Chapter 203 - Fulfil the Promise (U)

9K 1K 22
                                    

# Special warnning အထူးသတိပေးချက်
18+++ ဒီအပိုင်းသည် အသက်မပြည့်သူများအတွက် ဖတ်ရန်မသင့်တော်ပါ
ဒီအပိုင်းက သိပ်မကျွမ်းကျင်လို့ သူငယ်ချင်း ကူရေးပေးထားတာပါ
T/n: ယူရှောင်မော့ရဲ့ နံမည်က ယိုရှောင်မော့ပါ ယူဆိုတာကပဲ ပါးစပ်ထဲ စွဲနေလို့ နောက်အပိုင်းတွေမှာလဲ ယူရှောင်မော့ လို့ပဲ သုံးပါမယ်

လင်းရှောင်ကိုတွေ့တာနဲ့ ဖန်ချန်းလဲ့နဲ့ တစ်ခြားသူတွေက စေတနာနဲ့ ရှောင်ပေးကြတယ်... ယူရှောင်မော့ကတော့ သူတို့နောက်ကိုလိုက်ချင်ပြီး မတ်တတ်ရပ်လိုက်တယ် ဒါပေမယ့် လင်းရှောင်က သူ့ရဲ့အကျီ င်္လည်ပင်းကိုဆွဲပြီး နောက်ပြန်တရွတ်တိုက်ဆွဲလိုက်တယ် ဖန်ချန်းလဲ့နဲ့တစ်ခြားသူတွေကို နှုတ်ဆက်မှာကိုတောင်မစောင့်ဘဲ လင်းရှောင်ချက်ချင်းပဲသူ့ကို အသံမြည်အောင် ပစ်ချလိုက်တယ် တံခါးနှစ်ရွက်လုံးပိတ်သွားတဲ့အချိန်မှာ သုံးယောက်သားက တံခါးနဲ့တိုက်မိလုနီးပါးပဲ သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးတဲ့နောက် ထွက်ခွာသွားကြတယ်.....

*မင်းကို မနက်ဖြန်မှာတော့ တွေ့ရနိုင်သေးဖို့မျှော်လင့်ပါတယ် ဆရာတူညီငယ်လေး*

"ညီငယ်လေး ဒါမင်းရဲ့ကိုယ်ပိုင်အခန်းပဲ မင်းကဘယ်သွားမလို့လဲ" လင်းရှောင်က တံခါးကိုမှီပြီး မေးလိုက်တယ် ယူရှောင်မော့က လည်ပင်းကို အသာကျုံ့ထားပြီး "ကျွန်တော်... ကျွန်တော်ဘယ်ကိုမှ မသွားပါဘူး ကျွန်တော်က ဆရာတူအစ်ကိုသုံးယောက်ကို လိုက်ပို့ချင်ယုံလေးပါ" ပြီးတော့ဖြည်းဖြည်းချင်းနောက်ဆုတ်လိုက်တယ်

လင်းရှောင်က သူ့ကိုစိုက်ကြည့်ပြီးတော့ "သူတိို့မှာ လမ်းလျှောက်ဖို့ ခြေထောက်ပါတယ် မင်းလိုက်ပို့ဖို့မလိုပါဘူး" ယူရှောင်မော့က သူ့နှလုံးသားထဲမှာ ငိုနေမိပြီ သူအဲ့သဘောကိုဆိုလိုတာမှ မဟုတ်တာ. T_T

လင်းရှောင်က သူသတိမထားမိတာကို အခွင့်ကောင်းယူပြီး သူ့ကိုမပြီး ကန့်လန့်ကာနောက်ကို သယ်သွားတယ်

ယူရှောင်မော့က ကြောက်ရွံ့ထိတ်လန့်စွာပဲ "ဘာလုပ်နေတာလဲ"

လင်းရှောင်က သူ့ခေါင်းကိုလှည့်လိုက်ပြီး ပုလဲရောင်သွားဖြူဖြူတွေပေါ်အောင် ရယ်လိုက်တယ် "မင်းကိုလုပ်နေတာလေ"

The Legendary Master's Wife (Zawgyi & Unicode)Where stories live. Discover now