းချင်စိတ်မရှိပါ။ အိမ်မက်ကြောင့်ပါလို့ ပြောပြန်လျှင်လည်း ယုံမည်မဟုတ်။
"အကို သတိရပြီလားဟင် သက်သာရဲ့လား"
သွေးကွက်များ ဟိုဟိုဒီဒီစွန်းထင်းနေသည့် အ၀တ်အစားနှင့် နွမ်းခါးက နဖူးမှာ ပတ်တီးဖြူဖြင့် စည်းထားသည်။ အထုတ်တစ်ထုတ်ကိုဆွဲပြီး ကောင်လေးက ခွဲခြားအနားသို့ရောက်လာသည်။
"အင်း ဘာဖြစ်သွားသေးလဲ"
"ခေါင်းပဲ နည်းနည်းထိသွားတာပါ ဆောင့်မိတာကြောင့် နောက်ကျောတော့ အောင့်တယ်"
"တော်သေးတာပေါ့"
နှစ်ယောက်သား စကားပြောနေသည်ကို ကြည့်ကာ ကျော်ဇောက အလိုက်တသိရှောင်ပေးသည်။
"ဟိုလေ ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်အကို"
"ရပါတယ် မင်းနေရာမှာ အခြားသူဆိုရင်လည်း ငါဒီလိုပဲ လုပ်မှာ"
![](https://img.wattpad.com/cover/233759324-288-k161590.jpg)
YOU ARE READING
1. Close to... You (မင်းနဲ့နီးဖို့) Completed
RomanceLove is painful but still do it