PETRICHOR || VMIN

Oleh Yimmy95

86.9K 13K 836

မိုးရေနဲ့မြေပြင် ပနံသင့်စွာပေါင်းဖက်ပြီး ဖြစ်ပေါ်လာတဲ့ Petrichor. ကိုယ်မြတ်နိုးရတဲ့ Petrichor. မင်းဟာ ကိုယ့်ရ... Lebih Banyak

နိဒါန်း
1
2
3
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20(Final)
PETRICHOR
Extra
Extra (Bonus Chapter)
Hello!!!
🌨️🌿

4

3.4K 603 33
Oleh Yimmy95

Unicode

မှောင်ရီပျိုးစ ညဥ့်ဦးယံသို့ရောက်သည်မှ မိုးစဲလာသည်။ သို့သည့်တိုင် မိုးဖွားလေးများ တဖွဲဖွဲ ကျဆင်းလျက် ရှိသေး၏။ အိမ်အပြင်မှ ဖားအော်သံနှင့်အတူ ပုစဥ်းရင်ကွဲသံတို့ကိုပါ အဆက်မပြတ် ကြားနေရသည်။

နှစ်ဦးသားလုံး မိုးရေများ စိုရွှဲလာကြသည်ကြောင့် လူစိမ်းအား အစ်ကိုနမ်ဂျွန်၏ အင်္ကျီပေး ဝတ်ထားလိုက်သည်။ အဘွား လုပ်ပေးသော ဂျင်းလက်ဖက်ရည်နွေးနွေးလေးအား သောက်သုံးပြီးခါမှ လူစိမ်းဟာ အနည်းငယ်စိတ်ငြိမ်သွားဟန်ရှိသည်။

"မြေးလေး အဆင်ပြေသွားပြီလား"

"ဟုတ်ကဲ့ . . . ကျေးဇူးပါ"

အအေးဒဏ်ကြောင့် ချမ်းနေသေးပုံပင်။ လူစိမ်း၏ခန္ဓာကိုယ်ဟာ တသိမ့်သိမ့် တုန်ရီနေသည်။

ဂျီမင်းသည် အနှီလူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ မျက်တောင်မခတ်တမ်း ငေးနေသော်ငြား ထိုလူဟာ ဂျီမင်းအား အိမ်မှာ သည်အတိုင်းမွှေးထားသည့် တိရိစ္ဆာန်လေး တစ်ကောင်လို သတ်မှတ်ထားလေသလား မသိ။ သူ့ခင်ဗျာ ကိုယ်အလေးကြီးအား ရှိသမျှအားဖြင့် ဆွဲသယ်လာခဲ့ရသည့်တိုင် အနှီလူဟာ အိမ်ရောက်လာကတည်းက အဘွားနှင့်သာ စကားပြောနေပြီး ဂျီမင်းအား အဖက်လေးတောင် မလုပ်ရှာပေ။

"​ဒီကိုပြောင်းလာတဲ့ ဆရာဝန်လေးထင်တယ်
တောင်ပေါ်က အိမ်မှာနေတာမလား"

ထိုအချိန် အဖွားပြောလိုက်သည့် စကားကြောင့် ဂျီမင်း အလန့်တကြားဖြင့် မျက်ဝန်းအိမ်လေးများပင် ပြူးကျယ်ကုန်၏။

နေပါဦး . . အဘွားက ဘယ်လိုသိတာလဲ !!
ဒီလူကရော တကယ်ကြီးဆရာဝန်လား . . .

"ဟုတ်ပါတယ် . . . ကျွန်တော့်နာမည်က
ကင်မ်ထယ်ယောင်းပါ
ဆိုလ်းကပြောင်းလာတာ မကြာသေးပါဘူး"

လူစိမ်းက ဖျော့တော့စွာ ပြုံးရင်း မိတ်ဆက်၏။ ဝတ်ကျေတမ်းကျေပုံမျိုးတော့ ဖြစ်မနေပါ။

"ဒီဒေသက လူတွေအကုန်နီးပါး လူလေးအကြောင်းပြောနေကြတာ ဆိုလ်းက ပြောင်းလာတဲ့ လူချောလေးပဲ"

ပတ်ဂျီမင်းမှာတော့ တစ်နယ်လုံး သိပြီး သူပဲ မသိသည့် ကိစ္စအား စိတ်ဝင်တစားဖြင့် စုံထောက်လုပ်ခဲ့ရသည်ကြောင့် သစ္စာအဖောက်ခံလိုက်ရသလိုတောင် အပြင်းအထန် ခံစားလိုက်ရ၏။

"နေပါဦး . . ဒါဆိုခင်ဗျားရဲ့ မုတ်ဆိတ်မွှေးတွေ ဘယ်ရောက်သွားတာလဲ"

ဂျီမင်း ရုတ်တရက် ထမေးလိုက်သည့် မေးခွန်းကြောင့် ထိုလူဟာ မည်သို့ပြန်ဖြေရမှန်းမသိပဲ ကြောင်သွားပုံရသည်။

မေးချင်စရာပဲလေ။ တောင်ပေါ်က အနောက်အိမ်မှာနေတဲ့သူဆို ဟိုတစ်ခါ သူ တွေ့တုန်းက မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေနဲ့ မလား။

"ဟဲ့ကလေး . . .
လူကြီးကို ဘာတွေလျှောက်မေးနေတာလဲ"

အဘွားဖြစ်သူ လှမ်းဟန့်တော့မှ ဂျီမင်းတို့  နှုတ်ခမ်းလေးဆူကာ ဇာတ်ကလေးတောင် ဟန်ဆောင်ပန်ဆောင် ပုဝင်သွားရှာသည်။

"ဆေးရုံမှာ ကလေးလူနာတွေရှိတော့ သူ့တို့
လန့်မှာစိုးလို့ ကိုယ်ရိတ်ပစ်လိုက်တာ"

သို့ပေသိ အနှီလူက ဂျီမင်းအမေးအား စိတ်ခုသွားပုံမရပဲ ခပ်အေးအေးသာ ပြန်ဖြေသည်။ ပေါင်းရသင်းရလွယ်သည့် လူမျိုး ဖြစ်လောက်မည်ဟု ဂျီမင်း မဆိုင်းမတွ မှတ်ချက်ချပစ်လိုက်၏။

ခဏအကြာ အဘွားက ထပြောသည်။

"မိုးရွာထားတော့ မီးမရှိ ဘာမရှိနဲ့ တောင်ပေါ်လမ်းတွေချော်နေမှာ လူလေး ဒီညဒီမှာပဲအိပ်လိုက်ပါလား"

ယင်းစကားကြောင့် အဘွားရဲ့ အတွေးအခေါ် အမျှော်အမြင်ကြီးမှုကြီးအား ဂျီမင်း သည်တစ်ခါတော့ အများကြီး သဘောတွေ့သွားလေပြီ။

"အာ . . ရပါတယ် ခင်ဗျ
ကျွန်တော် ဒီအတိုင်းပြန်လိုက်ပါ့မယ်"

"ခင်ဗျားကလည်း . . စိတ်ပူလို့ပြောနေတာကို အိပ်ဆို အိပ်လိုက်ပေါ့"

ထိုအခိုက် သူဝင်ပြောလိုက်သည့် အသံမှာ ထင်ထားသည်ထက် အတော်ကျယ်သွားရသဖြင့် ပတ်ဂျီမင်းတို့ သူ့ကိုယ်သူတောင် လန့်သွားရ၏။ ထို့ကြောင့် အရှက်ပြေလေး လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး လေပြည်လေးဖြင့် ပြန်ဆိုရသည်။

"အဟွန့် . . . ကျွန်တော်က ခင်ဗျား တစ်ခုခုဖြစ်မှာစိုးလို့"

ကြားထဲက အဘွားကလည်းထပ်ပြောပေးသည်။

"အားမနာနေပါနဲ့ လူလေးရယ် . . အိမ်မှာမြေးဖွား နှစ်ယောက်ထဲနေတာ ဒီည မြေးလေးအခန်းမှာ တူတူအိပ်လိုက်ရတယ်"

အဘွားဖြစ်သူ၏ အဖိုးတန်စကားလေး ဆုံးဆုံးချင်း ပတ်ဂျီမင်းလေး၏ အတွေးအာရုံထဲ၌တွင်တော့၊

"ဟင်..အဖွားပြောတာ
အခန်း..
နှစ်ယောက်တည်း . .
တူတူအိပ် . . . "

အစ် . . . . အစ်

"ဟဲ့မြေး ဘာထဖြစ်တာလဲ"

ပတ်ဂျီမင်းလေးတစ်ယောက် စောစောက ကိစ္စဖြင့် အရှက်မပြေသေးခင်မှာတင် ဂျို့ထထိုးလေတော့၏။

"ဘာ အစ် . . မှမဖြစ် အစ် . . ဘူး . . အစ်အဖွား"

"ရေ . . ရေသောက်လိုက်ပါလား"

ထိုအခါ ဟိုလူက စိုးရိမ်တကြီးနှင့် သူ့ရှေ့ရှိ ဂျင်းလက်ဖက်ရည်အား ငှဲ့ပေးရှာသည်။

ပတ်ဂျီမင်း ယူသောက်လိုက်ပြီးကာမှ၊

. . . .ဖူး

ပူနေသည့် လက်ဖက်ရည်သည် ပတ်ဂျီမင်းပါးစပ်အတွင်းမှ ထိုလူ၏ ဘောင်းဘီပေါ်သို့။

"အ့. ."

"ရ . . . အစ် . . ရရဲ့လား အစ်"

"ဟဲ့မြေး ဘယ်လိုတွေတောင်ဖြစ်နေရတာတုန်း ခဏ ဖွားရေသွားယူပေးမယ် . . .
လူလေးကို အင်္ကျီထပ်လဲပေးလိုက်"

"ဟုတ် . . . အစ် ဖွား"

ပတ်ဂျီမင်းလေး၏ ဗရုတ်သုတ်ခ ညဥ့်ဦးယံလေးပါပင်။

                               ***

ညစာစားကြပြီးသည့်နောက် ထယ်ယောင်းဆိုသူက အဖွားနှင့် ရေနွေးသောက်ရင်းစကားပြောနေခဲ့သည်။

ဂျီမင်းမှာတော့ ရှုပ်ပွနေသည့် သူ့အခန်းကျဥ်းလေးအား သေချာရှင်းပြီး သူ့အတွက်ရော ဟိုလူ့အတွက်ပါ အိပ်ယာခင်းပေးနေရသည်။

မီးလုံးဝါဝါလေး ထွန်းထားသော အခန်းကျဥ်းလေးသည် အနည်းငယ်လှောင်နေသောကြောင့် စာကြည့်စားပွဲနားက ပြတင်းပေါက်လေးအားဖွင့်လိုက်သည်။ ထိုအခါမှ ညဥ့်လေအေးအေးလေးဟာ တငြိမ့်ငြိမ့် တိုးဝင်လာသည်။

လေပြည်အေးအေးလေး၏ ဆောင်ယူခြင်း ခံရသော  ခြံထောင့်ရှ်ိ ညမွှေးပန်းနံ့လေးဟာလည်း သင်းပျံ့ပျံ့ မွှေးလို့။ ဤသည်ပင်လျှင် မတည်ငြိမ်သေးသည့် ဂျီမင်း၏ နှလုံးအိမ်အား ပို၍ အခုန်မြန်စေသလို။

နှစ်ကိုယ်လိမ့်စာမျှသာခြားကာ ကပ်လျက်ရှိသည့် အိပ်ယာနှစ်ခုအား ကြည့်ပြီးနောက်
ပတ်ဂျီမင်းလေး၏ မျက်နှာလေးဟာလည်း မက်မွန်ပန်းလေးလို။ ပန်းသွေးခြယ်သော ပါးအို့ပူပူလေးနှစ်ဖက်အား လက်နှစ်ဖက်ဖြင့် အသာအုပ်ကိုင်ရင်းမှ ရင်ခုန်သံတိုးတိုးလေးကို သူကိုယ်တိုင်ပင် ပြန်ကြားနေရ၏။

အိပ်ယာပေါ်လှဲချကာ ခုန်နေသော ရင်ဘက်အား လက်နှစ်ဖက်ဖြင့် ဖိထားမိသည်။ မင်္ဂလာဦးညမှာ သတိုးသားမင်္ဂလာခန်းဝင်သည်ကို ထိုင်စောင့်နေရရှာသည့် သတိုးသမီးလေးတစ်ယောက်လို ရင်ခုန်သံတို့ဟာ လတ်ဆတ်လို့။

"ပတ်ဂျီမင်းရေ . . . အခုမှတွေ့ဖူးတဲ့ လူတစ်ယောက်ကို ဒီလောက်ထိဖြစ်နေတာ မင်းရူးနေတာတော့ မဟုတ်လောက်ပါဘူးနော်"

ကိုယ့်ခေါင်းကိုယ် နာနာလေး ပိတ်ခေါက်လိုက်မိတော့၏။

အချိန်အတော်ကြာသည်အထိ အနှီလူဟာ ဝင်မလာသေးပေ။ အတန်ကြာတွင် ဂျီမင်း၏ မှေးစင်းလာသော မျက်တောင်တို့ဟာ သူ့စိတ်၏အလိုအား မလိုက်ကြတော့ပေ။

တစ်နေကုန် ပင်ပန်းထားရမှုနှင့်အတူ အပြင်၌ တဖွဲဖွဲ ကျဆင်းလျက်ရှိသော မိုးသံတ​ဖြောက်ဖြောက်ကြောင့်ပါ မျက်နှာကြက်မှ ဝါကျင့်ကျင့် မီးလုံးလေးအား အကြည့်ပို့ထားသော ဂျီမင်းရဲ့မျက်ဝန်းတို့ လေးပင်စွာ မှိတ်ဆင်းကျလာတော့လေသည်။

ထယ်ယောင်း အိပ်ခန်းထဲသို့ ဝင်လာသည့် အချိန်မှာ သန်းခေါင်ကျော်နေပြီဖြစ်သည်။ မြင်လိုက်ရသည့် မြင်ကွင်းမှာ ဂျီမင်းဆိုသော ကလေးငယ်ဟာ ခြေပစ်လက်ပစ်ကို အိပ်စက်နေလိုက်သည်မှာ သူ့အိပ်ယာကိုတောင် ကန့်လန့်လေး ကျူးကျော်လို့နေသည်။

"ချစ်ဖို့ကောင်းတယ်"

နှုတ်မှရေရွတ်ပြီးကာမှ သူချက်ချင်း အသိပြန်ဝင်လာ၏။ လူတစ်ယောက်ကို သူ ဒီလိုမသုံးနှုန်းဖြစ်တာ ကြာပြီမဟုတ်လား။

အခန်းထောင့်က မီးခလုတ်အား ပိတ်လိုက်သောအခါ အိပ်ခန်း၏ ဝါကျင့်ကျင့်မီးရောင်အစား အမှောင်ထုဟာ တိုးဝင်လာသည်။

စာကြည့်စားပွဲလေးဘေးက ပြတင်းပေါက်ကိိုဖွင့်ထားသဖြင့် အခန်းထဲ လေအေးများ တဖြူးဖြူး တိုက်လျက် ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ သို့ကြောင့် ထယ်ယောင်းပြတင်းပေါက်အား သွားပိတ်လိုက်ပြီးမှ  ကလေးငယ်၏ ဘေးသို့ အသာလေး ဝင်လှဲလိုက်သည်။

ကောင်လေးက သူနှင့်ဆိုလျှင် အသက်အတော်ကွာမည် ထင်ရသည်။ အထက်တန်းလောက်တော့ ရှိလောက်လိမ့်မည်။

မနေ့ကလည်း စပ်စုပြီးတောင်ပေါ်ထိ သူ့နောက်လိုက်တာ သူသိသား။ ဒီနေ့လည်း
သူ သည်အခြေအနေဖြစ်နေတုန်းမှာ ကောင်လေးနှင့် ထပ်တွေ့ရပြန်သည်။ တော်ရုံ ရေစက်တော့ မဟုတ်လောက်ဘူးမလား။

ပင်ပန်းနေသော မျက်ဝန်းအစုံအား မှိတ်ဖို့ပြင်လိုက်စဥ် ရုတ်တရက် သူ့ရင်ခွင်ထဲအတင်းတိုးဝင်လာသည့် ကောင်လေး​။

မထင်မှတ်ဘဲ ရလိုက်သည့် ကိုယ်သင်းနံ့လေးကြောင့် ထယ်ယောင်း၏ အသက်ရှုသံတို့ ရပ်တန့်သွားရသည်။ သူ့ ရင်ခွင်ထဲ မျက်နှာအပ်ကာ ခါးကိုလည်း တင်းနေအောင် ဖက်ထားသည့် ကောင်လေး၏ ဆံသားနုနုလေးတွေဆီ ခွင့်ပြုချက် မရှိပါဘဲ နှာခေါင်းလေးအပ်၍ ရှုရှိုက်မိလိုက်သည့်အခါ၊

မထင်မှတ်ထားပါဘဲ သူမြတ်နိုးခဲ့ရသည့် မိုးရနံ့သင်းသင်းလေးဟာ ဝေ့ဝဲလို့လာသည်။

"မဖြစ်နိုင်တာ . . .
ဒီလိုကိုယ်သင်းနံ့မျိုးက နောက်တစ်ယောက်မှာ ထပ်ရှိနိုင်သေးတယ်လား"

ထယ်ယောင်းသည် ထပ်မံ၍ ကောင်လေး၏ ပုခုံးအားဆွဲကိုင်လိုက်ကာ လည်ပင်းသားနုနုလေးထံ နှာဖျားလေးဖြင့် ထိတွေ့လိုက်သည်။

သေချာသွားသည့်အခါ သူ့ နှလုံးသားဟာ ပြန်လမ်းမဲ့ ချောက်နက်ကြီးထဲ ပြုတ်ကျသွားသလိုပင်။

အတိတ်ကို ပြင်ဆင်ဖို့ အခွင့်အရေးမရခင်
Petrichorဟာ သူ့ဆီ
နောက်တစ်ဖန် ပြန်လာလေတယ် . . ။

             ***                 

လူကြီးကတမင်သက်သက် jiminကိုအသားယူနေတာပါ😝

အတိတ်မှာ ဘာဖြစ်ခဲ့လဲဆိုတာဖြေးဖြေးချင်း ချပြမယ်နော်။

YIMMY

Zawgyi

ေမွာင္ရီပ်ိဳးစ ညဥ့္ဦးယံသို႔ေရာက္သည္မွ မိုးစဲလာသည္။ သို႔သည့္တိုင္ မိုးဖြားေလးမ်ား တဖြဲဖြဲ က်ဆင္းလ်က္ ရွိေသး၏။

အိမ္အျပင္မွ ဖားေအာ္သံႏွင့္အတူ ပုစဥ္းရင္ကြဲသံတို႔ကိုပါ အဆက္မျပတ္ ၾကားေနရသည္။

ႏွစ္ဦးသားလုံး မိုးေရမ်ား စို႐ႊဲလာၾကသည္ေၾကာင့္ လူစိမ္းအား အစ္ကိုနမ္ဂြၽန္၏ အကၤ်ီေပး ဝတ္ထားလိုက္သည္။ အဘြား လုပ္ေပးေသာ ဂ်င္းလက္ဖက္ရည္ေႏြးေႏြးေလးအား ေသာက္သုံးၿပီးခါမွ လူစိမ္းဟာ အနည္းငယ္စိတ္ၿငိမ္သြားဟန္ရွိသည္။

"ေျမးေလး အဆင္ေျပသြားၿပီလား"

"ဟုတ္ကဲ့ . . . ေက်းဇူးပါ အဖြား"

အေအးဒဏ္ေၾကာင့္ ခ်မ္းေနေသးပုံပင္။ လူစိမ္း၏ခႏၶာကိုယ္ဟာ တသိမ့္သိမ့္ တုန္ရီေနသည္။

ဂ်ီမင္းသည္ အႏွီလူ၏ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္ကာ မ်က္ေတာင္မခတ္တမ္း ေငးေနေသာ္ျငား ထိုလူဟာ ဂ်ီမင္းအား အိမ္မွာ သည္အတိုင္းေမႊးထားသည့္ တိရိစာၦန္ေလး တစ္ေကာင္လို သတ္မွတ္ထားသည္ေလလားမသိ။ သူ႕ခင္မ်ာ ကိုယ္အေလးႀကီးအား ရွိသမွ်အားျဖင့္ ဆြဲသယ္လာခဲ့ရသည့္တိုင္ အႏွီလူဟာေရာက္လာကတည္းက အဘြားႏွင့္သာ စကားေျပာေနၿပီး ဂ်ီမင္းအား အဖက္ေလးေတာင္ မလုပ္ရွာေပ။

"​ဒီကိုေျပာင္းလာတဲ့ ဆရာဝန္ေလးထင္တယ္
ေတာင္ေပၚက အိမ္မွာေနတာမလား"

ထိုအခ်ိန္ အဖြားေျပာလိုက္သည့္ စကားေၾကာင့္ ဂ်ီမင္း အလန့္တၾကားျဖင့္ မ်က္ဝန္းအိမ္ေလးမ်ားပင္ ျပဴးက်ယ္ကုန္၏။

ေနပါဦး . . အဘြားက ဘယ္လိုသိတာလဲ !!
ဒီလူကေရာ တကယ္ႀကီးဆရာဝန္လား . . .

"ဟုတ္ပါတယ္ . . . ကြၽန္ေတာ့္နာမည္က
ကင္မ္ထယ္ေယာင္းပါ
ဆိုလ္းကေျပာင္းလာတာ မၾကာေသးပါဘူး"

လူစိမ္းက ေဖ်ာ့ေတာ့စြာ ၿပဳံးရင္း မိတ္ဆက္၏။ ဝတ္ေက်တမ္းေက်ပဳံမ်ိဳးေတာ့ ျဖစ္မေနပါ။

"ဒီေဒသက လူေတြအကုန္နီးပါး လူေလးအေၾကာင္းေျပာေနၾကတာ ဆိုလ္းက ေျပာင္းလာတဲ့ လူေခ်ာေလးပဲ"

ပတ္ဂ်ီမင္းတစ္ေယာက္ဟာေတာ့ တစ္နယ္လုံး သိၿပီး သူပဲ မသိသည့္ ကိစၥအား စိတ္ဝင္တစားျဖင့္ စုံေထာက္လုပ္ခဲ့ရသည္ေၾကာင့္သစၥာအေဖာက္ခံလိုက္ရသလို ခံစားခ်က္ႀကီးအား အျပင္းအထန္ ခံစားလိုက္ရ၏။

"ေနပါဦး . . ဒါဆိုခင္ဗ်ားရဲ႕ မုတ္ဆိတ္ေမႊးေတြ ဘယ္ေရာက္သြားတာလဲ"

ဂ်ီမင္း ႐ုတ္တရက္ ထေမးလိုက္သည့္ ေမးခြန္းေၾကာင့္ ထိုလူဟာ မည္သို႔ျပန္ေျဖရမွန္းမသိပဲ ေၾကာင္သြားပုံရသည္။

ေမးခ်င္စရာပဲေလ။ ေတာင္ေပၚက အေနာက္အိမ္မွာေနတဲ့သူဆို ဟိုတစ္ခါ သူ ေတြ႕တုန္းက မုတ္ဆိတ္ေမႊး ပါးသိုင္းေမႊးေတြနဲ႕ မလား။

"ဟဲ့ကေလး . . .
လူႀကီးကို ဘာေတြေလွ်ာက္ေမးေနတာလဲ"

အဘြားျဖစ္သူ လွမ္းဟန့္ေတာ့မွ ဂ်ီမင္းတို႔  ႏႈတ္ခမ္းေလးဆူကာ ဇာတ္ကေလးေတာင္ ဟန္ေဆာင္ပန္ေဆာင္ ပုဝင္သြားရွာသည္။

"ေဆး႐ုံမွာ ကေလးလူနာေတြရွိေတာ့ သူ႕တို႔
လန့္မွာစိုးလို႔ ကိုယ္ရိတ္ပစ္လိုက္တာ"

သို႔ေပသိ အႏွီလူက ဂ်ီမင္းအေမးအား စိတ္ခုသြားပုံမရပဲ ခပ္ေအးေအးသာ ျပန္ေျဖသည္။ ေပါင္းရသင္းရလြယ္သည့္ လူမ်ိဳး ျဖစ္ေလာက္မည္ဟု ဂ်ီမင္း မဆိုင္းမတြ မွတ္ခ်က္ခ်ပစ္လိုက္၏။

ခဏအၾကာ အဘြားက ထေျပာသည္။

"မိုး႐ြာထားေတာ့ မီးမရွိ ဘာမရွိနဲ႕ ေတာင္ေပၚလမ္းေတြေခ်ာ္ေနမွာ လူေလး ဒီညဒီမွာပဲအိပ္လိုက္ပါလား"

ယင္းစကားေၾကာင့္ အဘြားရဲ႕ အေတြးအေခၚ အေမွ်ာ္အျမင္ႀကီးမႈႀကီးအား ဂ်ီမင္း သည္တစ္ခါေတာ့ အမ်ားႀကီး သေဘာေတြ႕သြားေလၿပီ။

"အာ . . ရပါတယ္ ခင္ဗ်
ကြၽန္ေတာ္ ဒီအတိုင္းျပန္လိုက္ပါ့မယ္"

"ခင္ဗ်ားကလည္း . . စိတ္ပူလို႔ေျပာေနတာကို အိပ္ဆို အိပ္လိုက္ေပါ့"

ထိုအခိုက္ သူ႕အသံမွာ ထင္ထားသည္ထက္ အေတာ္က်ယ္သြားရသျဖင့္ ပတ္ဂ်ီမင္းတို႔ သူ႕ကိုယ္သူေတာင္ လန့္သြားရ၏။ ထို႔ေၾကာင့္ အရွက္ေျပေလး လည္ေခ်ာင္းတစ္ခ်က္ရွင္း လိုက္ၿပီး ေလျပည္ေလးျဖင့္ ျပန္ဆိုရသည္။

"အဟြန့္ . . . ကြၽန္ေတာ္က ခင္ဗ်ား တစ္ခုခုျဖစ္မွာစိုးလို႔"

ၾကားထဲက အဘြားကလည္းထပ္ေျပာေပးသည္။

"အားမနာေနပါနဲ႕ လူေလးရယ္ . . အိမ္မွာေျမးဖြားႏွစ္ေယာက္တည္းေနတာ ဒီည ေျမးေလးအခန္းမွာ တူတူအိပ္လိုက္ရတယ္"

အဘြားျဖစ္သူ၏ အဖိုးတန္စကားေလး ဆုံးဆုံးခ်င္း ပတ္ဂ်ီမင္းေလး၏ အေတြးအာ႐ုံထဲ၌တြင္ေတာ့၊

"ဟင္..အဖြားေျပာတာ
အခန္း..
ႏွစ္ေယာက္တည္း . .
တူတူအိပ္ . . . "

အစ္ . . . . အစ္

"ဟဲ့ေျမး ဘာထျဖစ္တာလဲ"

ပတ္ဂ်ီမင္းေလးတစ္ေယာက္ ေစာေစာက ကိစၥျဖင့္ အရွက္မေျပေသးခင္မွာတင္ ဂ်ိဳ႕ထထိုးေလေတာ့၏။

"ဘာ အစ္ . . မွမျဖစ္ အစ္ . . ဘူး . . အစ္အဖြား"

"ေရ . . ေရေသာက္လိုက္ပါလား"

ထိုအခါ ဟိုလူက စိုးရိမ္တႀကီးႏွင့္ သူ႕ေရွ႕ရွိ ဂ်င္းလက္ဖက္ရည္အား ငွဲ႕ေပးရွာသည္။

ပတ္ဂ်ီမင္း ယူေသာက္လိုက္ၿပီးကာမွ၊

. . . .ဖူးးးး

ပူေနသည့္ လက္ဖက္ရည္သည္ ပတ္ဂ်ီမင္းပါးစပ္အတြင္းမွ ထိုလူ၏ ေဘာင္းဘီေပၚသို႔။

"အ့. ."

"ရ . . . အစ္ . . ရရဲ႕လား အစ္"

"ဟဲ့ေျမး ဘယ္လိုေတြေတာင္ျဖစ္ေနရတာတုန္း ခဏ အဖြားေရသြားယူေပးမယ္ . . .
လူေလးကို အကၤ်ီထပ္လဲေပးလိုက္"

"ဟုတ္ . . . အစ္ အဖြား"

ပတ္ဂ်ီမင္းေလး၏ ဗ႐ုတ္သုတ္ခ ညဥ့္ဦးယံေလးပါပင္။

                               ***

ညစာစားၾကၿပီးသည့္ေနာက္ ထယ္ေယာင္းဆိုသူက အဖြားႏွင့္ ေရေႏြးေသာက္ရင္းစကားေျပာေနခဲ့သည္။

ဂ်ီမင္းမွာေတာ့ ရႈပ္ပြေနသည့္ သူ႕အခန္းက်ဥ္းေလးအား ေသခ်ာရွင္းၿပီး သူ႕အတြက္ေရာ ဟိုလူ႕အတြက္ပါ အိပ္ယာခင္းေပးေနရသည္။

မီးလုံးဝါဝါေလးထြန္းထားေသာ အခန္းက်ဥ္းေလးသည္ အနည္းငယ္ေလွာင္ေနေသာေၾကာင့္ စာၾကည့္စားပြဲနားက ျပတင္းေပါက္ေလးအားဖြင့္လိုက္သည္။ ထိုအခါမွ ညဥ့္ေလေအးေအးေလးဟာ တၿငိမ့္ၿငိမ့္ တိုးဝင္လာသည္။

ေလျပည္ေအးေအးေလး၏ ေဆာင္ယူျခင္း ခံရေသာ  ၿခံေထာင့္ရွ္ိ ညေမႊးပန္းနံ႕ေလးဟာလည္း သင္းပ်ံ့ပ်ံ့ ေမႊးလို႔။ ဤသည္ပင္လွ်င္ မတည္ၿငိမ္ေသးသည့္ ဂ်ီမင္း၏ ႏွလုံးအိမ္အား ပို၍ အခုန္ျမန္ေစသလို။

ႏွစ္ကိုယ္လိမ့္စာမွ်သာျခားကာ ကပ္လ်က္ရွိသည့္ အိပ္ယာႏွစ္ခုအားၾကည့္ၿပီးေနာက္
ပတ္ဂ်ီမင္းေလး၏ မ်က္ႏွာေလးဟာလည္းမက္မြန္ပန္းေလးလို။ ပန္းေသြးျခယ္ေသာ ပါးအို႔ပူပူေလးႏွစ္ဖက္အား လက္ျဖင့္ အသာအုပ္ကိုင္ရင္းမွ ရင္ခုန္သံတိုးတိုးေလးကို သူကိုယ္တိုင္ပင္ ျပန္ၾကားေနရ၏။

အိပ္ယာေပၚလွဲခ်ကာ ခုန္ေနတဲ့ရင္ဘက္ကို လက္ႏွစ္ဖက္နဲ႕ဖိထားမိသည္။ မဂၤလာဦးညမွာ သတိုးသားမဂၤလာခန္းဝင္သည္ကို ထိုင္ေစာင့္ေနရွာတဲ့ သတိုးသမီးေလးတစ္ေယာက္လို ရင္ခုန္သံတို႔ဟာ လတ္ဆတ္လို႔။

"ပတ္ဂ်ီမင္းေရ . . . အခုမွေတြ႕ဖူးတဲ့ လူတစ္ေယာက္ကို ဒီေလာက္ထိျဖစ္ေနတာ မင္း႐ူးေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္"

ကိုယ့္ေခါင္းကိုယ္ နာနာေလး ပိတ္ေခါက္လိုက္ၿပီး သူ႕အိပ္ယာေလးမွာ ဝင္လွဲလိုက္၏။

အခ်ိန္အေတာ္ၾကာသည္အထိ အႏွီလူဟာ ဝင္မလာေသးေပ။ အတန္ၾကာတြင္ ဂ်ီမင္း၏ ေမွးစင္းလာေသာ မ်က္ေတာင္တို႔ဟာ သူ႕စိတ္၏အလိုအား မလိုက္ၾကေတာ့ေပ။

တစ္ေနကုန္ ပင္ပန္းထားရမႈႏွင့္အတူ အျပင္၌ တဖြဲဖြဲ က်ဆင္းလ်က္ရွိေသာ မိုးသံတ​ေျဖာက္ေျဖာက္ေၾကာင့္ပါ မ်က္ႏွာၾကက္မွ ဝါက်င့္က်င့္ မီးလုံးေလးအား အၾကည့္ပို႔ထားေသာ ဂ်ီမင္းရဲ႕မ်က္ဝန္းတို႔ ေလးပင္စြာ မွိတ္ဆင္းက်လာေတာ့ေလသည္။

ထယ္ေယာင္း အိပ္ခန္းထဲသို႔ ဝင္လာသည့္ အခ်ိန္မွာ သန္းေခါင္ေက်ာ္ေနၿပီျဖစ္သည္။ ျမင္လိုက္ရသည့္ ျမင္ကြင္းမွာ ဂ်ီမင္းဆိုေသာ ကေလးငယ္ဟာ ေျခပစ္လက္ပစ္ကိုအိပ္စက္ေနလိုက္သည္မွာ သူ႕အိပ္ယာကိုေတာင္ ကန့္လန့္ေလး က်ဴးေက်ာ္လို႔ေနသည္။

"ခ်စ္ဖို႔ေကာင္းတယ္"

ႏႈတ္မွေရ႐ြတ္ၿပီးကာမွ သူခ်က္ခ်င္း အသိျပန္ဝင္လာ၏။ လူတစ္ေယာက္ကို သူ ဒီလိုမသုံးႏႈန္းျဖစ္တာ ၾကာၿပီမဟုတ္လား။

အခန္းေထာင့္က မီးခလုတ္အား ပိတ္လိုက္ေသာအခါ အိပ္ခန္း၏ ဝါက်င့္က်င့္မီးေရာင္အစား အေမွာင္ထုဟာ တိုးဝင္လာသည္။

စာၾကည့္စားပြဲေလးေဘးက ျပတင္းေပါက္ကိိုဖြင့္ထားသျဖင့္ အခန္းထဲ ေလေအးမ်ား တျဖဴးျဖဴး တိုက္လ်က္ ခ်မ္းစိမ့္စိမ့္ျဖစ္ေနသည္။ သို႔ေၾကာင့္ ထယ္ေယာင္းျပတင္းေပါက္အား သြားပိတ္လိုက္ၿပီးမွ  ကေလးငယ္၏ ေဘးသို႔ အသာေလး ဝင္လွဲလိုက္သည္။

ေကာင္ေလးက သူနဲ႕ဆို အသက္အေတာ္ကြာမည္ထင္ရသည္။ အထက္တန္းေလာက္ေတာ့ ရွိေလာက္လိမ့္မည္။

မေန႕ကလည္း စပ္စုၿပီးေတာင္ေပၚထိ သူ႕ေနာက္လိုက္တာ သူသိသား။ ဒီေန႕လည္း
သူ သည္အေျခအေနျဖစ္ေနတုန္းမွာ ေကာင္ေလးႏွင့္ ထပ္ေတြ႕ရျပန္သည္။ ေတာ္႐ုံ ေရစက္ေတာ့ မဟုတ္ေလာက္ဘူးမလား။

ပင္ပန္းေနေသာ မ်က္ဝန္းအစုံအား မွိတ္ဖို႔ျပင္လိုက္စဥ္ ႐ုတ္တရက္ သူ႕ရင္ခြင္ထဲအတင္းတိုးဝင္လာတဲ့ ေကာင္ေလး​။

မထင္မွတ္ပဲ ရလိုက္သည့္ ကိုယ္သင္းနံ႕ေလးေၾကာင့္ ထယ္ေယာင္း၏ အသက္ရႈသံတို႔ ရပ္တန့္သြားရသည္။

သူ႕ ရင္ခြင္ထဲမ်က္ႏွာအပ္ကာ ခါးကိုလည္း တင္းေနေအာင္ ဖက္ထားသည့္ ေကာင္ေလး၏ ဆံသားႏုႏုေလးဆီ ခြင့္ျပဳခ်က္မရွိပါပဲ ႏွာေခါင္းေလးအပ္၍ ရႈရွိုက္မိလိုက္သည့္အခါ၊

မထင္မွတ္ထားပါပဲ သူျမတ္နိုးခဲ့ရသည့္ မိုးရနံ႕သင္းသင္းေလးဟာ ေဝ့ဝဲလို႔လာသည္။

"မျဖစ္နိုင္တာ . . .
ဒီလိုကိုယ္သင္းနံ႕မ်ိဳးက ေနာက္တစ္ေယာက္မွာ ထပ္ရွိနိုင္ေသးတယ္လား"

ထယ္ေယာင္းသည္ ထပ္မံ၍ ေကာင္ေလး၏ ပုခုံးအားဆြဲကိုင္လိုက္ကာ လည္ပင္းသားႏုႏုေလးထံ ႏွာဖ်ားေလးျဖင့္ ထိေတြ႕လိုက္သည္။

ေသခ်ာသြားသည့္အခါ ထယ္ေယာင္း၏ ႏွလုံးသားဟာ ျပန္လမ္းမဲ့ ေခ်ာက္နက္ႀကီးထဲျပဳတ္က်သြားသလို။

အတိတ္ကို ျပင္ဆင္ဖို႔ အခြင့္အေရးမရခင္
Petrichorဟာ သူ႕ဆီ
ေနာက္တစ္ဖန္ ျပန္လာေလတယ္ . . ။

             ***                 

လူႀကီးကတမင္သက္သက္ jiminကိုအသားယူေနတာပါ😝

အတိတ္မွာ ဘာျဖစ္ခဲ့လဲဆိုတာေျဖးေျဖးခ်င္း ခ်ျပမယ္ေနာ္။

YIMMY

Lanjutkan Membaca

Kamu Akan Menyukai Ini

33.5K 4.3K 17
ရာသီဥတုကဒီခ်စ္ျခင္းေမတၲာေလးကိုမူတည္တယ္ သူပူရင္ကြၽန္ေတာ္ပါပူရၿပီး သူေအးရင္ကြၽန္ေတာ္ပါေအးခ်မ္းရတာ... ခ်စ္ရတဲ့ေနြဦးေလးေရ မင္းအေပၚမွာကိုယ့္ကမ႓ာကမူတည္ၿပီး...
651K 39.8K 104
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
Stay Alive Oleh Li Li

Fiksi Penggemar

623 63 7
ကိုယ်က မင်းပြုံးရီနေမှ အသက်ရှုချောင်တဲ့သူ Taegi / Jikook 10.2.2024>>>...?
242K 7.6K 29
Yuri wakes one morning in the bed of one Victor Nikiforov after getting drunk at a club the evening before. However, their one-night stand would not...