Unicode
မထင်မှတ်ထားသည့် အဖြေစကားကြောင့် ဂျီမင်း မျက်ဝန်းအိမ်လေးများတောင် တအံတသြဖြင့် ဝိုင်းစက်လာရ၏။
ဟင့်အင်း . . ၊ မဖြစ်နိုင်တာ။
နောက်နေတာသေချာပါတယ်။
လူသတ်သမားတစ်ယောက်က ထောင်မကျတဲ့အပြင် ဆေးရုံမှာ ဆရာဝန်အဖြစ်ဆက်လုပ်နေနိုင်တာ မဖြစ်နိုင်တဲ့ ကိစ္စမလား။
အကျိုးအကြောင်းသင့် စဥ်းစားမိမှ ဂျီမင်း စိတ်အေးသွားရသည်။ သို့သိတိုင် မည်သူက ကိုယ့်အမျိုးသမီး ဆုံးပါးသွားသည့် ကိစ္စအား ရွှတ်နှောက်စွာ ဆိုလိမ့်မည်နည်း။ ဤအချက်အား တွေးမိပြန်တော့ ဂျီမင်း စိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်မိတော့၏။
လူကြီးဟာလည်း ပုံမှန်နှုန်းလေးအတိုင်း စက်ဘီးအား ဆက်နင်းနေသည်ကြောင့်ရော၊
သူလည်း ထပ်၍ မမေးချင်တော့သည်မို့ပါ
လူကြီး အနောက်ကသာ ငြိမ်ငြိမ်လေး ထိုင်လိုက်ရင်း ဘေးက ကန်ရေပြင်ကျယ်ဆီသာ အကြည့်တို့ကို ပို့ထားလိုက်တော့သည်။
နောက် ဆယ်မိနစ်လောက် ထပ်စီးပြီးနောက်ဆေးရုံငယ်လေးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ ဆေးရုံရှေ့၌ လူနာများအပန်းဖြေရန်အတွက် ပန်းခြံငယ်လေးတစ်ခုရှိ၏။ နှစ်ဦးသား ဝင်လာသည့်အချိန် လူနာတချို့နှင့် သူနာပြုတစ်ယောက်စ၊ နှစ်ယောက်စအား ပန်းခြံအတွင်း တွေ့ရသည်။
ဝှီးချဲနှင့် လူနာအဘိုးတစ်ယောက်ကို အနောက်က တွန်းပေးနေသော အသားဖြူဖြူ ဝဝဖိန့်ဖိန့် သူနာပြုအန်တီကြီးက ဆေးရုံဝန်းအတွင်းဝင်လာသည့် သူတို့စက်ဘီးလေးရှိရာသို့ ပြုံးရယ်ရင်း လက်လှမ်းပြသည်။
သူ့ရှေ့က လူကြီးကတော့ မည်သို့တုန့်ပြန်လိုက်သည်ကို မသိ။ ဖြစ်နိုင်သည်မှာ သည်အတိုင်း ခပ်ဖွဖွလေးသာ ပြုံးရုံပဲ နှုတ်ဆက်လောက်လိမ့်မည်။
ပန်းခြံကိုကျော်ပြီး ဆေးရုံဝန်းအနောက်ဘက်က အဆောက်အဦးတစ်ခုဘေးမှာ စက်ဘီးကိုရပ်ထားလိုက်သည်။
"ကိုယ့်နောက်လိုက်ခဲ့နော်"
သူ့အားတစ်ချက်မျှတောင် မကြည့်ပါဘဲ လူကြီးက စက်ဘီးအား သော့ခတ်ရင်းဆိုသည်။
"ဟုတ်ကဲ့"
ရှေ့ကထွက်သွားသော အနှီလူကြီးနောက်သို့ သူ ကျောပိုးအိတ်ကြိုးလေး နှစ်ဖက်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်းလိုက်လာခဲ့သည်။
ဆေးရုံပင်မအဆောက်အဦးရှေ့ ရောက်တော့ စောစောကတွေ့ခဲ့သည့် အန်တီကြီးက သူတို့ဆီ လျှောက်လာသည်။
"ဒီနေ့ နောက်ကျတယ်နော် ဒေါက်တာ"
အန်တီကြီးက ဆေးရုံ၏ သူနာပြုဝတ်စုံ ဖြစ်ပုံရသည့် ပန်းရောင်အပေါ်ထပ်အင်္ကျီနှင့် ဘောင်းဘီဖြူအား ဝတ်ဆင်ထား၏။
"ဒီနေ့က ဘက်စ်နဲ့မဟုတ်ဘဲ စက်ဘီးစီးလာလို့နောက်ကျသွားတာ အစ်မနိုရီရေ"
လူကြီးက ရင်းနှီးသည့်လေသံမျိုးနှင့် ပြန်ဖြေသည်။
"အယ်ဒါနဲ့ ဒါလေးက ဘယ်သူလေးတုန်း"
အတူလာကြသည်ကို မြင်ကတည်းက အန်တီကြီးက စိတ်ဝင်စားနေပုံရကာ ထုတ်မေးလာသည်။
"ကျွန်တော့်အသိ ညီလေးလေ ဆေးရုံကို လုပ်အားပေးရောက်လာတာ ပိတ်ရက်တွေပဲ"
"စိတ်ထားလေးဖြူစင်လိုက်တာ ကလေးရယ် . . ဒီမှာက သူနာပြုကလည်းနည်းတော့ လုပ်အားလာပေးမဲ့ ကလေးတွေလိုနေတာ"
နိုရီမည်သော အန်တီကြီး၏ စကားအား သူပြုံရုံသာ တုန့်ပြန်လိုက်သည်။
"ဒီကလေးကို စောင့်ရှောက်ပေးပါဦး
အစ်မနိုရီရေ"
"ကောင်းပါပြီကွယ် . . ကဲ အထဲဝင်ရအောင်"
နယ်ဆေးရုံပြီးသစွာ မည်သည်မှ တခမ်းတနား မရှိသည့် တစ်ထပ်တိုက် ပင်မဆောင်ထဲသို့ သူတို့ သုံးယောက်ဝင်သွားသည်။
ထယ်ယောင်းက သူ့ရုံးခန်းရှိရာ ဘက်သို့ထွက်သွားပြီး ဂျီမင်းအား အန်တီနိုရီနှင့် ထားခဲ့လေသည်။
ဂျီမင်းတစ်ယောက် တွေးမိသည်မှာ ။ အန်တီနိုရီဟာ အသက်လေးဆယ်ကျော်လောက်ရှိပြီဖြစ်သော အမျိုးသမီးတစ်ဦးပေမို့ သူနှင့်ဆိုလျှင် အဒေါ်အရွယ်ဖြစ်သည့်တိုင် သူ့လူကြီးက အမနိုရီဟုခေါ်ပုံထောက်လျှင် အနှီလူကြီးမှာလည်း အသက်တော်တော်ကြီးလောက်ပြီဟုပင်။
အဆုံး၌မူ သူ သက်ပြင်းသာချမိတော့၏။ သူ လူကြီးနှင့် ပတ်သတ်ပြီး မည်သည်မှ ရေရေရာရာ မသိရသေး။
နေ့တစ်ဝက်အတွင်း သူ သိလိုက်ရသည်မှာ အန်တီနိုရီဟာ သဘောကောင်းသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်းပင်။ သူ့အား ဆေးအကြောင်းတွေရော၊ ဆေးရုံကကိစ္စပေါင်းစုံကိုပါ မပျင်းရအောင် ပြောပြပေးပြီး အလုပ်လုပ်သည့် နေရာတွင်လည်း သေချာ အကူအညီပေးသည်။
သို့ကြောင့် သူ အန်တီနိုရီမှတစ်ဆင့် လူကြီး၏ အကြောင်းတချို့အား အနည်းငယ်တီးခေါက်ကြည့်နိုင်ခဲ့သည်။
လူကြီးက ဆိုးလ်မှာရှိသော နာမည်ကြီး ဆေးရုံတစ်ခုက ပြောင်းလာခြင်းဖြစ်ကြောင်း၊ လူကြီးမှာ အမျိုးသမီးရှိခဲ့တာ အမှန်ပေမဲ့ ဆုံးသွားပြီဖြစ်ကြောင်းနှင့် ဘာကြောင့် ဆုံးသွားရလဲတော့ မသိကြောင်း သူ သိသမျှပြန်ပြောပြရှာသည်။
မည်သို့ပင်ဆိုစေကာမူ ယခုလောလောဆယ်မှာ လူကြီးဟာ လူလွတ်တစ်ယောက်ဖြစ်သောကြောင့် သူအနည်းငယ် စိတ်အေးသွားရသည်မှာ အမှန်ပင်။
ဤသို့ဖြင့် ဂျီမင်းသည် စောစောကတွေ့ခဲ့သည့် ဝှီးချဲနှင့် အဘိုးအား ရေချိုး ၊ ထမင်းခွံ့စသည့် ဝေယျာဝစ္စ အလုပ်များလုပ်ပေးရပြီး ဆေးရုံက သူနာပြုအမ နှစ်ယောက်၏ အလုပ်များကိုပါ ဝိုင်းကူပေးရသည်။
ဆေးရုံတစ်ခုတည်း၌ ရှိနေသော်ငြား လူကြီးနှင့် သူ မျက်နှာချင်းတောင် မဆိုင်မိ။ ညနေနေဝင်ရီတရော အချိန်အထိ လူကြီး၏ အရိပ်အယောင်တောင်မှ သူ မတွေ့ရပေ။
အချိန်အားဖြင့် ညနေလေးနာရီ ထိုးခါနီးလေပြီ။ လုပ်စရာသိပ်မရှိတော့သည်မို့ ဂျီမင်း ပင်မဆောင်အပေါက်ဝက ကောင်တာမှာ ဝင်ထိုင်နေလိုက်သည်။
"ဂျီမင်းလေးက ဒေါက်တာကင်မ်နဲ့ ပြန်မှာမလား"
ကောင်တာက ဆေးရုံ၏ တစ်ဦးတည်းသော ယောက်ျားလေး သူနာပြုချွဲဂျင်ဆောင်းက သူ့အား လှမ်းမေးသည်။
"အစ်ကိုရော မပြန်သေးဘူးလား"
"ကိုယ်တို့က ဆေးရုံမှာအိပ်တာ"
"ဟုတ်လား"
"ဒီပုံစံအတိုင်းဆို မိုးရွာတော့မယ်ထင်တယ်"
သူနာပြုချွဲ၏စကားကြောင့် သူအပြင်ကိုကြည့်မိသည်။
ညို့မှိုင်းလာသော ပတ်ဝန်းကျင်နှင့် မဲတတ်လာသော တိမ်တိုက်ထုတို့အား မြင်နေရ၏။
ရုတ်တရက် ခေါင်းထဲပေါ်လာသည်က ဟိုတစ်နေ့က လူကြီး၏ပုံရိပ်လေးကိုပင်။
လူကြီးက မိုးရွာရင်မကြိုက်ဘူးထင်တယ် . .
"ဂျီမင်း"
ထိုအခိုက် နောက်ပါးမှ ထွက်လာသောခေါ်သံကြောင့် သူချက်ချင်းလှည့်ကြည့်လိုက်သည်။ တခြားမဟုတ်ဘဲ သူ၏ လူကြီးပါပင်။
"မိုးမရွာခင်ပြန်ရအောင်လေ လုပ်စရာတွေရှိသေးလား"
"မရှိတော့ပါဘူး ပြန်မယ်လေ"
ဤသို့ဖြင့် နှစ်ဦးသားမှာ မိုးမရွာခင် အမြန်ထွက်ခဲ့သော်ငြား ဆယ်ငါးမိနစ်လောက်ပင် နင်းလာရသေးသည်။ မိုးစက်မိုးဖွားတို့ဟာ အလျင်စလို ခုန်ဆင်းချလာတော့၏။
"မိုးကလည်းကွာ"
လူကြီးက အသံတိမ်တိမ်ဖြင့် ညည်းတွားလေသည်။ ဆေးရုံကယူလာသော နှစ်ယောက်လုံသည့် ထီးကြီးအား သူက အနောက်မှ ဆောင်းပေးရင်း လူကြီးကတော့ စက်ဘီးကိုတတ်နိုင်သမျှ မြန်မြန်နင်းနေ၏။
သို့သော်ငြား ထင်ထားသည်ထက် ပိုသဲလာသည့်မိုးဟာ ဝန်းကျင်တစ်ခုလုံးအား မှုံမှိုင်းရီဝါးသွားစေသည်။ သည်အတိုင်း ဆက်နင်းသွားရန် မတတ်နိုင်တော့သည့်အဆုံးတွင် တစ်နေရာ၌ ခေတ္တမိုးခိုရန် စဥ်းစားရတော့၏။
"ဂျီမင်း . . ရှေ့နည်းနည်းထပ်သွားရင် နတ်ကွန်းတစ်ခုရှိတယ် ကိုယ်တို့ ခဏမိုးဝင်ခိုရအောင်"
သူပဲအာရုံစိုက်နေမိလို့ပင်လား မသိ။ မိုးသံလေသံကြားကတောင် လူကြီး၏အသံကို သူရှင်းလင်းစွာကြားလိုက်သည်။
"ဟုတ်"
၎င်းနေရာသို့ရောက်သော် စက်ဘီးလေးအား ရှေ့မှာရပ်ထားလိုက်ပြီး နတ်ကွန်းကျဥ်းကျဥ်းလေးအတွင်းသို့ နှစ်ဦးသား ပြေးဝင်လိုက်ကြသည်။ လူတစ်ရပ်စာ နတ်ရုပ်ထုတစ်ခုကလွဲပြီး ကျန်သည့်ပစ္စည်းမရှိသည့် နတ်ကွန်းငယ်သည် သူတို့ နှစ်ယောက်စာတော့ လုံသေး၏။
လယ်ကွင်းများအား ဖြတ်သန်းလာသော လေအေးတို့ဟာ ခပ်ကြမ်းကြမ်းအားဖြင့် တိုက်ခတ်လာသောကြောင့် အသွေးအသားထဲအထိ စိမ့်နေအောင် ချမ်းလို့လာသည်။ မိုးစက်မှုန်များသည်လည်း နတ်ကွန်းအတွင်းသို့ မညှာမတာ အားချင်းပတ်ဖြန်းလေသည်။
ဂျီမင်း ဘေးနားသို့ ကြည့်မိသည့်အခါ လူကြီးဟာ မျက်နှာသိပ်မကောင်း။
"အဆင်ပြေရဲ့လားဟင်"
သူ မေးလိုက်တော့ လူကြီးဆီက အသံတစ်သံတောင်မှ ထွက်မလာ။ အပြင်ကိုသာ ငေးမြဲငေးနေ၏။ သူဘက်တောင် တစ်ချက်လှည့်မလာသော လူကြီးကြောင့် ဂျီမင်း ရှက်သလိုလိုတောင် ဖြစ်သွားရသည်။
နားလည်ရခတ်လိုက်တာ ခင်ဗျားကြီးက . . .
သည်လို ကသိကအောက်နိုင်လှသည့် အခြေအနေကြီးကြောင့် နည်းနည်းလေးတောင် စဲမသွားသော မိုးထံသို့သာ
ဂျီမင်း အပြစ်ပုံချမိနေလိုက်သည်။
ကိုယ်ရွှေမိုးဟာ စဲမည့်အရိပ်အယောင်ပြဖို့ နေနေသာသာ လျှပ်စီးများပင် လက်လို့လာတော့သည်။
"အာ"
ထိုအခိုက် ဘေးကထွက်လာသော အသံတိုးတိုးလေးကြောင့် ဂျီမင်း လှည့်ကြည့်ရန်ကြံလိုက်သော်ငြား ရုတ်တရက်ပင် သူ့ခန္ဓာကိုယ်ဟာ ထယ်ယောင်း၏ ရင်ခွင်ထဲသို့ရောက်သွားရ၏။
လူကြီးက သူ့ကိုဆွဲဖက်လိုက်တာလား . .
ကျောရိုးတစ်လျှောက် ကျင်ခဲတတ်သွားသလို ခံစားလိုက်ရပြီး မမျှော်လင့်ထားသော အပြုအမူကြောင့် သူ့ တစ်ဖက်သတ် ရင်ခုန်သံများဟာလည်း ဝုန်းဒိုင်းကျဲလို့လာသည်။
လူကြီး၏ အဝတ်များဟာ စိုစွတ်နေသည့်တိုင် သူ့အား ဖက်တွယ်ထားသော ရင်ငွေ့ဟာ နွေးလေသည်။ ကူးဆက်လို့ လာသည်ပင်လားမသိ။ ထိုအခိုက်တွင် သူ့နှလုံးအိမ်သည်လည်း အနွေးဓာတ်လေးတစ်ခုအား သိသိသာသာ ခံစားလာရ၏။
"ဟို . . ဟိုလေ"
သူ့လည်တိုင်ပေါ် မျက်နှာအပ်လို့ထားသော လူကြီး၏ ဝင်လေထွက်လေနွေးနွေးက သူဆက်ပြောရမည့် စကားများကိုပင် မေ့လျော့သွားစေရန် စွမ်းဆောင်လေသည်။
သူ့ လည်တိုင်ပေါ်က စိုစွတ်မှုလေးတွေဟာတော့ မိုးရေတွေပဲ ဖြစ်လောက်မှာပါနော် . . ။
YIMMY
သေချာတာက ဒီအပိုင်းကို ဖတ်ပြီးပျင်းသွားကြမှာကိုပဲ😅
Zawgyi
မထင္မွတ္ထားသည့္ အေျဖစကားေၾကာင့္ ဂ်ီမင္း မ်က္ဝန္းအိမ္ေလးမ်ားေတာင္ တအံတၾသျဖင့္ ဝိုင္းစက္လာရ၏။
ဟင့္အင္း . . ၊ မျဖစ္နိုင္တာ။
ေနာက္ေနတာေသခ်ာပါတယ္။
လူသတ္သမားတစ္ေယာက္က ေထာင္မက်တဲ့အျပင္ ေဆး႐ုံမွာ ဆရာဝန္အျဖစ္ဆက္လုပ္ေနနိုင္တာ မျဖစ္နိုင္တဲ့ ကိစၥမလား။
အက်ိဳးအေၾကာင္းသင့္ စဥ္းစားမိမွ ဂ်ီမင္း စိတ္ေအးသြားရသည္။ သို႔သိတိုင္ မည္သူက ကိုယ့္အမ်ိဳးသမီး ဆုံးပါးသြားသည့္ ကိစၥအား ႐ႊတ္ေႏွာက္စြာ ဆိုလိမ့္မည္နည္း။ ဤအခ်က္အား ေတြးမိျပန္ေတာ့ ဂ်ီမင္း စိတ္ရႈပ္ေထြးစြာ ေခါင္းကုတ္မိေတာ့၏။
လူႀကီးဟာလည္း ပုံမွန္ႏႈန္းေလးအတိုင္း စက္ဘီးအား ဆက္နင္းေနသည္ေၾကာင့္ေရာ၊
သူလည္း ထပ္၍ မေမးခ်င္ေတာ့သည္မို႔ပါ
လူႀကီး အေနာက္ကသာ ၿငိမ္ၿငိမ္ေလး ထိုင္လိုက္ရင္း ေဘးက ကန္ေရျပင္က်ယ္ဆီသာ အၾကည့္တို႔ကို ပို႔ထားလိုက္ေတာ့သည္။
ေနာက္ ဆယ္မိနစ္ေလာက္ ထပ္စီးၿပီးေနာက္ေဆး႐ုံငယ္ေလးဆီသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာသည္။ ေဆး႐ုံေရွ႕၌ လူနာမ်ားအပန္းေျဖရန္အတြက္ ပန္းၿခံငယ္ေလးတစ္ခုရွိ၏။ ႏွစ္ဦးသား ဝင္လာသည့္အခ်ိန္ လူနာတခ်ိဳ႕ႏွင့္ သူနာျပဳတစ္ေယာက္စ၊ ႏွစ္ေယာက္စအား ပန္းၿခံအတြင္း ေတြ႕ရသည္။
ဝွီးခ်ဲႏွင့္ လူနာအဘိုးတစ္ေယာက္ကို အေနာက္က တြန္းေပးေနေသာ အသားျဖဴျဖဴ ဝဝဖိန့္ဖိန့္ သူနာျပဳအန္တီႀကီးက ေဆး႐ုံဝန္းအတြင္းဝင္လာတဲ့ သူတို႔စက္ဘီးေလးရွိရာကသို႔ ၿပဳံးရယ္ရင္း လက္လွမ္းျပသည္။
သူ႕ေရွ႕က လူႀကီးကေတာ့ မည္သို႔တုန့္ျပန္လိုက္သည္ကို မသိ။ ျဖစ္နိုင္သည္မွာ သည္အတိုင္း ခပ္ဖြဖြေလးသာ ၿပဳံး႐ုံပဲ ႏႈတ္ဆက္ေလာက္လိမ့္မည္။
ပန္းၿခံကိုေက်ာ္ၿပီး ေဆး႐ုံဝန္းအေနာက္ဘက္က အေဆာက္အဦးတစ္ခုေဘးမွာ စက္ဘီးကိုရပ္ထားလိုက္သည္။
"ကိုယ့္ေနာက္လိုက္ခဲ့ေနာ္"
သူ႕အားတစ္ခ်က္မွ်ေတာင္ မၾကည့္ပါပဲ လူႀကီးက စက္ဘီးအား ေသာ့ခတ္ရင္းဆိုသည္။
"ဟုတ္ကဲ့"
ေရွ႕ကထြက္သြားေသာ အႏွီလူႀကီးေနာက္သို႔ သူ ေက်ာပိုးအိတ္ႀကိဳးေလး ႏွစ္ဖက္အား က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္းလိုက္လာခဲ့သည္။
ေဆး႐ုံပင္မအေဆာက္အဦးေရွ႕ ေရာက္ေတာ့ ေစာေစာကေတြ႕ခဲ့သည့္ အန္တီႀကီးက သူတို႔ဆီ ေလွ်ာက္လာသည္။
"ဒီေန႕ ေနာက္က်တယ္ေနာ္ ေဒါက္တာ"
အန္တီႀကီးက ေဆး႐ုံ၏ သူနာျပဳဝတ္စုံ ျဖစ္ပုံရသည့္ ပန္းေရာင္အေပၚထပ္အကၤ်ီႏွင့္ ေဘာင္းဘီျဖဴအား ဝတ္ဆင္ထား၏။
"ဒီေန႕က ဘက္စ္နဲ႕မဟုတ္ဘဲ စက္ဘီးစီးလာလို႔ေနာက္က်သြားတာ အစ္မနိုရီေရ"
ထယ္ေယာင္းက ရင္းႏွီးသည့္ေလသံမ်ိဳးႏွင့္ ျပန္ေျဖသည္။
"အယ္ဒါနဲ႕ ဒါေလးက ဘယ္သူေလးတုန္း"
အတူလာၾကသည္ကို ျမင္ကတည္းက အန္တီႀကီးက စိတ္ဝင္စားေနပုံရကာ ထုတ္ေမးလာသည္။
"ကြၽန္ေတာ့္အသိ ညီေလးေလ ေဆး႐ုံကို လုပ္အားေပးေရာက္လာတာ ပိတ္ရက္ေတြပဲ"
"စိတ္ထားေလးျဖဴစင္လိုက္တာ ကေလးရယ္ . . ဒီမွာက သူနာျပဳကလည္းနည္းေတာ့ လုပ္အားလာေပးမဲ့ ကေလးေတြလိုေနတာ"
နိုရီမည္ေသာ အန္တီႀကီး၏ စကားအား သူၿပဳံ႐ုံသာ တုန့္ျပန္လိုက္သည္။
"ဒီကေလးကို ေစာင့္ေရွာက္ေပးပါဦး
အစ္မနိုရီေရ"
"ေကာင္းပါၿပီကြယ္ . . ကဲ အထဲဝင္ရေအာင္"
နယ္ေဆး႐ုံၿပီးသစြာ မည္သည္မွ တခမ္းတနား မရွိသည့္ တစ္ထပ္တိုက္ ပင္မေဆာင္ထဲသို႔ သူတို႔ သုံးေယာက္ဝင္သြားသည္။
ထယ္ေယာင္းက သူ႕႐ုံးခန္းရွိရာ ဘက္သို႔ထြက္သြားၿပီး ဂ်ီမင္းအား အန္တီနိုရီႏွင့္ ထားခဲ့ေလသည္။
ဂ်ီမင္းတစ္ေယာက္ ေတြးမိသည္မွာ ။ အန္တီနိုရီဟာ အသက္ေလးဆယ္ေက်ာ္ေလာက္ရွိၿပီျဖစ္ေသာ အမ်ိဳးသမီးတစ္ဦးေပမို႔ သူႏွင့္ဆိုလွ်င္ အေဒၚအ႐ြယ္ျဖစ္သည့္တိုင္ သူ႕လူႀကီးက အမနိုရီဟုေခၚပုံေထာက္လွ်င္ အႏွီလူႀကီးမွာလည္း အသက္ေတာ္ေတာ္ႀကီးေလာက္ၿပီဟုပင္။
အဆုံး၌မူ သူ သက္ျပင္းသာခ်မိေတာ့၏။ သူ လူႀကီးႏွင့္ ပတ္သတ္ၿပီး မည္သည္မွ ေရေရရာရာ မသိရေသး။
ေန႕တစ္ဝက္အတြင္း သူ သိလိုက္ရသည္မွာ အန္တီနိုရီဟာ သေဘာေကာင္းသည့္ အမ်ိဳးသမီးတစ္ဦးျဖစ္ေၾကာင္းပင္။ သူ႕အား ေဆးအေၾကာင္းေတြေရာ၊ ေဆး႐ုံကကိစၥေပါင္းစုံကိုပါ မပ်င္းရေအာင္ ေျပာျပေပးၿပီး အလုပ္လုပ္သည့္ ေနရာတြင္လည္း ေသခ်ာ အကူအညီေပးသည္။
သို႔ေၾကာင့္ သူ အန္တီနိုရီမွတစ္ဆင့္ လူႀကီး၏ အေၾကာင္းတခ်ိဳ႕အား အနည္းငယ္တီးေခါက္ၾကည့္နိုင္ခဲ့သည္။
လူႀကီးက ဆိုးလ္မွာရွိတဲ့နာမည္ႀကီး ေဆး႐ုံတစ္ခုကေျပာင္းလာတာျဖစ္ေၾကာင္း၊ လူႀကီးမွာ အမ်ိဳးသမီးရွိခဲ့တာ အမွန္ေပမဲ့ ဆုံးသြားၿပီျဖစ္ေၾကာင္းႏွင့္ ဘယ္လိုေသသြားရလဲေတာ့ မသိေၾကာင္း သူ သိသမွ်ျပန္ေျပာျပရွာသည္။
မည္သို႔ပင္ဆိုေစကာမူ ယခုေလာေလာဆယ္မွာ လူႀကီးမွာ လူလြတ္တစ္ေယာက္ျဖစ္ေသာေၾကာင့္ သူအနည္းငယ္ စိတ္ေအးသြားရသည္မွာ အမွန္ပင္။
ဤသို႔ျဖင့္ ဂ်ီမင္းသည္ ေစာေစာကေတြ႕ခဲ့သည့္ ဝွီးခ်ဲႏွင့္ အဘိုးအား ေရခ်ိဳး ၊ ထမင္းခြံ႕စသည့္ ေဝယ်ာဝစၥ အလုပ္မ်ားလုပ္ေပးရၿပီး ေဆး႐ုံက သူနာျပဳအမ ႏွစ္ေယာက္၏ အလုပ္မ်ားကိုပါ ဝိုင္းကူေပးရသည္။
ေဆး႐ုံတစ္ခုတည္း၌ ရွိေနေသာ္ျငား လူႀကီးႏွင့္ သူ မ်က္ႏွာခ်င္းေတာင္ မဆိုင္မိ။ ညေနရီတရာ အခ်ိန္အထိ လူႀကီး၏ အရိပ္အေယာင္ေတာင္မွ သူ မေတြ႕ရေပ။
အခ်ိန္အားျဖင့္ ညေနေလးနာရီ ထိုးခါနီးေလၿပီ။ လုပ္စရာသိပ္မရွိေတာ့သည္မို႔ ဂ်ီမင္း ပင္မေဆာင္အေပါက္ဝက ေကာင္တာမွာ ဝင္ထိုင္ေနလိုက္သည္။
"ဂ်ီမင္းေလးက ေဒါက္တာကင္မ္နဲ႕ ျပန္မွာမလား"
ေကာင္တာက ေဆး႐ုံ၏ တစ္ဦးတည္းေသာ ေယာက္်ားေလးသူနာျပဳခြၽဲက သူ႕အား လွမ္းေမးသည္။
"အစ္ကိုေရာ မျပန္ေသးဘူးလား"
"ကိုယ္တို႔က ေဆး႐ုံမွာအိပ္တာ"
"ဟုတ္လား"
"ဒီပုံစံအတိုင္းဆို မိုး႐ြာေတာ့မယ္ထင္တယ္"
သူနာျပဳခြၽဲ၏စကားေၾကာင့္ သူအျပင္ကိုၾကည့္မိသည္။
ညို႔မွိုင္းလာေသာ ပတ္ဝန္းက်င္ႏွင့္ မဲတတ္လာေသာ တိမ္တိုက္ထုတို႔အား ျမင္ေနရ၏။
႐ုတ္တရက္ ေခါင္းထဲေပၚလာသည္က ဟိုတစ္ေန႕က လူႀကီး၏ပုံရိပ္ေလးကိုပင္။
လူႀကီးက မိုး႐ြာရင္မႀကိဳက္ဘူးထင္တယ္ . .
"ဂ်ီမင္း"
ထိုအခိုက္ ေနာက္ပါးမွ ထြက္လာေသာေခၚသံေၾကာင့္ သူခ်က္ခ်င္းလွည့္ၾကည့္လိုက္သည္။ တျခားမဟုတ္ဘဲ သူ၏ လူႀကီးပါပင္။
"မိုးမ႐ြာခင္ျပန္ရေအာင္ေလ လုပ္စရာေတြရွိေသးလား"
"မရွိေတာ့ပါဘူး ျပန္မယ္ေလ"
ဤသို႔ျဖင့္ ႏွစ္ဦးသားမွာ မိုးမ႐ြာခင္ အျမန္ထြက္ခဲ့ေသာ္ျငား ဆယ္ငါးမိနစ္ေလာက္ပင္ နင္းလာရေသးသည္။ မိုးစက္မိုးဖြားတို႔ဟာ အလ်င္စလို ခုန္ဆင္းခ်လာေတာ့၏။
"မိုးကလည္းကြာ"
လူႀကီးက အသံတိမ္တိမ္ျဖင့္ ညည္းတြားေလသည္။ ေဆး႐ုံကယူလာေသာ ႏွစ္ေယာက္လုံသည့္ ထီးႀကီးအား သူက အေနာက္မွေနေစာင္းေပးရင္း လူႀကီးကေတာ့ စက္ဘီးကိုတတ္နိုင္သမွ် ျမန္ျမန္နင္းေန၏။
သို႔ေသာ္ျငား ထင္ထားသည္ထက္ ပိုသည္းလာသည့္မိုးဟာ ဝန္းက်င္တစ္ခုလုံးအား မႈံမွိုင္းရီဝါးသြားေစသည္။ သည္အတိုင္း ဆက္နင္းသြားရန္ မတတ္နိုင္ေတာ့သည့္အဆုံးတြင္ တစ္ေနရာ၌ ေခတၱမိုးခိုရန္ စဥ္းစားရေတာ့၏။
"ဂ်ီမင္း . . ေရွ႕နည္းနည္းထပ္သြားရင္ နတ္ကြန္းတစ္ခုရွိတယ္ ကိုယ္တို႔ ခဏမိုးဝင္ခိုရေအာင္"
သူပဲအာ႐ုံစိုက္ေနမိလို႔ပင္လား မသိ။ မိုးသံေလသံၾကားကေတာင္ လူႀကီး၏အသံကို သူရွင္းလင္းစြာၾကားလိုက္သည္။
"ဟုတ္"
၎သို႔ေရာက္ေသာ္ စက္ဘီးေလးအား ေရွ႕မွာရပ္ထားလိုက္ၿပီး နတ္ကြန္းက်ဥ္းေလးအတြင္းသို႔ ႏွစ္ဦးသား ေျပးဝင္လိုက္ၾကသည္။ လူတစ္ရပ္စာ နတ္႐ုပ္ထုတစ္ခုကလြဲၿပီး က်န္သည့္ပစၥည္းမရွိသည့္ နတ္ကြန္းငယ္သည္ သူတို႔ ႏွစ္ေယာက္စာေတာ့ လုံေသး၏။
လယ္ကြင္းမ်ားအား ျဖတ္လာေသာ ေလေအးတို႔ဟာ ခပ္ၾကမ္းၾကမ္းအားျဖင့္ တိုက္ခတ္လာေသာေၾကာင့္ အေသြးအသားထဲအထိ စိမ့္ေနေအာင္ ခ်မ္းလို႔လာသည္။ မိုးစက္မႈန္ေတြဟာ လည္း နတ္ကြန္းအတြင္းသို႔ မညွာမတာအားခ်င္းပတ္ျဖန္းေလသည္။
ဂ်ီမင္း ေဘးနားသို႔ ၾကည့္မိသည့္အခါ လူႀကီးဟာ မ်က္ႏွာသိပ္မေကာင္း။
"အဆင္ေျပရဲ႕လားဟင္"
သူ ေမးလိုက္ေတာ့ လူႀကီးဆီက အသံတစ္သံေတာင္မွ ထြက္မလာ။ အျပင္ကိုသာ ေငးၿမဲေငးေန၏။ သူဘက္ေတာင္ တစ္ခ်က္လွည့္မလာေသာ လူႀကီးေၾကာင့္ ဂ်ီမင္း ရွက္သလိုလိုေတာင္ ျဖစ္သြားရသည္။
နားလည္ရခတ္လိုက္တာ ခင္ဗ်ားႀကီးက . . .
သည္လိုကသိကေအာက္နိုင္လွသည့္ အေျခအေနႀကီးေၾကာင့္ နည္းနည္းေလးေတာင္ စဲမသြားေသာ မိုးထံသို႔သာ
ဂ်ီမင္း အျပစ္ပုံခ်မိေနလိုက္သည္။
ကိုယ္ေ႐ႊမိုးဟာ စဲမည့္အရိပ္အေယာင္ျပဖို႔ ေနေနသာသာ လွ်ပ္စီးမ်ားပင္ လက္လို႔လာေတာ့သည္။
"အာ"
ထိုအခိုက္ ေဘးကထြက္လာေသာ အသံတိုးတိုးေလးေၾကာင့္ ဂ်ီမင္း လွည့္ၾကည့္ရန္ႀကံလိုက္ေသာ္ျငား ႐ုတ္တရက္ပင္ သူ႕ခႏၶာကိုယ္ဟာ ထယ္ေယာင္း၏ ရင္ခြင္ထဲသို႔ေရာက္သြားရ၏။
လူႀကီးက သူ႕ကိုဆြဲဖက္လိုက္တာလား . .
ေက်ာရိုးတစ္ေလွ်ာက္ က်င္ခဲတတ္သြားသလို ခံစားလိုက္ရၿပီး မေမွ်ာ္လင့္ထားေသာ အျပဳအမူေၾကာင့္ သူ႕ တစ္ဖက္သတ္ ရင္ခုန္သံေတြဟာလည္း ဝုန္းဒိုင္းက်ဲလို႔လာသည္။
လူႀကီး၏ အဝတ္မ်ားဟာ စိုစြတ္ေနသည့္တိုင္ သူ႕အား ဖက္တြယ္ထားေသာ ရင္ေငြ႕ဟာ ေႏြးေလသည္။ ကူးဆက္လို႔ လာသည္ပင္လားမသိ။ ထိုအခိုက္တြင္ သူ႕ႏွလုံးအိမ္သည္လည္း အေႏြးဓာတ္ေလးတစ္ခုအား သိသိသာသာ ခံစားလာရ၏။
"ဟို . . ဟိုေလ"
သူ႕လည္တိုင္ေပၚ မ်က္ႏွာအပ္လို႔ထားေသာ လူႀကီး၏ ဝင္ေလထြက္ေလေႏြးေႏြးဟာလည္း သူဆက္ေျပာရမည့္ စကားမ်ားကိုပင္ေမ့လို႔သြားေစရန္ စြမ္းေဆာင္ေလသည္။
သူ႕ လည္တိုင္ေပၚက စိုစြတ္မႈေလးေတြဟာေတာ့ မိုးေရေတြပဲ ျဖစ္ေလာက္မွာပါေနာ္ . . ။
YIMMY
ေသခ်ာတာက ဒီအပိုင္းကို ဖတ္ၿပီးပ်င္းသြားၾကမွာကိုပဲ😅