ယန်မြို့မှာ လမ်းကျဉ်းလေးတစ်ခုရှိတယ် ... အင်အားကြီးမိသားစုနှစ်ခုရဲ့ကြားမှာရှိပေမယ့် ဘယ်ဖက်ကမှ မပိုင်ဘူး ...
ဒီလမ်းကို ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းလမ်း လို့ ခေါ်တယ် ... ဒီနေရာကို လာတဲ့သူတွေက အလွန်အမင်း အန္တရာယ်ရှိပြီး ရက်စက်ကြမ်းကြုတ်တဲ့သူတွေ ... သူတို့ထဲက တော်တော်များများက အပြင်ကနေ ထွက်ပြေးတိန်းရှောင်လာတဲ့ ဝရမ်းပြေးတွေ .... မဟုတ်ရင်လည်း ဘာအင်အားမှမရှိိတဲ့သူတွေ ... ဒါပေမယ့် အဲဒါက ဒီလူတွေအကုန်လုံးဟာ တစ်ခြားသူတွေကို သတ်နေတဲ့သူတွေလို့ မဆိုလိုဘူး ... သူတို့ထဲက တစ်ချို့က ယန်မြို့ရဲ့ မည်သည့်အဓိကအင်အားစုမှ မဝင်ချင်တဲ့ အဖော်မဲ့ သိုင်းပညာရှင်တွေ .....
ယန်မြို့က အင်အားစုတွေရဲ့ အပြန်အလှန်် နှစ်ဦးနှစ်ဖက် သဘောတူညီမှုတွေကြောင့် ရှင်သန်ခြင်းနဲ့သေဆုံးခြင်းလမ်းမက ဘယ်သူမှ ချုပ်ကိုင်မထားတဲ့နေရာဖြစ်လာတယ် ... ဒါကြောင့်ပဲ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းလမ်းမရဲ့အခြေအနေက အရမ်းကို ပရမ်းပတာဖြစ်လာတယ် ... ထူးခြားတဲ့အင်အားရှိတဲ့လူအမျိုးမျိုး၊ ပြန်ပေးဆွဲခံရတဲ့သူတွေ၊ အခိုးခံရတဲ့ရတနာတွေကို ဒီနေရာမှာ ရှာတွေ့နိုင်တယ် ... အရမ်းကို ပရမ်းပတာနိုင်ပြီး ဒီနေရာထက်ပိုပြီး ဖရိုဖရဲဖြစ်တာ မရှိနိုင်ဘူး .....
နေသာတဲ့နေ့တစ်နေ့မှာ လုယက်မှုတစ်ခု ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းလမ်းမမှာ ဖြစ်တယ် ...
သိပ်အသက်ကြီးသေးပုံမရတဲ့လူတစ်ယောက်... ဖြတ်သွားဖြတ်လာလူတစ်ယောက်လိုပဲ ... ကောင်းကင်အဆင့်သာ အင်အားရှိပုံရတဲ့ လူငယ်က သန်မာပြီး ထိပ်ပြောင်နေတဲ့ ကြယ်အဆင့်ရှိတဲ့ လူဆီကနေ ပစ္စည်းလုတယ်.... သူ့အင်အားက တစ်ခြားတစ်ယောက်ထက် နိမ့်တယ်ဆိုတာ သူသိလို့ လူငယ်က လူကြီးရဲ့မှော်လွယ်အိတ်ကို လုပြီးပြီးချင်း ထွက်ပြေးတယ် ... ထိပ်ပြောင်လူကြီးက ဒေါသထွက်ပြီး လူငယ်ကို လိုက်လံဖမ်းဆီးဖို့ သူ့အဖော်တွေကို ခေါ်လိုက်တယ် ...
လူငယ်က အလျင်စလိုနောက်လှည့်ကြည့်လိုက်တော့ ချက်ချင်းပဲ သူ့မြင်ကွင်းက သေးသွားတယ် ... ဒီထိပ်ပြောင်လူကြီးမှာ ရာဇဝတ်သားအဖွဲ့လိုက်အဖော်ရှိမယ်လို့ သူမထင်ခဲ့မိဘူး ... သူတို့ရဲ့အင်အားက သူ့ထက်မနိမ့်ဘူး ...လူငယ်အလျင်စလိုပြေးသွားပြီး သတိမထားမိဘဲ လမ်းဆုံးကို ပြေးမိသွားတယ် သူခေါင်းကိုလှည့်ကြည့်လိုက်တော့ ထိပ်ပြောင်လူကြီးနဲ့ သူ့ဂိုဏ်းက လမ်းဆုံးရဲ့အဝင်ကို ရောက်နေပြီ .....
"မင်း ... ခွေးမသား ... မင်းပြေးနိုင်ဦးမယ်လို့ ထင်နေသေးလား ... ဒီဦးလေးကြီးရဲ့ မှော်လွယ်အိတ်ကို လုရဲတယ် ... ဒီဦးလေးကြီးက ဘယ်သူလဲဆိုတာ မင်းမသိဘူးလား"
ထိပ်ပြောင်လူကြီးက သူ့ရဲ့လက်ဆယ်ချောင်းလုံးကို ချိုးပြီး ရက်စက်တဲ့မျက်နှာနဲ့ ချောင်ပိတ်မိနေတဲ့ လူငယ်ရှေ့ရောက်လာတယ် ... လူငယ်က ထိပ်ပြောင်လူကြီးကို စိန်ခေါ်ရဲမှတော့ သူကလွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး ......
လူငယ်ရဲ့မျက်နှာက ဖြူဖျော့သွားပြီး သူမျက်လုံးထဲမှာ လက်လျော့တဲ့အရိပ်အယောင် ဖြတ်ခနဲဖြစ်သွားတယ် ...
ထိပ်ပြောင်လူကြီးတစ်ယောက်တည်းသာဆိုရင် သူအသက်စွန့်စားပြီး ပြေးဖို့ကြိုးစားနိုင်သေးတယ် ... ဒါပေမယ့် ထိပ်ပြောင်လူကြီးရဲ့နောက်မှာ နောက်လိုက်ငါးယောက်တောင်ရှိတယ် .... ကွာခြားမှုက အရမ်းကြီးလွန်းတယ် ... သူလွတ်ဖို့လမ်းမရှိဘူး ...
ရှင်သန်ခြင်းနဲ့သေဆုံးခြင်းလမ်းမှာနေတဲ့သူတွေက ရက်စက်ပြီး သနားညှာတာမှုမရှိဘူး ... သူတို့အတွက် လူသတ်တယ်ဆိုတာ အစားစားတာထက်တောင် လွယ်သေးတယ် ...
လူငယ်က စိတ်ပျက်လက်ပျက်လှည့်လိုက်တော့ သူ့ခေါင်းပေါ်က အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးစရာအသံကို ကြားလိုက်ရတယ် ....
ဒီ လူရဲ့ပုံစံက ခင်ဗျားနဲ့ တကယ်ဆင်တယ် ... ဒါပေမယ့် သူက နည်းနည်းညစ်ပတ်တယ် ...
လူငယ်က ရုတ်ခြည်း မော့ကြည့်လိုက်တယ် ... သူ့ခေါင်းထက်က နံရံပေါ်မှာ မရင်းနှီးတဲ့ လူနှစ်ယောက်ရှိနေတာကို သူနားမလည်ဘူး ... သူတစ်ယောက်က သေးပြီး တစ်ယောက်က ကြီးတယ် ... ငယ်ပုံရတဲ့ သေးတဲ့တစ်ယောက်က နူးညံ့ပြီး လှပတဲ့မျက်နှာရှိတယ် ... သူ့မျက်လုံးတွေက ညစ်ညမ်းမှုရော ရန်လိုမှုပါ မရှိဘဲ တောက်ပနေတယ် ... ဒီလူက ကျိန်းသေပေါက် ဒီလမ်းကလူမဟုတ်ဘူး ... ကြီးမားတဲ့တစ်ယောက်က ခမ်းနားစွာ ဝတ်စားထားပြီး မြင့်မြတ်တဲ့အထက်တန်းလွှာလိုမျိုးပဲ ... ဒါပေမယ့် တစ်နည်းအားဖြင့် ဒီလူက ရှုပ်ထွေးစေတဲ့ ထင်မြင်ခံစားချက်ကိုပေးတယ် ... ကောင်လေးစကားကိုကြားပြီးနောက် သူ့နှုတ်ခမ်းက ခပ်ဖျော့ဖျော့အပြုံးကို ဖော်ပြတယ် "ဒါဆို သူ့ကိုပဲ ရွေးရအောင်"
လူငယ်ရဲ့အလိုလိုသိစိတ်က ပြောနေတယ် ... ဒီလူနှစ်ယောက်က သူ့အပေါ်တော်တော်လေး စိတ်ဝင်စားနေတယ်လို့ ... ပြီးတော့ ဖြစ်ကောင်းဖြစ်နိုင်တာက သူတို့က သူ့ကို ကယ်နိုင်တယ် ... အဓိကသော့ချက်ကတော့ သူတို့နှစ်ယောက်ပဲ ... လူငယ်လေးမှာ တစ်ခြားရွေးချယ်စရာမရှိဘူး ... ဒါကြောင့် သူ ကတိုက်ကရိုက်ပဲ သူတို့နှစ်ယောက်ကို အော်ပြောလိုက်တယ် ... "ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော့်ကို ကူူညီဖို့ဆန္ဒရှိတယ်ဆိုရင် ခင်ဗျားတို့ ကျွန်တော့်ကို ဘာပဲလုပ်စေချင်ချင် ကျွန်တော်ဖြည့်ဆည်းပေးမယ်လို့ ကတိပေးပါတယ် ..."
အသက်ထက်ဘာမှပိုပြီး အရေးမကြီးဘူး ... နွားထီးတစ်ကောင်လို အလုပ်လုပ်ရမယ်ဆိုရင်တောင် သူကိစ္စမရှိဘူး ... သူအသက်ရှင်နေသရွေ့ ဘာပဲဖြစ်ဖြစ်လုပ်နိုင်တယ် ...
ဆယ်ကျော်သက်လူငယ်လေးက ချက်ချင်းပဲ ဝမ်းသာတဲ့အမူအယာပြတယ် ... "ခင်ဗျားတကယ်ပဲ ဘာဖြစ်ဖြစ်လုပ်ဖို့ဆန္ဒရှိတာလား"
လူငယ်က တုံ့ဆိုင်းခြင်းမရှိ ခေါင်းငြိမ့်လိုက်တယ် ... "ခင်ဗျားတို့ ကျွန်တော့်အသက်ကို ကယ်ထားသရွေ့ ဘာပဲဖြစ်ဖြစ်လုပ်ဖို့ ကျွန်တော်ဆန္ဒရှိတယ်"
ဆယ်ကျော်သက်လူငယ်လေးက မြန်မြန်ပဲ ပြောလိုက်တယ် "ဒါဆို ခင်ဗျားစကားကို ပြင်လို့မရဘူးနော်"
လူငယ်က ခေါင်းငြိမ့်လိိုက်တယ် ... "ကျွန်တော့စကားကို ကျွန်တော် ဘယ်တော့မှ မပြင်ပါဘူး"
လူငယ်က သူ့ရဲ့ရှေ့မှာပဲ လူနှစ်ယောက်နဲ့ ခက်ခဲနက်နဲပြီးလျို့ဝှက်ဆန်းကြယ်သော (t/n: အကြွေစေ့လှန်ရာတွင် ခေါင်း(သို့) ပန်း လိုချင်သောအရာကျအောင် မလုပ်နိုင်ခြင်း) သဘောတူညီချက်လုပ်တာ မြင်ရတော့ ထိပ်ပြောင်လူကြီးက ရုတ်တရက် ဒေါသအမျက်ခြောင်းခြောင်း ထွက်သွားတယ် ... နံရံပေါ်က ယူရှောင်မော့ကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး "သူ့ကိုကယ်ချင်တယ် ... မင်းမှာအဲ့လိုလုပ်ဖို့ အရည်အချင်းရှိမရှိပေါ်လည်း မူတည်တယ်လေ ... မင်းတို့ ကြိုးစားကြည့်ကြပေါ့" အဲ့စကားကိုကြားတော့ လူငယ်က ချက်ချင်းပဲ ယူရှောင်မော့ ............ ရဲ့ဘေးက လင်းရှောင်ကို ကြည့်လိုက်တယ် ...
သူ့ကို ဒီအတွက် အပြစ်တင်လို့တော့မရဘူး ... ဘာလို့လဲဆိုတော့ ယူရှောင်မော့က တကယ်ကို သိုင်းပညာရှင်နဲ့မတူဘူး ... မှော်ဆရာမှာ စွမ်းရည်တွေရှိပေမယ့်လည်း သူ့ကြည့်ရတာ ငယ်နေတော့ မင်းဘယ်လိုပဲကြည့်ကြည့် လအဆင့်နဲ့ ကြယ်အဆင့်သိုင်းပညာရှင်အုပ်စုကို နိုင်ဖို့နည်းလမ်းမရှိဘူး ...
လူငယ်ရဲ့အပြုအမူကိုကြည့်ပြီး ယူရှောင်မော့ ဘာမှမပြောနိုင်ဘူး ... ဒါပေမယ့် သူပါးစပ်လှုပ်လိုက်ပြီး သူ့ရဲ့ဘောလုံးအသင်း(ချိုအသင်း) ထဲက တစ်ယောက်ကို မြန်မြန်လွှတ်လိုက်တယ် ... ရုတ်တရက်မီးတောက်လိုအနီရဲရဲအရာတစ်ခု လူငယ်ရှေ့မှာ ပေါ်လာတယ် ...
လူငယ်က အဲ့အရာကို မျက်လုံးအပြူးသားနဲ့ ကြည့်နေပြီး ဘာမှမလုပ်နိုင်ဘူး ... သူ့မျက်လုံးတွေကိုတောင် ပွတ်သပ်ပြီး ကြည့်လိုက်ရတယ် ... မမျှော်လင့်ထားဘဲ မီးလျှံနီမြေခွေးမိစ္ဆာဖြစ်နေတယ် ...
မြေခွေးကိုကြည့်ရတာ အရွယ်ရောက်ပြီးပုံပဲ ... ရှားပါးပြီး အနီရောင်မီးတောက်မျက်လုံးတွေက တလက်လက်တောက်ပနေပြီး သူ့ကို ရေခဲကဲ့သို့အေးစက်စက်မျက်လုံးအကြည့်နဲ့ ကြည့်တယ် ... နောက်ပြီး ထိပ်ပြောင်လူကြီးနဲ့ သူ့အဖွဲ့ဘက်ကို လှည့်ကြည့်လိုက်တာ သူ့မျက်လုံးထဲမှာ အေးစက်ပြီး သွေးဆာနေတဲ့အမူူအယာအပြည့်ဖြစ်နေတယ် ......
ထိပ်ပြောင်လူကြီးနဲ့သူ့လူတွေက ရုတ်တရက်ထိတ်လန့်ကြောက်ရွံ့သွားတယ် ... ကတိုက်ကရိုက်ပဲ ရပ်လိုက်ပြီး အမြီးခုနစ်ချောင်းနဲ့ မြေခွေးမိစ္ဆာကို ထိတ်ထိတ်လန့်လန့်ကြည့်နေရတယ် ... အမြီးခုနစ်ချောင်း... ဆိုလိုတာက ဒီတစ်ကောင်က အဆင့်ခုနစ်မြေခွေးမိစ္ဆာပဲ ......
သူတို့တုန့်ပြန်ပြီးထွက်ပြေးတာကို စောင့်မနေဘဲ မောင်းချိုက သူ့ပုံစံကို အနီရောင်မီးလျှံပုံပြောင်းပြီး သူတို့ဆီပြေးသွားတယ် ...
သူ့အရှိန်က အရမ်းမြန်တယ် ... ထိပ်ပြောင်လူကြီးနဲ့ သူ့လူတွေ မပုန်းနိုင်ခင်ပဲ သူတို့ထဲက တစ်ယောက်က ချက်ချင်းပဲ သူ့မီးတောက်ကြောင့် လောင်ကျွမ်းသွားတယ် ... ရုတ်တရက်ပဲ တစ်ခြားစူးစူးရှရှအော်သံတွေနောက်မှာ ပြင်းပြင်းထန်ထန်နာနာကျင်ကျင်အော်သံကြားလိုက်ရတယ် ...
ဘာလို့လဲဆိုတော့ ထိပ်ပြောင်လူကြီးက နောက်ဆုံးကျန်တဲ့တစ်ယောက်ပဲ ... သူပြေးနိုင်သင့်ပေမယ့် သူထိတ်လန့်ပြီး မြေပေါ်မှာ ပျော့ခွေနေတာကို ကြည့်ရတာ အဆင့်ခုနစ်မြေခွေးမိစ္ဆာက သူ့ကိုသတ်ရင်တောင် သူမပြေးနိုင်တော့ဘူး ... တစ်ခြားဘက်က သူ့စွမ်းအားကို ဖိနှိပ်ထားတာကို ထည့်မတွက်နဲ့ဦး ......
ဒီအချက်တွေက သူမလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သက်သေပြနေတယ် ... မောင်းချိုကလည်း သူ့ကို အခွင့်အရေးလုံးဝမပေးဘူး ... သူ့အဖော်တွေကိုသတ်ပြီးနောက် မောင်းချိုက တည်တည်ငြိမ်ငြိမ်ခန့်ခန့်ထည်ထည်ပဲ သူ့ဆီလျှောက်သွားတယ် ... သားကောင်ရှေ့မှာ ရက်စက်တဲ့ပါးစပ်ကိုဖွင့်ပြီး ထိပ်ပြောင်လူကြီးရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို တစ်ကိုက်တည်းနဲ့ စားပစ်လိုက်တယ် ... ထိပ်ပြောင်လူကြီး သနားစရာငိုကြွေးမှုမလုပ်နိုင်ခင်မှာပဲ အပြီးအကုန်မျိုချလိုက်တယ် ...
အရင်က ရှောင်ဟေးပြောသလိုပဲ အင်အားကြီးသိုင်းပညာရှင်နဲ့ မှော်ဆရာတွေရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောထဲမှာ စွမ်းအင်အများအပြားစုဆောင်းသိုလှောင်ထားတယ် ... သူ့တို့ရဲ့ခန္ဓာကိုယ်ကို စားတာက အဆင့်တက်ဖို့ ကူညီပေးတယ် ......
ဒီလိုစိတ်မသက်သာစရာမြင်ကွင်းမျိုးကိုမြင်ရတာ ယူရှောင်မော့အတွက် ပထမဆုံးအကြိမ်ဆိုတော့ သူထိတ်လန့်သွားမိတယ် ...
လင်းရှောင်က အဲဒါကို သူ့ကိုတမင်ရည်ရွယ်ချက်ရှိရှိ ကြည့်စေတာ ... ဒါကြောင့် ယူရှောင်မော့မျက်လုံးတွေကို ကာမပေးဘူးး ...
လူငယ်ရဲ့အမူအယာက တည်ငြိမ်သွားပြီ ... ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းလမ်းမှာ ဒီထက်ပိုပြီး ရက်စက်ကြမ်းကြုတ်တာတွေတောင် ရှိတယ်ဆိုတော့ ဒီလိုကိစ္စသေးသေးလေးကိုတောင် ကျင့်သားရမနေရင် သူ့အတွက် ရှင်သန်ခြင်းနဲ့သေဆုံးခြင်းလမ်းမှာ ရှင်သန်နိုင်ဖို့ မဖြစ်နိုင်ဘူး ...
နှစ်မိနစ်ကြာပြီးနောက် သူတို့သုံးယောက် ရှင်သန်ခြင်းနဲ့သေဆုံးခြင်းလမ်းရဲ့ တည်းခိုအိမ်တစ်ခုမှာ ပေါ်လာတယ် ...
ဒီတည်းခိုအိမ်က ခရီးသွားတွေအတွက် ထောင်ချောက်ပဲ ... တန်ကြေးက ထူးထူးခြားခြားကို မြင့်တယ် ... တစ်ခြားအဖွဲ့ရဲ့အင်အားက သူတို့ထက်နိမ့်နေရင် သူတို့ကိုသတ်ပြီး ပစ္စည်းလုထားတယ် ... ဘယ်လိုပဲဖြစ်ဖြစ် နေစရာမရှာနိုင်တဲ့သူတွေအတွက်ကတော့ ဒီတည်းခိုအိမ်ကိုပဲ ရွေးနေရတုန်းပဲ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ထုတ်မပြမိစေဖိုု့ ဂရုစိုက်ရင်းနဲ့ပေါ့ ...
ယူရှောင်မော့က မောင်းချိုကို သူ့နယ်မြေထဲပြန်ထားပြီး လင်းရှောင်နှစ်သိမ့်ပေးတာကို ခံနေတယ် ... မိစ္ဆာသားရဲတွေက လူတွေကို စားတယ်ဆိုတဲ့အချက်ကို သူလက်ခံလိုက်ရတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ဒါက သဘာဝတရားကြီးရဲ့အစိတ်အပိုင်းတစ်ခုပါပဲ ... ကိုက်ညီမှုအရှိဆုံးရှင်သန်ကျန်ရစ်နိုင်မှုပဲ ... သူလိုက်လျောညီထွေဖြစ်အောင်မနေနိုင်ရင် ရှင်းထုတ်ခံရမှာပဲ ... သူ့ရဲ့ဇီဝဗေဒအတန်းမှာ သင်ခဲ့ရသလိုမျိုးပေါ့ ...
လူငယ်လေးက လင်းရှောင်နဲ့ ယူရှောင်မော့ရဲ့ တစ်ယောက််နဲ့တစ်ယောက်ဆက်ဆံပုံကိုကြည့်ပြီး အံ့အားသင့်နေတယ် ... သူ့အသိစိတ်က သူတို့နှစ်ယောက်က သူငယ်ချင်းမဟုတ်ဘူးလို့ပြောနေတယ် ... သူတို့က ......... ချစ်သူတွေနဲ့ ပိုတူတယ် ...
လူငယ်က သူ့စိတ်ကူးသူ အထိတ်တလန့်ဖြစ်သွားတယ် ဒါပေမယ့် သူ့ရဲ့အံ့သြမှုက ကြာရှည်မခံလိုက်ဘူး ... တကယ်တော့ ကမ္ဘာမှာ တစ်ခြားယောက်ျားတစ်ယောက်နဲ့အတူရှိနေတဲ့ ယောက်ျားတစ်ချို့ရှိတာပဲ ... ဘာလို့လဲဆိုတော့ ဒီလုံထျန်းပြည်မှာ အမျိုးသားသိုင်းပညာရှင်နဲ့ယှဉ်ရင် အမျိုးသမီးသိုင်းပညာရှင်က လေ့ကျင့်ဖို့ ပိုပြီးခက်ခဲတယ် ...
"ကျွန်တော့်နံမည်က လျိုယွဲ့ပါ ... ကျွန်တော့်အသက်ကို ကယ်တဲ့အတွက် နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ် ... ခင်ဗျားတို့ကို ကူညီဖို့ ကျွန်တော်ဘာလုပ်ပေးရမလဲဆိုတာ သိချင်မိတယ်"
လျိုယွဲ့က သူ့ရဲ့ရှုပ်ထွေးနေတဲ့အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး သူတို့နှစ်ယောက်ကို လက်ယှက်ဂါရဝါပြုလိုက်တယ် ... ဆယ်ကျော်သက်ကောင်လေးရဲ့ဆက်နွယ်သားရဲကို မျက်မြင်ကြုံတွေ့ပြီးတဲ့နောက် အပြောင်အပျက်လုပ်ဖို့ အတွေးလုံးဝမရှိတော့ဘူး ...
ယူရှောင်မော့ မေးလိုက်တယ် "ခင်ဗျားအသက်နှစ်ဆယ့်ငါးနှစ်ပြည့်ပြီလား"
လျိုယွဲ့က ကြည့်လိုက်ပြီး "မပြည့်သေးဘူး .. နောက်နှစ်မှပြည့်မှာ"
ယူရှောင်မော့ အံ့သြသွားတယ် ... နှစ်ဆယ့်ငါးနှစ်မပြည့်သေးပေမယ့် သူ့အရပ်က အရမ်းရှည်တယ် ... ဒီလောက်အရပ်ရှည်အောင် သူဘာတွေစားတာလဲ ...
"ဟေး ...... မင်း"
သူ့စကားမဆုုံးခင်မှာပဲ လင်းရှောင်က ဖြတ်ပြောလိုက်တယ် "ရှောင်မော့မော့ အဓိကအချက်ကိုပဲ ပြောရအောင်"
ယူရှောင်မော့ နားရွက်တွေ နီရဲသွားတယ် ... သူ့နှာခေါင်းသူပွတ်ပြီး ပြောလိုက်တယ် ... "ခင်ဗျားသောက်ရှင်းအကယ်ဒမီက ကျောင်းသားဝင်ခွင့်အကြောင်းသိလား ... ကျွန်တော်တို့ထဲကတစ်ယောက်အစား ခင်ဗျားကို စာရင်းဝင်သွင်းပေးစေချင်တယ် ... ခင်ဗျားအစစ်ဆေးခံပြီးရင် ကျွန်တော်တို့ သင့်တော်သလို ဆုကြေးပေးမှာပါ"
လျိုယွဲ့အကြည့်က လင်းရှာင်ဆီရောက်သွားတယ် ... သူတို့တစ်ဖက်ပိတ်လမ်းဆုံးမှာတုန်းက ပြောတဲ့ဆိုလိုရင်းကို သူနောက်ဆုံးနားလည်သွားပြီ ... တကယ်တော့ ဒီဟာကြောင့်ပဲ ... "ဒါက ဘာမှမခက်ပါဘူး ကျွန်တော်ကူညီနိုင်ပါတယ် ... ဒါပေမယ့် ကျွန်တော့်အင်အားက မလုံလောက်ဘူး ... သောက်ရှင်းအကယ်ဒမီကျောင်းသားဝင်ခွင့်လိုအပ်ချက်က နေအဆင့်နဲ့အထက်မလား"
သောက်ရှင်းအကယ်ဒမီကျောင်းသားဝင်ခွင့်က အလွန်အမင်းကြီးကျယ်ခမ်းနားတယ် ... သူ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းလမ်းမှာနေပေမယ့် အဲ့အကြောင်းကို မကြားစရာမရှိဘူး ...
ယူရှောင်မော့ ရယ်လိုက်တယ် ... "ခင်ဗျားစိတ်ပူဖို့မလိုဘူး ... ကျွန်တော်ကမှော်ဆရာ ... ခင်ဗျား နေအဆင့်တက်တာကို ကူညီဖို့ ကျွန်တော်မှော်ဆေးလုံးပေးနိုင်တယ် ... ဘာပြသနာမှမရှိဘူး"
လျိုယွဲ့မျက်လုံးတွေပိုကျယ်သွားပြီး စိတ်လှုပ်ရှားစွာမေးလိုက်တယ် ... "ခင်ဗျားပြောတာ တကယ်အမှန်လား"
ယူရှောင်မော့ ချက်ချင်းပဲ စားပွဲပေါ်ကို အဆင့်သုံးမှော်ဆေးလုံးပုလင်းတင်လိုက်တယ် ...
လျိုယွဲ့ဘာမှမလုပ်နိုင်ဘဲ သူ့လက်တွေကိုပဲ ပွတ်နေတယ် ... သူကြည်လင်နေတဲ့ ဆေးလုံးတွေအပြည့်နဲ့ ကျောက်စိမ်းပုလင်းကို မြတ်မြတ်နိုးနိုး စိုက်ကြည့်နေတယ် ... အဲဒီအဆင့်သုံးဆေးလုံးတွေရဲ့ အရောင်နဲ့တောက်ပမှုက သူအရင်က မြင်ဖူးတဲ့ အဆင့်နိမ့်မှော်ဆေးလုံးတွေထက် အရောင်အများကြီးပိုရင့်တယ် ... ဒါကြောင့် အဲဒါတွေက အဆင့်မြင့်ဆေးလုံးတွေပေါ့ ...
"ဒီဟာတွေ ...... ခင်ဗျားတကယ်ပဲ ကျွန်တော့်ကို ပေးမှာလား" လျိုယွဲ့ချီတုံ့ချီချနဲ့ မေးလိုက်တယ် ... ဒီလိုကောင်းတဲ့အရာတွေဖြစ်လာလိမ်လို့ ယုံကြည်ဖို့ခက်ခဲနေသေးတယ် ...
"ဒါပေမယ့် အာမခံချက်ရှိဖို့အတွက်တော့ ကျွန်တော်တို့ ကိစ္စအကြောင်း ခင်ဗျားမှတ်ဉာဏ်ကို ဖျက်ပြီးမှပေးမယ် ... ခင်ဗျားစည်းကမ်းချက်တွေကို လက်ခံနိုင်ရင် ဒီပုလင်းက ခင်ဗျားဟာပဲ ... အကုန်ပြီးသွားရင် ကျွန်တော်ခင်ဗျားကို အဆင့်လေးမှော်ဆေးလုံးငါးလုံးပေးမယ် ဘယ်လိုလဲ" ယူရှောင်မော့ မေးလိုက်တယ်
ဒါက ရှင်းရှင်းလင်းလင်းကို ကောင်းကင်ကကျလာတဲ့ အသားပဲ ... သူငြင်းလိုက်ရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံးအရူးဖြစ်လိမ့်မယ် ......
သူခေါင်းငြိမ့်တာမြင်လိုက်တော့ ယူရှောင်မော့ တိတ်တိတ်လေး သက်ပြင်းချလိုက်မိတယ် ...
သူငြင်းလိုက်ရင် လင်းရှောင်နဲ့ဆင်တဲ့သူ နောက်တစ်ယောက်ရှာတွေ့ဖို့ အာမ မခံနိုင်ဘူး ...
လျိုယွဲ့ကျောက်စိ်မ်းပုလင်းကို ယူလိုက်တဲ့အချိန်မှာပဲ ရုတ်တရက် လက်တစ်ဖက်ရောက်လာတယ် ... လက်ညှိုးက ပုလင်းလည်ပင်းပေါ်မှာ ... သူကြည့်လိုက်တော့ လက်ပိုင်ရှင်က မျက်နှာဖုံးနဲ့လူ ...
လင်းရှောင်က ပြောလိုက်တယ် "ငါမင်းကို ကြိုပြီးပြောစရာရှိတယ် ... ငါမင်းမှတ်ဉာဏ်တွေဖျက်တဲ့အချိန်မှာ မင်းအသက်ရှင်ဖို့ ဆန္ဒမရှိတော့လောက်တဲ့အထိကို ပြင်းပြင်းထန်ထန်နာကျင်မှုခံရလိမ့်မယ်"
လျိုယွဲ့ မြန်မြန်ပဲ ပြန်တုန့်ပြန်ပြီး ခိုင်ခိုင်မာမာပြောလိုက်တယ် ... "ပိုပြီးသန်မာလာဖို့အတွက်ဆိုရင် အခက်အခဲအားလုံးကို တောင့်ခံနိုင်တယ်"
လင်းရှောင် မျက်ခုံးပင့်ပြီး သူ့လက်ကိုရွှေ့ပေးလိုက်တယ် ...
နောက်ဆုံး လျိုယွဲ့ကိုရှာမတွေ့ခင်အထိ ရှစ်ရက်ကုန်သွားပြီဆိုတော့ သူတို့လျိုယွဲ့ကို အဆင့်တက်အောင်လုပ်ပေးဖို့နဲ့ လင်းရှောင်ပုံစံထွက်အောင်လုပ်ဖို့ အသေးစိတ်အပြီးမသတ်ခင် နှစ်ရက်ကြာသွားတယ် ... နောက််ဆုံးသူတို့ ဧရာမမီးငှက်ပေါ်ထိုင်ပြီး ကျောင်းသားဝင်ခွင့်နေရာကို မြန်မြန်သွားလိုက်တယ် ......