ငွေမှိုင်းလင်းဝေ...(ငွေမှိုင်း...

By Han_Me7012

90K 7.4K 1.4K

(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... More

Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)

Part 23(Zawgyi)

421 44 20
By Han_Me7012

ဆယ်တန်းကျောင်းသားဖြစ်လာသော အလင်းဝေတစ်ယောက် ကျောင်းမှပြန်ရောက်သော်လည်း ချက်ချင်းမနားရသေးဘဲ ရေမိုးချိုး ၊အဝတ်အစား ကမန်းကတန်းလဲကာ ကျူရှင်သွားရန်ပြင်ဆင်ရသည်။ အလင်းဝေရဲ့ ကျူရှင်မှာ ပိတ်ရက်များတွင် တစ်နေကုန်နီးပါး တက်ရပြီး ကျောင်းဖွင့်ရက်တွေမှာတော့ ညနေလေးနာရီမှ ညရှစ်နာရီအထိ တက်ရလေသည်။

ရှစ်နာရီတွင် ကျူရှင်လွှတ်သော်လည်း ရန်ကုန်မြို့၏ ကားကြပ်ပုံကြောင့် အလင်းဝေမှာ ညကိုးနာရီထိုးခါနီးမှ အိမ်ပြန်ရောက်မြဲဖြစ်သည်။ ပြန်ရောက်ပြီဆိုတာနဲ့ အိမ်အဝင်ဝကတည်းက"ကြီးစန်းရေ...ဗိုက်ဆာတယ်ဗျို့.." ဟူ၍ အော်ဟစ်ပြီး ထမင်းစားခန်းသို့ အရင်ဝင်သည်။ ကြီးကြီးစန်းမှာလည်း ကားသံကြားသည်နှင့် ထမင်းပန်းကန် အသင့်ပြင်ပြီးဖြစ်သည်။

ဒီနေ့တွင်လည်း ထုံးစံအတိုင်း ကိုးနာရီထိုးခါနီးမှ ကျွန်တော် ကျူရှင်က ပြန်ရောက်သည်။ ခြံထဲတွင် ရပ်ထားသော ကားကို မြင်မြင်ချင်း အဖေပြန်ရောက်နေပြီပဲဟု စိတ်ထဲမှ ရေရွတ်မိသည်။ ခါတိုင်းဆို ထမင်းစားခန်းဆီသို့ အရင်သွားဖြစ်သော်လည်း စိတ်နောက်လာသောကြောင့် အခန်းထဲသို့သာ သွားလိုက်သည်။ ကျူရှင်ယူနီဖောင်းကို လဲပြီးမှ အောက်ထပ်ဆင်းလာခဲ့သည်။

အဖေ့ရှေ့တွင် ရှိနေသော ထမင်းပန်းကန်မှာ အရာမယွင်းသေးသောကြောင့် ကျွန်တော်ကို စောင့်နေကြောင်း သိလိုက်ရသည်။ ဒီလိုဆိုတော့လည်း ထမင်းစားခန်းထဲသို့ အရင်မဝင်ဖြစ်သည့်အတွက် အားတုံ့အားနာဖြစ်ရပြန်သည်။

ကျွန်တော် သည်လည်း ဆယ်တန်းရောက်ခါမှ အိမ်မှာနေရချိန် နည်းပါးနေသည်လေ။ အဖေဆိုသည်မှာလည်း အမြဲတမ်း ညဥ့်နက်မှ အိမ်ပြန်လာတတ်သူဖြစ်သောကြောင့် သားအဖနှစ်ယောက် အတူဆုံချိန်မှာ နည်းလွန်းလှသည်။ အဲ့တာကြောင့် တစ်အိမ်တည်းနေ သားအဖတွေအဖို့ ခပ်စိမ်းစိမ်းဖြစ်နေကြသည်မှာ မထူးဆန်းလှပေ။

အဖေနဲ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း အကြည့်ချင်းဆုံသောကြောင့် ပြုံးပြဖြစ်ချိန်တွင် သားအဖချင်းဖြစ်သော်လည်း ရှိန်နေသော ခံစားချက်မျိုးနှင့် ပြန်ပြုံးပြခဲ့ရသည်။ ကျွန်တော်တစ်ယောက်တည်း  အဲ့လိုမျိုးဖြစ်နေတာမဟုတ်ဘဲ အဖေလည်း ထပ်တူ ခံစားရမည်ထင်သည်။ ထမင်းလက်ဆုံစားနေကြသော်လည်း စကားများများမပြောဖြစ်ကြပေ။

ကြီးစန်းကသာ မနေနိုင်၊မထိုင်နိုင်ဖြစ်ပြီး
ဘေးကနေ စကားတွေ ဖောင်ဖွဲ့ပေးနေသည်။

"သားငယ်အဖေက ခုနှစ်နာရီကတည်းက ပြန်ရောက်နေတာလေ သားနဲ့အတူ ထမင်းစားမယ်ဆိုပြီး စောင့်နေတာ..."

"ဟုတ်လား....အင်း...စားထားလိုက်တာမဟုတ်ဘူး...
သားက တစ်ယောက်တည်းဆိုလည်း စားတတ်ပါတယ်..."

မျက်လွှာအောက်ချထားသော်လည်း အဖေ ကျွန်တော်ကို အကြာကြီး ငေးကြည့်နေမှန်း သိလေသည်။ စကားသံတွေ ရပ်သွားပြီးသည့်နောက် ဇွန်းသံများသာ ပတ်ဝန်းကျင်၌ကြီးစိုးနေသည်။

အတော်လေး ကြာပြီးချိန်မှ...

"ကျူရှင်မှာ အဆင်ပြေတယ်မလား..." ဟု မေးသဖြင့်

"တက်ရတဲ့အချိန်များတာကလွဲရင် အဆင်ပြေပါတယ်...
ဆရာနဲ့ဆရာမကလည်း စာသင်ကောင်းတယ်..." ဟူ၍ ပြန်ဖြေဖြစ်သည်။

ဒါပေမယ့် ဘယ်သူသိခဲ့မှာလဲ။ ဒီလိုမေးတာက
ကိုယ်ပြောချင်တဲ့ စကားရောက်ဖို့ အစပျိုးတာမျိုး ဖြစ်နေမယ်လို့...။

"နောက်နေ့ကျ ဦးမင်းခေါင်ဦးရဲ့ သားနှစ်ယောက်ပါ အဲ့မှာလာတက်လိမ့်မယ်...သားက အရင်ရောက်နေတဲ့သူ ဆိုတော့..သူတို့ကို ဂရုစိုက်ပေးလိုက်ဦး..."

ကျွန်တော် အဖေ့ကို စိုက်ကြည့်ပြီး ဆွံ့အနေမိသည်။

.*ဘာလို့...ငါတက်နေတဲ့နေရာမှလဲ...။ သူတို့အဆင့်နဲ့ဆို အိမ်မှာဆရာခေါ်သင်လည်း ရတာပဲမလား...။ ငွေရှိုင်းတစ်ယောက်တည်းဆိုရင်တောင် ငါက ဂရုစိုက်ပေးမှာပေါ့လို့ ပျော်ပျော်ကြီးပြန်ဖြေမိဦးမှာ...။*

"မှိုင်းခေါင်ဝေဦးပါ...တက်မယ်ပေါ့...ဒါနဲ့
သားကျူရှင်မှာလာတက်ဖို့ အဖေပြောလိုက်တာတော့ မဟုတ်ပါဘူးနော်..."

အဖေနှုတ်ဆိတ်နေသောကြောင့် ကျွန်တော်သိလိုက်ပြီလေ...။

"သားတို့အဆင်မပြေတာလည်း သိသားနဲ့ဗျာ...
သူ့ဘာသာ တခြားမှာ တက်ပါစေလား..."

"အဖေက ဦးမင်းခေါင်ဦးရဲ့လက်အောက်မှာ လုပ်နေရတာလေ..သူက မေးလာတော့ တခြားနေရာကိုလည်း အဖေမညွှန်းရဲဘူး...

တစ်လက်စတည်းအဆင်ပြေအောင် နေကြပေါ့ကွာ...
သားတို့က လူငယ်တွေပဲလေ...ခဏလေးနဲ့ ရင်းနှီးသွားကြမှာပါ..."

အဖေ မသိပါဘူး....လို့သာ အကြိမ်ကြိမ်ရေရွတ်နေမိသည်။ ကြီးစန်းကို ကြည့်လိုက်တော့ ဘာမှမသိသော မျက်နှာနှင့်မို့ ကျွန်တော်လည်း ဆက်မပြောဖြစ်တော့။

*ရေစက်ဆုံမယ်ဆိုရင်တောင် ငွေရှိုင်းနဲ့ပဲ ဆုံချင်တယ်လေ။
angry birdအနီကောင်နဲ့တော့ မဆုံချင်ဘူး။ ငါက သူ့ညီကို အပိုင်သိမ်းမယ့်ပုံစံမျိုး ပြောထားခဲ့တာမလား...။*

ထိုအကြောင်းနဲ့ပတ်သတ်ပြီး ညလုံးပေါက်တွေးနေခဲ့တာတောင် လုံလောက်ခြင်းမရှိဘဲ ကျောင်းရောက်တဲ့အထိပါ ဆက်တွေးနေမိသည်။ မှိုင်းခေါင်ဝေဦးက ကျွန်တော် ငွေရှိုင်းနဲ့ပေါင်းတာကို မကြိုက်တော့ ကျူရှင်မှာဆိုရင် ကျွန်တော်တို့ နှစ်ယောက်စလုံးကို ခပ်တန်းတန်းနေခိုင်းမည့် အရေးကို တွေးမိတော့ စိတ်နဲ့ကိုယ်နဲ့တောင်မကပ်ချင်တော့။ ဒါပေမယ့်လည်း ကျောင်းမှာ တွေ့နေရတာပဲလေ...ဟု စိတ်ပြန်ဖြေလိုက်ပါသည်။

ကျွန်တော်တို့သည် မြင်ရသေးသော အနာဂတ်ကို
ပုံစံအမျိုးမျိုးဖြင့် မှန်းဆတတ်ကြသည်။ အကယ်၍ ကျွန်တော်တို့ ထင်ထားသလိုမျိုး ဖြစ်မလာရင်လည်း ရောက်နေသည့် ပစ္စုပ္ပန်ကို လက်ခံလိုက်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ပေ။

ကျွန်တော်ထင်ထားတာကလည်း မှိုင်းခေါင်ဝေဦးနဲ့ ကျူရှင်မှာပဲ ဆုံရမည်ဟုပင်။ သို့သော်လည်း နောက်တစ်နေ့မနက်၌ အတန်းထဲသို့ အတူတူရောက်လာကြသော သူ့တို့ညီအစ်ကိုမြင်လိုက်ရမှ ကျွန်တော်ကံကြမ္မာသည် အဆိုးဘက်ကိုသာ ဦးတည်နေကြောင်း သိလိုက်ရပါသည်။

>>>>>>>>>>>>>>>>>>

ငွေရှိုင်းအခန်းထဲရှိ ဝရန်တာတွင် ငွေရှိုင်းနှင့် မှိုင်းခေါင်ဝေဦးတို့ တစ်ညလုံး ထိုင်ဆွေးနွေးဖြစ်သည့် ရလဒ်မှာ အပြောင်းအလဲမရှိခဲ့ပေ။ ကိုကိုသည် ဖေဖေ့စကားကို နာခံမည်ဟု ဆုံးဖြတ်ခဲ့သည်။ ငွေရှိုင်းကသာ ကာယကံရှင်အတွက် စဉ်းစားပြီး အလျှော့မပေးဘဲ ဆက်ပြောခဲ့သည်။

"ဖေဖေက ကိုကို့ကို ကိုကို့လုပ်ရပ်အတွက် နောင်တရစေချင်လို့ ကျောင်းပြန်တက်ခိုင်းတာမှန်း ကိုကိုလည်း သိနေတာပဲ. အိမ်မှာပဲ သင်ချင်တယ်လို့ပြောလိုက်ပါလား ကိုကိုရာ...ကျွန်တော်လည်း ဝိုင်းပြောပေးမှာပေါ့..."

"မပြောဘူး...မင်းလည်းမပြောနဲ့...သူက ငါ့အဖေလေ...သူဖြစ်စေချင်တဲ့အတိုင်းပဲ ငါအမြဲနေပေးနေရတာ...ငါ့မှာ စောဒက တက်ခွင့်မရှိဘူး..စကားအဖက်တင် မခံတာဘဲ ကောင်းပါတယ်..."

"ဒါပေမယ့်...."

"မင်းငါ့ကို တရားလာမချခင် ငါအရင်ပြောပြမယ်...
မနေ့ညက ကိစ္စကိုပဲကြည့်...သူငါ့ကိုထိုးဖို့ရွယ်တယ်...
အဲ့တော့ငါဘာလုပ်နိုင်လဲ...အဖေဖြစ်နေတော့ ပြန်ထိုးလို့လည်းမရဘူးလေ...

အဲ့ဒီအချိန်မှာ သူကငါ့ကို သူ့အိမ်ပေါ်က
ဆင်းသွားဆိုလည်း ငါဘာမှပြောနိုင်မှာမဟုတ်ဘူး...
ငါအရွဲ့တိုက်ချင်နေတဲ့သူက ငါ့ရဲ့အဖေဆိုတာကို နည်းနည်းမေ့သွားတယ်....

ငါ့မှာ ဘာအာဏာမှလည်းမရှိ...ပိုက်ဆံလည်းမရှိ...
သူပေးတဲ့ကျွေးတဲ့ဟာနဲ့ ...အသက်ရှင်နေရတာမဟုတ်လား..
ငါအဲ့ဒ်ီကိစ္စနဲ့ ပတ်သတ်ပြီး တစ်ခုတော့ သိလိုက်ရတယ် ရှိုင်းငယ်..

တောင်ကိုဖြိုဖို့အတွက် ငါ့ရဲ့လက်ထဲမှာ
တူကလေးတစ်ချောင်းရှိရုံနဲ့ မလုံလောက်ဘူး..
ဆိုတာကိုပေါ့..ဟက်."

ကိုကိုရဲ့ ရယ်သံထဲမှာ မကျေနပ်သော အသံများလည်း ရောယှက်နေသည်။ ထိုရယ်သံကြောင့်လား...၊ လေအေးတစ်ချက်  ဝေ့တိုက်လိုက်သောကြောင့်လားမသိ.. ငွေရှိုင်းတစ်ယောက် ကြက်သီးထသွားမိတာတော့ အမှန်။

ထို့နောက် ပြောဖြစ်ခဲ့တာက

"ဒါပေမယ့် ကိုကို တစ်ယောက်တည်း မဟုတ်ပါဘူး...
ကျွန်တော်လည်း ကိုကို့ဘေးမှာရှိပေးမှာပါ...." ဟူ၍။

ငွေရှိုင်း၏စကားကို ပီပီသသကြားခဲ့ရသော
မှိုင်းခေါင်ဝေဦးသည် အသက်ရှုရန် ခေတ္တမေ့သွားသကဲ့သို့ ငြိမ်နေခဲ့ပြီးမှ ငွေရှိုင်းထံမှ ကတိတစ်ခုကို ကလေးဆန်ဆန် တောင်းခဲ့သည်။

"ဘယ်အခြေအနေပဲရောက်ရောက် ငါ့ဘေးမှာ
မင်းရှိနေရမှာနော် ရှိုင်းငယ်...ကတိပေးဆိုရင်ရော ပေးနိုင်လား..."

ပြုံးတုံ့တုံ့မျက်နှာလေးနှင့် ခေါင်းညိတ်လာသော
ကောင်လေးက မှိုင်းခေါင်အတွက်တော့ ဖြူစင်လွန်းနေသည်။ ဖေဖေ့စကားကို နားထောင်ဖြစ်ခဲ့တာကလည်း မှိုင်းခေါင်ရဲ့ မွေးစားညီငယ်လေးကြောင့်သာ အဓိကဖြစ်ခဲ့တာပါ။ ဒါကိုတော့ မှိုင်းခေါင်ရဲ့ ရင်ထဲမှာပဲ သိမ်းထားခဲ့ပါသည်။

.
.
.
အတူတူရပ်တည်ပေးမယ့် တစ်စုံတစ်ယောက်သာရှိနေရင် တစ်လောကလုံးက လက်ညှိုးဝိုင်းထိုးနေလည်း ရင်ဆိုင်နိုင်တဲ့ သတ္တိတွေ ပေါ်လာတယ်တဲ့...။

ရှိုင်းငယ်က မှိုင်းခေါင်ရဲ့နောက်ကျောဘက်ကနေသာ ကပ်လိုက်လာတတ်တဲ့ ကလေးတစ်ယောက်မဟုတ်တော့ဘူး။ သူ့စိတ်ထဲမှာ အစ်ကိုလို့တွေးထားတဲ့ လူတစ်ယောက်ကို ကာကွယ်ပေးချင်ဖို့အတွက် မှိုင်းခေါင်ရဲ့အရှေ့ကနေ ဦးဆောင်သွားနိုင်တဲ့ လူငယ်လေးတစ်ယောက်အဖြစ် အသွင်ယူနိုင်ခဲ့ပြီ။

"မင်းဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး" လို့...မှိုင်းခေါင်ပြောထားတဲ့အတိုင်း ရှိုင်းငယ်က နေနိုင်ခဲ့ပြီ။

အခုအချိန်မှာ မှိုင်းခေါင်အနေနဲ့ Green Leafကို ခြေချဖို့အတွက် ခက်ခဲလွန်းနေပေမယ့် မှိုင်းခေါင်က မျက်နှာပြောင်တိုက်ခြင်းဆိုတဲ့ မျက်နှာဖုံးကို တပ်ဆင်ထားပြီးပြီလေ။

ပြီးတော့ မှိုင်းခေါင်နဲ့အတူ ရှိုင်းငယ်ပါရှိနေလို့ ဒီလိုခက်ခဲတဲ့အချိန်တွေကိုလည်း ခဏလေးနဲ့ ကျော်ဖြတ်နိုင်သွားမှာပါ။
.
.
.
.
.
ဆယ်တန်းအတန်းရှေ့ရောက်လာတော့ ကော်ရစ်တာမှာရပ်နေသော အမြွှာနှစ်ယောက်သည် မှိုင်းခေါင်ဝေဦးကို တွေ့တွေ့ချင်း မျက်ပြူးဆန်ပြာဖြစ်ကာ အတန်းထဲသို့ပြေးဝင်သွားကြသည်။ ချာလီမှာ အရှိန်လွန်ပြီး အလင်းဝေရဲ့ထိုင်ခုံကို ဝင်တိုက်သွားသောကြောင့် အလင်းဝေက ဆဲလိုက်သည်။ နောက်တော့မှ ငွေရှိုင်းနှင့်အတူ မှိုင်းခေါင်ဝေဦးကိုပါ မြင်လိုက်ရသောကြောင့် သူပါအံ့သြနေသည်။

ငွေရှိုင်းသည် အတန်းထဲရောက်နေပြီဖြစ်သော်လည်း ထိုင်ခုံတွင် ဝင်မထိုင်သေးပေ။ တစ်ခုခုကို အကြိတ်အနယ်စဉ်းစားနေပုံရသည်။ ထို့နောက် အလင်းဝေကို အားနာသောအကြည့်နှင့်.ကြည့်လာသည့်အတွက် သဘောပေါက်သွားသော အလင်းဝေမှာ စိတ်မပါသော်လည်း တစ်ချက်ရယ်ဖြစ်လိုက်သည်။

မှိုင်းခေါင်ဝေဦးကတော့ ဘေးဘက်အတန်းရှိ နံရံဘက်တွင် ဝင်ထိုင်လိုက်ပြီဖြစ်သည်။ ငွေရှိုင်းတစ်ယောက်သာ လူသွားလမ်းအလယ်မှာ ရပ်နေခြင်းဖြစ်သည်။

ငွေရှိုင်းက ပြောဖို့ခက်ခဲနေပုံရသောကြောင့်
အလင်းဝေကသာ စကားစပေးလိုက်သည်။

"ငါနဲ့မထိုင်တော့ဘူးလို့ ပြောမလို့မှတ်လား..."

"ငါ့ကို နားလည်ပေးပါနော်..."

"Please ငွေရှိုင်း...မင်းငါ့ကို တောင်းပန်သလိုမျိုးမပြောနဲ့...
သွားပါ...မင်းအကိုနဲ့ပဲ သွားထိုင်လိုက်...ငါက တစ်ယောက်တည်းဖြစ်တဲ့ အခြေအနေနဲ့ နေသားကျနေပါပြီ..."

ငွေရှိုင်းတစ်ယောက် ဘာပြောရမှန်းမသိတော့ပေ။ တစ်ဖက်မှာလည်း သူ့ကိုအရမ်းခင်မင်နေသော သူငယ်ချင်းဖြစ်သူ၊ တစ်ဖက်မှာလည်း တစ်ယောက်တည်းထိုင်ခိုင်းထား၍ မဖြစ်ပြန်သော အစ်ကိုဖြစ်သူ ။

ထိုသူတို့နှစ်ယောက်ကြားတွင် ဘယ်သူနှင့်ထိုင်ရမည်ကို အချိန်အကြာကြီး ရွေးချယ်ရခက်နေပြီးမှ နောက်ဆုံးမှာတော့ မှိုင်းခေါင်ဝေဦးဘေးတွင်သာ ဝင်ထိုင်ဖြစ်ခဲ့သည်။

အလင်းဝေသည် ထိုအချိန်ကတည်းကစပြီး ငွေရှိုင်းတို့ဘက်သို့ လှည့်ကြည့်မလာတော့ပေ။ ငွေရှိုင်းသည် အလင်းဝေ၏ ဆူပုတ်နေသောမျက်နှာကို ငဲ့ကြည့်၊ငဲ့ကြည့်ဖြစ်နေလေသည်။ မှိုင်းခေါင်ဝေဦးကတော့ သူတို့နှစ်ယောက်ကို တစ်လှည့်စီ ငေးကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့သည်။

ဤသို့ဖြင့် Whiteboard ရှေ့တွင် ဆရာမက အားကြိုးမာန်တက် စာသင်နေသော်လည်း စိတ်လွင့်နေသူ သုံးယောက်ရှိခဲ့ပါသည်..။

>>>>>>>>>>>>>>>>>>>>>>>>>

Love you all❤
Han_Me
(21.9.2020)







Continue Reading

You'll Also Like

2.9K 113 24
မင်းခန့်ပိုင် × ရှင်းသန့်ပိုင် " ကိုကြီး ခံစားမိနေတယ် ရှင်းသန့်။ ဒီအချစ်က အရမ်းကြီးမားတာကိုခံစားမိတယ်။ ရင်ထဲပြည့်ကျပ်လွန်းနေတဲ့ဒီအချစ် ဒီမေတ္တာက သေရာ...
620K 50.3K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
110K 12.3K 97
transition novel
1.5K 58 4
အရောင်စုံသော ချစ်ခြင်းတရားများအကြောင်း...