ဝမ်သူ​​ကြီးသားနှင့်မြို့သားကိ...

By MIMOSA-85

207K 14.3K 835

အဟမ်း....ဟမ်း.....ဝမ်ရိပေါ်ကငါ့အပိုင် ဝမ်သူကြီးသားကိုရဖို့ ဝမ်သူကြီးကိုမဲပေးစို့ Sep 6to Oct 30 More

1(Unicode)
1(Zawgi)
2(Unicode)
2(Zawgi)
3(Zawgi )
Must Read
4(Unicode)
4(Zawgi)
5(Unicode)
5(Zawgi)
6(Unicode)
6(Zawgi)
7(Unicode)
7(Zawgi)
8(Unicode)
8(Zawgi)
9(Unicode)
9(Zawgi)
10(Unicode)
10(Zawgi)
11(Unicode)
11(Zawgi)
12(Unicode)
12(Zawgi)
13(Unicode)
13(Zawgi)
Hey;My love
14(Unicode)
14(Zawgi)
15(Unicode )
15(Zawgi)
16(Unicode)
16(Zawgi)
17(Unicode)
17(Zawgi)
Final(Unicode)
Final(Zawgi)
Bye
Extra(Unicode)
Extra(Zawgi)
My love
Extra (Unicode&Zawgi)
Hello
Hello
Hello

3(Unicode)

6.6K 609 20
By MIMOSA-85

"ဖိုးရေ ကျန့်ကျန့် စျေးလိုက်သွားချင်တယ်"

နယ်မြို့လေးရဲ့စျေးကို လိုက်ဖို့ရာ တာစူနေတဲ့မြေးကိုကြည့်ရင်း အဘချန် ခေါင်းတခါခါ။
ရောက်သည့်နေ့ကတည်းက ရွာထဲက ကလေးတွေနှင့် မျောက်ရှုံးအောင် ပတ်မွှေနေသည့်မြေးက ဒီနေ့မနက် စျေးမှာရော ဘာတွေမွှေလာအုံးမလဲ ။ မလိုက်သွားနဲ့လို့ ပြောလို့ရသော်ညား တစ်ဦးတည်းသောမြေးမို့ မျက်နှာလေးတောင်အညိုမခံလို။လိုက်သွားလျှင်လည်း အမွှေစိန်က မွှေလာမည်မှာမြေကြီးလက်ခတ်မလွဲ။

"ကျန့်ကျန့်ရေ သွားရအောင်"

စျေးခြင်းတွေကိုင်ကာ အပြတ်အသတ် ပြင်ဆင်လာသော အန်တီကြီးနဲ့ အန်တီငယ်က ဖိုးရှေ့မှာ ထိုင်နေသော သူ့ကို လှမ်းခေါ်လာသည်။

"ဖိုး ကျန့်ကျန့်ကို စိတ်ချပါ မမွှေလာပါဘူးနော်သွားပြီ ဖိုး"

စားပွဲပေါ်တင်ထားသည့် Gucci Brand အိတ်အနက်လေးကို ကောက်ယူပြီး ပြုံးပြုံးရွှင်ရွှင်ထွက်သွားသည့် လူချောလေးက သမီးနှစ်ယောက်ကြားဝင်ကာ လက်တစ်ဖက်စီ ခါရမ်းရင်းထွက်သွားသည်ကိုသာအဘချန် ကြည့်နေမိသည်။ တစ်ဦးတည်းသောမြေးမို့ အသိုင်းအဝိုင်းတစ်ခုလုံးက အချစ်ပိုရကာဘာလုပ်လုပ်အပြစ်မမြင်နိုင်တော့လည်း ဒီကလေးက ဆိုးနေတာသိပ်တော့မဆန်း။
မဆိုးလျှင်သာ ထူးဆန်းသည်ဟု ဆိုရမှာပင်။

.....
"တီငယ် သားဟိုဘက်သွားကြည့်ချင်တယ်
ဒီထဲ မလိုက်ချင်ဘူး ညှီနံ့တွေကို သားမုန်းတယ်"

သားငါးတန်းဘက်ရောက်လာသည့်အတွက် အသန့်ကြိုက်သော ရှောင်ကျန့်ကမလိုက်လိုတော့။ သွေးတွေ ညှီနံံ့တွေနှင့်အသားတွေငါးတွေကို သူမမြင်လို။ ချက်ပြီးကြော်ပြီးသားက
စားချင်စရာကောင်းပေမယ့် အစိမ်းတွေကျတော့ အော်ကလီဆန်ချင်စရာ။

"သားသွားချင်သွားလေ တီငယ်လိုက်ခဲ့ရမလား "

"ရတယ် တီငယ် တီကြီးနဲ့ပဲ စျေးလိုက်ဝယ်ပေးလိုက်ပါ ပြီးရင်သာ ကျန့်ကျန့်ကို ph ဆက်ပေးနော်"

တီငယ်နဲ့တီကြီးကို ​ပြောပြီး ရှောင်ကျန့် အသီးတွေရောင်းနေသော စျေးတန်းဘက်ကို လျှောက်လာမိသည်။မမွှေပါဘူးလို့ ဆုံးဖြတ်ထားပေမယ့် ပြသနာက ရှောင်ကျန့်ကို လာရှာသည်။

"ဒါ ကျွန်တော့်ဟာ "

နီရဲစိုလက်နေသည့် ပန်းသီးတစ်လုံးကို တစ်ဘက်က ဆတ်ခနဲ ကောက်ယူတော့ ရှောင်ကျန့်ကလည်း အလွှတ်မပေး။ ပန်းသီးတွေအများအပြား ရှိနေသည့်တိုင် ရှောင်ကျန့်ကလည်း ဒီပန်းသီးကိုမှ လိုချင်သည်။ နီရဲနေသည့်ပန်းသီးက ဆရာဝန်ကိုကို အတွက် ရည်ရွယ်ထားသည်မို့ ရှောင်ကျန့်က ပေးပစ်လိုက်ဖို့ အတွေးမရှိ။

"ငါ အရင်မြင်တာ လူငယ်လေးဖြစ်ပြီး
လူကြီးကို ရိုသေရမယ်ဆိုတာ မသိဘူးလား "

ဆဲဲကြိုး အကြီးကြီးကို လည်ပင်းညွှတ်လောက်သည်အထိ ဆွဲထားကာ လက်ကောက်တွေကလည်း တံတောင်ဆစ်နားရောက်နေသည်အထိ ဝတ်ထားသည့် မိန်းမကြီးကို ကြည့်လိုက်ရင်း တောဂိုက်ဟုရှောင်ကျန့်က စိတ်ထဲက တော့ ​ပြောနေမိ​ပြီ။

"အန်တီကရော ငယ်သူကိုသနားဆိုတာ မကြားဖူးဘူးလား ဒါ သားဟာ
သားအရင်မြင်တာ"

အပြာရောင်ဆံပင်တွေနှင့် အနက်ရောင်တွေချည်း ဝတ်ထားသည့် ရှေ့က ကောင်လေးကိုကြည့်ရင်း ဝမ်လျန်ဟွား ဒေါသတွေအထွတ်အထိပ်ရောက်နေရသည်။ တစ်ခြားသူတွေဆို သူမ တွက်ကပ်နေမှာမဟုတ်​ပေမယ့် ရှေ့ကကောင်လေးကိုတော့ သူမ အလျှော့မပေးလို။စွာတေးလန်အောင် ရန်တွေ့နေသည်က သူမသားနှင့်များ ​တခြားစီ။

"ဦးလေးကြီး သားကို ဒီပန်းသီး ထည့်ပေး"

"ကျွန်မ ကိုပေး"

ဦးလေးကြီးက ပန်းသီးတစ်လုံးကို လုနေကြသည့် လူနှစ်ယောက်ကြားမှာ ဗျာများနေဟန်။အငြင်းအခုံဖြစ်ကြရင်း တစ်စတစ်စကျယ်လာသည့် အသံများကြောင့် စျေးသွားစျေးလာတစ်ချို့ကလည်း မသိမသာအကဲခတ်နေကြသည်။ ရှောင်ကျန့်ကတော့ ထိုလူတွေကို ဂရုမစိုက်မိ။ သူချောလွန်း၍ ငမ်းကြသည်ဟူ၍ ပဲ သတ်မှတ်ထားလိုက်သည်။ Confidence level so high.

"မား ဘာလုပ်နေတာလဲ "

ရှောင်ကျန့်နှင့် ထို မိန်းမကြီး မျက်လုံးချင်း စစ်ခင်းနေသည့်အချိန်တွင် ကြားလိုက်ရသည့်အသံကြောင့် လူကတောင့်ခနဲ။ အတိအကျပြောရရင် ချိုမြနေသည့်ထိုအသံဟာ သူ့ရဲ့ နှစ်ယောက် မရှိသော အသည်းအသက် ပူတူးတူးလေး ဘေ ဘီလေး ဝမ်ရိပေါ်။

"မား..."

ထပ်တိုးခေါ် လာသော အချစ်ကလေးရဲ့အသံကြောင့် သတိဝင်လာကာ အတင်းလုယူထားတဲ့ ပန်းသီးကို ယောင်ယမ်းပြီးတောင်လွှတ်ချမိသွားသည်။ ဘယ်လိုတောင် အရှက်ကွဲမှုကြီးလဲ၊ဆရာဝန်လူချောလေးက သူ့ကို ကလေးဆန်တယ်လို့ ထင်တာ့မှာပဲ။

"ကိုကို.... အန်တီ ကြီးက ကိုကို့မားလား"

သူ့ကိုတစ်လှည့် မားကို တစ်လှည့်ကြည့်ကာ
အယောင်ယောင်အမှားမှားဖြစ်နေသည့် မြို့ကြီးသားကြောင့် ရိပေါ် ရယ်ချင်သွားရသည်။ ပန်းသီးတစ်လုံးကို မားနဲ့ လုနေကြသည်မှာ မားရော မြို့ကြီးသားပါ ဘယ်လိုတောင်ကလေးဆန်မှုမျိုးလဲ။ သို့သော် မြို့ကြီးသားရဲ့ အခေါ် အဝေါ် ရဲတင်းမှုမှာတော့ ရိပေါ် ရင်တုန်ချင်သည်။

"ဟုတ်..ဟုတ်တယ်"

"နိဟောင် အန်တီ ပန်းသီးကို အန်တီပဲယူသွားလိုက်နော် ဦးလေးကြီး အန်တီ့ကိုပဲပေးလိုက်နော် ပိုက်ဆံကသားရှင်းပေးမယ်"

မတော်ရသေးတဲ့ ယောက္ခမလောင်းကြီးကို
သွားဖြီးရယ်ပြလိုက်ရင်း ကြောင်ကြည့်နေသော ဦးလေးကြီးကိုပါ တစ်ဆက်တည်း​​ပြောလိုက်သည်။အန်တီကြီးကလည်း ပြောင်းလဲသွားသော သူ့အပြု အမူကြောင့် အံ့သြ သလို ကြည့်နေပြန်သည်။ သားမျက်နှာကြောင့် ပန်းသီးပေးလိုက်တယ်မှတ်ပါဟုသာ ရှောင်ကျန့် စိတ်ထဲ အကြိမ်ကြိမ်အော်နေမိသည်။

"အန်တီပေး သားသယ်ပေးမယ်လေ"

မနိုင်မနင်းသယ်လာသည့် စျေးခြင်းကိုသူ Flirtနေတဲ့ ဆရာဝန်လေးက သယ်မည့်ဟန်ပြင်တော့ ဆတ်ခနဲ ရှောင်ကျန့်အရင်ဆွဲယူမိသည်။ ရိုင်းတယ်လို့ ထင်ချင်စရာပေမယ့်ရှောင်ကျန့်က လက်နုနုလေးဆီခြင်းမရောက်စေဖို့ပဲ အဓိကထားသည်။ခြင်းကြီးက ဘာတွေဝယ်လာလို့ လေးမှန်းမသိပေမယ့် တော်တော်တော့လေးနေပါသည်။ဝမ်သူကြီးကတော်ကလည်း တစ်ဦးတည်းသောသားဖြစ်သည့်ကိုကို့ကို သယ်ခိုင်းရက်တာ အံ့သြစရာ။သူ မရှိတုန်းက သယ်ခဲ့ရလို့ ကိုကို့ လက်လေးတွေ ဘယ်လောင်တောင်နာခဲ့ရှာမလဲ။ ဟွန်း.....အကျင့်ပုတ်တဲ့ သူကြီးကတော်

အရှေ့မှ သွားနေသော သူကြီးကတော်ကတော့  အိပ်ချင်လာကာ တဝါးဝါးပင်သန်းနေရလေပြီ။

"ဟွန်း"

မားရဲ့ ခြင်းကို မနိုင်မနင်းသယ်လာသည့် အကောင်ပေါက်ကိုကြည့်ရင်း ရိပေါ် သက်ပြင်းချမိသည်မှာအကြိမ်ကြိမ်။ကူသယ်ပေးချင်ပါသော်လည်း ထို အကောင်ပေါက်လေးရဲ့ အနှောင့်အသွားမလွှတ်သော စကားလုံးတွေကြောင့် လူက ကတုန်ကယင်ဖြစ်ရသည်မို့ မသွားရဲ။ခြင်းကိုဆွဲထားရလို့နီရဲနေသည့် အကောင်ပေါက်လေးရဲ့လက်တွေကြောင့်လည်း စိတ်မကောင်း။

"ဟယ်....ကျန့်ကျန့်"

မင်းသားတစ်ပါးလို မွေးခံထားရသော ကျန့်ကျန့်က စျေးခြင်းကို မနိုင်မနင်းသယ်လာသောကြောင့်  ချန်ဇီနဲ့ ချန်ယီ အံ့အားသင့်သွားရသည်။ကျန့်ကျန့် ရှေ့ကသွား​နေသည့်
မိန်းမကြီးနှင့် ကောင်လေးက အနီးကပ်လာတော့ ဝမ်သူကြီးကတော်နဲ့ ဆရာဝန်ချောချောလေး။

"သူကြီးကတော်က ကျွန်မတူကိုဘာလို့
စျေးခြင်းကို သယ်ခိုင်းရတာလဲ"

ကျန့်ကျန့်မနိုင်မနင်းသယ်လာသည့်စျေးခြင်းကို လုယူပစ်ကာ သူကြီးကတော် ရှေ့ ချကာ ချန်ယီ ရန်တွေ့ပစ်လိုက်သည်။

"ဒီ မှာ ကျန့်ကျန့်လက်လေးကို ကြည့်စမ်း နီရဲနေတာပဲ ကျန့်ကျန့်ဆိုတာ ငါတို့ဘုရင်လိုထားတာဟဲ့"

"ငါက သယ်ခိုင်းတာမဟုတ်ဘူး ချန်မျိုးရိုးရဲ့
နင့်တူဘာသာ သယ်လာတာ "

မတော်ရသေးသည့် ယောက္ခမနှင့် တီကြီး
ရဲ့ ရန်ပွဲကြောင့် ရှောင်ကျန့် အငွေ့ပျံချင်သွားရသည်။ မျက်နှာရအောင် လုပ်ပါတယ်ဆိုမှ တီကြီးကသာသနာဖျက်။

"ဟုတ်လား...ကျန့်ကျန့် "

"ဟုတ်တယ် တီ​ကြီးကျန့်ကျန့်ဘာသာ သယ်လာပေးတာ"

ရှောင်ကျန့်ရဲ့စကားကြောင့် ဝမ်ကတော် က မျက်နှာကို ချီကာ မေ့ငေါ့ပြလာသည်။
ဘယ်နှယ့် လဲ ဆိုသည့်ပုံ။

"ချန်ယီ နင့်တူကို မနိုင်ဘဲ ငါ့ကို လာမပြောနဲ့
လာ...သား...သွားမယ်"

ဆွဲခေါ်သွားသည့် ဝမ်ကတော်နောက်ကို ယက်ကန်ယက်ကန်နှင့်ပါသွားသည့်ကိုကို့မျက်ဝန်းတွေက ရှောင်ကျန့်ကို အားနာသည့် အရိပ်အယောင်လေးတွေ။တန်ပါတယ် ခြင်းဆွဲပေးရတာလေ....။ ခြင်းဆွဲသွားရသည့် ကိုကို့လက်လေးတွေတော့နာနေရှာမှာပဲ။ ညနေမှ ဆေးခန်းသွားပြီး ကိုကို့အတွက် သူကိုယ်တိုင် ဖန်တီးထားသည့် ဆေးနှင့် ပျောင်အောင်လုပ်​ပေးရမည်။

"အဟက် "

"ကျန့်ကျန့်"

"ဘာ...ဘာလဲ တီငယ် သားဘာမှမလုပ်ဘူးနော် ပြန်မယ်.. ပြန်မယ်လေ"

"ရော့"

"အာ...သားမနိုင်ဘူး"

စျေးခြင်းအပြည့်ဝယ်ထည့်လာသည်ကို မနိုင်မနင်းသယ်လာပြီးမှ အနည်းငယ်ပါသော ခြင်းကို မနိုင်ဘူးဆိုလာသည့် တူကို ချန်ယီခေါင်းသာခေါက်ပစ်ချင်တော့သည်။

ရှေ့ကနေ ပြုံးစိစိသွားနေသော ကောင်လေးကတော့  ညနေခင်းအကြောင်းတွေးပြီး
စိတ်ကူးတွေယဥ်နေလျှက်.....

By....Mimosa

Fic coverလေးလုပ်ပေးချင်တဲ့သူများမရှိကြဘူးလား

Continue Reading

You'll Also Like

349K 25.2K 69
Seme-Xiao Zhan Uke-Wang Yi Bo Season 1(Completed) Season 2(Completed) Zhanyi Fanfiction Credit to the photo. ဒီficမှာ စာရေးသူရဲ့အားနည်းချက်တွေများ...
176K 11.5K 29
Seme -Xiao Zhan Uke-Wang Yi Bo Zhanyi Fanfiction Written by -Lay Pyi Thway Nge Credit to the photo. စာရေးသူရဲ့အားနည်းချက်ကြောင့် ficရဲ့မပြည့်စုံမှုမ...
289K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
105K 6.8K 17
"အကိုထားခဲ့တာနဲ့ ကျွန်တော်ပျောက်ဆုံးသွားမှာပဲ" Xiao Zhan x Wang Yibo Heavy Zhanyi Fanfiction ... If you're very very sensitive to idols, please don't...