Unicode
မနက်ခင်း၏ နေခြည်နုနုဟာ လိုက်ကာ
မချထားသော မှန်ပြတင်းမှတစ်ဆင့်
အခန်းငယ်အတွင်းသို့ ဖြာကျသည့်ချိန်
တစ်စုံတစ်ဦး၏ ရင်ခွင်ထဲက အကောင်ငယ်လေးဟာ လူးလွန့်လာလေသည်။
နွေးထွေးမှုကြား ပိုပိုတိုးဝင်မိတော့ အနှီနွေးထွေးမှုလေးကနေ နှလုံးခုန်သံမှန်မှန်ကိုလည်း ကြားနေရသည်။ သိချင်ဇောဖြင့် အိပ်ချင်စိတ်မပြေသေးသော မျက်လုံးတို့ကိုဖွင့်ကြည့်မိလိုက်သည်။
ရင်အုပ်ကျယ်တစ်ခုဟာ နိမ့်ချည်မြင့်ချည်နှင့် အသက်ကိုမှန်မှန်ရှုနေသည်။ ခေါင်းကိုအနည်းငယ် မော့ကြည့်လိုက်သည့်အခါ ယောက်ျားပျို၏ မျက်နှာအား ရှင်းလင်းစွာ မြင်လိုက်ရ၏။
ဖြောင့်တန်းနေသော မျက်ခုံးနက်နက်တို့၏အောက်က မှိတ်ထားသော မျက်လုံးတို့တွင် မျက်တောင်စိပ်စိပ်လေးများဟာ နေရောင်ကြောင့် အရိပ်ကျလို့နေသည်။
ဤသည်ပင်လျှင် ထိုလူ၏ ဆွဲဆောင်မှုဖြစ်လိမ့်မည်။
နှာတံအောက်နားက မှဲ့ထင်းထင်းလေးဟာ သူ့ အားနည်းချက်လေး မဖြစ်လာပါစေနဲ့။ အနည်းငယ် နီညိုရောင်သန်းနေသော အသည်းပုံသဏ္ဍာန်နှုတ်ခမ်းတွေအား ထိတွေ့နမ်းရှိုက်ကြည့်ပါက မည်သ်ို့သော အရသာလေးအား ခံစားရမည်လဲ။
"ဒါဟာ ကျွန်တော့်ရဲ့
ရူးနှံ့မှုသက်သက်တွေပါပဲ"
ရင်ခွင်ထဲမှ အသာလေးရုန်းထွက်ပြီးနောက်
အဘွားမနှိုးခင် မနက်စာပြင်ရန် အခန်းထဲမှထွက်လာခဲ့လိုက်သည်။
သို့သည့်တိုင် အစ်ကိုနမ်ဂျွန် မရှိသည့်နောက်ပိုင်း သူ ပထမဆုံးပြင်ပေးရမည့် သုံးယောက်စာ ထမင်းဝိုင်းလေးဖြစ်ကြောင်း တွေးမိရုံဖြင့် ဂျီမင်း၏ ရင်ထဲ အနွေးဓာတ်လေးတိုးဝင်လာပြန်သည်။
ဂင်ချီထမင်းကြော်အား သုံးယောက်စာပြင်ပြီးနောက် ပဲပင်ပေါက်ဟင်းရည်ပူပူလေးကိုပါတည်ထားလိုက်သည်။ ခဏအကြာတွင် အဘွားလည်းနိုးလာပြီး ထမင်းစားခန်းသို့ရောက်လာသည်။
"မြေးလေး . . . ဟိုလူလေးကို သွားနှိုးတော့တော်ကြာသူလည်း ဆေးရုံသွားဖို့နောက်ကျနေမယ်"
"ဟုတ်ကဲ့ . . ဖွား"
မီးဖိုပေါ်တင်ထားသော ပဲပင်ပေါက်ဟင်းရည်ကို အပေါ့အငန်မြည်းပြီးနောက်မှာ လူကြီးကို နှိုးဖို့ရာ ထွက်လာခဲ့သည်။
သို့သော် ဂျီမင်း အခန်းထဲဝင်လိုက်သည့်အခါတွင် သူမရှိတော့။
"ပြန်သွားတာတော့ မဟုတ်လောက်ပါဘူးနော်"
မသင်္ကာသဖြင့် ရေချိုးခန်းဘက်ထွက်လာလိုက်ပြီး တံခါးဖွင့်ရန် ကြံလိုက်ကာမှ ရုတ်တရက် ပွင့်လာသော တံခါး၏ နောက်တွင် အနှီလူကြီး၏ ဗလာကျင်းသော ကိုယ်ဟာ ထွက်ပေါ်လာတော့သည်။
ဤသည်တောင် အလိုက်ကန်းဆိုး မသိလေသော သူ့ မျက်လုံးများက လူကြီး၏အောက်နားဆီ အကြည့်ရောက်သွားသေး၏။ သဘက်ပတ်ထားသည်မို့သာ ဂျီမင်းမှာ သက်ပြင်းလေး မသ်ိမသာ ချမိလိုက်သည်။
"ဟို . . ဟိုလေ မနက်စာလာစားတော့နော်
ခင်ဗျားအင်္ကျီတွေမခြောက်သေးလို့ ကိုကို့ဗီဒိုထဲက အင်္ကျီတစ်စုံယူဝတ်လိုက်"
"ကျေးဇူး . . ကိုယ်ခဏနေလာခဲ့မယ်"
ကသိကအောက် ဖြစ်စရာ အခြေအနေကြီးမို့ ဂျီမင်း အရှက်သည်းစွာ ထမင်းစားခန်းသို့ အမြန်ပြေးထွက်ခဲ့ရတော့သည်။
"အန္တရာယ်များလွန်းတယ် ခင်ဗျားကြီးက"
အတန်ကြာသည့်အခါ ထမင်းစားခန်းထဲကို ဝင်လာသော လူကြီးသည် အစ်ကိုနမ်ဂျွန်၏ မိုးပြာရောင်ရှပ် လက်ရှည်နှင့်အတူ အနက်ရောင်စတိုင်ပန့်အား ဝတ်လာ၏။
"အပေါ်ကနေ ကုတ်အရှည်တစ်ထည်လောက်တော့ယူဝတ်လာတာ မဟုတ်ဘူး"ဟု ပတ်ဂျီမင်းတစ်ယောက် အကဲပိုစွာ တွေးလိုက်မိသေးသည်။
"လာလေ . . လူလေး"
"ဟုတ်ကဲ့"
ထိုအခါ ထယ်ယောင်းက ဂျီမင်း၏ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"လူလေး ဆေးရုံမှာဂျူတီချိန်ကဘယ်ချိန်လဲ"
"ဆေးရုံမှာ ဆရာဝန်ကသိပ်မရှိတော့
ကျွန်တော်က တစ်နေကုန် ရှိနေပေးရတယ်
ဂျူတီချိန်ရယ်လို့ မသတ်မှတ်ထားပေမယ့်
ညပိုင်းတော့ တခြားဆရာဝန်တွေ ဝင်ပေးတယ်"
စကားအရှည်ကြီးဖြင့် သေသေချာချာရှင်းပြနေသော လူကြောင့် ဂျီမင်း မျက်ခုံးလေးတစ်ဖက်ပင့်မိသေးသည်။
"ဒါဆိုမြေးလေးနဲ့ ဘက်စ်တူတူစီးသွားလေ
လမ်းတူတာပဲ"
အဘွားစကားကို ထယ်ယောင်းက ခပ်ပြုံးပြုံးသာ ခေါင်းညိတ်လိုက်ပြီး ဂျီမင်းဘက်သို့ လှည့်လာ၏။
"ဂျီမင်း ကိုယ်နဲ့လိုက်ခဲ့မယ်မလား"
ဟင် . . ဂျီမင်း
ဂျီမင်းတဲ့လား လူကြီးကငါ့နာမည်ကိုခေါ်လိုက်တာပေါ့!!!
"ဟုတ် . . ဟုတ်ကဲ့"
ကျိန်းသေပါသည်။ ထယ်ယောင်း နှုတ်ဖျားက ပထမဆုံးအကြိမ်ထွက်လို့လာသည့် သူ၏ အမည်နာမလေးကြောင့် ပတ်ဂျီမင်း၏ပါးအို့မို့မို့လေး နှစ်ဖက်တွင် ပန်းနုရောင်လေး ရိပ်သန်းနေလိမ့်မည်ဆိုတာ။
မည်သို့ပင်ဆိုစေကာမူ အဘွားဖြစ်သူ၏ လမ်းဖောက်ပေးမှုဖြင့် အနှီလူကြီးနှင့် အတူတူ ဘက်စ်စီးရန် အကြောင်းဖန်ခဲ့တော့သည်။
လေပြည်တဖြူးဖြူး တိုက်ခတ်ရာ မြေနီလမ်းငယ်ပေါ်တွင် လူကြီးနှင့် ဘေးချင်းကပ်ပြီး
လမ်းလျှောက်လာရသည်မှာ အရသာတစ်မျိုးပင်။
သူ့ဘက်က တစ်လမ်းလုံးမည်သည့်စကားမှ မစမိသည်နှင့် လူကြီးဘက်ကလည်း အသံလေးတစ်သံတောင် ထွက်မလာ။
ကားမှတ်တိုင်ရောက်သည်အထိ စကားမပြောဖြစ်ကြသော သူတို့နှစ်ဦး၏ ဆက်ဆံရေးက တော်တော်ကြီးကို စိမ်းသက်သက်ဆန်လွန်းနေသည်။
ထိုအခါ မနေနိုင်သည့် ဂျီမင်းကပဲ စကားစရတော့၏။
"ဟိုလေ . . ဘာလို့ ဟိုတစ်နေ့က ခင်ဗျား
ဘက်စ်ကား လိုက်မစီးတာလဲဟင်"
မဝံ့မရဲထွက်လို့လာသော အသံငယ်လေးထံ ထယ်ယောင်း စောင်းငဲ့ကြည့်လိုက်မိသည်။ကလေးငယ်၏ ပါးလေးတွေဟာ လေအေးအေးကြောင့် နီမြန်းနေသည်။
မိုးရနံ့လေး၏ပိုင်ရှင်ဟာ သူ့နှင့် ရင်းနှီးချင်ဟန်ရှိသည်မို့ ထယ်ယောင်း အဖြေစကားပြန်ရပေသည်။
"အဲ့နေ့က လမ်းကြုံလို့ ကိုယ့်ကို ဆေးရုံကားနဲ့ လာခေါ်ကြတာ"
"သြော် . . "
နှစ်ယောက်ကြားက စကားသံတို့သည် ပြန်လည်လို့ တိတ်ဆိတ်သွားပြန်၏။
ငါးမိနစ်လောက် ထပ်စောင့်ပြီးသည့်အခါတွင် ဘက်စ်ကားရောက်လာသည်။ လူကြီးဟာ ရှေ့က အရင်တတ်သွားပြီး နှစ်ယောက်စာကားခပေးလိုက်တော့ ဂျီမင်းရင်ထဲ နောက်တစ်ခါ နွေးရပြန်သည်။
သူ့ကို ပြတင်းပေါက်ရှိရာ အတွင်းဘက်၌ နေရာပေးပြီးမှ လူကြီးက သူ့ဘေးနားဝင်ထိုင်သည်။
စကားတစ်ခွန်းတစ်လေမှ မပြောသော ရေခဲတုံးကြီးအား ဘေးထားပြီး ပတ်ဂျီမင်းတစ်ယောက် အပြင်သို့ငေးကာ အနှီလူကြီးနှင့် နီးစပ်ရေး နည်းလမ်းပေါင်းစုံအား အကြံထုတ်လေတော့သည်။
ခဏအကြာ အကြံရသွားဟန်ရှိသော ကောင်လေး၏ မျက်ဝန်းလေးများဟာ ဖျက်ခနဲ လင်းလက်လာ၏။
"ဟိုလေ . . ဆေးရုံက လူသိပ်မရှိဘူးလို့ပြောတယ်နော်"
ရဲဆေးတင်ပြီး စကားစလိုက်မှ လူကြီးက သူ့ဘက်သို့ လှည့်လာတော့သည်။
"ဟုတ်တယ် . . ဘာလို့လဲ"
စကားစပြတ်မသွားပဲ လူကြီးဆီမှ အမေးစကားလေး ပြန်ရလာသည့်အတွက်ကြောင့် ဂျီမင်း အားတတ်သွားသည်။
"အစ်ကိုနမ်ဂျွန်ရှိတုန်းကဆို ဆေးရုံမှာ ပရဟိတသဘောမျိုးနဲ့ အလုပ်လာလုပ်ပေးတတ်တယ်၊ အခု ကျွန်တော်လည်း ပိတ်ရက်တွေဆို အလုပ်မရှိတာနဲ့ ခင်ဗျားတို့ ဆေးရုံမှာ အလုပ်လာလုပ်ပေးလို့ရမလား . . . လူနာတွေက်ို ပြုစုပေးတာတို့ ဘာတ်ို့လေ"
လူကြီးက ချက်ချင်းပြန်မေးသည်။
"ဂျီမင်းက အဲ့လိုမျိုးတွေ စိတ်ဝင်စားတယ်ပေါ့"
ကြက်ကန်းဆန်အိုးတိုးတယ်ဆိုတာ ဒါမျိုးပေါ့ . .၊ ပါးစပ်ထဲရှိရာ ပြောလိုက်ပေမယ့် အပေါက်အလမ်းတည့်သွားတာမျိုး . .
"ဟုတ်တယ် . . အရင်ကလည်း ရွာထဲက လူကြီးတွေ နေမကောင်းဖြစ်ရင် လူနာစောင့်တောင် လုပ်ပေးဖူးတယ်"
ဂျီမင်းက အားတတ်သရောဖြင့်ဆိုတော့ ထယ်ယောင်း၏ နှုတ်ခမ်းထောင့်လေး တစ်ဖက်က မသိမသာလေး ကွေးတတ်လာပြန်သည်။
"ကိုယ် ဆေးရုံအုပ်ကြီးကို ပြောပေးမယ်လေနော် . . ဒါပေမဲ့ ပိုက်ဆံတော့ရလောက်မယ်မထင်ဘူး"
"ကျွန်တော်က ပိုက်ဆံကြောင့်မဟုတ်ပါဘူးနော် ဒီအတိုင်းကုသိုလ်ဖြစ်သဘောမျိုးနဲ့"
"ဒါဆိုလည်း ဂျီမင်းသဘော"
ထယ်ယောင်း၏ နှုတ်မှထပ်ထွက်လာသော အမည်နာမလေးကြောင့် ဂျီမင်း သွားတန်းလေးများပေါ်သည်အထိ၊ မျက်လုံးလေးများ မမြင်ရအောင် မှိတ်ကျသွားသည်အထ်ိ ပြုံးရယ်လိုက်မိသည်။
လူတစ်ယောက်အား မြင်မြင်ချင်း ချစ်နိုင်သည်ဟူသော စကားအား မဖြစ်နိုင်ကြောင်း ဂျီမင်း အရင်က ဟိုဆော့နှင့်တောင် အပြိုင်ငြင်းခဲ့ဖူးသေး၏။
ချစ်သည်ပဲဖြစ်ဖြစ်၊ စိတ်ကစားသည်ပဲဖြစ်ဖြစ် အနှီယောက်ျားသား အပေါ် စွဲလမ်းမိသွားပြီမို့ သူ့ အနားမှာနေရဖို့အရေး ကြိုးစားရပေလိမ့်တော့မည်။
YIMMY
တစ်ရက်ခြားတစ်ခါ updateမှန်တဲ့ yimmyလေးကို မချစ်ဖူးလားဟင်😗
Zawgyi
မနက္ခင္း၏ ေနျခည္ႏုႏုဟာ လိုက္ကာ
မခ်ထားေသာ မွန္ျပတင္းမွတစ္ဆင့္
အခန္းငယ္အတြင္းသို႔ ျဖာက်သည့္ခ်ိန္
တစ္စုံတစ္ဦး၏ ရင္ခြင္ထဲက အေကာင္ငယ္ေလးဟာ လူးလြန့္လာေလသည္။
ေႏြးေထြးမႈၾကား ပိုပိုတိုးဝင္မိေတာ့ အႏွီေႏြးေထြးမႈေလးကေန ႏွလုံးခုန္သံမွန္မွန္ကိုလည္း ၾကားေနရသည္။
သိခ်င္ေဇာျဖင့္ အိပ္ခ်င္စိတ္မေျပေသးေသာ
မ်က္လုံးတို႔ကိုဖြင့္ၾကည့္မိလိုက္သည္။
ရင္အုပ္က်ယ္တစ္ခုဟာ နိမ့္ခ်ည္ျမင့္ခ်ည္နဲ႕အသက္ကိုမွန္မွန္ရႈေနသည္။ ေခါင္းကိုအနည္းငယ္ေမာ့ၾကည့္လိုက္သည့္အခါ ေယာက္်ားပ်ိဳ၏မ်က္ႏွာအား ရွင္းလင္းစြာ ျမင္လိုက္ရ၏။
ေျဖာင့္တန္းေနေသာ မ်က္ခုံးနက္နက္တို႔၏ေအာက္က မွိတ္ထားေသာ မ်က္လုံးတို႔တြင္ မ်က္ေတာင္စိပ္စိပ္ေလးမ်ားဟာ ေနေရာင္ေၾကာင့္ အရိပ္က်လိဳ႕ေနသည္။
ဤသည္ပင္လွ်င္ ထိုလူ၏ ဆြဲေဆာင္မႈျဖစ္လိမ့္မည္။
ႏွာတံေအာက္နားက မွဲ႕ထင္းထင္းေလးဟာ သူ႕ အားနည္းခ်က္ေလး မျဖစ္လာပါေစနဲ႕။ အနည္းငယ္ နီညိုေရာင္သန္းေနေသာ အသည္းပုံသ႑ာန္ႏႈတ္ခမ္းေတြအား ထိေတြ႕နမ္းရွိုက္ၾကည့္ပါက မည္သ္ို႔ေသာ အရသာေလးအား ခံစားရမည္လဲ။
"ဒါဟာ ကြၽန္ေတာ့္ရဲ႕
႐ူးႏွံ႕မႈသက္သက္ေတြပါပဲ"
ရင္ခြင္ထဲမွ အသာေလး႐ုန္းထြက္ၿပီးေနာက္
အဘြားမႏွိုးခင္ မနက္စာျပင္ရန္ အခန္းထဲမွထြက္လာခဲ့လိုက္သည္။
သို႔သည့္တိုင္ အစ္ကိုနမ္ဂြၽန္ မရွိသည့္ေနာက္ပိုင္း သူ ပထမဆုံးျပင္ေပးရမည့္ သုံးေယာက္စာ ထမင္းဝိုင္းေလးျဖစ္ေၾကာင္း ေတြးမိ႐ုံျဖင့္ ဂ်ီမင္း၏ ရင္ထဲ အေႏြးဓာတ္ေလးတိုးဝင္လာျပန္သည္။
ဂင္ခ်ီထမင္းေၾကာ္အား သုံးေယာက္စာျပင္ၿပီးေနာက္ ပဲပင္ေပါက္ဟင္းရည္ပူပူေလးကိုပါတည္ထားလိုက္သည္။ ခဏအၾကာတြင္ အဘြားလည္းနိုးလာၿပီး ထမင္းစားခန္းသို႔ေရာက္လာသည္။
"ေျမးေလး . . . ဟိုလူေလးကို သြားႏွိုးေတာ့ေတာ္ၾကာသူလည္း ေဆး႐ုံသြားဖို႔ေနာက္က်ေနမယ္"
"ဟုတ္ကဲ့ . . ဖြား"
မီးဖိုေပၚတင္ထားေသာ ပဲပင္ေပါက္ဟင္းရည္ကို အေပါ့အငန္ျမည္းၿပီးေနာက္မွာ လူႀကီးကို ႏွိုးဖို႔ရာ ထြက္လာခဲ့သည္။
သို႔ေသာ္ ဂ်ီမင္း အခန္းထဲဝင္လိုက္သည့္အခါတြင္ သူမရွိေတာ့။
"ျပန္သြားတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္"
မသကၤာသျဖင့္ ေရခ်ိဳးခန္းဘက္ထြက္လာလိုက္ၿပီး တံခါးဖြင့္ရန္ ႀကံလိုက္ကာမွ ႐ုတ္တရက္ ပြင့္လာေသာ တံခါး၏ ေနာက္တြင္ အႏွီလူႀကီး၏ ဗလာက်င္းေသာ ကိုယ္ဟာ ထြက္ေပၚလာေတာ့သည္။
ဤသည္ေတာင္ အလိုက္ကန္းဆိုး မသိေလေသာ သူ႕ မ်က္လုံးမ်ားက လူႀကီး၏ေအာက္နားဆီ အၾကည့္ေရာက္သြားေသး၏။ သဘက္ပတ္ထားသည္မို႔သာ ဂ်ီမင္းမွာ သက္ျပင္းေလး မသ္ိမသာ ခ်မိလိုက္သည္။
"ဟို . . ဟိုေလ မနက္စာလာစားေတာ့ေနာ္
ခင္ဗ်ားအကၤ်ီေတြမေျခာက္ေသးလို႔ ကိုကို႔ဗီဒိုထဲက အကၤ်ီတစ္စုံယူဝတ္လိုက္"
"ေက်းဇူး . . ကိုယ္ခဏေနလာခဲ့မယ္"
ကသိကေအာက္ ျဖစ္စရာ အေျခအေနႀကီးမို႔ ဂ်ီမင္း အရွက္သည္းစြာ ထမင္းစားခန္းသို႔ အျမန္ေျပးထြက္ခဲ့ရေတာ့သည္။
"အႏၲရာယ္မ်ားလြန္းတယ္ ခင္ဗ်ားႀကီးက"
အတန္ၾကာသည့္အခါ ထမင္းစားခန္းထဲကို ဝင္လာေသာ လူႀကီးသည္ အစ္ကိုနမ္ဂြၽန္၏ မိုးျပာေရာင္ရွပ္ လက္ရွည္ႏွင့္အတူ အနက္ေရာင္စတိုင္ပန့္အား ဝတ္လာ၏။
"အေပၚကေန ကုတ္အရွည္တစ္ထည္ေလာက္ေတာ့ယူဝတ္လာတာ မဟုတ္ဘူး"ဟု ပတ္ဂ်ီမင္းတစ္ေယာက္ ခပ္ခ်ဥ္ခ်ဥ္ေလး ေတြးလိုက္မိေသးသည္။
"လာေလ . . လူေလး"
"ဟုတ္ကဲ့"
ထိုအခါ ထယ္ေယာင္းက ဂ်ီမင္း၏ မ်က္ႏွာခ်င္းဆိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။
"လူေလး ေဆး႐ုံမွာဂ်ဴတီခ်ိန္ကဘယ္ခ်ိန္လဲ"
"ေဆး႐ုံမွာ ဆရာဝန္ကသိပ္မရွိေတာ့
ကြၽန္ေတာ္က တစ္ေနကုန္ ရွိေနေပးရတယ္
ဂ်ဴတီခ်ိန္ရယ္လို႔ မသတ္မွတ္ထားေပမယ့္
ညပိုင္းေတာ့ တျခားဆရာဝန္ေတြ ဝင္ေပးတယ္"
စကားအရွည္ႀကီးျဖင့္ ေသေသခ်ာခ်ာရွင္းျပေနေသာ လူေၾကာင့္ ဂ်ီမင္း မ်က္ခုံးေလးတစ္ဖက္ပင့္မိေသးသည္။
"ဒါဆိုေျမးေလးနဲ႕ ဘက္စ္တူတူစီးသြားေလ
လမ္းတူတာပဲ"
အဘြားစကားကို ထယ္ေယာင္းက ခပ္ၿပဳံးၿပဳံးသာ ေခါင္းညိမ့္လိုက္ၿပီး ဂ်ီမင္းဘက္သို႔ လွည့္လာ၏။
"ဂ်ီမင္း ကိုယ္နဲ႕လိုက္ခဲ့မယ္မလား"
ဟင္ . . ဂ်ီမင္း
ဂ်ီမင္းတဲ့လား လူႀကီးကငါ့နာမည္ကိုေခၚလိုက္တာေပါ့!!!
"ဟုတ္ . . ဟုတ္ကဲ့"
က်ိန္းေသပါသည္။ ထယ္ေယာင္း ႏႈတ္ဖ်ားက ပထမဆုံးအႀကိမ္ထြက္လို႔လာသည့္ သူ၏ အမည္နာမေလးေၾကာင့္ ပတ္ဂ်ီမင္း၏ပါးအို႔မို႔မို႔ေလး ႏွစ္ဖက္တြင္ ပန္းႏုေရာင္ေလး ရိပ္သန္းေနလိမ့္မည္ဆိုတာ။
မည္သို႔ပင္ဆိုေစကာမူ အဘြားျဖစ္သူ၏ လမ္းေဖာက္ေပးမႈျဖင့္ အႏွီလူႀကီးႏွင့္ အတူတူ ဘက္စ္ စီးရန္ အေၾကာင္းဖန္ခဲ့ေတာ့သည္။
ေလျပည္တျဖဴးျဖဴး တိုက္ခတ္ရာ ေျမနီလမ္းငယ္ေပၚတြင္ လူႀကီးႏွင့္ ေဘးခ်င္းကပ္ၿပီး
လမ္းေလွ်ာက္လာရသည္မွာ အရသာတစ္မ်ိဳးပင္။
သူ႕ဘက္က တစ္လမ္းလုံးမည္သည့္စကားမွ မစမိသည္ႏွင့္ လူႀကီးဘက္ကလည္း အသံေလးတစ္သံေတာင္ ထြက္မလာ။
ကားမွတ္တိုင္ေရာက္သည္အထိ စကားမေျပာျဖစ္ၾကေသာ သူတို႔ႏွစ္ဦး၏ ဆက္ဆံေရးက ေတာ္ေတာ္ႀကီးကို စိမ္းသက္သက္ဆန္လြန္းေနသည္။
ထိုအခါ မေနနိုင္သည့္ ဂ်ီမင္းကပဲ စကားစရေတာ့၏။
"ဟိုေလ . . ဘာလို႔ ဟိုတစ္ေန႕က ခင္ဗ်ား
ဘက္စ္ကား လိုက္မစီးတာလဲဟင္"
မဝံ့မရဲထြက္လို႔လာေသာ အသံငယ္ေလးထံ ထယ္ေယာင္း ေစာင္းငဲ့ၾကည့္လိုက္မိသည္။ကေလးငယ္၏ ပါးေလးေတြဟာ ေလေအးေအးေၾကာင့္ နီျမန္းေနသည္။
မိုးရနံ႕ေလး၏ပိုင္ရွင္ဟာ သူ႕ႏွင့္ ရင္းႏွီးခ်င္ဟန္ရွိသည္မို႔ ထယ္ေယာင္း အေျဖစကားျပန္ရေပသည္။
"အဲ့ေန႕က လမ္းႀကဳံလို႔ ကိုယ့္ကို ေဆး႐ုံကားနဲ႕ လာေခၚၾကတာ"
"ေၾသာ္ . . "
ႏွစ္ေယာက္ၾကားက စကားသံတို႔သည္ ျပန္လည္လို႔ တိတ္ဆိတ္သြားျပန္၏။
ငါးမိနစ္ေလာက္ ထပ္ေစာင့္ၿပီးသည့္အခါတြင္ ဘက္စ္ကားေရာက္လာသည္။ လူႀကီးဟာ ေရွ႕က အရင္တတ္သြားၿပီး ႏွစ္ေယာက္စာကားခေပးလိုက္ေတာ့ ဂ်ီမင္းရင္ထဲ ေနာက္တစ္ခါ ေႏြးရျပန္သည္။
သူ႕ကို ျပတင္းေပါက္ရွိရာ အတြင္းဘက္၌ ေနရာေပးၿပီးမွ လူႀကီးက သူ႕ေဘးနားဝင္ထိုင္သည္။
စကားတစ္ခြန္းတစ္ေလမွ မေျပာေသာ ေရခဲတုံးႀကီးအား ေဘးထားၿပီး ပတ္ဂ်ီမင္းတစ္ေယာက္ အျပင္သို႔ေငးကာ အႏွီလူႀကီးႏွင့္ နီးစပ္ေရး နည္းလမ္းေပါင္းစုံအား အႀကံထုတ္ေလေတာ့သည္။
ခဏအၾကာ အႀကံရသြားဟန္ရွိေသာ ေကာင္ေလး၏ မ်က္ဝန္းေလးမ်ားဟာ ဖ်ပ္ခနဲ လင္းလပ္လာ၏။
"ဟိုေလ . . ေဆး႐ုံက လူသိပ္မရွိဘူးလို႔ေျပာတယ္ေနာ္"
ရဲေဆးတင္ၿပီးစကားစလိုက္မွ လူႀကီးက သူ႕ဘက္သို႔ လွည့္လာေတာ့သည္။
"ဟုတ္တယ္ . . ဘာလို႔လဲ"
စကားစျပတ္မသြားပဲ လူႀကီးဆီမွ အေမးစကားေလးျပန္ရသည့္အတြက္ေၾကာင့္ ဂ်ီမင္း အားတတ္သြားသည္။
"အစ္ကိုနမ္ဂြၽန္ရွိတုန္းကဆို ေဆး႐ုံမွာ ပရဟိတသေဘာမ်ိဳးနဲ႕ အလုပ္လာလုပ္ေပးတတ္တယ္၊ အခု ကြၽန္ေတာ္လည္း ပိတ္ရက္ေတြဆို အလုပ္မရွိတာနဲ႕ ခင္ဗ်ားတို႔ ေဆး႐ုံမွာ အလုပ္လာလုပ္ေပးလို႔ရမလား . . . လူနာေတြက္ို ျပဳစုေပးတာတို႔ ဘာတ္ို႔ေလ"
လူႀကီးက ခ်က္ခ်င္းျပန္ေမးသည္။
"ဂ်ီမင္းက အဲ့လိုမ်ိဳးေတြ စိတ္ဝင္စားတယ္ေပါ့"
ၾကက္ကန္းဆန္အိုးတိုးတယ္ဆိုတာ ဒါမ်ိဳးေပါ့ . .၊ ပါးစပ္ထဲရွိရာ ေျပာလိုက္ေပမယ့္ အေပါက္အလမ္းတည့္သြားတာမ်ိဳး . .
"ဟုတ္တယ္ . . အရင္ကလည္း ႐ြာထဲက လူႀကီးေတြ ေနမေကာင္းျဖစ္ရင္ လူနာေစာင့္ေတာင္ လုပ္ေပးဖူးတယ္"
ဂ်ီမင္းက အားတတ္သေရာျဖင့္ဆိုေတာ့ ထယ္ေယာင္း၏ ႏႈတ္ခမ္းေထာင့္ေလး တစ္ဖက္က မသိမသာေလး ေကြးတတ္လာျပန္သည္။
"ကိုယ္ ေဆး႐ုံအုပ္ႀကီးကို ေျပာေပးမယ္ေလေနာ္ . . ဒါေပမဲ့ ပိုက္ဆံေတာ့ရေလာက္မယ္မထင္ဘူး"
"ကြၽန္ေတာ္က ပိုက္ဆံေၾကာင့္မဟုတ္ပါဘူးေနာ္ ဒီအတိုင္းကုသိုလ္ျဖစ္သေဘာမ်ိဳးနဲ႕"
"ဒါဆိုလည္း ဂ်ီမင္းသေဘာ"
ထယ္ေယာင္း၏ ႏႈတ္မွထပ္ထြက္လာေသာ အမည္နာမေလးေၾကာင့္ ဂ်ီမင္း သြားတန္းေလးမ်ားေပၚသည္အထိ၊ မ်က္လုံးေလးမ်ား မျမင္ရေအာင္ မွိတ္က်သြားသည္အထ္ိ ၿပဳံးရယ္လိုက္မိသည္။
လူတစ္ေယာက္အား ျမင္ျမင္ခ်င္း ခ်စ္နိုင္သည္ဟူေသာ စကားအား မျဖစ္နိုင္ေၾကာင္း ဂ်ီမင္း အရင္က ဟိုေဆာ့ႏွင့္ေတာင္ အၿပိဳင္ျငင္းခဲ့ဖူးေသး၏။
ခ်စ္သည္ပဲျဖစ္ျဖစ္၊ စိတ္ကစားသည္ပဲျဖစ္ျဖစ္ အႏွီေယာက္်ားသား အေပၚ စြဲလမ္းမိသြားၿပီမို႔ သူ႕ အနားမွာေနရဖို႔အေရး ႀကိဳးစားရေပလိမ့္ေတာ့မည္။
***
YIMMY
တစ္ရက္ျခားတစ္ခါ updateမွန္တဲ့ yimmyေလးကို မခ်စ္ဖူးလားဟင္😗