Hey! Mr.Rapper, I'm your Anti...

By HeatheryYM_9395

24.3K 3.8K 569

Everyone thinks that I'm his hardcore fan,Why??? More

01 [Intro]
03
04
05
06
07
08
09
10
Special Chapter : Travel blogspot.com
11
12
13
14
15

02

2.3K 367 76
By HeatheryYM_9395

Unicode |

လင်းထိန်နေတဲ့ အခန်းရယ်
အကျအနပြင်ဆင်ထားတဲ့ ပုံစံနှင့် အခန်းငယ်သည်
CF ရိုက်ကွင်းတခုရဲ့ Photo shoot
ဖြစ်ကြောင်းမှန်းလို့ရသည်က
အတန်းလိုက်ချိတ်ထားသော
နာမည်ကြီး အဝတ်အစား brandတစ်ခုရဲ့
Spring Collection ကြောင့်ပင်... ။

နှမြောစရာကောင်းစွာ
လင်းထိန်နေသော အခန်းငယ်နှင့်
ခြားနားကာ အုံ့မှိုင်းနေသည်ကတော့
Studioထဲမှာ ရှိကြတဲ့ လူတွေရဲ့စိတ်အခြေအနေ...

စည်းကမ်းတင်းကျပ်သည်ဟု
ကျော်ကြားပါသောPhotographer ရဲ့
အကြိမ်ကြိမ်စိတ်တိုင်းမကျမှုတွေကြောင့်
Model ကောင်ငယ်လေးသည်လည်း
မိနစ်သုံးဆယ်နားပြီး ရင်
နောက်တစ်ကြိမ် သေချာပြန်လုပ်ရမည်ဟူသော
ခပ်မာမာ စကားကြောင့် ထောင့်နားလေးမှာ
မျက်နှာငယ်လေးနှင့်
ငြိမ်ငြိမ်လေးသွားထိုင်နေရရှာသည်။

သူ့ဘေးနားက မန်နေဂျာဖြစ်ဟန်တူတဲ့တစ်ယောက်ကတော့
ငိုတော့မလိုဖြစ်နေတဲ့ ကောင်ငယ်လေးကို
ချော့မော့နေဟန်တူသည်။

ဝန်ထမ်းတွေအားလုံးကတော့
ကောင်ငယ်လေးကို သနားလျက်
ဒီဓာတ်ပုံဆရာက ဘာဖြစ်နေတာလဲ
တော်ရုံပဲလုပ်ပေါ့
ဘာလို့အဲ့လောက် တင်းကျပ်နေလဲ
တီးတိုးပြောရင်း စိတ်မကောင်းဖြစ်နေကြသည်။


**မန်နေဂျာ hyung ကျွန်တော် စိတ်ညစ်လွန်းလို့ရူးတော့မယ်ထင်တယ်.... မရိုက်တော့ဘဲ ပြန်တော့မယ်မဟုတ်ဘူး အဲ့တစ်ယောက်ကို တစ်ချက်လောက်ထိုးပြီးမှပြန်မယ်**

**Jiminine စိတ်လျှော့ပါ သည်းခံ ခဏပဲ သည်းခံရမှာပါ ခုလည်းပြီးသလောက်ရှိနေပါပြီ ဒီ CF က အရေးကြီးတယ်လေ နော် Jiminလည်းသိပါတယ်**

တစ်ခြားသူတွေနှင့် ခြားနားစွာ
Jiminတစ်ယောက်
စိတ်ထဲမှာ တော်တော် ဒေါသထွက်နေပြီဆိုတာကို
သိသော မန်နေဂျာအကိုကတော့
အတင်းဖြောင်းဖျနေရရှာသည်။

အမှန်တော့ Jiminသိပါတယ်
ဒါက မန်နေဂျာ အကို ကို
ဒီလို ပြောလည်း ပြီးသွားမှာမဟုတ်..

ပြီးတော့ ဒီလို နာမည်ကြီး Brand ရဲ့
Season Collection တခုလုံးရဲ့
Model ဖြစ်ဖို့ဆိုတာ
သူ့လို တက်သစ်စ မင်းသားပေါက်စလေး
တစ်ယောက်အတွက် အခွင့်အရေးကြီးတခုဖြစ်နေတာမို့
ဒီ ရစ်ထုတ် ဓာတ်ပုံဆရာကို သည်းခံနေရတာပင်။
ဘာ နာမည်ကြီး ဓာတ်ပုံဆရာလည်း
မသောက်ပဲ မူးလာတဲ့ အရစ်ထုတ်.. ။

ဒေါသကြီးတဲ့ မင်းသားငယ်လေးကတော့
ဒေါသထွက်လွန်းလို့ ...
ဘာမှမပြောနိုင်တော့ဘဲ...
စိတ်ထဲကနေပဲ ကျိန်ဆဲရလွန်းလို့ဆိုပေမဲ့
နဂိုရုပ်ခံလေးကကို ချောမော ပြီး
ချစ်စဖွယ် လေးမို့
အားလုံးရဲ့ အမြင်မှာတော့
မတရားအနိုင်ကျင့်ခံနေရတဲ့
ကလေးလေးပုံစံပေါက်ပြီး သနားဖွယ်ဖြစ်နေတော့သည်။

**သိပါတယ်.. ထားတော့... Hyung နောက်တခါဒီတစ်ယောက်နဲ့ ထပ်မရိုက်ဘူး နော် **

**အင်းပါ အင်းပါ ခုတော့သေချာလေး ကြိုးစားလိုက်ဦးနော် .. Jiminလေး မောနေလား ရေသောက်မလား အအေး သောက်မလား**

**တော်ပြီ . ကျွန်တော့်ဖုန်းလေးပဲပေး**

**ဖုန်းလား**

**အင်း... **

**ဘာလုပ်ဦးမလို့လဲ ထပ်ပြီး line ပေါ်တက်ပြီး Rapper Min ကိုဆဲဦးမလို့လား **

**ဒါပေါ့ မနေ့က သူ့ musi video အကြောင်းကျွန်တော် postတင်ထားတယ် လူတွေ ဘာတွေရေးထားလဲ ကြည့်ရမှာပေါ့ **

**Jiminnah မင်း အဲ့လိုပဲလုပ်နေလိုက် တစ်နေ့ နေ့အဲ့လိုလုပ်နေတာ တွေ သူ့fanတွေသိသွားရင်တော့နော် ငါမတွေးရဲဘူးသိလား... မင်းလို မင်းသားပိစိပေါက်စလေးကိုလေ သူ့fan တစ်ဝက်လောက်ကတင်ပဲ အမှုန့်ချေပစ်လိုက်လို့ရတယ် **

**Hyung ကလည်း သိမှမသိသေးတာ... အာ.. ပေးပါတော့ဗျာ... ကျွန်တော်စိတ်ညစ်နေတာလေးပျောက်သွားအောင် Min Yoongi အကြောင်းဖတ်ရမှဖြစ်မယ် **

ကောင်းလိုက်တဲ့အပြောလေး
ငါသာ မင်း accကိုသိမနေဘူးဆို
Min Yoongiရဲ့ big fan လို့ထင်မိတော့မှာပဲ.... ။

Min Yoongiကိုဆဲထားတာထိုင်ကြည့်ပြီး
ရယ်မယ်လို့ တိုက်ရိုက်မပြောဘဲ
သွယ်ဝိုက်ပြောရတာကတော့
ဘေးမှာ လူတွေရှိနေလို့ဆိုတာ သူပဲသိတယ်။

ဟိုက သီချင်း အသစ်ထွက်တိုင်း
Chart တွေမှာ #1 ချိတ်တဲ့ ဂီတနတ်ဘုရား
ဆို သတိလေးဘာလေးရပါဦးပြောတော့လည်း
သိတာပေါ့
သူ့ကို anti လာတာ နှစ်ချီနေပြီ
မအောင်မြင်ထဲကစ anti တာ
ခုအောင်မြင်တဲ့အထိ သစ္စာ ရှိစ္စာ anti နေတုန်းပါဆိုပြီး ဂုဏ်ဆာပြီး လာပြောနေဦးမယ်
လူတွေကြားလို့မဖြစ်ဘူး ...
မတတ်နိုင်တဲ့အဆုံးတော့သူ့မှာ ဖုန်းကို
လက်ထဲထည့်ပေးလိုက်ရုံသာ... ။

သူ့ဖုန်းလေးလက်ထဲရောက်လာတာနှင့်
Jimin ကတော့ Log in ဝင်ပြီးသား
သူ့ acc ထဲဆီ တန်းဝင်ရင်း ကြည့်နေတော့သည်။

@Calico Minine ဆိုသော
ချစ်စရာ acc nameလေးနှင့်
မလိုက်ဖက်လှပါသော
သူ့Bioရှိစာသားများကဤသို့နှယ်...

အားလုံးပဲ Min Yoongi ကိုများများဆဲပေးကြပါ။
နေ့သစ်တိုင်းမှာ ကျွန်တော်နဲ့အတူတူ
Min Yoongiကို ပျော်ပျော်ကြီး ဆဲကြပါစို့.... ။

ဤသို့သော bio စာသားကြောင့်
သူ့postများအောက်တွင်ရော
Private chatပါပို့ပြီး လာဆဲကြသော
Yoongi fan များကလည်း မနည်းမနောပါပဲ.. ။

ဒါလောက်ကတော့ Jimin တို့မမှုပါ
မင်းတို့သိအောင် ဂုဏ်ယူစွာ
ပြောရရင်တော့ဖြင့် Jiminသည်ကား
Min Yoongiရဲ့ Hater တွေထဲမှာ
အဆဲခံရခြင်းနှင့် တိုက်ရိုက်အချိုးကျစ
သူတစ်ယောက်ထဲသာ အကျော်ကြားဆုံးနှင့်
Follower အများဆုံး သူပင် ။

Hater ကြီး နောက်ဆုံး တင်ထားသော
Postသည်ကား Yoongiရဲ့ MV အသစ်မှ
ဇာတ်ဆောင်မင်းသမီးက Yoongiအားနမ်းနေသည့်
အခန်းအား screenshot ရိုက်ကာ
မှတ်ချက်ပေးရင်း တင်ထားခြင်းဖြစ်သည်။

မင်းသမီးမှYoongiအား
ဖြတ်ခနဲခဏခဏနမ်းလိုက်သည့်ပုံစံ
ချစ်စရာကောင်းအောင်ပုံဖော်ထားသော်လည်း
အမြင်ကတ်သောအကြည့်နှင့် ကြည့်သော
Jimin ၏ အမြင်ကတော့ တမျိုးမြင်ပုံရသည်။

@Calico_Minine

|မင်းတို့ကြည့်ကြည့်.... မင်းသမီးက Min Yoongiပါးကိုနမ်းနေတာက တမွမွနဲ့ပြီးကို မပြီးတော့ဘူး နမ်းတာနဲ့မတူဘူး ငါတော့ ဂေါ်ဖီထုပ်ကို ဝက်ထိုးနေသလိုပဲ မြင်တယ် haha hah... |

[LoL အား ကြီးနဲ့ 😂]

[အား သေပြီဟဲ့ ဘယ်လိုတောင်ပြောချ]

[စလာပါပြီ ငါတို့ Yoongi oppaရဲ့ Legendary Haterကြီး]

[ဒါပေမဲ့ သူပြောတာတွေက Yoongiကို မဟုတ်လဲ ဟိုမင်းသမီးကို ဖဲ့နေသလိုပဲ ]

[Haha ဟုတ်ပ ]

[ဟဲ့ Calico ငါတို့oppaက ဂေါ် ဖီထုပ်မဟုတ်ဘူး]

[အမှန်တော့ မုန်ညင်းဖြူထုပ်ကြီးပါ သူက ဖြူဖြူကြီး ဟားဟား ]

[ဒီတစ်ယောက်က attention ရှာနေတာပဲ]

[ဒါပေမဲ့ သူ့attention ကြီးက သောက်ရမ်းရယ်ရတယ်😂😂😂]


[MV stream တိုင်း အဲ့နေရာရောက်ရင်လေ ငါလေ ဂေါ်ဖီထုပ်ကြီးကို ဝက်ကြီးအားပါးရ စားနေတာပဲမြင်ယောင်နေတယ်]

[ငါရောပဲ ငါရော ကယ်တင်ကြပါဦး မခံစားနိုင်တော့ဘူး အူတက်နေပြီ ]

[Yoongi oppaက အထူးတလည် romantic ဖြစ်အောင် ရိုက်ထားပေးပါသော်လည်း ဒီတစ်ယောက်ကြောင့် ပျက်စီးသွားပြီ ]

[မရတော့ဘူး ငါထိန်းချုပ်မနိုင်တော့ဘူး ဒီဂေါ်ဖီထုပ်အကြောင်း ငါmeme လုပ်တော့မယ်]

[ဟဲ့ 24 hours ပြည့်မှ လုပ်ပါဟယ်]

[မရတော့ဘူး အရမ်းtroll ချင်နေပြီ ]

[Hello... 24 hours မပြည့်သေးဘူး stream ကြပါ ဒီမှာ လာယောင်မနေနဲ့ ]

[Project ကပြည့်ပါတယ် ခဏလာနားနေတုန်းပါ သူလည်းရောက်လာပြီးတော့များ]

[အဟီး ငါလည်းလာခွီတာလေ ငါ့မှာ သူ့ကို Yoongi oppaနဲ့အတူတူ See first တောင်လုပ်ထားရတာ Yoongi oppaကိုပြောသမျှတွေကရီရလို့ ]

[Idol နဲ့ သူ့ Hater ကို အတူတူ followထားတာ ငါတို့fandomပဲရှိမယ် ဟားဟား]

အခုတော့အားလုံးသိလောက်ကြပြီတူပါရဲ့
Jiminက ဘာလို့ Followerတွေများနေလဲဆိုတာ.. ။

သူများတွေ ဝိုင်းပြောနေသော်လည်း
ခုချိန်ထိ Yoongi anti - fan အကြီးစား ကြီးကတော့
MV အသစ်ကို အထပ်ထပ်အခါခါကြည့်နေဆဲ..

မျက်လုံးထောင့်ကပ်ရင်း
ကြည့်နေတဲ့ သူ့မန်နေဂျာအကိုကိုတော့
ပြန်ချေပပါလိမ့်မည် ။

Hey ဒါက stream တာမဟုတ်ဘူး
များများကြည့်ပြီး
များများအပြစ်တွေ့အောင်ရှာဖို့လုပ်နေတာ
Ok?😎🙄

###

ဒါလေးကို Mr.Tom နဲ့ တွဲတင်မယ်နော်
တစ်လှည့်စီလောက်ပေါ့
ချစ်ပေးကြပါဦး မင်းတို့ ချစ်ပေးမှ
heatheryလေးလည်း upဖို့ အားရှိမှာပေါ့လို့❤️


Zawgyi |


နှမြောစရာကောင်းစွာ

မျက်နှာငယ်လေးနှင့်

ချော့မော့နေဟန်တူသည်။

တော်ရုံပဲလုပ်ပေါ့




Jiminတစ်ယောက်

ဒါက မန်နေဂျာ အကို ကို

Model ဖြစ်ဖို့ဆိုတာ

ဒေါသထွက်လွန်းလို့ ...
ချစ်စဖွယ် လေးမို့




**ဖုန်းလား**

**အင်း... **







သိတာပေါ့


@Calico Minine ဆိုသော
မလိုက်ဖက်လှပါသော





မင်းသမီးမှYoongiအား

@Calico Minine


[LoL အား ကြီးနဲ့ 😂]




[Haha ဟုတ်ပ ]


















ပြန်ချေပပါလိမ့်မည် ။

များများကြည့်ပြီး
Ok?😎🙄

###

တစ်လှည့်စီလောက်ပေါ့

Continue Reading

You'll Also Like

1M 63.3K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.1M 35.9K 62
π’π“π€π‘π†πˆπ‘π‹ ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 π–π‡πˆπ‚π‡ jude bellingham finally manages to shoot...
191K 6.8K 96
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
1.3M 56.2K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC