Zawgyi Version,
*ကလင်...ကလင်...ကလင်*
ကုတင်ခေါင်းရင်းက နှိုးစက်အသံကြောင့် သူ့မှာ အိပ်ချင်နေပါသော်လည်း မဖွင့်ချင်သော မျက်လုံးတို့ကိုဖွင့်ကာ အိပ်ရာထခဲ့ရသည်....
.......
ထိုချိန်...
*မင်းတော့နော်*
ထို့နောက် ထမင်းစားဝိုင်းတွင် ထိုင်နေသော သားအဖနှစ်ယောက် အရှေ့သို့ အဒေါ်ကြီးနဲ့အတူ ထမင်းပန်းကန်များချပေးလိုက်လေသည်...
*Jimin!!!*
ပေးခဲ့ရသည်...
*Daddy!!!*
*Daddyရက်စက်တယ်* လို့ပြောပီး လွယ်အိတ်လေးကို ယူကာ အပြင်ပြေးထွက်သွားသော ပိစိအနောက်သို့ သူ့မှာပြေးလိုက်ခဲ့ရပြန်သည်....
*ဟေ့..ဟေ့..ဟိုပိစိ*
*ဘာလုပ်တာလဲ...လွှတ်စမ်း*
*bor*
*အသိမ်းခံစရာလား*
*bor*
ဥက္ကဠကြီး ပြောပြထားသောကြောင့် ထိုပိစိ ဘယ်ကျောင်းမှာတက်နေလဲဆိုတာ သိသဖြင့် အနောက်က နှုတ်ခမ်းစူနေသော ပိစိကို လမ်းမမေးတော့ပဲ တောက်လျှောက်မောင်းလာခဲ့သည်....
ကားအနောက်မှန်ကတဆင့် ကြည့်လိုက်တိုင်း နှုတ်ခမ်းစူတာက ပျက်မသွားခဲ့....
"တကယ့်ကလေးလေးပါကွာ"
မိနှစ် နှစ်ဆယ်ရောက်တော့ ပိစိကျောင်းသို့ရောက်လာခဲ့သည်...
*ရောက်ပီ..ပိ..*
မကြာပါ ပိစိဘေးသို့ရောက်လာကြတဲ့ ပိစိရဲ့သူငယ်ချင်းနှစ်ယောက်....
ကျောင်းဝန်းအတွင်းသို့ အသီးသီးဝင်လာကြတဲ့ ကျောင်းသားများ...
သို့သော် ဘ၀ပေးကုသိုလ်ကံကြောင့် သူ့မှာ ကျောင်းပီးအောင်တက်ဖို့ အခွင့်အရေးမရှိခဲ့.....
ထို့နောက် ပိစိလည်း သူ့မြင်ကွင်းကပျောက်သွားသဖြင့် သူလည်း အိမ်သို့သာ ပြန်လာခဲ့သည်....
.......
*ဟျောင့် ဘာဖြစ်လာတာလဲ နှုတ်ခမ်းက ငါတို့ ပါမေက္ခချုပ်တောင် ထိုးမိတော့မယ်*
*Hoseok မစနဲ့ကွာ*
*မစပါနဲ့ဆိုကွာ Hoseok*
*omm*
နဂိုထဲက လူမှုဆက်ဆံရေးညံတဲ့သူက ပေါင်းစရာသူငယ်ချင်းဆိုလို့ Taeနဲ့Hoseokသာရှိသည်....
သူရဲ့စရိုက်ကိုသိလို့လည်း Taeနဲ့Hoseokကလည်း တခြားသူတွေကို သာမာန်သာဆက်ဆံခဲ့သည်...
..........
*အဲ့လောက်လုပ်ပေးချင်တော့လည် အဒေါ်ကြီးကို ဟိုမုန်ညင်းတွေကို တစ်လွှာချင်းစီချွေပေးပါလား* ဆိုပီး ထမင်းစားပွဲတွင် တင်ထားသော မုန်ညှင်းဇလုံကို လက်ညိုးထိုးပြသောကြောင့် သူလည်း ၀တ်ထားတဲ့ ရှပ်အင်္ကျီလက်ရှည်ကို တ၀က်လောက်ခေါက်တင်လိုက်သည်....
.......
*ဒေါက်...ဒေါက်...ဒေါက်*
*၀င်လာခဲ့*
*omm ဆက်ပြော*
*nae*
*nae*
...........
ထို့နောက် အိမ်ရှေ့တွင်ရပ်ထားသော ပိစိသွားချင်တဲ့နေရာတွေကို လိုက်ပို့ရန် ဥက္ကဠကြီးပေးထားသော ကားလေးကို ပိစိကျောင်းသို့ မောင်းလာခဲ့သည်....
.......
*အေးသွားရအောင်*
*မသိဘူးဟာ ငါစိတ်ရှုတ်လာပီ* လို့ပြောပီး လွယ်အိတ်ကိုယူကာ အခန်းထဲက ထွက်သွားသော ကောက်စိန်အနောက်သို့ Hoseokနဲ့Tae လိုက်ခဲ့ရပြန်သည်...
*aww ကျောင်းဆင်းပီလား*
*omm*
*ဒါပေမဲ့ ဥက္ကဠကြီးက*
*omm*
"အမိန်တဲ့လား...မင်းရဲ့လှပတဲ့ နှုတ်ခမ်းဖျားက ထွက်လာတဲ့စကားက ငါ့အတွက် အမိန့်ဆိုရင် ငါနာခံပါ့မယ်.....ဒါဟာ မင်းတယောက်ထဲသာ ငါ့ကို အမိန့်ပေးနိုင်တာပါ"
........
*လာသွားကြမယ်*
........
လက်ထဲက သဲကြိုးတွေ ပြတ်ခါနီး ဈေးပေါတဲ့ နာရီလေးကို ကြည့်လိုက် ပိစိကို မျှော်လိုက်နဲ့ အလုပ်ရှုတ်နေခဲ့ရသည်.....
*bor*
*အပေအတေ*
*.....*
*အပေအတေ*
*.....*
*ဒါပဲမလား*
*omm*
"Jung Kookတဲ့လား...အမြဲလိုလို အပေအတေလို့ခေါ်နေတဲ့ မင်းနှုတ်ဖျားက Jung Kookဆိုတဲ့ စကားအသံလေးက ငါ့အတွက် ဘာလို့ အဆုံးစွန်အထိ ပျော်ရွှင်စေရတာလဲJiminရယ်"....
သို့သော် တယောက်အပြုံးကိုတော့ တယောက်မမြင်ခဲ့ကြ...
o_O o_O o_O o_O o_O o_O o_O
13.9.2020
#Yolodi 1995
Unicode Version,
*ကလင်...ကလင်...ကလင်*
ကုတင်ခေါင်းရင်းက နုှိးစက်အသံကြောင့် သူ့မှာ အိပ်ချင်နေပါသော်လည်း မဖွင့်ချင်သော မျက်လုံးတို့ကိုဖွင့်ကာ အိပ်ရာထခဲ့ရသည်....
ဒါဟာ ကျောင်းသားဘဝမို့လို့ လူတိုင်းခံစားဖူးကြရမဲ့ ဒုက္ခဆိုးပေ....
ထို့နောက် ကျောင်းသွားရန် ရေမိုးချိုးပြင်ဆင်ဖို့အတွက် ကုတင်မှထကာ ရေချိုးခန်းထဲသို့ ဦးတည်လိုက်သည်...
.......
*မင်္ဂလာနံနက်ခင်းပါ ဥက္ကဠကြီး*
*အေးအေး...ဒါနဲ့ Jung Kookက အစောကြီးနိုးနေတာလား*
*nae ဘာမှလုပ်ပေးစရာမရှိလို့ အဒေါ်ကြီးကို ဝိုင်းကူနေတာပါ*
*နောက်နေ့မလုပ်ပါနဲ့ ရပါတယ်....ငါက မင်းကို အိမ်အလုပ်တွေခိုင်းဖို့ခေါ်ထားတာမှမဟုတ်တာ*
ထိုချိန်...
*အလုပ်ကတော့ လုပ်ခိုင်းရမှာပေါ့ ဒီအိမ်မှာ အလကားနေခိုင်းမလို့လား အဲ့အပေအတေကို* ဆိုပီး ပြောကာ လွယ်အိတ်လေးလွယ်ပီး အပေါ်ထပ်က ဆင်းလာသော ပိစိ...
*Jimin စကားကို ဘယ်လိုပြောနေတာလဲ...*
*ပုံမှန်အတိုင်းပဲပြောနေတာလေ Daddyရယ်*
*မင်းတော့နော်*
*ကျွန်တော် အဆင်ပြေပါတယ် ဥက္ကဠကြီးရယ်...မနက်စာလာစားကြတော့လေ*
ထို့နောက် ထမင်းစားဝိုင်းတွင် ထိုင်နေသော သားအဖနှစ်ယောက် အရှေ့သိူ့ အဒေါ်ကြီးနဲ့အတူ ထမင်းပန်းကန်များချပေးလိုက်လေသည်...
*မင်းပါတခါထဲလာစားJung Kook*
*မရပါဘူး...ထမင်းအတူ စားရလောက်တဲ့အထိ သားခွင့်မပြုဘူးDaddy*
*Jimin!!!*
*ကျွန်တော်ကရပါတယ် ဥက္ကဠကြီး ပီးတော့ မနက်စာစားလေ့မရှိလို့ပါ* လို့ပြောပီး စကားအချေအတင်ဖြစ်နေသော သားအဖနှစ်ယောက်ကြားထဲ ဝင်ပီး ဖြေရှင်း
ပေးခဲ့ရသည်...
သူ့ကြောင့် ပိစိကို ဥက္ကဠကြီးနဲ့ ရန်မဖြစ်စေချင်ပါ....
*နောက်နေ့ကစပီး ကျောင်းကို Jung Kookလိုက်ပို့ပေးလိုက်မယ် ကြားလား*
*Daddy!!!*
*ဘာမှ အထွန့်မတက်နဲ့Jimin...လက်မခံနိုင်ရင် မင်းCardတွေ အကုန်ပြန်သိမ်းမယ်*
*Daddyရက်စက်တယ်* လို့ပြောပီး လွယ်အိတ်လေးကို ယူကာ အပြင်ပြေးထွက်သွားသော ပိစိအနောက်သိူ့ သူ့မှာပြေးလိုက်ခဲ့ရပြန်သည်....
*ဟေ့..ဟေ့..ဟိုပိစိ*
သူအနောက်ကနေခေါ်တာကို လှည့်မကြည့်ပဲ အရှေ့ကိုသာ စွတ်ပီးပြေးနေသော ပိစိ..
"စိတ်ကလည်းကြီးလိုက်တာ ပိစိရယ်"
နောက်ဆုံး အော်ခေါ်မရတဲ့အဆုံး ပိစိလက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ရသည်...
*ဘာလုပ်တာလဲ...လွှတ်စမ်း*
*ခနလေး..ခနလေး ငါပြောတာနားထောင်ပါဦး*
*နားထောင်စရာမရှိဘူး အပေအတေကောင်*
*ငါ့လို အပေအတေကောင်ကြောင့် မင်းရဲ့မုန့်ဖို့ကို အဖြတ်ခံမလို့လား ပိစိ*
*bor*
*ငါပြောတာမဟုတ်လို့လား...ငါ့လို ဘာမဟုတ်တဲ့သူကြောင့်မင်းCardတွေ အသိမ်းခံမလိုလား*
*အသိမ်းခံစရာလား*
*အဲ့ဒါကြောင့် မင်းကို ငါက ကျောင်း အပို့အကြိုလေးပဲ လုပ်ပေးမှာ...မင်းမကြိုက်လည်း သည်းခံပေး ပီးတော့ ငါက ကားမောင်းပီး လိုက်ပို့ပေးမှာ မင်းက အနောက်ကနေ ထိုင်စီးရုံပဲ ဟုတ်ပီလား*
*ဟက်...ငါက မင်းနဲ့အတူ ကားတောင်မစီးချင်တာ ကြားလား*
*အဲ့ဒါဆိုရင် ငါမင်းကို လမ်းလျှောက်ပို့ပေးမယ်*
*bor*
*မင်းငါ့ကို အမြင်မကြည်ဘူးဆိုတာသိတယ်...ဒါပေမဲ့ ငါလည်း ဥက္ကဠကြီးအပေါ်မှာ ကျေးဇူးကြွေးရှိလို့ ခုလိုလုပ်ပေးနေတာ*
*aww မင်းက လိုက်ပို့ချင်လို့ လိုက်ပို့တာမဟုတ်ဘူးပေါ့*
*ဒါပေါ့...ဘာလဲ ငါက လိုက်ပို့ပေးချင်လို့ လိုက်ပို့တယ်လို့ မင်းကထင်နေတာလား*
*ရူး...ရူးနေလို့ ငါက အဲ့လိုထင်ရမှာလား*
*ကဲ..ကဲ စကားများမနေနဲ့တော့ ကျောင်းနောက်ကျတော့မယ်...ကားပေါ်တက် လိုက်ပို့ပေးမယ်* လို့ပြောပီး ထိုပိစိကို ကားထဲ အတင်းထည့်ကာ ကျောင်းလိုက်ပို့ခဲ့ရသည်...
မဟုတ်ရင် ထိုပိစိရန်တွေ့နေတာနဲ့တင် ကျောင်းနောက်ကျတော့ပေမည်....
ဥက္ကဠကြီး ပြောပြထားသောကြောင့် ထိုပိစိ ဘယ်ကျောင်းမှာတက်နေလဲဆိုတာ သိသဖြင့် အနောက်က နုှတ်ခမ်းစူနေသော ပိစိကို လမ်းမမေးတော့ပဲ တောက်လျှောက်မောင်းလာခဲ့သည်....
ကားအနောက်မှန်ကတဆင့် ကြည့်လိုက်တိုင်း နုှတ်ခမ်းစူတာက ပျက်မသွားခဲ့....
"တကယ့်ကလေးလေးပါကွာ"
မိနှစ် နှစ်ဆယ်ရောက်တော့ ပိစိကျောင်းသိူ့ရောက်လာခဲ့သည်...
*ရောက်ပီ..ပိ..*
သူ့စကားတောင် မဆုံးသေးဘူး ကားပေါ်က ဆင်းသွားလေသည်...
အခုထိ တဦးထဲသောသားလေးမို့လို့ အလိုလိုက်ထားသောကြောင့် ဆိုးချင်တိုင်းဆိုးနေတဲ့ ထိုပိစိကို စိတ်မဆိုးရက်တဲ့အပြင် ခုလို စိတ်ဆိုးတာလေးကိုက သူ့အတွက် ချစ်စရာကောင်းလွန်းနေသည်....
နဂိုထဲက ဂေဟာမှာ ကလေးတွေနဲ့ အနေနီးလာလို့လားတော့မသိဘူး ထိုပိစိကိုမြင်ရင် အသည်းယားလွန်းလို့ ငုံထားပစ်ချင်ခဲ့သည်...
ထို့နောက် ကားပေါ်က ဆင်းသွားတဲ့ ထိုပိစိကို လှမ်းကြည့်နေမိသည်...
မကြာပါ ပိစိဘေးသိူ့ရောက်လာကြတဲ့ ပိစိရဲ့သူငယ်ချင်းနှစ်ယောက်....
*ဒါ...တက္ကသိုလ်ကျောင်းသား ဘဝပါလား...ပျော်စရာတော့ကောင်းသား*
ကျောင်းဝန်းအတွင်းသိူ့ အသီးသီးဝင်လာကြတဲ့ ကျောင်းသားများ...
တချို့က တယောက်ထဲလာသလို တချို့ကလည်း ပိစိလိုမျိုး သူငယ်ချင်းများနဲ့လာကြသည်...
တချို့ကျပြန်တော့လည်း ကိုယ့်ရဲ့ချစ်သူလက်ကိုတွဲကို ဝင်လာကြသည်...
ဒီလိုကြည့်ပြန်တော့လည်း သူ ပိစိကို အားကျမိသား...
လိုချင်တာ အကုန်ဖြည့်စည်းပေးတဲ့ အဖေတယောက်လုံးကို ပိုင်ဆိုင်ထားရတဲ့ ပိစိက သူတို့ဘဝတွေထက် အများကြီး သာလွန်သည်...
တကယ်တော့ သူလည်း ရွယ်တူတွေလို တက္ကသိုလ်ကျောင်းသား ဘဝကို ဖြတ်သန်းချင်မိသည်....
သို့သော် ဘဝပေးကုသိုလ်ကံကြောင့် သူ့မှာ ကျောင်းပီးအောင်တက်ဖိူ့ အခွင့်အရေးမရှိခဲ့.....
*ငါတို့ထက် မင်းဘဝလေးက အများကြီးသာပါတယ် ပိစိရယ်*
ထို့နောက် ပိစိလည်း သူ့မြင်ကွင်းကပျောက်သွားသဖြင့် သူလည်း အိမ်သိူ့သာ ပြန်လာခဲ့သည်....
.......
*ဟျောင့် ဘာဖြစ်လာတာလဲ နုှတ်ခမ်းက ငါတို့ ပါမေက္ခချုပ်တောင် ထိုးမိတော့မယ်*
*Hoseok မစနဲ့ကွာ*
*ဘာဖြစ်လို့လဲJiminရယ်*
*မပြောချင်တော့ပါဘူး Taeရယ်*
*မပြောချင်လည်း မပြောနဲ့ပေါ့ကွာ ဘာခက်လို့လဲ*
*မစပါနဲ့ဆိုကွာ Hoseok*
*အေးအေး ဟုတ်ပီ မစတော့ဘူး ဘာဖြစ်လာတာလဲပြောပြ*
*Daddyပေါ့...အိမ်ကို သူစိမ်းခေါ်လာလို့*
*ဘာလဲ မင်းအဖေ နောက်မိန်းမယူသွားတာလား*
*ယူရဲယူကြည့်ပါလား ငါလိုက်သတ်မှာ Hoseok*
*သူစိမ်းက ဘာဖြစ်နေလို့လဲ Jiminရဲ့*
*အဲ့သူစိမ်းက အခု ငါတို့အိမ်မှာနေနေတယ် Taeရာ*
*သူက မင်းကို အနိုင်ကျင့်နေလို့လား*
*အနိုင်ကျင့်ရဲ့ကျင့်ကြည့်ပါလား ငါကပြန်လုပ်မှာပေါ့Hoseokရယ်*
*သူလည်းခနလာနေတာဖြစ်မှာပေါ့Jiminရယ်*
*ခနလာနေရင်ငါမပြောဘူး အခု Daddyကပြောတယ် အဲ့အပေအတေ ကောင်က နောက်ဆို ငါတို့မိသားစုဝင်တဲ့ Taeရာ*
*သူက ယောကျာ်လေးလား Jimin*
*omm*
*ဒါဆို မင်းအဖေရဲ့ တိတ်တိတ်ပုန်းသားများလား*
*မဟုတ်လောက်ပါဘူးHoseokရာ* ဆိုပီး Taeက သူ့အစားပြန်ဖြေလိုက်သော်လည်း Hoseokစကားကြောင့် သူ့မှာ Daddyကို သံသရ ဝင်မိသည်...
ထို့နောက် အတန်းထဲသို့ ဆရာမဝင်လာသဖြင့် သူတို့သုံးယောက်လည်း စကားပြတ်ကာ စာသင်ခဲ့သည်...
နဂိုထဲက လူမုှဆက်ဆံရေးညံတဲ့သူက ပေါင်းစရာသူငယ်ချင်းဆိုလို့ Taeနဲ့Hoseokသာရှိသည်....
သူ့ရဲ့ ဒဏ်ကိုခံနိုင်တာဆိုလို့လည်း Taeနဲ့Hoseokပင်...
Taeကတော့ ခပ်အေးအေးနေတတ်ပေမဲ့ သူ့လိုတော့ ဆက်ဆံရေးမညံ့...
Hoseokကတော့ တကျောင်းလုံးက ကျောင်းသားတွေကို သူမသိတဲ့လူမရှိတဲ့အထိ ခင်မင်တတ်သည်...
သို့သော် သူကလွဲပီး Taeနဲ့Hoseokကို တခြားသူတွေနဲ့မရောစေချင်....
သူရဲ့စရိုက်ကိူသိလို့လည်း Taeနဲ့Hoseokကလည်း တခြားသူတွေကို သာမာန်သာဆက်ဆံခဲ့သည်...
တကယ်တော့ သူအရမ်းတန်ဖိုးထားရတဲ့သူတွေရဲ့ အချစ်ကို သူတယောက်ထဲ အတွက်သာ ဖြစ်စေချင်တာပါ...
အရင်နေ့တွေဆိုရင် စာသင်တာ စိတ်ဝင်စားပေမဲ့ ဒီနေ့ကတော့မတူခဲ့...
မနေ့က ဟိုအပေအတေကောင်ရဲ့ ချွေးစိုနေတဲ့ ပုံစံကို မျက်လုံးထဲ ပြန်မြင်လာလို့ သူ့မှာ စာထဲမနည်းစိတ်နှစ်ခဲ့ရသည်....
..........
*aww သားလေးပြန်လာပီလား*
*nae အဒေါ်ကြီး...ဒါနဲ့ ဥက္ကဠကြီးရော*
*Companyသွားပီ သားရဲ့...ဒါနဲ့ အကိုလေးကို ကျောင်းလိုက်ပို့ပေးခဲ့တာလား*
*nae ဒါနဲ့ ကျွန်တော် ဘာလုပ်ပေးရမလဲဟင်*
*ရပါတယ်ကွယ် ဘာမှအထွေအထူး လုပ်စရာမရှိပါဘူး*
*အဲ့ဒါဆိုရင် ကျွန်တော် ညစာအတွက်ဝိုင်းလုပ်ပေးမယ်လေ*
*အဲ့လောက်လုပ်ပေးချင်တော့လည် အဒေါ်ကြီးကို ဟိုမုန်ညင်းတွေကို တစ်လွှာချင်းစီချွေပေးပါလား* ဆိုပီး ထမင်းစားပွဲတွင် တင်ထားသော မုန်ညှင်းဇလုံကို လက်ညိုးထိုးပြသောကြောင့် သူလည်း ဝတ်ထားတဲ့ ရှပ်အကျႌလက်ရှည်ကို တဝက်လောက်ခေါက်တင်လိုက်သည်....
*nae ကျွန်တော်လုပ်လိုက်ပါ့မယ်..ဒါနဲ့ မုန်ညှင်းဂင်ချီစိမ်မလို့လားဟင်*
*ဟုတ်တယ်သားရေ အိမ်မှာ အကိုလေးက မုန်ညှင်းရင်ချီအရမ်းကြိုက်တာ*
ပိစိက မုန်ညှင်းဂင်ချီအရမ်းကြိုက်တာကို သိပီး ဘာရယ်မဟုတ် သူပြုံးမိသည်...
သူလည်း မုန်ညှင်းဂင်ချီအရမ်းကြိုက်တာကို...
"ငါတို့ကြိုက်တာချင်းတူတယ် ပိစိ"
.......
*ဒေါက်...ဒေါက်...ဒေါက်*
*ဝင်လာခဲ့*
*ဥက္ကဠကြီး Jeon JungYoonရဲ့ အခြေအနေလာတင်ပြတာပါ*
*omm ဆက်ပြော*
*အခု သတိပြန်လည်လာဖို့က မကျိန်းသေပါဘူးတဲ့*
*ဟုတ်လား...သူသတိမရမှဖြစ်မယ် မဟုတ်ရင် အကုန်သိကုန်လိမ့်မယ်*
*ဟိုလေ Jeon Jung Kookကို အဝေးမှာထားတာပိုကောင်းမယ်ထင်တယ်...ဥက္ကဠကြီး ဒုက္ခရောက်မှာစိုးလို့ သူ့ညီမကိစ္စသိသွားရင်*
*ဟင့်အင်း..အဲ့ကောင်လေးက စိတ်ဝင်စားဖို့ကောင်းတယ် ငါ့အနားမှာပဲထားမယ်...သူ့ညီမကိစ္စကတော့ မသိအောင်လုပ်ရမှာပေါ့*
*nae*
*မင်းသွားလို့ရပီ တခုခုထူးရင် ငါ့ကိုချက်ချင်းအကြောင်းကြား*
*nae*
"မင်းက ငါတို့သားအဖအတွက် အသုံးချဖို့အတွက် အသုံးဝင်တယ် Jung Kook"....
...........
အဒေါ်ကြီးကို မုန်ညှင်းဂင်ချီစိမ်တာ ဝိုင်းကူပေးပီး နာရီတချက်ကြည့်လိုက်တော့ သုံးနာရီထိုးနေသဖြင့် ပိစိကိုသွားကြိုရင် အမြန်ထွက်လာရသည်...
ဟိုကောင်လေးက နဂိုထဲက အမြင်မကြည်ပါဘူးဆိုမှ နောက်ကျရင် ပိုဆိုးနေဦးမယ်....
ထို့နောက် အိမ်ရှေ့တွင်ရပ်ထားသော ပိစိသွားချင်တဲ့နေရာတွေကို လိုက်ပို့ရန် ဥက္ကဠကြီးပေးထားသော ကားလေးကို ပိစိကျောင်းသိူ့ မောင်းလာခဲ့သည်....
.......
*Jiminနဲ့Tae ဒီနေ့ ငါတို့ ဂိမ်းသွားဆော့ရအောင်*
*အေးသွားရအောင်*
*ခနလေးJiminက အိမ်ကလာကြိုမှာမလား*
*ဟုတ်သားပဲ ငါမေ့နေတာ Tae*
*သူ့ကိုခွင့်တောင်းပီးသွားရင်ရော*
*သူက ငါ့အထက်လူကြီးလည်းမဟုတ်ပဲ ငါက ဘာကိစ္စခွင့်တောင်းရမှာလဲ Hoseokရာ*
*အဲ့ဒါဆို မင်းမလိုက်နဲ့တော့ဟာ ဒါပဲရှိတယ်*
*မသိဘူးဟာ ငါစိတ်ရုှတ်လာပီ* လို့ပြောပီး လွယ်အိတ်ကိုယူကာ အခန်းထဲက ထွက်သွားသော ကောက်စိန်အနောက်သို့ Hoseokနဲ့Tae လိုက်ခဲ့ရပြန်သည်...
ကျောင်းအပေါက်ဝရောက်တော့ အသင့်စောင့်နေသော ကားလေးတစ်စီး.....
*Jiminဟိုမှာ မင်းပြောတဲ့သူစိမ်းလား*
Taeပြတဲ့နေရာကိုကြည့်လိုက်တော့ အချိန်အတိအကျရောက်နေပီး သူ့ကိုလာကြိုသော အပေအတေ...
*ခနလေးစောင့်နေနော်* ဆိုပီး Taeနဲ့Hoseokကို ပြောကာ ထိုအပေအတေဆီ သွားလိုက်သည်...
*aww ကျောင်းဆင်းပီလား*
*omm*
*တော်သေးတယ် ကိုယ်က နောက်ကျနေပီထင်တာ*
*ငါ့သူငယ်ချင်းတွေနဲ့ ဂိမ်းဆိုင်သွားမှာမို့လို့ မင်းဒီမှာပဲစောင့်နေ...အခု သုံးနာရီခွဲနော် ငါလေးနာရီခွဲလောက်ပြန်လာမယ် ကြားလား*
*ဒါပေမဲ့ ဥက္ကဠကြီးက*
*ဘာမှဆက်မပြောနဲ့တော့ ဒါငါ့အမိန့်ပဲကြားလား အပေအတေ*
*ကောင်းပီ မင်းပြောတဲ့ အချိန်အတိအကျပြန်လာခဲ့ပါ*
*omm*
ထို့နောက် ကားပေါ်က ပြေးဆင်းကာ သူ့သူငယ်ချင်းနှစ်ယောက်စီအပြေးသွားသော ပိစိရဲ့နောက်ကျောကိုသာ ငေးကြည့်နေမိသည်....
"အမိန်တဲ့လား...မင်းရဲ့လှပတဲ့ နုှတ်ခမ်းဖျားက ထွက်လာတဲ့စကားက ငါ့အတွက် အမိန့်ဆိုရင် ငါနာခံပါ့မယ်.....ဒါဟာ မင်းတယောက်ထဲသာ ငါ့ကို အမိန့်ပေးနိုင်တာပါ"
........
*လာသွားကြမယ်*
*ဟမ်..မင်းသွားလို့ရလို့်လား Jimin*
*omm ဒါပေမဲ့ ငါလေးနာရီခွဲပြန်လာရမှာ ဒီကို*
*မင်းအဆူခံနေရဦးမယ်Jimin နောက်နေ့မှဆော့ရအောင်လေ*
*ရပါတယ် Taeရာ ငါက အခုဆော့ချင်တာ...လာပါ အချိန်ကြာတယ် ဂိမ်းဆိုင်သွားရအောင်*
ထို့နောက် Taeနဲ့Hoseokလက်ကို ဆွဲကာ ဂိမ်းဆိုင်သို့ခေါ်လာခဲ့သည်....
"နောက်နေ့ကစပီး ငါအမိန့်ပေးမှာမို့လို့ မင်းလိုက်နာရမယ် အပေအတေ"
........
လေးနာရီခွဲဖို့ငါးမိနစ်သာလိုတော့တယ် အခုထိ ပိစိမပေါ်လာသေးသောကြောင့် သူရင်တွေပူလာသည်...
အမှန်ဆို သူမလွတ်လိုက်သင့်တာပါ...
အခုတော့ သူ့မှာစိတ်ပူနေရပီ....
လက်ထဲက သဲကြိုးတွေ ပြတ်ခါနီး ဈေးပေါတဲ့ နာရီလေးကို ကြည့်လိုက် ပိစိကို မျှော်လိုက်နဲ့ အလုပ်ရုှတ်နေခဲ့ရသည်.....
လေးနာရီခွဲပီး ဆယ်မိနစ်လောက်အလိုမှ အပြေးရောက်လာတဲ့ ပိစိ....
*ဟောဟဲ...ဟောဟဲ...ပြန်ရအောင် ငါးနာရီဆိုရင် Daddy အိမ်ပြန်ရောက်မှာ*
*မင်းသာနည်းနည်းစောစောလာမယ်ဆိုရင် ပိုကောင်းမှာပိစိ*
*bor*
*ကဲ...ကဲ တက်တော့ နောက်ကျနေပီ* လိုပြောကာ ပိစိကို ကားထဲဝင်ခိုင်းပီး သူလည်းအိမ်သို့သာ မောင်းလာခဲ့သည်...
*အပေအတေ*
*.....*
*အပေအတေ*
*.....*
*အပေအတေ ငါခေါ်နေတယ်လေ မကြားဘူးလား*
*ဘယ်သူ့ကိုခေါ်နေတာလဲ ကိုယ့်ကိုလား*
*ဒီကားပေါ်မှာ မင်းနဲ့ငါပဲရှိတာလေ မင်းကိုမခေါ်လို့ငါက ဘယ်သူ့ကိုခေါ်ရမှာလဲ*
*ကိုယ့်နာမည်က အပေအတေမဟုတ်ဘူးပိစိ*
*ငါခေါ်ချင်တာခေါ်မယ် မင်းကြိုက်တယ်မကြိုက်ဘူးလို့ ပြောပိုင်ခွင့်မရှိဘူး အပေအတေ*
*ထားပါတော့ ဘာပြောမလို့လဲ*
*Daddyက ငါ့ကိုစောင့်ရှောက်ဖို့ မင်းကိုခေါ်ထားတာမလား အဲ့ဒါကြောင့် မင်းက ငါ့အမိန့်ကို နာခံရမယ်...Daddyစကားထက် ငါ့စကားကို အရေးပေးရမယ်...ငါကမင်းသခင်ပဲ အပေအတေ ကြားလား*
*ဒါပဲမလား*
*omm*
*ကောင်းပီ ငါလက်ခံပါတယ်*
*ပီးရော နောက်ပီးတော့ ငါ့ကိုပိစိလို့မခေါ်နဲ့ Jiminလို့ပဲခေါ်*
*ပိစိက ခေါ်လို့ကောင်းတာကို*
*ငါ့အမိန့်ကို ငြင်းဆန်ခွင့်မရှိဘူးJung Kook*
"Jung Kookတဲ့လား...အမြဲလိုလို အပေအတေလို့ခေါ်နေတဲ့ မင်းနုှတ်ဖျားက Jung Kookဆိုတဲ့ စကားအသံလေးက ငါ့အတွက် ဘာလို့ အဆုံးစွန်အထိ ပျော်ရွှင်စေရတာလဲJiminရယ်"....
ထို့နောက် ကားပေါ်တွင် အပြုံးနှစ်ခုကို ထပ်တူညီစွာ ဖန်ဆင်းလိုက်ကြသော လူသားနှစ်ယောက်...
သိူ့သော် တယောက်အပြုံးကိုတော့ တယောက်မမြင်ခဲ့ကြ...
♡ အချစ်ဆိုတဲ့အရာက မင်းကိုချုပ်ကိုင်နေသ၍ မင်းချစ်ရသူရဲ့ ပိုက်ကွန်မှာ မင်းညှိတွယ်နေမှာ ကလေးငယ်♡
o_O o_O o_O o_O o_O o_O o_O
13.9.2020
#Yolodi 1995
Love you so much my readers😍😍😍😘😘😘