ဒီလိုအခြေအနေမျိုးက တစ်ချိို့နေ့တွေတိုင်း ပို့ဆောင်ရေးနယ်မြေမှာ ဖြစ်ပေါ်နိုင်တယ် ... ဒါကြောင့် အံ့သြစရာဘာမှ မရှိဘူး ... ဒီတိုက်ခိုက်မှုရန်ပွဲကို ဘယ်သူမှ မနှစ်မျို့တာမျိုးမဖြစ်ဘူး ... လူတွေက စိတ်လှုပ်ရှားနေကြတယ် ... တစ်ချို့တွေက တရုုံးရုံးနဲ့တောင် လှောင်ပြောင်နေကြတယ် ...
လင်းရှောင်က အဲ့မြင်ကွင်းကို ကြည့်ပြီး လျစ်လျူရှုကာ ယူရှောင်မော့ကို စာရင်းသွင်းမယ့်နေရာကို ခေါ်သွားတယ် ... အဘိုးအိုက သူတို့ကို စောစောက ရှင်းပြတာက တော်တော်လေး အသေးစိတ်ကျပါတယ် ... စာရင်းသွင်းတဲ့နေရာက စုစုပေါင်း ဆယ်နေရာရှိတယ် တစ်ခုစီက ပို့ဆောင်ရေးစက်ဝိုင်းတစ်ခုကို ကိုယ်စားပြုတယ် ... သူတို့ရှာချင်တာကတော့ နောက်ဆုံးစာရင်းသွင်းနေရာပဲ .....
တစ်ခြားကိုးနေရာနဲ့ယှဉ်ရင် ဆယ်ခုမြောက်က သံသယရှိစရာမလိုအောင်ပဲ လူမရှိဆုံးပဲ .....
ပတ်ဝန်းကျင်မှာ ဘယ်သူ့မှတောင်မရှိဘူး ဆေးဆရာတစ်ချို့ပဲ တိတ်တိတ််ဆိတ်ဆိတ်စကားပြောနေကြတယ် .....
ဝန်ထမ်းက လူငယ်ကို ပျင်းရိပျင်းတွဲကြည့်နေတုန်း သူရှေ့မှာ ရုတ်တရက်အရိပ်မိုးသွားတာကို မြင်လိုက်တယ် ... သူကြည့်လိုက်တော့ ယူရှောင်မော့နဲ့ လင်းရှောင်ကို တွေ့လိုက်တယ် ... သူ ခနတော့ ဆွံ့အသွားတယ် ... ပြီးတော့ ချက်ချင်းပဲ ပျော်သွားတယ် ... "ကြိုဆိုပါတယ် မင်းတို့ပို့ဆောင်ရေးစက်ဝိုင်းအတွက် စာရင်းသွင်းချင်လို့လား"
လင်းရှောင်က ခေါင်းညိမ့်လိုက်တယ် "ဟုတ်တယ် ပို့ဆောင်ရေးစက်ဝိုင်းက ဘယ်တော့ ဖွင့်မှာလဲ ပြီးတော့ နှစ်ယောက်စာအတွက် ဘယ်လောက်ကျမလဲ"
လူကြီးက တော်တော်ကို ပျော်သွားတယ် ... လင်းရှောင်ရဲ့အမေးကို ဂရုမစိုက်ဘဲ မတ်တပ်ရပ်ပြီး လူအုပ်ဘက်ကို လက်ဝှေ့ရမ်းပြလိုက်တယ် ... "ရန်သွေ့ ဒီမှာ စာရင်းသွင်းဖို့ နောက်ထပ်နှစ်ယောက်ရောက်လာပြီ"
ရန်သွေ့က လူငယ်နဲ့ ခွန်အားကြီးလူကို အော်လိုက်တဲ့ သက်လတ်ပိုင်းလူကြီး ...သူပြောတာကို သူတို့ကြားလိုက်တော့ အဖွဲ့တွေအကုန် သတိလွတ်သွားတယ် ပြီးတော့ ချက်ချင်းပဲ လျှောက်လာကြတယ် ...
"မင်းတို့နှစ်ယောက်က မြောက်ပိုင်းကို သွားချင်လို့လား" ရန်သွေ့က လျှောက်လာပြီး သူတို့နှစ်ယောက်ကို အထက်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်တယ်
"ဘာပြသနာရှိလို့လဲ" လင်းရှောင်က သူတို့ကို စိုက်ကြည့်ပြီးပြောလိုက်တယ်
ရန်သွေ့က ခေါင်းခါလိုက်ချင်ပေမယ့် သူတစ်ခုကို သတိရသွားတယ် "ပြသနာသေးသေးလေးပါပဲ မြောက်ပိုင်းကိုသွားတဲ့ ပို့ဆောင်ရေးစက်ဝိုင်းက စုစုပေါင်း လူဆယ့်ရှစ်ယောက်လိုတယ် ... မင်းတို့နှစ်ယောက်ကိုပေါင်းထည့်မယ်ဆိုရင်တောင် တစ်ယောက်လိုနေသေးတယ် နောက်ထပ်စာရင်းသွင်းမယ့်သူလည်း မရှိလောက်တော့ဘူး ကုန်ကျစရိတ်ကို ခွဲပြီးမကျခံရင်လည်း ပို့ဆောင်ရေးစက်ဝိုင်းက ဖွင့်လို့မရဘူး"
လင်းရှောင် ခေါင်းညိမ့်လိုက်တယ် "ကောင်းပြီ"
လွယ်လွယ်ကူကူပဲလက်ခံလိုက်တာကိုတွေ့တော့ ရန်သွေ့ရဲ့မျက်နှာက နည်းနည်းပိုကောင်းလာတယ် ... သူရိုးရိုးရှင်းရှင်းလူတွေနဲ့ပတ်သက်ရတာကို သဘောကျတယ် ... ပြီးတော့ သူတစ်ခြားဖက်ကိုလှည့်ပြီးပြောလိုက်တယ် ငြင်းခွင့်မပြုဘူးဆိုတဲ့ အနေအထားနဲ့ပေါ့ "လူအရေအတွက်ကြောင့် မင်းတို့တစ်ယောက်စီကို ရွှေစ ငါးထောင့်ရှစ်ရာရှစ်ဆယ့်နှစ်စ ပိုပေးရမယ် ငြင်းခွင့်မရှိဘူး"
သူပြောတဲ့အချိန်မှာ သူ့မျက်လုံးတွေက လူငယ်ရဲ့အဖွဲ့ကိုပဲ တည့်တည့်ကြည့်ပြီးပြောတယ် အရိပ်အမြွက်သတိပေးတဲ့အနေနဲ့ပေါ့ ...
ရန်သွေ့ပြောတာကို သူတို့ဆက်ဆန့်ကျင်နေရင် မိုက်မဲလွန်းရာကျလိမ့်မယ်...
အဘိုးအိုကပြောလိုက်တယ် "ငါတို့ လက်ခံတယ်"
မုတ်ဆိတ်နဲ့ ခွန်အားကြီးလူက သူတို့ကို ကျေကျေနပ်နပ်ကြီး ကြည့်လိုက်တယ် ... ကိစ္စတစ်ခုလုံးက သူတို့ အမှားပဲ ပြီးတော့ ရလဒ်ကတော့ ထင်ထားသလိုပဲ .....
အရာအားလုံးအဆင်ပြေသွားတော့ နောက်ဆုံး ရန်သွေ့က ထွက်သွားတယ် ... ယူရှောင်မော့က ရွှေစ နှစ်သိန်းတစ်သောင်းတစ်ထောင်ကိုရေတွက်ပြီး ဝန်ထမ်းကိုပေးလိုက်တယ် ... ဝန်ထမ်းက လက်ခံလိုက်ပြီး သူတို့ကို တံဆိပ်တစ်ခုစီပေးတယ် ...
ဒီလောက်စျေးကြီးတာကြောင့် လူငယ်ရဲ့အဖွဲ့က လက်မခံချင်တာ မအံ့သြတော့ပါဘူး ..... သူတို့သွားရမယ့်အကွာအဝေးက အရမ်းဝေးလွန်းလို့ ရွှေစတစ်သိန်းထက်ပိုကုန်သွားတယ် မျှပြီးပိုပေးလိုက်ရလို့ ..... သာမန်လူတစ်ယောက်အတွက်က ဒီပမာဏက နည်းတဲ့အရေအတွက်မဟုတ်ဘူး ..... တစ်ချို့လူတွေအတွက်ကတော့ နှစ်အနည်းငယ်စုရင်တောင် မလုံလောက်ဘူး .....
ပို့ဆောင်ရေးစက်ဝိုင်းက ငါးရက်တောင်ဖွင့်ထားတာ အံ့သြစရာမရှိပါဘူး ... လူခုနစ်ယောက်ပဲ စာရင်းသွင်းထားတာ ... ကံကောင်းခြင်းနတ်သမီးက သူတို့ဘက်မှာရှိတယ်လို့ ပြောရမယ် အချိန်မီ နောက်ထပ်ဆယ်ယောက်ထပ်ပြီးစာရင်းသွင်းလာလို့ ... မဟုတ်ရင် ပြသနာပဲ .....
ဝန်ဆောင်ခပေးပြီးတော့ ပို့ဆောင်ရေးစက်ဝိုင်းက ချက်ခြင်းမစပါဘူး .....
ပြန်ပြီးပြောင်းလဲစီစဉ်ဖို့လိုအပ်လို့ မနက်ဖြန်မနက် မြွေအချိန်မှ ဖွင့်မယ် .....
T/n: ရှေးဟောင်းတရုတ်အချိန်စနစ်က နှစ်နာရီစနစ်.. ဆိုလိုတာက တစ်ရက်မှာ ဆယ့်နှစ်ချိန်ရှိတယ် တစ်ချိန်ကို နှစ်နာရီကြာတယ် လောကရေးရာအဖြာဖြာစနစ် ဆယ့်နှစ်ရာသီခွင် (Zodiac) ကို သုံးပြီး အချိန်တွေကို နံမည်သတ်မှတ်တယ် ညဆယ့်တစ်နာရီကနေ မနက်တစ်နာရီက ကြွက်အချိန်၊ မနက်တစ်နာရီကနေ သုံးနာရီက နွားထီးအချိန် etc..... ဒါကြောင့် မြွေအချိန်က မနက်ကိုးနာရီကနေ ဆယ့်တစ်နာရီ
စထွက်မယ့်အချိန်ကို တိတိကျကျသိပြီး လူတွေက လူစုခွဲလိုက်တယ် ..... ယူရှောင်မော့နဲ့ လင်းရှောင်လည်း ပို့ဆောင်ရေးနယ်မြေကနေ ထွက်လာတယ် သူတို့မှာ အချိန်ဖြုန်းဖို့ တစ်ညလုံးကျန်သေးတယ် .....
နေဝင်သွားတော့ ကောင်းကင်က တစ်ဖြည်းဖြည်းမှောင်လာတယ် ...
သူတို့ တစ်ညတည်းခိုဖို့ ပို့ဆောင်ရေးနယ်မြေနားက တည်းခိုအိမ်တစ်ခုကို ရွေးလိုက်တယ် ... သူတို့လှေကားဆီလျှောက်သွားတော့ တည်းခိုအိမ်ထဲဝင်လာတဲ့ လူတစ်ယောက်ကို ယူရှောင်မော့ သတိထားမိလိုုက်တယ် ... စောစောက ပြသနာဖြစ်တဲ့ ခွန်အားကြီးလူပဲ ပိုပြီးတိုက်ဆိုင်တာက အဲ့လူရဲ့အခန်းက သူတို့ရဲ့ဘေးအခန်းဖြစ်နေတယ် .....
သူတို့အခန်းထဲကိုဝင်သွားတော့ ယူရှောင်မော့က တိုက်ရိုက်ပဲ ကြီးမားတဲ့ကုတင်ဆီကို အပြေးအလွှားသွားလိုက်တယ် ... ရထားလုံးနဲ့ ကျင့်သားရနေတာတောင်မှ သူအဲ့မှာ ရက်အများကြီးထိုင်လိုက်ရတာ သူ့အရိုးတွေက ပျော့ခွေကုန်ပြီ ... သူမြန်မြန်ပဲ အိပ်ပျော်သွားတယ် .....
လင်းရှောင် အိပ်ခန်းထဲလျှောက်လာတော့ ယူရှောင်မော့တစ်ယောက် အိပ်မက်နယ်မြေထဲရောက်နေတာ တွေ့လိုက်ရတယ် ...
သူအိပ်ရာဘေးကိုလျှောက်သွားပြီထိုင်ချလိုက်တယ် ... ယူရှောင်မော့ရဲ့ဖိနပ်တွေကို လင်းရှောင် ချွတ်ပေးလိုက်ပြီး စောင်ခြုံပေးလိုက်တယ် ... အခန်းထဲကမထွက်ခင် နှဖူးကို အနမ်းတစ်ပွင့်ပေးလိုက်တယ် .....
တစ်နာရီကြာပြီးတဲ့နောက် ယူရှောင်မော့က ဆာလောင်မှုကြောင့် နိုးလာတယ် ...
သူ့အစာအိမ်က ကျယ်ကျယ်လောင်လောင်ကို အော်နေလို့ ဘယ်လိိုမှ ဆက်အိပ်လို့မရတော့ဘူး ...
ကြက်ပေါက်အသိုက်ခေါင်းနဲ့ ယူရှောင်မော့ အတွင်းခန်းကို သရဲလိုလျှောက်လာတယ်် ... ပထမဆုံးသူမြင်လိုက်ရတာကတော့ စားချင်စဖွယ် အရသာရှိမယ့်ဟင်းလျာတွေအပြည့်နဲ့ စားပွဲဝိုင်းပါပဲ ... အစားအသောက်က သူ့စိတ်ဓာတ်ကို တက်ကြွစေတယ် ... အစားအစာကြောင့် မျက်လုံးတောက်တောက်နဲ့ စားပွဲဆီကို အပြေးအလွှားသွားလိုက်ပေမယ့် သူ့အကြိုက်ကြက်ခြေထောက်ကို ထိတောင်မထိရသေးခင် လမ်းတစ်ဝက်မှာ လင်းရှောင်က သူ့ကို မချီပစ်လိုက်တယ် ...
လင်းရှောင်ကျီစယ်လိုဟန်နဲ့ပြောလိုက်တယ် "ငါရေဇလုံတောင်းထားတယ် သွားပြီးမင်းမျက်နှာနဲ့လက်တွေကို ဆေးချေ"
ယူရှောင်မော့ စိတ်မသာမယာနဲ့ သူ့ကို ကြည့်လိုက်တယ် ကောင်းပြီလေ ... သူ သန့်သန့်ရှင်းရှင်းနဲ့ လိမ္မာတဲ့ ကလေးလုပ်ရမှာပေါ့ ...
သူမျက်နှာသစ်ပြီးတော့ ပိုပြီးသန့်ရှင်းသွားတယ် ... သူ့ရဲ့ကြက်ပေါက်အသိုက်ခေါင်းကလည်း ပြားကပ်သွားပြီ ... နောက်ဆုံးတော့ လင်းရှောင်က သူ့ကို စားပွဲမှာထိုင်ခွင့်ပေးလိုက်ပြီ ... စားပွဲပေါ်က အစားအသောက်အကုန်လုံးက ယူရှောင်မော့အကြိုက်တွေချည်းပဲ ... ရနံ့သင်းသင်းလေးနဲ့ အလုံပိတ်နှပ်ထားတဲ့ ကြက်ခြေထောက်ရယ် .. ဒေသအထူးဟင်းလျာတွေ .. ဝက်သားနှပ် .. အဆင့်နိမ့်သားရဲရဲ့ အသားရယ် .. အချိုရည် ကလည်း ဒေသအထူးမီနျူးပဲ .....
ယူရှောင်မော့ သူ့ဗိုက်လုံးပြီးစူထွက်လာတဲ့အထိ စားပစ်လိုက်တယ် ... စားပွဲပေါ်က ဟင်းတစ်ဝက်လောက်က သူ့ဗိုက်ထဲရောက်သွားပြီ ...
လင်းရှောင်လာပြီး သူ့ဗိုက်လေးကို ပွတ်စတယ် လူယုတ်မာရယ်သံနဲ့ "ရှောင်မော့မော့ မင်းဗိုက်က တော်တော်လေးပူနေတာပဲ .. ကိုယ်ဝန်ရှိနေပြီလား"
ယူရှောင်ချက်ချင်းပဲ ဒီပုံစံ -_-', ဖြစ်သွားတယ် ... လင်းရှောင်က သူ့ကို ရှောင်မော့မော့လို့ခေါ်တဲ့အချိန်မှာတောင် ရှုံ့တွမသွားဘူး ... သူ့တံတောင်ကိုသုံးပြီး လင်းရှောင်ကို ပြင်းပြင်းထန်ထန်ပဲ ရိုက်ပစ်လိုက်တယ် ... "သွားသေလိုက်.. ခင်ဗျားကသာ ကိုယ်ဝန်ရှိနေတဲ့သူ ခင်ဗျားမိသားစုအကုန်လုံးသာ ကိုယ်ဝန်ရှိနေတာ... ကျွန်တော်က ယောက်ျား ဘယ်လိုလုပ်ကိုယ်ဝန်ရှိမှာလဲ"
လင်းရှောင် ယူရှောင်မော့ရဲ့ အပြုအမူကို သဘောကျပြီး အကျယ်ကြီးရယ်လိုက်တယ် ... "ဘာလို့မဖြစ်နိုင်ရမှာလဲ .. မင်းသာစိတ််ဆုံးဖြတ်လိုုက်ရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်လို့ရတယ်"
ယူရှောင်မော့ ထိတ်လန့်သွားတယ် ... "ဖြစ်နိုင်လို့လား ..... ယောက်ျားလေးတွေက တကယ်ပဲ ကိုယ်ဝန်ဆောင်နိုင်တာလား"
လင်းရှောင်မတ်တပ်ရပ်လိုက်ပြီး မရေမရာပြောလိုက်တယ် ... "သေချာသလောက်ပဲ"
ယူရှောင်မော့ သူ့အကျီ င်္ကို ဆွဲထားလိုက်တယ် "ကျွန်တော့်ကို အရူးမလုပ်နဲ့ .. အဲ့ဒါက ဖြစ်နိုင်လို့လား"
လင်းရှောင်သူ့ကို ပျင်းရိပျင်းတွဲကြည့်ပြီး ခပ်ရေးရေးရယ်လိုက်တယ် "မင်းဘာလို့ အဲ့လောက်တောင် စိတ်ဝင်စားနေရတာလဲ ကလေးတစ်ယောက်လောက်ယူဖို့ စိတ်ဝင်စားလို့လား ... ကောင်းပြီ ကြည့်ရတာ ငါတော့ ပိုကြိုးစားရတော့မယ်"
ယူရှောင်မော့ ချက်ချင်းပဲ သူ့အကျီ် င်္ကို လွှတ်လိုက်ပြီး မျက်နှာနီသွားတယ်(ရှက်သွေးဖြာ) ... "ကျွန်တော်မလိုချင်ပါဘူး"
အဲ့အမူအယာက လင်းရှောင်ကို အူမြူးစေတယ် ... သူဘယ်လိုမှမတတ်နိုင်ပဲ အကျယ်ကြီးရယ်လိုက်တယ် ... နောက်ဆုံးမှာတော့ သူကစားခံနေရတယ်ဆိုတာ ယူရှောင်မော့ သဘောပေါက်သွားတယ် ... သူဒေါသတကြီးပဲ ကြည့်လိုက်တယ် ဒါပေမယ့် လင်းရှောင်ရဲ့မျက်လုံးကို ကြည့်တဲ့ဒီအကြည့်က လင်းရှောင်ကို ဖြားယောင်းနေတယ် ... သူ့ရဲ့သွေးတွေကို မြန်မြန်ပဲ ဆူပွက်လာစေတယ် .....
လင်းရှောင် ယူရှောင်မော့ရဲ့ခါးကို ဖက်လိုက်ပြီး နား နားကို တိုးတိုးလေးပြောလိုက်တယ် ...... "မင်းရဲ့အစာအိမ်က အရမ်းကိုပြည့်နေလိမ့်မယ် ... ငါတို့ လမ်းထွက်လျှောက်ကြရင် ဘယ်လိုလဲ ... ငါတို့ နာရဲမြို့ရဲ့ ကြယ်အပြည့်ကောင်းကင်ကိုလည်း သွားကြည့်လိုု့ရတယ်လေ"
ယူရှောင်မော့ သူ့ဗိုက်သူကိုင်ကြည့်လိုက်တယ် ... တကယ့်ကို ဖောင်းကားနေတာကြောင့် သူသဘောတူလိုက်တယ် .....
ခနကြာတော့ သူတို့ တည်းခိုအိမ်ကထွက်လာပြီး နမ်ရဲ့မို့ရဲ့ အစည်ကားဆုံးလမ်းကို ဦးတည်လိုက်တယ် ... ညမှောင်မှောင်ကောင်းကင်အောက်မှာ လမ်းမီးတွေက နေ့ခင်းအချိန်လိုပဲ လင်းထင်းနေတယ် ..... ကောင်းကင်ကလည်း တလက်လက်တောက်ပနေတဲ့ ကြယ်တွေနဲ့ အလှဆင်ထားတယ် ...
ဒီလိုညကောင်းကင်အောက်မှာ လမ်းလျှောက်နေရတာ စိတ်နဲ့ခန္ဓာကိုယ်က တကယ်ကို ငြိမ်းချမ်းရတယ် ... အိပ်မက်အလားထင်ရတဲ့ ဒီကြယ်တွေက ခြွင်းချက်မရှိလှပလွန်းတယ် ..... ချစ်သူစုံတွဲတွေက ဒီကိုလာပြီးကြည့်ကြတာ တကယ်ကို အံ့သြစရာမဟုတ်ဘူး ... ကိုယ့်ရဲ့ချစ်သူနဲ့ ဒီလိုခမ်းနားတဲ့ရှုခင်းအောက်မှာ တစ်ညကုန်ဆုံးရတာ အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းတယ် .....
လင်းရှောင်က သူကို ကြယ်ကောင်းကင်ကြည့်ဖို့ခေါ်လာလိမ့်မယ်လို့ ယူရှောင်မော့ မမျှော်လင့်ထားဘူး ... သူ့ရဲ့ချစ်စရာမျက်နှာလေးက အံ့သြနေတဲ့အမူအယာကို မဖုံးနိုင်ဘူး ...
လင်းရှောင်ပြုံးလိုက်ပြီး ဘာစကားမှမပြောဘူး ... ယူရှောင်မော့ရဲ့လက်ကလေးကို ကိုင်ပြီး ဝန်ဆောင်ခပေးဖို့သွားလိုက်တယ် ...
နမ်ရဲ့မြို့ရဲ့ ကြယ်ကောင်းကင်က အရမ်းကိုကျော်ကြားတယ် ... နှစ်တိုင်း ချစ်သူစုံတွဲအများကြီး အဲ့အတွက် ဒီကိုလာကြတယ် ... ဒါကြောင့်လဲ မြို့အရှင်သခင်က ငွေရှာဖို့ စိတ်ကူးကောင်းရတာပေါ့ ... အလှပဆုံးသောအရာတွေကိုကြည့်ဖို့ ကြည့်ရှုခယူဖို့လေ ... ဝင်ကြည့်ခွင့်ရဖို့ လူတစ်ယောက်ကို ရွှေစနှစ်စပေးရတယ် ...
မြို့ဝင်ကြေးနဲ့ယှဉ်ရင် ဒီရွှေစနှစ်စက ဘာမှမဟုတ်ဘူး ဒီတန်ဖိုးက လက်ခံလို့ရပါတယ် ...
ပြီးတော့ တန်ဖိုးက ပိုမြင့်ရင်တောင် စုံတွဲတွေက အဆုံးမရှိ လာနေကြဦးမှာပဲ .....
ယူရှောင်မော့ ပိုက်ဆံပေးဖို့လုပ်လိုုက်တဲ့အချိန်မှာပဲ လင်းရှောင်က ရွှေစလေးစထုတ်လိုက်ပြီး အစောင့်ကို ပေးလိုက်တယ် ... သူ အကြီးအကျယ် အံ့အားသင့်သွားတယ် ... ဒီလူမှာ ဘယ်တုန်းက ပိုက်ဆံရှိသွားတာလဲ ... သူအမြဲတမ်း လင်းရှောင်ကို ငမွဲလို့ ထင်ထားခဲ့တာ .....
တောင်စောင်းဆင်ခြေလျှောက နမ်ရဲ့မြို့ရဲ့ ကြယ်ကောင်းကင်ကိုကြည့်ဖို့ အကောင်းဆုံးနေရာပဲ ... သူတို့အထဲကိုဝင်သွားတော့ တစ်ချို့ထောင့်တွေက စုံတွဲတွေနဲ့ပြည့်နေတယ် ..... စုံတွဲတွေကို ဖယ်လိုက်ရင်တောင် တစ်ယောက်တည်းလာတဲ့သူတွေကလဲ အများကြီးပဲ ... ရိုးရိုးလေးပဲ ကြယ်တွေကို ခံစားဖို့လာခဲ့တာ ...
သူတို့ ကောင်းကောင်းလေးကာထားတဲ့ မြက်ခင်းပေါ်မှာ လှဲလိုုက်တယ် ... လင်းရှောင်သူ့ဘေးက ယူရှောင်မော့ကို ကြည့်လိုက်တယ် လက်တစ်ဖက်နဲ့ခေါင်းကိုထောက်ထားလိုက်ပြီး ရယ်လိုက်တယ် "ကဲ ဒါက ဘယ်လိုလဲ ရှောင်မော့မော့"
သူ့ကို ထပ်ပြီးဒီနံမည်ခေါ်တာ ယူရှောင်မော့ သတိထားမိိိလိုက်တယ် ... ဒါပေမယ့် သူစိတ်အနှောင့်အယှက်အဖြစ်ခံဖို့ကို အရမ်းပျင်းနေတယ် ... ဘာလို့လဲဆိုတော့ သူက ဒီနံမည်ကို ကြေးများရင်တောင် လင်းရှောင်က နားထောင်မှာမဟုတ်ဘူး ..... ဒါကြောင့် ခင်ဗျားကြိုက်သလိုသာလုပ်ဆိုတဲ့ပုံစံမျိိုးပဲ သူသရုပ်ဆောင်လိုက်တယ် အဲ့ဒါဆို သူ လင်းရှောင်နဲ့ အငြင်းပွားဖို့ တံတွေးအကုန်ခံစရာမလိုတော့ဘူးလေ .....
ယူရှောင်မော့ တလက်လက်တောက်ပနေတဲ့ ကောင်းကင်ကိုကြည့်လိုက်တယ် .. သူရဲ့ရှေ့က ကြယ်တွေကြောင့် သူကျေကျေနပ်နပ်ခေါင်းညိမ့်ပြီး ပြောလိုက်တယ် ... "တကယ်ကို ဆွဲဆောင်နိုင်တယ် ... ဒီကမ္ဘာကိုလာပြီးနောက်ပိုင်း ဒီလိုလှပတဲ့ညကောင်းကင်ကိုမြင်ရတာ ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ပဲ"
ဒီစကားက ဘာမှမထူးခြားပေမယ့် လင်းရှောင်က ဒီစကားက နည်းနည်းထူးဆန်းတယ်လို့ ခံစားလိုက်ရတယ် ...
သူဆိုလိုတဲ့ "ဒီကမ္ဘာကိုလာတယ်" ကနေပေါ့ .. ဒါပေမယ့် သူဘာမှမမေးခဲ့ဘူး ... ယူရှောင်မော့ အနားကိုသာတိုးသွားလိုက်ပြီး နှုတ်ခမ်းကို နမ်းလိုက်တယ် ...
ယူရှောင်မော့ ရှော့ရသွားတယ် အထိတ်တလန့်ပဲ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တယ် ... ဘယ်သူမှမမြင်ဘူးဆိုတာ သေချာမှာ သူသက်ပြင်းချနိုင်တယ် ... သူလင်းရှောင်ကို အပြစ်ရှာလိုက်ချင်ပေမယ့် ကျေနပ်ချင်းအပြည့်နဲ့ လင်းရှောင်ရဲ့မျက်လုံးတွေကို မြင်လိုက်ရတော့ သူဘာမှမလုပ်နိုင်ဘဲ ရင်ခုန်သံတွေပဲ မြန်လာခဲ့တယ် ... သူ့လက်တွေနဲ့ လင်းရှောင်မျက်နှာကို ထိလိုက်ပြီး "လင်းရှောင် ဘယ်တော့ခင်ဗျားရဲ့ မျက်နှာအစစ်ကို ထုတ်ပြမှာလဲ"
အခုထိလင်းရှောင်ရဲ့မျက်နှာအစစ်ကို မတွေ့ရသေးတော့ ယူရှောင်မော့ရဲ့ခေါင်းထဲမှာ သိချင်စိတ်တွေနဲ့ ပြည့်နေပြီ .....
T/n: 酒楼(jiu lou) ကျူးလော့ရဲ့ မူရင်းအဓိပ္ပါယ်က စားသောက်ဆိုင်ပါ (အပေါ်မှာ တည်းခိုအိမ်လို့ ဘာသာပြန်ထားပါတယ်) ရှေးဟောင်းတရုတ်မှာ တစ်ချို့စားသောက်ဆိုင်တွေက ခရီးသွားတွေတည်းခိုဖို့ အခန်းတွေရှိတယ် ... ဒါပေမယ့် အဓိက ကတော့ အစားအသောက်ရောင်းတာပါ(ရှေးဟောင်းတရုတ်ကားတွေမှာပါတဲ့ စားသောက်ဆိုင်မျိုးပါ) ဒါကြောင့် အခန်းငှားခက ဟိုတယ်(သီးသန့်တည်းခိုတဲ့နေရာထက်) ပိုသက်သာပါတယ် အခန်းကတော့ ဟိုတယ်နဲ့ ယှဉ်လို့မရဘူး ကျူးလော့က အချိန်ခဏပဲတည်းမယ့်အတွက်ပဲ အခန်းငှားတာ ကြာကြာနေမယ်ဆို ပိုပြီးစျေးကြီးတယ် ဒါပေမယ့် အနောက်တိုင်းယဉ်ကျေးမှုမှာတော့ အမျိုးမျိုးရှိတယ် tavern/inn/pub/etc, စားသောက်ဆိုင်ဆိုရင် တည်းဖို့အခန်းမရှိဘူး အစားအသောက်ပဲ ရတယ် နောက်အပိုင်းတွေမှာ သင့်တော်တဲ့ အသုံးရှာမတွေ့ရင် စားသောက်ဆိုင်လို့ပဲ သုံးမယ်လို့ ERS ကပြောထားပါတယ်