(ep-11)Z/U

4.4K 575 18
                                    

Zawgyi Version,

*ကလင်​...ကလင်​...ကလင်​*

ကုတင်​​ခေါင်းရင်းက နှိုးစက်​အသံ​ကြောင့်​ သူ့မှာ အိပ်​ချင်​​နေပါ​သော်​လည်း မဖွင့်​ချင်​​သော မျက်​လုံးတို့ကိုဖွင့်​ကာ အိပ်​ရာထခဲ့ရသည်​....

ဒါဟာ ​ကျောင်းသားဘ၀မို့လို့ လူတိုင်းခံစားဖူးကြရမဲ့ ဒုက္ခဆိုး​ပေ....

ထို့​နောက်​ ​ကျောင်းသွားရန်​ ​ရေမိုးချိုးပြင်​ဆင်​ဖို့အတွက်​ ကုတင်​မှထကာ ​ရေချိုးခန်းထဲသို့ ဦးတည်​လိုက်​သည်​...

.......

*မင်္ဂလာနံနက်​ခင်းပါ ဥက္ကဠကြီး*

*​အေး​အေး...ဒါနဲ့ Jung Kookက အ​စောကြီးနိုး​နေတာလား*

*nae ဘာမှလုပ်​​ပေးစရာမရှိလို့ အ​ဒေါ်ကြီးကို ၀ိုင်းကူ​နေတာပါ*

*​နောက်​​နေ့မလုပ်​ပါနဲ့ ရပါတယ်​....ငါက မင်းကို အိမ်​အလုပ်​​တွေခိုင်းဖို့​ခေါ်ထားတာမှမဟုတ်​တာ*

ထိုချိန်​...

*အလုပ်​က​တော့ လုပ်​ခိုင်းရမှာ​ပေါ့ ဒီအိမ်​မှာ အလကား​နေခိုင်းမလို့လား အဲ့အ​ပေအ​တေကို* ဆိုပီး ​ပြောကာ လွယ်​အိတ်​​လေးလွယ်​ပီး အ​ပေါ်ထပ်​က ဆင်းလာ​သော ပိစိ...

*Jimin စကားကို ဘယ်​လို​ပြော​နေတာလဲ...*

*ပုံမှန်​အတိုင်းပဲ​ပြော​နေတာ​လေ Daddyရယ်​*

*မင်း​တော့​နော်​*

*ကျွန်​​တော်​ အဆင်​​ပြေပါတယ်​ ဥက္ကဠကြီးရယ်​...မနက်​စာလာစားကြ​တော့​လေ*

ထို့​နောက်​ ထမင်းစားဝိုင်းတွင်​ ထိုင်​​နေ​သော သားအဖနှစ်​​ယောက်​ အ​ရှေ့သို့ အ​ဒေါ်ကြီးနဲ့အတူ ထမင်းပန်းကန်​များချ​ပေးလိုက်​​လေသည်​...

*မင်းပါတခါထဲလာစားJung Kook*

*မရပါဘူး...ထမင်းအတူ စားရ​လောက်​တဲ့အထိ သားခွင့်​မပြုဘူးDaddy*

*Jimin!!!*

*ကျွန်​​တော်​ကရပါတယ်​ ဥက္ကဠကြီး ပီး​တော့ မနက်​စာစား​လေ့မရှိလို့ပါ* လို့​ပြောပီး စကားအ​ချေအတင်​ဖြစ်​​နေ​သော သားအဖနှစ်​​ယောက်​ကြားထဲ ၀င်​ပီး ​ဖြေရှင်း
ပေးခဲ့ရသည်​...

ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)Where stories live. Discover now