Chapter 217 - The Truth About Soul Training Book

6K 611 3
                                    

ချစ်တင်းနှီးနှောဖို့ အလိုလိုက်အကြိုက်ဆောင်ပေးရတာက မင်းအတွက် ဘာမှ မကောင်းဘူး ....

ယူရှောင်မော့ နောက်ဆုံးတော့ ဒီစကားက သူ့လိုမျိုးခံစားရတဲ့သူတွေဆီက လာတယ်ဆိုတာ နားလည်သဘောပေါက်သွားပြီ ....

စားဖို့သောက်ဖို့အတွက်ကတော့ တစ်မနက်လုံး သူတို့အခန်းထဲမှာ သူကို အဖော်လုပ်ပေးပြီး လန်းဆန်းတက်ကြွနေတဲ့ လင်းရှောင်က အကုန်လုပ်ပြီးသွားပြီ ... ယူရှောင်မော့ကတော့ မကျေမနပ် စူဆောင့်နေတဲ့မျက်လုံးတွေနဲ့ပဲ ကြည့်နေတယ် ... သူကတော့ သက်တောင့်သက်သာပဲ တည်တည်ငြိမ်ငြိမ်နဲ့ ယူရှောင်မော့ကို နှိပ်ပေးပြီး အခါးရည်ပြင်ပေးတယ် .....

နေလည်ဘက်ရောက်တော့ ယူရှောင်မော့ နောက်ဆုံး အိပ်ရာက ထနိုင်သွားပြီ ... သူ့ရဲ့ပြန်ကောင်းနိုင်စွမ်းနှုန်းက အရင်တစ်ခေါက်ကထက် သိသိသာသာကို မြန်လာပြီ ... သူ့နောက်ကျောက နည်းနည်းနာနေတာကလွဲရင် တစ်ခြားဘာနာကျင်မှုကိုမှ မခံစားရတော့ဘူး ...

ဖျတ်လတ်တက်ကြွနေတဲ့ယူရှောင်မော့ကိုကြည့်ပြီး လင်းရှောင် သက်ပြင်းချလိုက်တယ် ... "ကြည့်ရတာ ငါတို့နောက်ထပ်အကြိမ်ရေနည်းနည်းလောက်ထပ်လုပ်လိုက်ရင် မင်းကျင့်သားရသွားလိမ့်မယ်ထင်တယ်"

ယူရှောင်မော့ ဒီစကားနှစ်လုံးပဲ ပြောလိုက်တယ် "Fuck you"

လင်းရှောင်က သူ့ရဲ့ "F" စကားလုံးကိုတော့ မကြားနိုင်ဘူး ... လင်းရှောင်လိုက်ကာပေါ်မှာတင်ထားတဲ့ အင်္ကျီအသစ်ကို သူ့ကိုပေးလိုက်တယ် ... ပထမတော့ သူ ယူရှောင်မော့အ၀တ်လဲတာကို ကူညီပေးမလို့ပဲ ဒါပေမယ့် ကံမကောင်းစွာပဲ မညှာမတာ အငြင်းခံလိုက်ရတယ် .....

သူတို့ မျက်နှာသစ်၊ ပလုတ်ကျင်း၊ အ၀တ်အစားလဲပြီးတော့ အောက်ထပ်ကို ဆင်းလာတယ် ... တည်းခိုအိမ်မှာ လူတွေအများကြီးပဲ သူတို့ အခန်းအပြင်ကိုထွက်လာတော့ မျိုးစုံသောအသံတွေက တော်တော်ကြီးကို ဆူညံနေတယ် ... လူတွေက အသံအကျယ်ကြီးနဲ့ စကားပြောနေကြတယ် ... နေရာအနှံ့ တံတွေးစင်မတတ်ပဲ ...

လင်းရှောင်က သူ့မျက်နှာဖုံးကိုတပ်ထားပြီးပေမယ့် သူတို့နှစ်ယောက်လုံးက အဖြူရောင်ဝတ်ထားတာဆိုတော့ လူတွေရဲ့အကြည့်တစ်ချို့ကို ဖမ်းစားနေတယ် ... တစ်ချို့လူတွေဆို လျို့လျို့ဝှက်ဝှက်နဲ့ ချောင်းကြည့်ကြတယ် .....

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now