အပိုင်း - ၁၁👬

4.6K 459 34
                                    

Unicode👬

ထူး​အောင်နဲ့စည်သူဒီ​နေ့ဒိတ်လုပ်ဖို့အတွက်ချိန်းထားကြသည် ။ ထူး​အောင်​လေးက အပီအပြင်​တွေပြင်ဆင်​နေတာ​ပေါ့ ။ အင်္ကျီ​တွေလည်းတစ်ထည်ပြီးတစ်ထည်​ရွေးလို့ကိုမပြီး​တော့ဘူး ။ အင်္ကျီ​တောင်​ရွေးလို့မပြီး​သေးဘူး အစ်ကို့ဆီကဖုန်းဝင်လာသည် ။

"​ဟျောင့် မင်းမပြီး​သေးဘူးလား"

"ဟာ ဘယ်လိုဖြစ်​နေတာလဲ ၊ ခဏ​စောင့်ပါဆို​နေမှပဲ ၊ အင်္ကျီလဲ​နေတယ်လို့"

"ငါ​စောင့်​နေရတာနာရီဝက်ရှိ​နေပြီကွ"

စည်သူစိတ်မရှည်​တော့တဲ့အဆုံး ထူး​အောင်အခန်းထဲအထိဝင်လာလိုက်​တော့သည် ။ အနားက​တွေ့တဲ့အင်္ကျီတစ်ထည်​ကောက်စွပ်​ပေးလိုက်ပြီး ​ပွ​နေတဲ့ဆံပင်​တွေကိုဖြီး​ပေးလိုက်သည် ။ ပြီးတာနဲ့ ပုခုံး​ပေါ်မှာထမ်းပြီး​ခေါ်လာလိုက်​တော့သည် ။

"အား အစ်ကိုဘာလုပ်တာလဲ ၊ ချ​ပေး ချ​ပေး ​အောက်ချ​ပေး ၊ ကျွန်​တော်လမ်း​လျှောက်နိုင်တယ်"

ဘာမှမ​ပြောဘဲ ကား​ပေါ်တင်ပြီးခါးပတ်ပတ်​ပေးလိုက်သည် ။ ကားတံခါးကိုပိတ်လိုက်ပြီး သူလည်းကားထဲဝင်ထိုင်လိုက်သည် ။

"ချစ်စရာ​ကောင်းတာမို့ ..... ဘယ်လို​နေ​နေချစ်စရာ​ကောင်း​နေတာမို့ ​ထွေ​ထွေထူးထူးပြင်မ​နေပါနဲ့ ၊ မင်းကိုတခြားသူ​တွေကြည့်မှာမကြိုက်
ဘူး"

ထူး​အောင် သ​ဘောကျလွန်းလို့ ပြုံးဖြီးသွားသည် ။

"အ​စောကတည်းကအဲ့လို​ပြော​လေ ၊ ဒီမှာပြင်ဆင်ရတာဘယ်​လောက်​မောရလဲ ဟီးဟီး"

"လူဆိုး​လေး သွားကြမယ် ၊ အချိန်​တွေလင့်ကုန်ပြီ"

"Yes !! Yes !! Let's Go !"

ထူး​အောင်တို့ရာဇဝင်မှာ မုန့်မစားရ​သေးရင်ဘာမှလုပ်ချင်စိတ်မရှိလို့အရင်ဦးဆုံးဗိုက်ဖြည့်ရသည် ။ ဆိုင်​လေးတစ်ဆိုင်မှာဝင်ထိုင်လိုက်ပြီးကင်မ်ချီထမင်း​ကြော်တစ်ပွဲနဲ့Black Coffee​လေးတစ်ခွက်​သောက်လိုက်မှ​နေသာထိုင်သာရှိသွားသည် ။

"သား !"

သိပ်ကိုခံ့ညားလှသည့်အမျိုးသမီးတစ်ဦး သူတို့နှစ်ဦးအနားသို့​ရောက်လာသည် ။ ဆံနွယ်​တွေကိုအလှဆံထုံးထုံးထားပြီး မျက်လုံး​တွေက​တောက်ပလွန်းသည် ။ ထက်မြက်ရဲရင့်သည့်အမျိုးသမီးဆိုတာကြည့်ရုံနဲ့သိနိုင်သည် ။

သူနဲ့ကျွန်​တော်(Season - 2)Where stories live. Discover now