The Legendary Master's Wife (...

By AmeRa11318

435K 44.5K 1.1K

(BL) The Legendary Master's Wife By Yin Ya(尹琊) (Myanmar Translation From Chapter 202 To Chapter 377) From Eng... More

Translator's Note
Chapter 202 - The End of the Show
Chapter 202 - The End of the Show (Unicode)
Chapter 203 - Fulfill the Promise
Chapter 203 - Fulfil the Promise (U)
Chapter 204 - The Past
Chapter 205 - Dao Xin Academy
Chapter 205 - Dao Xin Academy (U)
Chapter 206 - Addressing
Chapter 206 - Addressing (U)
Chapter 207 - Transport Circle
Chapter 207 - Transport Circle (U)
Chapter 208 - The Starry Sky of Nanye City
Chapter 208 - The Starry Sky of Nanye City (U)
Chapter 209 - Ling Xio's Real Face
Chalter 209 - Ling Xiao's Real Face (U)
Chapter 210 - Hei Yin Village
Chapter 210 - Hei Yin Village (U)
Chapter 211 - Gigantic Firebird
Chapter 211 - Gigantic Firebird (U)
Chapter 212 - A Bunch of Prodigals
Chapter 212 - A Bunch of Prodigals
Chapter 213 - Yan City
Chapter 213 - Yan City
Chapter 214 - Helenos of Troy
Chapter 214 - Helenos of Troy
Chapter 215 - Deadly Face
Chapter 215 - Deadly Face
Chapter 216 - You Help me wash
Chapter 216 - You Help me wash
Chapter 217 - The Truth About Soul Training Book
Chapter 217 - The Truth About Soul Training Book (U)
Chapter 218 - Deception
Chapter 218 - Deception (U)
Chapter 219 - Life and Death Street, Liu Yue
Chapter 219 - Life and Death Street, Liu Yue (U)
Chapter 220 - Go Get a Doctor if You Are Sick
Chapter 220 - Go Get a Doctor if You Are Sick (U)
Chapter 221 - Get In Through The Back Door
Chapter 221 - Get In Through The Back Door (U)
Chapter 222 - The Genius's Unexpected Mistake
Chapter 222 - The Genius's Unexpected Mistake (U)
Chapter 223 - Conflicts rise
Chapter 223 - Conflicts rise (U)
Chapter 224 - Young Master
Chapter 224 - Young Master (U)
Chapter 225 - Assessment
Chapter 225 - Assessment (U)
Chapter 226 - Teng Zi Xin
Chapter 226 - Teng Zi Xin (U)

Chapter 204 - The Past (U)

8.3K 1K 14
By AmeRa11318

နောက်တစ်နေ့မှာတော့ ဖန်ချန်းလဲ့က ယူရှောင်မော့ကို မတွေ့ရဘူး

ဘာကြောင့်မှန်းမသိပေမယ့် မနေ့ကကိစ္စကြောင့် ယူရှောင်မော့ အပြစ်ပေးခံခဲ့ရမယ်ဆိုတာ သူမှန်းကြည့်လို့ရတယ်

သက်ညှာသောအားဖြင့် သူတို့ ယူရှောင်မော့ကို သွားမရှာကြဘူး...

နေဝင်သွားတဲ့အချိန်မှာတော့ အပြစ်ပေးခံရတဲ့ ယူရှောင်မော့ရဲ့မျက်လုံးတွေ နောက်ဆုံးမှာ ပွင့်လာခဲ့ပြီ...

သူ့မျက်လုံးရှေ့မှာတော့ ရင်းနှီးတဲ့အခန်းအပြင်အဆင်ကိုတွေ့ရတယ် နေဝင်သွားတာတောင် နေရောင်ကစူးရှနေတုန်းပဲ သူမျက်လုံးဖွင့်ပြီး ချက်ချင်းပဲ ပြန်ပိတ်လိုက်တယ် သူ တစ်နေ့လုံးအိပ်နေတယ်လို့ ခန့်မှန်းလိုက်မိတယ်

ယူရှောင်မော့ ပါးစပ်ကိုဖွင့်လိုက်ပေမယ့် သူ့လည်ချောင်းက လောင်ကျွမ်းထားသလို ခြောက်သွေ့နေတယ် ဘာအသံမှကို ထွက်မလာဘူး

ညက သူတို့ဘယ်အချိန်မှာအဆုံးသတ်သွားလဲဆိုတာတောင် သူမမှတ်မိဘူး ဘာလို့လဲဆိုတော့ မနေ့က တစ်စုံတစ်ယောက်က အလယ်မှာတင် ငြိမ်သက်စွာနဲ့ပဲ သတိလစ်သွားလို့ လေး ငါး ခြောက်နာရီလောက် မရပ်မနားလုပ်ပြီးချိန်မှာ ဘယ်သူကများ နိုးနေနိုင်ဦးမှာလဲ တကယ်လို့ နိုးနေနိုင်တဲ့တစ်ယောက်ယောက်ရှိမယ်ဆို သူတကယ်ကိုလေးစားမိလိမ့်မယ်

သူနည်းနည်းလေးပဲလှုပ်တာတောင် ချက်ချင်းပဲ အရိုးတွေအကုန် စုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရတယ် ညဉ်းသံသေးသေးလေးထွက်လာတာကိုပဲ ကြားနိုင်တယ် နာကျင်မှုကြောင့် နောက်တစ်ကြိမ်တောင် ပြန်မေ့သွားချင်မိတယ် သူ့ခန္ဓာကိုယ်ရဲ့ အနာကျင်ရဆုံးနေရာကတော့ အောက်ဖက်က သူ့ရဲ့ကိုယ်ပိုင်နေရာလေးပါပဲ နာကျင်မှုတစ်ဝက်လောက်က အဲ့နေရာကနေလာတာ ဆွဲဆန့်ခံရတဲ့အထိအတွေ့ကိုတောင် အခုထိ ခံစားနေရသေးတယ်.....

အဆုံးမှာတော့ အဲ့နေရာလာတဲ့ နာကျင်မှုကြောင့် သူ့ခြေထောက်တွေကိုတောင် စေ့မထားနိုင်ဘူး မာရသွန်ပြေးလိုက်ရသလိုပဲ

မနေ့ကအကြောင်းကို ပြန်တွေးလိုက်မိတော့ ကိုယ်အတွင်းရောအပြင်မှာပါ ဇောချွေးပြန်လာမိတယ် ယူရှောင်မော့ တိတ်တိတ်လေးပဲ လင်းရှောင်ကို ကျိန်ဆဲမိတယ် သားရဲထက်တောင် ဆိုးတဲ့ကောင်ပဲ ကောင်းကောင်းဆိုးဆိုး ဒါသူရဲ့ ပထမဆုံးအကြိမ်ပဲလေ သူက ဖက်တောင်ဖက်ထားမိသေးတယ်...

ရုတ်တရက် တံခါးဖွင့်သံ ကြားလိုက်ရတယ်

ယူရှောင်မော့က ဝင်လာတဲ့သူကိုကြည့်ပြီး ဆက်ကျိန်ဆဲမိတယ်...

ဝင်လာတဲ့သူက လင်းရှောင်လွဲပြီး ဘယ်သူမှ မဖြစ်နိုင်ပါဘူး

လင်းရှောင်အထဲကို ဝင်လာတော့ ယူရှောင်မော့ နိုးနေတာကို တွေ့လိုက်တယ် သူရယ်လိုက်ပြီး စားပွဲဆီကို လျှောက်သွားကာ ယူရှောင်မော့ကိုပေးဖို့ အခါးရည်ငှဲ့လိုက်တယ် "ညီငယ်လေး မင်းလည်ချောင်းတွေ ခြောက်နေမှာပဲ အရင်သောက်လိုက်ပါဦး"

ယူရှောင်မော့ သူ့ကို စိုက်ကြည့်လိုက်ပြီး ပါးစပ်ကို ဖွင့်လိုုက်တယ် သူ့လည်ချောင်းတွေခြောက်နေလို့ ကိုယ့်ကိုယ်ကို ဆိုးဆိုးဝါးဝါးလုပ်လိုက်မိသလို ခံစားရတယ်

လင်းရှောင်ချက်ချင်းပဲ ရေနွေးခွက်ကိုယူပြီး ရေဆာနေတဲ့သားရိုင်းတစ်ကောင်လိုသောက်လိုက်တယ် ပြီးတော့ ရေနွေးထပ်ဖြည့်ပေးလိုက်တယ် ယူရှောင်မော့ ဖြည်းဖြည်းပဲ လက်ခံယူလိုက်တယ်

သုံးခွက်မြောက်မှာတော့ လင်းရှောင်မေးလိုက်တယ် "ထပ်လိုချင်သေးလား"

ယူရှောင်မော့ ခေါင်းခါလိုက်တယ် "ဟင့်အင်း"

လင်းရှောင်ရေနွေးခွက်ကိုချလိုက်တယ် ပြီးတော့ ယူရှောင်မော့ဘေးကိုလာပြီး နာကျင်တာတွေပျောက်သွားအောင် နှိပ်ပေးနေလိုက်တယ်

ယူရှောင်မော့ သူ့ကို ကြည့်လိုက်တယ် သူ့ကိုဒီလောက်လေးကောင်းပေးရုံနဲု့ သူ့ဒေါသတွေပျောက်လိမ့်မယ်လို့ထင်နေတာလား... ဒါပေမယ့် လင်းရှောင်ကြောင့် သူနည်းနည်းသက်သာလာတာတော့ လက်ခံရမယ် လင်းရှောင်ရဲ့ အနှိပ်ကျွမ်းကျင်မှုကို သူနည်းနည်းတော့ အံ့သြသွားတယ် သူညည်းသံထွက်လုနီးပါးပဲ နာကျင်မှုတွေတော်တော်များများ လျော့သွားတယ် လင်းရှောင်မှာ ဒီလိုကျွမ်းကျင်မှုမျိုးရှိနေတယ်လို့ ဘယ်သူက ထင်မှာလဲ

လင်းရှောင်က ခေါင်းငုံ့လိုက်ပြီး ယူရှောင်မော့ နားထဲကို လေမှုတ်လိုက်တယ် "ညီငယ်လေး ကောင်းလား"

ယူရှောင်မော့ အတွင်းစိတ်ထဲမှာတော့ ခေါင်းညိမ့်လိုက်ချင်တယ် ဒါပေမယ့် သူအခုထိစိတ်ဆိုးနေတုန်းပဲ ဆိုတာကို သတိရလိုက်တယ် ဒါကြောင့် သူလုပ်ချောင်းလေးဆိုးလိုက်ပြီး ပြောလိုက်တယ် "နည်းနည်းတော့ အဆင်ပြေပါတယ်"

လင်းရှောင် သူရဲ့ထူးဆန်းတဲ့အမူအရာကို ကြည့်ပြီး အကျယ်ကြီးရယ်လိုက်မိိလုနီးပါးပဲ ဒါပေမယ့် သူထုတ်မရယ်လိုက်ဘူး သူ့လက်က အောက်ကိုဆင်းပြီး ယူရှောင်မော့ရဲ့ ပုခုံးလေးကို ပွတ်လိုက်တယ် ပြီးတော့ ခါးလေး..... ပြီးတော့... တင်ပါး.....

"အစ်ကိုလာလုပ်နေတာလဲ" ယူရှောင်မော့ ဒေါသတကြီး လှည့်လိုက်တယ်

လင်းရှောင်က သူ့ကို နှိပ်ပေးနေပေမယ့် အဲ့ဒီ ဝက်လက်တွေက သူ့ရဲ့တင်ပါးနားရောက်လုနီးပါးပဲ သူ့အပြုအမူကနေ သူ့မှာအကြံဆိုးကြီးတွေရှိနေတာ ဘယ်သူမဆိုသိနိုင်တယ်.....

T/n: ဝက်ဆိုတာက ညစ်ညမ်းတယ်လို့ ယုံကြည်ကြတယ် ဝက်လက်=ညစ်ညမ်းတဲ့လက်၊ (pervert ကို ညစ်ညမ်းတယ်လို့ သုံးထားပါတယ်)

လင်းရှောင်က ရယ်လိုက်တယ် "ငါမင်းကို ကူပြီးနှိပ်ပေးနေတာလေ, ah." သူ့လက်နှစ်ဖက်က အခုထိ ယူရှောင်မော့ တင်ပါးပေါ်မှာ ရှိတုန်းပဲ

ယူရှောင်မော့က သူ့ကို ပြင်းပြင်းထန်ထန် အော်ပစ်လိုက်တယ် "ကျွန်တော်မလိုဘူး!"

လင်းရှောင်က ပြောလိုက်တယ် "ဘယ်လိုဖြစ်နိုင်မှာလဲ၊ အခု င့ါအလုပ်က မင်းကို သက်သာသွားအောင် လုပ်ပေးဖို့လေ"

ယူရှောင်မော့ နှုတ်ခမ်းရွဲ့လိုက်တယ် ထပ်နာအောင်မလုပ်ပါနဲ့တော့ ဒီလောက်နဲ့တော်ပါပြီ လင်းရှောင်ဒီလောက်ကြင်နာလိမ့်လို့ သူယုံပါလိိမ့်မယ်.. "မလိုဘူးလို့ ကျွန်တော်ပြောနေတယ်လေ!"

သူလင်းရှောင်လက်ကို ရိုက်ထုတ်လိုက်ချင်ပေမယ့် နောက်ကို လှည့်လိုက်တာနဲ့ နာလွန်းလို့ ချက်ချင်းပဲ ငိုမိမတတ်ပဲ.....

"ကြည့်လေ မင်းအခု လှုပ်လို့မရသေးဘူး နည်းနည်းပဲဖြစ်ဖြစ် ငါမင်းကို ကူပြီး နှိပ်ပေးပါရစေ" လင်းရှောင် သူရဲ့ ခန္ဓာကိုယ် တစ်ဝက်ကိုသုံးပြီး မခုခံနိုင်အောင် ယူရှောင်မော့ကို အောက်မှာဖိထားလိုက်တယ်...

ယူရှောင်မော့က ပြန်ပြီးတိုက်ခိုက်ချင်ပေမယ့် သူမလုပ်နိုင်ဘူး ဒါပေမယ့် ဒီလူက တစ်ခုခုထပ်လုပ်လိုက်မှာကို ကြောက်နေတယ်... သူချက်ချင်းပဲ တွေးလိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်တယ် "ဒါနဲ့ ထန်ဖန်းနဲ့ ထန်ကျန်းသေတာက ဘယ်လိုဖြစ်တာလဲ ပြီးတော့ မနေ့က ရုတ်တရက်ပေါ်လာတဲ့ အဲ့ဒီမကောင်းဆိုးဝါးကရော ဘာလဲ အစ်ကို သူ့ကို ဖျက်စီးပစ်လိုက်လား"

ယူရှောင်မော့ရဲ့ မေးခွန်းအတွဲလိုက်ကြီးနဲ့ကြုံပေမယ့် လင်းရှောင် မျက်ခုံးက နည်းနည်းလေးတောင် လှုပ်မသွားပါဘူး ယူရှောင်မော့ ခေါင်းစဉ်ပြောင်းချင်နေတာ သူသိပါတယ် အဲ့ဒါကရယ်စရာကောင်းပေမယ့်လည်း သူဖြေလိုက်တယ် "ဒီအကြောင်းက လွန်ခဲ့တဲ့ နှစ် ရာကျော်ကို ပြန်သွားသင့်တယ်၊ ထန်ဖန်းက ထျန်းရှင်းဂိုဏ်းချုပ်မဖြစ်ခင်အချိန်ပေါ့"

လွန်ခဲ့တဲ့နှစ် ရာကျော်က ထျန်းရှင်းဂိုဏ်းကို ဂိုဏ်းချုပ်ယွီဦးဆောင်နေချိန် ထန်ဖန််းက ဂိုဏ်းချုပ်နေရာကို မြန်နိုင်သမျှမြန်မြန်လိုချင်ခဲ့တယ်

ဂိုဏ်းချုပ်ယွီက ကျော်ကြားမှုကိုမမက်ဘဲ အေးအေးနေတတ်တဲ့စရိုက်ရှိတယ် သူနံမည်ရလာတာ နှစ်နှစ်ရာကျော်လာပေမယ့် ဘယ်သူ့ကိုမှ တပည့်အဖြစ် လက်မခံသေးဘူး

အဲ့ဒီအချိန်မှာ လူတော်တော်များများက ထင်ကြတယ် နောက်ထပ် အချိန်တော်တော်ကြာအောင် သူ တပည့်လက်မခံလောက်ဘူးလို့ပေါ့ ဒါပေမယ့် သူလက်ခံခဲ့တယ် တစ်ယောက်တောင်မဟုတ်ဘူး နှစ်ယောက် ... ပြီးတော့ သူတို့နှစ်ယောက်က ညီအစ်ကိုတွေ ထန်ဖန်းနဲ့ ထန်ကျန်း...

ဂိုဏ်းချုပ်ယွီက သူတို့နှစ်ယောက်အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့တယ် အကောင်းဆုံးသော ၀ိညာဉ်လေ့ကျင့်နည်းတွေပေးရုံသာမကဘူး မှော်ဆေးလုံးတွေပေးဖို့လည်း မမေ့ခဲ့ဘူး ဒါကိုကြည့်ရင် သူ့နောက်က ဆက်ခံမယ့်ဂိုဏ်းချုပ်နေရာအတွက် သူတို့ကို လေ့ကျင့်ပေးနေတယ်ဆိုတာ ဉာဏ်ကောင်းတဲ့ဘယ်သူမဆို သိနိုင်တယ် ဒါပေမယ့် ဂိုဏ်းချုပ်နေရာက တစ်နေရာတည်း သူတို့က နှစ်ယောက်ဖြစ်နေတယ် ဂိုဏ်းချုပ်ယွီက ဂိုဏ်းချုပ်နေရာမှာ နှစ်နှစ်ရာသာနေခဲ့ပေမယ့် သူက ရည်မှန်းချက်ကြီးတဲ့သူဆိုတာ လူတော်တော်များများသိကြပါတယ် သူ့ရာထူးကို လွယ်လွယ်နဲ့တော့ စွန့်လွှတ်မှာ မဟုတ်ဘူး ဒါကြောင့်လည်း နောက်ထပ်ရွေးချယ်မှုက အချိန်တော်တော်ကြာတဲ့အထိ မလုပ်တာပေါ့ နောက်ထပ်နှစ်နှစ်ရာ၊ သို့ နှစ်ငါးရာ၊ သို့ နှစ်တစ်ထောင်လောက်တောင် ကြာကောင်းကြာသွားနိုင်တယ်.....

ဒါပေမယ့် ဂိုဏ်းချုပ်ယွီ မတော်တဆဖြစ်ခဲ့တဲ့ အခြေအနေကို ရောက်လာခဲ့တယ် ယန်ယီယူရှောင်မော့ကို ပြောတဲ့ အချိန်ပေါ့

အဲ့ဒီအချိန်က ထျန်းရှင်းဂိုဏ်းနဲ့ တစ်ခြားဂိုဏ်းတွေ ပြိုင်ပွဲလုပ်ဖို့ဆွေးနွေးနေတဲ့အချိန်ပေါ့ သူဆွေးနွေးပွဲသွားတက်ပြီး ဂိုဏ်းကိုအပြန်မှာ သူရယ် သူနဲ့အတူပါလာတဲ့ ဂိုဏ်းသားအချို့ရယ် မကောင်းဆိုးဝါးတွေရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ် အဲ့ဒီမကောင်းဆိုးဝါးတွေက ဂိုဏ်းချုပ်ယွီကို ပစ်မှတ်ထားနေတဲ့ပုံပဲ အထူးသဖြင့် အင်အားမြင့်တဲ့ မကောင်းဆိုးဝါးတွေပေါ့...

ဂိုဏ်းချုပ်ယွီသေပြီးတဲ့နောက်မှာ ထျန်းရှင်းဂိုဏ်းက အချိန်အကြာကြီး အရှုပ်အထွေးတွေ ဖြစ်ပေါ်နေခဲ့တယ် မကောင်းဆိုးဝါးတွေ ဂိုဏ်းချုပ်ယွီကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာက တစ်ယောက်ယောက်က သူတို့ကို သတင်းပေးခဲ့လို့ လို့ တစ်ချို့တွေက ပြောကြတယ် ဘာလို့လဲဆိုတော့ ဒီဆွေးနွေးပွဲလုပ်မယ့် အချိန်နဲ့နေရာကို သိတဲ့သူက သိပ်မရှိဘူးလေ

တစ်ချို့တွေကတော့ ဒါက တိိုက်ဆိုင်မှုလို့ ထင်ကြတယ် ဘာလိို့လဲဆိုတော့ တစ်ခြားဂိုဏ်းတွေလည်းပဲ မကောင်းဆိုးဝါးတွေတိုက်ခိုက်တာ ခံခဲ့ရလို့ ..... သူတို့က ပိုပြီးကံကောင်းခဲ့လို့ ဒဏ်ရာရတဲ့သူတွေက အခြေအနေသိပ်မဆိုးဘူး

ဘာသက်သေမှ မရှိတဲ့အတွက်ကြောင့် အဲ့ဒီဖြစ်ရပ်က မဖြေရှင်းနိုင်တဲ့ ပြသနာအဖြစ်ပဲ ရှိနေတယ်

နောက်ပိုင်းမှာတော့ ထျန်းရှင်းဂိုဏ်းအခြေအနေ တည်ငြိမ်မှုရှိဖို့ ယွမ်မော့က ထန်ဖန်းကို ကူညီဖို့ ထွက်လာခဲ့တယ် ဒါပေမယ့် တစ်ချို့ကတော့ ဂိုဏ်းချုပ်ယွီသေဆုံးမှုဟာ မရိုးသားဘူးလို့ တွေးကြတုန်းပါပဲ

နောက်ပိုင်းမှာတော့ အမှန်တရားက ထွက်ပေါ်လာခဲ့တယ် မကောင်းဆိုးဝါးတွေနဲ့ အတူလက်တွဲလုပ်တဲ့သူက ထန်ဖန်းနဲ့ ထန်ကျန်း ညီအစ်ကိုနှစ်ယောက်ပါပဲ ဂိုဏ်းချုပ်ယွီရဲ့ အနီးဆုံးက သူတွေပေါ့

အကြောင်းပြချက်ကတော့ သူတို့ ဂိုဏ်းချုပ်ယွီကို မုန်းလို့ပါပဲ ဒါက သူတို့ရဲ့ တောက်လောင်နေတဲ့ ရည်မှန်းချက်ပါပဲ

ဂိုဏ်းချုပ်ယွီက သူတို့ရဲ့ စွမ်းရည်နဲ့အရည်အချင်းတွေကို သိလို့ သူတို့ကို ပါဝင်စေခဲ့တာ ဒါပေမယ့် သူက သူတို့နှစ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက် သတ်စေချင်တာ အနို်င်ရတဲ့သူက ဂိုဏ်းချုပ်နေရာကို ရလိမ့်မယ်...

ဒါက တော်တော်လေးကို ဆွဲဆောင်မှုရှိတဲ့ အခြေအနေပဲ ဒါပေမယ့် ကံမကောင်းစွာပဲ ထန်ဖန်းနဲ့ထန်ကျန်းက သာမာန်ညီအစ်ကိုတွေလို မဟုတ်ဘူး

သူတို့မိဘတွေက သူတို့ငယ်ငယ်လေးတည်းက ဆုံးသွားခဲ့တယ် ဒါကြောင့် သူတို့ညီအစ်ကို နှစ်ယောက်က တစ်ယောက်အပေါ်တစ်ယောက်မှီခိုပြီး ဆယ်နှစ်ကျော်ကြာအောင် နေခဲ့ကြတာ သူတို့ရဲ့တစ်ယောက်အပေါ်တစ်ယောက်သက်ရောက်မှုက ထင်ထားတာထက်ပိုပြီးနက်ရှိုင်းတယ် ဒါက ထန်ကျန်းက ဂိုဏ်းချုပ်နေရာကို လက်လျှော့ရတယ်ဆိုတဲ့ အကြောင်းပြချက်ပဲ ဒါမှသာ သူ့အစ်ကိုက ချောချောမွေ့မွေ့နေရာယူနိုင်မယ်လေ.....

ဒါကြောင့်ပဲ သူတို့နှစ်ယောက်က ဂိုဏ်းချုပ်ယွီကိုသတ်ဖိုု့ လျို့ဝှက်ကြံစည်ခဲ့ကြတယ်..... ဖြစ်နိုင်တာကတော့ သူတို့က လူသားတွေဆီက လိမ်လည်တတ်တဲ့သဘာဝတွေ မရေမတွက်နိုင်အောင်ကြုံတွေ့ခဲ့ရပြီး ဆင်းရဲ့ဒုက္ခများစွာ ခံစားခဲ့ရလို့ပဲ..... သူတို့ရဲ့ စိတ်ထားတွေကလည်း ကောင်းကောင်းကလိန်ကျတတ်လာတယ်... အဲ့နောက်မှာ သူတို့က သူတို့ရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီး ထျန်းရှင်းဂိုဏ်းရဲ့ ထောင်ကို အပြစ်သားတွေ ချုပ်ပြီး သုတ်သင်တဲ့ဌာနအဖြစ် အသုံးပြုခဲ့ကြတယ် .....

နေ့တိုင်းပဲ အဲ့ဒီနေရာမှာ ဒါဇင်နဲ့ချီတဲ့အကျဉ်းသားတွေ သေခဲ့ကြတယ် သူတို့ရဲ့ လတ်ဆတ်တဲ့သွေးတွေကို အင်အားကြီးတဲ့မကောင်းဆိုးဝါး ဖန်တီးတဲ့နေရာမှာ အသုံးချကြတယ်..... အဲ့ဒီမကောင်းဆိုးဝါးက အင်အားအထွတ်အထိပ်ဖြစ်လာခဲ့ပြီး လုံထျန်းပြည်ကို လွှမ်းမိုးဖို့ သူတို့ရဲ့ရည်ရွယ်ချက်ဖြစ်မြောက်အောင် ကူညီခဲ့တယ်...... နှစ်နှစ်ရာလုံးလုံး သူတို့ညီအစ်ကိုနှစ်ယောက်က အတွင်းနဲ့အပြင် ပူးပေါင်းခဲ့တယ် အကြီးက အလင်းထဲမှာနေပြီး အငယ်က အမှောင်ထဲမှာပေါ့ ..... အဲ့ဒီတည်းက ဘယ်သူမှ မဖော်ထုတ်နိုင်ခဲ့တာ ...... ဒါပေမယ့် ထန်ဖန်းနဲ့ထန်ကျန်းရဲ့ လျို့ဝှက်ချက်က သူတို့သေပြီးတဲ့နောက်မှာတော့ လျို့ဝှက်အဖြစ်ရှိမနေတော့ပါဘူး .......

အမှန်တရားအားလုံးကို လင်းရှောင်ဖော်ထုတ်ပြီးနောက်မှာတော့ ထန်ဖန်းရဲ့အပေါင်းပါတွေကို ဘယ်လိုအစားထိုးမလဲဆိုတာက ယွမ်မော့ရဲ့ကိစ္စဖြစ်သွားပါပြီ .....

အဲ့ဒီမကောင်းဆိုးဝါးနောက်ဆုံးမှာဘယ်လိုပျောက်သွားလဲဆိုတာကို လင်းရှောင်က ယူရှောင်မော့ကို အကုန် မပြောပြဘူး စကားနှစ်ခွန်းသုံးခွန်းလောက်ပဲပြောပြီး ကျော်သွားလိုက်တယ်

ယူရှောင်မော့ကလည်း အဲ့လောက်ထိသိပ်ဂရုမစိုက်ပါဘူး လင်းရှောင်သတ်လိုက်တယ်လို့ပဲ တွေးလိုုက်တယ် .......

နောက်တစ်နေ့မှာတော့ ယူရှောင်မော့က နောက်ဆုံးအိပ်ရာထဲက ထွက်လာပါပြီ...

အဖြစ်အပျက်တွေအပြီးမှာ လူအများကြီး သူ့ဆီလာလည်ကြတယ် ဒါပေမယ့် တော်တော်များများကို သူမရင်းနှီးဘူး ... သူတို့ဘာလို့လာလည်လဲဆိုတာတော့ သိသာပါတယ်...

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ခုံးဝမ်ပျောက်ဆုံးမှုသတင်းက ပျံ့နှံ့လာပါပြီ.....

ပထမတော့ တစ်နေရာကိုသွားတာလိို့ပဲ အကြီးအကဲတွေနဲ့ ဆရာတူအစ်ကိုတွေကထင်ကြတယ် ဒါပေမယ့် ရက်နည်းနည်းကြာပြီးနောက်မှာလည်း ပြန်လာတာကို မတွေ့ရသေးဘူး ... သတင်းတစိုးတစိမှတောင်မကြားရတော့ တစ်ခုခုတော့ မှားနေပြီလို့ ခံစားလာရတယ်... ဒါကြောင့် လိုက်ရှာဖို့ လူတွေလွှတ်လိုက်ပေမယ့် အဖြေကတော့ လုံးဝရှာမတွေ့တာပဲ .....

ပြီးခဲ့တဲ့ရက်တွေမှာ သူ့အစ်ကိုတွေ ခုံးဝမ်ကို လိုက်ရှာနေကြတယ်လို့ ယူရှောင်မော့ ကြားခဲ့တယ်...

လူတွေသိသွားမှာကြောက်လို့ ယူရှောင်မော့က သူ့အခန်းထဲမှာပဲပုန်းနေပြီး အပြင်ကို ခြေတစ်လှမ်းလေးတောင် မထွက်ဘူး .....

လင်းရှောင်က အပြင်ထွက်ဖို့ သူ့ကို အကြိိမ်ပေါင်းများစွာ လာခေါ်ပေမယ့် ယူရှောင်မော့ကတော့ အိပ်ရာပေါ်မှာပဲ အသေကောင်လိုနေပြီး အပြင်ထွက်ဖို့ ငြင်းနေတယ်... လင်းရှောင်က သူ့ကို အပြင်ထွက်ဖို့တော့ အတင်းဖိအားပေးမခေါ်ထုတ်ဘူး မဟုတ်ရင် သူ အမဲလိုက်ခွေးတွေလိုုုပဲ ငိုမိလိမ့်မယ် ဒါကြောင့်ပဲ ဒီရက်တွေမှာ လင်းရှောင်က သူ့ဆီမှာ ပြောင်းလာနေတယ်..... အိပ်ရာက ကျဉ်းလို့ ကျို့ဖုန်းက ကြီးတာနဲ့လဲဖို့ အကြံပေးပေမယ့် လင်းရှောင်ကတော့ ငြင်းပါတယ်...

နောက်နေ့မှာတော့ သူတို့ရဲ့အခန်းကျဉ်းလေးကိုမဖိတ်ခေါ်ထားတဲ့ ဧည့်သည် ရောက်လာခဲ့တယ် ........

Continue Reading

You'll Also Like

176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
78.2K 4.3K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
7.1K 978 22
Jungkook Atlas Francis - Taehyung Rowan Elliot
581K 36.6K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...