Non Romantic System(Completed)

By bobo_poompat

478K 28.9K 972

ျမတ္ႏိုးတယ္ဆိုတာထက္ပိုေသာစကားမ်ား႐ွိလ်ွင္ ထိုလူသားကိုသာထပ္ေျပာပါမည္..... မြတ်နိုးတယ်ဆိုတာထက်ပိုသောစကားများရှိ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Note
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-17
Part-18
Note
Part-19
Part-20
Part-21
International Lesbian Day♥
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Wedding's Post
Part-29
Part-30(Final Part)
Extra-1

Part-16

11.4K 895 22
By bobo_poompat

Zawgyi

သံုးညအိပ္ေလးရက္ Tripကိုသြားဖို႔ ေယာကေတာ့ luggageအျပာေလးဆြဲရင္း တတ္ႂကြေနသည္။
႐ွိန္းကေတာ့ ဟာဝါအီ႐ွပ္အဝါကို ဒူးအတိ ေ႐ွာ့ပင္အမဲေရာင္ေလးနဲ႔ တြဲဝတ္ထားၿပီး ဆံပင္ေလးကို အုပ္အုပ္ေလးခ်ထားသည္။ ေနကာမ်က္မွန္ပါ တပ္လိုက္ေတာ့ သူ႔ဘာသာေတာ့ ႐ွဴတင္ေရာက္ေနသလို ခံစားေနရတာအမွန္။

"ဟဲ့ No.(1) ကားေနာ္ ။ ငါတို႔ အဲ့ကားေပၚတတ္မွရမွာ ။အဲ့ကားမွာ Bossပါမွာ"

အိုးကမပူ စေလာင္းကပူ ဆိုသလို ႐ွိန္းထက္ေယာက ပိုၿပီးတတ္ႂကြေနသည္။

ခနၾကာေတာ့ ကားေတြေရာက္လာၿပီး ေရာက္ေနတဲ့သူေတြက အသီးသီး ေနရာယူဖို႔ထြက္သြားၾကသည္။ေယာတို႔လည္း မွန္းထားတဲ့အတိုင္း No.(1)ကားကိုရတယ္။ ဒါ​ေပမယ့္လည္း ဘဝက မ​ေအးေအးဝင္း စီစဥ္တာမဟုတ္ေတာ့ Bossထိုင္ဖို႔ေနရာက အ​ေရွ႕မွာ သီးသန္႔စီစဥ္ထားတာေျကာင့္ အတူထိုင္ဖို႔မျဖစ္ႏိုင္။ ဒါေပမယ့္ ေကာက္ရိုးမ်ွင္ေလးျဖစ္ျဖစ္ ဖမ္းဆြဲထားရမယ္ဆိုတဲ့ ခိုင္မာတဲ့ ဆံုးျဖတ္ခ်က္နဲ႔အတူ Bossခံုေနာက္က ခံုကိုရ​ေအာင္ယူလိုက္သည္။

ျပႆနာက ဘယ္မွာစလဲဆိုေတာ့ ဘယ္တုန္းတည္းက ေယာတို႔ေနာက္ကို လိုက္ေနမွန္းမသိတဲ့ ​ေမေသာ္ကပါ အတူတတ္လာျခင္းပဲ။ စိတ္က်ဥ္းက်ပ္တယ္ရယ္ေတာ့ ဟုုတ္ေပမယ့္ အဲ့ကေလးမက စူးစူး႐ွ႐ွၾကည့္ေနေတာ့ ေယာ ျကက္သီးေတြပါ ထလာတာအမွန္။ ဒါေတာင္ အလယ္မွာ ေလ်ွာက္လမ္း ျခားထားေပလို႔ေပါ့။ မဟုတ္ရင္ ေယာကို အေကာင္လိုက္ ျမိဳခ်မဲ့သေဘာမွာ႐ွိတယ္။

"ဟဲ့႐ွိန္း ငါ့ကိုျပတင္းေပါက္ေဘးက ေနရာေပးပါလား။ နင္ဒီဘက္လာခဲ့ေလ"

အေကာင္းႀကီးကေန ေနရာလာလဲခိုင္းတဲ့ ေယာကိုၾကည့္လိုက္ေတာ့ မယ္မင္းႀကီးမကို မိန္႔မိန္႔ႀကီးေငးေနတဲ့ ​ေမေသာ္ ဆိုတဲ့ေကာင္မေလးကိုပါ တြဲေတြ႔လိုက္ရသည္။
႐ွိန္းတစ္ေယာက္ လူယုတ္မာအျပံဳးျပံဳးလိုက္ၿပီး

"No No... "

"လုပ္ထားေပါ့။ အက်င့္ပုတ္ေကာင္"

ေယာ နားၾကပ္တပ္ၿပီးသာ မ်က္စိမွိတ္ထားလိုက္ေတာ့သည္။
ႏွာေခါင္းထဲဝင္လာတဲ့ လာဗန္ဒါနံ႕သင္းသင္းေလးေၾကာင့္ Bossေရာက္လာတာကို ေယာသတိထားမိၿပီး မ်က္လံုးဖြင့္ၾကည့္လိုက္သည္။

Bossရဲ႕ေဘးမွာ ခြန္ဆတ္သာပါ ပါလာသည္။ ခြန္ဆတ္သာကေတာ့ သူ႔ရဲ႕အျဖဴအမဲ fashionကို ေျပာင္းမွာမဟုတ္ေတာ့ အမဲနဲ႔အျဖဴစပ္ ဟာဝါအီ႐ွပ္ကို ဂ်င္းနက္ျပာနဲ႔ တြဲဝတ္ထားၿပီး shoeဖိနပ္ ျဖဴျဖဴေလးကို စီးထားသည္။ ဘယ္လိုေနေန ေယာမ်က္စိထဲမွာေတာ့ အခ်ိန္တိုင္း မိမိုက္ေနေတာ့ ခက္ေခ်ၿပီ။

မိမိကိုၾကည့္ၿပီး သက္ျပင္းခ်လိုက္တဲ့ ေယာေၾကာင့္ ခြန္ဆတ္သာရဲ႕ confidence levelက 0 evelထိ ထိုးက်သြားတာအမွန္။အျခားသူေတြ ဘယ္လိုျမင္ျမင္ ဂ႐ုမစိုက္ေပမယ့္ ကိုယ္ခ်စ္တဲ႔သူက ကိုယ့္ကို ဘယ္လိုျမင္တယ္ဆိုတာကိုေတာ့ ဂ႐ုစိုက္မိသား။

ေယာကိုၾကည့္ရင္း တစ္ပါတည္း တြဲေတြ႔လိုက္ရတာကေတာ့ ေမေသာ္ပါပဲ။ ေသာက္ကေလးက ႐ုပ္႐ွင္လာ႐ိုက္တာလား Tripသြားမွာလား မသဲကြဲေအာင္ ဝတ္စားထားၿပီး ေယာကိုလည္း ေပါက္ထြက္မတတ္ စိုက္ၾကည့္ေနေသးသည္။တစ္ကိုယ္လံုးကလည္း Brandေတြခ်ည္း စုေနတာမို႔ ေငြလိုလို႔ အလုပ္လာလုပ္ေနတာမဟုတ္ပဲ ဖြန္ေၾကာင္ဖို႔ အလုပ္လုပ္ေနမွန္း သိေနတယ္။

ဆတ္သာ ႐ွည္႐ွည္ေဝးေဝး မစဥ္းစားေတာ့ပဲ ​ေနသစ္ကိုေျပာလိုက္သည္။

"ကိုကို ငယ္ေလး ဒုတိယတန္းမွာပဲထိုင္ခ်င္တယ္"

"Headနဲ႔ကြၽန္ေတာ္ ေနရာခ်င္းလဲမလား။
ေယာကလည္း ကြၽန္ေတာ့ေနရာမွာ ထိုင္ခ်င္ေနတာနဲ႔
အေတာ္ပဲ"

ေနသစ္ ဘာမွမေျပာခင္ ႐ွိန္းကထေျပာလိုက္သည္။
ေနသစ္တို႔ ကားေပၚတတ္လာတည္းက ႐ွိန္း အကဲခတ္ေနတာ။ ေနသစ္ဆိုတဲ့ ဘျဲကီးက တအားေတ ြလန္းေနတာ။ T-shirtအျဖဴကို ​ေအာက္က ဂ်င္းpantအနက္နဲ႔ တြဲဝတ္ထားတာ။ဂ်င္းpantဆိုလို႔ ႐ိုး႐ိုးမမွတ္နဲ႔ ပြစိပြစိနဲ႔ျဖဲထားတာ ။လူငယ္ေလးေတြ ဝတ္တ ဲ့styleမ်ိဳးဗ်။ ခါတိုင္း ေသေသသပ္သပ္ လွန္တင္ထားတဲ့ ဆံပင္ကို ဒီေန႔မွ ဘုတ္သိုက္ခ်ထားျပီး ​ေနကာမ်က္မွန္ကိုလည္း T-shirtေ႐ွ႕မွာ ခ်ိတ္ထားေသးတယ္။ Handsome typeကို ​ေက်ာ္လြန္ၿပီးေတာ့ကို ျကည့္ေကာင္းေနတာဆိုတာ ျမင္သူတိုင္း ေငးရမယ္။ ဒီဘဲႀကီးကို အခုလို ဝတ္ရမယ္လို႔ ဘယ္သူကမ်ား လမ္းၫႊန္ေပးလိုက္လဲ။

ဘဝက မေအးေအးဝင္း မစီစဥ္ေပမယ့္ ႐ွိန္းနဲ႔ခြန္ဆတ္သာ စီစဥ္လိုက္တာမ်ား အဆင္ကိုေျပေနေရာပဲ။
႐ွိန္းက ေနသစ္ေဘးမွာ ထိုင္ေနရၿပီး နားၾကပ္ေလးတပ္ၿပီး ျငိမ့္ေနၿပီ။ ခြန္ဆတ္သာကေတာ့ ေယာကို ျပတင္းေပါက္နားပို႔ၿပီး ေမေသာ့္ကို ​ေယာနဲ႔ အဆက္အသြယ္ ျဖတ္လိုက္သည္။မၾကည္ၾကည့္နဲ႔ ျကည့္ေနတဲ့ ​ေမေသာ့္ကို တစ္ခ်က္ျပံဳးျပလိုက္ၿပီး ေယာရဲ႕ နားၾကပ္တစ္ဖက္ကို ယူကာ နားထဲထည့္လိုက္သည္။

ဆတ္သာရဲ႕ ပိုင္စိုးပိုင္နင္း အျပဳအမူေၾကာင့္ ေယာ ဆတ္သာကို ဘုၾကည့္ၾကည့္လိုက္ေပမယ့္ ဆတ္သာကေတာ့ မ်က္လံုးမွိတ္ထားၿပီး ဇိမ္က်ေနသည္။ ေယာရဲ႕ playlistထဲက ဘာသာစကားေပါင္းစံုနဲ႔ သီခ်င္းေတြေၾကာင့္ နားပူတာေလးက ခြၽင္းခ်က္ေပမယ့္ နားၾကပ္ကို မ်ွသံုးရတာေလးက ဘာနဲ႔မွ မလဲႏိုင္တဲ့႐ိုဆန္ဆန္
feelingေလးပဲ။

လမ္းခရီးတစ္ေလ်ွာက္ Roတာေတြေတာ့ ထည့္မေျပာေတာ့ဘူးကြာ။ ကိုယ့္အတြက္ေတာ့ ေယာနဲ႔ အၾကည့္ခ်င္း ဆံုသြားတာေလးကအစ ႐ိုမန္႔တစ္ဆန္လြန္းလို႔။ ခင္ဗ်ားေလးတို႔ ျကည့္ဖူးတဲ့ ဇာတ္လမ္းေတြထဲကလို ကားေပၚမွာ အိပ္ေပ်ာ္သြားတဲ့သူေလးရဲ႕ ေခါင္းေလးကို ပုခံုးေပၚ တင္ထားတဲ့ဇာတ္ဝင္ခန္းက ေယာနဲ႔ကိုယ့္အတြက္ေတာ့ pass။ အေၾကာင္းက ဒီလို...

ညဘက္ေရာက္ေတာ့ လူအသီးသီးက အိပ္ၾကၿပီ။ ရွိန္းဆို ကိုကို႔ရဲ႕ ပုခံုး​ေပၚမွာမွီျပီး အိပ္ေနျပီ။ ကိုကိုကလည္း ႐ွိန္းရဲ႕ေခါင္းေလးေပၚ ျပန္မွီလို႔။ ၾကည့္​ေနရင္း ကိုယ့္အကိုမ်ား ​ေကြးေနျပီလားလို႔ေတာင္ ဆတ္သာထင္မိသည္။​ ကိုယ့္မွာေတာ့ ေယာမ်ား အိပ္​ေပ်ာ္သြားရင္ ပုခံုးေလးငွါးဖို႔ဆိုျပီး ဘယ္အခ်ိန္ အိပ္မလဲ ေစာင့္လိုက္ရတာ။ဆယ္နာရီေလာက္႐ွိတဲ့အထိ ဒင္းေလးက မအိပ္ဘူး။ အျပင္က႐ွဴခင္းေတြကို ​ေငးေနတာ။နားၾကပ္ကလည္း မျဖဳတ္ဘူးေနာ္။ကိုယ္ကေတာ့ ေန႔လည္ ထမင္းဆင္းစားတည္းက နားေတြပူလို႔ ျပန္မတပ္ေတာ့တာ။ ထားပါေတာ့ ေယာအေၾကာင္း ျပန္ဆက္ရရင္ သူ႔ကိုယ္သူ ႐ုပ္႐ွင္ထဲ ေရာက္ေနတယ္မ်ား မွတ္ေနလားမသိ။တကယ့္ အfeelတလိုင္းေလး။

ေနာက္ဆံုးေတာ့ ပုခံုးငွါးဖို႔ ​ေစာင့္ေနတဲ့ ကိုယ္ကပဲ ဘယ္အခ်ိန္ အိပ္ေပ်ာ္သြားမွန္း မသိေအာင္ အိပ္ေပ်ာ္သြားတာပဲ။ မိုးလင္းေတာ့ ကားလည္းရပ္ေရာ ေမာင္းမကန္ကိုေတာင္ ေရာက္ေနၿပီတဲ့။အိပ္မႈန္စံုမႊားျဖစ္ေနတဲ့ မ်က္လံုးကိုပြတ္ၿပီး ၾကည့္လိုက္ေတာ့မွ ေယာရဲ႕ပုခံုးေပၚမွာ ကိုယ္ကအိပ္ေပ်ာ္ေနတာ။ Tachi သိကၡာက်လိုက္တာဆိုတာ ။ ဒါေတာင္ ဒင္းေလးက ရယ္က်ဲက်ဲနဲ႔ ဘာေတြပီတိျဖစ္ေနလဲမသိ။ ကိုယ္လည္း ႐ွက္႐ွက္နဲ႔ ကားေပၚကဆင္းၿပီး Hotel check in လုပ္ဖို႔ပဲ အာရံုစိုက္လိုက္ေတာ့တယ္။

ကမ္းေျခနဲ႔မီတာ 500​ေလာက္ပဲေဝးတ
ဲ့Coconut guest houseမွာ အစတည္းက ျကိဳၿပီး စာရင္းသြင္းထားၿပီးသားျဖစ္တယ္။

Guest houseမွာက ႐ိုးရာသစ္သားဘန္ဂလိုေလးေတြရယ္ တိုက္ပုဘန္ဂလိုေလးေတြရယ္ ဆိုၿပီး႐ွိေတာ့ လူအေရအတြက္နဲ႔ အေသခ်ာ စီစဥ္ထားၿပီးသားျဖစ္ေနသည္။အစကေတာ့ ေနသစ္နဲ႔ဆတ္သာက တစ္ခန္းျဖစ္သည္။

ခက္တာက ေယာကို အျခားသူေတြနဲ႔ ​ေပးမအိပ္ႏိုင္တဲ့ ဆတ္သာရဲ႕ သဝန္တိုအူတိုမႈေလးပါ။ အဲ့ေတာ့ ဆတ္သာက သစ္သားဘန္ဂလိုေလးရဲ႕ ေသာ့ကိုယူၿပီး ေယာကိုပါ မိမိနဲ႔ အပါေခၚလိုက္သည္။

ငါးစိမ္းျမင္ငါးကင္ပစ္ ဆိုတဲ့အတိုင္း ကိုယ့္ညီမအရင္းေလးရဲ႕
ပစ္ထားတာ ခံလိုက္ရတဲ့ေနသစ္ခမ်ာ မ်က္ႏွာငယ္ေလးန ဲ႔ဆတ္သာကိုၾကည့္ၿပီး

"ငယ္ေလးက ေယာနဲ႔ေနေတာ့ ကိုကိုကေရာ ငယ္ေလး"

ဆတ္သာ ေနသစ္ကို ပါးခ်ိဳင့္ေလးေတြ ေပၚတဲ့အထိျပံဳးျပလိုက္၏။

"ကိုကိုက ႐ွိန္းနဲ႔ေနလိုက္ေလ။ ႐ွိန္းက ခင္ဖို႔ေကာင္းပါတယ္"

ဆတ္သာရဲ႕ အေရာက္ပို႔စနစ္ေလးေၾကာင့္ ႐ွိန္းကေတာ့ ေနသစ္ကို ပီတီတီနဲ႔ျပံဳးျပေနသည္။
ခြန္ေနသစ္ကေတာ့ ႐ွိန္းဆိုတဲ့ တ႐ုတ္ေပါက္ရဲ႕ အျပံဳးကို အဓိပၸါယ္ေဖာ္မိလိုက္သည္။

"ဒီလိုေတာ့ မရဘူး တ႐ုတ္ေပါက္။တစ္ခုခုဆိုရင္ေတာင္ ကိုယ္က အထက္ပုဂၢိဳလ္ပဲ ဟင္းဟင္း"

ေနသစ္ ကိုယ့္ဘာသာေတြးရင္း ႐ွိန္းကို မ်က္ခံုးတစ္ဖက္ ပင့္တင္ျပလိုက္သည္။

******

အခန္းအျပင္အဆင္ေလးက တကယ့္ဘဘာဝဆန္ဆန္ေလးနဲ႔မို႔ ​ေယာတအားသေဘာက်မိၿပီး ျပံဳးလိုက္သည္။

"အခန္းက လွတယ္မဟုတ္လား။ အာ..အိပ္တာကေတာ့ အဆင္ေျပသလိုသာ လုပ္ေနာ္ ေယာ"

"ဟုတ္.. လွတယ္Head။ အိပ္ရာကေတာ့ ကုတင္အေသးေလးပဲ ယူလိုက္ေတာ့မယ္"

ကုတင္ကိစၥ ေျပာရတာ တျခားမဟုတ္။ဆတ္သာတို႔ ယူထားတဲ့ သစ္သား ဘန္ဂလိုေလးထဲမွာ ႏွစ္ေယာက္အိပ္ကုတင္နဲ႔ တစ္ေယာက္အိပ္ကုတင္ေလး ပါတာေၾကာင့္ျဖစ္သည္။

"Ok Ok အဲ့တာဆို ခနနားၿပီးရင္ မနက္စာသြားစားရမယ္။ အစီစဥ္ေတြအေၾကာင္းလည္း ေျပာမွာမို႔လို႔"

ေယာ ေခါင္းေလးၿငိမ္ျပၿပီး အေျဖျပန္ေပးလိုက္သည္။ သူမ်ားေတြကေတာ့ ပင္လယ္ကိုေရာက္တာနဲ႔ ေရထဲဆင္းဖို႔ပဲ စိတ္အားထက္သန္ေပမယ့္ ေယာကေတာ့မတူ။ ေယာက ေရေၾကာက္သည္။ ၿပီးေတာ့ ေယာတို႔ ေဗဒင္ဆရာမႀကီးက ေျပာထားဖူးတယ္ "ေယာက ေရေၾကာင့္ အသက္အႏၱရာယ္ ျဖစ္တတ္တယ္"ဆိုၿပီး။ အခု Tripေတာင္ ေယာေမေမက စိတ္မခ်ျဖစ္ေနေသးတာ။မနည္း ခြင့္ျပဳခ်က္ ယူထားရျခင္းျဖစ္သည္။

ဒါ့ေၾကာင့္ဒီTripတစ္ခုလံုးမွာ ေရထဲကို ေယာ လံုးဝ ဆင္းမည္မဟုတ္ပါ။

~

~~♥~~~
The author has something to say:

Covidကလည္းတေန႔တျခားပိုဆိုးလာတယ္။ ဂ႐ုစိုက္ၾကေနာ္။ Lock downေတြအခ်ခံရၿပီးရပ္ကြက္ထဲမွာလည္းလမ္းေတြကိုပိတ္ထားတာရယ္။TT
အျပင္ထြက္တိုင္းmaskတပ္ပါေနာ္။လက္လည္းခနခနေဆးပါ။

Luv u all

Unicode

သုံးညအိပ်လေးရက် Tripကိုသွားဖို့ ယောကတော့ luggageအပြာလေးဆွဲရင်း တတ်ကြွနေသည်။
ရှိန်းကတော့ ဟာဝါအီရှပ်အဝါကို ဒူးအတိ ရှော့ပင်အမဲရောင်လေးနဲ့ တွဲဝတ်ထားပြီး ဆံပင်လေးကို အုပ်အုပ်လေးချထားသည်။ နေကာမျက်မှန်ပါ တပ်လိုက်တော့ သူ့ဘာသာတော့ ရှူတင်ရောက်နေသလို ခံစားနေရတာအမှန်။

"ဟဲ့ No.(1) ကားနော် ။ ငါတို့ အဲ့ကားပေါ်တတ်မှရမှာ ။အဲ့ကားမှာ Bossပါမှာ"

အိုးကမပူ စလောင်းကပူ ဆိုသလို ရှိန်းထက်ယောက ပိုပြီးတတ်ကြွနေသည်။

ခနကြာတော့ ကားတွေရောက်လာပြီး ရောက်နေတဲ့သူတွေက အသီးသီး နေရာယူဖို့ထွက်သွားကြသည်။ယောတို့လည်း မှန်းထားတဲ့အတိုင်း No.(1)ကားကိုရတယ်။ ဒါပေမယ့်လည်း ဘဝက မအေးအေးဝင်း စီစဉ်တာမဟုတ်တော့ Bossထိုင်ဖို့နေရာက အရှေ့မှာ သီးသန့်စီစဉ်ထားတာကြောင့် အတူထိုင်ဖို့မဖြစ်နိုင်။ ဒါပေမယ့် ကောက်ရိုးမျှင်လေးဖြစ်ဖြစ် ဖမ်းဆွဲထားရမယ်ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ Bossခုံနောက်က ခုံကိုရအောင်ယူလိုက်သည်။

ပြဿနာက ဘယ်မှာစလဲဆိုတော့ ဘယ်တုန်းတည်းက ယောတို့နောက်ကို လိုက်နေမှန်းမသိတဲ့ မေသော်ကပါ အတူတတ်လာခြင်းပဲ။ စိတ်ကျဉ်းကျပ်တယ်ရယ်တော့ ဟုတ်ပေမယ့် အဲ့ကလေးမက စူးစူးရှရှကြည့်နေတော့ ယော ကြက်သီးတွေပါ ထလာတာအမှန်။ ဒါတောင် အလယ်မှာ လျှောက်လမ်း ခြားထားပေလို့ပေါ့။ မဟုတ်ရင် ယောကို အကောင်လိုက် မြိုချမဲ့သဘောမှာရှိတယ်။

"ဟဲ့ရှိန်း ငါ့ကိုပြတင်းပေါက်ဘေးက နေရာပေးပါလား။ နင်ဒီဘက်လာခဲ့လေ"

အကောင်းကြီးကနေ နေရာလာလဲခိုင်းတဲ့ ယောကိုကြည့်လိုက်တော့ မယ်မင်းကြီးမကို မိန့်မိန့်ကြီးငေးနေတဲ့ မေသော် ဆိုတဲ့ကောင်မလေးကိုပါ တွဲတွေ့လိုက်ရသည်။
ရှိန်းတစ်ယောက် လူယုတ်မာအပြုံးပြုံးလိုက်ပြီး

"No No... "

"လုပ်ထားပေါ့။ အကျင့်ပုတ်ကောင်"

ယော နားကြပ်တပ်ပြီးသာ မျက်စိမှိတ်ထားလိုက်တော့သည်။
နှာခေါင်းထဲဝင်လာတဲ့ လာဗန်ဒါနံ့သင်းသင်းလေးကြောင့် Bossရောက်လာတာကို ယောသတိထားမိပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။

Bossရဲ့ဘေးမှာ ခွန်ဆတ်သာပါ ပါလာသည်။ ခွန်ဆတ်သာကတော့ သူ့ရဲ့အဖြူအမဲ fashionကို ပြောင်းမှာမဟုတ်တော့ အမဲနဲ့အဖြူစပ် ဟာဝါအီရှပ်ကို ဂျင်းနက်ပြာနဲ့ တွဲဝတ်ထားပြီး shoeဖိနပ် ဖြူဖြူလေးကို စီးထားသည်။ ဘယ်လိုနေနေ ယောမျက်စိထဲမှာတော့ အချိန်တိုင်း မိမိုက်နေတော့ ခက်ချေပြီ။

မိမိကိုကြည့်ပြီး သက်ပြင်းချလိုက်တဲ့ ယောကြောင့် ခွန်ဆတ်သာရဲ့ confidence levelက 0 evelထိ ထိုးကျသွားတာအမှန်။ အခြားသူတွေ ဘယ်လိုမြင်မြင် ဂရုမစိုက်ပေမယ့် ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ဘယ်လိုမြင်တယ်ဆိုတာကိုတော့ ဂရုစိုက်မိသား။

ယောကိုကြည့်ရင်း တစ်ပါတည်း တွဲတွေ့လိုက်ရတာကတော့ မေသော်ပါပဲ။ သောက်ကလေးက ရုပ်ရှင်လာရိုက်တာလား Tripသွားမှာလား မသဲကွဲအောင် ဝတ်စားထားပြီး ယောကိုလည်း ပေါက်ထွက်မတတ် စိုက်ကြည့်နေသေးသည်။တစ်ကိုယ်လုံးကလည်း Brandတွေချည်း စုနေတာမို့ ငွေလိုလို့ အလုပ်လာလုပ်နေတာမဟုတ်ပဲ ဖွန်ကြောင်ဖို့ အလုပ်လုပ်နေမှန်း သိနေတယ်။

ဆတ်သာ ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ပဲ နေသစ်ကိုပြောလိုက်သည်။

"ကိုကို ငယ်လေး ဒုတိယတန်းမှာပဲထိုင်ချင်တယ်"

"Headနဲ့ကျွန်တော် နေရာချင်းလဲမလား။
ယောကလည်း ကျွန်တော့နေရာမှာ ထိုင်ချင်နေတာနဲ့
အတော်ပဲ"

နေသစ် ဘာမှမပြောခင် ရှိန်းကထပြောလိုက်သည်။
နေသစ်တို့ ကားပေါ်တတ်လာတည်းက ရှိန်း အကဲခတ်နေတာ။ နေသစ်ဆိုတဲ့ ဘဲကြီး တအားတွေ လန်းနေတာ။ T-shirtအဖြူကို အောက်က ဂျင်းpantအနက်နဲ့ တွဲဝတ်ထားတာ။ဂျင်းpantဆိုလို့ ရိုးရိုးမမှတ်နဲ့ ပွစိပွစိနဲ့ဖြဲထားတာ ။လူငယ်လေးတွေ ဝတ်တဲ့ styleမျိုးဗျ။ ခါတိုင်း သေသေသပ်သပ် လှန်တင်ထားတဲ့ ဆံပင်ကို ဒီနေ့မှ ဘုတ်သိုက်ချထားပြီး နေကာမျက်မှန်ကိုလည်း T-shirtရှေ့မှာ ချိတ်ထားသေးတယ်။ Handsome typeကို ကျော်လွန်ပြီးတော့ကို ကြည့်ကောင်းနေတာဆိုတာ မြင်သူတိုင်း ငေးရမယ်။ ဒီဘဲကြီးကို အခုလို ဝတ်ရမယ်လို့ ဘယ်သုကများ လမ်းညွှန်ပေးလိုက်လဲ။

ဘဝက မအေးအေးဝင်း မစီစဉ်ပေမယ့် ရှိန်းနဲ့ခွန်ဆတ်သာ စီစဉ်လိုက်တာများ အဆင်ကိုပြေနေရောပဲ။
ရှိန်းက နေသစ်ဘေးမှာ ထိုင်နေရပြီး နားကြပ်လေးတပ်ပြီး ငြိမ့်နေပြီ။ ခွန်ဆတ်သာကတော့ ယောကို ပြတင်းပေါက်နားပို့ပြီး မေသော့်ကို ယောနဲ့ အဆက်အသွယ် ဖြတ်လိုက်သည်။မကြည်ကြည့်နဲ့ ကြည့်နေတဲ့ မေသော့်ကို တစ်ချက်ပြုံးပြလိုက်ပြီး ယောရဲ့ နားကြပ်တစ်ဖက်ကို ယူကာ နားထဲထည့်လိုက်သည်။

ဆတ်သာရဲ့ ပိုင်စိုးပိုင်နင်း အပြုအမူကြောင့် ယော ဆတ်သာကို ဘုကြည့်ကြည့်လိုက်ပေမယ့် ဆတ်သာကတော့ မျက်လုံးမှိတ်ထားပြီး ဇိမ်ကျနေသည်။ ယောရဲ့ playlistထဲက ဘာသာစကားပေါင်းစုံနဲ့ သီချင်းတွေကြောင့် နားပူတာလေးက ချွင်းချက်ပေမယ့် နားကြပ်ကို မျှသုံးရတာလေးက ဘာနဲ့မှ မလဲနိုင်တဲ့ရိုဆန်ဆန်
feelingလေးပဲ။

လမ်းခရီးတစ်လျှောက် Roတာတွေတော့ ထည့်မပြောတော့ဘူးကွာ။ ကိုယ့်အတွက်တော့ ယောနဲ့ အကြည့်ချင်း ဆုံသွားတာလေးကအစ ရိုမန့်တစ်ဆန်လွန်းလို့။ ခင်ဗျားလေးတို့ ကြည့်ဖူးတဲ့ ဇာတ်လမ်းတွေထဲကလို ကားပေါ်မှာ အိပ်ပျော်သွားတဲ့သူလေးရဲ့ ခေါင်းလေးကို ပုခုံးပေါ် တင်ထားတဲ့ဇာတ်ဝင်ခန်းက ယောနဲ့ကိုယ့်အတွက်တော့ pass။ အကြောင်းက ဒီလို...

ညဘက်ရောက်တော့ လူအသီးသီးက အိပ်ကြပြီ။ ရှိန်းဆို ကိုကို့ရဲ့ ပုခုံးပေါ်မှာမှီပြီး အိပ်နေပြီ။ ကိုကိုကလည်း ရှိန်းရဲ့ခေါင်းလေးပေါ် ပြန်မှီလို့။ ကြည့်နေရင်း ကိုယ့်အကိုများ ကွေးနေပြီလားလို့တောင် ဆတ်သာထင်မိသည်။ ကိုယ့်မှာတော့ ယောများ အိပ်ပျော်သွားရင် ပုခုံးလေးငှါးဖို့ဆိုပြီး ဘယ်အချိန် အိပ်မလဲ စောင့်လိုက်ရတာ။ ဆယ်နာရီလောက်ရှိတဲ့အထိ ဒင်းလေးက မအိပ်ဘူး။ အပြင်ကရှူခင်းတွေကို ငေးနေတာ။နားကြပ်ကလည်း မဖြုတ်ဘူးနော်။ကိုယ်ကတော့ နေ့လည် ထမင်းဆင်းစားတည်းက နားတွေပူလို့ ပြန်မတပ်တော့တာ။ ထားပါတော့ ယောအကြောင်း ပြန်ဆက်ရရင် သူ့ကိုယ်သူ ရုပ်ရှင်ထဲ ရောက်နေတယ်များ မှတ်နေလားမသိ။တကယ့် အfeelတလိုင်းလေး။

နောက်ဆုံးတော့ ပုခုံးငှါးဖို့ စောင့်နေတဲ့ ကိုယ်ကပဲ ဘယ်အချိန် အိပ်ပျော်သွားမှန်း မသိအောင် အိပ်ပျော်သွားတာပဲ။ မိုးလင်းတော့ ကားလည်းရပ်ရော မောင်းမကန်ကိုတောင် ရောက်နေပြီတဲ့။အိပ်မှုန်စုံမွှားဖြစ်နေတဲ့ မျက်လုံးကိုပွတ်ပြီး ကြည့်လိုက်တော့မှ ယောရဲ့ပုခုံးပေါ်မှာ ကိုယ်ကအိပ်ပျော်နေတာ။ Tachi သိက္ခာကျလိုက်တာဆိုတာ ။ ဒါတောင် ဒင်းလေးက ရယ်ကျဲကျဲနဲ့ ဘာတွေပီတိဖြစ်နေလဲမသိ။ ကိုယ်လည်း ရှက်ရှက်နဲ့ ကားပေါ်ကဆင်းပြီး Hotel check in လုပ်ဖို့ပဲ အာရုံစိုက်လိုက်တော့တယ်။

ကမ်းခြေနဲ့မီတာ 500လောက်ပဲဝေးတဲ့
Coconut guest houseမှာ အစတည်းက ကြိုပြီး စာရင်းသွင်းထားပြီးသားဖြစ်တယ်။

Guest houseမှာက ရိုးရာသစ်သားဘန်ဂလိုလေးတွေရယ် တိုက်ပုဘန်ဂလိုလေးတွေရယ် ဆိုပြီးရှိတော့ လူအရေအတွက်နဲ့ အသေချာ စီစဉ်ထားပြီးသားဖြစ်နေသည်။အစကတော့ နေသစ်နဲ့ဆတ်သာက တစ်ခန်းဖြစ်သည်။

ခက်တာက ယောကို အခြားသူတွေနဲ့ ပေးမအိပ်နိုင်တဲ့ ဆတ်သာရဲ့ သဝန်တိုအူတိုမှုလေးပါ။ အဲ့တော့ ဆတ်သာက သစ်သားဘန်ဂလိုလေးရဲ့ သော့ကိုယူပြီး ယောကိုပါ မိမိနဲ့ အပါခေါ်လိုက်သည်။

ငါးစိမ်းမြင်ငါးကင်ပစ် ဆိုတဲ့အတိုင်း ကိုယ့်ညီမအရင်းလေးရဲ့
ပစ်ထားတာ ခံလိုက်ရတဲ့နေသစ်ခမျာ ဆတ်သာကို မျက်နှာငယ်လေးနဲ့ ကြည့်ပြီး

"ငယ်လေးက ယောနဲ့နေတော့ ကိုကိုက​ရော ငယ်လေး"

ဆတ်သာ နေသစ်ကို ပါးချိုင့်လေးတွေ ပေါ်တဲ့အထိပြုံးပြလိုက်၏။

"ကိုကိုက ရှိန်းနဲ့နေလိုက်လေ။ ရှိန်းက ခင်ဖို့ကောင်းပါတယ်"

ဆတ်သာရဲ့ အရောက်ပို့စနစ်လေးကြောင့် ရှိန်းကတော့ နေသစ်ကို ပီတီတီနဲ့ပြုံးပြနေသည်။
ခွန်နေသစ်ကတော့ ရှိန်းဆိုတဲ့ တရုတ်ပေါက်ရဲ့ အပြုံးကို အဓိပ္ပါယ်ဖော်မိလိုက်သည်။

"ဒီလိုတော့ မရဘူး တရုတ်ပေါက်။တစ်ခုခုဆိုရင်တောင် ကိုယ်က အထက်ပုဂ္ဂိုလ်ပဲ ဟင်းဟင်း"

နေသစ် ကိုယ့်ဘာသာတွေးရင်း ရှိန်းကို မျက်ခုံးတစ်ဖက် ပင့်တင်ပြလိုက်သည်။

******

အခန်းအပြင်အဆင်လေးက တကယ့်ဘဘာဝဆန်ဆန်လေးနဲ့မို့ ယောတအားသဘောကျမိပြီး ပြုံးလိုက်သည်။

"အခန်းက လှတယ်မဟုတ်လား။ အာ..အိပ်ဖို့ကတော့ အဆင်ပြေသလိုသာ လုပ်နော် ယော"

"ဟုတ်.. လှတယ်Head။ အိပ်ရာကတော့ ကုတင်အသေးလေးပဲ ယူလိုက်တော့မယ်"

ကုတင်ကိစ္စ ပြောရတာ တခြားမဟုတ်။ဆတ်သာတို့ ယူထားတဲ့ သစ်သား ဘန်ဂလိုလေးထဲမှာ နှစ်ယောက်အိပ်ကုတင်နဲ့ တစ်ယောက်အိပ်ကုတင်လေး ပါတာကြောင့်ဖြစ်သည်။

"Ok Ok အဲ့တာဆို ခနနားပြီးရင် မနက်စာသွားစားရမယ်။ အစီစဉ်တွေအကြောင်းလည်း ပြောမှာမို့လို့"

ယော ခေါင်းလေးငြိမ်ပြပြီး အဖြေပြန်ပေးလိုက်သည်။ သူများတွေကတော့ ပင်လယ်ကိုရောက်တာနဲ့ ရေထဲဆင်းဖို့ပဲ စိတ်အားထက်သန်ပေမယ့် ယောကတော့မတူ။ ယောက ရေကြောက်သည်။ ပြီးတော့ ယောတို့ ဗေဒင်ဆရာမကြီးက ပြောထားဖူးတယ် "ယောက ရေကြောင့် အသက်အန္တရာယ် ဖြစ်တတ်တယ်"ဆိုပြီး။ အခု Tripတောင် ယောမေမေက စိတ်မချဖြစ်နေသေးတာ။မနည်း ခွင့်ပြုချက် ယူထားရခြင်းဖြစ်သည်။

ဒါ့ကြောင့်ဒီTripတစ်ခုလုံးမှာ ရေထဲကို ယော လုံးဝ ဆင်းမည်မဟုတ်ပါ။

~~~♥~~~


The author has something to say:

Covidကလည်းတနေ့တခြားပိုဆိုးလာတယ်။ ဂရုစိုက်ကြနော်။ Lock downတွေအချခံရပြီးရပ်ကွက်ထဲမှာလည်းလမ်းတွေကို
ပိတ်ထားတာရယ်။TT
အပြင်ထွက်တိုင်းmaskတပ်ပါနော်။လက်လည်းခနခနဆေးပါ။

Luv u all

Continue Reading

You'll Also Like

1.4K 93 24
ဆူး တို့ သည်လည်း အမြဲတမ်းတော့ မဆူးနိုင်တစ်ခါတစ်ခါ သိပ်ကို နူးညံ့ လွန်းသည် ဆူး တို ့သည္လည္း အျမဲတမ္းေတာ့ မဆူးနိုင္တစ္ခါတစ္ခါ သိပ္ကို နူးညံ ့လြန္းသည္
3.4K 196 6
လမင်းနဲ့ကြယ်စင်ဟာ ဉ့်ဦးယံမှာ ဖူးစာစုံ ပါရစေ.. နန်း~
11.4K 630 18
Rose Park Chaeyoung CEO.Blackpinkဆိုတဲ့ဂိုဏ်းတဂိုဏ်းကနိုင်ငံအတွင်းမှာနာမည်ရှိဂိုဏ်းတဂိုဏ်းပဲ။အမျိုးသမီးဂိုဏ်းပေါ့။စာသား‌ပံုစံက blackpink ဆိုပီးပန်း‌ေ...