P 32

42.1K 4K 114
                                    

ညဘက်တွင် နွမ်းခါးက ဖုန်းခေါ်၍ ပြောလာသည်ကြောင့် ခွဲခြားစိတ်ပူမိသည်။ အသံအက်ရှရှလေးက ငိုထားမှန်းသိသာလှသည်။ ခွဲခြားမေးရင် ပိုစိတ်မကောင်းဖြစ်မှာစိုးလို့ မမေးဖြစ်။ မနက်ကျရင် အန်တီ့ဆီသွားပြီး ဒူးထောက်သင့်လည်း ထောက်မည်ဟု တေးထားလိုက်သည်။

အလုပ်ကလည်း ခွဲခြားပျောက်နေတာကြောင့် လုပ်စရာတွေ ပုံလာသည်ဖြစ်ရာ တစ်ညလုံး မအိပ်ပဲ လုပ်ခဲ့ရသည်။ အလုပ်ပင်ပန်းသည်ထက် ချစ်သူကို စိတ်ပူနေရခြင်းက ပိုပင်ပန်းသည်။

မနက်လေးနာရီလောက်မှ တစ်ရေးအိပ်ပြီး နိုးလာတော့ ရှစ်နာရီရှိနေပြီ။ ဒီအချိန်ဆို သေချာပေါက် ဒေါ်ဒေစီအိမ်မှာ ရှိနေဦးမှာ ဖြစ်သည်။ နောက်လာမည့် ပြသနာ နောက်မှရှင်းမည်။ ဒီပြသနာ တစ်ခု ပြီးသွားရင် နောက်ပြသနာတွေ ရှိလာဦးမယ်ဆိုပေမယ့် ခွဲခြားကတော့ နွမ်းခါးလက်ကို လုံး၀မလွှတ်ဖို့က သေချာသည်။

နွမ်းခါး၏ အိမ်ကိုရောက်တော့ အန်တီဒေစီက ဧည့်ခန်းတွင် ထိုင်နေသည်။ ဒေါသထွက်နေသည့် မျက်နှာမျိုးတော့ မဟုတ်တာကြောင့် ခွဲခြား စိတ်အေးရသည်။

"အန်တီ ကျွန်တော်နဲ့စကား‌ပြောဖို့ အချိန်နည်းနည်းလောက် ပေးလို့ရမလား"

"အင်း ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ပဲ အန်တီတို့ ပြောစရာရှိတာပြောရအောင်"

ခွဲခြားထင်တာထက် ပြတ်သားနေသည့် အန်တီဒေစီကြောင့် နည်းနည်းတော့လန့်သွားသည်။ အကယ်၍များ နွမ်းခါးနှင့် သဘောမတူခဲ့လျှင် နွမ်းခါးက မိမိကို မိခင်နှင့် ယှဉ်ရွေးသည့်အခါ သေချာပေါက် အရွေးခံရလိမ့်မည်ဟု ယုံကြည်ချက်မရှိပါ။

"အန်တီ့မှာ ပြောစရာတော့ သိပ်မရှိပါဘူး မေးခွန်းတစ်ခုပဲရှိတယ် အန်တီ့သားကို ယောကျာ်းလေးတစ်ယောက်ဖြစ်လျက်နဲ့ ဘာကြောင့်ချစ်ခဲ့တာလဲ"

"ကျွန်တော် သူ့ကို ကာကွယ်ပေးချင်တယ် ဘယ်သူမှ ထိခိုက်လို့မရအောင် စောင့်ရှောက်ပေးချင်လို့ပါ အန်တီလည်း အန်တီချစ်တဲ့သားကို ဘယ်အချိန်ချိန်ဖြစ်ဖြစ် ကာကွယ်ပေးချင်တယ်မလား ကျွန်တော်လည်း အဲ့ဒီပုံစံအတိုင်း ထပ်တူပါပဲ ကျွန်တော်လည်းသူ့ကို သိပ်ချစ်တာမို့ ကျွန်တော့နားမှာပဲ ရှိစေချင်တာပါ"

1. Close to... You (မင်းနဲ့နီးဖို့) CompletedWhere stories live. Discover now