(Ep-25)Z/U

4.7K 605 25
                                    

Zawgyi Version,

Jung Kookကားထဲက ထွက်​လာ​တော့ အိမ်​ထဲက ထွက်​လာတဲ့ Hoseok နဲ့တန်းတိုး​လေသည်​.....

*Ho...Hoseok*

*ဘယ်​သူ့ကားလဲ Jimin*

*Jung...Jung Kookကားပါ*

*ဘာလာလုပ်​တာလဲ သူက*

*အိမ်​ထဲ အရင်​၀င်​ရ​အောင်​ အိမ်​ထဲမှာငါရှင်းပြပါ့မယ်​*

အိမ်​ထဲ​ရောက်​​သော်​လည်း လက်​သည်းနှစ်​ဖက်​ကို တခုခုနဲ့တခု ထိကာ တခုခုကို ​ပြောပြရန်​ခက်​​နေ​သော Jimin...

*​ပြော​လေ Jimin ​စောနက Jeon Jung kookဘာလာ​ပြောသွားတာလဲ*

*ဟို....ဟို​လေ...*

ထိုချိန်

*Appa* ဆိုပီး အခန်းထဲက လုံးလုံး​လေးထွက်​လာ​သော သား​လေး....

သား​လေးက အသက်​နှစ်​နှစ်​​ကျော်​ထဲက လမ်း​လျှောက်​တတ်​​နေ​သော​ကြောင့်​ အခု သုံးနှစ်​အရွယ်​ က​လေး​တွေထက်​ လမ်း​ကောင်း​ကောင်း​လျှောက်​တတ်​​ပေသည်​.....

သား​လေးလမ်း​ကောင်း​ကောင်း ​လျှောက်​နိုင်​တာကလည်း Tae​ကြောင့်ပင်​....

ရုံးပိတ်​ရက်​တိုင်း သား​လေးကို ခြံထဲတွင်​လမ်း​လျောက်​သင်​​ပေးတတ်​သည်​.....

သား​လေးရဲ့ ခပ်​လှမ်းလှမ်းမှာ​နေပီး သူ့ဆီသား​လေးက လမ်း​လျှောက်​လာတိုင်း အမြဲ​ပျော်​ကာ အသံထွက်​သည်​အထိရယ်​တတ်​​သော Taeကို ပြန်​မြင်​လာ​သော​ကြောင့်​ သူ့မျက်​၀န်းထက်​ မျက်​ရည်​များတွဲခိုလာသည်​.....

*Ji..Jimin...ဘာလို့ငို​နေတာလဲ Jeon Jung Kookက ဘာ​ပြောလိုက်​လို့လဲ ငါ့ကို​ပြောပြ ငါသွားရှင်း​ပေးမယ်​*

*မဟုတ်​ပါဘူး သားကိုမြင်​တိုင်း Taeကို သတိရလာလို့....ငါ သားကိုမျက်​နှာသွားသစ်​​ပေးလိုက်​ဦးမယ်​* လို့​ပြောကာ သား​လေးကိုချီပီး ​ရေချိုးခန်းသို့ဝင်​လာခဲ့သည်​.....

Jung Kook​ပြောထား​သော ကိစ္စကို သူ Hoseok အားပြန်​မ​ပြောချင်​ခဲ့....

Tae အ​ပေါ်အားနာလွန်းလို့.....

Taeအ​ပေါ်မလုပ်​ရက်​လို့....

ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)Where stories live. Discover now