Mysterious Love ( Completed )
By yoon_085
620K 60.1K 3.9K
လောကမှာ မမြင်နိုင်တဲ့အရာတွေ အများကြီးရှိတယ် ကိုယ်ကမမြင်ရတာနဲ့ပဲ မရှိဘူးလို့ပြောလို့မရဘူး အက်မမြင်ရတဲ့ အရာတွေက... More
Part 1 ~ Xiao Family
Part-2 ~Wrong face🔞🚨
Part-3 ~Sad Song
Part -4~ Leader Wang
Part-5 ~Picture
Part -6 ~ Piano
Part -7~ Argument
Part-8 ~ Lonely
Part -9 ~ Truth
Part -10~Darkness
Part-11~Cheating
Part-12~Party Night 🔞🚨
Part-13~ Attention 🔞🚨
Part-14 ~ It's hurt
Part-15~ Mirror
Part-16~Broken Photo
Part-17 ~ Mansion
Part -18 ~ Scream
Part-19 ~Red Lady
Part-20 ~ Cctv Records
Part-21~It's call Love 💚❤
Part-22~ Nightmare
Part-23~ Dating (1)
Part-24~Dating (2)
Part - 25~ Clue (1)
Part -26~ Clue (2)
Part-27~Love Drug 🔞🚨
Part-28 ~ Dream
Part-29~Cheater
Part-30 ~ Past (1)
Part-32 ~Sleep Walking
Part-33 ~The Church
Part -34~ Love Poem 🔞🚨
Part -35~ Come Along
Part -36 ~ Terrify
Part- 37~ Unexpected
Part -38~Who is murderer?
Part -39 ~ Tears
Part-40 ~Twin Flame 🚨🔞
Part -41~ Belief ( Final )
Extra - I 🔞🚨
Holloween Special
one shot
Announcement !!
Part-31 ~Past (2)
10K 1.3K 111
By yoon_085
Mysterious Love
Unicode
မနေ့ကညထဲကမိုးတွေသည်းထန်စွာရွာထားတာကြောင့် စံအိမ်ကိုလာတဲ့လမ်းတလျှောက်ရေများအိုင်ထွန်းနေတာမို့ လမ်းကိုသတိထားပြီးလျှောက်လာရတယ် ။
ခြံစောင့်ယဲ့နဲ့အတူသောက်မယ်ပြောထားပြီးမှ သူ့ရဲ့သမီးရောက်လာတာကြောင့်မနေ့ညကစံအိမ်ဆီ မသွားဖြစ်တာမို့မနက်စောစောသူ့သမီးလုပ်ထားပေးတဲ့ ဆန်ပြုတ်ဗူးကိုယူပြီးအလုပ်သမားအိမ်ရာတွေ ဘက်ကိုလျှောက်လာတယ် ။
" ဟေ့ ခြံစောင့်ယဲ့ရေ ခြံစောင့်ယဲ့ ''
သူအိမ်တွေဘက်လိုက်အော်ခေါ်သော်လည်း ဘယ်သူမှမတွေ့ ။
" ဒီလူကြီးကတော့မနက်အစောကြီးထဲက သန့်ရှင်းရေးတွေလုပ်နေပြန်ပြီလားမသိဘူး ''
အိမ်ထဲမှာဆန်ပြုတ်ဗူးတွေထားခဲ့ပြီးခြံထဲများသန့်ရှင်းရေးလုပ်နေမလားဆိုပြီး ခြံထဲလိုက်ရှာကြည့်လိုက်တယ် ၊သူရေကူးကန်ဘက်အကျော်ထိလျှောက်လာပြီး အောက်ဘက်ကိုကြည့်တော့သွေးအိုင်ထဲမှာလဲနေတဲ့ ခြံစောင့်ယဲ့ ။
" ခြံစောင့်ယဲ့ ခြံစောင့်ယဲ့ ဟာ ခေါ်လို့လဲမရဘူး ''
သွေးအိုင်ထဲလဲနေတဲ့ ခြံစောင့်ယဲ့ကိုဘယ်လိုမှခေါ်မရတာ ကြောင့်ဖုန်းကိုထုတ်ပြီးအရေးပေါ်ဖုန်းကိုဆက်လိုက်တယ်
ခြံစောင့်ယဲ့ကိုလဲကျနေတဲ့နေရာကနေကုန်းပိုးကာ
ရေကူးကန်ဘေးကpool chairမှာတင်လိုက်ရတယ်
ခဏကြာတော့လူနာတင်ကားရောက်လာတာမို့လို့ လိုက်သွားဖို့လုပ်ပေမယ့်စံအိမ်ကိုစောင့်ဖို့ လူမရှိတာကြောင့်နေခဲ့လိုက်ရတယ် ။
ခြံစောင့်ယဲ့လဲကျရာနေရာကိုကြည့်လိုက်တော့ ဖန်ကွဲတွေနဲ့သွေးများကရောနှောလျက် ၊သူအပေါ်ကိုမော့ကြည့်လိုက်တော့စံအိမ်ရဲ့ အပေါ်ထပ်ထောင့်ဆုံး မမလေးအခန်းကမှန်တွေကွဲ နေတာမြင်လိုက်တယ် မှန်ကွဲနေတဲ့အခန်းကိုမော့ကြည့်
လိုက်တော့ပြတင်းပေါက်နားမှာ လူရပ်နေတာ ဖြတ်ခနဲတွေ့လိုက်တာကြောင့် သူသေချာပြန်ကြည့်တော့ ဘာမှမတွေ့တော့တာကြောင့်စိတ်ထင်တာနေမှာပါဟုသာ ဖြေသိမ့်ပြီးစံအိမ်အခြေနေကိုကြည့်ဖို့ အိမ်ထဲဝင်လိုက်တယ် ။
" ညကသူခိုးများကပ်လို့လားမသိဘူး ''
စံအိမ်ထဲကိုဝင်ဖို့လုပ်တော့အိမ်ရှေ့တံခါးမကြီးက ပွင့်နေတာကြောင့်သူလဲဒီတိုင်းပဲဝင်လာလိုက်တယ် စံအိမ်ထဲဝင်ဝင်ချင်းစာကြည့်ခန်းတံခါးက ပွင့်နေတာကြောင့်ပစ္စည်းတွေများပါသွားပြီလား စိုးရိမ်ပြီးဝင်ကြည့်တော့အားလုံးကသပ်သပ်ရပ်ရပ်ပဲ ဘာပစ္စည်းမှလဲမပျောက်တာကြောင့်ပြန်ထွက်ဖို့လုပ်တော့ သူ့မျက်လုံးထောင့်ကနေအရိပ်လိုလိုတွေ့လိုက်ရတာ ကြောင့်သူလှည့်ကြည့်လိုက်တော့စီရီစွာရှိနေတဲ့စာအုပ်များ...
စန္ဒယားဘက်ကိုသူလျှောက်သွားတော့ စန္ဒယားအဖုံးက
ဖွင့်ထားတာကြောင့် ထိုအဖုံးကိုပိတ်လိုက်ပြီးအခန်းပြင်ကို
ထွက်လာခဲ့လိုက်တယ်အပေါ်ထပ်ကအခန်းကပြုတ်ကျတာဖြစ်တာကြောင့်အပေါ်ကိုလိုက်စစ်ဖို့သွားလိုက်တယ် ထိုထောင့်ဆုံးအခန်းကပွင့်လျက်သားရှိနေတာကြောင့် အခန်းတွင်းကိုဝင်လိုက်တော့မီးအိမ်များကလဲကျကာ ခုံများလဲဖရိုဖရဲဖြစ်နေပြီးမှန်ကွဲတချို့ပါပြန့်ကြဲနေတာမို့ အခန်းထဲသတိထားလျှောက်ကာကြည့်လိုက်တယ် ၊
တခြားအခန်းတွေကိုလဲထပ်ပြီးသွားကြည့်ပေမယ့် သော့တွေပိတ်ထားတာကြောင့်ဒီတိုင်းပဲပြန်ဆင်းလာပြီး သခင်ကြီးတို့ထံစံအိမ်အကြောင်းသတင်းပို့လိုက်တယ် တော်သေးတာကစံအိမ်မှာမှန်ကွဲရုံလောက်သာဖြစ်ပြီး ဘာပစ္စည်းမှပါမသွားတာပင်သူလဲစံအိမ်တံခါးတွေ သေချာပိတ်ပြီးဆေးရုံလိုက်သွားတယ် ။
ဆေးရုံရောက်တော့ခြံစောင့်ယဲ့ရဲ့သားရောက်နေပြီဖြစ်တာ ကြောင့်အကျိုးကြောင်မေးဖို့သူတို့ဆ်ီသွားတယ် ၊
" မင်းအဖေ အခြေနေဘယ်လိုရှိလဲ ''
" အမြင့်ကနေပြုတ်ကျတာကြောင့် ခေါင်းကိုတော်တော်ထိသွားတယ်ပြောတယ် ပြီးတော့သွေးထွက်လွန်သွားတာကြောင့် ဦးနှောက်သွေးခဲမှုမဖြစ်အောင် operating ဝင်နေတယ် ''
" အေးကွာစံအိမ်ထဲကိုဖောက်ထွင်းတဲ့သူများဝင်လာလို့ များလားမသိပါဘူး တစ်ခါမှဒီလိုမဖြစ်ဘူးပါဘူး ''
သူတို့ခွဲခန်းရှေ့မှာထိုင်စောင့်နေတုန်းသခင်ကြီးတို့ရဲ့ ရုံးခွဲဘက်ကလူတစ်ယောက်ရောက်လာပြီးခြံစောင့်ယဲ့ ရဲ့ဆေးရုံစရိတ်တွေလာပေးတယ် ခြံစောင့်ယဲ့ရဲ့သားကလဲ အလုပ်မရှိတော့တာကြောင့်ခြံထဲမှာပဲအလုပ်သမားအဖြစ် ဆက်စောင့်ဖို့သခင်ကြီးကိုမေးတော့သခင်ကြီးက
ခွင့်ပြုတာနဲ့ သူတို့ဆေးရုံကဆင်းတာနဲ့ ခြံထဲမှာနေထိုင်ဖို့ရသွားတယ် ။
ခြံစောင့်ယဲ့ operating ဝင်ပြီး၅ရက်လောက်ထိက သတိမရသေးတာကြောင့်သူတစ်လှည့်သူ့သားတွေ တစ်လှည့်စောင့်ပေးတယ်ခြံထဲမှာလဲစောင့်မယ့်လူမရှိ တာကြောင့်ခြံစောင့်ယဲ့သားကစံအိမ်မှာစောင့်ဖို့နဲ့ ပြတင်းပေါက်အသစ်တွေလဲဖို့စံအိမ်ဆီပြန်သွားတယ် ။
ထို၅ရက်မြောက်နေ့မှာ ခြံစောင့်ယဲ့ကသတိရလာတာမို့ ဆရာဝန်တွေစစ်ဆေးကြည့်တော့ အဆင်ပြေသေးပေမယ့် စောင့်ကြည့်ရဦးမယ်တဲ့ခြံစောင့်ယဲ့ကလဲစကားလုံးဝ မပြောဘဲနေရာတစ်ခုထဲကိုပဲထွေထွေကြီးငေးကာနေတယ်
" ယဲ့မျိုးရိုးရယ် ခင်ဗျားကံကောင်းလို့မသေတယ် ဘယ်လောက်ပဲဖောက်ထွင်းတဲ့သူကိုလိုက်ဖမ်းဖမ်း
ကိုယ့်ဘာသာတော့ဂရုစိုက်သင့်တယ် အခန့်မသင့်ရင်သေနိုင်တယ် ''
" ခြံစောင့်လီ ခင်ဗျား ခြံစောင့်လီ ''
သူ့အသံကြောင့်တုန်တုန်ရီရီနဲ့ မေးလာတာကြောင့်သူလဲ ခြံစောင့်ယဲ့လက်ကိုကိုင်ကာအားပေးလိုက်တယ် ။
" အဲ့အိမ် အဲ့အိမ်ထဲမှာသရဲရှိတယ် အဲ့အိမ်ကြီးမှာသရဲရှိတယ် ''
" ခြံစောင့်ယဲ့ ခင်ဗျားစိတ်ထင်လို့ဖြစ်မှာပါ ခင်ဗျားနဲ့ကျုပ်
တစ်သက်လုံးစံအိမ်မှာခြံစောင့်လုပ်လာတာ ဘာမှမဖြစ်ဘူးလေ''
" မဟုတ်ဘူးရှိတယ် အဲ့သရဲကမိန်းကလေး ကျုပ်ကိုသူကိုယ်တိုင်တွန်းချတာ ''
" အရမ်းစိတ်လှုပ်မရှားနဲ့ ကျုပ်ကိုဖြေးဖြေးချင်း ပြောဟုတ်ပြီလား ''
" ကျုပ် ကျုပ်ညကစံအိမ်ထဲမှာ''
ခြံစောင့်ယဲ့ရဲ့စကားတွေကိုကြားပြီးသရဲဆိုတာက ဖြစ်နိုင်ပါ့မလားတွေးပေမယ့် သူ့ပုံစံကထိုကိစ္စကို အရမ်းကိုတုန်လှုပ်ပြီးကြောက်ရွံနေတာကြောင့် ယုံရခက်မယုံရခက်ဖြစ်နေတယ် ။
သူထိုကိစ္စကိုယုံရမလားမယုံရမလားတွေးနေတုန်း...
" မလာနဲ့ မလာနဲ့လို့ပြောနေတယ် ငါ ငါကြောက်လို့ပါ ဟီး မလာနဲ့ သွား ''
ခြံစောင့်ယဲ့ကသူ့နားကိုလက်နှစ်ဖက်နဲ့ပိတ်ကာ ကြောက်လန့်နေတာမို့သူ့ကိုသွားထိတော့သူ့လက်ကိုပါ ပုတ်ထုတ်လိုက်ပြီးကြောက်လန့်တကြားငိုနေတာမို့ ဆရာဝန်တွေပြေးခေါ်လိုက်တယ် ။
ဆရာဝန်တွေရောက်လာတော့လဲကြောက်လန့်တကြားနဲ့ အော်ဟစ်ငိုကြွေးကာရုန်းကန်နေတာမို့လို့ စိတ်ငြိမ်ဆေးနဲ့ မေ့ဆေးထိုးပေးလိုက်တော့မှငြိမ်သက်ပြီး အိပ်ပျော်သွားတယ် ။
" ဦးနှောက်ကိုထိသွားတာကြောင့်အဲ့အရှိန်နဲ့ နောက်ဆက်တွဲပြဿနာဖြစ်တာပါပြီးတော့လူနာက အသက်လဲကြီးနေပြီဖြစ်တော့ပြန်ပြီးနလန်ထူဖို့ကမလွယ်ဘူးအဲ့ဒါကြောင့်တစ်ချက်တစ်ချက်အခုလို သတိလွတ်သွားတဲ့အချိန်လဲရှိနိုင်သလိုသူစိတ် ပြန်လည်နိုင်တဲ့အခါလဲရှိတယ် လုံးဝအကောင်းကြီး ဖြစ်မယ်လို့တော့ကျွန်တော်တို့ဘက်ကအာမခံပေးလို့ မရဘူး ''
ဆရာဝန်ပြောတဲ့စကားတွေကြားပြီးခြံစောင့်ယဲ့အတွက်
စိတ်မကောင်းပေ ဒီနေ့တော့သူ့သားကဆေးရုံစောင့်မှာ
ဖြစ်တာမို့သူစံအိမ်မှာတစ်ညလောက်သွားနေဖို့ ဆုံးဖြတ်လိုက်တယ် ။
ညနေ ၆နာရီလောက်ထဲကခြံတံခါးတွေသေချာပိတ်ကာ ခြံထဲလိုက်စစ်ပြီး အလုပ်သမားအိမ်ရာလေးထဲဝင်
နေလိုက်တယ် စံအိမ်ထဲကလျှပ်စစ်မီးတွေကိုလဲချထား လိုက်တာကြောင့်သူတို့ဘက်ကအလုပ်သမား အိမ်ရာဘက်ကမီးလေးသာထိန်လင်းလျက် ။
သူအိမ်ထဲမှာစောင့်နေရင်းနဲ့ ဘယ်ကနေဘယ်လို အိပ်ပျော်သွားလဲမသိသူနိုးတော့ ည၁၂ နာရီကျော်နေပြီ ညဘက်ကြီးထပ်ပြီးခြံထဲထွက်ကြည့်ဖို့လုပ်တော့ သူ့တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထကာ အံသြသွားရတယ် ၊အကြောင်းကတော့ သူစံအိမ်ထဲကလျှပ်စစ်မီးတွေကိုမိန်းတွေသေချာချကာ ပိတ်ထားခဲ့တာဖြစ်လို့ပဲ မှားနိုင်စရာအကြောင်း
မရှိပေ၊ ခြံစောင့်ယဲ့ပြောလို့သူသေချာကိုပိတ်ခဲ့တာ အခုတော့စံအိမ်တစ်ခုလုံးကမီးတွေလင်းထိန်လျက် ။
သူ့တစ်ကိုယ်လုံးသွေးတွေပြောင်းပြန်စီးသွားသလား
ထင်ရအောင်ကိုတုန်လှုပ်သွားတယ်သူအိမ်ထဲပဲဝင်ကြည့် ရမလား အပြင်ကပဲစောင့်ကြည့်ရမလားမဝံမရဲဖြစ်နေ
တာကြောင့် သူအပြင်ဘက်ကပဲစံအိမ်ကိုကြည့်နေမိ
လိုက်တယ် ခဏကြာတော့စံအိမ်ရဲ့ဝရန်တာဘက်မှာ အင်္ကျီအနီနဲ့ အမျိုးသမီးတစ်ယောက် ဖြတ်လျှောက်သွားတာတွေ့လိုက်ရတယ် ။
အမြင်များမှားတာလားဆိုပြီးမျက်လုံးကိုသေချာပွတ်
ကြည့်တော့လဲမမှားပေထိုအမျိုးသမီးမှအမျိုးသမီးအစစ်
သူ့နားထဲခြံစောင့်ယဲ့ပြောတာတွေနားထဲဝင်လာတယ် ။
' အင်္ကျီအနီနဲ့မိန်းကလေးကစန္ဒယားတီးနေတာ '
' အဲ့မိန်းကလေးကကျုပ်ဘယ်နေရာပုန်းပုန်း နေရာကိုသိနေတာ '
' ကျုပ် ကြောက်အားလန့်အားနဲ့ပြေးပေမယ့်သူက ကျုပ်ကိုတွန်းချတာ '
စတဲ့စကားပေါင်းများစွာနဲ့ လူကိုယ်တိုင်မြင်လိုက်ရတဲ့ အခါမှာတစ်ကိုယ်လုံးတောင့်တင်းပြီး ဘာမှကိုမလှုပ်နိုင်အောင်ဖြစ်သွားတယ် တကယ်တည်းကြုံလာတဲ့အခါသွားကြည့်ဖို့မပြောနဲ့ ဆက်ကြည့်ဖို့တောင်သတ္တိမရှိတော့တာကြောင့် အလျင်အမြန်ပဲ အိမ်ထဲကောက်ဝင်လိုက်ပြီး လက်ဝါးကပ်တိုင်ကိုကိုယ်နဲ့မကွာကိုင်ထားလိုက်တယ် ။
တစ်ညပဲထိုတစ်ညပဲဆိုပေမယ့်သူ့မှာအိမ်ထဲမှာ အထိတ်ထိတ်အလန့်လန့်နဲ့ကျီးလန့်စာစားနေရသလိုပဲ ထိုတစ်ညလုံး လုံးဝမအိပ်ဘဲမနက်မိုးလင်းတော့မှ ခပ်သုတ်သုတ်သုတ်ပြန်ခဲ့လိုက်ပြီးနောက်ဘယ်တော့မှ စံအိမ်ဘက်ကိုခြေဦးတောင်မလှည့်တော့ဘူး...
______________<<<<<<<<_____________
" ဦးလေးပြောတာယုံပါ အဲ့မကောင်းဆိုဝါးက ဘယ်ချိန်ကနေဘယ်လိုထွက်လာမယ်မှန်း မသိတာကြောင့်အမြန်ပြောင်းရင်ကောင်းလိမ့်မယ် ''
" ကျွန်တော်တို့လဲ အိမ်မှာထူးဆန်းတာတွေဖြစ်တာတော့ သတိထားမိပါတယ်ဒါပေမယ့်အရမ်းဆိုးဆိုးဝါးဝါးကြီး မဖြစ်သေးတာကြောင့်ကျွန်တော်တို့နေနေတာ ချက်ချင်းပြောင်းဖို့ကလဲမလွယ်ဘူး အလုပ်ကိစ္စတွေကလဲရှိသေးတယ် ''
"အကိုလေးရယ် ကျွန်တော်ပြောတာယုံပါဖြစ်နိုင်ရင် အဲ့ဟာကြီးကဘယ်ချိန်ဒုက္ခပေးနိုင်မှန်းမသိဘူး ''
"ဟုတ်ကဲ့ ယုံတာတော့ယုံပါတယ်ပြောင်းဖို့က ခက်နေသေးလို့ပါ ''
" သခင်လေး ဒါလေးယူထားလိုက်ပါ ''
ထိုဦးလေးကြီးကရှောင်ကျန့်လက်ထဲဆွဲကြိုးလေးနှစ်ကြိုး လာပေးတယ်လက်ဝါးကပ်တိုင်ပုံပါတဲ့ဆွဲကြိုးလေး ။
" ဒီဆွဲကြိုးလေးကကျွန်တော်ကိုးကွယ်တဲ့ဖာသာ ပေးထားတဲ့မန်းထားတဲ့ဆွဲကြိုးလေးပါ သခင်လေးတို့ကိုယ်နဲ့မကွာဆောင်ထားပါ ဒါဆိုကျွန်တော်သွားလိုက်ဦးမယ် ''
" ဟုတ်ကဲ့ကျေးဇူးပါ ''
ထိုဦးလေးကြီးကစံအိမ်ကိုဘယ်လောက်ကြောက်လန့် နေလဲမသိပြန်သွားတာတောင်စံအိမ်ထဲကနေ
ကြောက်ကြောက်လန့်လန့်နဲ့ခပ်သုတ်သုတ် ထွက်သွားတယ်
" ရိပေါ် မင်းဘယ်လိုထင်လဲအဲ့ဦးလေးပြောသလို စံအိမ်ထဲမှာအဲ့သရဲကငါတို့ကိုဒုက္ခပေးမယ်ထင်လား ''
ရှောင်ကျန့်ကထိုဆွဲကြိုးနှစ်ခုကိုကိုင်ကာ ပြတင်းပေါက်ကနေတစ်ဆင့် ထိုဦးလေးကြီး ထွက်သွားတာကိုကြည့်ပီးရိပေါ်ကိုမေးလိုက်တယ် ။
ရိပေါ်ကပြတင်းပေါက်ဘက်ကိုမျက်နှာမူကာ သူ့ကိုကျောပေးထားတဲ့ရှောင်ကျန့်နောက်ကျောဖက်လိုက်ပြီးပခုံးပေါ်မေးတင်လိုက်တယ် ။
" ငါ့အတွက်တော့သရဲတွေဘာတွေ စိတ်မဝင်စားဘူး ငါ့နားမှာမင်းရှိနေဖို့ပဲလိုတယ် မင်းမရှိရင်ငါ့ဘဝက သရဲခြောက်ခံရတာထက်ကိုစိုးမှာစိုးလို့ ''
" ရိပေါ် !! နောက်မနေနဲ့ငါစကားအတည်ပြောနေတာ ''
"ဟင့်အင်း ငါမနောက်ဘူးငါလဲအတည်ပြောနေတာ ''
ရိပေါ်ကရှောင်ကျန့်ရဲ့ဂုတ်ကိုနမ်းပြီးပြောလိုက်တယ် ။
" ရိပေါ် ငါတို့ခြံစောင့်ယဲ့ဆီမှာသွားမေးကြည့်ရင် မကောင်းဘူးလား ''
"သူကစိတ်မနှံဘူးလေသွားမေးတော့ရောဘာထူးမှာလဲ ''
"သူကတစ်ခါတစ်လေအသိစိတ်ကပ်တဲ့အချိန်လဲရှိတာပဲ လာပါဘာမှမသိတာထက်အားလုံးကိုကြုံတွေ့လိုက်ရတဲ့ ခြံစောင့်ယဲ့ကိုသွားမေးတာမှတစ်စွန်းတစ်ဆသိနိုင်တယ် ''
" အင်းပြီးရောလေ မင်းသဘောငါကမင်းဘာလုပ်လုပ် မင်းနောက်ကနေရပ်တည်ပြီးသား ''
ရိပေါ်ကသူ့ဘက်ကိုလှည့်လာတဲ့ရှောင်ကျန့်ရဲ့ နှုတ်ခမ်းတွေကိုခပ်ဖွဖွနမ်းလိုက်တယ် ။
" ရိပေါ် ဟိုမှာရှောင်ဟန်ဘာဖြစ်နေတာလဲမသိဘူး ''
ရှောင်ကျန့်တစ်ယောက်အပေါ်ထပ်ကနေရှောင်ဟန်
အထိတ်ထိတ်အလန့်လန့်နဲ့ထွက်ပြေးလာတာ မြင်တာကြောင့်ပြောလိုက်ပေမယ့် သူ့ရဲ့နှုတ်ခမ်းတစ်ခုလုံးကိုရိပေါ်ကသိမ်းပိုက်သွားပြီ ရှောင်ကျန့်လဲရိပေါ်ရဲ့အနမ်းတွေအောက်မှာစီးမျောရင်း ရိပေါ်နဲ့ထပ်တူအနမ်းတွေထပ်တူကျလို့ ။
" ကိုယ့်ကိုကြည့်ဘယ်သူ့ကိုမှမကြည့်ဘဲနဲ့ကိုယ့်ကိုပဲကြည့် တစ်လောကလုံးကမ္ဘာပျက်နေရင်တောင် မင်းကကိုယ့်ကိုပဲကြည့်နေပေးပါ ကိုယ်ကမင်းကကာကွယ်ပေးမှာမို့လို့ ''
ရိပေါ်ရဲ့စကားကြောင့်ရှောင်ကျန့်ကျေနပ်သွားပေမယ့် မျက်စောင်းလေးထိုးကာရိပေါ်ကိုရှက်ရမ်းရမ်းပြီး ရိုက်လိုက်တယ် ။
" စကားတက်နေတယ် လာခြံစောင့်ယဲ့ဆီက တစ်ခုခုများသိမလားသွားမေးရအောင် ''
ရှောင်ကျန့်ရိပေါ်ကိုခေါ်ကာခြံစောင့်ယဲ့ဆီသွားဖို့ နှစ်ယောက် လုံးအပေါ်ထပ်ကနေဆင်းလာတယ် သူတို့ အိမ်ရှေ့တံခါးကိုဖွင့်လိုက်တော့အိမ်ထဲကိုတစ်ခုခုကို ကြောက်လန့်ပြီးဝင်လာတဲ့ရှောင်ဟန်နဲ့တွေ့တယ် ။
" ရှောင်ဟန် ဘာဖြစ်လာတာလဲ ရရဲ့လား ''
" အာ မဖြစ်ပါဘူး ရပါတယ် ''
ရှောင်ဟန်ကထိုမျှသာပြောပြီးအိမ်ထဲကိုသာတန်းဝင်
သွားတယ် ရှောင်ကျန့်တို့ကလဲခြံထဲကိုထွက်လာတယ် ။
" အကိုလေး ကျွန်တော့်ကိုဘာခိုင်းစရာများရှိလို့လဲဗျ ''
" အာ ခိုင်းစရာတော့မရှိပါဘူးဟိုယဲ့ဦးလေးကြီးကို တွေ့ချင်လို့ ''
" အဖေလား အဖေကအိမ်ထဲမှာရှိလောက်မယ်ထင်တယ် ကျွန်တော်ခေါ်ပေးရမလား ''
" ရပါတယ် ကျွန်တော်ပဲသွားတွေ့လိုက်ပါမယ် ''
" ဟုတ်ကဲ့ အကိုလေးတို့ခိုင်းစရာရှိရင်ကျွန်တော့်ကိုခေါ်
လိုက်နော် ''
"ဟုတ်ကဲ့ပါ ''
ရှောင်ကျန့်တို့နှစ်ယောက်ထိုအိမ်ထဲကိုဝင်သွားတော့ တစ်နေရာထဲကိုထွေထွေကြီးကြည့်နေတဲ့ဦးလေးကြီးကို တွေ့တော့ဘယ်ကနေဘယ်လိုစကားစရမှန်းမသိ....
" ဦးလေး ဦးလေးစံအိမ်ကြီးအကြောင်းသိလားဟင် ''
"ရှောင်ကျန့်သူကစိတ်အခြေနေကောင်းတဲ့သူ မဟုတ်ဘူးနော်အဲ့လိုမေးလို့သူကဖြေမယ်ထင်လို့လား ''
"ငါလဲမသိဘူးလေကွာဘယ်ကဘယ်လိုစမေးရမှန်းမှမသိတာ''
" စံအိမ် စံအိမ်...''
"ဟုတ်တယ် ဦးလေး စံအိမ်အကြောင်းလေ စံအိမ် ''
" မမလေး မမလေးကစံအိမ်မှာရှိနေတယ် ''
" ဗျာ !!? "
ရိပေါ်ရောရှောင်ကျန့်ရောနှစ်ယောက်လုံးအံသြသွားတယ် မင်အာကစံအိမ်မှာရှိတယ်တဲ့လား
" ဦးလေး ရှင်းရှင်းပြောပါလားဟင် ကျဲက ကျဲကစံအိမ်မှာရှိတာ ဘာကိုပြောတာလဲ ''
" မမလေးကကြောက်စရာကြီး ပြီးတော့ ပြီးတော့ မမလေးကသွေးတွေအများကြီးနဲ့ ''
" ဦးလေး ရှင်းရှင်းလေးပြောလို့မရဘူးလား ''
ရှောင်ကျန့်ဘယ်လိုမေးမေးဦးလေးကြီးကသွေးတွေ သွေးတွေဟုပဲအော်နေတာကြောင့် ရှောင်ကျန့်လဲမေးဖို့
လက်လျှော့လိုက်ရတယ် အခုသူ့မှာက သူ့ရဲ့အမပျောက်တာကတစ်မှု ၊ စံအိမ်ထဲက ဘာမှန်းမသိတဲ့မကောင်းဆိုးဝါးကတစ်မှု
ရှောင်ကျန့်တို့နှစ်ယောက် လှည့်ပြန်ဖို့လုပ်တော့.....
" မမလေးကသေသွားပြီ''
ထိုစကားကိုကြားလို့ရှောင်ကျန့်လှည့်ကြည့်လိုက်တော့ ဦးလေးကြီးကသူတို့ကိုတည်တည်ငြိမ်ငြိမ်နဲ့ စိုက်ကြည့်ကာပြောနေတယ် ။
" ဦးလေး ဘာသဘောလဲ ဦးလေးပြောတာ ဘာသဘောလဲလို့ ကျဲ ကျဲက အခုဘယ်မှာလဲ ''
ရှောင်ကျန့်ကမေးလိုက်တော့ထိုဦးလေးကြီးကစံအိမ်ရှိရာ ဘက်ကိုလက်ညိုးထိုးပြပြီး...
" စံအိမ်ထဲမှာ ''
" ကျဲကအခုလေ အခုကိုပြောတာ ''
ရှောင်ကျန့်ကအထိပ်ထိပ်အလန့်လန့်နဲ့ထိုဦးလေးကြီးရဲ့ ပခုံးနှစ်ဘက်ကိုလှုပ်ပြီးမေးနေတာကြောင့်ရိပေါ်မှာ ရှောင်ကျန့်ကိုဆွဲထားရတယ် ။
" ကျန့် သူကစိတ်မနှံဘူးလေကွာ အဲ့လောက်ထိယုံမနေပါနဲ့လာပါ ပြန်မယ် ''
" ဖယ် လွှတ် ကျဲကမင်းမုန်းတဲ့ရည်းစားဟောင်းပေမယ့် ငါ့အမကွငါ့အမငယ်ငယ်ထဲကကွဲသွားရတဲ့ငါ့အမ ငါ့အမ အကြောင်းမသိရမချင်းငါမသွားဘူး ''
ရှောင်ကျန့်ကရိပေါ်ကိုပြန်ပြောရင်းမျက်ရည်တွေပါ ကျလာတာကြောင့်ရိပေါ်လဲဆက်မဆွဲတော့ဘဲ သူ့ဘေးမှာငြိမ်နေလိုက်တယ်။
" ကျဲ ကျဲကဘာလို့သေရမှာလဲ ဦးလေးသေချာပြောပါ ကျဲ ကျဲက အသက်ရှင်နေသေးတယ်မလား ''
ရှောင်ကျန့်ထိုစကားများကိုမျက်ရည်များစီးကျကာ
အသိစိတ်မကပ်တဲ့ဦးလေးကြီးကိုအရူးတစ်ယောက်လို မေးမိနေတယ် ။
" အဲ့နေ့ညကစန္ဒယားတီးနေတာ မမလေးပဲ သူ့ရဲ့ဂါဝန်အနီမှာသွေးတွေနဲ့ ပြီးတော့ ပြီးတော့ ငါ့ကို ငါ့ကိုပြတင်းပေါက်ကနေတွန်းချလိုက်တာ ဟီး..ပြီးတော့ သူ့ရင်ဘတ်မှာအပေါက်ကြီးနဲ့သူခံစားသလို ခံစားကြည့်တဲ့ ဟီး... ''
ထိုဦးလေးကြီးကပြောနေရင်းကလေးတစ်ယောက်လို ထငိုတာကြောင့်ရှောင်ကျန့်ဘာပြောရမှန်းမသိတော့ဘူး ရှောင်ကျန့်မှာလဲမျက်ရည်သွင်သွင်ကျလို့ မှိုင်ကျသွားတယ်
" ကျန့် ကိုယ်တို့ပြန်ရအောင် ''
ရိပေါ်ကရှောင်ကျန့်ပခုံးနှစ်ဖက်ကို ထိန်းကိုင်ပေးကာအိမ်ထဲကထွက်လာတယ် ။
" ရိပေါ် ''
"အင်း ရှောင်ကျန့်ပြော ''
" တကယ်လို့ကျဲသာ ကျဲသာမရှိတော့ရင် ဘယ်လိုလုပ်မလဲဟင် ငါကျဲနဲ့၈နှစ်သားလောက်ထဲက ကွဲသွားခဲ့ရတာငါတို့မိသားစု ငါတို့မိသားစု ဒီတစ်သက်ပြန်မဆုံနိုင်တော့ဘူးလား ''
ရှောင်ကျန့်ကပြောပြီးရိပေါ်ကိုဖက်ပြီး ငိုတာကြောင့်ရိပေါ်လဲရှောင်ကျန့်ပခုံးကိုဖွဖွလေး ပုတ်ပေးပြီးခဏလောက်ပေးငိုလိုက်တယ် ရင်ထဲမှာသိမ်းထားတာထက်စာရင်ငိုချလိုက်တာမှ အနည်းငယ်သက်သာသွားလောက်တယ်မလား ။
ရှောင်ကျန့်လဲအားရပါးရငိုပြီးရိူက်ပါရိူက်နေတာကြောင့် ရှောင်ကျန့်မျက်နှာလေးကိုလက်နဲ့ကိုင်ကာ မျက်ရည်တွေကိုတယုတယသုတ်ပေးပြီးငိုထားလို့ ဖောင်းနေတဲ့မျက်ခွံလေးကိုနမ်းလိုက်တယ် ။
" ကိုယ်တို့အတူစုံစမ်းတာပေါ့တကယ်လို့ မင်အာသေသွားရင်ရှောင်အိမ်တော်ကဒီတိုင်းနေမှာ မဟုတ်ပါဘူး သူပျောက်နေတာပဲဖြစ်မှာပါ ''
" ဟင့်အင်း ငါသိနေတယ်ရိပေါ်ငါ့စိတ်ကသိနေတယ် ကျဲသာ ငါတို့ကိုအဆက်သွယ်ဖြတ်ပြီး နေရင်တောင်သူမှတ်ပုံတင်တွေ passport တွေယူသွားမှာပေါ့ အခုအဲ့ဒါတွေအကုန်လုံးကစံအိမ်ထဲမှာ လေပျောက်နေတာမဟုတ်ဘူးလို့ငါထင်တယ်''
"ဒါဆိုလဲ ကိုယ်တို့အတူအဖြေရှာကြတာပေါ့ ''
" ရိပေါ်ငါတို့မြို့ထဲသွားရအောင် ''
"မြို့ထဲ ? မြို့ထဲဘာသွားလုပ်မလို့လဲ ''
"သဲလွန်စရှာဖို့ ''
"ပြီးရောလေ သွားကြတာပေါ့ ''
ရိပေါ်တို့နှစ်ယောက်လဲကားမောင်းပြီး မြို့ထဲကိုထွက်လာခ့ဲကြတယ် ။
" ရှောင်ကျန့် ကိုယ်တို့ဘယ်သွားမှာလဲ ''
" service center ''
" service center? ဘာလုပ်ဖို့လဲ ''
"ဖုန်းပြင်ထားတာသွားယူမလို့ ''
ဒီလိုနဲ့သူတို့နှစ်ယောက်မြို့ထဲကဖုန်းservice center ထဲဝင်ပြီးအပ်ထားတဲ့ဖုန်းကိုယူလိုက်ကြတယ် ဖုန်းကလဲဖွင့်လို့ရသွားပြီးအသုံးပြုလို့ရတာကြောင့်ဒီတိုင်း ဖုန်းကိုယူပြီးပြန်ထွက်လာကြတယ် ။
" မင်းကိုင်တဲ့အရင်ဖုန်းလား ''
"ဟမ် အင်းဟုတ်တယ် ငါအရင်ကိုင်ခဲ့တဲ့ဖုန်း ''
သူအခုချိန်မှာတစ်ယောက်တည်းအဖြေရှာချင်တယ် သူရိပေါ်ကိုတမင်လိမ်လိုက်တာတော့မဟုတ်ပေမယ့် နောက်ကျရင်တော့ပြောပြမှာပါ
"ရိပေါ်ရောက်လက်စနဲ့ငါတို့ဈေးဝယ်ထွက်ရအောင်လား''
"ပြီးရောလေ မင်းသဘော ''
ရိပေါ်လဲရှောင်ကျန့်ဝမ်းနည်းနေတာပျောက်သွားအောင် ဈေးဝယ်အတူထွက်ဖို့ Shopping centreထဲ ဝင်လိုက်တယ်သူ့ရဲ့ပုံမှန်စိတ်နဲ့ဆိုအဲ့လိုဈေးလျှောက်ဝယ်တာကိုအနောက်ကနေလိုက်ပေးရတာသဘောမကျ ပေမယ့်ရှောင်ကျန့်မို့လို့လိုက်လျောလိုက်တယ်
' မင်းဖြစ်နေလို့ရှောင်ကျန့် မင်းဖြစ်နေလို့ငါမကြိုက်တဲ့ အရာတွေတောင်မင်းဖြစ်နေလို့လိုက်လျောပေးလိုက်မယ် '
" ရိပေါ် ငါတို့ညဝတ်အကျီဆင်တူဝယ်ကျမလား ''
"ကောင်းပြီလေ ဝယ်ကျတာပေါ့ ''
ရိပေါ်ကရှောင်ကျန့်ကိုဈေးဝယ်တဲ့လှည်းထဲထည့်ကာ နှစ်ယောက်သားဈေးပတ်ဝယ်နေကြတယ် ။
" ရိပေါ် cola လား pepsi ''
" Pepsi ''
" ရိပေါ်နံရိုးစားမလားအသားစားမလား ''
" အသား ''
ရှောင်ကျန့်ကတော့ခုနကဝမ်းနည်းမှုတွေပျောက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဈေးဝယ်နေတာကြောင့်ရိပေါ်လဲ တွန်းလှည်းကိုတွန်းကာရှောင်ကျန့်နောက်ကနေလိုက်တယ်
" ကိုကို အချစ်လေးအဲ့ဒါယူချင်တယ် ''
" အချစ်လေးယူချင်ရင်ရမှာပေါ့ ''
ကောင်လေးကကောင်မလေးရှေ့မှာ ဒူးထောက်လိုက်တော့ကောင်မလေးကကောင်လေး ကျောပေါ်တက်ကာစင်ပေါ်ကသူမမှီတဲ့ ပစ္စည်းကိုယူတယ် ကောင်လေးကလဲကောင်မလေးကို ကုန်းပိုးထားတာချပေးလိုက်တော့ကောင်မလေးက ကောင်လေးကိုနမ်းပြီးအရှေ့ကနေထွက်သွားတော့ ကောင်လေးကအပြေးလိုက်သွားတယ် ။
" အိုး မိုင် ဂေါ့ ဝေါ့ ရွံစရာကြီးကွာရိပေါ်မင်းမြင်လိုက် လား RS တွေများစောက်ပိုကိုလုပ်တယ်ကုန်းပိုးပြီးပဲ ယူရတယ်လို့ကောင်လေးကမှီနေတာပဲကောင်လေးက ယူပါလား တကယ်တည်းစောက်ပိုတွေလုပ်တယ် ''
" အားကျလို့လား ''
" ချီးကိုအားကျရမှာလား စောက်ပိုလုပ်တွေနည်းနည်းမှ မအားကျဘူး ''
ရှောင်ကျန့်ကပြောတော့ရိပေါ်ကရှောင်ကျန့်ကို ခါးကနေပြေးပွေ့လိုက်တယ် ။
" ဝမ်ရိပေါ် မင်းဘာလုပ်တာလဲ ငါ့ကိုချပေး ဒါလူမြင်ကွင်းကြီးမှာနော် ''
"ဘာဖြစ်လဲ ငါတို့လဲRSပဲဟာကိုမင်းခုနကသူတို့ကို အားကျတယ်မလား အခုမင်းကိုလဲလူတိုင်းအားကျ အောင်လုပ်ပြမလို့လေ ''
"ခွေးကောင် အရူးထမနေနဲ့ အခုချပေး ''
" ဟင် လူမြင်ကွင်းကြီးမှာချပေးရမှာလား ''
ရိပေါ်ကပြောင်စပ်စပ်နဲ့ပြောတော့ရှောင်ကျန့်က ရိပေါ်ဗိုက်ကိုလိမ်ဆွဲလိုက်တယ် ။
" အား ရှောင်ကျန့် နာတယ် နာတယ် ''
" နာရင်အောက်ချပေးပါလား ခွေးကောင်ရဲ့ ''
"အင်းချပေးမယ် ''
ရိပေါ်ကရှောင်ကျန့်ကိုပွေ့ထားရင်းနဲ့ ရှောင်ကျန့်နှုတ်ခမ်းတွေကိုဖိကပ်နမ်းလိုက်ပြီးမှ ချပေးလိုက်တယ် ရှောင်ကျန့်ကလဲရိပေါ် နမ်းလိုက်တာမို့ ရှက်ရှက်နဲ့ပဲသူ့ရှေ့ကမြန်မြန်ထွက်သွားတယ် တော်သေးတာကသူတို့ဈေးဝယ်တဲ့အတန်းမှာ သူတို့နှစ်ယောက်ကလွဲပြီးဘယ်သူမှရှိမနေလို့လူရှိနေရင် ရိပေါ်ရဲ့ယုန်စွာတေးသိုင်းပျံတွေ ရောက်လာတော့မလို့ ။
အရှက်သည်းစွာနဲ့အရှေ့ကနေထွက်ပြေးသွားတဲ့ သူနောက်ကို ရိပေါ်ကတော့ပြုံးပြုံးကြီးနဲ့ ချော့ဖို့လိုက်သွားပါတော့တယ်
ချစ်သူနဲ့အတူဈေးဝယ်ထွက်တာကို အရင်ကတော့ အပိုအလုပ်တွေလို့ထင်ခဲ့ပေမယ့် တကယ်တည်းချစ်ရတဲ့သူနဲ့အတူရှိတဲ့အခါကျ ထိုအရာတွေကပျော်စရာတွေဖြစ်နေခဲ့တယ် အဲ့ဒါကြောင့်လဲ သူများတွေကချစ်မိသွားရင် အဖြေမရှိဘူးလို့ပြောကြတာကိုး....
edaz
5:40 a.m.
_____________<<<<<<<<<<__________
Mysterious Love
Zawgyi