Mysterious Love ( Completed )

By yoon_085

621K 60.2K 3.9K

ေလာကမွာ မျမင္ႏိုင္တဲ့အရာေတြ အမ်ားႀကီး႐ွိတယ္ ကိုယ္ကမျမင္ရတာနဲ႔ပဲ မရွိဘူးလို႔ေျပာလို႔မရဘူး အက္မျမင္ရတဲ့ အရာေတြက... More

Part 1 ~ Xiao Family
Part-2 ~Wrong face🔞🚨
Part-3 ~Sad Song
Part -4~ Leader Wang
Part-5 ~Picture
Part -6 ~ Piano
Part -7~ Argument
Part-8 ~ Lonely
Part -9 ~ Truth
Part -10~Darkness
Part-11~Cheating
Part-12~Party Night 🔞🚨
Part-13~ Attention 🔞🚨
Part-14 ~ It's hurt
Part-15~ Mirror
Part-16~Broken Photo
Part-17 ~ Mansion
Part -18 ~ Scream
Part-19 ~Red Lady
Part-20 ~ Cctv Records
Part-21~It's call Love 💚❤
Part-22~ Nightmare
Part-23~ Dating (1)
Part-24~Dating (2)
Part - 25~ Clue (1)
Part -26~ Clue (2)
Part-27~Love Drug 🔞🚨
Part-28 ~ Dream
Part-29~Cheater
Part-31 ~Past (2)
Part-32 ~Sleep Walking
Part-33 ~The Church
Part -34~ Love Poem 🔞🚨
Part -35~ Come Along
Part -36 ~ Terrify
Part- 37~ Unexpected
Part -38~Who is murderer?
Part -39 ~ Tears
Part-40 ~Twin Flame 🚨🔞
Part -41~ Belief ( Final )
Extra - I 🔞🚨
Holloween Special
one shot
Announcement !!

Part-30 ~ Past (1)

10.1K 1.3K 121
By yoon_085

Mysterious Love

Unicode

ရှောင်ဟန်ရန်ဖေးနဲ့ဆက်ပြီးစကားမများချင်တာကြောင့် စာဖတ်ခန်းထဲထွက်လာပြီးဧည့်ခန်းမှာထိုင်ကာ အလုပ်လုပ်နေလိုက်တယ် သူဧည့်ခန်းထဲမှာ အလုပ်ထိုင်လုပ်နေတာကြောင့် ရန်ဖေးစာဖတ်ခန်းထဲက ထွက်လာတာလဲသတိမထားမိဘူး

~~~~~~~~ တီးတောင် ~~~~~~ တီးတောင် ~~~~

အိမ်ရှေ့ကဘဲလ်သံကြားရတာကြောင့် စာဖတ်ခန်းကနေ ထွက်လာလက်စနဲ့မို့လို့ သူပဲတံခါးဆီကိုသွားကာဖွင့်ပေး လိုက်တော့ အသက်၅၀ကျော်ပရေအနည်းငယ်တွန့်နေတဲ့ လူတစ်ယောက် ၊

ရန်ဖေးထိုသူကိုအကြာကြီးကြည့်ပြီး ဦးနှောက်ကိုအလုပ်ပေးလိုက်တော့ထိုသူက ဒီစံအိမ်မှာခြံစောင့်လုပ်ဖူးတဲ့ဦးလေးကြီး

" ဘယ်သူလဲဗျ ''

ထိုလူကလဲရန်ဖေးကိုမြင်တော့အံဩသွားဟန် သူ့ကိုကြည့်နေတယ် ။

" အော် ကျွန်တော် ကျွန်တော်ကမန်နေဂျင်းရှောင်ကျန့်နဲ့ တွေ့ဖို့လာတာပါ ''

" မန်နေဂျင်းကိုတွေ့ဖို့လား ဦးလေးခဏနော် ကျွန်မ သွားခေါ်ပေးမယ် ''

ဘဲလ်သံကြောင့်ဇီယီလဲအိမ်ရှေ့ကိုထွက်လာကြည့်တော့ ဦးလေးကြီးတစ်ယောက်ကမန်နေဂျင်းကိုမေးတာမို့ သူခေါ်ပေးမယ်ပြောပြီး အပေါ်ထပ်ကို တက်သွားလိုက်တယ် ရှောင်ကျန့်ရဲ့အခန်းတံခါးက ပွင့်နေပြီးလူမရှိတာကြောင့် ရိပေါ်ရဲ့အခန်းထဲမှာပဲဆိုပြီး ရိပေါ်အခန်းတံခါးကိုခေါက်လိုက်တယ် ။

" ရိပေါ်လွှတ်ဦး အပြင်မှာအခန်းတံခါးလာခေါက်နေပြီ ''

ရှောင်ကျန့်ကိုအနောက်ကနေသိုင်းဖက်ထားပြီး ပါးနုနုလေးတွေကိုနမ်းဖို့ဆဲဆဲမှာတံခါးလာခေါက်တာ
ကြောင့်ရိပေါ်စိတ်ထဲသိပ်တော့ဘဝင်မကျ သူ့လက်ကို အတင်းရုန်းကာကုတင်ပေါ်ကနေဆင်းသွားပြီး တံခါးသွားဖွင့်ပေးတာကြောင့်ရိပေါ်လဲခပ်တည်တည်နဲ့ အခန်းထဲကဆိုဖာမှာသွားထိုင်နေလိုက်တယ် ။

" အော်...ဇီယီပါလား ဘာကိစ္စလဲ ''

"ဟို မန်နေဂျင်းတို့အလုပ်ကိစ္စဆွေးနွေးနေတာ အနှောင့်ယှက်ဖြစ်သွားလို့ တောင်းပန်ပါတယ် အောက်မှာမန်နေဂျင်းကိုတွေ့ချင်လို့တဲ့ လူတစ်ယောက်ရောက်နေတယ် ''

" ဘယ်သူလဲ ''

" ဇီယီလဲမသိဘူး မန်နေဂျင်းအသက်၅၀ကျော် ဦးလေးကြီးတစ်ယောက်ပဲ ''

"ဟုတ်လား အဲ့ဒါဆိုအပေါ်ထပ်ကဧည့်ခန်းကိုပဲ လွှတ်လိုက်ပါ ကျွန်တော်စောင့်နေပါ့မယ်လို့ ''

"ဟုတ်ကဲ့ မန်နေဂျင်း ''
ဇီယီလဲပြောပြီးအောက်ဆင်းသွားတော့ ရှောင်ကျန့် ဆိုဖာပေါ်မှာဆူပုတ်ပုတ်နဲ့ထိုင်နေတဲ့ ရိပေါ်နားသွားထိုင်လိုက်တယ် ။

" ရိပေါ်လဲလိုက်တွေ့ပါလား လာပါ ကလေးလဲမဟုတ်ဘဲ ဆူပုတ်မနေပါနဲ့ ''

ရှောင်ကျန့်ကသူ့ယုန်သွားလေးတွေပေါ်အောင် ရယ်ပြလိုက်တော့ ရှောင်ကျန့်ရဲ့အပြုံးလက်နက်နဲ့ ရိပေါ်လဲလက်နက်ချလိုက်ရတော့တယ် ။
' မင်းတို့စဉ်းစားကြည့်ဒီယုန်သွားကြီးနဲ့အပြုံးကို ဘယ်သူကများလွန်ဆန်နိုင်မှာတဲ့လဲ '

ရှောင်ကျန့်အပေါ်ထပ်ကဧည့်ခန်းကို ရိပေါ်နဲ့အတူ ရှေ့ဆင့်နောက်ဆင့်ထွက်လာတယ် ဧည့်ခန်းကဆက်တီမှာ ထိုင်နေတဲ့သူကရှောင်ကျန့်ဝူလုံကိုသွားတုန်းက သူ့ကိုအကူညီပေးခဲ့တဲ့ ဦးလေးကြီး

" ဦးလေးကြီး ? "

" အကိုလေး အကိုလေး ဘာလို့ဒီမှာရှိနေသေးတာလဲ မြန်မြန်ပြောင်းပါတော့မဟုတ်ရင် အကိုလေးတို့အကုန် ဒုက္ခရောက်ကုန်တော့မယ် ''

ထိုဦးလေးကြီးစကားကြောင့် ရိပေါ်ကအလိုမကျဟန် မျက်ခုံးများကြုံပြီး ထိုဦးလေကြီးကိုကြည့်လိုက်တယ် ။

" ဘာလို့ပြောင်းခိုင်းတာလဲ ဒီမှာအကုန် အဆင်ပြေနေတာပဲ ''
ရိပေါ်ကထိုဦးလေးကြီးကိုပြောလိုက်တယ် ။

" မဟုတ်ဘူး အကိုလေးမသိဘူး အဲ့ဟာကြီးကတကယ် အန္တရာယ်ပြုလာရင်အကုန်ဒုက္ခရောက်ကုန်လိမ့်မယ် ကျွန်တော်ပြောတာယုံပါ ''

" ဒါပေမယ့်....''
ရိပေါ်ပြောမယ့်စကားကို ရှောင်ကျန့်ကဆက်မပြောနဲ့ ဆိုတဲ့သဘောနဲ့မျက်နှာရိပ်လုပ်ပြတော့ရိပေါ်လဲ တိတ်သွားတယ် ။

" ဦးလေးကဘာလို့ဒီလိုပြောတာလဲ ကျွန်တော်တို့ကို အကြောင်းစုံပြောပြမှကျွန်တော်တို့လဲ လုပ်သင့်လုပ်ထိုက်တာလုပ်ရမှာပေါ့ ''

" ဦးလေးက ဒီမှာအရင်ကအလုပ်လုပ်ဖူးတာ အကိုလေးလဲသိမှာပေါ့ အဲ့နှစ်အဲ့နှစ်နွေဦးလောက်မှာ ဖြစ်တာဦးလေးက အလုပ်ထွက်သွားပေမယ့် ယဲ့မျိုုးရိုးဆီခဏခဏလာလည်ဖြစ်တယ် လာလည်ရင်တော့ဒီခြံအနောက်ကသူရဲ့အိမ်မှာ သောက်စားကြတာပေါ့ ဦးလေးသတိထားမိတာက တစ်ခါတစ်လေအိမ်ကြီးထဲမှာ လူမရှိလဲစန္ဒာယားသံ တွေကြားနေရတယ်

တစ်ခါတလေမီးလဲသွားမဖွင့်ထားဘဲ မီးတွေထိန်လင်းနေ
တက်တာသွားကြည့်ရင်ဘယ်သူမှမရှိဘူး ''

" အဲ့ဒါတွေကြောင့် ပြောင်းရမယ်ဆိုတာ အရေးမပါတဲ့ကိစ္စကြီးမဟုတ်လား ''
တိတ်တဆိတ်နားထောင်နေပြီးမနေနိုင်တဲ့ ရိပေါ်ကဝင်ပြောတယ် ။

" ဟုတ်ပါတယ် ဒါတွေကအရေးမပါသေးပါဘူး ယဲ့မျိုးရိုး နောက်ဆုံးအခုလိုမရူးခင်ပြောခဲ့တာရှိပါတယ် သူအိမ်ထဲဝင်ကြည့်တော့မိန်းကလေးတစ်ယောက် စန္ဒာယားတီးနေတာတွေ့တယ်တဲ့အဲ့ဒီ့ညက... ''

ထိုနေ့ညက >>>>>>>>>

ခြံစောင့်ယဲ့တစ်ယောက်ကျယ်ဝန်းတဲ့ခြံကြီးထဲ ညနေ၇နာရီလောက်တည်းက ခြံတံခါးတွေအကုန်ပိတ် ခြံထဲလိုက်စစ်ပြီးအိမ်ထဲဝင်လာခဲ့တယ် ရာသီဥတုကလဲ ချမ်းစိမ့်စိမ့်နဲ့မို့ပြတင်းပေါက်တံခါးတွေပိတ်ဖို့အပြင်ကို တစ်ချက်မော့ကြည့်လိုက်တော့ကောင်းကင်တစ်ခုလုံး မည်းမှောင်နေပြီးကြယ်တွေတောင်မတွေ့ရဘူး ။

" အင်း ဒီညတော့မိုးရွာတော့မယ်ထင်တယ် ''
သူကောင်းကင်ကိုတစ်ချက်မော့ကြည့်ပြီးတံခါးတွေကို ပိတ်ကာTv လေးဖွင့်ကာထိုင်ကြည့်နေလိုက်တယ်Tv ကြည့်နေရင်းဘယ်ချိန်ထဲကအိပ်ပျော်သွားလဲမသိဘူး သူနိုးတော့Tv ရှေ့ကခုံပေါ်မှာအိပ်ပျော်လို့Tvကို သွားပိတ်လိုက်ပြီးအိပ်ဖို့လုပ်တော့မိုးကသည်းကြီးမည်းကြီးကိုရွာတာသူတို့ချုံချင်မှာ မိုးမရွာရင်မရွာဘူးရွာရင်လဲ သည်းကြီးမည်းကြီးရွာတာမို့ သူ့လိုဒေသခံတစ်ယောက် အနေနဲ့ဒီမိုးကမထူးတော့...

သူအိပ်ဖို့လုပ်ပေမယ့် မိုးသံနဲ့အတူထူးဆန်းတဲ့အသံက သူ့နားမှာလာထိရောက်တာကြောင့် ဘယ်လိုမှအိပ်လို့မရ ဖုန်းကလာတဲ့အသံများလားဆိုပြီးဖုန်းကိုကြည့်ပေမယ့် ဖုန်းကလာတဲ့အသံလဲမဟုတ်သူသေချာပေါက်ကို tv လဲပိတ်ခဲ့ပါတယ် သူသေချာအောင်Tv ကို သွားကြည့်လိုက်တယ် Tv ကလဲပိတ်ရက်သား....

~~~~~~ ဂျိန်း ~~~~~

မိုးချိန်းသံကြောင့်သူရုတ်တရက်တုန်သွားတယ် ထိုမိုးချိန်းသံလဲအပြီးသူ့အိမ်ကမီးလဲဖျက်ခနဲပျက်သွားတာကြောင့် သူခြံထဲကိုလိုက်စစ်တဲ့အခါကြည့်တဲ့ ဓာတ်မီးအကြီးကိုယူလိုက်တယ် မိုးရွာတဲ့အသံတွေနဲ့ အတူပီပီသသစန္ဒယားသံကိုသူကြားလိုက်ရတယ် အနုပညာကိုခံစားတက်တဲ့သူမဟုတ်ပေမယ့် ထိုစန္ဒယားကိုတီးခတ်နေတဲ့သူကစန္ဒယားကို အတော်တန်တီးခတ်တက်တဲ့သူလို့ထင်လိုက်တယ် စံအိမ်ထဲမှာလဲဘယ်သူ့မှမရှိဘဲ ဘယ်သူကတီးခတ်မှာလဲ စံအိမ်ထဲတစ်စုံတစ်ယောက်ခိုးဝင်နေပြီလားဆိုပြီး သူခြံထဲမြတ်ရိတ်တဲ့အခါသုံးတဲ့မိုးကာအကျီကို ဝတ်လိုက်ပြီး လက်နှိပ်ဓာတ်မီးကို ကိုင်ကာစံအိမ်ဘက်ကိုလျှောက်လာတယ် ။

ထူးဆန်းတာကခုနကမိုးချိန်းပြီးကတည်းကသူ့အိမ်က မီးပြတ်သွားပေမယ့် စံအိမ်ကြီးကတော့မိုးရေထဲမှာ တစ်အိမ်လုံးထိန်လင်းနေတာပဲ
သူစိမ်းလူအိမ်ထဲရောက်နေရင် ခုခံလို့ရအောင် သစ်သားချောင်းတစ်ချောင်းကိုဆွဲယူပြီးအိမ်ထဲ ဝင်သွားလိုက်တယ် အိမ်ရှေ့တံခါးမကြီးက ပိတ်ထားတာကြောင့်သူ့မှာရှိတဲ့စံအိမ်သော့နဲ့ဖွင့်ကာ ဝင်လိုက်တယ်

စံအိမ်ထဲဝင်တော့သူ့စိတ်ထဲအေးစိမ့်စိမ့်နဲ့ကျောပဲ
ချမ်းလာသလို နောက်ကျောပဲမလုံသလိုလိုနဲ့မိုးရေထဲက
လာလို့ချမ်းတာပါလို့သာဖြေသိမ့်ပြီးအိမ်ထဲဝင်လာခဲ့တယ်
သူအပြင်ကနေလှမ်းမြင်ရတုန်းကအိမ်ကြီးကထိန်လင်း
နေတာပါ သူအထဲကိုရောက်တော့အားလုံးက မှောင်ပိန်းလို့ ဒါဆိုအိမ်ရဲ့အပြင်မီးတွေပဲပွင့်နေတာပေါ့ သူတစ်လှမ်းချင်းခြေသံကိုဖွဖွချင်းနင်းကာ အိမ်ထဲကိုလျှောက်လာတယ်

စံအိမ်ထဲကအားလုံးကအမှောင်ကျလို့ပိုဆိုးတာက ပြတင်းပေါက်တွေကို လိုက်ကာတွေပိတ်ထားတာကြောင့် အိမ်ပြင်ကမီးအလင်းတချို့သာအနည်းငယ်ဝင်လာတယ်
သူ့အတွက်အမှောင်ကိုမကြောက်တာမို့လို့ မီးခလုတ်မဖွင့်ဘဲ ဒီတိုင်းအိမ်ထဲလျှောက်လာတယ် မတော်လို့အိမ်ထဲဖောက်ထွင်းသူရောက်နေလို့ သူမီးဖွင့်လိုက်ရင်ငါဒီမှာရှိတယ်ဆိုပြီး ပြောပြသလိုဖြစ်နေမှာပေါ့ ။

အိမ်ရှေ့ဧည့်ခန်းတံခါးကလဲပိတ်ထားတာကြောင့် သူတံခါးအပြင်ကပဲဧည့်ခန်းထဲမှန်ကနေတဆင့် ကြည့်လိုက်တယ်မည်သည့်အရာမှကိုရှိမနေတာကြောင့် သူတံခါးကိုသော့မဖွင့်ဘဲထားပြီးအခြားနေရာကို ကြည့်ဖို့ထွက်လာတယ် ။

သူနောက်ထပ်ခြေလှမ်းလှမ်းတုန်းမှာ ပီပီသသကြားလိုက်ရတဲ့စန္ဒယားသံ ဒီတခါတော့ နားကြားမှားစရာအကြောင်းမရှိ၊ ဘာလို့ဆို ထိုစန္ဒယားသံကသူရဲ့အနီးနားကနေကြားနေရတဲ့ အသံပဲ ထိုအသံကသူနဲ့ဝေးဝေးလန်လန်ကမဟုတ်ဧည့်ခန်းရဲ့ မျက်နှာချင်းဆိုင်စာကြည့်ခန်းကလာတာ

သူ့လက်ထဲကသစ်သားတုတ်ကိုကျစ်ကျစ်ပါအောင် စာကြည့်ခန်းဘက်ကိုတစ်လှမ်းချင်း အသံမထွက်အောင် ဖွဖွလေးဆက်လျှောက်ကာသွားတယ် တကယ်တမ်းဖြေးဖြေးချင်းလျှောက်တော့ ဧည့်ခန်းနဲ့ စာကြည့်ခန်းကလှမ်းပါတယ် မျက်နှာချင်းဆိုင်ဆိုပေမယ့် သူတို့နှစ်ခုကြားမှာလှေကားကအဆင်းလျှောက်လှမ်းနဲ့ အခန်းတွေဘက်သွားတဲ့လျှောက်လှမ်းရှိတာကြောင့် သူဖြေးဖြေးချင်းသွားနေတော့ဝေးနေသယောင် ဖြစ်နေတယ် သူစာကြည့်ခန်းနားမရောက်ခင် လှေကားဘေးကချိန်သီးနာရီကြီးကိုကြည့်လိုက်တော့ မနက်၂နာရီ ကျော်ပြီ ။

သူစာဖတ်ခန်းရှေ့မှာရပ်ပြီးတံခါးနားကိုကပ်ကာအသံကို နားထောင်တော့ကျိန်းသေစန္ဒယားသံကဒီအခန်းထဲက
လာတာ၊ ဘယ်သူကများအတင့်ရဲပြီးညဘက်ကြီး ရှောင်စံအိမ်ထဲခိုးဝင်ရဲတာလဲလို့တွေးပြီးတံခါးကို
ရုတ်တရက်ဆွဲဖွင့်လိုက်ကာ အခန်းထဲကိုဝင်သွားတော့ စန္ဒယားသံကတိတ်သွားတယ်

စာဖတ်ခန်းထဲဝေ့ဝိုက်ကာကြည့်လိုက်သော်လည်း လူအရိပ်ယောင်ဟူသည်တစက်မှမတွေ့ တကယ်လို့ခိုးဝင်ပြီးစန္ဒယားတီးနေရင်တောင် သူအခန်းထဲမဝင်ကအထိတီးနေတဲ့အသံကြားနေရတာမို့လို့သူအပြေးဝင်လာတဲ့အချိန်ထိုလူထပြေးချိန်တာရမှာ မဟုတ်ဘူးအခုသူအခန်းထဲရောက်တော့လူအရိပ်မပြော စန္ဒယားသံတောင်မကြားရတော့ဘူး ။

အခန်းပတ်ကြည့်ကာလိုက်ရှာနေပေမယ့်လဲ ဘာမှမတွေ့တာကြောင့်သူခေါင်းအတော်ခဲသွားတယ် သူမအိပ်ခင်သောက်လိုက်မိတာကြောင့် ထင်ယောင်ထင်မှားပဲဖြစ်သလားပေါ့ ထင်ယောင်ထင်မှားဖြစ်ရအောင် ခုနကအထိ စန္ဒယားသံကိုနားနဲ့ဆက်ဆက်ကြားနေရတာလေ.....

~~~~~~~~ တင် ~~~~~~~

သူစန္ဒယားကိုကျောပေးပြီး စာအုပ်တွေအစီတကျ ထားတဲ့ဘက်ကိုရှာမလို့လုပ်တော့စန္ဒယားကို လက်နဲ့ရိုက်ခတ်လိုက်တဲ့ အသံ 'တင်' ဆိုပြီးထွက်လာတယ် သူစန္ဒယားဘက်ကို
လှည့်ကြည့်လိုက်တော့ စန္ဒယားဘေးမှာရပ်နေတဲ့
ကောင်မလေးတစ်ယောက် ၊

" မိန်းကလေးအိမ်ထဲကိုဘယ်လိုရောက်နေတာလဲ ဒါရှောင်စံအိမ်အခုမင်းလုပ်နေတာခိုးမှုနော်ဦးလေးလဲ အရူပ်တွေမဖြစ်ချင်ပါဘူး မိန်းကလေးကောင်းကောင်း
ထွက်သွားလိုက်ပါ ''

သူကစကားပြောနေပေမယ့်သူကိုသာစိုက်ကြည့်နေပြီး တစ်လုံးချင်းစီပီပီသသပြောလိုက်တဲ့စကားသံ ထွက်လာတယ်

~~~~~~~ ထွက် သွား ~~~~~~

" ကျစ် မိန်းကလေးမင်းကတကယ်ပဲ ပြောရဆိုရခက်တာပဲ မင်းကိုဆွဲမထုတ်ချင်လို့ အနုနည်းနဲ့ပြောနေတာနော် ''

နောက်တခါထပ်ပြီးကွဲရှပြီးအက်နေတဲ့အသံနဲ့

~~~~~~~ ထွက် သွား ~~~~~~

သူဒုတိယအသံကိုကြားတော့အနည်းငယ်တုန်လှုပ်ချင်သွားတယ် သူအရှေ့ကိုဖြေးဖြေးချင်းလျှောက်လိုက်တယ် အဲ့အချိန် လျှပ်စီးလပ်တဲ့အလင်းရောင်ကလိုက်ကာ မကာထားတဲ့ပြတင်းပေါက်ကနေဖြတ်ပြီးအခန်းထဲကို ဝင်လာတော့သူ့ရှေ့ကရပ်နေတဲ့မိန်းကလေးရဲ့မျက်နှာမှာ မျက်လုံးများကနီရဲနေပြီးသွေးများကလဲရင်ဘတ်ကနေ တစက်စက်ကျနေတာ အင်္ကျီအနီရောင်ပေမယ့် သွေးများကြောင့် ထိုအင်္ကျီအနီမှာလဲသွားများ စွန်းထင်းနေတယ် ၊

ထိုမိန်းကလေးကမျက်လွှာချထားပေမယ့် ရုတ်တရက် မျက်လုံးကတည့်တည့်ကိုစိုက်ကြည့်လိုက်တာကြောင့် သူ့မှာအသက်ရူဖို့တောင်မေ့သွားလောက်တဲ့အထိ ထိပ်လန့်သွားတယ် ဘာလို့လဲဆိုတော့ထိုမိန်းကလေးမှာ မျက်ဆံမရှိဘဲမျက်လုံးတစ်ခုလုံးကသွေးတွေနဲ့ပြည့်နှက် နေသလိုမျက်လုံးတစ်ခုလုံးနီရဲနေလို့...

ခြံစောင့်တဲ့သူလဲထိုမျက်နှာကိုမြင်ပြီးအထိပ်ထိပ်အလန့်လန့်နဲ့အခန်းထဲကနေထွက်ပြေးလာတယ် သူအိမ်ရှေ့
တံခါးမကြီးဆီပြေးပြီးတံခါးကိုဖွင့်ပေမယ့်တံခါးက ဘယ်လိုမှဖွင့်လို့မရ သူ့အနောက်ကိုလဲလိုက်လာနေတာ သိတာကြောင့် သူချက်ချင်းပဲအပေါ်ထပ်ကိုပြေးတက် လိုက်တယ်

အပေါ်ထပ်ကိုရောက်တော့အားလုံးကအမှောင်အတိ သို့သော်လဲထိုမိန်းကလေးရဲ့ခြေသံလို့ထင်ရတဲ့ ဒေါက်ဖိနပ်အသံက ဆက်တိုက်ကြားနေရသေး တာကြောင့်သူထပ်ပြီးထွက်ပြေးလာတယ်ပြေးရင်းနဲ့ အသံကနီးလာလေလေ အခန်းတံခါးတွေကလဲ အကုန်ပိတ်ထားတာကြောင့်အပေါ်ထပ်ကစတိုခန်း
အသေးလေးထဲမှာဝင်ပုန်းနေလိုက်တယ် ။

ဒေါက်ဖိနပ်ရဲ့အသံကိုသာဆက်တိုက်ကြားနေရတာမို့ အသံမထွက်အောင်ပါးစပ်ကိုလက်နဲ့ပိတ်ပြီး အသက်အောင့်ကာနေလိုက်တယ် သိပ်မကြာဘူး အပေါ်ထပ်လျှောက်လမ်းတလျှောက် အလှဆင်ထားတဲ့ အိုးတွေပစ္စည်းတွေပြုတ်ကျတဲ့အသံကစိပ်ပြီးစိပ် လာတယ်

အသံရူရခက်ခဲနေပေမယ့်လဲ ကြောက်တဲ့စိတ်ကြောင့်
ပါးစပ်ကိုလက်နဲ့အုပ်ထားတာမခွာနိုင်၊ သူအခုချိန်မှာ
တွေးမိတာကသူစံအိမ်ထဲကိုအစတည်းကဝင်မလာမိရင် ကောင်းသားလို့ အခုတော့ပြန်လှည့်စရာ အခြေနေလဲမရှိတော့ဘဲစံအိမ်ထဲကပဲလွတ်မြောက် နိုင်အောင်သူကြိုးစားမှရတော့မယ်သူလာတုန်းက ယူလာခဲ့တဲ့ဓာတ်မီးကလဲဘယ်နားကျန်ခဲ့မှန်းမသိ အခုတော့မှောင်မှောင်မဲမဲထဲစမ်းတဝါးဝါးနဲ့ ။

သူစတိုခန်းအသေးလေးထဲမှာအတော်ကြာတဲ့အထိနေပြီး မိုးသံကလွဲပြီးအသံတွေအားလုံးကတိတ်ဆိတ်သွားတာမို့ သူလဲအရဲစွန့်ပြီးအပြင်ကိုထွက်လာတယ် သူအပြင်ကိုထွက်ဖို့ကလှေကားကလဲဆင်းဖို့မဖြစ်နိုင်တာ သေချာသွားပြီမို့လို့အပေါ်ထပ်ကအနီးဆုံးထောင့်ဆုံး အခန်းကိုသာရွေးလိုက်တယ် တကယ်လို့အဲ့အခန်းကသာ အန္တရာယ်အရှိဆုံးအခန်းဆိုတာသာကြိုသိခဲ့ရင် သူအဲ့အခန်းကိုရွေးခဲ့မှာမဟုတ်ဘူး

အိမ်ကိုစောင့်ကြည့်ရတဲ့သူဖြစ်တာကြောင့်သူ့ဆီမှာ အခန်းသော့တွေရှိတာမို့ ဘာမှန်းမသိတဲ့အရာရဲ့ အခြေနေကိုကြည့်ရင်းအခန်းတံခါးသော့ကို တစ်ချောင်းချင်းဆီနဲ့ဖွင့်နေရတယ် ကြောက်လွန်းလို့လက်တွေပါ တုန်ရီနေပေမယ့်မနည်း အားတင်းပြီးတံခါးကိုဖွင့်လိုက်ရတယ် နောက်ဆုံးမှာတော့တံခါးနဲ့သော့မှန်သွားတာကြောင့် တခါးကိုဖွင့်လိုက်ပြီးအထဲကိုမြန်မြန်ဝင်ကာတံခါးကို အပြင်ကမဝင်နိုင်အောင်ခုံအသေးလေးနဲ့ ကပ်ကာပိတ်ထားလိုက်တယ်​

သူတံခါးကိုသေချာပိတ်ပြီး ပြတင်းပေါက်တံခါးတွေကို လိုက်ဖွင့်ဖို့ကြိုးစားပေမယ့် တံခါးတွေကဘယ်လိုမှဖွင့်မရ အဲ့အချိန်အခန်းအပြင်ဘက်ကတစ်ခုခုကိုကြမ်းပြင်မှာ တိုက်ဆွဲပြီးယူလာတဲ့အသံကိုကြားလိုက်ရတာကြောင့် ကုတင်အောက်ကိုပြေးဝင်ကာပုန်းလိုက်တယ် ကုတင်ကလဲမြင့်တာကြောင့်သူအလွယ်တကူပဲ ဝင်ပုန်းလို့ရသွားတယ် ။

ကြမ်းပြင်ကိုတစ်ခုခုတရွတ်ဆွဲပြီးလျှောက်လာတဲ့အသံက သူပုန်းနေတဲ့အခန်းနဲ့တဖြေးဖြေးနီးကပ်လာတယ် သူသေချာသိလိုက်ပြီကြမ်းပြင်ကိုဆွဲပြီးယူလာတဲ့အရာက သူစံအိမ်ထဲကိုမလာခင်ကယူခဲ့တဲ့ သစ်သားချောင်းဆိုတာ သူသိလိုက်ရတယ် သစ်သားချောင်းကိုကြမ်းပြင်ကို တိုက်ပြီးယူလာတဲ့အသံကသူ့စိတ်ထင်လို့ပဲလားမသိဘူး သူပုန်းနေတဲ့အခန်းရှေ့မှာရပ်သွားတယ် ။

ကုတင်အောက်မှာအသံတိတ်နေနေရင်း အပြင်ကအသံကိုလဲနားစွင့်နေလိုက်တယ် သူ့နှလုံးခုန်သံတွေမြန်လွန်းလို့အပြင်ကိုခုန်ထွက်မလား တောင်ထင်ရတဲ့အထိနှလုံးကခုန်နေတယ် ဖိနပ်သံလဲမကြားရတော့သလိုသစ်သားချောင်းကို တိုက်ဆွဲလာတဲ့အသံလဲ မကြားရတော့တာကြောင့် သက်ပြင်းချရုံရှိသေးကြမ်းပြင်ပေါ်သစ်သားချောင်း ပစ်ချလိုက်တဲ့အသံကြားတော့ သူအသက်ရူနေတာပါ အောင့်မိသွားသည်အထိတုန်လှုပ်သွားတယ် ။

အသက်ရူသံမထွက်အောင်ပါထိန်းနေပြီး မျက်လုံးနဲ့ဘယ်ကနေဘယ်လိုထွက်ပြေးရမလဲ လိုက်ကြည့်နေမိလိုက်တယ်သူဘေးပြတင်းပေါက်ကို တွေ့လိုက်တယ် အဲ့ဘေးမှာကဖန်လုံအိမ်လို အလှစိုက်အပင်တွေထားထားတာကြောင့် ထိုဖန်လုံအိမ်အပေါ်ထပ်ခေါင်မိုးကနေ ဖြတ်လျှောက်သွားပြီးအောက်ဆင်းရင် အဆင်ပြေနိုင်တာကြောင့် သူထိုပြတင်းပေါက်ဘက်က ခုန်ဆင်းဖို့အဆင်သင့်ပြင်ထားလိုက်တယ် သူထွက်ဖို့လုပ်ပေမယ့်အရိပ်တစ်ခုတွေ့လိုက်ရတာကြောင့် မထွက်သေးဘဲငြိမ်နေလိုက်တယ် ။

သူ့ကိုရုတ်တရုတ်မျက်ဆံမရှိ၊ နီရဲနေတဲ့မျက်လုံးတွေနဲ့ မျက်နှာအနှံသွေးများပေနေတဲ့မျက်နှာကသူ့ကို
ငုံကြည့်လာတယ် ။

" အား..... ''

သူကြောက်အားလန့်အားနဲ့ကုတင်အောက်ကနေ ပြေးထွက်လာပြီးသူပြေးမယ်လို့တွက်ထားတဲ့ ပြတင်းပေါက်နားကိုသွားကာဖွင့်ပေမယ့်ဘယ်လိုမှဖွင့်မရ။

~~~~~~~~ ဘာလဲ အခုမှထွက်ပြေးချင်တာလား ဟား ဟား ဟား ကြောက်လား ငါလဲအဲ့လိုကြောက်ခဲ့ရတာပဲ ဒါပေမယ့် အခုတော့ထွက်ပြေးစရာမရှိတော့ဘူးလေ ဟား ဟား ဟား ~~~~~~~~~~

" ငါ...ငါ မင်းကိုတောင်းပန်ပါတယ် ကျေးဇူးပြုပြီးငါ့ကို လွှတ်ပေးပါ ''

~~~~~~~~~~ လွှတ်ပေးရမယ် ကြောက်တက်ရင်အစထဲကဝင်ကိုမလာသင့်တာ ~~~~~~~~~~

ပြောပြီးထိုခြံစောင့်ဦးလေးကြီးရဲ့ လည်ပင်းကိုညှစ်လိုက်တာမို့ ဦးလေးကြီးကလဲ သူ့ကိုလည်ပင်းညှစ်ထားတဲ့လက်တွေကို ဖြုတ်ချဖို့လုပ်ပေမယ့် လက်တွေကဖြုတ်ချမရအောင်ကို သန်မာလွန်းတာကြောင့်ဘယ်လိုမှဖြုတ်မရ ၊ဒီဧက ၁၀၀၀ ကျော်ကျယ်ဝန်းတဲ့ခြံကြီးမှာသူဘယ်လိုပဲအော်ဟစ် အကူညီတောင်းတောင်းမည်သူမှလဲကြားနိုင်စွမ်းရှိမှာ မဟုတ်သလို မည်သူကမှလဲညဘက်ကြီးရှောင်စံအိမ်ကို အလည်လာမည်မဟုတ် ။

ပတ်ဝန်းကျင်ကိုအားကိုးလို့ရမယ့် အနေထားမဟုတ်တာ
ကြောင့်သူကိုယ်တိုင်လွတ်မြှောက်ဖို့လုပ်ယူရမယ့် အနေထားဖြစ်နေတယ် ။

~~~~~~~~~~ နာလား ငါလဲအဲ့လိုနာကျင်ခဲ့ ရတာပဲ အဲ့လိုခံစားမှုမျိုးခံစားကြည့်လိုက် အကူညီလိုနေပေမယ့် ဘယ်သူမှရောက်မလာတဲ့ ခံစားချက်ကို ခံစားကြည့်လိုက် ~~~~~~~~~~

~~~~~~~~~~ အား ~~~~~~~~~~

ထိုမိန်းကလေးရဲ့ ကျယ်လောင်စွာအော်တဲ့အသံ ကြားပြီးနောက်သူနံရံနားအထိဆွဲကပ်ခံရပြီး လူတစ်ကိုယ်လုံးအပေါ်ကိုမြှောက်တက်သွားတယ် အပေါ်မျက်နှာကျက်မှာသူကပ်နေတယ် သူတုန်လှုပ်ကြောက်ရွံမိပေမယ့်ဘာမှမလုပ်နိုင်တာမို့ မျက်လုံးကိုမှိတ်ထားလိုက်ရတယ် ပြီးတော့ သူ့ရဲ့ခန္ခာကိုယ်ကအပေါ်ကနေတစ်ဆင့်ပြုတ် ကျလာတယ် ။

မျက်နှာကျက်ကနေပြုတ်ကျတာမို့ အတော်လေး အထိနာသွားပေမယ့်သူထွက်ပြေးကိုတော့ လက်မလျော့ပေ သူပြန်ထဖို့လုပ်တော့တစ်စုံတစ်ခုက သူ့ကိုပစ်တိုက်သွားသလို သူခန္ခာကိုယ်က ပြတင်းပေါက်ကမှန်တွေကိုသွားဆောင့်မိတယ် ။

ပစ်တိုက်မိတဲ့အရှိန်ကြောင့်ပြတင်းပေါက်ကမှန်တွေ ကွဲသွားပြီးမှန်ကွဲတချို့ဟာလဲသူ့အသားထဲကို စိုက်ဝင်ကုန်တယ် သူအတင်းကုန်းရုံးကာထပေမယ့် ဘယ်လိုမှထမရ၊ အခုချိန်မှာသူက
စံအိမ်ထောင့်ဆုံးအခန်းဘေးက ဖန်လုံစိုက်ခင်းအပေါ်ခေါင်မိုးကိုရောက်နေတာ မိုးကလဲသည်းကြီးမည်းကြီးရွာတုန်း....

~~~~~~~~~~ ဟား ဟား ဟား ~~~~~~~~~~

မိန်းကလေးရဲ့ရယ်သံကပျော်သံစွတ်လို့ရယ်သံလဲမဟုတ် ကျေနပ်အားရလို့ရယ်သံလဲမဟုတ်ထိုရယ်သံတွေထဲမှာ ဒေါသထွက်လို့ဖြစ်ပေါ်လာတဲ့ခနဲ့တဲ့ရယ်သံတွေလိုပဲ ။

~~~~~~~~~~ တကယ့်နာကျင်မှုကဘာလဲ ခံစားကြည့်လိုက် ~~~~~~~~~~

ထိုအသံရဲ့အဆုံးလျှပ်စီးလပ်သွားတာမို့ သူ့ကို စိုက်ကြည့်နေတဲ့မျက်နှာကိုမြင်လိုက်ရတယ်ထိုမျက်နှာက အခြားသူမဟုတ်သူရင်းနှီးခဲ့ဖူးတဲ့သူတစ်ယောက် ၊ သူနောက်ဆုံးမြင်လိုက်ရတာကသွေးတွေလွှမ်းနေတဲ့ မိန်းကလေးမျက်နှာနဲ့ ကောင်းကင်ပေါ်ကနေတဆင့် သူ့ပါးပြင်ပေါ်ကျလာတဲ့ မိုးရေတချို့

~~~~~~~ ခွပ် ~~~~~~~

အပေါ်ကနေအရှိန်နဲ့ပြုတ်ကျတဲ့အသံက ' ခွပ် ' ခနဲကိုမြည်ပြီး သူ့ခေါင်းကနေပူပူနွေးနွေးအရည်များက စီးဆင်းကျသွားတာခံစားမိပြီးမျက်လုံးတို့ကလဲ အမှောင်ကျသွားတယ်၊ မှန်လုံပန်းခြံအဝရဲ့ကြမ်းပြင်မှာ နီနီပျစ်ပျစ်သွေးတွေနဲ့အတူမိုးရေများကလဲစီးဆင်းလျက်.

edaz
4:20 a.m.

____________<<<<<<<<___________

Mysterious Love

Zawgyi

ေရွာင္ဟန္ရန္ေဖးနဲ႕ဆက္ၿပီးစကားမမ်ားခ်င္တာေၾကာင့္ စာဖတ္ခန္းထဲထြက္လာၿပီးဧည့္ခန္းမွာထိုင္ကာ အလုပ္လုပ္ေနလိုက္တယ္ သူဧည့္ခန္းထဲမွာ အလုပ္ထိုင္လုပ္ေနတာေၾကာင့္ ရန္ေဖးစာဖတ္ခန္းထဲက ထြက္လာတာလဲသတိမထားမိဘူး

~~~~~~~~ တီးေတာင္ ~~~~~~ တီးေတာင္ ~~~~

အိမ္ေရွ႕ကဘဲလ္သံၾကားရတာေၾကာင့္ စာဖတ္ခန္းကေန ထြက္လာလက္စနဲ႕မို႔လို႔ သူပဲတံခါးဆီကိုသြားကာဖြင့္ေပး လိုက္ေတာ့ အသက္၅၀ေက်ာ္ပေရအနည္းငယ္တြန႔္ေနတဲ့ လူတစ္ေယာက္ ၊

ရန္ေဖးထိုသူကိုအၾကာႀကီးၾကည့္ၿပီး ဦးႏွောက္ကိုအလုပ္ေပးလိုက္ေတာ့ထိုသူက ဒီစံအိမ္မွာၿခံေစာင့္လုပ္ဖူးတဲ့ဦးေလးႀကီး

" ဘယ္သူလဲဗ် ''

ထိုလူကလဲရန္ေဖးကိုျမင္ေတာ့အံဩသြားဟန္ သူ႕ကိုၾကည့္ေနတယ္ ။

" ေအာ္ ကြၽန္ေတာ္ ကြၽန္ေတာ္ကမန္ေနဂ်င္းေရွာင္က်န႔္နဲ႕ ေတြ႕ဖို႔လာတာပါ ''

" မန္ေနဂ်င္းကိုေတြ႕ဖို႔လား ဦးေလးခဏေနာ္ ကြၽန္မ သြားေခၚေပးမယ္ ''

ဘဲလ္သံေၾကာင့္ဇီယီလဲအိမ္ေရွ႕ကိုထြက္လာၾကည့္ေတာ့ ဦးေလးႀကီးတစ္ေယာက္ကမန္ေနဂ်င္းကိုေမးတာမို႔ သူေခၚေပးမယ္ေျပာၿပီး အေပၚထပ္ကို တက္သြားလိုက္တယ္ ေရွာင္က်န႔္ရဲ႕အခန္းတံခါးက ပြင့္ေနၿပီးလူမရွိတာေၾကာင့္ ရိေပၚရဲ႕အခန္းထဲမွာပဲဆိုၿပီး ရိေပၚအခန္းတံခါးကိုေခါက္လိုက္တယ္ ။

" ရိေပၚလႊတ္ဦး အျပင္မွာအခန္းတံခါးလာေခါက္ေနၿပီ ''

ေရွာင္က်န႔္ကိုအေနာက္ကေနသိုင္းဖက္ထားၿပီး ပါးႏုႏုေလးေတြကိုနမ္းဖို႔ဆဲဆဲမွာတံခါးလာေခါက္တာ
ေၾကာင့္ရိေပၚစိတ္ထဲသိပ္ေတာ့ဘဝင္မက် သူ႕လက္ကို အတင္း႐ုန္းကာကုတင္ေပၚကေနဆင္းသြားၿပီး တံခါးသြားဖြင့္ေပးတာေၾကာင့္ရိေပၚလဲခပ္တည္တည္နဲ႕ အခန္းထဲကဆိုဖာမွာသြားထိုင္ေနလိုက္တယ္ ။

" ေအာ္...ဇီယီပါလား ဘာကိစၥလဲ ''

"ဟို မန္ေနဂ်င္းတို႔အလုပ္ကိစၥေဆြးႏြေးေနတာ အႏွောင့္ယွက္ျဖစ္သြားလို႔ ေတာင္းပန္ပါတယ္ ေအာက္မွာမန္ေနဂ်င္းကိုေတြ႕ခ်င္လို႔တဲ့ လူတစ္ေယာက္ေရာက္ေနတယ္ ''

" ဘယ္သူလဲ ''

" ဇီယီလဲမသိဘူး မန္ေနဂ်င္းအသက္၅၀ေက်ာ္ ဦးေလးႀကီးတစ္ေယာက္ပဲ ''

"ဟုတ္လား အဲ့ဒါဆိုအေပၚထပ္ကဧည့္ခန္းကိုပဲ လႊတ္လိုက္ပါ ကြၽန္ေတာ္ေစာင့္ေနပါ့မယ္လို႔ ''

"ဟုတ္ကဲ့ မန္ေနဂ်င္း ''
ဇီယီလဲေျပာၿပီးေအာက္ဆင္းသြားေတာ့ ေရွာင္က်န႔္ ဆိုဖာေပၚမွာဆူပုတ္ပုတ္နဲ႕ထိုင္ေနတဲ့ ရိေပၚနားသြားထိုင္လိုက္တယ္ ။

" ရိေပၚလဲလိုက္ေတြ႕ပါလား လာပါ ကေလးလဲမဟုတ္ဘဲ ဆူပုတ္မေနပါနဲ႕ ''

ေရွာင္က်န႔္ကသူ႕ယုန္သြားေလးေတြေပၚေအာင္ ရယ္ျပလိုက္ေတာ့ ေရွာင္က်န႔္ရဲ႕အၿပဳံးလက္နက္နဲ႕ ရိေပၚလဲလက္နက္ခ်လိဳက္ရေတာ့တယ္ ။
' မင္းတို႔စဥ္းစားၾကည့္ဒီယုန္သြားႀကီးနဲ႕အၿပဳံးကို ဘယ္သူကမ်ားလြန္ဆန္နိုင္မွာတဲ့လဲ '

ေရွာင္က်န႔္အေပၚထပ္ကဧည့္ခန္းကို ရိေပၚနဲ႕အတူ ေရွ႕ဆင့္ေနာက္ဆင့္ထြက္လာတယ္ ဧည့္ခန္းကဆက္တီမွာ ထိုင္ေနတဲ့သူကေရွာင္က်န႔္ဝူလုံကိုသြားတုန္းက သူ႕ကိုအကူညီေပးခဲ့တဲ့ ဦးေလးႀကီး

" ဦးေလးႀကီး ? "

" အကိုေလး အကိုေလး ဘာလို႔ဒီမွာရွိေနေသးတာလဲ ျမန္ျမန္ေျပာင္းပါေတာ့မဟုတ္ရင္ အကိုေလးတို႔အကုန္ ဒုကၡေရာက္ကုန္ေတာ့မယ္ ''

ထိုဦးေလးႀကီးစကားေၾကာင့္ ရိေပၚကအလိုမက်ဟန္ မ်က္ခုံးမ်ားႀကဳံၿပီး ထိုဦးေလႀကီးကိုၾကည့္လိုက္တယ္ ။

" ဘာလို႔ေျပာင္းခိုင္းတာလဲ ဒီမွာအကုန္ အဆင္ေျပေနတာပဲ ''
ရိေပၚကထိုဦးေလးႀကီးကိုေျပာလိုက္တယ္ ။

" မဟုတ္ဘူး အကိုေလးမသိဘူး အဲ့ဟာႀကီးကတကယ္ အႏၱရာယ္ျပဳလာရင္အကုန္ဒုကၡေရာက္ကုန္လိမ့္မယ္ ကြၽန္ေတာ္ေျပာတာယုံပါ ''

" ဒါေပမယ့္....''
ရိေပၚေျပာမယ့္စကားကို ေရွာင္က်န႔္ကဆက္မေျပာနဲ႕ ဆိုတဲ့သေဘာနဲ႕မ်က္ႏွာရိပ္လုပ္ျပေတာ့ရိေပၚလဲ တိတ္သြားတယ္ ။

" ဦးေလးကဘာလို႔ဒီလိုေျပာတာလဲ ကြၽန္ေတာ္တို႔ကို အေၾကာင္းစုံေျပာျပမွကြၽန္ေတာ္တို႔လဲ လုပ္သင့္လုပ္ထိုက္တာလုပ္ရမွာေပါ့ ''

" ဦးေလးက ဒီမွာအရင္ကအလုပ္လုပ္ဖူးတာ အကိုေလးလဲသိမွာေပါ့ အဲ့ႏွစ္အဲ့ႏွစ္ႏြေဦးေလာက္မွာ ျဖစ္တာဦးေလးက အလုပ္ထြက္သြားေပမယ့္ ယဲ့မျိုုးရိုးဆီခဏခဏလာလည်ဖြစ်တယ် လာလည္ရင္ေတာ့ဒီၿခံအေနာက္ကသူရဲ႕အိမ္မွာ ေသာက္စားၾကတာေပါ့ ဦးေလးသတိထားမိတာက တစ္ခါတစ္ေလအိမ္ႀကီးထဲမွာ လူမရွိလဲစႏၵာယားသံ ေတြၾကားေနရတယ္

တစ္ခါတေလမီးလဲသြားမဖြင့္ထားဘဲ မီးေတြထိန္လင္းေန
တက္တာသြားၾကည့္ရင္ဘယ္သူမွမရွိဘူး ''

" အဲ့ဒါေတြေၾကာင့္ ေျပာင္းရမယ္ဆိုတာ အေရးမပါတဲ့ကိစၥႀကီးမဟုတ္လား ''
တိတ္တဆိတ္နားေထာင္ေနၿပီးမေနနိုင္တဲ့ ရိေပၚကဝင္ေျပာတယ္ ။

" ဟုတ္ပါတယ္ ဒါေတြကအေရးမပါေသးပါဘူး ယဲ့မ်ိဳးရိုး ေနာက္ဆုံးအခုလိုမ႐ူးခင္ေျပာခဲ့တာရွိပါတယ္ သူအိမ္ထဲဝင္ၾကည့္ေတာ့မိန္းကေလးတစ္ေယာက္ စႏၵာယားတီးေနတာေတြ႕တယ္တဲ့အဲ့ဒီ့ညက... ''

ထိုေန႕ညက >>>>>>>>>

ၿခံေစာင့္ယဲ့တစ္ေယာက္က်ယ္ဝန္းတဲ့ၿခံႀကီးထဲ ညေန၇နာရီေလာက္တည္းက ၿခံတံခါးေတြအကုန္ပိတ္ ၿခံထဲလိုက္စစ္ၿပီးအိမ္ထဲဝင္လာခဲ့တယ္ ရာသီဥတုကလဲ ခ်မ္းစိမ့္စိမ့္နဲ႕မို႔ျပတင္းေပါက္တံခါးေတြပိတ္ဖို႔အျပင္ကို တစ္ခ်က္ေမာ့ၾကည့္လိုက္ေတာ့ေကာင္းကင္တစ္ခုလုံး မည္းေမွာင္ေနၿပီးၾကယ္ေတြေတာင္မေတြ႕ရဘူး ။

" အင္း ဒီညေတာ့မိုး႐ြာေတာ့မယ္ထင္တယ္ ''
သူေကာင္းကင္ကိုတစ္ခ်က္ေမာ့ၾကည့္ၿပီးတံခါးေတြကို ပိတ္ကာTv ေလးဖြင့္ကာထိုင္ၾကည့္ေနလိုက္တယ္Tv ၾကည့္ေနရင္းဘယ္ခ်ိန္ထဲကအိပ္ေပ်ာ္သြားလဲမသိဘူး သူနိုးေတာ့Tv ေရွ႕ကခုံေပၚမွာအိပ္ေပ်ာ္လို႔Tvကို သြားပိတ္လိုက္ၿပီးအိပ္ဖို႔လုပ္ေတာ့မိုးကသည္းႀကီးမည္းႀကီးကို႐ြာတာသူတို႔ခ်ဳံခ်င္မွာ မိုးမ႐ြာရင္မ႐ြာဘူး႐ြာရင္လဲ သည္းႀကီးမည္းႀကီး႐ြာတာမို႔ သူ႕လိုေဒသခံတစ္ေယာက္ အေနနဲ႕ဒီမိုးကမထူးေတာ့...

သူအိပ္ဖို႔လုပ္ေပမယ့္ မိုးသံနဲ႕အတူထူးဆန္းတဲ့အသံက သူ႕နားမွာလာထိေရာက္တာေၾကာင့္ ဘယ္လိုမွအိပ္လို႔မရ ဖုန္းကလာတဲ့အသံမ်ားလားဆိုၿပီးဖုန္းကိုၾကည့္ေပမယ့္ ဖုန္းကလာတဲ့အသံလဲမဟုတ္သူေသခ်ာေပါက္ကို tv လဲပိတ္ခဲ့ပါတယ္ သူေသခ်ာေအာင္Tv ကို သြားၾကည့္လိုက္တယ္ Tv ကလဲပိတ္ရက္သား....

~~~~~~ ဂ်ိန္း ~~~~~

မိုးခ်ိန္းသံေၾကာင့္သူ႐ုတ္တရက္တုန္သြားတယ္ ထိုမိုးခ်ိန္းသံလဲအၿပီးသူ႕အိမ္ကမီးလဲဖ်က္ခနဲပ်က္သြားတာေၾကာင့္ သူၿခံထဲကိုလိုက္စစ္တဲ့အခါၾကည့္တဲ့ ဓာတ္မီးအႀကီးကိုယူလိုက္တယ္ မိုး႐ြာတဲ့အသံေတြနဲ႕ အတူပီပီသသစႏၵယားသံကိုသူၾကားလိုက္ရတယ္ အႏုပညာကိုခံစားတက္တဲ့သူမဟုတ္ေပမယ့္ ထိုစႏၵယားကိုတီးခတ္ေနတဲ့သူကစႏၵယားကို အေတာ္တန္တီးခတ္တက္တဲ့သူလို႔ထင္လိုက္တယ္ စံအိမ္ထဲမွာလဲဘယ္သူ႕မွမရွိဘဲ ဘယ္သူကတီးခတ္မွာလဲ စံအိမ္ထဲတစ္စုံတစ္ေယာက္ခိုးဝင္ေနၿပီလားဆိုၿပီး သူၿခံထဲျမတ္ရိတ္တဲ့အခါသုံးတဲ့မိုးကာအက်ီကို ဝတ္လိုက္ၿပီး လက္ႏွိပ္ဓာတ္မီးကို ကိုင္ကာစံအိမ္ဘက္ကိုေလွ်ာက္လာတယ္ ။

ထူးဆန္းတာကခုနကမိုးခ်ိန္းၿပီးကတည္းကသူ႕အိမ္က မီးျပတ္သြားေပမယ့္ စံအိမ္ႀကီးကေတာ့မိုးေရထဲမွာ တစ္အိမ္လုံးထိန္လင္းေနတာပဲ
သူစိမ္းလူအိမ္ထဲေရာက္ေနရင္ ခုခံလို႔ရေအာင္ သစ္သားေခ်ာင္းတစ္ေခ်ာင္းကိုဆြဲယူၿပီးအိမ္ထဲ ဝင္သြားလိုက္တယ္ အိမ္ေရွ႕တံခါးမႀကီးက ပိတ္ထားတာေၾကာင့္သူ႕မွာရွိတဲ့စံအိမ္ေသာ့နဲ႕ဖြင့္ကာ ဝင္လိုက္တယ္

စံအိမ္ထဲဝင္ေတာ့သူ႕စိတ္ထဲေအးစိမ့္စိမ့္နဲ႕ေက်ာပဲ
ခ်မ္းလာသလို ေနာက္ေက်ာပဲမလုံသလိုလိုနဲ႕မိုးေရထဲက
လာလို႔ခ်မ္းတာပါလို႔သာေျဖသိမ့္ၿပီးအိမ္ထဲဝင္လာခဲ့တယ္
သူအျပင္ကေနလွမ္းျမင္ရတုန္းကအိမ္ႀကီးကထိန္လင္း
ေနတာပါ သူအထဲကိုေရာက္ေတာ့အားလုံးက ေမွာင္ပိန္းလို႔ ဒါဆိုအိမ္ရဲ႕အျပင္မီးေတြပဲပြင့္ေနတာေပါ့ သူတစ္လွမ္းခ်င္းေျခသံကိုဖြဖြခ်င္းနင္းကာ အိမ္ထဲကိုေလွ်ာက္လာတယ္

စံအိမ္ထဲကအားလုံးကအေမွာင္က်လိဳ႕ပိုဆိုးတာက ျပတင္းေပါက္ေတြကို လိုက္ကာေတြပိတ္ထားတာေၾကာင့္ အိမ္ျပင္ကမီးအလင္းတခ်ိဳ႕သာအနည္းငယ္ဝင္လာတယ္
သူ႕အတြက္အေမွာင္ကိုမေၾကာက္တာမို႔လို႔ မီးခလုတ္မဖြင့္ဘဲ ဒီတိုင္းအိမ္ထဲေလွ်ာက္လာတယ္ မေတာ္လို႔အိမ္ထဲေဖာက္ထြင္းသူေရာက္ေနလို႔ သူမီးဖြင့္လိုက္ရင္ငါဒီမွာရွိတယ္ဆိုၿပီး ေျပာျပသလိုျဖစ္ေနမွာေပါ့ ။

အိမ္ေရွ႕ဧည့္ခန္းတံခါးကလဲပိတ္ထားတာေၾကာင့္ သူတံခါးအျပင္ကပဲဧည့္ခန္းထဲမွန္ကေနတဆင့္ ၾကည့္လိုက္တယ္မည္သည့္အရာမွကိုရွိမေနတာေၾကာင့္ သူတံခါးကိုေသာ့မဖြင့္ဘဲထားၿပီးအျခားေနရာကို ၾကည့္ဖို႔ထြက္လာတယ္ ။

သူေနာက္ထပ္ေျခလွမ္းလွမ္းတုန္းမွာ ပီပီသသၾကားလိုက္ရတဲ့စႏၵယားသံ ဒီတခါေတာ့ နားၾကားမွားစရာအေၾကာင္းမရွိ၊ ဘာလို႔ဆို ထိုစႏၵယားသံကသူရဲ႕အနီးနားကေနၾကားေနရတဲ့ အသံပဲ ထိုအသံကသူနဲ႕ေဝးေဝးလန္လန္ကမဟုတ္ဧည့္ခန္းရဲ႕ မ်က္ႏွာခ်င္းဆိုင္စာၾကည့္ခန္းကလာတာ

သူ႕လက္ထဲကသစ္သားတုတ္ကိုက်စ္က်စ္ပါေအာင္ စာၾကည့္ခန္းဘက္ကိုတစ္လွမ္းခ်င္း အသံမထြက္ေအာင္ ဖြဖြေလးဆက္ေလွ်ာက္ကာသြားတယ္ တကယ္တမ္းေျဖးေျဖးခ်င္းေလွ်ာက္ေတာ့ ဧည့္ခန္းနဲ႕ စာၾကည့္ခန္းကလွမ္းပါတယ္ မ်က္ႏွာခ်င္းဆိုင္ဆိုေပမယ့္ သူတို႔ႏွစ္ခုၾကားမွာေလွကားကအဆင္းေလွ်ာက္လွမ္းနဲ႕ အခန္းေတြဘက္သြားတဲ့ေလွ်ာက္လွမ္းရွိတာေၾကာင့္ သူေျဖးေျဖးခ်င္းသြားေနေတာ့ေဝးေနသေယာင္ ျဖစ္ေနတယ္ သူစာၾကည့္ခန္းနားမေရာက္ခင္ ေလွကားေဘးကခ်ိန္သီးနာရီႀကီးကိုၾကည့္လိုက္ေတာ့ မနက္၂နာရီ ေက်ာ္ၿပီ ။

သူစာဖတ္ခန္းေရွ႕မွာရပ္ၿပီးတံခါးနားကိုကပ္ကာအသံကို နားေထာင္ေတာ့က်ိန္းေသစႏၵယားသံကဒီအခန္းထဲက
လာတာ၊ ဘယ္သူကမ်ားအတင့္ရဲၿပီးညဘက္ႀကီး ေရွာင္စံအိမ္ထဲခိုးဝင္ရဲတာလဲလို႔ေတြးၿပီးတံခါးကို
႐ုတ္တရက္ဆြဲဖြင့္လိုက္ကာ အခန္းထဲကိုဝင္သြားေတာ့ စႏၵယားသံကတိတ္သြားတယ္

စာဖတ္ခန္းထဲေဝ့ဝိုက္ကာၾကည့္လိုက္ေသာ္လည္း လူအရိပ္ေယာင္ဟူသည္တစက္မွမေတြ႕ တကယ္လို႔ခိုးဝင္ၿပီးစႏၵယားတီးေနရင္ေတာင္ သူအခန္းထဲမဝင္ကအထိတီးေနတဲ့အသံၾကားေနရတာမို႔လို႔သူအေျပးဝင္လာတဲ့အခ်ိန္ထိုလူထေျပးခ်ိန္တာရမွာ မဟုတ္ဘူးအခုသူအခန္းထဲေရာက္ေတာ့လူအရိပ္မေျပာ စႏၵယားသံေတာင္မၾကားရေတာ့ဘူး ။

အခန္းပတ္ၾကည့္ကာလိုက္ရွာေနေပမယ့္လဲ ဘာမွမေတြ႕တာေၾကာင့္သူေခါင္းအေတာ္ခဲသြားတယ္ သူမအိပ္ခင္ေသာက္လိုက္မိတာေၾကာင့္ ထင္ေယာင္ထင္မွားပဲျဖစ္သလားေပါ့ ထင္ေယာင္ထင္မွားျဖစ္ရေအာင္ ခုနကအထိ စႏၵယားသံကိုနားနဲ႕ဆက္ဆက္ၾကားေနရတာေလ.....

~~~~~~~~ တင္ ~~~~~~~

သူစႏၵယားကိုေက်ာေပးၿပီး စာအုပ္ေတြအစီတက် ထားတဲ့ဘက္ကိုရွာမလို႔လုပ္ေတာ့စႏၵယားကို လက္နဲ႕ရိုက္ခတ္လိုက္တဲ့ အသံ 'တင္' ဆိုၿပီးထြက္လာတယ္ သူစႏၵယားဘက္ကို
လွည့္ၾကည့္လိုက္ေတာ့ စႏၵယားေဘးမွာရပ္ေနတဲ့
ေကာင္မေလးတစ္ေယာက္ ၊

" မိန္းကေလးအိမ္ထဲကိုဘယ္လိုေရာက္ေနတာလဲ ဒါေရွာင္စံအိမ္အခုမင္းလုပ္ေနတာခိုးမႈေနာ္ဦးေလးလဲ အ႐ူပ္ေတြမျဖစ္ခ်င္ပါဘူး မိန္းကေလးေကာင္းေကာင္း
ထြက္သြားလိုက္ပါ ''

သူကစကားေျပာေနေပမယ့္သူကိုသာစိုက္ၾကည့္ေနၿပီး တစ္လုံးခ်င္းစီပီပီသသေျပာလိုက္တဲ့စကားသံ ထြက္လာတယ္

~~~~~~~ ထြက္ သြား ~~~~~~

" က်စ္ မိန္းကေလးမင္းကတကယ္ပဲ ေျပာရဆိုရခက္တာပဲ မင္းကိုဆြဲမထုတ္ခ်င္လို႔ အႏုနည္းနဲ႕ေျပာေနတာေနာ္ ''

ေနာက္တခါထပ္ၿပီးကြဲရွၿပီးအက္ေနတဲ့အသံနဲ႕

~~~~~~~ ထြက္ သြား ~~~~~~

သူဒုတိယအသံကိုၾကားေတာ့အနည္းငယ္တုန္လႈပ္ခ်င္သြားတယ္ သူအေရွ႕ကိုေျဖးေျဖးခ်င္းေလွ်ာက္လိုက္တယ္ အဲ့အခ်ိန္ လွ်ပ္စီးလပ္တဲ့အလင္းေရာင္ကလိုက္ကာ မကာထားတဲ့ျပတင္းေပါက္ကေနျဖတ္ၿပီးအခန္းထဲကို ဝင္လာေတာ့သူ႕ေရွ႕ကရပ္ေနတဲ့မိန္းကေလးရဲ႕မ်က္ႏွာမွာ မ်က္လုံးမ်ားကနီရဲေနၿပီးေသြးမ်ားကလဲရင္ဘတ္ကေန တစက္စက္က်ေနတာ အကၤ်ီအနီေရာင္ေပမယ့္ ေသြးမ်ားေၾကာင့္ ထိုအကၤ်ီအနီမွာလဲသြားမ်ား စြန္းထင္းေနတယ္ ၊

ထိုမိန္းကေလးကမ်က္လႊာခ်ထားေပမယ့္ ႐ုတ္တရက္ မ်က္လုံးကတည့္တည့္ကိုစိုက္ၾကည့္လိုက္တာေၾကာင့္ သူ႕မွာအသက္႐ူဖို႔ေတာင္ေမ့သြားေလာက္တဲ့အထိ ထိပ္လန႔္သြားတယ္ ဘာလို႔လဲဆိုေတာ့ထိုမိန္းကေလးမွာ မ်က္ဆံမရွိဘဲမ်က္လုံးတစ္ခုလုံးကေသြးေတြနဲ႕ျပည့္ႏွက္ ေနသလိုမ်က္လုံးတစ္ခုလုံးနီရဲေနလို႔...

ၿခံေစာင့္တဲ့သူလဲထိုမ်က္ႏွာကိုျမင္ၿပီးအထိပ္ထိပ္အလန႔္လန႔္နဲ႕အခန္းထဲကေနထြက္ေျပးလာတယ္ သူအိမ္ေရွ႕
တံခါးမႀကီးဆီေျပးၿပီးတံခါးကိုဖြင့္ေပမယ့္တံခါးက ဘယ္လိုမွဖြင့္လို႔မရ သူ႕အေနာက္ကိုလဲလိုက္လာေနတာ သိတာေၾကာင့္ သူခ်က္ခ်င္းပဲအေပၚထပ္ကိုေျပးတက္ လိုက္တယ္

အေပၚထပ္ကိုေရာက္ေတာ့အားလုံးကအေမွာင္အတိ သို႔ေသာ္လဲထိုမိန္းကေလးရဲ႕ေျခသံလို႔ထင္ရတဲ့ ေဒါက္ဖိနပ္အသံက ဆက္တိုက္ၾကားေနရေသး တာေၾကာင့္သူထပ္ၿပီးထြက္ေျပးလာတယ္ေျပးရင္းနဲ႕ အသံကနီးလာေလေလ အခန္းတံခါးေတြကလဲ အကုန္ပိတ္ထားတာေၾကာင့္အေပၚထပ္ကစတိုခန္း
အေသးေလးထဲမွာဝင္ပုန္းေနလိုက္တယ္ ။

ေဒါက္ဖိနပ္ရဲ႕အသံကိုသာဆက္တိုက္ၾကားေနရတာမို႔ အသံမထြက္ေအာင္ပါးစပ္ကိုလက္နဲ႕ပိတ္ၿပီး အသက္ေအာင့္ကာေနလိုက္တယ္ သိပ္မၾကာဘူး အေပၚထပ္ေလွ်ာက္လမ္းတေလွ်ာက္ အလွဆင္ထားတဲ့ အိုးေတြပစၥည္းေတြျပဳတ္က်တဲ့အသံကစိပ္ၿပီးစိပ္ လာတယ္

အသံ႐ူရခက္ခဲေနေပမယ့္လဲ ေၾကာက္တဲ့စိတ္ေၾကာင့္
ပါးစပ္ကိုလက္နဲ႕အုပ္ထားတာမခြာနိုင္၊ သူအခုခ်ိန္မွာ
ေတြးမိတာကသူစံအိမ္ထဲကိုအစတည္းကဝင္မလာမိရင္ ေကာင္းသားလို႔ အခုေတာ့ျပန္လွည့္စရာ အေျခေနလဲမရွိေတာ့ဘဲစံအိမ္ထဲကပဲလြတ္ေျမာက္ နိုင္ေအာင္သူႀကိဳးစားမွရေတာ့မယ္သူလာတုန္းက ယူလာခဲ့တဲ့ဓာတ္မီးကလဲဘယ္နားက်န္ခဲ့မွန္းမသိ အခုေတာ့ေမွာင္ေမွာင္မဲမဲထဲစမ္းတဝါးဝါးနဲ႕ ။

သူစတိုခန္းအေသးေလးထဲမွာအေတာ္ၾကာတဲ့အထိေနၿပီး မိုးသံကလြဲၿပီးအသံေတြအားလုံးကတိတ္ဆိတ္သြားတာမို႔ သူလဲအရဲစြန႔္ၿပီးအျပင္ကိုထြက္လာတယ္ သူအျပင္ကိုထြက္ဖို႔ကေလွကားကလဲဆင္းဖို႔မျဖစ္နိုင္တာ ေသခ်ာသြားၿပီမို႔လို႔အေပၚထပ္ကအနီးဆုံးေထာင့္ဆုံး အခန္းကိုသာေ႐ြးလိုက္တယ္ တကယ္လို႔အဲ့အခန္းကသာ အႏၱရာယ္အရွိဆုံးအခန္းဆိုတာသာႀကိဳသိခဲ့ရင္ သူအဲ့အခန္းကိုေ႐ြးခဲ့မွာမဟုတ္ဘူး

အိမ္ကိုေစာင့္ၾကည့္ရတဲ့သူျဖစ္တာေၾကာင့္သူ႕ဆီမွာ အခန္းေသာ့ေတြရွိတာမို႔ ဘာမွန္းမသိတဲ့အရာရဲ႕ အေျခေနကိုၾကည့္ရင္းအခန္းတံခါးေသာ့ကို တစ္ေခ်ာင္းခ်င္းဆီနဲ႕ဖြင့္ေနရတယ္ ေၾကာက္လြန္းလို႔လက္ေတြပါ တုန္ရီေနေပမယ့္မနည္း အားတင္းၿပီးတံခါးကိုဖြင့္လိုက္ရတယ္ ေနာက္ဆုံးမွာေတာ့တံခါးနဲ႕ေသာ့မွန္သြားတာေၾကာင့္ တခါးကိုဖြင့္လိုက္ၿပီးအထဲကိုျမန္ျမန္ဝင္ကာတံခါးကို အျပင္ကမဝင္နိုင္ေအာင္ခုံအေသးေလးနဲ႕ ကပ္ကာပိတ္ထားလိုက္တယ္

သူတံခါးကိုေသခ်ာပိတ္ၿပီး ျပတင္းေပါက္တံခါးေတြကို လိုက္ဖြင့္ဖို႔ႀကိဳးစားေပမယ့္ တံခါးေတြကဘယ္လိုမွဖြင့္မရ အဲ့အခ်ိန္အခန္းအျပင္ဘက္ကတစ္ခုခုကိုၾကမ္းျပင္မွာ တိုက္ဆြဲၿပီးယူလာတဲ့အသံကိုၾကားလိုက္ရတာေၾကာင့္ ကုတင္ေအာက္ကိုေျပးဝင္ကာပုန္းလိုက္တယ္ ကုတင္ကလဲျမင့္တာေၾကာင့္သူအလြယ္တကူပဲ ဝင္ပုန္းလို႔ရသြားတယ္ ။

ၾကမ္းျပင္ကိုတစ္ခုခုတ႐ြတ္ဆြဲၿပီးေလွ်ာက္လာတဲ့အသံက သူပုန္းေနတဲ့အခန္းနဲ႕တေျဖးေျဖးနီးကပ္လာတယ္ သူေသခ်ာသိလိုက္ၿပီၾကမ္းျပင္ကိုဆြဲၿပီးယူလာတဲ့အရာက သူစံအိမ္ထဲကိုမလာခင္ကယူခဲ့တဲ့ သစ္သားေခ်ာင္းဆိုတာ သူသိလိုက္ရတယ္ သစ္သားေခ်ာင္းကိုၾကမ္းျပင္ကို တိုက္ၿပီးယူလာတဲ့အသံကသူ႕စိတ္ထင္လို႔ပဲလားမသိဘူး သူပုန္းေနတဲ့အခန္းေရွ႕မွာရပ္သြားတယ္ ။

ကုတင္ေအာက္မွာအသံတိတ္ေနေနရင္း အျပင္ကအသံကိုလဲနားစြင့္ေနလိုက္တယ္ သူ႕ႏွလုံးခုန္သံေတြျမန္လြန္းလို႔အျပင္ကိုခုန္ထြက္မလား ေတာင္ထင္ရတဲ့အထိႏွလုံးကခုန္ေနတယ္ ဖိနပ္သံလဲမၾကားရေတာ့သလိုသစ္သားေခ်ာင္းကို တိုက္ဆြဲလာတဲ့အသံလဲ မၾကားရေတာ့တာေၾကာင့္ သက္ျပင္းခ်႐ုံရွိေသးၾကမ္းျပင္ေပၚသစ္သားေခ်ာင္း ပစ္ခ်လိဳက္တဲ့အသံၾကားေတာ့ သူအသက္႐ူေနတာပါ ေအာင့္မိသြားသည္အထိတုန္လႈပ္သြားတယ္ ။

အသက္႐ူသံမထြက္ေအာင္ပါထိန္းေနၿပီး မ်က္လုံးနဲ႕ဘယ္ကေနဘယ္လိုထြက္ေျပးရမလဲ လိုက္ၾကည့္ေနမိလိုက္တယ္သူေဘးျပတင္းေပါက္ကို ေတြ႕လိုက္တယ္ အဲ့ေဘးမွာကဖန္လုံအိမ္လို အလွစိုက္အပင္ေတြထားထားတာေၾကာင့္ ထိုဖန္လုံအိမ္အေပၚထပ္ေခါင္မိုးကေန ျဖတ္ေလွ်ာက္သြားၿပီးေအာက္ဆင္းရင္ အဆင္ေျပနိုင္တာေၾကာင့္ သူထိုျပတင္းေပါက္ဘက္က ခုန္ဆင္းဖို႔အဆင္သင့္ျပင္ထားလိုက္တယ္ သူထြက္ဖို႔လုပ္ေပမယ့္အရိပ္တစ္ခုေတြ႕လိုက္ရတာေၾကာင့္ မထြက္ေသးဘဲၿငိမ္ေနလိုက္တယ္ ။

သူ႕ကို႐ုတ္တ႐ုတ္မ်က္ဆံမရွိ၊ နီရဲေနတဲ့မ်က္လုံးေတြနဲ႕ မ်က္ႏွာအႏွံေသြးမ်ားေပေနတဲ့မ်က္ႏွာကသူ႕ကို
ငုံၾကည့္လာတယ္ ။

" အား..... ''

သူေၾကာက္အားလန႔္အားနဲ႕ကုတင္ေအာက္ကေန ေျပးထြက္လာၿပီးသူေျပးမယ္လို႔တြက္ထားတဲ့ ျပတင္းေပါက္နားကိုသြားကာဖြင့္ေပမယ့္ဘယ္လိုမွဖြင့္မရ။

~~~~~~~~ ဘာလဲ အခုမွထြက္ေျပးခ်င္တာလား ဟား ဟား ဟား ေၾကာက္လား ငါလဲအဲ့လိုေၾကာက္ခဲ့ရတာပဲ ဒါေပမယ့္ အခုေတာ့ထြက္ေျပးစရာမရွိေတာ့ဘူးေလ ဟား ဟား ဟား ~~~~~~~~~~

" ငါ...ငါ မင္းကိုေတာင္းပန္ပါတယ္ ေက်းဇူးျပဳၿပီးငါ့ကို လႊတ္ေပးပါ ''

~~~~~~~~~~ လႊတ္ေပးရမယ္ ေၾကာက္တက္ရင္အစထဲကဝင္ကိုမလာသင့္တာ ~~~~~~~~~~

ေျပာၿပီးထိုၿခံေစာင့္ဦးေလးႀကီးရဲ႕ လည္ပင္းကိုညွစ္လိုက္တာမို႔ ဦးေလးႀကီးကလဲ သူ႕ကိုလည္ပင္းညွစ္ထားတဲ့လက္ေတြကို ျဖဳတ္ခ်ဖိဳ႕လုပ္ေပမယ့္ လက္ေတြကျဖဳတ္ခ်မရေအာင္ကို သန္မာလြန္းတာေၾကာင့္ဘယ္လိုမွျဖဳတ္မရ ၊ဒီဧက ၁၀၀၀ ေက်ာ္က်ယ္ဝန္းတဲ့ၿခံႀကီးမွာသူဘယ္လိုပဲေအာ္ဟစ္ အကူညီေတာင္းေတာင္းမည္သူမွလဲၾကားနိုင္စြမ္းရွိမွာ မဟုတ္သလို မည္သူကမွလဲညဘက္ႀကီးေရွာင္စံအိမ္ကို အလည္လာမည္မဟုတ္ ။

ပတ္ဝန္းက်င္ကိုအားကိုးလို႔ရမယ့္ အေနထားမဟုတ္တာ
ေၾကာင့္သူကိုယ္တိုင္လြတ္ျမႇောက္ဖို႔လုပ္ယူရမယ့္ အေနထားျဖစ္ေနတယ္ ။

~~~~~~~~~~ နာလား ငါလဲအဲ့လိုနာက်င္ခဲ့ ရတာပဲ အဲ့လိုခံစားမႈမ်ိဳးခံစားၾကည့္လိုက္ အကူညီလိုေနေပမယ့္ ဘယ္သူမွေရာက္မလာတဲ့ ခံစားခ်က္ကို ခံစားၾကည့္လိုက္ ~~~~~~~~~~

~~~~~~~~~~ အား ~~~~~~~~~~

ထိုမိန္းကေလးရဲ႕ က်ယ္ေလာင္စြာေအာ္တဲ့အသံ ၾကားၿပီးေနာက္သူနံရံနားအထိဆြဲကပ္ခံရၿပီး လူတစ္ကိုယ္လုံးအေပၚကိုျမႇောက္တက္သြားတယ္ အေပၚမ်က္ႏွာက်က္မွာသူကပ္ေနတယ္ သူတုန္လႈပ္ေၾကာက္႐ြံမိေပမယ့္ဘာမွမလုပ္နိုင္တာမို႔ မ်က္လုံးကိုမွိတ္ထားလိုက္ရတယ္ ၿပီးေတာ့ သူ႕ရဲ႕ခႏၡာကိုယ္ကအေပၚကေနတစ္ဆင့္ျပဳတ္ က်လာတယ္ ။

မ်က္ႏွာက်က္ကေနျပဳတ္က်တာမို႔ အေတာ္ေလး အထိနာသြားေပမယ့္သူထြက္ေျပးကိုေတာ့ လက္မေလ်ာ့ေပ သူျပန္ထဖို႔လုပ္ေတာ့တစ္စုံတစ္ခုက သူ႕ကိုပစ္တိုက္သြားသလို သူခႏၡာကိုယ္က ျပတင္းေပါက္ကမွန္ေတြကိုသြားေဆာင့္မိတယ္ ။

ပစ္တိုက္မိတဲ့အရွိန္ေၾကာင့္ျပတင္းေပါက္ကမွန္ေတြ ကြဲသြားၿပီးမွန္ကြဲတခ်ိဳ႕ဟာလဲသူ႕အသားထဲကို စိုက္ဝင္ကုန္တယ္ သူအတင္းကုန္း႐ုံးကာထေပမယ့္ ဘယ္လိုမွထမရ၊ အခုခ်ိန္မွာသူက
စံအိမ္ေထာင့္ဆုံးအခန္းေဘးက ဖန္လုံစိုက္ခင္းအေပၚေခါင္မိုးကိုေရာက္ေနတာ မိုးကလဲသည္းႀကီးမည္းႀကီး႐ြာတုန္း....

~~~~~~~~~~ ဟား ဟား ဟား ~~~~~~~~~~

မိန္းကေလးရဲ႕ရယ္သံကေပ်ာ္သံစြတ္လို႔ရယ္သံလဲမဟုတ္ ေက်နပ္အားရလို႔ရယ္သံလဲမဟုတ္ထိုရယ္သံေတြထဲမွာ ေဒါသထြက္လို႔ျဖစ္ေပၚလာတဲ့ခနဲ႕တဲ့ရယ္သံေတြလိုပဲ ။

~~~~~~~~~~ တကယ့္နာက်င္မႈကဘာလဲ ခံစားၾကည့္လိုက္ ~~~~~~~~~~

ထိုအသံရဲ႕အဆုံးလွ်ပ္စီးလပ္သြားတာမို႔ သူ႕ကို စိုက္ၾကည့္ေနတဲ့မ်က္ႏွာကိုျမင္လိုက္ရတယ္ထိုမ်က္ႏွာက အျခားသူမဟုတ္သူရင္းႏွီးခဲ့ဖူးတဲ့သူတစ္ေယာက္ ၊ သူေနာက္ဆုံးျမင္လိုက္ရတာကေသြးေတြလႊမ္းေနတဲ့ မိန္းကေလးမ်က္ႏွာနဲ႕ ေကာင္းကင္ေပၚကေနတဆင့္ သူ႕ပါးျပင္ေပၚက်လာတဲ့ မိုးေရတခ်ိဳ႕

~~~~~~~ ခြပ္ ~~~~~~~

အေပၚကေနအရွိန္နဲ႕ျပဳတ္က်တဲ့အသံက ' ခြပ္ ' ခနဲကိုျမည္ၿပီး သူ႕ေခါင္းကေနပူပူႏြေးႏြေးအရည္မ်ားက စီးဆင္းက်သြားတာခံစားမိၿပီးမ်က္လုံးတို႔ကလဲ အေမွာင္က်သြားတယ္၊ မွန္လုံပန္းၿခံအဝရဲ႕ၾကမ္းျပင္မွာ နီနီပ်စ္ပ်စ္ေသြးေတြနဲ႕အတူမိုးေရမ်ားကလဲစီးဆင္းလ်က္.

edaz
4:20 a.m.

____________<<<<<<<<___________

Continue Reading

You'll Also Like

120K 13.3K 140
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
8.6K 575 13
သိမ်းဆည်းထား‌သော Fan Art Photoများ
89.8K 7.3K 22
#ကျွန်တော် သူ့ကိုအရမ်းချစ်တာမို့ သူနဲ့တွေ့ဆုံခဲ့တဲ့ ဆောင်းကိုလည်း ကျွန်တော်ချစ်တယ် # #Yizhan fanfiction #Feedback votingပေးတဲ့တစ်ဦးချင်းစီကိုအရမ်းကျေ...
765K 79.3K 77
သာသာ fan fiction မေရးဖူးတာ သိျကမွာပါ. . . ဒါပထမဆံုး သာသာရဲ႕ fan fictionေလးျဖစ္ပါတယ္ . . အရင္က ဘာလို႔ မေရးျဖစ္တာလဲဆိုေတာ့ shipေပးဖို႔ အရမ္းသေဘာက်တဲ့...