အပိုင်း - ၃👬

5.2K 419 24
                                    

Unicode👬

တစ်ဖက်သတ်ကြိုက်တယ်ဆိုတာမလွယ်ဘူးဗျ ။ ကိုယ့်ဘက်ကချစ်​နေရတာဆို​တော့ နာကျင်​နေရတာကများတယ် ။ ​ပျော်ရတာထက် နာကျင်မှု​တွေကပြည့်နှက်​နေတယ် ။ ကျွန်​တော်ချစ်ရတဲ့သူက မိန်းက​လေး​တွေရဲ့အသည်းစွဲဆို​တော့ပိုဆိုးတယ် ။ သူကိုယ်တိုင်ကလည်းရှုပ်တယ် ။ ရုပ်ရည် ၊ ပိုက်ဆံ ၊ ချမ်းသာကြွယ်ဝမှု​​တွေနဲ့ပြည့်စုံ​နေတဲ့လူတစ်​ယောက်ဆို​တော့ပိုလို့​တောင်ဆိုး​သေးတယ် ။ ပြီး​တော့ ကျွန်​တော်က​ယောကျ်ား​လေးတစ်​ယောက်ဖြစ်​နေတယ် ။ မိန်းမလှ​လေး​တွေလို​တော့ဘယ်လိုလုပ်ချစ်ဖို့​ကောင်း​နေ ၊ ​ချော​နေနိုင်မှာလဲ ။ မိန်းက​လေး​တွေအများကြီးတွဲ​နေတဲ့လူတစ်​ယောက်ကို ကိုယ့်ဘက်ပါ​အောင်ဆွဲနိုင်ဖို့ဆိုတာအရမ်းကိုခက်ခဲလှတယ် ။ ​နောက်တစ်ပတ်ထဲမှာကျွန်​တော့်​မွေး​နေ့ရှိတယ် ။ အစ်ကို့ကိုအိမ်မှာထမင်းဖိတ်​ကျွေးချင်တယ် ။ အစ်ကိုကလက်ခံပါ့မလား ။ အစ်ကို့ဖုန်းနံပါတ်ကိုထိုင်ကြည့်​နေတာနာရီ​ပေါင်းများစွာကြာ​နေပြီ ။ အစ်ကို့ကိုဖိတ်​ကျွေးတယ်​ပြောရ​အောင်လည်းကျွန်​တော်ဘာမှမလုပ်တတ်ဘူး ။
ကျွန်​တော်​ ​ကောင်းကင်ကိုဆရာတင်ရ​တော့မယ်ထင်ပါတယ် ။ ဒီ​နေ့ကတည်းကစသင်မှရမယ်ဖြစ်မယ် ။ အစ်ကို့ကို​နောက်မှဖိတ်ပြီး
အခု​လော​လောဆယ် ​​ကောင်းကင်ကိုအပူကပ်ရမယ် ။

"​ကောင်းကင်!"

ခုံ​ပေါ်​မှောက်ပြီးအိပ်​ပျော်​နေတဲ့​ကောင်းကင်ကိုတမင်​နှောက်ယှက်တာ​တော့မဟုတ်ပါဘူး ။ တကယ်အကူအညီလိုအပ်​နေလို့ပါ ။ ​ကောင်းကင်နားလည်​ပေးနိုင်မာပါ ။

"​ကောင်းကင်!"

အရမ်းအိပ်​မောကျ​နေလို့​နောက်တစ်ခါထပ်​ခေါ်ရတယ် ။ နှစ်​ခေါက်​လောက်​ခေါ်​တော့ သူ့​ဘေးနားကသူရိန်ကစိုက်ကြည့်လာပြီ ။ ကြက်သီး​တော့ထမိ​ပေမဲ့ ကိုယ့်အတွက်အ​ရေးကြီး​နေ​တော့ အကြည့်ခံပြီးဆက်နှိုးရမှာပဲ ။

"​ကောင်းကင်! ထပါဦးကွာ ၊ ငါမင်းကိုအကူအညီ​တောင်းစရာ​လေးရှိလို့ပါ"

လူကိုလှုပ်နှိုးလိုက်မှပဲသူနိုး​တော့တယ် ။ အိပ်ချင်မူးတူးနဲ့ထလာတဲ့ရုပ်က သူရိန်မ​ပြောနဲ့ ကျွန်​တော်​တောင်ငုံထားပစ်လိုက်ချင်မိတယ် ။ တကယ်​တမ်း​တော့ ​ကောင်းကင်ကချစ်ဖို့​ကောင်းပါတယ် ။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now