ဝမ်သူ​​ကြီးသားနှင့်မြို့သားကိ...

By MIMOSA-85

208K 14.3K 835

အဟမ်း....ဟမ်း.....ဝမ်ရိပေါ်ကငါ့အပိုင် ဝမ်သူကြီးသားကိုရဖို့ ဝမ်သူကြီးကိုမဲပေးစို့ Sep 6to Oct 30 More

1(Unicode)
1(Zawgi)
2(Unicode)
2(Zawgi)
3(Unicode)
3(Zawgi )
Must Read
4(Zawgi)
5(Unicode)
5(Zawgi)
6(Unicode)
6(Zawgi)
7(Unicode)
7(Zawgi)
8(Unicode)
8(Zawgi)
9(Unicode)
9(Zawgi)
10(Unicode)
10(Zawgi)
11(Unicode)
11(Zawgi)
12(Unicode)
12(Zawgi)
13(Unicode)
13(Zawgi)
Hey;My love
14(Unicode)
14(Zawgi)
15(Unicode )
15(Zawgi)
16(Unicode)
16(Zawgi)
17(Unicode)
17(Zawgi)
Final(Unicode)
Final(Zawgi)
Bye
Extra(Unicode)
Extra(Zawgi)
My love
Extra (Unicode&Zawgi)
Hello
Hello
Hello

4(Unicode)

5.7K 536 23
By MIMOSA-85

ရိပေါ် နေရတာအဆင်မပြေတော့ဘူး။နောက်ကနေစူးစူးရဲရဲကြည့်နေသည့် အကြည့်တစ်စုံကြောင့်။လုပ်နေကျ အလုပ်တွေတောင်စမ်းတဝါးဝါး။ ရှောင်ကျန့်က စတွေ့ကတည်းက သူ့ကိုကောင်းကျိုးမပေးဘူး။မနက်ခင်းကသနားမိတာတောင် ရိပေါ်ကပျောက်ချင်နေပြီ။

"ကဲ.. ငါ့ဆေးခန်းလည်း ပိတ်တော့မယ်
မင်းလည်းပြန်တော့"

ဆေးတွေကို နေရာတကျ ပြန်စီရင်းသူ့ကိုနှင်လာသည့် ချစ်သည်းလေးကြောင့် ရှောင်ကျန့်က စိတ်ထဲမကောင်း။တစ်ကယ်ဆိုသူကဆရာဝန်လေးအဖော်မရှိမှာမို့ ထိုင်စောင့်ပေးတာကို အရှုပ်ထုပ်လို မြင်နေတယ်။

"ကိုကို.....ကိုကိုမကောင်းဘူး"

သူ့ဘေးနားလာကာ မျက်ရည်တဝဲဝဲနှင့်ရန်စကားဆိုလာသော မြို့ကြီးသားကြောင့်ရိပေါ် မျက်လုံးပြူးသွားရသည်။မြို့ကြီးသားရဲ့အသံစူးစူးကြောင့် ဆေးခန်းအပြင်ဘက်ရှိ အဘွားက လှည့်ကြည့်လာသောကြောင့် ခေါင်းသာခါပြလိုက်ရသည်။မသိရင်ကိုယ်ကပဲတစ်ခုခုလုပ်လိုက်သလိုပုံနှင့်...မြို့ကြီးသားနဲ့တော့ခက်ပါတယ်။

"ကိုကိုလို့"

"ဘာ.....ဘာလဲ"

သူ့မျက်နှာနားကပ်က ခပ်ချွဲချွဲခေါ်လိုက်သောမြို့ကြီးသားကြောင့် ရိပေါ်မှာ အယောင်ယောင်အမှားမှား။ မျက်ဝန်းအိမ်ကြည်ကြည်လေးရယ်မျက်ရစ်လှလှလေးရယ်က မြို့ကြီးသားရဲ့သွင်ပြင်ကို ချောမောအောင်ကူညီပေးနေသည်။နှုတ်ခမ်းအောက်ကမှည့်နက်လေးက မြို့ကြီးသားရဲ့စကားတတ်မှုကို ဖော်ပြနေသယောင်။ ရိပေါ်ရဲ့စိတ်အစဥ်က မှည့်နက်လေးကို ထိတွေ့ဖို့ အမိန့်ပေးနေလို့၊
မကိုင်မိအောင် အသိစိတ်ကို ချွန်းအုပ်ထားရသည်။

"ကိုကို ကျွန်တော် ချောတာ ကျွန်တော်သိပါတယ် အဟမ်း"

"သွား....သွား... မင်းပြန်တော့....ငါက....ငါက
ဒီတိုင်းကြည့်တာ"

တစ်ကိုယ်လုံးရှက်ရဲစွာ သူ့ကိုအတင်းနှင်လွှတ်နေသည့် ကိုကိုကငေးကြည့်တာလူမိလို့ ရှက်သွားတာမှန်း သိပ်သိသာသည်။သူ့ကို ဆေးခန်းအပြင်ဘက်တွန်းထိုးနေသည့် ကိုကို့ရဲ့ လက်တွေကို ချုပ်ကိုင်ပစ်လိုက်တော့ တုန်တက်သွားတာများအူယားစရာ။ ကိုကိုက Innocentလေး။ ရှောင်ကျန့်ကတော့ ကိုကိုနဲ့ဆိုလျှင် စိတ်တွေက Dark နယ်​မြေ။

"ဘာ...ဘာလုပ်တာလဲ "

လက်လေးကိုင်တာကို ရုန်းကန်နေလိုက်တာများ၊ ကိုကိုကသူ့ကိုမုဒိန်းသမားမှတ်နေလားမသိ။ရုန်းကန်နေသည့်ကိုကိုက ရှောင်ကျန့်ရဲ့စိတ်တွေကိုအလင်းမရှိနယ်မြေကို တွန်းပို့နေပေမယ့် ရှောင်ကျန့်က ထိန်းထားပါသေးသည်။

"ကိုကို.....ငြိမ်ငြိမ်နေနော်....မနေရင်ဖက်နမ်းပစ်မှာ"

"ဘယ်သူက....ဘယ်သူမင်းကိုကိုလဲ
ငါ့နာမည်ဝမ်ရိပေါ် "

"ကိုကို့မျိုးရိုးက ရှောင်ပါကိုကိုရဲ့ရှောင်ရိပေါ်
ကိုကို့နာမည်က ရှောင်ရိပေါ်"

"မင်း..... မင်း"

ဒေါသတကြီး သူ့လက်တွေထဲ က ရုန်းကန်ချင်နေသည့် ကိုကိုကသူ့ရဲ့အကြည့်တွေကြောင့် ငြိမ်သွားရသည်။ကိုကိုကသူ့ကိုမကြောက်ပေမယ့် အနမ်းခံရမှာတော့ ကြောက်ပုံပေါ်သည်။ နောက်ဆို မကြောက်အောင်လုပ်ပေးဖို့က ရှောင်ကျန့်တာဝန်။

ကိုကိုကချစ်စရာကြောင်ပေါက်ကလေး။

"ကိုကိုလို့ခေါ်တာ မကြိုက်ဘူးလား
မနက်က စျေးခြင်းအလေးကြီးကိုသယ်လာရတာ လက်တွေနာနေရောပေါ့"

သူ့လက်တွေကို တယုတယကိုင်ကာ ကြည့်နေသော မြို့ကြီးသားက တစ်ကယ်ကို စိတ်ပူနေတဲ့ပုံ။မြို့ကြီးသားစပ်စလူးလေးပေမယ့် ချစ်စရာတော့ကောင်းသား။အခေါ်အဝေါ် ရဲတင်းတာနဲ့ ကြောက်စရာ အကြည့်တွေက တော့ မုန်းချင်စရာ။

"အင်း....ကိုကိုလို့ခေါ်တာမကြိုက်ဘူး"

"ကျွန်တော်က ကြိုက်တယ် ကိုကိုခေါ်ရတာကြည့်ပါအုံးကိုကို့လက်တွေက နီရဲနေတာပဲ
ကိုကို့အတွက်ကျွန်တော် ကိုယ်တိုင် ဖန်တီးထားတဲ့ဆေးရှိတယ်"

"မွ.... မွ"

မြို့ကြီးသားကိုယ်တိုင် ဖန်တီးထားသည့်ဆေးဟူ၍ ဘာများလဲဟု စိတ်ဝင်စားနေသည့် ရိပေါ်က လက်ဖဝါးပေါ် ကျလာသည့် နှုတ်ခမ်းတစ်စုံကြောင့် ဒေါသထွက်သည့်ဘက်ရောက်သွားရသည်။ဒါ....ဒါ.... မြို့ကြီးသားကသက်သက်သူ့ကို အလွယ်သဘောထားတာ။

"ဘာလုပ်တာလဲ ရှောင်ကျန့်"

"ဒုန်း"

လက်ကိုဆတ်ခနဲဆွဲယူပြီး တွန်းလိုက်သောကိုကို့ကြောင့် သူက လဲကျသွားရသည်။တွန်းလိုက်သောအရှိန်ကြောင့် ခုံစွန်းနှင့် ခိုက်မိကာနဖူးမှသွေးများက ကျလာရသည်။ရှောင်ကျန့်အတွက် နဖူးကနာသည်ထက် ရင်ဘတ်ထဲက ပိုနာသည်။ မျက်ခမ်းစပ်တွေပါ နီရဲကာ မေးကြောတွေပါထောင်တက်နေသည်အထိ ဒေါသထွက်နေသောကိုကိုက သူ့ကို ဒီလောက်ခါးသီးမယ်လို့ မထင်ခဲ့ရိုးအမှန်။

"ကိုကိုက....ကျွန်တော့်ကို အရမ်းမုန်းနေတာလား... ဟင့်.....ကိုကို့ကို....ဟင့်... ကျွန်တော်ကအရမ်းချစ်တာ....ဟင့်.....ကိုကိုကျွန်တော့်အပေါ် ဒီလောက်ထိခါးသီးမယ်လို့ မထင်ထားဘူး... ဟင့်...."

"ရှောင်ကျန့်.....ငါ....ငါ"

နဖူးမှသွေးတွေတစက်စက်ကျကာ ငိုနေသောမြို့ကြီးသားကြောင့် ရိပေါ် အမှန်တစ်ကယ်ပင်လန့်သွားရသည်။တစ်ကယ်ဆို ဒီလောက်ထိဖြစ်ဖို့ ရိပေါ် မရည်ရွယ်ခဲ့ဘူး။

"ဆေး....ဆေးထည့်ရအောင်."

"ဟင့်အင်း....မထည့်ဘူး... ဟင့်....ကိုကိုက ကျွန်တော့်ကိုမုန်းနေတာ....ဟင့်....ကျွန်တော်မရှိမှ....ကိုကိုက....ဟင့်.... ပျော်မှာမလား.....
ဟင့်.....တောင်းပန်ပါတယ်.... ဟင့်....ကိုကို့ကိုအနှောက်အယှက်ဖြစ်စေမိပြီ"

ဆေးထည့်ပေးရန် ပြင်နေသည့် သူ့လက်တွေထဲမှ ရုန်းထွက်ပြီး ထွက်သွားသည့်မြို့ကြီးသားကြောင့် ဝမ်းနည်းမှုတွေကလှိုက်တက်လာရသည်။အနမ်းဆိုတာဘာမှန်းတောင်မသိသေးသည့်သူက ရုတ်တရက်ဆန်ဆန် အနမ်းခံရလိုက်ရတော့ရင်ခုန်တာရောရှက်တာရောပေါင်းကာဒေါသအဖြစ်ရောက်သွားရသည်။

ဆေးခန်းသိမ်းပြီး အိမ်ပြန်ရောက်တဲ့အထိနဖူးက သွေးတွေတစက်စက်ကျပြီး ငိုနေတဲ့ မြို့ကြီးသားပုံရိပ်သာ တဝဲလည်လည်။

အချစ်က တစ်ခါတစ်ရံမှာ
ကိုယ်မသိလိုက်ပါဘဲဝင်ရောက်လာတာမျိုး

By....Mimosa

တိုသွားတယ်....သွေ့ပုချိ

Continue Reading

You'll Also Like

40.5K 3.8K 46
Drarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမ...
1.5K 153 5
" Do You Think I Have Forgotten About You? "
105K 6.8K 17
"အကိုထားခဲ့တာနဲ့ ကျွန်တော်ပျောက်ဆုံးသွားမှာပဲ" Xiao Zhan x Wang Yibo Heavy Zhanyi Fanfiction ... If you're very very sensitive to idols, please don't...
48.9K 2.6K 21
ကလေး မင်း စိတ်ချမ်းသာမယ်ဆို ကိုယ်ဘာဖြစ်ဖြစ် အရေးမကြီးဘူး။ xiao zhan ခင်ဗျားဟာ မင်းသားဗျက်နှာဖုံး ဖုံးထားတဲ့ အယောင်အဆောင်လူပဲ။ Wang yibo ကျွန်တော့် အရ...