PETRICHOR || VMIN

By Yimmy95

86.9K 13K 836

မိုးရေနဲ့မြေပြင် ပနံသင့်စွာပေါင်းဖက်ပြီး ဖြစ်ပေါ်လာတဲ့ Petrichor. ကိုယ်မြတ်နိုးရတဲ့ Petrichor. မင်းဟာ ကိုယ့်ရ... More

နိဒါန်း
1
2
3
4
5
6
7
8
10
11
12
13
14
15
16
17
18
19
20(Final)
PETRICHOR
Extra
Extra (Bonus Chapter)
Hello!!!
🌨️🌿

9

2.8K 539 19
By Yimmy95

Unicode

ဝေလီဝေလင်းချိန်ကတည်းက အုံးမှိုင်းလို့နေသည့် ရာသီဥတုသည် ယခုထက်ထိ နေရောင်ပြပြပင် မမြင်ရသေးချေ။ မိုးသည် ရွာမည့်ဟန် ဆိုင်းပြင်လို့နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်ငြား ရွာချမလာ။
မိုးသက်လေအေးအေး​ကသာ အနားသို့ခဏခဏလာရောက် ကျီစယ်နေသည်။

မျှော်လင့်ထားသည့် တစ်စုံတစ်ရာဖြစ်မလာသည့်အခါ ဂျီမင်း သက်ပြင်းသာ ခပ်တိုးတိုးချရင်း ဘက်စ်မှတ်တိုင်၌ ကားအလာကို  ဆက်စောင့်နေမိသည်။

သည်နေ့လည်း လူကြီးရောက်မလာ။ ရောက်မလားဟု သုံးနှုန်းရမည်ထက် သူ့နှင့် လမ်းမကြုံဟုသာ သုံးလျှင် ပိုမှန်လောက်မည်။ လူကြီးနှင့်သူ မတွေ့ရသည်မှာ သည်နေ့နှင့်ဆိုငါးရက်မြောက်။ ပုံမှန်ဆို သူ ကျောင်းသွားသည့်အချိန် ဘက်စ်မှတ်တိုင်မှာ လူကြီး၏ စက်ဘီးလေးဖြင့် အလုပ်သွားချိန်နှင့် ကြုံနေကျ။ ယခုတော့ လူကြီး၏ အရိပ်အယောင်ပင်မတွေ့ရ။

ဟိုနေ့က ကိစ္စကြောင့် လူကြီးက သူ့ကိုရှောင်နေတာတော့ မဟုတ်လောက်ပါဘူးနော်။

မိုးအသားကုန် သဲသဲမဲမဲ ရွာခဲ့သည့် ထိုနေ့က  ကံကောင်းထောက်မစွာ သူတို့နှစ်ဦး ကားကြုံဖြင့် အိမ်ပြန်ခွင့်ရလိုက်သည်။ ကားသမားဦးလေးကြီးက တကူးတက တောင်ပတ်လမ်းအနောက်ကနေ လူကြီးကို အိမ်အထိလိုက်ပို့ပေးသည်။ သူကတော့ ဘက်စ်မှတ်တိုင်၌သာ ဆင်းနေခဲ့ပြီး အိမ်သို့ ခြေလျင်လမ်းလျှောက်ပြန်ခဲ့ရသည်။

ဘက်စ်ရောက်လာသည့်အခါ သူ ကားပေါ်အမြန်တတ်လိုက်ပြီး ထိုင်နေကျ ပြတင်းပေါက်နှင့်နီးသည့် အတွင်းထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ထိုအခါတွင်လည်း သူ့ခင်ဗျာ ဂရုတစ်ိုက် နေရာပေးတတ်သည့် လူကြီးကို ပိုပိုသတိရသွားပြန်ရော။

အနှီတစ်နေ့တာဟာလည်း ပုံမှန်အတိုင်း လူကြီးအကြောင်း တွေးရင်းဖြင့် ညနေစောင်းခဲ့ပြန်သည်။ ကျောင်း၌ ဘေးကဟိုဆော့နှင့်တောင် အရင်ကလောက် သိပ်ပေါက်ပေါက်မဖောက်ဖြစ်တော့။ ဟိုဆော့ကိုလည်း လူကြီးနှင့် ကိစ္စကို ရင်မဖွင့်ရဲခဲ့ပြန်ပါ။

တစ်နေကုန် မှိုင်းညို့နေသည့် ရာသီဥတုဟာကျောင်းဆင်းချိန်ရောက်တော့ သူမဟုတ်သည့်အတိုင်း ကြည်လင်နေသည်။

ဟိုဆော့အပါအဝင် ကျန်သူငယ်ချင်းများကို သည်အတိုင်း ဖြစ်သလိုနှုတ်ဆက်ပြီး အိမ်ပြန်ခဲ့ရသည်မှာလည်း ငါးရက်မြောက်ပင်။ လူကြီးနှင့် မရတွေ့သည့်နောက်ပိုင်း သူဟာ အလွန်အမင်း တိတ်ဆိတ်နေတတ်လာ၏။

ဆောင်းဦးနှောင်းပိုင်းမို့ မိုးစောစောချုပ်သည်ထင်ရသည်။ ယခင်က သည်အချိန် ဘက်စ်စီးလျှင် မြင်ရတတ်သော ပုစွန်ဆီရောင်ကောင်းကင်ကြီးဟာ ယနေ့မှာတော့ မဲနယ်ရောင်သန်းနှင့်နေလေပြီ။ အချိန်အားဖြင့် ညနေငါးနာရီခွဲ။

ကားစီးတိုင်း အမြဲအပြင်သို့ ငေးနေတတ်သည့် သူဟာ သည်နေ့လည်း ထုံစံအတိုင်း ငေးမြဲငေးနေခဲ့၏။ ဘေး၌ လူတစ်ယောက် လာဝင်ထိုင်သည်ကိုပင် သတိမထားမိ။ နောက် လေးမှတ်တိုင်လောက်ဆို သူ ဆင်းရတော့မည်။

ယခုမှတ်တိုင်ဟာ ဟိုတစ်ခါ မနက်ပိုင်း သူနှင့် ကားတူတူစီးရင်း လူကြီးဆင်းသွားသည့်မှတ်တိုင်ပေမို့ ကားပေါ်တတ်လာသော လူများထဲမှာ လူကြီးများ ပါလာလေမလားဟု သူ မျက်လုံးလေး ကစားမိပြန်သည်။ သူ့အတွက် ထူးဆန်းအံဖွယ်ဆိုတာ တကယ်မှ မရှိပဲ။ တတ်လာသော လူများကုန်သွားပြီး ကားတံခါးပိတ်သွားသည်အထ်ိ လူကြီးနှင့်တူသော အရိပ်လေးတောင် ပါမလာပါချေ။

ဟုတ်ပါသည်လေ။ လူကြီးက သူ့စက်ဘီးနဲ့ပဲ အိမ်ပြန်မှာပေါ့။ ကားဘယ်စီးနေပါ့ဦးမလဲ။

ပတ်ဂျီမင်းလေးဟာ တစ်ခါတစ်ရံ ထိုမျှ တုံးအ သွားပြန်ပါသည်။

ဆင်းရမည့် မှတ်တိုင်ရောက်သည့်အခါ ကားပေါ်၌ လူသိပ်မကျန်တော့။ ပတ်ဝန်းကျင်ဟာလည်း ထင်ထားသည်ထက်ပင် မှောင်ရီပျိုးနေလေပြီ။ တသုန်သုန် တိုက်ခတ်နေသောဆောင်းလေပြေကြားမှာ မြေနီလမ်းပေါ်မှ ခြေလှမ်းတွေဟာ လေးပင်နေသယောင်။ ပြာရီမှိုင်းသော ဝန်းကျင်တွင် လယ်ကွင်းဘေး အမှောင်ကျကျ ခြုံပုတ်များ၌ ပိုးစုန်းကြူးလေးများအား တစစ တွေ့နေရ၏။

"မနက်ဖြန်မနက်တော့ ပိတ်ရက်မို့ လူကြီးကအိမ်ကိုလာခေါ်မှာပါနော်"

ကလင်~~ကလင်~~

သူရေရွတ်လိုက်မိသည်နှင့် တစ်ပြိုက်နက် ထွက်လို့လာသော နောက်ပါးဆီမှ စက်ဘီး ဘဲလ်သံကြောင့် ဂျီမင်း၏ ခြေလှမ်းလေးများဟာ သူ့အလိုလို ရပ်တန့်သွားရသည်။

မသိစိတ်ကနေပြီး သူ့ လူကြီးဖြစ်ပါစေဟု
တသသရွတ်နေမိတာ အမှန်။

"ဂျီမင်း"

နူးညံ့၍ တိုးတိမ်ညင်သာသော ခေါ်သံလေးတစ်ခု သူ၏ နောက်နားမှ ထွက်ပေါ်လာသည်။ ဘေး၌လာရပ်သည့် စက်ဘီးတစ်စီးနှင့်အတူ ထိုအမျိုးသားထံမှ ချွေးနံ့ ခပ်သင်းသင်းလေး ဝေ့ဝဲလာ၏။ သူ ခပ်မြန်မြန်ပင် ဘေးသို့ စောင်းငဲ့ ကြည့်လိုက်ပါတော့သည်။

"ဟင်"

တခြားသူမဟုတ်။ အမှန်တကယ် ကင်မ်ထယ်ယောင်းဆိုသည့် သူ့လူကြီးပါပင်။

စက်ဘီးနင်းလာရသည်ကြောင့် လူကြီး၏ နားသယ်စပ်နှစ်ဖက်မှာ ချွေးစလေးများ တွဲခိုလို့နေသည်။ နက်ပြာရောင်ခြယ်သည့်ကောင်းကင်အောက်၌ အနှီလူသား၏ မျက်နှာဟာ ပျိုမျစ်မှုနှင့်အတူ တောက်ပနေသေးသည်။ မျက်ဝန်းလေးများထဲတွင် စောစောက သူ မြင်ခဲ့ရသော ပိုးစုန်းကြူးလေးများအား ဖမ်းပြီးသိမ်းထားသကဲ့သို့ တလက်လက်။

လူကြီးဆီမှာ ငယ်ရွယ်မှုတွေ အများကြီးကျန်သေးတာပဲ . .

"ဂျီမင်း"

သူ လူကြီးအား မည်မျှ ငေးမိသွားလဲမသိ၊ လူကြီး၏ ဒုတိယမြောက်ခေါ်သံကြားမှ အသိပြန်ဝင်လာသည်။

"ဟုတ် . . ဟုတ်ကဲ့"

"အိမ်ပြန်မှာမလား ကိုယ့်စက်ဘီးနောက်ကလိုက်ခဲ့လေ"

"မလိုက်တော့ပါဘူး"

အာရုံမရဘဲ ပြောမိပြောရာ ပြန်ဖြေပြီးမှ ပတ်ဂျီမင်းတစ်ယောက် ထိုနေရာမှာတင် သူ့ခေါင်းကိုသူ နာနာလေးသာ ပိတ်ချချင်မိလိုက်၏။

"ဒါဆို ကိုယ်သွားပြီနော်
မနက်ခြောက်နာရီလောက်လာခေါ်မယ်"

"ဟုတ်"

လူကြီးက သူ့အား ခေါင်းလေးညိတ်ရုံဖြင့် နှုတ်ဆက်ကာ စက်ဘီးခြေနင်းအား နင်းထွက်ရန် အားပြုပြီးကာမှ ရုတ်တရက် ရပ်သွားပြီး သူ့ဘက်သို့ ပြန်လှည့်လာသည်။ ထို့နောက် အဆက်အစပ်မရှိဆို၏။

"ခင်ဗျားလ်ို့မခေါ်ပါနဲ့လား"

"ဟင်, ဘာ . . ဘာက်ို"

"ကိုယ့်ကို ခင်ဗျားလို့မခေါ်နဲ့လို့"

လူကြီးက ခပ်ယဲ့ယဲ့လေးပြုံးကာ ဆိုနေပြီး မျက်လုံးများက တကယ်အသက်ပါလို့နေသည်။

"စဥ်စားထား နောက်နေ့တွေ့မှပြောင်းခေါ်၊
ဘယ်နှယ် . . အကြီးကို ခင်ဗျားလို့ခေါ်စရာလား ကလေးပေါက်စရဲ့"

နှာခေါင်းလေးရှုံ့ကာ ဆူသလိုလ်ိုဆိုပြီးနောက် ထယ်ယောင်း၏ ညာလက်သည် ဂျီမင်း၏ နဖူးပေါ် ကပိုကရို ကျဆင်းလျက်ရှိသော ဆံနွယ်စလေးများအား အသာလေးသပ်တင်ပေးကာ ထပ်ဖွသွား၏။

ထို့နောက် လူကြီးက ပုံမှန်အတိုင်းသာ စက်ဘီးနင်းထွက်သွားသည့်တိုင် ကျန်ခဲ့သည့် ပတ်ဂျီမင်းမှာတော့ ခန္ဓာတစ်ခုလုံး ကျောက်ရုပ်ဖြစ်သွားသလို မလှုပ်မယှက် အေးစက်သွားရ၏။

ဤသို့ဖြင့် ပတ်ဂျီမင်းလေး၏ အထီးကျန်ညနေခင်းလေးဟာ ရုတ်တရက် လှပသွားပြန်သည်။ ညဥ့်လေညှင်းလေးဟာလည်း တအေးအေး။ ပိုးစုန်းကြူးလေးများရှိရာ မြေနီလမ်းငယ်ပေါ်က ခြေလှမ်းတစ်စုံဟာ ပေါ့ပါးလို့။

ရင်ခုန်သံဟာလည်း တိုးတိုးလေး။
တကယ့်ကို တိုးတိုးလေးရယ် . . .။

***

နောက်တစ်နေ့ မနက် ခြောက်နာရီခွဲလောက်မှာ လူကြီးက သူ့ကိုလာကြိုသည်။

အညိုရောင်ဆွယ်တာ အင်္ကျီအကျပ်အား အပေါ်ထပ်မပါဘဲ ဝတ်ထားသောကြောင့် လူကြီး၏ ကျယ်ပြန့်ကြီးမားသော ရင်အုပ်​ဟာ ထင်းလင်းနေတော့၏။

"ကိုယ် နည်းနည်းနောက်ကျသွားတယ်"

"ရပါတယ် အ . . အစ်ကိုရဲ့"

"ဘယ်လိုခေါ်လိုက်တာ"

ထူးထူးခြားခြား ပန်းနုရောင် ရှပ်အပါးလေးအား ဝတ်ထားသည့် ဂျီမင်းလေး၏ ပါးအို့လေးနှစ်ဖက်သည်လည်း အင်္ကျီအရောင်အတိုင်း ပန်းသွေးခြယ်လို့ပင်။ သူ့မှာ အနှီနာမ်စားလေးအား ရဖို့ကို တစ်ညလုံး အိပ်ရေး အပျက်ခံပြီးတောင် စဥ်းစားခဲ့ရလေသည်။ လူကြီးအား ရည်ညွှန်းသော 'အစ်ကို' ဟူသည်မှာ ရိုးရိုးရှင်းရှင်းဖြင့်၊ ခေါ်လိုက်တိုင်း ရင်ခုန်ဖွယ်ရာ ကောင်းလွန်းသည် မဟုတ်ပါလား။

"အစ်ကိုလို့ခေါ်လိုက်တာလေ . . ခင်ဗျားအသက်ကို တိတိကျကျမှမသိတာ မှန်းပြီးခေါ်ရတာပေါ့ ဒါမှမဟုတ် . . ဦးလေးကြီးလို့ခေါ်ရမလား"

အရှက်သည်းမှုလေးအား ဖုံးကွယ်ရန် မျက်စောင်းလေး ထိုးကာဆိုတော့ လူကြီးက ဖွဖွလေးပြုံးပြန်သည်။

"ဂျီမင်းနဲ့ဆို ကိုယ်က ဆယ်နှစ်ကျော်လောက်ကွာမှာပေါ့"

"ဘယ်လောက်မို့လိုလဲ"

"သုံးဆယ်နှစ် ကိုယ်က"

"ဟင်"

"အံ့သြသွားတယ်မလား . . .
ကိုယ်ကအများကြီးနုနေတာကိုး"

လူကြီးက မျက်လုံးလေးများအား အနည်းငယ်မှေးကျဥ်းလိုက်ပြီး ရွှတ်နောက်နောက်ဆန်သော အမူအရာလေးဖြင့် ပြန်​ကာ​ဆိုသည်မှာ တကယ့်ကို ပေါ့ပေါ့ပါးပါးပင်။ လူကြီးထံမှ သည်လိုအမူအယာမျိုးအားလည်း သူ ပထမဆုံး ထိတွေ့ဖူးခြင်း။


"နုပါတယ်ဗျ .  . နုပါတယ်
သွားရအောင် ဆေးရုံကို နောက်ကျနေမယ်"

"ကောင်းပါပြီဗျ"

လူကြီးက လေပြည်လေးဖြင့် ပြန်ဖြေပြီး နှုတ်ခမ်းပေါ်က အပြုံနုနုလေးဟာလည်း လှိုက်လှိုက်လှဲလှဲ ဖြစ်လာသလိုပင်။


ကျွန်တော်နဲ့ တွေ့တဲ့အချိန်ဆို အခုလိုပဲ ခင်ဗျားရဲ့ စိတ်တံခါးကို ဖွင့်ထားပေးရင် ကောင်းမှာပဲ။ ငိုရင်လည်း ကျွန်တော် တစ်ယောက်ထဲရဲ့ ရှေ့မှာငိုပြီး။ ရယ်ရင်လည်း ကျွန်တော်နဲ့အတူ ရယ်မောပြီး။

မိုးရွာတိုင်း အနားမှာရှိပေးမှာမို့ . .
အတိတ်မှာ ဘာဖြစ်တွေ ဖြစ်ပျက်ခဲ့မှန်းသေချာမသိပေမယ့်၊

ကျွန်တော်နဲ့ တွေ့တဲ့အချိန်ဆို အရာအားလုံးကို မေ့ထားပေးရင်ကောင်းမယ်။

YIMMY

စာကရှည်ပါတယ်..Sceneလေးနည်းတာကြောင့်တိုတယ်ထင်နေမှာစိုးလို့ပါ။

အရေးအသားက တစ်ပိုင်းတစ်ပိုင်းပြောင်းနေတာ သတိထားမိလား။
ဘာမှမဟုတ်ဘူး..
အဲ့တာက yimmyစိတ်မမှန်လို့ပါ😂

အားလုံးကိုကျေးဇူးတင်ပါတယ်။
Vote & feedback plz🙏

Zawgyi

ေဝလီေဝလင္းခ်ိန္ကတည္းက အုံးမွိုင္းလို႔ေနသည့္ ရာသီဥတုသည္ ယခုထက္ထိ ေနေရာင္ျပျပပင္ မျမင္ရေသးေခ်။ မိုးသည္ ႐ြာမည့္ဟန္ ဆိုင္းျပင္လို႔ေနသည္မွာ အခ်ိန္အေတာ္ၾကာေနၿပီျဖစ္ေသာ္ျငား ႐ြာခ်မလာ။
မိုးသက္ေလေအးေအး​ကသာ အနားသို႔ခဏခဏလာေရာက္ က်ီစယ္ေနသည္။

ေမွ်ာ္လင့္ထားသည့္ တစ္စုံတစ္ရာျဖစ္မလာသည့္အခါ ဂ်ီမင္း သက္ျပင္းသာ ခပ္တိုးတိုးခ်ရင္း ဘက္စ္မွတ္တိုင္၌ ကားအလာကို  ဆက္ေစာင့္ေနမိသည္။

သည္ေန႕လည္း သူေရာက္မလာ။ ေရာက္မလားဟု သုံးႏႈန္းရမည္ထက္ သူ႕ႏွင့္ လမ္းမႀကဳံဟုသာ သုံးလွ်င္ ပိုမွန္ေလာက္မည္။ လူႀကီးႏွင့္သူ မေတြ႕ရသည္မွာ သည္ေန႕ႏွင့္ဆိုငါးရက္ေျမာက္။ ပုံမွန္ဆို သူ ေက်ာင္းသြားသည့္အခ်ိန္ ဘက္စ္မွတ္တိုင္မွာ လူႀကီး၏ စက္ဘီးႏွင့္ အလုပ္သြားခ်ိန္ႏွင့္ ႀကဳံေနၾကမလား။ ယခုေတာ့ လူႀကီး၏ အရိပ္အေယာင္ပင္မေတြ႕ရ။

ဟိုေန႕က ကိစၥေၾကာင့္ လူႀကီးက သူ႕ကိုေရွာင္ေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။

မိုးအသားကုန္ သဲသဲမဲမဲ ႐ြာခဲ့သည့္ ထိုေန႕က  ကံေကာင္းေထာက္မစြာ သူတို႔ႏွစ္ဦး ကားႀကဳံျဖင့္ အိမ္ျပန္ခြင့္ရလိုက္သည္။ ကားသမားဦးေလးႀကီးက တကူးတက ေတာင္ပတ္လမ္းအေနာက္ကေန လူႀကီးကို အိမ္အထိလိုက္ပို႔ေပးသည္။ သူကေတာ့ ဘက္စ္မွတ္တိုင္၌သာ ဆင္းေနခဲ့ၿပီး အိမ္သို႔ ေျခလ်င္လမ္းေလွ်ာက္ျပန္ခဲ့ရသည္။

ဘက္စ္ေရာက္လာသည့္အခါ သူ ကားေပၚအျမန္တတ္လိုက္ၿပီး ထိုင္ေနက် ျပတင္းေပါက္ႏွင့္နီးသည့္ အတြင္းထိုင္ခုံမွာ ဝင္ထိုင္လိုက္သည္။ ထိုအခါတြင္လည္း သူ႕ခင္မ်ာ ဂ႐ုတစ္ိုက္ ေနရာေပးတတ္သည့္ လူႀကီးကို ပိုပိုသတိရသြားျပန္ေရာ။

အႏွီတစ္ေန႕တာဟာလည္း ပုံမွန္အတိုင္း လူႀကီးအေၾကာင္း ေတြးရင္းျဖင့္ ညေနေစာင္းခဲ့ျပန္သည္။ ေက်ာင္း၌ ေဘးကဟိုေဆာ့ႏွင့္ေတာင္ အရင္ကေလာက္ သိပ္ေပါက္ေပါက္မေဖာက္ျဖစ္ေတာ့။ ဟိုေဆာ့ကိုလည္း လူႀကီးႏွင့္ ကိစၥကို ရင္မဖြင့္ရဲခဲ့ျပန္ပါ။

တစ္ေနကုန္ မွိုင္းညို႔ေနသည့္ ရာသီဥတုဟာေက်ာင္းဆင္းခ်ိန္ေရာက္ေတာ့ သူမဟုတ္သည့္အတိုင္း ၾကည္လင္ေနသည္။

ဟိုေဆာ့အပါအဝင္ က်န္သူငယ္ခ်င္းမ်ားကို သည္အတိုင္း ျဖစ္သလိုႏႈတ္ဆက္ၿပီး အိမ္ျပန္ခဲ့ရသည္မွာလည္း ငါးရက္ေျမာက္ပင္။ လူႀကီးႏွင့္ မရေတြ႕သည့္ေနာက္ပိုင္း သူဟာ အလြန္အမင္း တိတ္ဆိတ္ေနတတ္လာ၏။

ေဆာင္းဦးေႏွာင္းပိုင္းမို႔ မိုးေစာေစာခ်ဳပ္သည္ထင္ရသည္။ ယခင္က သည္အခ်ိန္ ဘက္စ္စီးလွ်င္ ျမင္ရတတ္ေသာ ပုစြန္ဆီေရာင္ေကာင္းကင္ႀကီးဟာ ယေန႕မွာေတာ့ မဲနယ္ေရာင္သန္းႏွင့္ေနေလၿပီ။ အခ်ိန္အားျဖင့္ ညေနငါးနာရီခြဲ။

ကားစီးတိုင္း အၿမဲအျပင္သို႔ ေငးေနတတ္သည့္ သူဟာ သည္ေန႕လည္း ထုံစံအတိုင္း ေငးၿမဲေငးေနခဲ့၏။ ေဘး၌ လူတစ္ေယာက္ လာဝင္ထိုင္သည္ကိုပင္ သတိမထားမိ။ ေနာက္ ေလးမွတ္တိုင္ေလာက္ဆို သူ ဆင္းရေတာ့မည္။

ယခုမွတ္တိုင္ဟာ ဟိုတစ္ခါ မနက္ပိုင္း သူႏွင့္ ကားတူတူစီးရင္း လူႀကီးဆင္းသြားသည့္မွတ္တိုင္ေပမို႔ ကားေပၚတတ္လာေသာ လူမ်ားထဲမွာ လူႀကီးမ်ား ပါလာေလမလားဟု သူ မ်က္လုံးေလး ကစားမိျပန္သည္။ သူ႕အတြက္ ထူးဆန္းအံဖြယ္ဆိုတာ တကယ္မွ မရွိပဲ။ တတ္လာေသာ လူမ်ားကုန္သြားၿပီး ကားတံခါးပိတ္သြားသည္အထ္ိ လူႀကီးႏွင့္တူေသာ အရိပ္ေလးေတာင္ ပါမလာပါေခ်။

ဟုတ္ပါသည္ေလ။ လူႀကီးက သူ႕စက္ဘီးနဲ႕ပဲ အိမ္ျပန္မွာေပါ့။ ကားဘယ္စီးေနပါ့ဦးမလဲ။

ပတ္ဂ်ီမင္းဟာ တစ္ခါတစ္ရံ ထိုမွ် တုံးအ သြားျပန္ပါသည္။

ဆင္းရမည့္ မွတ္တိုင္ေရာက္သည့္အခါ ကားေပၚ၌ လူသိပ္မက်န္ေတာ့။ ပတ္ဝန္းက်င္ဟာလည္း ထင္ထားသည္ထက္ပင္ ေမွာင္ရီပ်ိဳးေနေလၿပီ။ တသုန္သုန္ တိုက္ခတ္ေနေသာေဆာင္းေလေျပၾကားမွာ ေျမနီလမ္းေပၚမွ ေျခလွမ္းေတြဟာ ေလးပင္ေနသေယာင္။ ျပာရီမွိုင္းေသာ ဝန္းက်င္တြင္လယ္ကြင္းေဘး အေမွာင္က်က် ၿခဳံပုတ္ေတြ၌ ပိုးစုန္းၾကဴးေလးမ်ားအား တစစ ေတြ႕ေနရ၏။

"မနက္ျဖန္မနက္ေတာ့ ပိတ္ရက္မို႔ လူႀကီးကအိမ္ကိုလာေခၚမွာပါေနာ္"

ကလင္~~ကလင္~~

သူေရ႐ြတ္လိုက္မိသည္ႏွင့္ တစ္ၿပိဳက္နက္ ထြက္လို႔လာေသာ ေနာက္ပါးဆီမွ စက္ဘီး ဘဲလ္သံေၾကာင့္ ဂ်ီမင္း၏ ေျခလွမ္းေလးမ်ားဟာ သူ႕အလိုလို ရပ္တန့္သြားရသည္။

မသိစိတ္ကေနၿပီး သူ႕ လူႀကီးျဖစ္ပါေစဟု
တသသ႐ြတ္ေနမိတာ အမွန္။

"ဂ်ီမင္း"

ႏူးညံ့၍ တိုးတိမ္ေသာ ေခၚသံေလးတစ္ခု သူ၏ ေနာက္နားမွ ထြက္ေပၚလာသည္။ ေဘး၌လာရပ္သည့္ စက္ဘီးတစ္စီးႏွင့္အတူ ထိုအမ်ိဳးသားထံမွ ေခြၽးနံ႕သင္းသင္းေလး ေဝ့ဝဲလာ၏။ သူ ခပ္ျမန္ျမန္ပင္ ေဘးသို႔ ေစာင္းငဲ့ ၾကည့္လိုက္ပါေတာ့သည္။

"ဟင္"

တျခားသူမဟုတ္။ အမွန္တကယ္ ကင္မ္ထယ္ေယာင္းဆိုသည့္ သူ႕လူႀကီးပါပင္။

စက္ဘီးနင္းလာရသည္ေၾကာင့္ လူႀကီး၏ နားသယ္စပ္ႏွစ္ဖက္မွာ ေခြၽးစေလးမ်ား တြဲခိုလို႔ေနသည္။ နက္ျပာေရာင္ျခယ္သည့္ေကာင္းကင္ေအာက္၌ အႏွီလူသား၏ မ်က္ႏွာဟာ ပ်ိဳမ်စ္မႈႏွင့္အတူ ေတာက္ပေနေသးသည္။ မ်က္ဝန္းေလးမ်ားထဲတြင္ ေစာေစာက သူ ျမင္ခဲ့ရေသာ ပိုးစုန္းၾကဴးေလးမ်ားအား ဖမ္းၿပီးသိမ္းထားသကဲ့သို႔ တလက္လက္။

လူႀကီးဆီမွာ ငယ္႐ြယ္မႈေတြ အမ်ားႀကီးက်န္ေသးတာပဲ . .

"ဂ်ီမင္း"

သူ လူႀကီးအား မည္မွ် ေငးမိသြားလဲမသိ၊ လူႀကီး၏ ဒုတိယေျမာက္ေခၚသံၾကားမွ အသိျပန္ဝင္လာသည္။

"ဟုတ္ . . ဟုတ္ကဲ့"

"အိမ္ျပန္မွာမလား ကိုယ့္စက္ဘီးေနာက္ကလိုက္ခဲ့ေလ"

"မလိုက္ေတာ့ပါဘူး"

အာ႐ုံမရဘဲ ေျပာမိေျပာရာ ျပန္ေျဖၿပီးမွ ပတ္ဂ်ီမင္းတစ္ေယာက္ ထိုေနရာမွာတင္ သူ႕ေခါင္းကိုသူ နာနာေလးသာ ပိတ္ခ်ခ်င္မိလိုက္၏။

"ဒါဆို ကိုယ္သြားၿပီေနာ္
မနက္ေျခာက္နာရီေလာက္လာေခၚမယ္"

"ဟုတ္"

လူႀကီးက သူ႕အား ေခါင္းေလးညိတ္႐ုံျဖင့္ ႏႈတ္ဆက္ကာ စက္ဘီးေျခနင္းအား နင္းထြက္ရန္ အားျပဳၿပီးကာမွ ႐ုတ္တရက္ ရပ္သြားၿပီး သူ႕ဘက္သို႔ ျပန္လွည့္လာသည္။ ထို႔ေနာက္ အဆက္အစပ္မရွိဆို၏။

"ခင္ဗ်ားလ္ို႔မေခၚပါနဲ႕လား"

"ဟင္, ဘာ . . ဘာက္ို"

"ကိုယ့္ကို ခင္ဗ်ားလို႔မေခၚနဲ႕လို႔"

လူႀကီးက ခပ္ယဲ့ယဲ့ေလးၿပဳံးကာ ဆိုေနၿပီး မ်က္လုံးမ်ားက တကယ္အသက္ပါလို႔ေနသည္။

"စဥ္စားထား ေနာက္ေန႕ေတြ႕မွေျပာင္းေခၚ၊
ဘယ္ႏွယ္ . . အႀကီးကို ခင္ဗ်ားလို႔ေခၚစရာလား ကေလးေပါက္စရဲ႕"

ႏွာေခါင္းေလးရႈံ႕ကာ ဆူသလိုလ္ိုဆိုၿပီးေနာက္ ထယ္ေယာင္း၏ ညာလက္သည္ ဂ်ီမင္း၏ နဖူးေပၚ ကပိုကရို က်ဆင္းလ်က္ရွိေသာ ဆံႏြယ္စေလးမ်ားအား အသာေလးသပ္တင္ေပးကာ ထပ္ဖြသြား၏။

ထို႔ေနာက္ လူႀကီးက ပုံမွန္အတိုင္းသာ စက္ဘီးနင္းထြက္သြားသည့္တိုင္ က်န္ခဲ့သည့္ ပတ္ဂ်ီမင္းမွာေတာ့ ခႏၶာတစ္ခုလုံး ေက်ာက္႐ုပ္ျဖစ္သြားသလို မလႈပ္မယွက္ ေအးစက္သြားရ၏။

ဤသို႔ျဖင့္ ပတ္ဂ်ီမင္းေလး၏ အထီးက်န္ညေနခင္းေလးဟာ ႐ုတ္တရက္ လွပသြားျပန္သည္။ ညဥ့္ေလညွင္းေလးဟာလည္း တေအးေအး။ ပိုးစုန္းၾကဴးေလးမ်ားရွိရာ ေျမနီလမ္းငယ္ေပၚက ေျခလွမ္းတစ္စုံဟာ ေပါ့ပါးလို႔။

ရင္ခုန္သံဟာလည္း တိုးတိုးေလး။
တကယ့္ကို တိုးတိုးေလးရယ္ . . .။

***

ေနာက္တစ္ေန႕ မနက္ ေျခာက္နာရီခြဲေလာက္မွာ လူႀကီးက သူ႕ကိုလာႀကိဳသည္။

အညိုေရာင္ဆြယ္တာ အကၤ်ီအက်ပ္အား အေပၚထပ္မပါဘဲ ဝတ္ထားေသာေၾကာင့္ လူႀကီး၏ က်ယ္ျပန့္ႀကီးမားေသာ ရင္အုပ္​ဟာ ထင္းလင္းေနေတာ့၏။

"ကိုယ္ နည္းနည္းေနာက္က်သြားတယ္"

"ရပါတယ္ အ . . အစ္ကိုရဲ႕"

"ဘယ္လိုေခၚလိုက္တာ"

ထူးထူးျခားျခား ပန္းႏုေရာင္ ရွပ္အပါးေလးအား ဝတ္ထားသည့္ ဂ်ီမင္းေလး၏ ပါးအို႔ေလးႏွစ္ဖက္သည္လည္း အကၤ်ီအေရာင္အတိုင္း ပန္းေသြးျခယ္လို႔ပင္။ သူ႕မွာ အႏွီနာမ္စားေလးအား ရဖို႔ကို တစ္ညလုံး အိပ္ေရး အပ်က္ခံၿပီးေတာင္ စဥ္းစားခဲ့ရေလသည္။ လူႀကီးအား ရည္ၫႊန္းေသာ 'အကို' ဟူသည္မွာ ရိုးရိုးရွင္းရွင္းျဖင့္ ေခၚလိုက္တိုင္း ရင္ခုန္ဖြယ္ရာ ေကာင္းလြန္းသည္ မဟုတ္ပါလား။

"အကိုလို႔ေခၚလိုက္တာေလ . . ခင္ဗ်ားအသက္ကို တိတိက်က်မွမသိတာ မွန္းၿပီးေခၚရတာေပါ့ ဒါမွမဟုတ္ . . ဦးေလးႀကီးလို႔ေခၚရမလား"

အရွက္သည္းမႈေလးအား ဖုံးကြယ္ရန္ မ်က္ေစာင္းေလး ထိုးကာဆိုေတာ့ လူႀကီးက ဖြဖြေလးၿပဳံးျပန္သည္။

"ဂ်ီမင္းနဲ႕ဆို ကိုယ္က ၁၀ႏွစ္ေက်ာ္ေလာက္ကြာမွာေပါ့"

"ဘယ္ေလာက္မို႔လိုလဲ"

"၃၂ကိုယ္က"

"ဟင္"

"အံ့ၾသသြားတယ္မလား . . .
ကိုယ္ကအမ်ားႀကီးႏုေနတာကိုး"

လူႀကီးက မ်က္လုံးေလးမ်ားအား အနည္းငယ္ေမွးက်ဥ္းလိုက္ၿပီး ႐ႊတ္ေနာက္ေနာက္ဆန္ေသာ အမူအရာေလးျဖင့္ ျပန္​ကာ​ဆိုသည္မွာ တကယ့္ကို ေပါ့ေပါ့ပါးပါးပင္။ လူႀကီးထံမွ သည္လိုအမူအယာမ်ိဳးအားလည္း သူ ပထမဆုံး ထိေတြ႕ဖူးျခင္း။

"ႏုပါတယ္ဗ် .  . ႏုပါတယ္
သြားရေအာင္ ေဆး႐ုံကို ေနာက္က်ေနမယ္"

"ေကာင္းပါၿပီဗ်"

လူႀကီးက ေလျပည္ေလးျဖင့္ ျပန္ေျဖၿပီး ႏႈတ္ခမ္းေပၚက အၿပဳံႏုႏုေလးဟာလည္း လွိုက္လွိုက္လွဲလွဲ ျဖစ္လာသလိုပင္။

ကြၽန္ေတာ္နဲ႕ ေတြ႕တဲ့အခ်ိန္ဆို အခုလိုပဲ ခင္ဗ်ားရဲ႕ စိတ္တံခါးကို ဖြင့္ထားေပးရင္ ေကာင္းမွာပဲ။ ငိုရင္လည္း ကြၽန္ေတာ္ တစ္ေယာက္ထဲရဲ႕ ေရွ႕မွာငိုၿပီး။ ရယ္ရင္လည္း ကြၽန္ေတာ္နဲ႕အတူ ရယ္ေမာၿပီး။

မိုး႐ြာတိုင္း အနားမွာရွိေပးမွာမို႔ . .
အတိတ္မွာ ဘာျဖစ္ေတြ ျဖစ္ပ်က္ခဲ့မွန္းေသခ်ာမသိေပမယ့္၊
ကြၽန္ေတာ္နဲ႕ ေတြ႕တဲ့အခ်ိန္ဆို အရာအားလုံးကို ေမ့ထားေပးရင္ေကာင္းမယ္။

YIMMY

စာကရွည္ပါတယ္..Sceneေလးနည္းတာေၾကာင့္တိုတယ္ထင္ေနမွာစိုးလို႔ပါ။

အေရးအသားက တစ္ပိုင္းတစ္ပိုင္းေျပာင္းေနတာ သတိထားမိလား။
ဘာမွမဟုတ္ဘူး..
အဲ့တာက yimmyစိတ္မမွန္လို႔ပါ😂

အားလုံးကိုေက်းဇူးတင္ပါတယ္။
Vote & feedback plz🙏

Continue Reading

You'll Also Like

106K 2.4K 46
The grade's pretty girl catches Jahseh's attention
1.8M 58.2K 50
Min Yujin did not have it easy. Being several years younger than her brother Yoongi, she was always left in his shadow growing up. While their parent...
285K 29.3K 34
ရုပ်ဆိုးဆိုး အစခံ အနိုင်ကျင့်ခံ ကောင်လေးတစ်ယောက်ကို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကောင်လေးက ချစ်မိသွားတဲ့အခါ... ႐ုပ္ဆိုးဆိုး အစခံ အႏိုင္က်င့္ခံ ေကာင...
2.2M 116K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...