Chapter 216 - You Help me wash

6.9K 957 54
                                    

Wanning 18+
သူတို့မြသားနန်းတော်ကထွက်လာတော့ ကောင်းကင်က မှောင်စပြုလာပြီ ...

သူတို့လုပ်စရာတွေရှိနေသေးပေမယ့် အခုတော့ နားဖို့နေရာအရင်ရှာရမယ် ...

ဒါပေမယ့် ဘာကပြသနာလဲဆိုရင် ယန်မြို့နဲ့ သူတို့က စိမ်းနေတော့ တည်းခိုအိမ်တွေ ဘယ်မှာရှိလဲဆိုတာ သူတို့မသိဘူး ... သူတို့ဒီလိုပဲဆက်ရှာနေမယ်ဆိုရင် နောက်ထပ် တစ်နာရီ နှစ်နာရီလောက်တောင် ထပ်ကြာသွားလိမ့်မယ် ...

လင်းရှောင်ပြောလိုက်တယ် ... "ငါတစ်ယောက်ယောက်ကို သွားသတ်ရင်ဘယ်လိုလဲ ... ပြီးရင်သူတို့ရဲ့မှတ်ဉာဏ်ကိုစုပ်ယူပြီး ဆက်ရှာကြမယ်လေ"

ယူရှောင်မော့ ဒီစိတ်ကူးကို မြန်မြန်ပဲ ငြင်းလိုက်တယ် ... "မရဘူး"

မြေပုံမရှိတာက အရမ်းဒုက္ခရောက်ရတယ်လို့ သူတွေးရင်တောင်မှ အပြစ်မရှိတဲ့သူကို ကိစ္စသေးသေးလေးနဲ့ သတ်ဖို့မဖြစ်နိုင်ဘူး ... အဲ့လိုပြစ်မှုကျူးလွန်တာကို တတ်နိုင်သမျှနည်းအောင်လုပ်တာ အကောင်းဆုံးပဲ ... အနာဂတ်မှာ အပြစ်ဒဏ်ပြန်မခံရဘူးလိုိ့ ဘယ်သူမှမပြောနိုင်ဘူး ...

ယူရှောင်မော့ရဲ့အဖြေကို လင်းရှောင်ကြိုသိပြီးသားပါ ... "ကောင်းပြီ.. ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ မင်းပြော"

ယူရှောင်မော့လမ်းမကိုမျှော်ကြည့်လိုက်တော့ တစ်စထက်တစ်စပိုပိုပြီး လူနည်းလာပြီ ... ပြီးတော့ ရုတ်တရက် ခါးကုန်းကုန်းနောက်ကျောပုံရိပ်တစ်ခုက ထောင့်မှာသူတို့ကို ကျောပေးပြီးရပ်နေတာတွေ့လိုက်ရတယ် ...

သူ့မျက်လုံးတွေတောက်သွားပြီး ချက်ချင်းပဲ မေးဖို့သွားလိုက်တယ် ... "အဘွား... အနီးဆုံးတည်းခိုခန်း ဘယ်မှာရှိလဲ သိလားခင်ဗျ"

အဘွားအိုကလှည့်ကြည့်လိုက်တယ် ... အမဲရောင်မျက်နှာတစ်ခုက ယူရှောင်မော့ရှေ့ကို ရုတ်တရက်ပေါ်လာတယ် ... သူ(မ)သူကိုတွေ့တော့ ပြုံးဖြဲဖြဲလုပ်ပြီး ရယ်လိုက်တယ် ... နှစ်ပေါင်းရာကျော်လောက်မတိုက်ထားတဲ့ သွားမဲမဲတွေကို ထုတ်ပြပြီးတော့ပေါ့ ... သူ(မ) မျက်နှာမသာမယာနဲ့ယူရှောင်မော့ကို ကြည့်ပြီး ရယ်လိုက်တယ် ... "ဟေး လူငယ်လေး .. ငါ့အိမ်မှာ နေဖို့အခန်းရှိတယ် .. မင်း ဒီအဘွားနဲ့လိုက်ခဲ့ချင်လား"

The Legendary Master's Wife (Zawgyi & Unicode)Hikayelerin yaşadığı yer. Şimdi keşfedin