Zawgyi
"လက္ေခ်ာင္းေတြ လႈပ္လို႔ရေသးလား ။ အေၾကာေတြ ျပတ္ကုန္မွာဆိုးလို႔"
ကားေပၚေရာက္ေတာ့ ေဆးခန္းမသြားခင္ အရင္ဆံုး ေသြးထြက္သက္သာေအာင္ လက္ကိုင္ပုဝါနဲ႔စည္းေပးရင္း ဆတ္သာ ေမးလိုက္ျခင္းျဖစ္သည္။
ေယာလက္ေခ်ာင္းေတြကို လႈပ္ျပရင္း ျပန္ေျဖလိုက္သည္။
"အဆင္ေျပပါတယ္ Head"
အဆင္ေျပတယ္သာေျပာတာ ဆတ္သာအျမင္မွာေတာ့ နာက်င္မႈကို သည္းခံေနတဲ့ေယာကို ဘယ္လိုမွ အဆင္ေျပေနတယ္ မျမင္မိ။ ျဖစ္ႏိုင္ရင္ ေယာရဲ႕နာက်င္မႈေတြကို သူ႔ဆီသာ လႊဲေျပာင္းယူလိုက္ခ်င္တယ္။
ဆတ္သာ အားမလိုအားမရျဖစ္ၿပီး မ်က္ရည္ေတြဝိုင္းလာတာကို ေယာေတြ႔ေတာ့ အလန္႔တၾကား ေမးလိုက္သည္။
"Head ဘာျဖစ္လို႔လဲ "
"....."
ဆတ္သာ ဘာမွျပန္မေျဖပဲ ေယာရဲ႕အနာကိုသာ စိုက္ၾကည့္ေနၿပီး ခနၾကာမွ ျပန္ေျဖလိုက္သည္။
"မင္းအဆင္ေျပေပမယ့္ ကိုယ္အဆင္မေျပဘူး ေယာ။ေနာက္တစ္ခါ အခုလိုထပ္မျဖစ္မိေစနဲ႔။ အဲ့ခါက်ရင္ ကိုယ္တကယ္ သည္းခံႏိုင္မွာမဟုတ္ဘူး"
"အင္း...."
ဆတ္သာေျပာတဲ့စကားရဲ႕ အဓိပၸါယ္ကို သိပ္ကိုဉာဏ္ေကာင္းလြန္းတဲ့ ေယာကေတာ့
ဆတ္သာမွာ Hemophobia ေခၚ
ေသြးေၾကာက္တဲ့ေရာဂါ ႐ွိတယ္လို႔ ထင္သြားသတဲ့ေလ။
ေဆးခန္းေရာက္ေတာ့လည္း စာအုပ္ထပ္တာကအစ ေရဆာလာလို႔ ေရတိုက္တာအဆံုးကို ဆတ္သာကခ်ည္း လုပ္ေပးေနသည္။ ေယာေတာင္ ေနရခက္လာတဲ့အထိ ဂ႐ုစိုက္ေပးေနသည္။မတ္တပ္မတ္တပ္နဲ႔ စိတ္မ႐ွည္သလို ေစာင့္ေနတဲ့ဆတ္သာကို ေယာၾကည့္ၿပီး ေခါင္းေတြေတာင္ ေနာက္လာသည္။
"Head ၿငိမ္ၿငိမ္ေလး ထိုင္ေနလို႔ရပါတယ္"
"လူေတြကလည္း မ်ားေနလိုက္တာ။ကိုယ့္အလွည့္ ျမန္ျမန္မေရာက္ႏိုင္ဘူး။အဲ့တာမွန္းသိရင္ တျခားေဆးခန္း သြားပါတယ္"
ေယာေျပာတာကတျခား ဆတ္သာေျဖတာကတျခား။ ၿပီးေတာ့ ေကာင္းေကာင္းမေျပာဘူး။ ေဆးခန္းထဲကေန ႐ိုက္လႊတ္ခံရမဲ့ ေျပာေပါက္ေတြ။
မိနစ္ႏွစ္ဆယ္ေလာက္ၾကာမွပဲ ေယာတို႔အလွည့္ ေရာက္ေတာ့တယ္။ ဆတ္သာ ေျပာလည္း ေျပာခ်င္စရာ။
အခန္းထဲေရာက္ေတာ့လည္း ေယာေတာင္ တစ္ခြန္းမဟရေသးခင္ ဆတ္သာကခ်ည္း ဒဏ္ရာရဲ႕ ရာဇဝင္ကို ႐ွင္းျပေနသည္။
"ဆရာမ သူ႔ကို မနာေအာင္ လုပ္ေပးပါေနာ္။ လက္က ႏုႏုေလးဆရာမရဲ႕။ေသခ်ာေလး လုပ္ေပးပါေနာ္"
ဆတ္သာကို ဆရာဝန္မမကလည္း ပိုရန္ေကာ ဆိုတဲ့အၾကည့္နဲ႔ ျကည့္ရင္းေျပာလိုက္သည္။
"ဟုတ္ကဲ့ပါ႐ွင္။ ႐ွင္ေလးရဲ႕ ကေလးကို ကြၽန္မေသခ်ာဂ႐ုစိုက္ၿပီး ကုေပးပါ့မယ္႐ွင္"
ဆရာဝန္မမရဲ႕ အေညႇာင့္အသြားမလြတ္တဲ့ စကားေၾကာင့္ ေယာမ်က္ႏွာတစ္ခုလံုး ပူခနျဲဖစ္သြားၿပီး အေငြ႔ေတြပါ ထြက္လာသလို ခံစားေနရသည္။
ဆရာဝန္မမက အနာကိုစစ္ေဆးၿပီး ေဆးထည့္ေပးေနတဲ့ တစ္ေလ်ွာက္လံုးလည္း လူနာျဖစ္တဲ့ ေယာက အသံမထြက္ရပဲ ဆတ္သာကခ်ည္း တအားအား တကြၽတ္ကြၽတ္ ျဖစ္ေနတာကေတာ့ အပိုထပ္ေဆာင္း
သဲသဲကဲကဲ ျဖစ္ေနမႈႀကီးပါ။
******
ေနသစ္ရဲ႕ ရံုးခန္းထဲမွာေတာ့ ႐ွိန္းတစ္ေယာက္ ျဖစ္ေၾကာင္းကုန္စင္ကို ႐ွင္းျပေနသည္။
ေနသစ္လည္း ေသေသခ်ာခ်ာနားေထာင္ရင္း ေမးလိုက္သည္။
"ငယ္ေလးနဲ႔ အရင္ျပႆနာျဖစ္ၾကတာပဲ ။ၿပီးေတာ့ ေယာက ေဒါသႀကီးတယ္ေနာ္။ အျမဲတမ္း ျပံဳးရယ္ေနတဲ့ေယာကို အခုေလာက္ စိတ္ႀကီးလိမ့္မယ္ မထင္ထားဘူး"
"ဟုတ္တယ္Boss ။ ေယာက ေဒါသထြက္ရင္ တအားေၾကာက္ဖို႔ေကာင္းၿပီး အနီးနားမွာ႐ွိတာကို လက္နဲ႔ရိုက္ခ်တာက အက်င့္ျဖစ္ေနတာ။ ျပင္လို႔လည္းမရဘူး"
"အင္း....ဇြဲမင္းထြန္းကိစၥကိုေတာ့ ကိုယ္တာဝန္ယူလိုက္မယ္ စိတ္မပူနဲ႔"
"ဟုတ္ ။ အဲ့ေကာင္ ေျပာတာေတြလုပ္တာေတြက တရားလြန္တယ္"
"ညီေရာ ဘယ္နားနာသြားေသးလဲ ။ တစ္ခုခုျဖစ္သြားေသးလား"
ေနသစ္ေမးလိုက္ေတာ့ ႐ွိန္း ေနသစ္ကို မ်က္ႏွာငယ္ေလးနဲ႔ၾကည့္ၿပီး
"နာသြားတယ္"
"ဘယ္နားလဲ ေဆးခန္းျပစရာေရာ လိုမလား"
"ဒီနားေလး နာေနတယ္။ခြန္ေနသစ္ဆိုတဲ့ ဘဲျကီးေၾကာင့္"
ေနသစ္ အတည္ေမးေနတာကို ႐ွိန္းကေတာ့ စပ္ၿဖီးျဖီးနဲ႔ ကိုယ့္ရင္ဘတ္ကို လက္ညႇိဳးထိုးျပရင္း
ေျဖလိုက္သည္။
ေနသစ္ခမ်ာ တစ္သက္နဲ႔တစ္ကိုယ္ တစ္ခါမွအခုလို flirtမခံရဘူးေတာ့ ဟန္မေဆာင္ႏိုင္ေအာင္ ဆြံ႔အေနသည္။
"ကြၽန္ေတာ္ အတည္ေျပာတာ။ ကဲပါ ထားပါေတာ့ ကြၽန္ေတာ ္အလုပ္သြားျပန္လုပ္လိုက္ဦးမယ္"
႐ွိန္းထြက္သြားတဲ့အထိ ေနသစ္ ငူငိုင္ေနတုန္း။႐ွိန္းကို အလုပ္ထုတ္ပစ္ရေအာင္လည္း ေနသစ္မရက္စက္။
အေျဖျပန္ေပးရေအာင္လည္း ကိုယ့္ခံစားခ်က္ကိုယ္ေတာင္ ဘာမွန္းမသိ။
ေနသစ္ခမ်ာ ႐ွိန္းကို ျကိဳး႐ွည္႐ွည္နဲ႔ လွန္ထားသလို ျဖစ္ေနပါေရာလား။
*****
"ငယ္ငယ္တည္းက အက်င့္ျဖစ္သြားတာ။ ေမျကီးတို႔လည္း ေျပာဖူးတယ္။ ေယာက ငယ္ငယ္ေလးတည္းက စိတ္ဆိုးရင္ လက္နဲ႔နံရံေတြကို ေျပးေျပး႐ိုက္တာတဲ့ ဟားဟား"
ပန္းကန္ကို ထိုးလိုက္ရသည့္အေျကာင္းကို
ဆတ္သာေမး၍ ေယာ ေျဖေနျခင္းျဖစ္သည္။
"အသားနာသြားတာ မေကာင္းမွန္းသိတယ္။ ဒါေပမယ့္ ျပင္လို႔မရဘူး။ေက်ာင္းတတ္တုန္းကလည္း တစ္ခါက အဲ့လို႐ိုက္ခ်လိုက္တာ ခံုအစြန္းက ထြက္ေနတဲ့သံနဲ႔ ထိုးမိၿပီး ေမးခိုင္ကာကြယ္ေဆးပါ သြားထိုးလိုက္ရတယ္"
ဆတ္သာ ေယာကိုတစ္ခ်က္ေဆြၾကည့္ၿပီး သက္ျပင္းခ်လိုက္သည္။
"လူပုစိတ္တို"
"ၾကားတယ္ေနာ္"
"ၾကားလည္းၿပီးတာပဲ။ ဒါဆို အခုအိမ္ျပန္မလား"
ေယာ ပတ္တီးအျပည့္နဲ႔ ကိုယ့္လက္ကို ၾကည့္ၿပီး သက္ျပင္းဖြဖြေလး ခ်လိုက္မိသည္။
"ရံုးမွာ အိတ္ျပန္ယူရဦးမယ္ Head"
"OkOk အဲ့တာဆို ရံုးကိုအရင္သြားမယ္"
"ေနာက္ေန႔ေတြလည္း ခြင့္ယူရဦးမယ္ ထင္တယ္။ ခ်ီးထုပ္ေကာင္ ေကာင္းက်ိဳးမေပးတဲ့ တေတာင္းစားေကာင္"
ေယာ ကိုယ့္လက္ကိုၾကည့္ၿပီး စူပုတ္ပုတ္နဲ႔ ပြစိပြစိေျပာေနတာကို ဆတ္သာၾကားၿပီး အၾကံေကာင္း တစ္ခုရသြားတာေျကာင့္ တစ္ခ်က္ျပံဳးလိုက္သည္။
"အဟမ္း ေနာက္ေန႔ေတြ ရံုးဆင္းလို႔ရတယ္ "
"ဟင္ ဘယ္လိုလုပ္ရမွာလဲ "
ေယာ တကယ္နားမလည္ႏိုင္။ခြန္ဆတ္သာက အေတာ္ေလး အသည္းႏွလံုးမဲ့တာပဲ။
လက္မွာပတ္တီးနဲ႔လူကို ကြန္ပ်ဴတာတစ္လံုးနဲ႔ အလုပ္လုပ္ခိုင္းမယ္။ ဘယ္လိုေတာင္ ဆီေလ်ာ္မႈမ႐ွိရတာလဲ။
ေယာစိတ္ထဲကေန ပြစိပြစိေျပာရင္း အူေၾကာင္ေၾကာင္န ဲ႔ေမးလိုက္မိသည္။
ဆတ္သာကေတာ့ အေတာ္ေလး အူျမဴးေနတဲ့စိတ္ကို ထိန္းၿပီး မ်က္ႏွာေသနဲ႔ ျပန္ေျဖလိုက္သည္။
"ကိုယ့္ရံုးခန္းထဲမွာ ဆင္းရမွာ။ ကိုယ့္အတြက္ နည္းနည္းဝိုင္းကူေပးရံုပဲ။ စိတ္မပူပါနဲ႔ လက္တစ္ဖက္တည္းနဲ႔ လုပ္လို႔ရတဲ့ တာဝန္ေတြပဲေပးမွာ"
"အဲ့တာက... "
"ျငင္းဖို႔ေတာ့ စိတ္မကူးပါနဲ႔။ မင္းပဲစဥ္းစားၾကည့္ေလ မင္းလို အားကိုးရတဲ့သူက သံုးေလးရက္ေလာက္ခြင့္ယူရင္ ကုမၸဏီႀကီး ဘယ္ေလာက္ေတာင္ နစ္နာသြားမလဲ။ဟုတ္တယ္ မဟုတ္လား"
ေျမႇာက္တိုင္းေျမာက္တဲ့အထဲမွာ ေယာမပါဘူးဆိုတာ ခြန္ဆတ္သာသိေအာင္ ေျပာလိုက္ခ်င္ေသာ္လည္း ဆတ္သာဆိုသည္မွာ ခ်ဳပ္ေဆး ေကြၽးလြန္းေတာ့ ေယာလည္း ေခါင္းသာၿငိမ့္လိုက္ရသည္။
******
"ဟယ္..ေယာက အေစာႀကီးျပန္လာတာလား"
ျခံေ႐ွ႕မွာရပ္လိုက္တဲ့ Ford Fusion ကားေလးေပၚမွာ ေယာကိုေတြ႔ေနရတာေၾကာင့္ ေယာရဲ႕ေမေမ ျခံေ႐ွ႕ကိုထြက္လာလိုက္သည္။
"လက္က သမီးကိုလာၿပီး ရိသဲ့သဲ့ေျပာတဲ့ အေကာင္ေၾကာင့္ ေဒါသထြက္ၿပီး ပန္းကန္ကိုထိုးလိုက္မိလို႔ ျဖစ္သြားတာ ေမႀကီး။ ေဆးခန္းလည္းသြားၿပီးၿပီ "
ကားထဲကေန ေယာထြက္လာေတာ့ လက္မွာလည္း ပတ္တီးနဲ႔မို႔ လန္႔သြားသည့္ မာတာမိခင္ကို ေယာ အလ်င္အျမန္ ႐ွင္းျပရေသးသည္။
ဆတ္သာကပါ ကားထဲကထြက္လာၿပီး
"ဆတ္ေၾကာင့္ ဆိုလည္းမမွားပါဘူး အန္တီ။ အဲ့လူက ဆတ္နဲ႔အရင္ ျပႆနာျဖစ္ၿပီး ေယာတို႔ကိုပါျပႆနာ႐ွာတာ "
ေယာရဲ႕အေမလည္း ေယာရဲ႕အက်င့္ကို သိေနေတာ့ သိပ္မထူးဆန္းေပမယ့္ ေယာကိုေတာ့ ေနာက္တစ္ခါ ထပ္မလုပ္မိဖို႔ ေျပာေနသည္။
ေမႀကီး ျသဝါဒေႁခြေနတာကို ေယာကေတာ့ နားယဥ္ေနၿပီျဖစ္သည္။ ဆတ္သာခမ်ာ ကားေဘးနားမွာ မတ္တပ္ေလးရပ္ၿပီး ေခါင္းေလးၿငိမ့္ရင္း ေထာက္ခံလိုက္နဲ႔ ေအာက္ဆီဂ်င္လုပ္ေနသည္။ (မီးေလာင္ရာေလပင့္ :3)
"လာပါ ေမႀကီးရယ္ ။ ေယာ ဘာမွမျဖစ္ဘူး။အိမ္ထဲဝင္မယ္ေနာ္ ေမႀကီး လာလာ။ အိမ္ထဲသြားမယ္"
"ေယာေနာ္ ေယာ ။ မိန္းကေလးေလ လက္မွာ အမာရြတ္ေတြ ျဖစ္ေနရင္ဘယ္လွမလဲ ။ ဟင္းဟင္း ငါေလး ေသြးတတ္တယ္ေနာ္ မိေယာ။ ေျသာ္...ဒါနဲ႔အခုလိုက္ပို႔တဲ့ သမီးေလးက"
ေယာေမေမကေတာ့ ေယာကေနတစ္ဆင့္ ဆတ္သာဘက္ကို ျမႇားဦးလႊဲသြားသည္။
"အာ..ဟုတ္ အန္တီ ။ ဆတ္နာမည္က ခြန္ဆတ္သာပါ။ ဟိုးတေန႔ကလည္း ေယာကို အိမ္ျပန္ပို႔ဖူးတယ္ေလ "
ေယာေမေမဆိုတဲ့အတိုင္း ဉာဏ္ေကာင္းၿပီးသားဆိုေတာ့ အၾကာျကီး မစဥ္းစားလိုက္ရ။
"သိၿပီသိၿပီ ။ ေယာတို႔Bossရဲ႕ ညီမေလးဆိုတာ မဟုတ္လား။ ေအးကြယ္ အဲ့ေန႔တုန္းက မိုးလည္း တအားခ်ဳပ္ေနေတာ့ ေသခ်ာသတိမထားမိတာ"
"ဟုတ္ အန္တီ "
"လာေလ သမီးလည္း အိမ္ထဲဝင္ဦး ။ အေအးေလးဘာေလး ေသာက္ၿပီးမွျပန္"
ေယာရဲ႕မာတာမိခင္ႀကီးကေတာ့ အနာဂတ္ရဲ႕ ေခြၽးမေလာင္းလ်ာေလးကို အိမ္ထဲေခၚသြင္းေနသည္။
"ေမႀကီးကလည္း ရပါတယ္။ Headက အလုပ္ေတြ လုပ္စရာ႐ွိဦးမွာ။ ျပန္ပါေစ"
ေယာကေတာ့ ေယာကၡမျကီးနဲ႔ေခ်ြးမေလးျကားထဲက သာသနာဖ်က္ေလးေပါ့။
"ဘယ္ကသာ။ ဝင္မယ္ အန္တီ။ ဆတ္လည္း အေအးေလး ေသာက္ခ်င္ေနတာနဲ႔ အေတာ္ပဲ။ ၿပီးေတာ့ ဆတ္ ေနာက္ေန႔ေတြလည္း ေယာကို အျကိုအပို႔ လုပ္ေပးရမွာေလ အန္တီ"
ဆတ္သာ ေအာင္ႏိုင္သူလို ျပံဳးၿဖီးၿဖီးလုပ္ရင္း ေျပာေနသည္။
ေယာ မ်က္လံုးျပဴးမ်က္ဆန္ျပဴးျဖစ္ၿပီး အံျသလြန္းလို႔ ေၾကာင္အေနတုန္း ဆတ္သာကေတာ့ ေယာရဲ႕ေမေမနဲ႔အတူ အိမ္ထဲကို ေၾကာင္လိမၼာေလးတစ္ေကာင္လို ဝင္သြားသည္။
******
ေယာေမေမက အေအးသြားေဖ်ာ္ေနေတာ့
ဧည့္ခန္းထဲက ဆိုဖာမွာ ဆတ္သာတစ္ေယာက္ က်ံဳ႕က်ံဳ႕ေလးထိုင္ၿပီး ယဥ္ေက်းလိမၼာတဲ့ ဧည့္သည္ေလး လုပ္ေနသည္။ေယာမွာ ဆယ့္ရွစ္နွစ္ေလာက္ရွိမဲ့ ညီမေလးတစ္ေယာက္ရွိတာကို ဆတ္သာ ေယာရဲ႕facebook account ထဲဝင္ျကည့္ျပီးတည္းက သိထားသည္။
ေယာက အေမတူလို႔ေခ်ာၿပီး အေဖတူလို႔ အခုေလာက္ စိတ္ႀကီးတာျဖစ္မည္။
ဆတ္သာ အခုလို ေကာက္ခ်က္ခ်လိုက္ျခင္းက တျခားမဟုတ္ ဧည့္ခန္းထဲက ခ်ိတ္ထားတဲ့ပံုေတြထဲမွာ ေယာေဖေဖရဲ႕ ဂ်ဴဒိုခါးပတ္နက္နဲ႔ ပံုႀကီးက ဆတ္သာကို စိုက္ၾကည့္ေနျခင္းေၾကာင့္ေပ။
ေယာေဖေဖပံုကို အကဲခတ္ေနတုန္း ေယာေမေမက အေအးတစ္ခြက္နဲ႔ မုန္႔ပန္းကန္တစ္ခုကို လာခ်ေပးလိုက္သည္။
"အေအးေသာက္ေနာ္ သမီး။ မုန္႔ေတြလည္းစား အားမနာနဲ႔"
"ဟုတ္ အန္တီ ေက်းဇူးပါ"
"ေအးကြယ္ အန္တီ့သမီးေလးကို အခုလို ဂ႐ုစိုက္ေပးတာ ေက်းဇူးတင္ပါတယ္ကြယ္"
"မဟုတ္တာ အန္တီရယ္။ အခုျဖစ္သြားတာ ဆတ္ေၾကာင့္လည္းပါတယ္"
"ေအးကြယ္။ သမီးေလးလည္း ဂ႐ုစိုက္ဦးေနာ္။ ေျသာ္...ဒါနဲ႔ အန္တီ့နာမည္ေတာင္ မေျပာရေသးဘူးပဲ။ အန္တီက ေဒၚစႏၵာသြယ္။ဟိုပံုထဲကဦးေလးႀကီးကေတာ့ အဲ့တာ ေယာေဖေဖ ဦးေဇာ္ေမာင္။ သမီးငယ္ေလးကေတာ့ ေယာလေရာင္။ ေယာေဖေဖကေတာ့ ကန္ထ႐ိုက္လုပ္တယ္"
"ေမႀကီးကလည္း Headက သန္းေခါင္စာရင္း လာစစ္ေနတာမွမဟုတ္တာ။ အကုန္လံုး ေျပာျပေနေတာ့တာပဲ"
ေယာတစ္ေယာက္ သူ႔အေမကို ဆူပုတ္ပုတ္ေျပာၿပီး
ဆတ္သာကိုေတာ့ ေပေစာင္းေစာင္းၾကည့္ကာ အခန္းထဲတန္းဝင္သြားသည္။
ဆတ္သာနဲ႔ေယာေမေမကေတာ့ ေလေပးတည့္ၿပီး ဟိုအေၾကာင္းေျပာ ဒီအေၾကာင္းေျပာနဲ႔ အဆင္ကိုေျပေနေရာပဲ။
*****
ဆယ္မိနစ္ေလာက္ၾကာေတာ့ ေယာတစ္ေယာက္ JJ ေဘာင္းဘီအတိုကို အေပၚကover size တီ႐ွပ္အႀကီးႀကီး
နဲ႔တြဲဝတ္ၿပီးထြက္လာသည္။
"ခြီး"
ေယာရဲ႕ပံုစံကိုၾကည့္ၿပီး ဆတ္သာမရယ္ပဲမေနႏိုင္။တကယ့္ဂ်စ္တူးပါကြာ။ေ႐ွ႕ခ်ထားတဲ့ Bangကိုလည္း အံုးပင္စတိုင္ ေထာင္စည္းထားေသးတယ္။
"ေနာက္ေန႔ ဘာလို႔လာႀကိဳမွာလဲ Head"
ျပံဳးစိစိျဖစ္ေနတဲ့ဆတ္သာကို ေယာတစ္ခ်က္ ဘုၾကည့္ၾကည့္ၿပီး ေမးလိုက္သည္။
"မင္းလက္က ပတ္တီးနဲ႔ေလ။ YBSေပၚကို ဘယ္လိုတိုးစီးဖို႔ စိတ္ကူးထားတာလဲ။ လူကျဖင့္ ေခြးပစ္တဲ့တုတ္ေလာက္ေတာင္ မ႐ွိဘူး"
ဆတ္သာေျပာၿပီးမွ ပါးစပ္ကို အလ်င္အျမန္ပိတ္ၿပီး ေယာေမေမကို ရယ္ျပၿပီး မ်က္ႏွာခ်ိဳးေသြးလိုက္သည္။သူ႔အေမေ႐ွ႕မွာ သူ႔သမီးကို ေခြးပစ္တဲ့တုတ္နဲ႔ ႏိႈင္းတာ မသင့္ေတာ္ဘူးထင္ပါ့။
"အန္တီ ကန္ေတာ့ေနာ္။ ဆတ္ ေျပာတာလြန္သြားတယ္ ။ဆတ္ေျပာခ်င္တာက ေယာက ပိစိေလးမို႔ စိတ္မခ်လို႔ပါ"
"ေျသာ္...ရပါတယ္ သမီးရယ္။ သမီးေျပာတာလည္း မွားမွမမွားတာ။ တစ္အိမ္လံုး ထြားသေလာက္ ေယာက်မွ ေမြးတိုင္းမီျဖစ္ေနတာ"
ဆတ္သာျပံဳးစိစိလုပ္ရင္း ေထာက္ခံေနသည္။
အလြန္တရာမွ ေလေပးေျဖာင့္ေနသည့္ ေမႀကီးနဲ႔ခြန္ဆတ္သာကို ေယာၾကည့္ၿပီး မ်က္ႏွာႀကီးတစ္ခုလံုး ေမွာင္မဲလာသည္။
"ဒါဆို ဆတ္ ျပန္လိုက္ပါဦးမယ္ အန္တီ "
"ေအးေအး ဂ႐ုစိုက္သြားဦး။ ေယာ လိုက္ပို႔ေပးလိုက္ေလ"
"ဟုတ္....."
ေယာ တမင္အသံ႐ွည္စြဲေျဖၿပီး မပို႔ခ်င္ပို႔ခ်င္နဲ႔ ဆတ္သာကို ျခံဝထိ ပ်င္းတိပ်င္းရြဲလိုက္ပို႔ေပးလိုက္သည္။
"မနက္ဖန္ ကိုယ္လာႀကိဳမယ္ေနာ္ ေယာ ပိစိ"
ခ်စ္ဖို႔ေကာင္းေနတဲ့ ဂ်စ္တူးေလးေယာကို ဆတ္သာ ကားထဲမဝင္ခင္ အသဲတယားၾကည့္ၿပီး ေျပာလိုက္သည္။
ေယာကေတာ့ ေခါင္းေလးတစ္ခ်က္ၿငိမ့္ျပၿပီးသာ အေျဖေပးလိုက္သည္။
~~~♥~~~
Unicode
"လက်ချောင်းတွေ လှုပ်လို့ရသေးလား ။ အကြောတွေ ပြတ်ကုန်မှာဆိုးလို့"
ကားပေါ်ရောက်တော့ ဆေးခန်းမသွားခင် အရင်ဆုံး သွေးထွက်သက်သာအောင် လက်ကိုင်ပုဝါနဲ့စည်းပေးရင်း ဆတ်သာ မေးလိုက်ခြင်းဖြစ်သည်။
ယောလက်ချောင်းတွေကို လှုပ်ပြရင်း ပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ် Head"
အဆင်ပြေတယ်သာပြောတာ ဆတ်သာအမြင်မှာတော့ နာကျင်မှုကို သည်းခံနေတဲ့ယောကို ဘယ်လိုမှ အဆင်ပြေနေတယ် မမြင်မိ။ ဖြစ်နိုင်ရင် ယောရဲ့နာကျင်မှုတွေကို သူ့ဆီသာ လွှဲပြောင်းယူလိုက်ချင်တယ်။
ဆတ်သာ အားမလိုအားမရဖြစ်ပြီး မျက်ရည်တွေဝိုင်းလာတာကို ယောတွေ့တော့ အလန့်တကြား မေးလိုက်သည်။
"Head ဘာဖြစ်လို့လဲ "
"....."
ဆတ်သာ ဘာမှပြန်မဖြေပဲ ယောရဲ့အနာကိုသာ စိုက်ကြည့်နေပြီး ခနကြာမှ ပြန်ဖြေလိုက်သည်။
"မင်းအဆင်ပြေပေမယ့် ကိုယ်အဆင်မပြေဘူး ယော။နောက်တစ်ခါ အခုလိုထပ်မဖြစ်မိစေနဲ့။ အဲ့ခါကျရင် ကိုယ်တကယ် သည်းခံနိုင်မှာမဟုတ်ဘူး"
"အင်း...."
ဆတ်သာပြောတဲ့စကားရဲ့ အဓိပ္ပါယ်ကို သိပ်ကိုဉာဏ်ကောင်းလွန်းတဲ့ ယောကတော့
ဆတ်သာမှာ Hemophobia ခေါ်
သွေးကြောက်တဲ့ရောဂါ ရှိတယ်လို့ ထင်သွားသတဲ့လေ။
ဆေးခန်းရောက်တော့လည်း စာအုပ်ထပ်တာကအစ ရေဆာလာလို့ ရေတိုက်တာအဆုံးကို ဆတ်သာကချည်း လုပ်ပေးနေသည်။ ယောတောင် နေရခက်လာတဲ့အထိ ဂရုစိုက်ပေးနေသည်။မတ်တပ်မတ်တပ်နဲ့ စိတ်မရှည်သလို စောင့်နေတဲ့ဆတ်သာကို ယောကြည့်ပြီး ခေါင်းတွေတောင် နောက်လာသည်။
"Head ငြိမ်ငြိမ်လေး ထိုင်နေလို့ရပါတယ်"
"လူတွေကလည်း များနေလိုက်တာ။ကိုယ့်အလှည့် မြန်မြန်မရောက်နိုင်ဘူး။အဲ့တာမှန်းသိရင် တခြားဆေးခန်း သွားပါတယ်"
ယောပြောတာကတခြား ဆတ်သာဖြေတာကတခြား။ ပြီးတော့ ကောင်းကောင်းမပြောဘူး။ ဆေးခန်းထဲကနေ ရိုက်လွှတ်ခံရမဲ့ ပြောပေါက်တွေ။
မိနစ်နှစ်ဆယ်လောက်ကြာမှပဲ ယောတို့အလှည့် ရောက်တော့တယ်။ ဆတ်သာ ပြောလည်း ပြောချင်စရာ။
အခန်းထဲရောက်တော့လည်း ယောတောင် တစ်ခွန်းမဟရသေးခင် ဆတ်သာကချည်း ဒဏ်ရာရဲ့ ရာဇဝင်ကို ရှင်းပြနေသည်။
"ဆရာမ သူ့ကို မနာအောင် လုပ်ပေးပါနော်။ လက်က နုနုလေးဆရာမရဲ့။သေချာလေး လုပ်ပေးပါနော်"
ဆတ်သာကို ဆရာဝန်မမကလည်း ပိုရန်ကော ဆိုတဲ့အကြည့်နဲ့ ကြည့်ရင်းပြောလိုက်သည်။
"ဟုတ်ကဲ့ပါရှင်။ ရှင်လေးရဲ့ ကလေးကို ကျွန်မသေချာဂရုစိုက်ပြီး ကုပေးပါ့မယ်ရှင်"
ဆရာဝန်မမရဲ့ အညှောင့်အသွားမလွတ်တဲ့ စကားကြောင့် ယောမျက်နှာတစ်ခုလုံး ပူခနဲ ဖြစ်သွားပြီး အငွေ့တွေပါ ထွက်လာသလို ခံစားနေရသည်။
ဆရာဝန်မမက အနာကိုစစ်ဆေးပြီး ဆေးထည့်ပေးနေတဲ့ တစ်လျှောက်လုံးလည်း လူနာဖြစ်တဲ့ ယောက အသံမထွက်ရပဲ ဆတ်သာကချည်း တအားအား တကျွတ်ကျွတ် ဖြစ်နေတာကတော့ အပိုထပ်ဆောင်း
သဲသဲကဲကဲ ဖြစ်နေမှုကြီးပါ။
******
နေသစ်ရဲ့ ရုံးခန်းထဲမှာတော့ ရှိန်းတစ်ယောက် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြနေသည်။
နေသစ်လည်း သေသေချာချာနားထောင်ရင်း မေးလိုက်သည်။
"ငယ်လေးနဲ့ အရင်ပြဿနာဖြစ်ကြတာပဲ ။ပြီးတော့ ယောက ဒေါသကြီးတယ်နော်။ အမြဲတမ်း ပြုံးရယ်နေတဲ့ယောကို အခုလောက် စိတ်ကြီးလိမ့်မယ် မထင်ထားဘူး"
"ဟုတ်တယ်Boss ။ ယောက ဒေါသထွက်ရင် တအားကြောက်ဖို့ကောင်းပြီး အနီးနားမှာရှိတာကို လက်နဲ့ရိုက်ချတာက အကျင့်ဖြစ်နေတာ။ ပြင်လို့လည်းမရဘူး"
"အင်း....ဇွဲမင်းထွန်းကိစ္စကိုတော့ ကိုယ်တာဝန်ယူလိုက်မယ် စိတ်မပူနဲ့"
"ဟုတ် ။ အဲ့ကောင် ပြောတာတွေလုပ်တာတွေက တရားလွန်တယ်"
"ညီရော ဘယ်နားနာသွားသေးလဲ ။ တစ်ခုခုဖြစ်သွားသေးလား"
နေသစ်မေးလိုက်တော့ ရှိန်း နေသစ်ကို မျက်နှာငယ်လေးနဲ့ကြည့်ပြီး
"နာသွားတယ်"
"ဘယ်နားလဲ ဆေးခန်းပြစရာရော လိုမလား"
"ဒီနားလေး နာနေတယ်။ခွန်နေသစ်ဆိုတဲ့ ဘဲကြီးကြောင့်"
နေသစ် အတည်မေးနေတာကို ရှိန်းကတော့ စပ်ဖြီးဖြီးနဲ့ ကိုယ့်ရင်ဘတ်ကို လက်ညှိုးထိုးပြရင်း
ဖြေလိုက်သည်။
နေသစ်ခမျာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှအခုလို flirtမခံရဘူးတော့ ဟန်မဆောင်နိုင်အောင် ဆွံ့အနေသည်။
"ကျွန်တော် အတည်ပြောတာ။ ကဲပါ ထားပါတော့ ကျွန်တော် အလုပ်သွားပြန်လုပ်လိုက်ဦးမယ်"
ရှိန်းထွက်သွားတဲ့အထိ နေသစ် ငူငိုင်နေတုန်း။ရှိန်းကို အလုပ်ထုတ်ပစ်ရအောင်လည်း နေသစ်မရက်စက်။
အဖြေပြန်ပေးရအောင်လည်း ကိုယ့်ခံစားချက်ကိုယ်တောင် ဘာမှန်းမသိ။
နေသစ်ခမျာ ရှိန်းကို ကြိုးရှည်ရှည်နဲ့ လှန်ထားသလို ဖြစ်နေပါရောလား။
*****
"ငယ်ငယ်တည်းက အကျင့်ဖြစ်သွားတာ။ မေကြီးတို့လည်း ပြောဖူးတယ်။ ယောက ငယ်ငယ်လေးတည်းက စိတ်ဆိုးရင် လက်နဲ့နံရံတွေကို ပြေးပြေးရိုက်တာတဲ့ ဟားဟား"
ပန်းကန်ကို ထိုးလိုက်ရသည့်အကြောင်းကို
ဆတ်သာမေး၍ ယော ဖြေနေခြင်းဖြစ်သည်။
"အသားနာသွားတာ မကောင်းမှန်းသိတယ်။ဒါပေမယ့် ပြင်လို့မရဘူး။ ကျောင်းမှာတုန်းကဆိုလည်း တစ်ခါက အဲ့လိုရိုက်ချလိုက်တာ ခုံအစွန်းက ထွက်နေတဲ့သံနဲ့ ထိုးမိပြီး မေးခိုင်ကာကွယ်ဆေးပါ သွားထိုးလိုက်ရတယ်"
ဆတ်သာ ယောကိုတစ်ချက်ဆွေကြည့်ပြီး သက်ပြင်းချလိုက်သည်။
"လူပုစိတ်တို"
"ကြားတယ်နော်"
"ကြားလည်းပြီးတာပဲ။ ဒါဆို အခုအိမ်ပြန်မလား"
ယော ပတ်တီးအပြည့်နဲ့ ကိုယ့်လက်ကို ကြည့်ပြီး သက်ပြင်းဖွဖွလေး ချလိုက်မိသည်။
"ရုံးမှာ အိတ်ပြန်ယူရဦးမယ် Head"
"OkOk အဲ့တာဆို ရုံးကိုအရင်သွားမယ်"
"နောက်နေ့တွေလည်း ခွင့်ယူရဦးမယ် ထင်တယ်။ ချီးထုပ်ကောင် ကောင်းကျိုးမပေးတဲ့ တတောင်းစားကောင်"
ယော ကိုယ့်လက်ကိုကြည့်ပြီး စူပုတ်ပုတ်နဲ့ ပွစိပွစိပြောနေတာကို ဆတ်သာကြားပြီး အကြံကောင်း တစ်ခုရသွားတာကြောင့် တစ်ချက်ပြုံးလိုက်သည်။
"အဟမ်း နောက်နေ့တွေ ရုံးဆင်းလို့ရတယ် "
"ဟင် ဘယ်လိုလုပ်ရမှာလဲ "
ယော တကယ်နားမလည်နိုင်။ခွန်ဆတ်သာက အတော်လေး အသည်းနှလုံးမဲ့တာပဲ။
လက်မှာပတ်တီးနဲ့လူကို ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်ခိုင်းမယ်။ ဘယ်လိုတောင် ဆီလျော်မှုမရှိရတာလဲ။
ယောစိတ်ထဲကနေ ပွစိပွစိပြောရင်း အူကြောင်ကြောင်နဲ့ မေးလိုက်မိသည်။
ဆတ်သာကတော့ အတော်လေး အူမြူးနေတဲ့စိတ်ကို ထိန်းပြီး မျက်နှာသေနဲ့ ပြန်ဖြေလိုက်သည်။
"ကိုယ့်ရုံးခန်းထဲမှာ ဆင်းရမှာ။ ကိုယ့်အတွက် နည်းနည်းဝိုင်းကူပေးရုံပဲ။ စိတ်မပူပါနဲ့ လက်တစ်ဖက်တည်းနဲ့ လုပ်လို့ရတဲ့ တာဝန်တွေပဲပေးမှာ"
"အဲ့တာက... "
"ငြင်းဖို့တော့ စိတ်မကူးပါနဲ့။ မင်းပဲစဉ်းစားကြည့်လေ မင်းလို အားကိုးရတဲ့သူက သုံးလေးရက်လောက်ခွင့်ယူရင် ကုမ္ပဏီကြီး ဘယ်လောက်တောင် နစ်နာသွားမလဲ။ဟုတ်တယ် မဟုတ်လား"
မြှောက်တိုင်းမြောက်တဲ့အထဲမှာ ယောမပါဘူးဆိုတာ ခွန်ဆတ်သာသိအောင် ပြောလိုက်ချင်သော်လည်း ဆတ်သာဆိုသည်မှာ ချုပ်ဆေး ကျွေးလွန်းတော့ ယောလည်း ခေါင်းသာငြိမ့်လိုက်ရသည်။
******
"ဟယ်..ယောက အစောကြီးပြန်လာတာလား"
ခြံရှေ့မှာရပ်လိုက်တဲ့ Ford Fusion ကားလေးပေါ်မှာ ယောကိုတွေ့နေရတာကြောင့် ယောရဲ့မေမေ ခြံရှေ့ကိုထွက်လာလိုက်သည်။
"လက်က သမီးကိုလာပြီး ရိသဲ့သဲ့ပြောတဲ့ အကောင်ကြောင့် ဒေါသထွက်ပြီး ပန်းကန်ကိုထိုးလိုက်မိလို့ ဖြစ်သွားတာ မေကြီး။ ဆေးခန်းလည်းသွားပြီးပြီ "
ကားထဲကနေ ယောထွက်လာတော့ လက်မှာလည်း ပတ်တီးနဲ့မို့ လန့်သွားသည့် မာတာမိခင်ကို ယော အလျင်အမြန် ရှင်းပြရသေးသည်။
ဆတ်သာကပါ ကားထဲကထွက်လာပြီး
"ဆတ်ကြောင့် ဆိုလည်းမမှားပါဘူး အန်တီ။ အဲ့လူက ဆတ်နဲ့အရင် ပြဿနာဖြစ်ပြီး ယောတို့ကိုပါပြဿနာရှာတာ "
ယောရဲ့အမေလည်း ယောရဲ့အကျင့်ကို သိနေတော့ သိပ်မထူးဆန်းပေမယ့် ယောကိုတော့ နောက်တစ်ခါ ထပ်မလုပ်မိဖို့ ပြောနေသည်။
မေကြီး သြဝါဒခြွေနေတာကို ယောကတော့ နားယဉ်နေပြီဖြစ်သည်။ ဆတ်သာခမျာ ကားဘေးနားမှာ မတ်တပ်လေးရပ်ပြီး ခေါင်းလေးငြိမ့်ရင်း ထောက်ခံလိုက်နဲ့ အောက်ဆီဂျင်လုပ်နေသည်။ (မီးလောင်ရာလေပင့် :3)
"လာပါ မေကြီးရယ် ။ ယော ဘာမှမဖြစ်ဘူး။အိမ်ထဲဝင်မယ်နော် မေကြီး လာလာ။ အိမ်ထဲသွားမယ်"
"ယောနော် ယော ။ မိန်းကလေးလေ လက်မှာ အမာရွတ်တွေ ဖြစ်နေရင်ဘယ်လှမလဲ ။ ဟင်းဟင်း ငါလေး သွေးတတ်တယ်နော် မိယော။ သြော်...ဒါနဲ့အခုလိုက်ပို့တဲ့ သမီးလေးက"
ယောမေမေကတော့ ယောကနေတစ်ဆင့် ဆတ်သာဘက်ကို မြှားဦးလွှဲသွားသည်။
"အာ..ဟုတ် အန်တီ ။ ဆတ်နာမည်က ခွန်ဆတ်သာပါ။ ဟိုးတနေ့ကလည်း ယောကို အိမ်ပြန်ပို့ဖူးတယ်လေ "
ယောမေမေဆိုတဲ့အတိုင်း ဉာဏ်ကောင်းပြီးသားဆိုတော့ အကြာကြီး မစဉ်းစားလိုက်ရ။
"သိပြီသိပြီ ။ ယောတို့Bossရဲ့ ညီမေလးဆိုတာ မဟုတ်လား။ အေးကွယ် အဲ့နေ့တုန်းက မိုးလည်း တအားချုပ်နေတော့ သေချာသတိမထားမိတာ"
"ဟုတ် အန်တီ"
"လာလေ သမီးလည်း အိမ်ထဲဝင်ဦး ။ အအေးလေးဘာလေး သောက်ပြီးမှပြန်"
ယောရဲ့မာတာမိခင်ကြီးကတော့ အနာဂတ်ရဲ့ ချွေးမလောင်းလျာလေးကို အိမ်ထဲခေါ်သွင်းနေသည်။
"မေကြီးကလည်း ရပါတယ်။ Headက အလုပ်တွေ လုပ်စရာရှိဦးမှာ။ ပြန်ပါစေ"
ယောကတော့ ယောက္ခမကြီးနဲ့ချွေးမလေးကြားထဲက သာသနာဖျက်လေးပေါ့။
"ဘယ်ကသာ။ ဝင်မယ် အန်တီ။ ဆတ်လည်း အအေးလေး သောက်ချင်နေတာနဲ့ အတော်ပဲ။ ပြီးတော့ ဆတ် နောက်နေ့တွေလည်း ယောကို အကြိုအပို့ လုပ်ပေးရမှာလေ အန်တီ"
ဆတ်သာ အောင်နိုင်သူလို ပြုံးဖြီးဖြီးလုပ်ရင်း ပြောနေသည်။
ယော မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်ပြီး အံသြလွန်းလို့ ကြောင်အနေတုန်း ဆတ်သာကတော့ ယောရဲ့မေမေနဲ့အတူ အိမ်ထဲကို ကြောင်လိမ္မာလေးတစ်ကောင်လို ဝင်သွားသည်။
******
ယောမေမေက အအေးသွားဖျော်နေတော့
ဧည့်ခန်းထဲက ဆိုဖာမွာ ဆတ်သာတစ်ယောက် ကျုံ့ကျုံ့လေးထိုင်ပြီး ယဉ်ကျေးလိမ္မာတဲ့ ဧည့်သည်လေး လုပ်နေသည်။ယောမှာ ဆယ့်ရှစ်နှစ်လောက်ရှိမဲ့ ညီမလေးတစ်ယောက်ရှိတာကို ဆတ်သာ ယောရဲ့facebook account ထဲဝင်ကြည့်ပြီးတည်းက သိထားသည်။
ယောက အမေတူလို့ချောပြီး အဖေတူလို့ အခုလောက် စိတ်ကြီးတာဖြစ်မည်။
ဆတ်သာ အခုလို ကောက်ချက်ချလိုက်ခြင်းက တခြားမဟုတ် ဧည့်ခန်းထဲက ချိတ်ထားတဲ့ပုံတွေထဲမှာ ယောဖေဖေရဲ့ ဂျူဒိုခါးပတ်နက်နဲ့ ပုံကြီးက ဆတ်သာကို စိုက်ကြည့်နေခြင်းကြောင့်ပေ။
ယောဖေဖေပုံကို အကဲခတ်နေတုန်း ယောမေမေက အအေးတစ်ခွက်နဲ့ မုန့်ပန်းကန်တစ်ခုကို လာချပေးလိုက်သည်။
"အအေးသောက်နော် သမီး။ မုန့်တွေလည်းစား အားမနာနဲ့"
"ဟုတ် အန်တီ ကျေးဇူးပါ"
"အေးကွယ် အန်တီ့သမီးလေးကို အခုလို ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်ကွယ်"
"မဟုတ်တာ အန်တီရယ်။ အခုဖြစ်သွားတာ ဆတ်ကြောင့်လည်းပါတယ်"
"အေးကွယ်။ သမီးလေးလည်း ဂရုစိုက်ဦးနော်။ သြော်...ဒါနဲ့ အန်တီ့နာမည်တောင် မပြောရသေးဘူးပဲ။ အန်တီက ဒေါ်စန္ဒာသွယ်။ဟိုပုံထဲကဦးလေးကြီးကတော့ အဲ့တာ ယောဖေဖေ ဦးဇော်မောင်။ သမီးငယ်လေးကတော့ ယောလရောင်။ ယောဖေဖေကတော့ ကန်ထရိုက်လုပ်တယ်"
"မေကြီးကလည်း Headက သန်းခေါင်စာရင်း လာစစ်နေတာမှမဟုတ်တာ။ အကုန်လုံး ပြောပြနေတော့တာပဲ"
ယောတစ်ယောက် သူ့အမေကို ဆူပုတ်ပုတ်ပြောပြီး
ဆတ်သာကိုတော့ ပေစောင်းစောင်းကြည့်ကာ အခန်းထဲတန်းဝင်သွားသည်။
ဆတ်သာနဲ့ယောမေမေကတော့ လေပေးတည့်ပြီး ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ အဆင်ကိုပြေနေရောပဲ။
*****
ဆယ်မိနစ်လောက်ကြာတော့ ယောတစ်ယောက် JJ ဘောင်းဘီအတိုကို အပေါ်ကover size တီရှပ်အကြီးကြီး
နဲ့တွဲဝတ်ပြီးထွက်လာသည်။
"ခွီး"
ယောရဲ့ပုံစံကိုကြည့်ပြီး ဆတ်သာမရယ်ပဲမနေနိုင်။တကယ့်ဂျစ်တူးပါကွာ။ရှေ့ချထားတဲ့ Bangကိုလည်း အုံးပင်စတိုင် ထောင်စည်းထားသေးတယ်။
"နောက်နေ့ ဘာလို့လာကြိုမှာလဲ Head"
ပြုံးစိစိဖြစ်နေတဲ့ဆတ်သာကို ယောတစ်ချက် ဘုကြည့်ကြည့်ပြီး မေးလိုက်သည်။
"မင်းလက်က ပတ်တီးနဲ့လေ။ YBSပေါ်ကို ဘယ်လိုတိုးစီးဖို့ စိတ်ကူးထားတာလဲ။ လူကဖြင့် ခွေးပစ်တဲ့တုတ်လောက်တောင် မရှိဘူး"
ဆတ်သာပြောပြီးမှ ပါးစပ်ကို အလျင်အမြန်ပိတ်ပြီး ယောမေမေကို ရယ်ပြပြီး မျက်နှာချိုးသွေးလိုက်သည်။သူ့အမေရှေ့မှာ သူ့သမီးကို ခွေးပစ်တဲ့တုတ်နဲ့ နှိုင်းတာ မသင့်တော်ဘူးထင်ပါ့။
"အန်တီ ကန်တော့နော်။ ဆတ် ပြောတာလွန်သွားတယ် ။ဆတ်ပြောချင်တာက ယောက ပိစိလေးမို့ စိတ်မချလို့ပါ"
"သြော်...ရပါတယ် သမီးရယ်။ သမီးပြောတာလည်း မှားမှ မမှားတာ။ တစ်အိမ်လုံး ထွားသလောက် ယောကျမှ မွေးတိုင်းမီဖြစ်နေတာ"
ဆတ်သာပြုံးစိစိလုပ်ရင်း ထောက်ခံနေသည်။
အလွန်တရာမှ လေပေးဖြောင့်နေသည့် မေကြီးနဲ့ခွန်ဆတ်သာကို ယောကြည့်ပြီး မျက်နှာကြီးတစ်ခုလုံး မှောင်မဲလာသည်။
"ဒါဆို ဆတ် ပြန်လိုက်ပါဦးမယ် အန်တီ"
"အေးအေး ဂရုစိုက်သွားဦး။ ယော လိုက်ပို့ပေးလိုက်လေ"
"ဟုတ်....."
ယော တမင်အသံရှည်စွဲဖြေပြီး မပို့ချင်ပို့ချင်နဲ့ ဆတ်သာကို ခြံဝထိ ပျင်းတိပျင်းရွဲလိုက်ပို့ပေးလိုက်သည်။
"မနက်ဖန် ကိုယ်လာကြိုမယ်နော် ယော ပိစိ"
ချစ်ဖို့ကောင်းနေတဲ့ ဂျစ်တူးလေးယောကို ဆတ်သာ ကားထဲမဝင်ခင် အသဲတယားကြည့်ပြီး ပြောလိုက်သည်။
ယောကတော့ ခေါင်းလေးတစ်ချက်ငြိမ့်ပြပြီးသာ အဖြေပေးလိုက်သည်။
~~~♥~~~