သူနဲ့ကျွန်​တော်(Season - 2)

By PannWintHlwar

94.3K 7.3K 333

Unicode + Zawgyi ဒါ​လေးက​တော့သူနဲ့ကျွန်​တော်ဒုတိယတွဲ​လေးပါ ထူး​အောင်နဲ့စည်သူရဲ့အ​ကြောင်း​လေး​ပေါ့ ​ဖတ်ကြည့်ရင... More

အပိုင်း - ၁👬
အပိုင်း - ၂👬
အပိုင်း - ၃👬
အပိုင်း - ၄👬
အပိုင်း - ၅👬
အပိုင်း - ၆👬
အပိုင်း - ၇👬
အပိုင်း - ၈👬
အပိုင်း - ၉👬
အပိုင်း - ၁၀👬
အပိုင်း - ၁၁👬
အပိုင်း - ၁၂👬
အပိုင်း - ၁၃👬
အပိုင်း - ၁၄👬
အပိုင်း - ၁၆👬
အပိုင်း - ၁၇👬
အပိုင်း - ၁၈(ဇာတ်သိမ်းပိုင်း)

အပိုင်း - ၁၅👬

2.9K 342 5
By PannWintHlwar

Unicode 👬

မေမေ့ခြေထောက်လည်းအကောင်းပကတိအတိုင်းပြန်ဖြစ်လာခဲ့သည် ။ သို့ပေမဲ့ မေ‌မေကသူ့ကောင်လေးနဲ့ပတ်သက်ပြီးဘာမှမတုံ့ပြန်သေးပါ ။ နှင်လည်းမထုတ် ဘာမှလည်းမပြောဘဲငြိမ်နေတော့မေမေ့ရဲ့စိတ်ကဘယ်လိုဆိုတာသူတို့နှစ်ယောက်စလုံးခန့်မှန်းရခက်နေပါတော့သည် ။ တစ်ရက်တော့ မေမေနဲ့သူစကားပြောကြည့်ရမည် ။ မေမေ့သဘောထားကိုသူမေးကြည့်ရမည် ။

Knock Knock ......

အခန်းတံခါးခေါက်သံကြောင့် သူ့လက်မောင်းပေါ်မှာအိပ်ပျော်နေသည့်ပိစိလေးမနိုးသွားအောင်ခေါင်းအုံးပေါ်အသာလေးချပေးခဲ့ပြီးအခန်းတံခါးဖွင့်ကြည့်လိုက်သည် ။

"အစ်ကိုလေး မမကြီးကအစ်ကိုလေးတို့နှစ်ယောက်ကိုခေါ်ခိုင်းလိုက်လို့ပါ"

ဥယျာဉ်မှူးဘဘကြီးကိုမေမေကပြောလိုက်ခြင်း ။ အိပ်မောကျနေသည့်သူ့ရဲ့ပိစိလေးကိုသူနှိုးလိုက်သည် ။ အိပ်ချင်မူးတူးလေးနဲ့မေမေခေါ်တယ်ဆိုလို့ချက်ချင်းငုတ်တုပ်ကလေးထထိုင်ပြီး မေမေတစ်ခုခုဖြစ်လို့လားဆိုပြီးအရင်မေးပါတော့သည် ။

"‌အန်တီတစ်ခုခုဖြစ်လို့လားဟင်"

"မဟုတ်ပါဘူး ၊ အစ်ကိုတို့နှစ်ယောက်စလုံးကိုခေါ်နေတယ် ၊ ထ အောက်ဆင်းရအောင်"

"ဟုတ်"

မေမေခေါ်တယ်ဆိုလို့နှစ်ယောက်စလုံးအောက်ထပ်သို့ဆင်းလာသည် ။ မေမေကဧည့်ခန်းထဲမှာထိုင်စောင့်နေသည် ။ မေမေနဲ့မျက်နှာချင်းဆိုင်ခုံမှာနှစ်ယောက်အတူတူထိုင်လိုက်သည် ။

"မေမေခေါ်တယ်ဆိုလို့ ဘာများပြောစရာရှိလို့လဲ"

မေမေကဘူးအနက်ရောင်လေးတစ်ဘူးသူတို့နှစ်ယောက်အရှေ့ကိုချပေးသည် ။

"ဒါကဘာလဲမေမေ"

"သိချင်ရင်ဖွင့်ကြည့်လေ"

စည်သူ အနက်ရောင်ဘူးလေးကိုယူပြီးဖွင့်ကြည့်လိုက်သည် ။ အထဲမှာရွှေရောင်လက်စွပ်ကလေးနှစ်ကွင်းရှိနေသည် ။ နှစ်ယောက်စလုံးမေမေ့ကိုနားမလည်သလိုလေးတွေကြည့်နေကြသည် ။

"ဒါက ဘိုးဘွားအစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ရတနာပစ္စည်းပဲ ၊ သားသမီးလက်ထပ်တဲ့အခါလက်ဆင့်ကမ်းပေးရတယ်"

"ဗျာ ! မေမေ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုတာလား"

မေမေကဘာမှမပြောဘဲထိုင်နေသည် ။ ခဏကြာမှ .......

"ငါပေးရတာချွေးမမဟုတ်ပေမဲ့ပေါ့လေ"

"မေမေ တကယ်ပြောတာနော် ၊ ပြီးမှစကားပြန်မပြင်ရဘူးနော် ၊ မေမေတကယ်သဘောတူတာနော်"

သူ့ပိစိလေးငြိမ်နေပါတယ်မှတ်တာ မျက်ရည်တွေဘူးသီးလုံးလောက်ကြီးကျပြီး အသံတိတ်မျက်ရည်တွေကျနေလေသည် ။

"ဘာလို့ငိုရတာလဲ ၊ မေမေကအစ်ကိုတို့ကိုခွင့်ပြုလိုက်ပြီလေ"

"ပျော်လို့ ဟင့် အရမ်းပျော်လို့ အီးဟီး ရုတ်တရက်မထင်မှတ်ထားတဲ့အခြေအနေမှာဆိုတော့ အရမ်းပျော်လို့ အီးဟီး"

"ဒီအတောအတွင်း အန်တီ့ကိုပြုစုပေးခဲ့တာအတွက်ကျေးဇူးတင်ပါတယ် ၊ အမှန်အတိုင်းပြောရရင် မင်းကငါ့သားထက်တောင်အန်တီ့အကြိုက်တွေကိုပိုသိနေတာတော့အံ့ဩစရာပဲ ၊ ဒီအတောအတွင်းမင်းကိုစိတ်ပျက်စရာတစ်ခုတောင်မရှိခဲ့ပါဘူး ၊ နောက်ထပ်သားတစ်ယောက်ရတယ်လို့ခံစားမိတယ် ၊ တကယ်ကျေးဇူးတင်ပါတယ် ၊ အန်တီ့ကိုဒီလောက်ပြုစုနိုင်ရင် သားအတွက်လည်းမင်းကလက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်မယ်လို့ထင်တယ်"

"ကျွန်တော်အကောင်းဆုံးကြိုးစားသွားမှာပါ အန်တီ့ကိုစိတ်မပျက်စေရပါဘူး"

"အန်တီယုံပါတယ် ၊ မင်းဘက်ကမိဘတွေကရောမင်းတို့နှစ်ယောက်အကြောင်းသိကြလား"

"ဟုတ်ကဲ့ သိပါတယ်အန်တီ ၊ အစ်ကို့ကိုတရားဝင်မိတ်ဆက်ပေးဖို့ပဲရှိပါတော့တယ်"

"အင်း ဒါဆို အဆင်ပြေတဲ့နေ့နှစ်ဖက်မိဘတွေ့ချင်တယ် ၊ မိဘတွေကနိုင်ငံခြားမှာဆိုဟုတ်လား"

"မေမေနှစ်ဖက်မိဘတွေ့ဖို့ကအရမ်းမလောလွန်းဘူးလား ၊ သားတောင်သူ့မိဘတွေဆီကခွင့်ပြုချက်မရသေးဘူးလေ"

"ဪ အေး ဟုတ်သားပဲ ၊ မေမေလောသွားတယ် ၊ ဒါပေမဲ့ မေမေကတော့သားဘွဲ့ယူပြီးရင်လက်ထပ်ပေးချင်တယ်"

"မေမေ သူဘွဲ့မရသေးဘူးလေ ၊ ထူးအောင်ကသားထက်နှစ်နှစ်ငယ်တယ်မေမေရဲ့ ၊ သူ့မိဘဘက်လည်းပြန်ကြည့်ရဦးမယ်လေ"

"အေးဟယ် ငါလည်းစိတ်တွေလှုပ်ရှားပြီး‌ဘာတွေပြောမိနေမှန်းမသိတော့ပါဘူး ၊ ကဲ သွားနားကြတော့ ၊ ဆက်ပြောနေရင် မေမေပိုပြီးမှားတော့မယ်"

"ဟုတ်ကဲ့မေမေ ၊ မေမေလည်းနားလိုက်တော့"

မေမေအခန်းထဲဝင်သွားမှ နှစ်ယောက်စလုံးအပေါ်သို့တက်ခဲ့ကြသည် ။ သူ့ရဲ့ပိစိလေးကမေမေပေးတဲ့လက်စွပ်လေးတွေကိုကြည့်ပြီးသဘောကျနေသည် ။

"အဲ့လောက်တောင်ပျော်လား"

"အင်း အရမ်းပျော်တယ် ၊ အစ်ကိုကရောမပျော်ဘူးလား"

"ပျော်တာပေါ့ ၊ အခုဆိုမေမေ့ခွင့်ပြုချက်ရပြီဆိုတော့ ကိုယ့်ကိုမင်းမိဘတွေနဲ့ဘယ်တော့မိတ်ဆက်ပေးမှာလဲ"

"အခုမိတ်ဆက်ပေးမယ်လေ ၊ မေမေတို့ဆီကိုVideo Callခေါ်လိုက်မယ်"

"တကယ်လား ၊ ကိုယ်ကြည့်လို့ကောင်းရဲ့လား ကြည့်ပါဦး"

"အဆင်ပြေပါတယ် ၊ ဒါဆိုခေါ်လိုက်တော့မယ်နော်"

သူ့ပိစိလေးရဲ့ဘေးနားမှာထိုင်ပြီး သူစိတ်တွေလှုပ်ရှားနေသည် ။ ဖုန်းကိုလာကိုင်သည်က ဒယ်ဒီဖြစ်နေသည် ။

"မိန်းမရေ သားဖုန်းဆက်တယ်ကွ"

"လာပြီရှင် လာပြီ"

"မာမီ ဒယ်ဒီ နေကောင်းတယ်နော်"

"ကောင်းတာမှဒေါင်ဒေါင်မြည်ပါပဲရှင် ၊ သားရော နေကောင်းရဲ့လား"

"ဟုတ် ကောင်းတယ် ၊ မာမီနဲ့ဒယ်ဒီ့ကိုပြောစရာရှိတယ်"

"အင်း ပြောလေ"

ဖုန်းထဲမှာဘေးနားကစည်သူ့ကိုမြင်နေရပေမဲ့ မာမီနဲ့ဒယ်ဒီကဘယ်သူလဲဆိုတာတစ်ခွန်းတောင်မမေးဘဲ သူပြောတာကိုစောင့်နေကြသည် ။ သူလည်းပြောဖို့အတွက်စိတ်တွေလှုပ်ရှားနေသည် ။

"ဟို ဒါကလေ အစ်ကိုစည်သူတဲ့ ၊ သူက .... သူက ..... သူကသားရဲ့ချစ်သူပါ"

ဖြစ်ချင်ရာဖြစ်ဆိုပြီးထူးအောင်ပြောချပစ်လိုက်သည် ။ မာမီနဲ့ဒယ်ဒီကစည်သူ့ကိုသေချာစိုက်ကြည့်နေကြသည် ။

"ယောကျာ်း ကောင်လေးကအပြင်မှာပိုချောသလားလို့နော်"

"အေး ဟုတ်တယ် ၊ ဓာတ်ပုံထဲကထက်အပြင်မှာပိုကြည့်ကောင်းတယ်"

"မာမီ ဒယ်ဒီ ဘာတွေပြောနေကြတာလဲ ၊ သားချစ်သူလို့မိတ်ဆက်ပေးနေတယ်လေ"

"သိပါတယ် ၊ မာမီတို့ပြောပြီးသားပဲ သားချစ်တဲ့သူကိုမာမီတို့ကချစ်မှာပါလို့ ၊ သားမိတ်ဆက်ပေးတဲ့အချိန်ကိုမာမီတို့ကစောင့်နေတာ ၊ အခုမှပဲတရားဝင်တွေ့ရတော့တယ်"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်အဖေနဲ့အမေ ၊ ကျွန်တော်ကစည်သူပါ"

"စည်သူကခန့်ချောပဲ ၊ ဒါကြောင့်မျောက်လောင်းကပစ်ကြွေနေတာ"

"မာမီ ဘာကိုမျောက်လောင်းလဲ !"

"မဟုတ်လို့လား ၊ နင်ကမျောက်ရှုံးတယ်လေ"

"မာမီ ဒီမှာကြည့်"

ယောက္ခမကြီးပေးထားတဲ့အနက်ရောင်ဘူးလေးကိုမာမီနဲ့ဒယ်ဒီ့ကိုပြလိုက်သည် ။

"ဒါကလေ သားကိုအစ်ကို့မေမေကပေးတာ ၊ အစ်ကို့မေမေကသားတို့ကိုခွင့်ပြုလိုက်ပြီ"

"ဟယ် ဟုတ်လား ၊ ဝမ်းသာလိုက်တာ ၊ စည်သူ မေမေ့ကိုပြောပေးပါဦး ကျေးဇူးတင်ပါတယ်လို့"

"ဟုတ်ကဲ့ ၊ ဒါနဲ့ ဟိုလေ အမေတို့ကရောကျွန်တော့်ကိုဘယ်လိုသဘောရလဲမသိဘူးခင်ဗျာ့ ၊ ကျွန်တော်ထူးအောင်တကယ်ချစ်တာပါ ၊ မြတ်မြတ်နိုးနိုးနဲ့လက်ထပ်ယူမှာပါ ၊ ထူးအောင်မျက်ရည်ကျရတဲ့ကိစ္စလည်းမရှိစေရပါဘူး ၊ ကျွန်တော်ကတိပေးပါတယ် ၊ အဲ့ဒါကြောင့် အမေတို့ကျွန်တော့်ကိုလက်ခံပေးပါနော်"

"အိုးခိုင်မော့ စကားအများကြီးပြောသွားတာပဲ ၊ ကဲ ယောကျာ်းရေ ဘယ်လိုသဘောရလဲ"

"ငါကတော့ မသိဘူး ၊ မင်းသဘောကရော ....."

"မာမီနဲ့ဒယ်ဒီ မနောက်ပါနဲ့တော့ဗျာ ၊ ဒီမှာအစ်ကိုကလန့်သေတော့မယ်"

"ဟားဟား ဟုတ်ပါပြီကွာ ၊ ဒယ်ဒီတို့ကမကန့်ကွက်ပါဘူး ၊ ဒီဆုံးဖြတ်ချက်ကိုခက်ခက်ခဲခဲချထားရတာနော် ၊ ဒယ်ဒီတို့ရဲ့ဆုံးဖြတ်ချက်ကိုနောင်တရအောင်တော့မလုပ်နဲ့"

"ဟုတ်ကဲ့ပါ ၊ ကျေးဇူးတင်ပါတယ် တကယ်ကိုကျေးဇူးတင်ပါတယ် ၊ ထူးအောင်နဲ့အတူတူအမေတို့ဆီကိုကျွန်တော်လာခဲ့ပါဦးမယ်ဗျာ့ ၊ ကျွန်တော့်ကိုလက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

"စောင့်နေပါ့မယ်ရှင် ၊ ဒါဆို နှစ်ဖက်မိဘတွေ့ဆုံဖို့မြန်မြန်စီစဉ်လိုက်ကြရင်ကောင်းမလား"

"မာမီ တကယ်ပြောတာလား"

"တကယ်ပေါ့ ၊ ငါတို့တွေလည်းအချင်းချင်းရင်းနှီးမှုရယူထားရမယ်လေ ၊ မေမေကရောဘာပြောသေးလဲ"

"မေမေကလည်းတွေ့ဖို့ပြောပါတယ် ၊ အမေတို့အဆင်ပြေတဲ့ရက်‌ကိုပြောလေ ၊ ကျွန်တော်မေမေ့ကိုပြန်ပြောပေးပါ့မယ်"

"အေးအေး ဒါဆိုနောက်မှပြန်ပြောမယ်နော်"

"ဟုတ်ကဲ့"

ဖုန်းချလိုက်ပြီးတော့မှ စည်သူအသက်ဝဝရှူနိုင်တော့သည် ။ သက်ပြင်းချပြီး သူ့ပိစိလေးပုခုံးပေါ်မှီနေလိုက်သည် ။

"အစ်ကို အဆင်ပြေရဲ့လား"

"နှလုံးခုန်ရပ်ပြီးသေပြီတောင်ထင်တာ ၊ ဟူး သေတော့မှာပဲ"

"ဒါဆို ကျွန်တော်တို့ဒီနှစ်အတွင်းလက်ထပ်ကြမှာလား"

"မင်းကရောဘယ်လိုသဘောရလဲ ၊ ကိုယ်ကကျောင်းပြီးရင်ဟုတ်ပေမဲ့ မင်းကကျောင်းပြီးဖို့လိုသေးတယ်လေ ၊ အဖေနဲ့အမေကမင်းကိုစောစောစီးစီးလက်ထပ်ပေးချင်ပါ့မလား ၊ ကိုယ်တို့အေးအေးဆေးဆေးအချိန်ယူတာပဲကောင်းမယ်ထင်တယ်"

"အင်း လောစရာမလိုပါဘူးဟုတ်တယ်မလား"

"ဒါပေါ့ ၊ ကဲ အိပ်ကြရအောင် ၊ ပေး ကိုယ်ဖုန်းသွားထားပေးမယ်"

ခုံပေါ်ကိုဖုန်းတင်ဖို့သွားတော့ ထူးအောင်ရဲ့လွယ်အိတ်ထဲကအအေးဗူးကိုသူတွေ့သွားသည် ။ လွယ်အိတ်ထဲကအအေးဗူးကိုသူထုတ်ကြည့်လိုက်သည် ။

Oppa ဒီနေ့လည်းညီမပေးတဲ့အအေးကိုသောက်ပြီး Fighting ❤️

"ဘာ ဘာ အို ....အိုပါး ! အသည်းပုံကပါသေးတယ်"

"အစ်ကို ဘာဖြစ်လို့လဲ"

"ဒါဘယ်သူပေးတာလဲ ၊ မှန်မှန်ပြောနော် ၊ ဘယ်သူကမင်းကိုအိုပါးလို့ခေါ်တာလဲ !!!"

"ကျွန်တော်လည်းမသိဘူး ၊ ကျွန်တော်ထိုင်တဲ့နေရာမှာတစ်နေ့တစ်ဗူးလာချထားတာတွေ့တာပဲ"

"မင်းကဘာလို့ယူလာရတာလဲ"

"ကျွန်တော်ယူတယ်ဆိုတာကကျွန်တော်တို့ကျောင်းထဲကိုအလှူလာခံတဲ့ဘုန်းဘုန်းတစ်ပါးကိုပြန်လှူနေကြလေ ၊ အဲ့တာဒီနေ့အဲ့ဘုန်းဘုန်းမကြွလို့ပါလာတာအစ်ကိုရဲ့"

"အံ့ဩစရာကြီးနော် အိုပါးတဲ့ ဟက် အံ့ဩဖို့ကောင်းလိုက်တာ"

စာရွက်ကိုလွှတ်ပစ်ဖို့မေ့ခဲ့တဲ့မိမိကိုယ်ကိုပဲဒေါသထွက်မိပါတော့သည် ။ စည်သူ စာရွက်ကိုလုံးချေပစ်ပြီးအမှိုက်ပုံးထဲကိုထည့်လိုက်သည် ။

"မနက်ဖြန်ကစပြီး မင်းအခန်းထဲကိုငါကိုယ်တိုင်လိုက်ပို့မယ်"

"ခဏ ခဏ ၊ အစ်ကိုအခုသဝန်တိုနေတာလား"

"ဘာပြောတယ်"

"အစ်ကို့ပုံစံကသဝန်တိုနေတဲ့ပုံစံကြီးလေ"

"ဟုတ်တယ် တိုတော့ဘာဖြစ်လဲ ၊ အရာရာအစစ ဘယ်သူ့ကိုလာပြီးအိုပါးလို့ခေါ်နေတာလဲ ဟက်"

"ကဲပါ ဒေါသကိုလျှော့ပြီးအိပ်ရအောင် နော်"

ပိစိလေးကသူ့ရင်ခွင်ထဲကိုအတင်းတိုးဝင်ပြီးနေသည် ။ သူပိစိလေးရဲ့ပါးနှစ်ဖက်ကိုလက်နဲ့ဖျစ်ညှစ်လိုက်ပြီး .......

"မင်းကိုစိတ်ရှိလက်ရှိဆွဲလုပ်မိတော့မယ် ၊ ခဏ ခဏ အသည်းယားအောင်လုပ်မနေနဲ့"

"ဟုတ်ကဲ့ပါ ၊ ကျွန်တော့်ပါးနာနေပြီ ၊ လွှတ်ပေးပါတော့"

သူပါးကိုဖျစ်ညှစ်ထားတာကြောင့်ဆူထွက်နေသည့်နှုတ်ခမ်းလေးကိုနမ်းလိုက်သည် ။

"အိပ်တော့ ၊ မနက်ဖြန်အဲ့တရားခံကိုဖမ်းရမယ်"

"အစ်ကိုလုပ်ချင်တာလုပ် ကျွန်တော်ကတော့အိပ်တော့မယ်"

ပိစိလေးကသူ့ရင်ခွင်ထဲတိုးဝင်ပြီးအိပ်ပါတော့သည် ။ စည်သူသဝန်တိုနေတာကိုပိစိလေးကအရမ်းသဘောကျနေသည် ။

"Oppa ! ဒီနေ့လည်းFighting"

"ဘယ်သူကအိုပါးလဲ !"

ကောင်မလေးလန့်သွားပြီးလှည့်ကြည့်လာသည် ။ သူမအနောက်မှာရပ်နေသူကစည်သူဖြစ်နေသည် ။ ဒိတ်ဒိတ်ကြဲKingတစ်ယောက်ကိုဘယ်သူမသိဘဲနေပါလိမ့်မလဲ ။ စည်သူ့အနောက်ကနေထူးအောင်ကခေါင်းလေးထွက်ပြီးချောင်းကြည့်နေသည် ။

"ငါမေးနေတယ်လေ ၊ ဘယ်သူကအိုပါးလဲလို့"

"ဒီကအစ်ကိုနဲ့မဆိုင်ဘူးထင်တာပဲ"

"ဘာ ဘာပြောတယ် !"

"ဒီကအစ်ကိုကဘာမို့လို့အခုလိုလာပြောနေရတာလဲ ၊ ညီမလည်းအစ်ကို့ကိုမသိပါဘူး"

"ဟက် ငါကလည်းမင်းကိုမသိပါဘူး ၊ သိလည်းမသိချင်ဘူး စိတ်လည်းမဝင်စားဘူး ၊ အခုကငါ့ကောင်လေးစားပွဲပေါ်မှာမင်းလာလာပို့နေတဲ့ဟာတွေကြောင့်ငါလာတာ"

"ဒီမှာညီမလေး ဘာလို့အခုလိုတွေလုပ်နေရတာလဲ ၊ အစ်ကိုကျွန်ဝောာ်သူ့ကိုမသိဘူးနော်"

ကောင်မလေးခင်ဗျာကြောင်တောင်တောင်လေးနဲ့ရပ်ကြည့်နေသည် ။ သူမသူငယ်ချင်းပြောခဲ့သည့်စကားကိုသူမပြန်ကြားယောင်မိသည် ။

"ငါ့စိတ်ထဲကတော့ညီအစ်ကိုလို့မထင်ဘူးရယ် ၊ မနက်လည်းအဲ့ကားပေါ်ကဆင်းလာတယ် ၊ ညနေလည်းအဲ့ကားပေါ်ကိုတက်သွားတယ် ၊ ဧကန္တ နင့်oppaကgay"

"ဒီကညီမလေးကိုသေချာပြောပြမယ်နော် ၊ အစ်ကိုကညီမလေးထင်နေသလိုSingleတစ်ယောက်မဟုတ်ဘူး ၊ ပြီးတော့အစ်ကိုကမိန်းကလေးတွေစိတ်မဝင်စားဘူး ၊ ပြီးတော့ ဒီကလူကြီးကအစ်ကိုနဲ့လက်ထပ်တော့မယ်လူပါ ၊ အဲ့တော့ အရမ်းကြီးမခံစားရခင်ညီမလေးလက်လျှော့လိုက်ပါ"

ကောင်မလေးကငိုပြီးထွက်ပြေးသွားသည် ။ ထူးအောင်ကအားနာနေပေမဲ့ သူဆက်ပြီးအားနာနေရင် မဖြစ်သင့်တာတွေဖြစ်လာမှာတော့သူလက်မခံနိုင်ဘူး ။ အချိန်မနှောင်းမီပြတ်သားလိုက်တာပိုကောင်းပါတယ် ။

"ကျွန်တော်ပြောလိုက်တာလွန်သွားပြီလားမသိဘူး"

"ဘာလွန်ရမှာလဲ ၊ အကုန်အမှန်အတိုင်းပြောလိုက်တာပဲလေ ၊ နောက်ဆိုကိုယ့်ကိုဖုံးကွယ်ထားတာမျိုးတွေမလုပ်နဲ့နော် ၊ ကိုယ့်အကြောင်းသိတယ်နော်"

"သိပါတယ် ကိုအူတိုကြီးရယ် ၊ ဒီနေ့ကစပြီး အစ်ကို့ကို ကိုအူတိုကြီးလို့ပဲခေါ်တော့မယ်"

"တော်တော်သဘောကျနေတယ်ဟုတ်လား"

"အင်း အရမ်းအရမ်းသဘောကျတယ်"

သူ့ပိစိလေးကိုခုံပေါ်ချီတင်လိုက်ပြီး ပိစိလေးဘေးတစ်ဖက်စီမှာလက်နှစ်ဖက်ထောက်လိုက်ပြီး ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်သည် ။

"အစ်ကို စာရေးတဲ့ခုံပေါ်ထိုင်တာငရဲကြီးကုန်မယ် ၊ ကျွန်တော်တို့စာမေးပွဲနီးပြီလေ"

"ဒါဆိုလည်းမင်းသွားတဲ့ငရဲကိုကိုယ်လိုက်ခဲ့မယ် ၊ မင်းကအရမ်းအသည်းယားအောင်လုပ်နေတော့ မင်းအပြစ်နဲ့မင်းခံတော့"

"ဗျာ ဗျာ ! အွန့် "

ကျောင်းခန်းထဲမှာနမ်းတော့ ပိစိလေးကတစ်ယောက်ယောက်မြင်သွားမှာစိုးရိမ်ပြီးသူ့ကိုအတင်းတွန်းထုတ်နေသည် ။ ပိစိလေးကိုသူမလွှတ်ပေးချင်ဘဲလွှတ်ပေးလိုက်ရသည် ။

"တစ်ယောက်ယောက်မြင်သွားရင်ဘယ်လိုလုပ်မလဲ ! ၊ အစ်ကိုလုပ်တာနဲ့ကျွန်တော်နှလုံးခုန်မြန်ပြီးသေတော့မှာပဲဗျာ"

"ကိုယ်နမ်းတာမကြိုက်ဘူးလား"

"အဲ့ အဲ့လိုမဟုတ်ဘူးလေ ၊ အခုကကျောင်းခန်းကြီးထဲမှာလေ စောနေသေးတယ်ဆိုပေမဲ့ တစ်ယောက်ယောက်စောရောက်လာပြီးမြင်သွားရင်ဘယ်လိုလုပ်မလဲ"

"ဟုတ်ပါပြီ ၊ ကိုယ်မနမ်းတော့ပါဘူး မကြောက်နဲ့တော့ ၊ ကိုယ်အကြွေးမှတ်ထားပြီး အိမ်ရောက်မှအတိုးနဲ့ပေါင်းယူလိုက်မယ်"

"အစ်ကိုကလူလည်ကြီး ၊ ကန်တင်းသွားမယ် ကျွန်တော်ဗိုက်အရမ်းဆာနေပြီ"

"ကဲ လာ သွားကြမယ်"

ကောင်လေးနှစ်ယောက်ကလက်တွဲပြီး ပျော်ပျော်ရွှင်ရွှင်ထွက်သွားပေမဲ့ ကောင်မလေးတစ်ယောက်ကတော့သူ့သူငယ်ချင်းကိုဖက်ပြီးအားပါးတရငိုနေလေတော့သည် ။

To be continued ..........

[သဘောကျကြရဲ့လားသဲငယ်တို့ရေ ။ ဖတ်ပြီးရင်ဘာလုပ်ရမလဲသိပါတယ်နော် ဟင်းဟင်း 😏 ]

----------------------------------------------------------------------------------

Zawgyi 👬

ေမေမ့ေျခေထာက္လည္းအေကာင္းပကတိအတိုင္းျပန္ျဖစ္လာခဲ့သည္ ။ သို႔ေပမဲ့ ေမ‌ေမကသူ႕ေကာင္ေလးနဲ႕ပတ္သက္ၿပီးဘာမွမတုံ႕ျပန္ေသးပါ ။ ႏွင္လည္းမထုတ္ ဘာမွလည္းမေျပာဘဲၿငိမ္ေနေတာ့ေမေမ့ရဲ႕စိတ္ကဘယ္လိုဆိုတာသူတို႔ႏွစ္ေယာက္စလုံးခန႔္မွန္းရခက္ေနပါေတာ့သည္ ။ တစ္ရက္ေတာ့ ေမေမနဲ႕သူစကားေျပာၾကည့္ရမည္ ။ ေမေမ့သေဘာထားကိုသူေမးၾကည့္ရမည္ ။

Knock Knock ......

အခန္းတံခါးေခါက္သံေၾကာင့္ သူ႕လက္ေမာင္းေပၚမွာအိပ္ေပ်ာ္ေနသည့္ပိစိေလးမနိုးသြားေအာင္ေခါင္းအုံးေပၚအသာေလးခ်ေပးခဲ့ၿပီးအခန္းတံခါးဖြင့္ၾကည့္လိုက္သည္ ။

"အစ္ကိုေလး မမႀကီးကအစ္ကိုေလးတို႔ႏွစ္ေယာက္ကိုေခၚခိုင္းလိုက္လို႔ပါ"

ဥယ်ာဥ္မႉးဘဘႀကီးကိုေမေမကေျပာလိုက္ျခင္း ။ အိပ္ေမာက်ေနသည့္သူ႕ရဲ႕ပိစိေလးကိုသူႏွိုးလိုက္သည္ ။ အိပ္ခ်င္မူးတူးေလးနဲ႕ေမေမေခၚတယ္ဆိုလို႔ခ်က္ခ်င္းငုတ္တုပ္ကေလးထထိုင္ၿပီး ေမေမတစ္ခုခုျဖစ္လို႔လားဆိုၿပီးအရင္ေမးပါေတာ့သည္ ။

"‌အန္တီတစ္ခုခုျဖစ္လို႔လားဟင္"

"မဟုတ္ပါဘူး ၊ အစ္ကိုတို႔ႏွစ္ေယာက္စလုံးကိုေခၚေနတယ္ ၊ ထ ေအာက္ဆင္းရေအာင္"

"ဟုတ္"

ေမေမေခၚတယ္ဆိုလို႔ႏွစ္ေယာက္စလုံးေအာက္ထပ္သို႔ဆင္းလာသည္ ။ ေမေမကဧည့္ခန္းထဲမွာထိုင္ေစာင့္ေနသည္ ။ ေမေမနဲ႕မ်က္ႏွာခ်င္းဆိုင္ခုံမွာႏွစ္ေယာက္အတူတူထိုင္လိုက္သည္ ။

"ေမေမေခၚတယ္ဆိုလို႔ ဘာမ်ားေျပာစရာရွိလို႔လဲ"

ေမေမကဘူးအနက္ေရာင္ေလးတစ္ဘူးသူတို႔ႏွစ္ေယာက္အေရွ႕ကိုခ်ေပးသည္ ။

"ဒါကဘာလဲေမေမ"

"သိခ်င္ရင္ဖြင့္ၾကည့္ေလ"

စည္သူ အနက္ေရာင္ဘူးေလးကိုယူၿပီးဖြင့္ၾကည့္လိုက္သည္ ။ အထဲမွာေ႐ႊေရာင္လက္စြပ္ကေလးႏွစ္ကြင္းရွိေနသည္ ။ ႏွစ္ေယာက္စလုံးေမေမ့ကိုနားမလည္သလိုေလးေတြၾကည့္ေနၾကသည္ ။

"ဒါက ဘိုးဘြားအစဥ္အဆက္လက္ဆင့္ကမ္းလာတဲ့ရတနာပစၥည္းပဲ ၊ သားသမီးလက္ထပ္တဲ့အခါလက္ဆင့္ကမ္းေပးရတယ္"

"ဗ်ာ ! ေမေမ ဒါဆို ကြၽန္ေတာ္တို႔ကို ခြင့္ျပဳတာလား"

ေမေမကဘာမွမေျပာဘဲထိုင္ေနသည္ ။ ခဏၾကာမွ .......

"ငါေပးရတာေခြၽးမမဟုတ္ေပမဲ့ေပါ့ေလ"

"ေမေမ တကယ္ေျပာတာေနာ္ ၊ ၿပီးမွစကားျပန္မျပင္ရဘူးေနာ္ ၊ ေမေမတကယ္သေဘာတူတာေနာ္"

သူ႕ပိစိေလးၿငိမ္ေနပါတယ္မွတ္တာ မ်က္ရည္ေတြဘူးသီးလုံးေလာက္ႀကီးက်ၿပီး အသံတိတ္မ်က္ရည္ေတြက်ေနေလသည္ ။

"ဘာလို႔ငိုရတာလဲ ၊ ေမေမကအစ္ကိုတို႔ကိုခြင့္ျပဳလိုက္ၿပီေလ"

"ေပ်ာ္လို႔ ဟင့္ အရမ္းေပ်ာ္လို႔ အီးဟီး ႐ုတ္တရက္မထင္မွတ္ထားတဲ့အေျခအေနမွာဆိုေတာ့ အရမ္းေပ်ာ္လို႔ အီးဟီး"

"ဒီအေတာအတြင္း အန္တီ့ကိုျပဳစုေပးခဲ့တာအတြက္ေက်းဇူးတင္ပါတယ္ ၊ အမွန္အတိုင္းေျပာရရင္ မင္းကငါ့သားထက္ေတာင္အန္တီ့အႀကိဳက္ေတြကိုပိုသိေနတာေတာ့အံ့ဩစရာပဲ ၊ ဒီအေတာအတြင္းမင္းကိုစိတ္ပ်က္စရာတစ္ခုေတာင္မရွိခဲ့ပါဘူး ၊ ေနာက္ထပ္သားတစ္ေယာက္ရတယ္လို႔ခံစားမိတယ္ ၊ တကယ္ေက်းဇူးတင္ပါတယ္ ၊ အန္တီ့ကိုဒီေလာက္ျပဳစုနိုင္ရင္ သားအတြက္လည္းမင္းကလက္တြဲေဖာ္ေကာင္းတစ္ေယာက္ျဖစ္မယ္လို႔ထင္တယ္"

"ကြၽန္ေတာ္အေကာင္းဆုံးႀကိဳးစားသြားမွာပါ အန္တီ့ကိုစိတ္မပ်က္ေစရပါဘူး"

"အန္တီယုံပါတယ္ ၊ မင္းဘက္ကမိဘေတြကေရာမင္းတို႔ႏွစ္ေယာက္အေၾကာင္းသိၾကလား"

"ဟုတ္ကဲ့ သိပါတယ္အန္တီ ၊ အစ္ကို႔ကိုတရားဝင္မိတ္ဆက္ေပးဖို႔ပဲရွိပါေတာ့တယ္"

"အင္း ဒါဆို အဆင္ေျပတဲ့ေန႕ႏွစ္ဖက္မိဘေတြ႕ခ်င္တယ္ ၊ မိဘေတြကနိုင္ငံျခားမွာဆိုဟုတ္လား"

"ေမေမႏွစ္ဖက္မိဘေတြ႕ဖို႔ကအရမ္းမေလာလြန္းဘူးလား ၊ သားေတာင္သူ႕မိဘေတြဆီကခြင့္ျပဳခ်က္မရေသးဘူးေလ"

"ဪ ေအး ဟုတ္သားပဲ ၊ ေမေမေလာသြားတယ္ ၊ ဒါေပမဲ့ ေမေမကေတာ့သားဘြဲ႕ယူၿပီးရင္လက္ထပ္ေပးခ်င္တယ္"

"ေမေမ သူဘြဲ႕မရေသးဘူးေလ ၊ ထူးေအာင္ကသားထက္ႏွစ္ႏွစ္ငယ္တယ္ေမေမရဲ႕ ၊ သူ႕မိဘဘက္လည္းျပန္ၾကည့္ရဦးမယ္ေလ"

"ေအးဟယ္ ငါလည္းစိတ္ေတြလႈပ္ရွားၿပီး‌ဘာေတြေျပာမိေနမွန္းမသိေတာ့ပါဘူး ၊ ကဲ သြားနားၾကေတာ့ ၊ ဆက္ေျပာေနရင္ ေမေမပိုၿပီးမွားေတာ့မယ္"

"ဟုတ္ကဲ့ေမေမ ၊ ေမေမလည္းနားလိုက္ေတာ့"

ေမေမအခန္းထဲဝင္သြားမွ ႏွစ္ေယာက္စလုံးအေပၚသို႔တက္ခဲ့ၾကသည္ ။ သူ႕ရဲ႕ပိစိေလးကေမေမေပးတဲ့လက္စြပ္ေလးေတြကိုၾကည့္ၿပီးသေဘာက်ေနသည္ ။

"အဲ့ေလာက္ေတာင္ေပ်ာ္လား"

"အင္း အရမ္းေပ်ာ္တယ္ ၊ အစ္ကိုကေရာမေပ်ာ္ဘူးလား"

"ေပ်ာ္တာေပါ့ ၊ အခုဆိုေမေမ့ခြင့္ျပဳခ်က္ရၿပီဆိုေတာ့ ကိုယ့္ကိုမင္းမိဘေတြနဲ႕ဘယ္ေတာ့မိတ္ဆက္ေပးမွာလဲ"

"အခုမိတ္ဆက္ေပးမယ္ေလ ၊ ေမေမတို႔ဆီကိုVideo Callေခၚလိုက္မယ္"

"တကယ္လား ၊ ကိုယ္ၾကည့္လို႔ေကာင္းရဲ႕လား ၾကည့္ပါဦး"

"အဆင္ေျပပါတယ္ ၊ ဒါဆိုေခၚလိုက္ေတာ့မယ္ေနာ္"

သူ႕ပိစိေလးရဲ႕ေဘးနားမွာထိုင္ၿပီး သူစိတ္ေတြလႈပ္ရွားေနသည္ ။ ဖုန္းကိုလာကိုင္သည္က ဒယ္ဒီျဖစ္ေနသည္ ။

"မိန္းမေရ သားဖုန္းဆက္တယ္ကြ"

"လာၿပီရွင္ လာၿပီ"

"မာမီ ဒယ္ဒီ ေနေကာင္းတယ္ေနာ္"

"ေကာင္းတာမွေဒါင္ေဒါင္ျမည္ပါပဲရွင္ ၊ သားေရာ ေနေကာင္းရဲ႕လား"

"ဟုတ္ ေကာင္းတယ္ ၊ မာမီနဲ႕ဒယ္ဒီ့ကိုေျပာစရာရွိတယ္"

"အင္း ေျပာေလ"

ဖုန္းထဲမွာေဘးနားကစည္သူ႕ကိုျမင္ေနရေပမဲ့ မာမီနဲ႕ဒယ္ဒီကဘယ္သူလဲဆိုတာတစ္ခြန္းေတာင္မေမးဘဲ သူေျပာတာကိုေစာင့္ေနၾကသည္ ။ သူလည္းေျပာဖို႔အတြက္စိတ္ေတြလႈပ္ရွားေနသည္ ။

"ဟို ဒါကေလ အစ္ကိုစည္သူတဲ့ ၊ သူက .... သူက ..... သူကသားရဲ႕ခ်စ္သူပါ"

ျဖစ္ခ်င္ရာျဖစ္ဆိုၿပီးထူးေအာင္ေျပာခ်ပစ္လိုက္သည္ ။ မာမီနဲ႕ဒယ္ဒီကစည္သူ႕ကိုေသခ်ာစိုက္ၾကည့္ေနၾကသည္ ။

"ေယာက်ာ္း ေကာင္ေလးကအျပင္မွာပိုေခ်ာသလားလို႔ေနာ္"

"ေအး ဟုတ္တယ္ ၊ ဓာတ္ပုံထဲကထက္အျပင္မွာပိုၾကည့္ေကာင္းတယ္"

"မာမီ ဒယ္ဒီ ဘာေတြေျပာေနၾကတာလဲ ၊ သားခ်စ္သူလို႔မိတ္ဆက္ေပးေနတယ္ေလ"

"သိပါတယ္ ၊ မာမီတို႔ေျပာၿပီးသားပဲ သားခ်စ္တဲ့သူကိုမာမီတို႔ကခ်စ္မွာပါလို႔ ၊ သားမိတ္ဆက္ေပးတဲ့အခ်ိန္ကိုမာမီတို႔ကေစာင့္ေနတာ ၊ အခုမွပဲတရားဝင္ေတြ႕ရေတာ့တယ္"

"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္အေဖနဲ႕အေမ ၊ ကြၽန္ေတာ္ကစည္သူပါ"

"စည္သူကခန႔္ေခ်ာပဲ ၊ ဒါေၾကာင့္ေမ်ာက္ေလာင္းကပစ္ေႂကြေနတာ"

"မာမီ ဘာကိုေမ်ာက္ေလာင္းလဲ !"

"မဟုတ္လို႔လား ၊ နင္ကေမ်ာက္ရႈံးတယ္ေလ"

"မာမီ ဒီမွာၾကည့္"

ေယာကၡမႀကီးေပးထားတဲ့အနက္ေရာင္ဘူးေလးကိုမာမီနဲ႕ဒယ္ဒီ့ကိုျပလိုက္သည္ ။

"ဒါကေလ သားကိုအစ္ကို႔ေမေမကေပးတာ ၊ အစ္ကို႔ေမေမကသားတို႔ကိုခြင့္ျပဳလိုက္ၿပီ"

"ဟယ္ ဟုတ္လား ၊ ဝမ္းသာလိုက္တာ ၊ စည္သူ ေမေမ့ကိုေျပာေပးပါဦး ေက်းဇူးတင္ပါတယ္လို႔"

"ဟုတ္ကဲ့ ၊ ဒါနဲ႕ ဟိုေလ အေမတို႔ကေရာကြၽန္ေတာ့္ကိုဘယ္လိုသေဘာရလဲမသိဘူးခင္ဗ်ာ့ ၊ ကြၽန္ေတာ္ထူးေအာင္တကယ္ခ်စ္တာပါ ၊ ျမတ္ျမတ္နိုးနိုးနဲ႕လက္ထပ္ယူမွာပါ ၊ ထူးေအာင္မ်က္ရည္က်ရတဲ့ကိစၥလည္းမရွိေစရပါဘူး ၊ ကြၽန္ေတာ္ကတိေပးပါတယ္ ၊ အဲ့ဒါေၾကာင့္ အေမတို႔ကြၽန္ေတာ့္ကိုလက္ခံေပးပါေနာ္"

"အိုးခိုင္ေမာ့ စကားအမ်ားႀကီးေျပာသြားတာပဲ ၊ ကဲ ေယာက်ာ္းေရ ဘယ္လိုသေဘာရလဲ"

"ငါကေတာ့ မသိဘူး ၊ မင္းသေဘာကေရာ ....."

"မာမီနဲ႕ဒယ္ဒီ မေနာက္ပါနဲ႕ေတာ့ဗ်ာ ၊ ဒီမွာအစ္ကိုကလန႔္ေသေတာ့မယ္"

"ဟားဟား ဟုတ္ပါၿပီကြာ ၊ ဒယ္ဒီတို႔ကမကန႔္ကြက္ပါဘူး ၊ ဒီဆုံးျဖတ္ခ်က္ကိုခက္ခက္ခဲခဲခ်ထားရတာေနာ္ ၊ ဒယ္ဒီတို႔ရဲ႕ဆုံးျဖတ္ခ်က္ကိုေနာင္တရေအာင္ေတာ့မလုပ္နဲ႕"

"ဟုတ္ကဲ့ပါ ၊ ေက်းဇူးတင္ပါတယ္ တကယ္ကိုေက်းဇူးတင္ပါတယ္ ၊ ထူးေအာင္နဲ႕အတူတူအေမတို႔ဆီကိုကြၽန္ေတာ္လာခဲ့ပါဦးမယ္ဗ်ာ့ ၊ ကြၽန္ေတာ့္ကိုလက္ခံေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္"

"ေစာင့္ေနပါ့မယ္ရွင္ ၊ ဒါဆို ႏွစ္ဖက္မိဘေတြ႕ဆုံဖို႔ျမန္ျမန္စီစဥ္လိုက္ၾကရင္ေကာင္းမလား"

"မာမီ တကယ္ေျပာတာလား"

"တကယ္ေပါ့ ၊ ငါတို႔ေတြလည္းအခ်င္းခ်င္းရင္းႏွီးမႈရယူထားရမယ္ေလ ၊ ေမေမကေရာဘာေျပာေသးလဲ"

"ေမေမကလည္းေတြ႕ဖို႔ေျပာပါတယ္ ၊ အေမတို႔အဆင္ေျပတဲ့ရက္‌ကိုေျပာေလ ၊ ကြၽန္ေတာ္ေမေမ့ကိုျပန္ေျပာေပးပါ့မယ္"

"ေအးေအး ဒါဆိုေနာက္မွျပန္ေျပာမယ္ေနာ္"

"ဟုတ္ကဲ့"

ဖုန္းခ်လိဳက္ၿပီးေတာ့မွ စည္သူအသက္ဝဝရႉနိုင္ေတာ့သည္ ။ သက္ျပင္းခ်ၿပီး သူ႕ပိစိေလးပုခုံးေပၚမွီေနလိုက္သည္ ။

"အစ္ကို အဆင္ေျပရဲ႕လား"

"ႏွလုံးခုန္ရပ္ၿပီးေသၿပီေတာင္ထင္တာ ၊ ဟူး ေသေတာ့မွာပဲ"

"ဒါဆို ကြၽန္ေတာ္တို႔ဒီႏွစ္အတြင္းလက္ထပ္ၾကမွာလား"

"မင္းကေရာဘယ္လိုသေဘာရလဲ ၊ ကိုယ္ကေက်ာင္းၿပီးရင္ဟုတ္ေပမဲ့ မင္းကေက်ာင္းၿပီးဖို႔လိုေသးတယ္ေလ ၊ အေဖနဲ႕အေမကမင္းကိုေစာေစာစီးစီးလက္ထပ္ေပးခ်င္ပါ့မလား ၊ ကိုယ္တို႔ေအးေအးေဆးေဆးအခ်ိန္ယူတာပဲေကာင္းမယ္ထင္တယ္"

"အင္း ေလာစရာမလိုပါဘူးဟုတ္တယ္မလား"

"ဒါေပါ့ ၊ ကဲ အိပ္ၾကရေအာင္ ၊ ေပး ကိုယ္ဖုန္းသြားထားေပးမယ္"

ခုံေပၚကိုဖုန္းတင္ဖို႔သြားေတာ့ ထူးေအာင္ရဲ႕လြယ္အိတ္ထဲကအေအးဗူးကိုသူေတြ႕သြားသည္ ။ လြယ္အိတ္ထဲကအေအးဗူးကိုသူထုတ္ၾကည့္လိုက္သည္ ။

Oppa ဒီေန႕လည္းညီမေပးတဲ့အေအးကိုေသာက္ၿပီး Fighting ❤️

"ဘာ ဘာ အို ....အိုပါး ! အသည္းပုံကပါေသးတယ္"

"အစ္ကို ဘာျဖစ္လို႔လဲ"

"ဒါဘယ္သူေပးတာလဲ ၊ မွန္မွန္ေျပာေနာ္ ၊ ဘယ္သူကမင္းကိုအိုပါးလို႔ေခၚတာလဲ !!!"

"ကြၽန္ေတာ္လည္းမသိဘူး ၊ ကြၽန္ေတာ္ထိုင္တဲ့ေနရာမွာတစ္ေန႕တစ္ဗူးလာခ်ထားတာေတြ႕တာပဲ"

"မင္းကဘာလို႔ယူလာရတာလဲ"

"ကြၽန္ေတာ္ယူတယ္ဆိုတာကကြၽန္ေတာ္တို႔ေက်ာင္းထဲကိုအလႉလာခံတဲ့ဘုန္းဘုန္းတစ္ပါးကိုျပန္လႉေနၾကေလ ၊ အဲ့တာဒီေန႕အဲ့ဘုန္းဘုန္းမႂကြလို႔ပါလာတာအစ္ကိုရဲ႕"

"အံ့ဩစရာႀကီးေနာ္ အိုပါးတဲ့ ဟက္ အံ့ဩဖို႔ေကာင္းလိုက္တာ"

စာ႐ြက္ကိုလႊတ္ပစ္ဖို႔ေမ့ခဲ့တဲ့မိမိကိုယ္ကိုပဲေဒါသထြက္မိပါေတာ့သည္ ။ စည္သူ စာ႐ြက္ကိုလုံးေခ်ပစ္ၿပီးအမွိုက္ပုံးထဲကိုထည့္လိုက္သည္ ။

"မနက္ျဖန္ကစၿပီး မင္းအခန္းထဲကိုငါကိုယ္တိုင္လိုက္ပို႔မယ္"

"ခဏ ခဏ ၊ အစ္ကိုအခုသဝန္တိုေနတာလား"

"ဘာေျပာတယ္"

"အစ္ကို႔ပုံစံကသဝန္တိုေနတဲ့ပုံစံႀကီးေလ"

"ဟုတ္တယ္ တိုေတာ့ဘာျဖစ္လဲ ၊ အရာရာအစစ ဘယ္သူ႕ကိုလာၿပီးအိုပါးလို႔ေခၚေနတာလဲ ဟက္"

"ကဲပါ ေဒါသကိုေလွ်ာ့ၿပီးအိပ္ရေအာင္ ေနာ္"

ပိစိေလးကသူ႕ရင္ခြင္ထဲကိုအတင္းတိုးဝင္ၿပီးေနသည္ ။ သူပိစိေလးရဲ႕ပါးႏွစ္ဖက္ကိုလက္နဲ႕ဖ်စ္ညွစ္လိုက္ၿပီး .......

"မင္းကိုစိတ္ရွိလက္ရွိဆြဲလုပ္မိေတာ့မယ္ ၊ ခဏ ခဏ အသည္းယားေအာင္လုပ္မေနနဲ႕"

"ဟုတ္ကဲ့ပါ ၊ ကြၽန္ေတာ့္ပါးနာေနၿပီ ၊ လႊတ္ေပးပါေတာ့"

သူပါးကိုဖ်စ္ညွစ္ထားတာေၾကာင့္ဆူထြက္ေနသည့္ႏႈတ္ခမ္းေလးကိုနမ္းလိုက္သည္ ။

"အိပ္ေတာ့ ၊ မနက္ျဖန္အဲ့တရားခံကိုဖမ္းရမယ္"

"အစ္ကိုလုပ္ခ်င္တာလုပ္ ကြၽန္ေတာ္ကေတာ့အိပ္ေတာ့မယ္"

ပိစိေလးကသူ႕ရင္ခြင္ထဲတိုးဝင္ၿပီးအိပ္ပါေတာ့သည္ ။ စည္သူသဝန္တိုေနတာကိုပိစိေလးကအရမ္းသေဘာက်ေနသည္ ။

"Oppa ! ဒီေန႕လည္းFighting"

"ဘယ္သူကအိုပါးလဲ !"

ေကာင္မေလးလန႔္သြားၿပီးလွည့္ၾကည့္လာသည္ ။ သူမအေနာက္မွာရပ္ေနသူကစည္သူျဖစ္ေနသည္ ။ ဒိတ္ဒိတ္ႀကဲKingတစ္ေယာက္ကိုဘယ္သူမသိဘဲေနပါလိမ့္မလဲ ။ စည္သူ႕အေနာက္ကေနထူးေအာင္ကေခါင္းေလးထြက္ၿပီးေခ်ာင္းၾကည့္ေနသည္ ။

"ငါေမးေနတယ္ေလ ၊ ဘယ္သူကအိုပါးလဲလို႔"

"ဒီကအစ္ကိုနဲ႕မဆိုင္ဘူးထင္တာပဲ"

"ဘာ ဘာေျပာတယ္ !"

"ဒီကအစ္ကိုကဘာမို႔လို႔အခုလိုလာေျပာေနရတာလဲ ၊ ညီမလည္းအစ္ကို႔ကိုမသိပါဘူး"

"ဟက္ ငါကလည္းမင္းကိုမသိပါဘူး ၊ သိလည္းမသိခ်င္ဘူး စိတ္လည္းမဝင္စားဘူး ၊ အခုကငါ့ေကာင္ေလးစားပြဲေပၚမွာမင္းလာလာပို႔ေနတဲ့ဟာေတြေၾကာင့္ငါလာတာ"

"ဒီမွာညီမေလး ဘာလို႔အခုလိုေတြလုပ္ေနရတာလဲ ၊ အစ္ကိုကြၽန္ေဝာာ္သူ႕ကိုမသိဘူးေနာ္"

ေကာင္မေလးခင္ဗ်ာေၾကာင္ေတာင္ေတာင္ေလးနဲ႕ရပ္ၾကည့္ေနသည္ ။ သူမသူငယ္ခ်င္းေျပာခဲ့သည့္စကားကိုသူမျပန္ၾကားေယာင္မိသည္ ။

"ငါ့စိတ္ထဲကေတာ့ညီအစ္ကိုလို႔မထင္ဘူးရယ္ ၊ မနက္လည္းအဲ့ကားေပၚကဆင္းလာတယ္ ၊ ညေနလည္းအဲ့ကားေပၚကိုတက္သြားတယ္ ၊ ဧကႏၲ နင့္oppaကgay"

"ဒီကညီမေလးကိုေသခ်ာေျပာျပမယ္ေနာ္ ၊ အစ္ကိုကညီမေလးထင္ေနသလိုSingleတစ္ေယာက္မဟုတ္ဘူး ၊ ၿပီးေတာ့အစ္ကိုကမိန္းကေလးေတြစိတ္မဝင္စားဘူး ၊ ၿပီးေတာ့ ဒီကလူႀကီးကအစ္ကိုနဲ႕လက္ထပ္ေတာ့မယ္လူပါ ၊ အဲ့ေတာ့ အရမ္းႀကီးမခံစားရခင္ညီမေလးလက္ေလွ်ာ့လိုက္ပါ"

ေကာင္မေလးကငိုၿပီးထြက္ေျပးသြားသည္ ။ ထူးေအာင္ကအားနာေနေပမဲ့ သူဆက္ၿပီးအားနာေနရင္ မျဖစ္သင့္တာေတြျဖစ္လာမွာေတာ့သူလက္မခံနိုင္ဘူး ။ အခ်ိန္မေႏွာင္းမီျပတ္သားလိုက္တာပိုေကာင္းပါတယ္ ။

"ကြၽန္ေတာ္ေျပာလိုက္တာလြန္သြားၿပီလားမသိဘူး"

"ဘာလြန္ရမွာလဲ ၊ အကုန္အမွန္အတိုင္းေျပာလိုက္တာပဲေလ ၊ ေနာက္ဆိုကိုယ့္ကိုဖုံးကြယ္ထားတာမ်ိဳးေတြမလုပ္နဲ႕ေနာ္ ၊ ကိုယ့္အေၾကာင္းသိတယ္ေနာ္"

"သိပါတယ္ ကိုအူတိုႀကီးရယ္ ၊ ဒီေန႕ကစၿပီး အစ္ကို႔ကို ကိုအူတိုႀကီးလို႔ပဲေခၚေတာ့မယ္"

"ေတာ္ေတာ္သေဘာက်ေနတယ္ဟုတ္လား"

"အင္း အရမ္းအရမ္းသေဘာက်တယ္"

သူ႕ပိစိေလးကိုခုံေပၚခ်ီတင္လိုက္ၿပီး ပိစိေလးေဘးတစ္ဖက္စီမွာလက္ႏွစ္ဖက္ေထာက္လိုက္ၿပီး ကိုယ္ကိုအနည္းငယ္ကိုင္းလိုက္သည္ ။

"အစ္ကို စာေရးတဲ့ခုံေပၚထိုင္တာငရဲႀကီးကုန္မယ္ ၊ ကြၽန္ေတာ္တို႔စာေမးပြဲနီးၿပီေလ"

"ဒါဆိုလည္းမင္းသြားတဲ့ငရဲကိုကိုယ္လိုက္ခဲ့မယ္ ၊ မင္းကအရမ္းအသည္းယားေအာင္လုပ္ေနေတာ့ မင္းအျပစ္နဲ႕မင္းခံေတာ့"

"ဗ်ာ ဗ်ာ ! အြန႔္ "

ေက်ာင္းခန္းထဲမွာနမ္းေတာ့ ပိစိေလးကတစ္ေယာက္ေယာက္ျမင္သြားမွာစိုးရိမ္ၿပီးသူ႕ကိုအတင္းတြန္းထုတ္ေနသည္ ။ ပိစိေလးကိုသူမလႊတ္ေပးခ်င္ဘဲလႊတ္ေပးလိုက္ရသည္ ။

"တစ္ေယာက္ေယာက္ျမင္သြားရင္ဘယ္လိုလုပ္မလဲ ! ၊ အစ္ကိုလုပ္တာနဲ႕ကြၽန္ေတာ္ႏွလုံးခုန္ျမန္ၿပီးေသေတာ့မွာပဲဗ်ာ"

"ကိုယ္နမ္းတာမႀကိဳက္ဘူးလား"

"အဲ့ အဲ့လိုမဟုတ္ဘူးေလ ၊ အခုကေက်ာင္းခန္းႀကီးထဲမွာေလ ေစာေနေသးတယ္ဆိုေပမဲ့ တစ္ေယာက္ေယာက္ေစာေရာက္လာၿပီးျမင္သြားရင္ဘယ္လိုလုပ္မလဲ"

"ဟုတ္ပါၿပီ ၊ ကိုယ္မနမ္းေတာ့ပါဘူး မေၾကာက္နဲ႕ေတာ့ ၊ ကိုယ္အေႂကြးမွတ္ထားၿပီး အိမ္ေရာက္မွအတိုးနဲ႕ေပါင္းယူလိုက္မယ္"

"အစ္ကိုကလူလည္ႀကီး ၊ ကန္တင္းသြားမယ္ ကြၽန္ေတာ္ဗိုက္အရမ္းဆာေနၿပီ"

"ကဲ လာ သြားၾကမယ္"

ေကာင္ေလးႏွစ္ေယာက္ကလက္တြဲၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ထြက္သြားေပမဲ့ ေကာင္မေလးတစ္ေယာက္ကေတာ့သူ႕သူငယ္ခ်င္းကိုဖက္ၿပီးအားပါးတရငိုေနေလေတာ့သည္ ။

To be continued ..........

[သေဘာက်ၾကရဲ႕လားသဲငယ္တို႔ေရ ။ ဖတ္ၿပီးရင္ဘာလုပ္ရမလဲသိပါတယ္ေနာ္ ဟင္းဟင္း 😏 ]

----------------------------------------------------------------------------------

Continue Reading

You'll Also Like

156K 6.6K 34
#Romance #Drama ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြစ်သည်။ (Unicode) #Romance #Drama ဇာတျလမျးပါအကွောငျးအရာမြားသညျ စာရေးသူ၏ စိတျ...
289K 24.1K 74
အခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode
625K 48.5K 30
စက္ကပိုင် ဆိုးချင်သလောက်ဆိုး ကိုယ်နားလည်ပေးမယ် ကိုယ်အချစ်အပေါ်တော့ မဆိုးစမ်းနဲ့ အချစ် တေဇဦး အရက်သောက်ရင် လူလို့သောက်ပါ ကျွန်တော်လို့ မူးရူးပြီးယောင်...
214K 20.4K 35
My second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .