ငွေမှိုင်းလင်းဝေ...(ငွေမှိုင်း...
Por Han_Me7012
89.7K 7.4K 1.4K
(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... Más
Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)
Part 19(Zawgyi)
442 47 27
Por Han_Me7012
သင်္ကြန်ကာလသည် ကျွန်တော်အတွက်တော့
ပျင်းစရာအကောင်းဆုံး အချိန်အခါဖြစ်လေသည်။
သင်္ကြန်တွင်းဆိုရင် ကြီးကြီးစန်းကလည်း ဥပုသ်စောင့်တတ်သောကြောင့် စနောက်စရာလူလည်းမရှိ။ လမ်းထဲက ကလေးတွေနှင့်လည်း ဘောလုံးသွားကန်၍မရ။
သူတို့က ကျွန်တော့ကိုမြင်တာနဲ့ ခွက်စောင်းခုတ်ဖို့ ပြင်နေကြတော့တာ။ ပြီးခဲ့တဲ့နှစ်က အကျနေ့တစ်ရက် ပျင်းပျင်းရှိတာနဲ့ ကျွန်တော်တစ်ယောက်တည်း ရပ်ကွက်တွေထဲမှာ လျှောက်လည်ဖြစ်တယ်။ အိမ်ပြန်ရောက်တော့ ကလေးတွေဆီမှာ ခွက်စောင်းခုတ်ခံ ခဲ့ရလို့ ကျောတွေစပ်၊ မမတွေကလည်း ရေတွေ
ဟောကနဲ၊ဟောကနဲ လောင်းထည့်လိုက်လို့ နားတွေအူနေတာ တော်တော်နဲ့မပျောက်တော့ဘူး။
အဲ့နေ့ကတည်းကစပြီး သင်္ကြန်ဆိုရင် ရပ်ကွက်ထဲပတ်ဖို့ စိတ်တောင်မကူးရဲတော့တာပဲ။ ကားနဲ့လည်ဖို့ကျတော့ ကြီးစန်းရော၊အဖေရော စိတ်မချလို့ နှစ်ယောက်၊တစ်ယောက်မှာ ကျွန်တော်ပဲ ရှုံးခဲ့တာချည်း။
ဒါပေမယ့် ရေခဲသေတ္တာထဲမှာ မုန့်တွေအပြည့် ဝယ်ထည့်ထားသောကြောင့် နေသာထိုင်သာရှိနေသည်။ tvလိုင်းတွေတစ်ခုပြီး တစ်ခုပြောင်းကြည့်လို့ သဘောမကျရင် ဝယ်ထားတဲ့ အခွေတွေကို မွှေနှောက်ပြီး မုန့်နဲ့မြည်းရတာလည်း တစ်မျိုးတော့ ဇိမ်ကျသည်။
အင်း....အဖေကတော့ သင်္ကြန်တွင်းလည်း အိမ်မှာမရှိဘူး...။ ဘယ်သွားနေလဲဆိုတာတော့ ကျွန်တော်လည်းမသိ။ ပြန်လာရင် ယိုင်တိယိုင်တိုင်နဲ့ ။ပြီးရင်တော့ ထိုးအိပ်သွားတာပဲ။ သင်္ကြန်လေးရက်စလုံးမှာ အဲ့လိုမျိုး တစ်ပုံစံတည်း။
နှစ်ဆန်းတစ်ရက်နေ့လောက်ကျမှ သားငယ်
ဘယ်သွားချင်လဲဆိုပြီး လာမေးပါတယ်။ အဲ့ဒီနေ့ကျတော့ ကျွန်တော်ကလည်း စိတ်မပါတော့တာနဲ့ ခေါင်းခါပြပြီး တစ်နေကုန် tvကြည့်နေလိုက်တယ်။
ကျောင်းပိတ်ရက်မှာ အလင်းဝေတစ်ယောက် ဘာတွေလုပ်နေလဲလို့ မေးကြရင်တော့ အိပ်တယ်၊စားတယ်၊tvကြည့်တယ် ဆိုပြီး ပြန်ဖြေရမှာပဲ။ ကျောင်းစာနဲ့ ပတ်သတ်ရင် သတိလုံးဝမရ။ ကိုးတန်းအောင်မှာ သေချာလို့ စာအုပ်တွေကို သူများပေးလိုက်တာပဲကြည့်။
ကိုးတန်းဆိုလို့...နှစ်ဆန်းနှစ်ရက်နေ့ကျရင် အောင်စာရင်းထွက်တော့မှာ။ အောင်စာရင်းအတွက် ရင်မခုန်ပေမယ့် သွားကြည့်တဲ့အခါကျရင် တစ်ယောက်ယောက်နဲ့တွေ့မလားဆိုပြီး တွေးမိတော့ ရင်ခုန်မိသား...။
အမှန်အတိုင်းပြောရရင် ကျောင်းတက်ရမှာကို
စိတ်မပါပေမယ့် ငွေရှိုင်းနဲ့တွေ့ချင်လို့ ကျောင်းလည်း မြန်မြန်တက်ချင်နေပြီလေ။
.
.
.
.
.
.
နှစ်ဆန်းနှစ်ရက်နေ့ရောက်တော့ စောစောထပြီး ရေမိုးချိုးပြင်ဆင်ပြီးဖြစ်နေတဲ့ ကျွန်တော့ကို ကြီးကြီးစန်းက "ကောင်မလေးနဲ့...သွားချိန်းတွေ့မလို့လား..."
ဟုပြောလာသဖြင့် ထရယ်မိသည်။
ကောင်လေးပါ...ကြီးစန်းရာ..ဟု အသံတိတ်ပြန်ဖြေဖြစ်ရင်း
လာ၊မလာ မသေချာသော သူတစ်ယောက်နှင့် သွားတွေ့မည့် ကျွန်တော့ကိုယ်ကျွန်တော်လည်း နားမလည်နိုင်ဖြစ်ရသည်။ ကျောင်းရောက်တော့ အောင်စာရင်းကပ်ထားသော
notice boardအနားပင် တစ်ချက်လေးမှမကပ်ဖြစ်ဘဲ တိုးဝှေ့ကြည့်နေကြသော ကျောင်းသားများကိုသာ ခပ်လှမ်းလှမ်းမှ ငေးကြည့်နေမိသည်။
တွေ့ချင်သူမှာ ပေါ်မလာသေးသော်လည်း မတွေ့ချင်သော အမြွှာနှစ်ယောက်ကိုတော့ လှေကားမှ တက်လာသည်ကို မြင်လိုက်ရသည်။ ကျောင်းဝတ်စုံနှင့် မဟုတ်ဘဲ အပြင်ဝတ်နှင့် တွေ့ရသောကြောင့် တီရှပ်နှင့် ဘောင်းဘီပွပွတို့ ဝတ်လာသော ချာလီ၊ဂေါ်လီတို့ ညီအစ်ကိုမှာ ရပ်ကွက်ထဲက ကလေးများနှင့် နင်လား၊ငါလား ဖြစ်နေသည်။
သူတို့ကတော့ ကျွန်တော့ကို မမြင်ကြသေးပေ။ ရောက်လာလာချင်း notice board ဆီ အပြေးသွားပြီး ကျောင်းသားများကို တွန်းတိုက်၍ အရှေ့ဆုံးထိ ရောက်အောင်သွားလေသည်။ သူတို့နာမည်ကို ရှာလည်းတွေ့ရော တစ်ယောက်နာမည်၊တစ်ယောက်ခေါ်ကာ အောင်ပြီကွဟု အကျယ်ကြီးအော်လေသည်။
ကျွန်တော်လည်း တခြားသူများနည်းတူ သူတို့နှစ်ယောက်ကို ကြည့်ပြီး ရယ်နေမိသည်။ ကျွန်တော်နှင့် သူတို့အမြွှာနှစ်ယောက်ဆိုသည်မှာ မျက်နှာချင်းဆိုင်တိုင်း ရန်ဖြစ်နေကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် ဆုံမိကြလျှင်တော့ ရှောင်ကွင်း မသွားနိုင်ကြသူ များလည်းဖြစ်သည်။
"ဂေါ်လီ...ဟိုမှာ...အလင်းဝေကွ..."
လူအုပ်ကြားထဲမှ ထွက်လာလာချင်း တိုင်လုံးကိုမှီရပ်နေသော ကျွန်တော့ကို တွေ့လိုက်သောကြောင့် အောင်သစ္စာက နောင်သစ္စာကို လှမ်းအော်ပြောလိုက်ခြင်းဖြစ်သည်။ ဂေါ်လီ၏ မျက်နှာမှာ ချက်ချင်းဝင်းပလျှက်ရှိသည်ကိုမြင်ရသဖြင့် မသိတဲ့သူတွေဆို ကျွန်တော်တို့သုံးယောက်အား သူငယ်ချင်းအရင်းတွေဟုပင် ထင်နိုင်လောက်သည်။
ကျွန်တော်ကလည်း ဟန်ပါပါရယ်၍ လက်ပြလိုက်သည်။ နှစ်ယောက်စလုံးအနားရောက်လာကြသောအခါ ဂေါ်လီက ကျွန်တော့ကိုကြည့်ပြီး...
" ဆံပင်တွေ ရှည်လာတော့
ငါတို့အလင်းဝေက ပိုချောလာသားပဲ ချာလီရ..." ဟု နောက်ပြောင်သည့် လေသံနှင့် ပြောလေသည်။
"စကားအကောင်းပြောတတ်လာပြီပဲ..စာမေးပွဲကျမယ်ထင်ပြီး
အောင်သွားတော့ ပျော်နေကြတယ်ပေါ့..." ဟု ကျွန်တော်ကလည်း ပြန်ပြောလိုက်သည်။
"ငါတို့ကအောင်ပြီးသားကွ...ဝတ္တရားအရ လာကြည့်နေရတာ...မင်းက မပြန်သေးဘဲ ဒီမှာ ဘာရပ်လုပ်နေတာလဲ...အော်...မေဆုနိုင်ကို
စောင့်နေတာလား..."
လာပြန်ပြီ...ဒီမေဆုနိုင်...။
"မင်းတို့က မင်းတို့ကောင်မလေးနာမည်ကို ပါးစပ်ဖျားက မချဘူးနော်..သူ့ကို.မင်းတို့နဲ့.အောင်သွယ်လုပ်ပေးစေချင်ရင် ကျောင်းဖွင့်ရင် ကူညီမယ်လေ..
အဲ..ဒါပေမယ့် မေဆုနိုင်ကတစ်ယောက်တည်းလေ..
မင်းတို့က နှစ်ယောက်ဖြစ်နေတော့...အဲ့ကိစ္စကိုကျ ဘယ်လိုလုပ်ပေးရမလဲ..."
ရယ်တော့ရယ်ရသား...။ မေဆုနိုင်နဲ့ ပြန်စလိုက်တိုင်း ချာလီနဲ့ဂေါ်လီတို့ ကျွန်တော့ကို ဆဲရုံကလွဲပြီး ဘာမှမပြောနိုင်ကြတော့ဘူး။ အခုလည်း "ကျောင်းဖွင့်မှ တွေ့မယ်.." ဆိုသည့် စကားတစ်ခွန်းသာ ပြောပြီးထွက်သွားကြသည်။
လူနည်းနည်းရှင်းနေပြီဖြစ်သည့်အပြင် ကျွန်တော်လည်း စောင့်နေရတာကြာပြီဖြစ်သောကြောင့် ပြန်ထွက်မည်အပြုတွင် ငွေရှိုင်းကို လှေကားထိပ်တွင် တွေ့လိုက်ရသည်။ တီရှပ်အဖြူကလေးကို အောက်ခံထား၍ ရှပ်အင်္ကျီအနက်လေး ထပ်ဝတ်ထားသည်။ မြင်နေကျမဟုတ်သည့် ဂျင်းဘောင်းဘီနှင့်မို့
တကယ့် လူပျိုကြီးပုံစံဖြစ်နေသည်။ အသားနည်းနည်း ဖြူလာရုံကလွဲရင် ဘာမှပြောင်းလဲခြင်းမရှိပေ။
သွားနှုတ်ဆက်ရန် ခြေလှမ်းမိချိန်တွင် မှိုင်းခေါင်ဝေဦးတစ်ယောက် နောက်တွင် ကပ်ပါလာသည်ကို မြင်လိုက်ရသည်။
Angry birdအနီကောင်က ဘာလဲ...။ ငွေရှိုင်းရှိနေတဲ့ နေရာတိုင်းမှာ သူ့ကိုပါ မြင်မြင်နေရတာ ကျွန်တော့အတွက် အဆင်ပြေမနေဘူး...။
တိုင်နှင့်ကွယ်နေသောကြောင့်လားမသိ..သူတို့
နှစ်ယောက်စလုံး ကျွန်တော့ကိုမမြင်ကြပါ။ notice boardဆီ အရင်သွားကြည့်ပြီး ပြန်လှည့်လာမှ ကျွန်တော့ကို မှိုင်းခေါင်ဝေဦးက အရင် သတိထားမိခြင်းဖြစ်သည်။
သူ့မျက်လုံးများသည် ကျွန်တော့ကိုတွေ့မှ ပို၍စူးရဲလာသည်။ ကျွန်တော်ကလည်း သူနဲ့မျက်လုံးဆုံဆုံချင်း နှုတ်ခမ်းထောင့်စွန်းကို မသိမသာကွေးမိသည်။
"ငွေရှိုင်းကို ငါပိုင်တာ..." လို့ ပြောခဲ့တဲ့အချိန်တုန်းက မျက်လုံးတွေအတိုင်းပါပဲ။ သူ့ညီကို ချက်ချင်း ယူပြေးသွားတော့မယ့်ပုံစံနဲ့ ကျွန်တော့ကို ရန်သူတစ်ယောက်လို သဘောထားပြီးကြည့်နေခဲ့တာ။
အစ်ကိုတစ်ယောက်အနေနဲ့ ညီမလည်းမဟုတ်တဲ့
ညီတစ်ယောက်အပေါ်မှာ အရမ်း serious ဖြစ်လွန်းနေတာကို အမြင်ကတ်တာနဲ့ အဲ့ဒီ့တုန်းက
"ဟုတ်ပါပြီ...အခု ငွေရှိုင်းကို အစ်ကိုပိုင်နေပေမယ့်
နောက်ဆို သူ့ကိုပိုင်တဲ့သူက ကျွန်တော်ဖြစ်မလာနိုင်ဘူးလို့် ဘယ်သူပြောနိုင်မှာလဲ..." ဆိုပြီး တုံ့ပြန်မိလို့ အထိုးခံလိုက်ရတာကို ပြန်သတိရမိသည်။
ကျွန်တော်ကလည်း ကျွန်တော်ပါပဲလေ။ အခုနေတော့ ပြန်တွေးမိတိုင်း ရယ်ချင်လာပေမယ့် အထိုးခံခဲ့ရတဲ့ ပါးတစ်ဖက်ကတော့ အောင့်သလိုဖြစ်နေဆဲ...။
နောက်တော့ ငွေရှိုင်းလည်း ကျွန်တော့ကို မြင်သွားသည်။ သူ့မျက်နှာမှာ ပြုံးယောင်သမ်းနေသော်လည်း မှိုင်းခေါင်ဝေဦး ရှိနေသဖြင့် နှုတ်ဆက်ခြင်းမပြုဘဲ ငြိမ်ရပ်နေသည်။
ပန်းကလေးဆီ သွားဖို့ ခြံစည်းရိုးကို မြင်တာနဲ့ပဲ လက်လျှော့ရမလား...။ အလင်းဝေကတော့ အဲ့ဒီခြံစည်းရိုးကို ကျော်ခွပြီးတော့ကို ရောက်အောင်သွားမှာ။
ကိုယ့်ဥပမာနှင့်ကိုယ် ကျေနပ်နေ၍မရသေး...။ တိုင်ကိုမှီပြီး ဟန်ပါပါရပ်နေ၍လည်း မဖြစ်သေးပေ။ အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ရင်း ထိုညီအစ်ကိုနှစ်ယောက်ထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
ငွေရှိုင်းနဲ့ကျွန်တော်က အရပ်အတူတူပဲဖြစ်နေပြီ။ မှိုင်းခေါင်ဝေဦးကိုတော့ မော့ကြည့်နေရသေးပေမယ့် သူတို့နှင့် အကွာအဝေးတစ်ခု ခြားပြီး ရပ်နေသည့်အတွက် မျက်လုံးလှန်ကြည့်ရုံနှင့် angry birdအနီကောင်ရဲ့ မျက်နှာကို မြင်နိုင်သည်။
"ဘာလို့ ကိုယ်တိုင်လာကြည့်တာလဲ...
ငွေရှိုင်းရ..ဆရာမကြီးကို ဖုန်းဆက်ပြီးမေးလိုက်ရင် ချက်ချင်းသိရမှာမလား....
အင်း...ဒါပေမယ့် မင်းက
လာမယ့်လာတော့လည်း အစောင့်အရှောက်နဲ့...
ဆယ်တန်းတွေ အောင်စာရင်းထွက်ပြီလို့လည်း ငါ.. မကြားမိပါဘူး..."
မှိုင်းခေါင်ဝေဦးသည် အံကိုကြိတ်ပြီးရှေ့တိုးလာသည်။ တိုက်တန်းနစ်ထဲက လီယိုနာဒို၏ ဆံပင်ပုံစံကတော့ အပြောင်းအလဲမရှိသေးပေ။ အဝတ်အစားပုံစံမှာလည်း သူဝတ်နေကျပုံစံအတိုင်း ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်တွင် ခေါက်ထားပြီး ရင်ဘတ်ကြယ်သီး ဟထားသည်။ စတိုင်ပင် ဘောင်းဘီ နှင့်မို့ သူဌေးသားတစ်ယောက်၏ ပုံစံမျိုး ပိုထွက်နေခြင်းသာ အပြောင်းအလဲရှိသည်။
ငွေရှိုင်းက သူ့လက်မောင်းကို ဆွဲထားသောကြောင့် အနောက်ပြန်ဆုတ်လိုက်ရသည်။ ငွေရှိုင်းမှာလည်း သူ့အစ်ကို ဒေါသထွက်လာမည်ကိုသာ စိုးရိမ်နေပုံရသည်။
ကျွန်တော့ကိုပြုံးပြပြီး
"ကျောင်းဖွင့်မှပဲ မင်းပြောချင်တာပြောတော့..." ဟု ဆိုကာ မှိုင်းခေါင်ဝေဦးကိုခေါ်ပြီး အရင်ထွက်သွားလေသည်။
ဘာလဲကွာ...ငါကတော့ သူကိုတွေ့ချင်လို့
အကြာကြီး စောင့်နေရတာကို...။ ဒါပဲလား။ ဒီလောက်နဲ့ပြီးသွားပြီလား...။
စိတ်ပျက်စွာနှင့် ကျောင်းရှေ့ပြန်ထွက်လာတော့ လမ်းတွင် အတန်းဖော် သူငယ်ချင်းနှစ်ယောက်နှင့် တိုးသည်။ ချစ်မြတ်နိုးနှင့် မေဆုနိုင်တို့ဖြစ်လေသည်။
ပါကြီးမက တွေ့လျှင်တွေ့ချင်း ဝမ်းသာအားရနှင့်
အလင်းဝေဟု အကျယ်ကြီးအော်ခေါ်ပြီး ပြေးလာသည်။
အနားရောက်သည်နှင့်
"ဟဲ့...နင်ကြည့်ပြီးပြီမလား...ငါတို့နာမည်တွေရော
ပါတယ်မလား..." လို့ မေးတော့ notice boardနားသို့ မကပ်ခဲ့သည့်အဖြစ်ကို မြင်ယောင်မိကာ ပါကြီးအမေးကို ခပ်ဟဟရယ်ရင်း...
"နင်ကလည်း ဘာကြောင်နေတာလဲ...top tenထဲဝင်နေကျ နင်တို့နှစ်ယောက်နာမည်မှမပါရင် ဘယ်သူ့နာမည်မှ မပါတော့ဘူး .." ဟု ပြောလိုက်သည်။
မေဆုနိုင်နှင့် အကြည့်ချင်းဆုံသွားတော့
အဲ့ဒီကောင်မလေးက ကျွန်တော့ထံမှ ခပ်မြန်မြန် အကြည့်လွှဲပြီး ပြုံးစိစိဖြစ်နေသဖြင့် မသိချင်ယောင်ဆောင်ကာ သက်ပြင်းခိုးချခဲ့ရသည်။
မေဆုနိုင်နေရာမှာ ငွေရှိုင်းသာဆိုရင် ပွဲပြီးနေပြီလေကွာ ဟု..စိတ်ထဲမှ.ရေရွတ်မိရင်း...
ဤကဲ့သို့ မကျေမနပ်ဖြစ်နေမိခြင်းမှာ
ကျွန်တော်တို့နှစ်ယောက်စလုံး ယောက်ျားလေးတွေ
ဖြစ်နေကြသောကြောင့် ဖြစ်လိမ့်မည်ဟု အတွေးပေါက်ခဲ့တော့ နောက်တစ်ကြိမ် သက်ပြင်းချခဲ့မိပြန်သည်...။
>>>>>>>>>>>>>>>>>>>>>>>>>
AN/
Updateက သိပ်မကြာဘူးဆိုတော့လေ...စာလုံးရေကို နည်းပေးလိုက်တယ်။ အရင်ထက်တော့ တိုသွားပေမယ့် အကြာကြီးမစောင့်ရတော့ ကျေနပ်တယ်မလား။
Love you all😘
Han_Me
(12.9.2020)
Seguir leyendo
También te gustarán
122K 13.6K 113
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
97.3K 9.2K 100
867K 15.7K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
39.4K 2K 26
ဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎