P 14

37.9K 4.4K 28
                                    

ခွဲခြားသည် ပထမနှစ်ထဲက စည်သူနှင့် အခန်းဖော်အဖြစ် နေခဲ့ရခြင်းဖြစ်သည်။ အစပိုင်းကတော့ တရင်းတနှီး ပေါင်းခဲ့ကြပေသည်။

တစ်ရက်တွင် ခွဲခြား ညဘက်တစ်ရေးနိုးတော့ စည်သူ၏ ကုတင် ဘက်ကနေ အသံကြားလိုက်ရသည်။ ယောကျာ်းလေးတို့ သဘာ၀ ဆန္ဒဖြေဖျောက်ခြင်းကို ခွဲခြား သိရှိနားလည် ပေးနိုင်ပေမယ့် ခွဲခြား လှမ်းကြည့်မိတော့ laptopထဲတွင် ယောကျာ်းနှင့်မိန်းမ မဟုတ်ပဲ ယောကျာ်းနှစ်ဦးကို မြင်လိုက်ရသည်။ ခွဲခြားက လိင်စိတ်ခံယူချက်အပေါ် အစွဲမထားသူမို့ စည်သူ ယောကျာ်းလေး စိတ်၀င်စားမှန်း ထိုကတည်းက သိရှိခဲ့သည်။ gayဖြစ်တာက အမှားမှမဟုတ်တာပဲ ဘယ်သူ့ကိုမှလည်း အန္တရာယ်ပေးနေတာ မဟုတ်ပါဘူးဟု ခွဲခြားတွေးကာ ပေါင်းမြဲအတိုင်း အပေါင်းအသင်း ဆက်လုပ်ဖြစ်သည်။

ပထမနှစ် ဒုတိယ Semesterတွင် စည်သူက ချစ်သူကောင်လေး ထားရှိခဲ့သည်။ တခါတရံ အဆောင်သို့ လာအိပ်တတ်သည်။ ပုံမှန်အတိုင်း အိပ်ရုံသာဖြစ်သည့်အတွက် ခွဲခြား ဘာမှ ဝင်မပြောဖြစ်ခဲ့။ တစ်ရက်တွင် ခွဲခြားက နေ့လည်ဘက် ခေါင်းမူးနေ၍ အဆောင်သို့ အိပ်ရန် ပြန်လာစဉ် အခန်းထဲတွင် ဆေးလိပ်နံ့များ တထောင်းထောင်း ရနေသည်။ စည်သူ၏ ကုတင်ပေါ်တွင် သူ့ကောင်လေးက အ၀တ်အစားများ မပါဘဲ အိပ်ပျော်နေသည်။ ခွဲခြားက အထဲ မ၀င်တော့ရန် ဆုံးဖြတ်လိုက်ပြီး လင်းသူရတို့ အခန်းကိုသာ သွားအိပ်‌လိုက်တော့သည်။

ထိုနေ့မှ စ၍ နေ့တိုင်းနီးပါး ညဘက်တွေ ပြန်အိပ်လျှင်တောင် စည်သူ၏ကောင်လေးက ပင်ပင်ပန်းပန်း အိပ်ပျော်နေတတ်သည်က များပြီး စည်သူက laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေတတ်သည်။

ဆိုးရွားသော အတိတ်ကနေ့ရက်တစ်ခုအကြောင်း ပြောပါဆိုလျှင် ထိုနေ့က စည်သူ၏ ယုတ်မာမှုကို ခွဲခြား မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ နေ့လည်ဘက်တိုင်းတွင် စည်သူက သူ့ကောင်လေးနှင့် ပျော်ပါးတတ်ကြောင်း ခွဲခြား ရိပ်မိပေမယ့် အခန်းထဲတွင် tuto ဖြေရမည့် စာအုပ်ကျန်ခဲ့တာကြောင့် သွားယူဖြစ်ခဲ့သည်။

ခွဲခြား မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာ ကုတင်တွင် ကောင်လေးကို ကြိုးဖြင့် ချည်ထားပြီး ဆေးလိပ်မီးဖြင့် ကောင်လေး၏ ပေါင်တံ ဗိုက်နှင့် လည်ပင်းသားတို့ကို တို့နေခြင်းဖြစ်သည်။ ခွဲခြားတို့ အဆောင်သည် လျှောက်လမ်းဘက်တွင် ပြတင်းပေါက် ထားရှိသည်မို့ အခန်းတွင်းကို ပြတင်းပေါက်က တစ်ဆင့် မြင်နေရသည်။ ခွဲခြား မျက်လုံးပြူးသွားပြီး ဘာလုပ်ရမှန်းမသိဘဲ ကြောင်ကြည့်နေမိသည်။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော မသတီစရာများကို ခွဲခြား မြင်လာရတော့ အခန်းထဲသို့ ၀င်သွားကာ စည်သူ၏ လက်ကိုဆွဲ၍ တားလိုက်သည်။

1. Close to... You (မင်းနဲ့နီးဖို့) CompletedWhere stories live. Discover now