(ep-10)Z/U

4.8K 591 12
                                    

Zawgyi Version,

လွန်​ခဲ့​သော နှစ်​နှစ်​ခန့်​က....

*ကဲ..ဒါမင်း​နေရမယ့်​အိမ်​ပဲ Jung Kook*

*nae ​ကျေးဇူးတင်​ပါတယ်​ ဥက္ကဠကြီး*

*မလိုပါဘူး မင်းညီမ အတွက်​လည်း ဘာမှစိတ်​မပူနဲ့ ငါအ​ကောင်းဆုံး ​ဆေးရုံမှာ ထား​ပေးထားတယ်​*

*nae ​ကျေးဇူးမ​မေ့ပါဘူး ဌက္ကဠကြီး*

*မလိုပါဘူးဆိုကွာ ဒီ​ကောင်​​တော့....ဒါ​ပေမဲ့ မင်းတခုလုပ်​​ပေးရမှာရှိတယ်​*

*ဘာလုပ်​​ပေးရမလဲ ဥက္ကဠကြီး ​ပြောသာ​ပြောပါ*

*ဒီအိမ်​မှာ မင်းနဲ့ရွယ်​တူ ငါ့သားတ​ယောက်​ရှိတယ်​ အဲ့ဒါ ငါ့သားရဲ့​ဘေးက​နေ လိုက်​​စောင့်ေ​ရှာက်​​ပေး​စေချင်​တယ်​*

*ရပါတယ်​ ဥက္ကဠကြီး ကျွန်​​တော်​ ​စောင့်​​ရှောက်​​ပေးပါ့မယ်​*

*omm တခု​တော့ရှိတယ်​ ငါ့သားက သူ့သူငယ်​ချင်းနှစ်​​ယောက်​ကလွဲရင်​ တစ်ခြား​ဘယ်​သူနဲ့မှ အ​ပြောအဆိုမလုပ်​ဘူး....အဲ့ဒါ​ကြောင့်​ သူ့အနားမှာ​နေရင်​ နည်းနည်း​တော့ စိတ်​ညစ်​ရလိမ့်​မယ်​*

*nae ကျွန်​​တော့်​ညီမ​လေးကို ဥက္ကဠကြီးက ကယ်​တင်​​ပေးထားတာပဲ ကျွန်​​တော့်​ဘက်​က ဒီ​လောက်​​တော့လုပ်​​ပေးရမှာ​ပေါ့*

*မင်းသွားနားရင်​နား​တော့​လေ အ​ပေါ်ထပ်​ ညာဘက်​အခန်းက မင်း​နေမယ့်​အခန်း...ဘယ်​ဘက်​ မျက်​နှာချင်းဆိုင်​က ငါ့သားအခန်း*

*nae*

ထို့​နောက်​ ​ခေါင်းကို ​​မြေကြီးထဲ ၀င်​မတက်​ ခါးကိုကိုင်းကာ ဥက္ကဠကြီး အခန်းထဲ ၀င်​သွားသည်​အထိ အရိုအ​သေ​ပေး​နေမိသည်​....

အခုချိန်​မှာ ဥက္ကဠကြီးက သူနဲ့ညီမ​လေးရဲ့ ​ကျေးဇူးရှင်​တ​ယောက်​ပင်​....

သူ့အသက်​ ​ခြောက်​နှစ်​ ညီမ​လေးအသက်​​လေးနှစ်​ထဲက မိဘမဲ့​ကျောင်းတွင်​သာ ​နေခဲ့ရ​သော​ကြောင့်
မိဘဆိုတာ ဘယ်​သူမှန်းမသိခဲ့....

ဂေဟာက ဆရာမကြီး​ပြောပြတာက​တော့ မိဘ​တွေက ဆုံးသွားပီတဲ့...

ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)Where stories live. Discover now