Zawgyi
"Trip ႐ွိတယ္ ဟုတ္လား"
"ေအးဆို။ Bossေရာ Headေရာပါ လိုက္မွာတဲ့။ငါၾကားမိသေလာက္ေတာ့ Bossတို႔ကပါ ငါတို႔ေတြနဲ႔ ကားအတူစီးၿပီး သြားမွာတဲ့ ။ Oh...I can't believeပဲ"
႐ွိန္းကို ေယာတစ္ေယာက္ အာေဘာင္အာရင္းသံသံနဲ႔ကို ႐ွင္းျပေနသည္။
"ဘယ္ကိုသြားၾကမွာလဲလို႔ေရာ ျကားမိေသးလဲ ေယာ"
"အြန္း...ေမာင္းမကန္ကမ္းေျခဆိုလားပဲ ။ ထားဝယ္ကေလ"
"Oops ငါႀကိဳက္တယ္"
"ဟဲဟဲ ငါ့ကိုဓာတ္ပံုလွလွေလးေတြ ႐ိုက္ေပးရမယ္ေနာ္ အ႐ွိန္းေလး"
ေယာတို႔မ်ား လိုခ်င္တာေလး႐ွိေတာ့ သြားေလးကိုၿဖီးေနတာပဲ။
႐ွိန္းတစ္ခုခုကို စဥ္းစားေနပံုနဲ႔ ေတြးဆဆေျပာလိုက္သည္
"အဟမ္း...ငါ့ကိုလည္း တစ္ခုေတာ့ ကူညီမစေပးရမယ္"
"ေဟ....ဘာမ်ားလဲ"
"နင္ေျပာတယ္ေလ Bossတို႔ပါ ငါတို႔ေတြနဲ႔ ကားအတူစီးမွာဆိုေတာ့ ထိုင္ခံုကိစၥဘာညာဟာ"
ခ်က္ဆိုနားကြက္မီးေတာက္တဲ့ေယာကေတာ့
"ငါသိတယ္ ။ ငါသိတယ္။ ငါစံုစမ္းေပးမယ္ ။ ငါ့ ေန႐ွိန္းcoupleေလးအတြက္ ငါအားထုတ္ေပးရမွာေပါ့"
လက္ဝါးခ်င္း႐ိုက္ၿပီး ဉာဏ္ဆင္ဖို႔တတ္ႂကြေနတဲ့ ႐ွိန္းနဲ႔ေယာ။
******
"ဒါဆိုရင္ ေနာက္အပတ္Tripအတြက္ ျကိဳျပင္ဆင္ရင္း အလုပ္လည္း ေသခ်ာလုပ္ၾကတာေပါ့ ။ ဒီေန႔ အစည္းအေဝးကေတာ့ ဒီေလာက္ပါပဲ"
ခြန္ဆတ္သာရဲ႕ ေလးဆယ့္ငါးမိနစ္ေလာက္ၾကာတဲ့ အစည္းအေဝးၿပီးမွပဲ လူတိုင္းသက္ျပင္းခိုးခ်ၿပီး Meeting Roomထဲကေန အသီးသီးထြက္သြားၾကသည္။
"ေယာ..ေနဦး"
ခြန္ဆတ္သာက အခုတေလာ အလုပ္ကိစၥနဲ႔ပတ္သတ္လာရင္ တအား sensitiveျဖစ္ေနတာမို႔
ေယာတစ္ေယာက္ ဘာေတြ အပြားခံရဦးမလဲ မသိတာေၾကာင့္ ခြန္ဆတ္သာေျပာမဲ့စကားကို ရင္တထိတ္ထိတ္နဲ႔ ေစာင့္ေနမိတယ္။
အကုန္လံုးထြက္သြားေတာ့မွ ဆတ္သာ စကားစလိုက္သည္။
"မင္း လက္အေျခအေန"
"အာ..ဟုတ္ ေကာင္းပါ"
ေယာစကားေတာင္ ဆံုးေအာင္မေျပာရေသးပဲ ေယာရဲ႕လက္ကို ဆြဲယူၿပီး ေသခ်ာအကဲခတ္ေနတဲ့ ဆတ္သာေၾကာင့္ ေယာ ေၾကာင္အမ္းအမ္းျဖစ္သြားေပမယ့္ ဆတ္သာကေတာ့ သတိျပဳမိဟန္မေပၚ။
"မနာေတာ့ဘူးဆိုေပမယ့္ အမာရြတ္ေလးေတြ က်န္ေနတယ္ေတြ႔လား"
"ဟုတ္တယ္ Head။ ေယာလည္း အမာရြတ္ေပ်ာက္ေဆးေတာ့ လိမ္းေနတယ္"
"အင္း....ေရာ့ ဒီေဆးလိမ္း"
ဆတ္သာ ေျပာရင္းဆိုရင္း ေယာလက္ေလးကို ျပန္ခ်ၿပီး အိတ္ကပ္ထဲက ေဆးဗူးပိစိေလးကို ထုတ္ၿပီး ေယာကို ေပးလိုက္သည္။
"ဟို..ရပါတယ္ Head"
"မရဘူး။ ယူလိုက္။ အဲ့ေဆးက တကယ္ေကာင္းတယ္တဲ့။Deborahေတာင္ ၫႊန္းေပးထားတာ။ စိတ္ခ်လက္ခ်လိမ္း"
ေယာလည္း ထပ္မျငင္းခ်င္ေတာ့လို႔ လက္ခံလိုက္သည္။
"ေသခ်ာေပါက္ လိမ္းေနာ္။ကုန္သြားလို႔မွ မေပ်ာက္ေသးရင္ကိုယ္ Deborahဆီက ထပ္မွာေပးမယ္"
"ေက်းဇူးပါ Head"
"အင္း..."
"ဒါဆို ေယာ သြားေတာ့မယ္ေနာ္"
ေယာလည္း ေျပာစရာစကားမ႐ွိေတာ့ အခန္းထဲကထြက္ခါနီးမွ ..
"ခန.... ေယာ"
ဆတ္သာ အလ်င္စလို လွမ္းေခၚလိုက္သည္။
"ဘာျဖစ္လို႔လဲ Head"
ဆတ္သာပံုစံက တစ္ခုခုကို ေျပာခ်င္ေနပံုရၿပီး မေျပာလည္းမေျပာထြက္တဲ့ပံု ရတာေၾကာင့္ ေယာ ျပံဳးၿပီးနားေထာင္ေပးေနသည္။
"ကိုယ္ေျပာမွာက.....Tripကို မင္းလိုက္မွာလားလို႔"
ဆတ္သာဆီက အာရံုစိုက္မႈကို ခံစားလိုက္ရတာေၾကာင့္ ေယာမ်က္ႏွာေပၚက ေပ်ာ္ေနတဲ့စိတ္ကေလးက ဖံုးဖိမရေပၚလာၿပီး
ေယာရဲ႕မူပိုင္သြားစြယ္ေလးေတြ ေပၚတဲ့အထိ ရယ္လိုက္မိသည္။
"ဟုတ္...ေယာ လိုက္မွာ Head"
ေယာရဲ႕သြားစြယ္ေလးေတြနဲ႔ baby faceေလးကို ဆတ္သာဟန္မေဆာင္ႏိုင္ေအာင္ ေငးမိသြားသည္မွာ မိနစ္ဝက္ခန္႔ ႐ွိေတာ့မည္။
ေယာအခန္းထဲက ထြက္သြားသည့္တိုင္ ခြန္ဆတ္သာကေတာ ့ေယာရဲ႕သြားစြယ္ေလးကို စိတ္ထဲကေန မွန္းလို႔ေကာင္းတုန္း။
"ခ်စ္ဖို႔ေကာင္းလိုက္တာ ။Why so cute ,bae?"
Meeting roomထဲမွာ တစ္ေယာက္တည္း စကားေျပာလိုက္ ျပံဳးလိုက္လုပ္ေနတဲ့ ခြန္ဆတ္သာကို ေတြ႔ရမွာျဖစ္ပါတယ္။
*****
Trip ထြက္ရန္ ႏွစ္ရက္အလို...
"ငါၾကားသေလာက္ေတာ့ ကားက သံုးစီးတဲ့ Bossတို႔က ဘယ္ကားလဲဆိုတာ သိဖို႔ပဲလိုေတာ့တယ္"
"အင္း...ငါ့မွာ ေမးစရာလူေတာ့႐ွိတယ္"
"ဘယ္သူလဲ ေယာ"
"အာ..ငါ့ကိုေလ Office Staffဘက္က ေကာင္မေလးတစ္ေယာက္က သေဘာက်တယ္လို႔ ဝန္ခံထားတယ္"
"ဘယ္သူလဲ လင္းဦး?"
႐ွိန္း အားတတ္သေရာ ေမးလိုက္သည္။
"ေမေသာ္တဲ့ ငါ့ထက္ေတာ့ တစ္ႏွစ္ေလာက္ငယ္တယ္။ ငါ့ကို ဖြင့္ေျပာၿပီး တစ္ပါတ္ေလာက္ၾကာေတာ့ ဒီကုမၸဏီကို ေရာက္လာေတာ့တာပဲ"
"What? ဒါဆိုသူက နင့္ေၾကာင့္ေတာင္ ဒီကို အလုပ္လာလုပ္တာလား။ Wow Wow "
ေယာ သက္ျပင္းဖြဖြေလးခ်လိုက္ၿပီး
"ငါမေပ်ာ္ဘူးဟ ။ ငါမွမခ်စ္တာ။ ငါ့ကိုလာႀကိဳက္တဲ့သူကို ငါကျပန္မႀကိဳက္ေတာ့ ငါႀကိဳက္တဲ့သူကလည္း ငါ့ကိုျပန္မႀကိဳက္ရင္ ဘယ္လိုလုပ္မလဲ။ ဝဋ္လည္တာမ်ိဳးေလ"
"ဒါဆို နင္သေဘာက်တဲ့သူ ႐ွိေနၿပီလား ေယာ"
႐ွိန္းေမးခြန္းကို ေယာရဲ႕အၾကည့္ေတြက ေျဖေပးပါလိမ့္မယ္။
ေယာမ်က္လံုးေတြရဲ႕ ဦးတည္ရာမွာ႐ွိေနတဲ့ သူက အျဖဴနဲ႔အနက္စင္းၾကား shirtလက္႐ွည္ကို style pantနဲ႔ တြဲဝတ္ထားၿပီး half shoeအနက္ေလး စီးထားသည္။ခပ္တည္တည္ေနတတ္ေပမယ့္ တစ္ခါတစ္ေလ မသိမသာေလး ခ်စ္ဖို႔ေကာင္းတဲ့သူ။ ျပည့္စံုလြန္းေတာ့ အနားကပ္ဖို႔ မဝံ့မရဲျဖစ္ေစတဲ့ အ႐ွိန္အဝါတစ္ခု ႐ွိေနတဲ့သူ။
႐ွိန္းတစ္ေယာက္ ကိုယ့္ပါးစပ္ကို လက္နဲ႔ပိတ္လိုက္ၿပီး အသံတိတ္ေအာ္လိုက္မိ၏။
"ေယာ ေယာ နင္တကယ္ႀကီးလား။ Wow ငါထင္ေတာ့ ထင္ပါတယ္။ ငါတို႔ေယာေလးနဲ႔ Headက လိုက္တယ္"
ေယာ သက္ျပင္းအ႐ွည္ႀကီး ထပ္ခ်လိုက္ျပန္သည္။
"ဒါေပမယ့္ ငါေတာ့မထင္ပါဘူး။ သူကျပည့္စံုလြန္းတယ္။ျပီးေတာ့ ငါ့ကိုဆို အျမဲတမ္း ဘုကလန္႔လုပ္တာ"
ေယာပုခံုးေလးကို ႐ွိန္းဖြဖြေလးပုတ္ေပးရင္း ႏွစ္လိမ့္လိုက္သည္။
"အဆင္ေျပမွာပါ။ ငါကူညီေပးမယ္ေလ"
"ဟုတ္ၿပီ Fighting Aja Aja"
******
"Bossက နံပါတ္ (1)ကားမွာတဲ့။ေသခ်ာတယ္ မ ။"
ေယာ သူ႔ကိုစိုက္ၾကည့္ၿပီး ေျပာေနတဲ့ ေမေသာ့္ေၾကာင့္ ေနရထိုင္ရတာ အနည္းငယ္ ကသိကေအာက္ျဖစ္လာသည္။ ေမေသာ္ဆိုတဲ့ေကာင္မေလးက Nekoေလးေတြအတြက္ စိတ္ကူးယဥ္ Tachi typeပဲ။ အရပ္ကလည္း ခြန္ဆတ္သာနဲ႔ တန္းတူေလာက္႐ွိၿပီး ႐ုပ္ရည္ကေတာ့ ေျပာစရာမလိုေအာင္ ေ႐ွာင္က်ဲက်ဲsizeပဲ။ဆံပင္ကုတ္ေထာက္ေလးကို ဖ႐ိုဖရဲအစြယ္စြယ္က်ေနေပမယ့္ ၾကည့္ရမဆိုးတဲ့အျပင္ စိမ္းျပာေရာင္ High lightေဖာက္ထားတာေလးက ပိုလို႔ေတာင္ ေႂကြဆင္းစရာေလး။ ၿပီးေတာ့ မ်က္ဆံညိဳညိဳေလးက ၾကည့္မိတဲ့သူတိုင္းကို ဆြဲေဆာင္ေနတယ္။ အခုလည္း အဲ့မ်က္ဝန္းေတြနဲ႔ပဲ ေယာကို ရႊန္းရႊန္းစိုစိုႀကီး စိုက္ၾကည့္တာ ခံေနရသည္။
"အာ... ေက်းဇူးေနာ္ ေမေသာ္"
"ေသာ္ လို႔ေခၚပါဆို မ ကလည္း။ စကားမစပ္ ေသာ့္ကို မုန္႔လိုက္ေကြၽးရမယ္ေနာ္"
ေယာျပံဳးၿဖီးၿဖီးေလးလုပ္ၿပီး
"ေကြၽးမွာေပါ့ ။ အဲ့တာဆို မမ သြားၿပီေနာ္"
"ခနေလး မ ။ ခ်စ္တယ္ေနာ္"
"....."
သြားခါနီးမွ လက္ကိုလွမ္းဆျြဲပီး *ခ်စ္တယ္* အေျပာခံလိုက္ရျပန္တဲ့ ေယာခမ်ာ ေျပာစရာစကားေတြ ေပ်ာက္ဆံုးေနသည္။
"အင္း...မမလည္း ေသာ့္ကိုခ်စ္ပါတယ္။ ညီမေလးလို"
ေမေသာ့္လက္ကေလးကို ေယာအသာျဖဳတ္ခ်ရင္း ေယာေျပာလိုက္ေတာ့ ေမေသာ္ တစ္ခ်က္ျပံဳးလိုက္မိသည္။
"မ ကေတာ့ ေသာ့္ကို ညီအမဇုန္ထဲကေန ထြက္ခြင့္မေပးေတာ့တာပဲ။ ရက္စက္တယ္ဗ်ာ"
အနည္းငယ္ ဝမ္းနည္းရိပ္သန္းေနတဲ့ ေမေသာ့္မ်က္ဝန္းေတြေၾကာင့္ ေယာသနားစိတ္ဝင္သြားၿပီး ႐ွင္းျပဖို႔ ဟန္ျပင္လိုက္ေတာ့ ေမေသာ္က စကားျဖတ္ေျပာလိုက္သည္။
"ရပါတယ္ မ။ ေသာ္ ေစာင့္ႏိုင္တယ္။ ေသာ့္ကို မ ျပန္ခ်စ္လာနဲ႔အခ်ိန္ထိ ေသာ္ေစာင့္ေပးမွာ"
ေျပာၿပီးေတာ့ ေမေသာ္ ထြက္သြားသည္။ ေယာလည္း ျပန္မခ်စ္ေပးႏိုင္တာကို အားနာမိသည္။ ဒါေပမယ့္ ေယာအတြက္ ခြန္ဆတ္သာကပဲ တစ္ဦးတည္းေသာ သေဘာက်ရတဲ့သူ။သေဘာက်တာရဲ႕ေနာက္မွာ ခ်စ္ျခင္းကတြဲပါလာေတာ့ ေယာ ခြန္ဆတ္သာကို ခ်စ္ေနမိၿပီ။ ဘယ္ကစလဲဆိုတာ ေသခ်ာမသိေပမယ့္ ခြန္ဆတ္သာက ေယာရင္ထဲမွာ စြဲစျြဲမဲျမဲတည္႐ွိေနၿပီ။ခြန္ဆတ္သာက ေယာအတြက္ နာက်င္ရမယ္ဆိုရင္ေတာင္ ဆက္ဆြဲထားမိမည့္ ႏြယ္ၾကိဳးမ်ွင္ေလးမို႔ လက္လႊတ္ဖို႔ မေတြးထားဘူး။
ေယာေတြးေနရင္းနဲ႔ ႏွစ္ႏွစ္ကာကာျပံဳးလိုက္မိသည္။
*ဘုတ္*
"Sorryေနာ္"
ေမေသာ္တစ္ေယာက္ ေယာဆီကေန ဝမ္းနည္းနည္းနဲ႔ ထြက္လာတုန္း ေထာင့္ခ်ိဳးအေရာက္မွာ လူတစ္ေယာက္နဲ႔တိုက္မိတာေၾကာင့္ ေတာင္းပန္လိုက္ၿပီး ေ႐ွ႕ဆက္သြားလိုက္သည္။
"ခန ေနဦး"
႐ုတ္တရက္ သူ႔ကိုလွမ္းေခၚလိုက္တဲ့သူကို ေမေသာ္ျပန္လွည့္ၾကည့္ၿပီး အကဲခတ္လိုက္သည္။
တစ္ဖက္လူကလည္း ေမေသာ့္ကို အေသခ်ာစိုက္ၾကည့္ၿပီး
"မင္းက ဘယ္သူလဲ။ ဘယ္ဌာနကလဲ။ေယာ နဲ႔ေရာ ဘယ္လိုပတ္သတ္တာလဲ"
တစ္ဖက္လူရဲ႕ ျပတ္သားၿပီး တိက်တဲ့ေလသံက တျခားသူေတြဆို ႐ွိန္သြားႏိုင္ေစေပမယ့္ ေမေသာ္ကလည္း ေခတဲ့သူမဟုတ္ေတာ့ ထိုလူကို ေမးခြန္းျပန္ထုတ္လိုက္သည္။
"ကိုယ္က ေမေသာ္။ အမကေရာ ဘယ္သူလဲ။ဘာလို႔ ေမးခြန္းေတြခ်ည္း ဆက္တိုက္ေမးေနတာလဲ"
ေမေသာ္ဆိုတဲ့ေကာင္မေလးက ေခတဲ့သူမဟုတ္ေၾကာင္း ဆတ္သာ သတိထားလိုက္မိသည္။
"ကိုယ္က ခြန္ဆတ္သာ။ Accountဌာနရဲ႕Head။ ေယာနဲ႔ မင္း ေစာနကစကားေျပာေနတာေတြ႔လို႔ ဒီတိုင္းေမးၾကည့္တာ။ မင္းကို မေတြ႔ဖူးတာလဲပါတယ္"
"အာ...Headကိုး။ ဟုတ္ကဲ့ ေသာ္က ေမေသာ္။ အခုမွ Office Staffမွာ စလုပ္ေနတာ။ တစ္ပတ္ေလာက္ပဲ ႐ွိဦးမယ္။ မ နဲ႔ဘယ္လိုပတ္သတ္လဲဆိုေတာ့ မ ကေသာ့္ရဲ႕ မ ေပါ့"
ယဥ္ေက်းတဲ့အရိပ္အေယာင္ မျမင္ရတဲ့ ေမေသာ္ဆိုတဲ့ ေကာင္မေလးကို ဆတ္သာ နည္းနည္းေလးေတာင္ သေဘာမက်မိ။ ပိုဆိုးတာက ေယာကို မ်ား သူရဲ႕ မ တဲ့။ ပိုင္စိုးပိုင္နင္း။ေႁမြေႁမြခ်င္း ေျချမင္တယ္ဆိုတာ အလကား ပါးစပ္အားလို႔ ေျပာေနတာမဟုတ္ပဲ အတည္ေျပာျခင္း ျဖစ္တယ္ဆိုတာ ဆတ္သာ နားလည္သြားၿပီ။ဒီ ေမေသာ္ဆိုတဲ့ ေကာင္မေလးဆီကေန ေျခေတြေရာလက္ေတြေရာကို ျမင္ေနရသည္။ တျခားေတာ့မဟုတ္ ေယာကိုသူ႔ဆီကေန လုယူမဲ့ ေျခေတြလက္ေတြ။
"ဟုတ္ၿပီ။ အဲ့တာဆို အလုပ္သြားလုပ္လို႔ရၿပီ"
"ဟုတ္ကဲ့ပါ"
ဆတ္သာကိုရြဲ႕သလိုလိုနဲ႔ fake smileႀကီးနဲ႔ ျပံဳးျပသြားတဲ့ ေမေသာ့္ကိုၾကည့္ၿပီး
ဆတ္သာ မဲ့ျပံဳးတစ္ခ်က္ျပံဳးလိုက္သည္။
"မင္းက ငယ္ပါေသးတယ္ "
ဆတ္သာပဲ ေတြးတယ္လို႔ထင္သလား။ ေမေသာ္လည္း ေႁမြပဲ။ ဆတ္သာရဲ႕ ေျခကိုျမင္တာေပါ့။
"ဟက္...မ က ေသာ့္အတြက္ပဲ ခြန္ဆတ္သာ"
ေလထုထဲမွာ ေပ်ာက္ကြယ္သြားတဲ့ စကားသံတိုးတိုးေလးနဲ႔ ျခိမ္းေျခာက္မႈေတြက လက္ေတြ႔ျဖစ္လာတဲ့အခါက်ရင္...ဘယ္ေလာက္ေတာင္မ်ား........။
~~~♥~~~
The author has something to say:
Team ခြန္ဆတ္သာ.... ဆိုၾကယ္ေလးႏိွပ္သြား။
Teamေမေသာ္.....ဆို TT(ဆက္မေျပာရဲဘူး >< ခြန္ဆတ္သာ is watching အိုင္တို႔ကို)
Unicode
"Trip ရှိတယ် ဟုတ်လား"
"အေးဆို။ Bossရော Headရောပါ လိုက်မှာတဲ့။ငါကြားမိသလောက်တော့ Bossတို့ကပါ ငါတို့တွေနဲ့ ကားအတူစီးပြီး သွားမှာတဲ့ ။
Oh...I can't believeပဲ"
ရှိန်းကို ယောတစ်ယောက် အာဘောင်အာရင်းသံသံနဲ့ကို ရှင်းပြနေသည်။
"ဘယ်ကိုသွားကြမှာလဲလို့ရော ကြားမိသေးလဲ ယော"
"အွန်း...မောင်းမကန်ကမ်းခြေဆိုလားပဲ ။ ထားဝယ်ကလေ"
"Oops ငါကြိုက်တယ်"
"ဟဲဟဲ ငါ့ကိုဓာတ်ပုံလှလှလေးတွေ ရိုက်ပေးရမယ်နော် အရှိန်းလေး"
ယောတို့များ လိုချင်တာလေးရှိတော့ သွားလေးကိုဖြီးနေတာပဲ။
ရှိန်းတစ်ခုခုကို စဉ်းစားနေပုံနဲ့ တွေးဆဆပြောလိုက်သည်။
"အဟမ်း...ငါ့ကိုလည်း တစ်ခုတော့ ကူညီမစပေးရမယ်"
"ဟေ....ဘာများလဲ"
"နင်ပြောတယ်လေ Bossတို့ပါ ငါတို့တွေနဲ့ ကားအတူစီးမှာဆိုတော့ ထိုင်ခုံကိစ္စဘာညာဟာ"
ချက်ဆိုနားကွက်မီးတောက်တဲ့ယောကတော့
"ငါသိတယ် ။ ငါသိတယ်။ ငါစုံစမ်းပေးမယ် ။ ငါ့ နေရှိန်းcoupleလေးအတွက် ငါအားထုတ်ပေးရမှာပေါ့"
လက်ဝါးချင်းရိုက်ပြီး ဉာဏ်ဆင်ဖို့တတ်ကြွနေတဲ့ ရှိန်းနဲ့ယော။
******
"ဒါဆိုရင် နောက်အပတ်Tripအတွက် ကြိုပြင်ဆင်ရင်း အလုပ်လည်း သေချာလုပ်ကြတာပေါ့ ။ ဒီနေ့ အစည်းအဝေးကတော့ ဒီလောက်ပါပဲ"
ခွန်ဆတ်သာရဲ့ လေးဆယ့်ငါးမိနစ်လောက်ကြာတဲ့ အစည်းအဝေးပြီးမှပဲ လူတိုင်းသက်ပြင်းခိုးချပြီး Meeting Roomထဲကေန အသီးသီးထွက်သွားကြသည်။
"ယော..နေဦး"
ခွန်ဆတ်သာ အခုတလော အလုပ်ကိစ္စနဲ့ပတ်သတ်လာရင် တအား sensitiveဖြစ်နေတာမို့
ယောတစ်ယောက် ဘာတွေ အပွားခံရဦးမလဲ မသိတာကြောင့် ခွန်ဆတ်သာပြောမဲ့စကားကို ရင်တထိတ်ထိတ်နဲ့ စောင့်နေမိတယ်။
အကုန်လုံးထွက်သွားတော့မှ ဆတ်သာ စကားစလိုက်သည်။
"မင်း လက်အခြေအနေ"
"အာ..ဟုတ် ကောင်းပါ"
ယောစကားတောင် ဆုံးအောင်မပြောရသေးပဲ ယောရဲ့လက်ကို ဆွဲယူပြီး သေချာအကဲခတ်နေတဲ့ ဆတ်သာကြောင့် ယော ကြောင်အမ်းအမ်းဖြစ်သွားပေမယ့် ဆတ်သာကတော့ သတိပြုမိဟန်မပေါ်။
"မနာတော့ဘူးဆိုပေမယ့် အမာရွတ်လေးတွေ ကျန်နေတယ်တွေ့လား"
"ဟုတ်တယ် Head။ ယောလည်း အမာရွတ်ပျောက်ဆေးတော့ လိမ်းနေတယ်"
"အင်း....ရော့ ဒီဆေးလိမ်း"
ဆတ်သာ ပြောရင်းဆိုရင်း ယောလက်လေးကို ပြန်ချပြီး အိတ်ကပ်ထဲက ဆေးဗူးပိစိလေးကို ထုတ်ပြီး ယောကို ပေးလိုက်သည်။
"ဟို..ရပါတယ် Head"
"မရဘူး။ ယူလိုက်။ အဲ့ဆေးက တကယ်ကောင်းတယ်တဲ့။Deborahတောင် ညွှန်းပေးထားတာ။ စိတ်ချလက်ချလိမ်း"
ယောလည်း ထပ်မငြင်းချင်တော့လို့ လက်ခံလိုက်သည်။
"သေချာပေါက် လိမ်းနော်။ကုန်သွားလို့မှ မပျောက်သေးရင်ကိုယ် Deborahဆီက ထပ်မှာပေးမယ်"
"ကျေးဇူးပါ Head"
"အင်း..."
"ဒါဆို ယော သွားတော့မယ်နော်"
ယောလည်း ပြောစရာစကားမရှိတော့ အခန်းထဲကထွက်ခါနီးမှ ..
"ခန.... ယော"
ဆတ်သာ အလျင်စလို လှမ်းခေါ်လိုက်သည်။
"ဘာဖြစ်လို့လဲ Head"
ဆတ်သာပုံစံက တစ်ခုခုကို ပြောချင်နေပုံရပြီး မပြောလည်းမပြောထွက်တဲ့ပုံ ရတာကြောင့် ယော ပြုံးပြီးနားထောင်ပေးနေသည်။
"ကိုယ်ပြောမှာက.....Tripကို မင်းလိုက်မှာလားလို့"
ဆတ်သာဆီက အာရုံစိုက်မှုကို ခံစားလိုက်ရတာကြောင့် ယောမျက်နှာပေါ်က ပျော်နေတဲ့စိတ်ကလေးက ဖုံးဖိမရပေါ်လာပြီး
ယောရဲ့မူပိုင်သွားစွယ်လေးတွေ ပေါ်တဲ့အထိ ရယ်လိုက်မိသည်။
"ဟုတ်...ယော လိုက်မှာ Head"
ယောရဲ့သွားစွယ်လေးတွေနဲ့ baby faceလေးကို ဆတ်သာဟန်မဆောင်နိုင်အောင် ငေးမိသွားသည်မှာ မိနစ်ဝက်ခန့် ရှိတော့မည်။
ယောအခန်းထဲက ထွက်သွားသည့်တိုင် ခွန်ဆတ်သာကတော့ ယောရဲ့သွားစွယ်လေးကို စိတ်ထဲကနေ မှန်းလို့ကောင်းတုန်း။
"ချစ်ဖို့ကောင်းလိုက်တာ ။Why so cute ,bae?"
Meeting roomထဲမှာ တစ်ယောက်တည်း စကားပြောလိုက် ပြုံးလိုက်လုပ်နေတဲ့ ခွန်ဆတ်သာကို တွေ့ရမှာဖြစ်ပါတယ်။
*****
Trip ထွက်ရန် နှစ်ရက်အလို...
"ငါကြားသလောက်တော့ ကားက သုံးစီးတဲ့ Bossတို့က ဘယ်ကားမှာလဲဆိုတာ သိဖို့ပဲလိုတော့တယ်"
"အင်း...ငါ့မှာ မေးစရာလူတော့ရှိတယ်"
"ဘယ်သူလဲ ယော"
"အာ..ငါ့ကိုလေ Office Staffဘက်က ကောင်မလေးတစ်ယောက်က သဘောကျတယ်လို့ ဝန်ခံထားတယ်"
"ဘယ်သူလဲ လင်းဦး?"
ရှိန်း အားတတ်သရော မေးလိုက်သည်။
"မေသော်တဲ့ ငါ့ထက်တော့ တစ်နှစ်လောက်ငယ်တယ်။ ငါ့ကို ဖွင့်ပြောပြီး တစ်ပါတ်လောက်ကြာတော့ ဒီကုမ္ပဏီကို ရောက်လာတော့တာပဲ"
"What? ဒါဆိုသူက နင့်ကြောင့်တောင် ဒီကို အလုပ်လာလုပ်လား။ Wow Wow "
ယော သက်ပြင်းဖွဖွလေးချလိုက်ပြီး
"ငါမ ပျော်ဘူးဟ ။ ငါမှမချစ်တာ။ ငါ့ကိုလာကြိုက်တဲ့သူကို ငါကပြန်မကြိုက်တော့ ငါကြိုက်တဲ့သူကလည်း ငါ့ကိုပြန်မကြိုက်ရင် ဘယ်လိုလုပ်မလဲ။ ဝဋ်လည်တာမျိုးလေ"
"ဒါဆို နင်သဘောကျတဲ့သူ ရှိနေပြီလား ယော"
ရှိန်းမေးခွန်းကို ယောရဲ့အကြည့်တွေက ဖြေပေးပါလိမ့်မယ်။
ယောမျက်လုံးတွေရဲ့ ဦးတည်ရာမှာရှိနေတဲ့ သူက အဖြူနဲ့အနက်စင်းကြား shirtလက်ရှည်ကို style pantနဲ့ တွဲဝတ်ထားပြီး half shoeအနက်လေး စီးထားသည်။ခပ်တည်တည်နေတတ်ပေမယ့် တစ်ခါတစ်လေ မသိမသာလေး ချစ်ဖို့ကောင်းတဲ့သူ။ ပြည့်စုံလွန်းတော့ အနားကပ်ဖို့ မဝံ့မရဲဖြစ်စေတဲ့ အရှိန်အဝါတစ်ခု ရှိနေတဲ့သူ။
ရှိန်းတစ်ယောက် ကိုယ့်ပါးစပ်ကို လက်နဲ့ပိတ်လိုက်ပြီး အသံတိတ်အော်လိုက်မိ၏။
"ယော ယော နင်တကယ်ကြီးလား။ Wow ငါထင်တော့ ထင်ပါတယ်။ ငါတို့ယောလေးနဲ့ Headက လိုက်တယ်"
ယော သက်ပြင်းအရှည်ကြီး ထပ်ချလိုက်ပြန်သည်။
"ဒါပေမယ့် ငါတော့မထင်ပါဘူး။ သူကပြည့်စုံလွန်းတယ်။ပြီးတော့ ငါ့ကိုဆို အမြဲတမ်း ဘုကလန့်လုပ်တာ"
ယောပုခုံးလေးကို ရှိန်းဖွဖွလေးပုတ်ပေးရင်း နှစ်လိမ့်လိုက်သည်။
"အဆင်ပြေမှာပါ။ ငါကူညီပေးမယ်လေ"
"ဟုတ်ပြီ Fighting Aja Aja"
******
"Bossက နံပါတ် (1)ကားမှာတဲ့။သေချာတယ် မ ။"
ယော သူ့ကိုစိုက်ကြည့်ပြီး ပြောနေတဲ့ မေသော့်ကြောင့် နေရထိုင်ရတာ အနည်းငယ် ကသိကအောက်ဖြစ်လာသည်။ မေသော်ဆိုတဲ့ကောင်မလေးက Nekoလေးတွေအတွက် စိတ်ကူးယဉ် Tachi typeပဲ။ အရပ်ကလည်း ခွန်ဆတ်သာနဲ့ တန်းတူလောက်ရှိပြီး ရုပ်ရည်ကတော့ ပြောစရာမလိုအောင် ရှောင်ကျဲကျဲsizeပဲ။ဆံပင်ကုတ်ထောက်လေးကို ဖရိုဖရဲအစွယ်စွယ်ကျနေပေမယ့် ကြည့်ရမဆိုးတဲ့အပြင် စိမ်းပြာရောင် High lightဖောက်ထားတာလေးက ပိုလို့တောင် ကြွေဆင်းစရာလေး။ ပြီးတော့ မျက်ဆံညိုညိုလေးက ကြည့်မိတဲ့သူတိုင်းကို ဆွဲဆောင်နေတယ်။ အခုလည်း အဲ့မျက်ဝန်းတွေနဲ့ပဲ ယောကို ရွှန်းရွှန်းစိုစိုကြီး စိုက်ကြည့်တာ ခံနေရသည်။
"အာ... ကျေးဇူးနော် မေသော်"
"သော် လို့ခေါ်ပါဆို မ ကလည်း။ စကားမစပ် သော့်ကို မုန့်လိုက်ကျွေးရမယ်နော်"
ယောပြုံးဖြီးဖြီးလေးလုပ်ပြီး
"ကျွေးမှာပေါ့ ။ အဲ့တာဆို မမ သွားပြီနော်"
"ခနေလး မ ။ ချစ်တယ်နော်"
"....."
သွားခါနီးမှ လက်ကိုလှမ်းဆဲဲပြီး *ချစ်တယ်* အပြောခံလိုက်ရပြန်တဲ့ ယောခမျာ ပြောစရာစကားတွေ ပျောက်ဆုံးနေသည်။
"အင်း...မမလည်း သော့်ကိုချစ်ပါတယ်။ ညီမလေးလို"
မေသော့်လက်ကလေးကို ယောအသာဖြုတ်ချရင်း ယောပြောလိုက်တော့ မေသော် တစ်ချက်ပြုံးလိုက်မိသည်။
"မ ကတော့ သော့်ကို ညီအမဇုန်ထဲကနေ ထွက်ခွင့်မပေးတော့တာပဲ။ ရက်စက်တယ်ဗျာ"
အနည်းငယ် ဝမ်းနည်းရိပ်သန်းနေတဲ့ မေသော့်မျက်ဝန်းတွေကြောင့် ယောသနားစိတ်ဝင်သွားပြီး ရှင်းပြဖို့ ဟန်ပြင်လိုက်တော့ မေသော်က စကားဖြတ်ပြောလိုက်သည်။
"ရပါတယ် မ။ သော် စောင့်နိုင်တယ်။ သော့်ကို မ ပြန်ချစ်လာနဲ့အချိန်ထိ သော်စောင့်ပေးမှာ"
ပြောပြီးတော့ မေသော် ထွက်သွားသည်။ ယောလည်း ပြန်မချစ်ပေးနိုင်တာကို အားနာမိသည်။ ဒါပေမယ့် ယောအတွက် ခွန်ဆတ်သာကပဲ တစ်ဦးတည်းသော သဘောကျရတဲ့သူ။သဘောကျတာရဲ့နောက်မှာ ချစ်ခြင်းကတွဲပါလာတော့ ယော ခွန်ဆတ်သာကို ချစ်နေမိပြီ။ ဘယ်ကစလဲဆိုတာ သေချာမသိပေမယ့် ခွန်ဆတ်သာက ယောရင်ထဲမှာ စွဲစွဲမြဲမြဲတည်ရှိနေပြီ။ခွန်ဆတ်သာက ယောအတွက် နာကျင်ရမယ်ဆိုရင်တောင် ဆက်ဆွဲထားမိမည့် နွယ်ကြိုးမျှင်လေးမို့ လက်လွှတ်ဖို့ မေတြးထားဘူး။
ယောတွေးနေရင်းနဲ့ နှစ်နှစ်ကာကာပြုံးလိုက်မိသည်။
*ဘုတ်*
"Sorryနော်"
မေသော်တစ်ယောက် ယောဆီကနေ ဝမ်းနည်းနည်းနဲ့ ထွက်လာတုန်း ထောင့်ချိုးအရောက်မှာ လူတစ်ယောက်နဲ့တိုက်မိတာကြောင့် တောင်းပန်လိုက်ပြီး ရှေ့ဆက်သွားလိုက်သည်။
"ခန နေဦး"
ရုတ်တရက် သူ့ကိုလှမ်းခေါ်လိုက်တဲ့သူကို မေသော်ပြန်လှည့်ကြည့်ပြီး အကဲခတ်လိုက်သည်။
တစ်ဖက်လူကလည်း မေသော့်ကို အသေချာစိုက်ကြည့်ပြီး
"မင်းက ဘယ်သူလဲ။ ဘယ်ဌာနကလဲ။ ယောနဲ့ရော ဘယ်လိုပတ်သတ်တာလဲ"
တစ်ဖက်လူရဲ့ ပြတ်သားပြီး တိကျတဲ့လေသံက တခြားသူတွေဆို ရှိန်သွားနိုင်စေပေမယ့် မေသော်ကလည်း ခေတဲ့သူမဟုတ်တော့ ထိုလူကို မေးခွန်းပြန်ထုတ်လိုက်သည်။
"ကိုယ်က မေသော်။ အမကရော ဘယ်သူလဲ။ဘာလို့ မေးခွန်းတွေချည်း ဆက်တိုက်မေးနေတာလဲ"
မေသော်ဆိုတဲ့ကောင်မလေးက ခေတဲ့သူမဟုတ်ကြောင်း ဆတ်သာ သတိထားလိုက်မိသည်။
"ကိုယ်က ခွန်ဆတ်သာ။ Accountဌာနရဲ့Head။ ယောနဲ့ မင်း စောနကစကားပြောနေတာတွေ့လို့ ဒီတိုင်းမေးကြည့်တာ။ မင်းကို မတွေ့ဖူးတာလဲပါတယ်"
"အာ...Headကိုး။ ဟုတ်ကဲ့ သော်က မေသော်။ အခုမှ Office Staffမှာ စလုပ်နေတာ။ တစ်ပတ်လောက်ပဲ ရှိဦးမယ်။ မ နဲ့ဘယ်လိုပတ်သတ်လဲဆိုတော့ မ ကသော့်ရဲ့
မ ပေါ့"
ယဉ်ကျေးတဲ့အရိပ်အယောင် မမြင်ရတဲ့ မေသော်ဆိုတဲ့ ကောင်မလေးကို ဆတ်သာ နည်းနည်းလေးတောင်
သဘောမကျမိ။ ပိုဆိုးတာက ယောကိုများ သူရဲ့ မ တဲ့။ ပိုင်စိုးပိုင်နင်း။မြွေမြွေချင်း ခြေမြင်တယ်ဆိုတာ အလကား ပါးစပ်အားလို့ ပြောနေတာမဟုတ်ပဲ အတည်ပြောခြင်း ဖြစ်တယ်ဆိုတာ ဆတ်သာ နားလည်သွားပြီ။ဒီ မေသော်ဆိုတဲ့ ကောင်မလေးဆီကနေ ခြေတွေရောလက်တွေရောကို မြင်နေရသည်။ တခြားတော့မဟုတ် ယောကိုသူ့ဆီကနေ လုယူမဲ့ ခြေတွေလက်တွေ။
"ဟုတ်ပြီ။ အဲ့တာဆို အလုပ်သွားလုပ်လို့ရပြီ"
"ဟုတ်ကဲ့ပါ"
ဆတ်သာကိုရွဲ့သလိုလိုနဲ့ fake smileကြီးနဲ့ ပြုံးပြသွားတဲ့ မေသော့်ကိုကြည့်ပြီး
ဆတ်သာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
"မင်းက ငယ်ပါသေးတယ် "
ဆတ်သာပဲ တွေးတယ်လို့ထင်သလား။ မေသော်လည်း မြွေပဲ။ ဆတ်သာရဲ့ ခြေကိုမြင်တာပေါ့။
"ဟက်...မ က သော့်အတွက်ပဲ ခွန်ဆတ်သာ"
လေထုထဲမှာ ပျောက်ကွယ်သွားတဲ့ စကားသံတိုးတိုးလေးနဲ့ ခြိမ်းခြောက်မှုတွေက လက်တွေ့ဖြစ်လာတဲ့အခါကျရင်...ဘယ်လောက်တောင်များ........။
~~~♥~~~
The author has something to say:
Team ခွန်ဆတ်သာ... ဆိုကြယ်လေးနှိပ်သွား။
Teamမေသော်.....ဆို TT(ဆက်မပြောရဲဘူး >< ခွန်ဆတ်သာ is watching အိုင်တို့ကို)