Zawgyi
NT Group Companyရဲ႕ canteenမွာ ႐ွိန္းနဲ႔ေယာ ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္ၿပီး ကိစၥတစ္ခုကို တီးတိုးေဆြးေႏြး ေနၾကသည္။
ကိစၥကေတာ့ ခြန္ေနသစ္ကို ႐ွိန္းဖြင့္ေျပာလိုက္သည့္ ကိစၥေပ။
"နင့္ဟာက အခုပဲ ေဆးရံုဆင္းတာ သံုးရက္႐ွိၿပီ။အေျဖလည္းမရေသးဘူး။ ဘာမွလည္းဆက္မျဖစ္ၾကဘူး"
ေယာ မေက်နပ္သလိုေျပာလိုက္သည္။
"အင္းေလ ။ အဲ့ဘျဲကီးတမင္ မူေနတာ "
႐ွိန္းလည္း သိပ္ေတာ့ၾကည္လင္မေနပါ။
"ဒါမွမဟုတ္ နင္ေသခ်ာ မေျပာမိလို႔လား"
"ေယာရယ္ ငါလားေသခ်ာမေျပာရမွာ ။နင္နဲ႔Headနဲ႔ ထြက္သြားေတာ့ ငါေသခ်ာ ျပန္ေျပာလိုက္ေသးတယ္"
႐ွိန္းေျပာေနတာေတြက အမွန္ပင္။
လြန္ခဲ့ေသာသံုးရက္ ခြန္ေနသစ္ ေဆးရံုတတ္တဲ့ရက္က ေယာကို ခြန္ဆတ္သာ လိုက္ပို႔တဲ့အခ်ိန္မွာ ေနသစ္နဲ႔႐ွိန္း ႏွစ္ေယာက္တည္း က်န္ခဲ့သည္။
ေလထုက တအားေတြ ေအးလာၿပီး ႏွစ္ေယာက္စလံုး အေနခက္ေနသည္။ မေျပာမၿပီး မတီးမျမည္ဆိုတဲ့အတိုင္း ႐ွိန္းဘက္ကပဲ စေျပာလိုက္သည္။
"ကြၽန္ေတာ္ ေစာနကေျပာတဲ့"
"ညီ ေနာက္က်ေနၿပီေလ။ မနက္လည္းရံုးတတ္ရမွာဆိုေတာ့ ျပန္ေတာ့ေလ ညီ"
႐ွိန္းေတာင္စကားကို ဆံုးေအာင္မေျပာရေသး။စကားလမ္းေၾကာင္း လႊဲလိုက္တဲ့ ေနသစ္ေၾကာင့္ ႐ွိန္းအေတာ္ေလး စိတ္ခုသြားသည္။
"ခ်စ္တယ္။ ကြၽန္ေတာ္ ခြန္ေနသစ္ကို တကယ္ခ်စ္တာ"
"....."
ဆြံ႔အေနသည့္ေနသစ္ကို ဆြဲနမ္းပစ္ခ်င္တဲ့စိတ္ကို ႐ွိန္း ထိန္းခ်ဳပ္ထားရသည္။
"ကြၽန္ေတာ္ ခင္ဗ်ားႀကီးကို သေဘာက်တယ္။အေျဖက ေသခ်ာစဥ္းစားၿပီးမွ ေပးပါ။အခုေတာ့ ကြၽန္ေတာ္ျပန္ေတာ့မယ္။ ခနေနရင္ Headလည္း ျပန္လာေတာ့မွာ"
႐ွိန္း ေျပာေျပာဆိုဆိုနဲ႔ ထြက္လာခဲ့သည္။အေနာက္မွာ ေနသစ္ဘယ္လိုျဖစ္ၿပီး က်န္ခဲ့မလဲဆိုတာေတာ့ မသိေတာ့ေပ။
"ဒါပဲ.. ငါလည္း အဲ့လိုေျပာၿပီး ျပန္သြားလိုက္တာ"
ေယာတစ္ေယာက္ ေဘးကခ်ထားတဲ့ ေရဘူးေလးနဲ႔ ႐ွိန္းေခါင္းကို ဂြပ္ခနဲမည္ေအာင္ ထုခ်လိုက္သည္။
"နင့္ကို ခြန္ေနသစ္ အေျဖျပန္မေပးတာလဲ မေျပာနဲ႔။ငါသာဆိုလည္း မေပးဘူး။ရည္းစားစကား ေျပာတာက အေႂကြးေတာင္းတာ က်ေနတာပဲ။ ႏူးညံ့မႈကို မ႐ွိဘူး"
႐ွိန္းကေတာ့ အထုခံလိုက္ရသည့္ ေခါင္းေလးကိုပြတ္ရင္း
"ငါလည္း အဲ့လိုပဲ ေျပာတတ္တာေလ။ မသိဘူး မသိဘူး။ အဲ့ဘဲနာႀကီး ဒီ့ထပ္မူေနရင္ ငါကားတင္ေျပးမယ္"
"အမေလး။ အသာလုပ္ပါ"
႐ွိန္း လူယုတ္မာအျပံဳး ျပံဳးျပလိုက္သည္။
"ဒါနဲ႔ နင္နဲ႔Headကေရာ အေျခအေနဘယ္လိုလဲ"
႐ွိန္းရဲ႕ အေညႇာင့္အသြားမလြတ္တဲ့ ေမးခြန္းကိုမေျဖခင္ ေယာ မ်က္ေစာင္းထိုးဝိုင္းမွာ တစ္ေယာက္တည္း ထိုင္စားေနတဲ့ ခြန္ဆတ္သာကို လွမ္းၾကည့္လိုက္မိသည္။ခါတိုင္းေန႔ေတြမွာေတာ့ ခြန္ေနသစ္နဲ႔အတူ ထိုင္ေလ့႐ွိေပမဲ့ ဒီေန႔မနက္ထဲက ခြန္ေနသစ္ကိုမေတြ႔မိ။
"ဘယ္လိုမွမေနဘူး"
ေယာ တိုတိုေတာင္းေတာင္းသာ ေျဖလိုက္သည္။
႐ွိန္းကေတာ့ မယံုသလိုနဲ႔ မ်က္ခံုးတစ္ဖက္ ပင့္တင္ျပလိုက္သည္။
"စားမွာျဖင့္စား"
ေယာ ေဘာက္ဆတ္ဆတ္ေျပာလိုက္သည္။
ဒီေန႔ေတာ့ ဆတ္သာတစ္ေယာက္တည္း ထိုင္စားေနရသည္။ ကိုကိုက မနက္အေစာႀကီးတည္းက အလုပ္ကိစၥနဲ႔ အျပင္ထြက္သြားသည္။ မ်က္ေစာင္းထိုး ဝိုင္းမွာေတာ့ ႐ွိန္းနဲ႔ေယာ ထိုင္ေနတာကို ဆတ္သာသိသည္။ဒါေပမယ့္လည္း ေယာကိုဘယ္ေလာက္ပဲ ျကိဳက္ႀကိဳက္ အတင္းေတာ့ ဝင္မေရာခ်င္တာအမွန္။ဟိုတေန႔ကမွ ေယာအေၾကာင္းပိုခ်င္လို႔ ေယာရဲ႕ fackbook accountကို သိရဖို႔ ကုမၸဏီက Accountantေတြရဲ႕ GPထဲကို ဝင္လိုက္သည္။ ေယာရဲ႕ Profileကလည္း အဆန္းႀကီး။တရုတ္႐ိုးရာဝတ္စံု အစိမ္းေရာင္ဝတ္ထားတဲ့ ခပ္ေခ်ေခ်ာ ေယာက်ၤားတစ္ေယာက္က လက္ခလယ္ေထာင္ျပထားသည့္ ပံုျဖစ္သည္။ Bio မွာေတာ့ တ႐ုတ္လိုေတြေရာ ထိုင္းလိုေတြေရာ ႐ႈပ္႐ွပ္ကိုခတ္ေနတာပဲ။Relationship infoမွာ Single ဆိုေတာ့ ဆတ္သာ လက္သီးလက္ေမာင္းတန္းၿပီး ေအာင္ပြဲခံလိုက္သည္။ သူ႔ပံုေလးမ်ား ေတြ႔ရမလားဆိုၿပီး photosထဲ ဝင္ၾကည့္မိပါတယ္။ ပံုတစ္ရာ႐ွိရင္ ကိုးဆယ္ေလာက္က idolေတြရဲ႕ပံုေတြ။ ဆယ္ပံုေလာက္ကေတာ့ အေသအခ်ာ႐ိုက္ထားတဲ့ သူ႔ပံုေလးေတြမို႔ ေတာ္ေသးတာေပါ့။ေနာက္ဆံုး shareထားတဲ့ postကေတာ့ Koreaက Seulgiဆိုတဲ့ idolေကာင္မေလးပံု ေတြျဖစ္သည္။ Captionကလည္း * ခ်စ္ဇနီးGi*တဲ့။ ေသခ်ာၿပီေလ။ ေယာကလည္း အေျဖာင့္တစ္လိုင္း မဟုတ္ဘူးဆိုတာ။
ဒါဆို ႐ွိန္းနဲ႔ကလည္း သူငယ္ခ်င္းပဲဆိုတာ ေသခ်ာသေလာက္နီးပါး ႐ွိသြားၿပီေပါ့။
ဆတ္သာတစ္ေယာက္ အေတြးေတြထဲမွာ နစ္ေျမာေနတုန္း ဆတ္သာရဲ႕ လက္ေမာင္းႏွစ္ဖက္ကို အေနာက္ကေန လာကိုင္လိုက္တဲ့ လူတစ္ေယာက္ေၾကာင့္ ဆတ္သာ လန္႔သြားသည္။
"Hi ကို႔ကို မွတ္မိလား ခြန္ဆတ္သာ"
ဆတ္သာရဲ႕ လက္ေမာင္းကို လာကိုင္တာကို ဆတ္သာ အေတာ္ေလး ေဒါသထြက္သြားေပမယ့္ ဆတ္သာေရွ႕မွာ လာထိုင္ေနတဲ့ ထိုလူကို ျကည့္လိုက္မိေတာ့ ကိုကို႔ရဲ႕ မိတ္ဖက္ကုမၸဏီက သူေဌးရဲ႕သား ျဖစ္ေနတာေၾကာင့္ ေသာက္ခြက္ထ႐ိုက္မဲ့ အေတြးကို ႐ုတ္သိမ္းလိုက္သည္။
"မွတ္မိပါတယ္။ ဟိုးတေလာက ညစာစားပြဲတုန္းက ေတြ႔ဖူးတဲ့ MT Groupက သားမဟုတ္လား"
မေကာင္းတတ္လို႔ စကားေကာင္းေကာင္း ျပန္ေျပာလိုက္သည္။ဒါကို ဒင္းကမိႈရတဲ့ ေသာက္ခြက္နဲ႔
"ဟုတ္ပါတယ္။ကို႔ နာမည္က ဇြဲမင္းထြန္းပါ"
ေျပာလည္းေျပာရင္း လက္ဆြဲႏႈတ္ဆက္ဖို႔ လာကမ္းေပးေနသည္။ ဆတ္သာလည္း မေကာင္းတတ္ေတာ့ လက္ဆြဲႏႈတ္ဆက္ ေပးလိုက္သည္။
"ကိုတို႔ဒီည ညစာသြားစားၾကမလား။ ဆတ္သာ အားမယ္ဆိုရင္ေပါ့"
"မအားဘူး"
ဆတ္သာ တိုတို႐ွင္း႐ွင္း ေျဖလိုက္ေတာ့ အစစ္ေကာင္ခမ်ာ အီးနင္ေနတဲ့႐ုပ္နဲ႔။ ျမင္ေယာင္ၾကည့္ပါ ။ေယာရဲ႕ wallထဲ ဝင္ၾကည့္ၿပီးမွ ကိုယ္ေတာင္ ေဝါဟာရေတြ ႂကြယ္ဝလာသည္။ေယာက အစစ္ေကာင္ဆို လံုးဝၾကည့္မရတာကို ေတြးမိေတာ့ ဆတ္သာ ဒီလူ႔ကိုပိုၿပီး ေသာက္ျမင္ကတ္လာသည္။ အသက္ကလည္း ဆတ္သာနဲ႔ရြယ္တူျဖစ္ၿပီး
ဒီလူ႔႐ုပ္ရည္နဲ႔ဆို ခပ္ေခ်ာေခ်ာ ေကာင္မေလးေတြ ရႏိုင္ပါတယ္။ဆတ္သာကေတာ့ သူ႔ကို အစစ္ေကာင္ထက္ကို ပိုျမင္လို႔မရ။
"ဒါဆို ဒီေန႔မရလည္း ေနာက္ေန႔ေပါ့"
"...."
ဆတ္သာ တစ္ခ်က္သာ ျပံဳးျပလိုက္သည္။ ေလကုန္ခံၿပီး ေျပာမေနေတာ့။
"ဒါဆို ေနာက္ေန႔Dateမယ္ေနာ္"
"ကိုယ္က Dateမယ္ေျပာမိလို႔လား။ Dateဖို႔စိတ္ကူးမ႐ွိဘူး။ ကိုယ္ Dateခ်င္တဲ့သူက ႐ွိၿပီးသားမို႔။ sorry ကိုဇြဲမင္းထြန္း"
ဆတ္သာအျပတ္သားဆံုး ျငင္းလိုက္သည္။ဇြဲမင္းထြန္းတစ္ေယာက္ အခုလို အျငင္းခံရတာ ပထမဆံုးျဖစ္ေနေတာ ့ခံျပင္းသြားသည္။ဒါေပမယ့္ လက္ေလ်ွာ့လိုက္ဖို႔ အစီအစဥ္မ႐ွိ။
"ကို ျပန္လိုက္ဦးမယ္။Dateဖို႔ကိုေတာ့ ကို ႀကိဳးစားေနဦးမွာေနာ္ ဆတ္။ ကို ဆတ္ကို သေဘာက်တာမို႔လို႔"
သေဘာက်တာကို အေကာင္းမေျပာပဲ ျပန္သြားခါနီးမွ ွဆတ္သာရဲ႕ ပုခံုးေပၚလက္ကို တင္ၿပီး နားနားကပ္ကာ ေျပာလိုက္သည္။တျခားသူေတြျမင္ရင္ တမ်ိဳးတစ္မည္ စဥ္းစားသြားႏိုင္သည္။
ဆတ္သာ ပခံုးေပၚလာတင္တဲ့လက္ကို ဆတ္ခနဲ ဆြဲဖယ္ရင္း ထရပ္လိုက္သည္။
"ဒီမွာ နင္...နင့္ကိုငါ ေျပာထားမယ္ ။ငါ့အသားကို လာကိုင္တာကို ငါနည္းနည္းေလးေတာင္ မသတီဘူး။နင္နဲ႔ငါက ဘာအကန္႔မွမရွိဘူး ။ ငါ့ကိုလာၿပီး နင္ေတြ႔ဖူးတဲ့ မိန္းကေလးေတြလို ပိုင္စိုးပိုင္နင္း လာမလုပ္နဲ႔"
ဆတ္သာ ေဒါသထြက္လာရင္ အသံေတြက ပိုၿပီးတိက်ျပတ္သားလာၿပီး ေျပာသမ်ွစကားတိုင္းက နားဝင္ခ်ိဳေနစရာ အေၾကာင္းမ႐ွိ။ ကန္တင္းတစ္ခုလံုးက လူေတြကလည္း ဆတ္သာနဲ႔ထိုလူကို ျကည့္ေနၾကသည္။
ေယာလည္း ျဖစ္ေၾကာင္းကုန္စင္ကို ေတြ႔ေနရေတာ့ အဲ့လူကို မ်က္ခြက္ေတြခ်ည္း ဆြဲျဖဲပစ္ခ်င္သည့္စိတ္ကို မနည္းထိန္းထားရသည္။
ဇြဲမင္းထြန္းကေတာ့ လူပံုအလယ္မွာ အ႐ွက္ခြဲခံလိုက္ရေတာ့
ေဒါသေထာင္းခနဲ ထြက္သြားၿပီး ဆတ္သာကို အံႀကိတ္သံနဲ႔ ေျပာလိုက္သည္။
"မင္း လုပ္ထားဦးေပါ့။ ေနာက္မွငါ့အေၾကာင္း ေကာင္းေကာင္းသိမယ္"
ဆတ္သာကေတာ့ လက္ကိုပိုက္လိုက္ရင္း မဲ့ျပံဳးတစ္ခ်က္ျပံဳးၿပီး
"Hk ျမန္မာကားထဲက ေလသံနဲ႔။ As you likeပါ Bro။အခုေတာ့ ျပန္လို႔ရပါၿပီ"
ဆတ္သာရဲ႕ မထံုတေထး မ်က္ႏွာထားေၾကာင့္ ဇြဲမင္းထြန္း ေတာက္တစ္ခ်က္ေခါက္ၿပီး လွည့္ထြက္သြားသည္။
ဇြဲမင္းထြန္း ျပန္လွည့္လာရင္း ေယာတို႔စားပြဲေပၚကို ေသာက္လက္စေဆးလိပ္ကို ပစ္ခ်လိုက္သည္။ကံဆိုးမသြားေလရာ မိုးလိုက္လို႔ရြာ ဆိုသလို ေဆးလိပ္က ေယာရဲ႕ ထမင္းပန္းကန္ထဲကို တည့္တည့္မတ္မတ္ ဝင္သြားသည္။ ဇြဲမင္းထြန္း ေတြ႔လိုက္ေပမယ့္ ဘာမဟုတ္တဲ့ သာမာန္ဝန္ထမ္းေလးဆိုတဲ့ အေတြးနဲ႔ ျပန္ေတာင္းပန္တာမ်ိဳး မလုပ္။
ေယာတစ္ေယာက္ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး ထရပ္လိုက္သည္။႐ွိန္းလည္း ထိုလူ႔လုပ္ရက္က အေတာ္ေလး ေအာက္တန္းက်မွန္း သိသျဖင့္ ေယာကိုမတားမိတဲ့အျပင္ ထိုလူ႔ကို ဆြဲထိုးဖို႔ပါ စိတ္ကူးထားသည္။
"ဟို လူ႔ငႏြားေကာင္ နင္အခုခ်က္ခ်င္း ျပန္လာခဲ့စမ္း"
ေယာရဲ႕ ျပင္း႐ွလွတဲ့ vocalေၾကာင့္ ဇြဲမင္းထြန္း ေျခလွမ္းေတြကိုရပ္လိုက္ၿပီး ေနာက္ျပန္လွည့္လိုက္သည္။
"ငါ့ကိုေျပာတာလား"
မိမိကိုယ္ကို လက္ညႇိဳးထိုးရင္း မထီမဲ့ျမင္႐ုပ္နဲ႔ ေမးလိုက္သည္။
"ဟုတ္တယ္ နင့္ကိုေျပာတာ "
ေယာလည္း လက္ညႇိဳးထိုးရင္း တစ္ခြန္းစီကို ပီသစြာ ျပန္ေျဖလိုက္သည္။
"ဘာလဲ ဘာလုပ္ေပးရမလဲ။ မင္းထမင္းပန္းကန္ထဲကို ငါ့စီးကရက္ဝင္သြားတာ မဟုတ္လား။ ေရာ့ ဒီမွာ ထမင္းဖိုး။ ပိုေတာင္ပိုေသးတယ္။ သြားျပန္ဝယ္စားလိုက္"
မေတာင္းပန္တဲ့အျပင္ တစ္ေသာင္းတန္ ေလးငါးဆယ္ရြက္ကို ထုတ္ၿပီး ထမင္းဝိုင္းေပၚ ပစ္တင္လိုက္သည့္ လူ႔တိရစာၦန္အေကာင္ေျကာင့္ ေယာရဲ႕ သည္းခံႏိုင္စြမ္းေတြ ကုန္သြားၿပီျဖစ္သည္။
"မင္းကို ေတာင္းပန္ခိုင္းေနတာ။ မင္း လူလိုနားမလည္ဘူးလား"
႐ွိန္းကပါ ဝင္ေျပာလိုက္သည္။
"Hk ဘာလဲ ေပးတာနည္းလို႔လား"
"နင့္ကို လူလို ေတာင္းပန္ခိုင္းေနတာ"
ဇြဲမင္းထြန္း ေဒါသထြက္ေနတဲ့ ေယာရဲ႕ မ်က္ႏွာရဲရဲေလးကို ျကည့္ရင္း အနားကပ္သြားၿပီး ကလူသလိုအသံနဲ႔ ေျပာလိုက္သည္။
"မင္းကငါနဲ႔ အိပ္ခ်င္လို႔ ဉာဏ္ဆင္ေနတာလား"
*ခြမ္း*
ေယာ အေ႐ွ႕က ပန္းကန္ကို လက္သီးန ဲ႔ပိတ္ထိုးလိုက္ျခင္း ျဖစ္သည္။
ကန္တင္း တစ္ခုလံုးက လူေတြ ပါးစပ္အေဟာင္းသား ျဖစ္ၿပီးၿငိမ္က်သြားသည္။
ဆတ္သာလည္း မ်က္လံုးထဲ ဘာမွမျမင္ေတာ့ပဲ ေယာ ေဘးနားကိုသြားသည္။ ေသြးေတြ တစ္စက္စက္က်ေနတဲ့ ေယာလက္ကိုၾကည့္ၿပီး ဇြဲမင္းထြန္းကို တစ္ခ်က္ ပိတ္ထိုးလိုက္သည္။
ဇြဲမင္းထြန္းလည္း ေယာကိုျကည့္ၿပီး ေၾကာင္ေနတာေၾကာင့္ ဆတ္သာထိုးတာကို ဘာမွ မတုန္႔ျပန္ႏိုင္လိုက္။ ႐ွိန္းလည္း အငိုက္မိေနတဲ့ ဇြဲမင္းထြန္းကို ေကာ္လံကဆြဲၿပီးကို လက္သီးစာ အပီအျပင္ ေကြၽးလိုက္သည္။
ၾကမ္းျပင္ေပၚ လဲက်သြားၿပီး ကြဲသြားတဲ့ ႏႈတ္ခမ္းက ေသြးကို သုတ္ေနတဲ့ ဇြဲမင္းထြန္းဆီကို ေယာအၾကည့္စူးစူးနဲ႔ ျကည့္ေနသည္ ။ကြဲသြားသည့္ ပန္းကန္ကြဲစကို ေယာ ေကာက္ကိုင္လိုက္သည္။
"ဘာတဲ့။ ငါကနင္နဲ႔ အိပ္ခ်င္တယ္ ဟုတ္လား။ ေခြးစကားလာမေျပာနဲ႔ တေတာင္းစား ။ နင့္ dickကို အခုခ်က္ခ်င္းျဖတ္ျပီး ေခြးေကြၽးပစ္လိုက္ လို႔ရတယ္။ ေယာဆိုတဲ့ငါက နင့္ကို ေသာက္ဂ႐ုစိုက္မေနဘူး"
ေယာအသံက သိသိသာသာကို တုန္ယင္ေနသည္။ ေၾကာက္လို႔ တုန္ေနတာမ်ိဳး မဟုတ္ပဲ ေဒါသကို မနည္းထိန္းခ်ဳပ္ထားရသျဖင့္ တုန္ေနျခင္းမ်ိဳးျဖစ္သည္။
"ေယာ စိတ္ေလ်ာ့။ Relaxေနာ္"
႐ွိန္းေဘးကေန ေျဖာင္းဖ်ေနသည္။
ဆတ္သာလည္း ေယာလက္ထဲက ပန္းကန္ကြဲစကို ေျဖးေျဖးခ်င္း ယူလိုက္သည္။
ဇြဲမင္းထြန္းတစ္ေယာက္ မာန္မေလ်ွာ့ေသးပဲ ထရပ္လိုက္သည္။ ဇြဲမင္းထြန္းက ေယာကို ႐ိုက္ရန္ လက္ျပင္လိုက္ေတာ့ ဆတ္က ေယာကို သူ႔ေနာက္ဆြဲပို႔ၿပီး ကာလိုက္သည္။ အခုခ်ိန္မွာ ေယာကို လႊတ္ေပးလိုက္ရင္ ေယာ စိတ္မထိန္းႏိုင္ပဲ တစ္ခုခု မိုက္မဲတာ လုပ္မိသြားမည္ကို ဆတ္သာ မလိုလားေပ။ ႐ွိန္းကေတာ့ ဇြဲမင္းထြန္းလက္ကို ဖမ္းခ်ဳပ္ၿပီး ထိုးရန္ ျပင္လိုက္သည္။
"အခုခ်က္ခ်င္းရပ္လိုက္စမ္း"
ေနသစ္ရဲ႕ ျသဇာအျပည့္နဲ႔ အသံေၾကာင့္ ဇြဲမင္းထြန္း
ေနသစ္ကို လွမ္းၾကည့္လိုက္သည္။ ႐ွိန္းလည္း ဇြဲမင္းထြန္း ထံရြယ္ထားသည့္ လက္သီးကို ျပန္ခ်လိုက္သည္။
ေနသစ္ကုမၸဏီကို ေရာက္ေတာ့ ျမင္လိုက္ရသည္က မသက္သာလွေပ။MT လုပ္ငန္းစုရဲ႕ အငယ္ဆံုးသားနဲ႔ ငယ္ေလးတို႔ ျပႆနာတစ္ခုခု ျဖစ္ထားတာက ထင္႐ွားေနသည္။ ဒါေပမယ့္ ငယ္ေလးတို႔ မလြန္ဘူးဆိုတာ ေနသစ္ယံုၾကည္သည္။
"မင္း အေဖကို ငါျပန္မတိုင္ရေသးခင္ မင္းအခု ျပန္လိုက္ေတာ့ ဇြဲမင္းထြန္း"
ေနသစ္အာဏာပါပါ ေျပာလိုက္သည္။ ဇြဲမင္းထြန္း ဆိုတဲ့ လက္ေၾကာမတင္းတဲ့ သူေဌးသားက သူ႔အေဖကိုေတာ့ ေသေလာက္ေအာင္ ေၾကာက္တာကို ေနသစ္ ေကာင္းေကာင္းသိသည္။ သူ႔အေဖ၊အကိုေတြကေတာ့ လူႀကီးလူေကာင္း ဆန္သေလာက္ အငယ္ဆံုးသားက်မွ စုန္းျပဴးျဖစ္ၿပီး ဆိုးသြမ္းေနျခင္း ျဖစ္သည္။
"ဒီမွာ ငါမင္းအေဖဆီ ဖုန္းေခၚလိုက္ေတာ့မယ္"
ေနသစ္ဖုန္းကိုျပၿပီး ေျပာလိုက္မွ ဇြဲမင္းထြန္းတစ္ေယာက္ ဘုၾကည့္ၾကည့္ၿပီး ထြက္သြားသည္။
"ကဲ ဘာျဖစ္တာလဲ သိခ်င္တာမို႔လို႔ ႐ွင္းျပဖို႔လိုက္ခဲ့ၾက။ ငယ္ေလးေရာ ေယာေရာ ႐ွိန္းေရာ "
"ေယာက ေဆးခန္းသြားရမယ္ထင္တယ္ ကိုကို"
ေနသစ္အခုမွ ေသခ်ာၾကည့္မိတယ္။ေယာရဲ႕လက္မွာ ေသြးေတြနီရဲေနတာ။
"သြားရမယ္ေလ။ အဆင္ေျပရဲ့လား ။ ကုိယ္လိုက္ပို႔ေပးရလား"
"ရတယ္ကိုကို။ ဆတ္ေခၚသြားလိုက္မယ္"
ေယာလည္း ေသြးပူေနတုန္းကေတာ့ မနာေပမယ့္ အခုမွနာလာသည္။ ေဒါသထြက္ရင္ အနီးအနားမွာ႐ွိတဲ့ အရာကို လက္နဲ႔႐ိုက္ပစ္သည့္ အက်င့္ကို ေယာဘယ္လိုမွ ေဖ်ာက္လို႔မရ။
ဆတ္သာ ေယာရဲ႕ ဒဏ္ရာမရသည့္ ဘယ္ဘက္လက္ကေနဆြဲၿပီး ကားဆီကို ေခၚသြားလိုက္သည္။
~~~♥~~~
The author has someting to say:
ေယာရဲ႕profileကပံုေလးကအဘခ်ိဳး(႐ွန္ခ်င္းခ်ိဳး)ပံုပါ။ သိုင္းေလာကသားေတြသိပါတယ္။
Unicode
NT Group Companyရဲ့ canteenမှာ ရှိန်းနဲ့ယော နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ကိစ္စတစ်ခုကို တီးတိုးဆွေးနွေး နေကြသည်။
ကိစ္စကတော့ ခွန်နေသစ်ကို ရှိန်းဖွင့်ပြောလိုက်သည့် ကိစ္စပေ။
"နင့်ဟာက အခုပဲ ဆေးရုံဆင်းတာ သုံးရက်ရှိပြီ။အဖြေလည်းမရသေးဘူး။ ဘာမှလည်းဆက်မဖြစ်ကြဘူး"
ယော မကျေနပ်သလိုပြောလိုက်သည်။
"အင်းလေ ။ အဲ့ဘဲကြီးတမင် မူနေတာ "
ရှိန်းလည်း သိပ်တော့ကြည်လင်မနေပါ။
"ဒါမှမဟုတ် နင်သေချာ မပြောမိလို့လား"
"ယောရယ် ငါလားသေချာမပြောရမှာ ။နင်နဲ့Headနဲ့ ထွက်သွားတော့ ငါသေချာ ပြန်ပြောလိုက်သေးတယ်"
ရှိန်းပြောနေတာတွေက အမှန်ပင်။
လွန်ခဲ့သောသုံးရက် ခွန်နေသစ် ဆေးရုံတတ်တဲ့ရက်က ယောကို ခွန်ဆတ်သာ လိုက်ပို့တဲ့အချိန်မှာ နေသစ်နဲ့ရှိန်း နှစ်ယောက်တည်း ကျန်ခဲ့သည်။
လေထုက တအားတွေ အေးလာပြီး နှစ်ယောက်စလုံး အနေခက်နေသည်။ မပြောမပြီး မတီးမမြည်ဆိုတဲ့အတိုင်း ရှိန်းဘက်ကပဲ စပြောလိုက်သည်။
"ကျွန်တော် စောနကပြောတဲ့"
"ညီ နောက်ကျနေပြီလေ။ မနက်လည်းရုံးတတ်ရမှာဆိုတော့ ပြန်တော့လေ ညီ"
ရှိန်းတောင်စကားကို ဆုံးအောင်မပြောရသေး။စကားလမ်းကြောင်း လွှဲလိုက်တဲ့ နေသစ်ကြောင့် ရှိန်းအတော်လေး စိတ်ခုသွားသည်။
"ချစ်တယ်။ ကျွန်တော် ခွန်နေသစ်ကို တကယ်သဘောကျတာ"
"....."
ဆွံ့အနေသည့်နေသစ်ကို ဆွဲနမ်းပစ်ချင်တဲ့စိတ်ကို ရှိန်း ထိန်းချုပ်ထားရသည်။
"ကျွန်တော် ခင်ဗျားကြီးကို သဘောကျတယ်။အဖြေက သေချာစဉ်းစားပြီးမှ ပေးပါ။အခုတော့ ကျွန်တော်ပြန်တော့မယ်။ ခနနေရင် Headလည်း ပြန်လာတော့မှာ"
ရှိန်း ပြောပြောဆိုဆိုနဲ့ ထွက်လာခဲ့သည်။အနောက်မှာ နေသစ်ဘယ်လိုဖြစ်ပြီး ကျန်ခဲ့မလဲဆိုတာတော့ မသိတော့ပေ။
"ဒါပဲ.. ငါလည်း အဲ့လိုပြောပြီး ပြန်သွားလိုက်တာ"
ယောတစ်ယောက် ဘေးကချထားတဲ့ ရေဘူးလေးနဲ့ ရှိန်းခေါင်းကို ဂွပ်ခနဲမည်အောင် ထုချလိုက်သည်။
"နင့်ကို ခွန်နေသစ် အဖြေပြန်မပေးတာလဲ မပြောနဲ့။ငါသာဆိုလည်း မပေးဘူး။ရည်းစားစကား ပြောတာက အကြွေးတောင်းတာ ကျနေတာပဲ။ နူးညံ့မှုကို မရှိဘူး"
ရှိန်းကတော့ အထုခံလိုက်ရသည့် ခေါင်းလေးကိုပွတ်ရင်း
"ငါလည်း အဲ့လိုပဲ ပြောတတ်တာလေ။ မသိဘူး မသိဘူး။ အဲ့ဘဲနာကြီး ဒီ့ထပ်မူနေရင် ငါကားတင်ပြေးမယ်"
"အမေလး။ အသာလုပ်ပါ"
ရှိန်း လူယုတ်မာအပြုံး ပြုံးပြလိုက်သည်။
"ဒါနဲ့ နင်နဲ့Headကေရာ အခြေအနေဘယ်လိုလဲ"
ရှိန်းရဲ့ အညှောင့်အသွားမလွတ်တဲ့ မေးခွန်းကိုမဖြေခင် ယော မျက်စောင်းထိုးဝိုင်းမှာ တစ်ယောက်တည်း ထိုင်စားနေတဲ့ ခွန်ဆတ်သာကို လှမ်းကြည့်လိုက်မိသည်။ခါတိုင်းနေ့တွေမှာတော့ ခွန်နေသစ်နဲ့အတူ ထိုင်လေ့ရှိပေမဲ့ ဒီနေ့မနက်ထဲက ခွန်နေသစ်ကိုမတွေ့မိ။
"ဘယ်လိုမှ မနေဘူး"
ယော တိုတိုတောင်းတောင်းသာ ဖြေလိုက်သည်။
ရှိန်းကတော့ မယုံသလိုနဲ့ မျက်ခုံးတစ်ဖက် ပင့်တင်ပြလိုက်သည်။
"စားမှာဖြင့်စား"
ယော ဘောက်ဆတ်ဆတ်ပြောလိုက်သည်။
ဒီနေ့တော့ ဆတ်သာတစ်ယောက်တည်း ထိုင်စားနေရသည်။ ကိုကိုက မနက်အစောကြီးတည်းက အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားသည်။ မျက်စောင်းထိုး ဝိုင်းမှာတော့ ရှိန်းနဲ့ယော ထိုင်နေတာကို ဆတ်သာသိသည်။ဒါပေမယ့်လည်း ယောကိုဘယ်လောက်ပဲ ကြိုက်ကြိုက် အတင်းတော့ ဝင်မရောချင်တာအမှန်။ဟိုတနေ့ကမှ ယောအကြောင်းပိုချင်လို့ ယောရဲ့ fackbook accountကို သိရဖို့ ကုမ္ပဏီက Accountantတွေရဲ့ GPထဲကို ဝင်လိုက်သည်။ ယောရဲ့ Profileကလည်း အဆန်းကြီး။တရုတ်ရိုးရာဝတ်စုံ အစိမ်းရောင်ဝတ်ထားတဲ့ ခပ်ချေချော ယောကျၤားတစ်ယောက်က လက်ခလယ်ထောင်ပြထားသည့် ပုံဖြစ်သည်။ Bio မှာတော့ တရုတ်လိုတွေရော ထိုင်းလိုတွေရော ရှုပ်ရှပ်ကိုခတ်နေတာပဲ။Relationship infoမှာ Single ဆိုတော့ ဆတ်သာ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံလိုက်သည်။ သူ့ပုံလေးများ တွေ့ရမလားဆိုပြီး photosထဲ ဝင်ကြည့်မိပါတယ်။ ပုံတစ်ရာရှိရင် ကိုးဆယ်လောက်က idolတွေရဲ့ပုံတွေ။ ဆယ်ပုံလောက်ကတော့ အသေအချာရိုက်ထားတဲ့ သူ့ပုံလေးတွေမို့ တော်သေးတာပေါ့။နောက်ဆုံး shareထားတဲ့ postကေတာ့ Koreaက Seulgiဆိုတဲ့ idolကောင်မလေးပုံ တွေဖြစ်သည်။ Captionကလည်း * ချစ်ဇနီး Gi*တဲ့။ သေချာပြီလေ။ ယောကလည်း အဖြောင့်တစ်လိုင်း မဟုတ်ဘူးဆိုတာ။
ဒါဆို ရှိန်းနဲ့ကလည်း သူငယ်ချင်းပဲဆိုတာ သေချာသလောက်နီးပါး ရှိသွားပြီပေါ့။
ဆတ်သာတစ်ယောက် အတွေးတွေထဲမှာ နစ်မြောနေတုန်း ဆတ်သာရဲ့ လက်မောင်းနှစ်ဖက်ကို အနောက်ကနေ လာကိုင်လိုက်တဲ့ လူတစ်ယောက်ကြောင့် ဆတ်သာ လန့်သွားသည်။
"Hi ကို့ကို မှတ်မိလား ခွန်ဆတ်သာ"
ဆတ်သာရဲ့ လက်မောင်းကို လာကိုင်တာကို ဆတ်သာ အတော်လေး ဒေါသထွက်သွားပေမယ့် ဆတ်သာရှေ့မှာ လာထိုင်နေတဲ့ ထိုလူကို ကြည့်လိုက်မိတော့ ကိုကို့ရဲ့ မိတ်ဖက်ကုမ္ပဏီက သူဌေးရဲ့သား ဖြစ်နေတာကြောင့် သောက်ခွက်ထရိုက်မဲ့ အတွေးကို ရုတ်သိမ်းလိုက်သည်။
"မှတ်မိပါတယ်။ ဟိုးတေလာက ညစာစားပွဲတုန်းက တွေ့ဖူးတဲ့ MT Groupက သားမဟုတ်လား"
မကောင်းတတ်လို့ စကားကောင်းကောင်း ပြန်ပြောလိုက်သည်။ဒါကို ဒင်းကမှိုရတဲ့ သောက်ခွက်နဲ့
"ဟုတ်ပါတယ်။ကို့ နာမည်က ဇွဲမင်းထွန်းပါ"
ပြောလည်းပြောရင်း လက်ဆွဲနှုတ်ဆက်ဖို့ လာကမ်းပေးနေသည်။ ဆတ်သာလည်း မကောင်းတတ်တော့ လက်ဆွဲနှုတ်ဆက် ပေးလိုက်သည်။
"ကိုတို့ဒီည ညစာသွားစားကြမလား။ ဆတ်သာ အားမယ်ဆိုရင်ပေါ့"
"မအားဘူး"
ဆတ်သာ တိုတိုရှင်းရှင်း ဖြေလိုက်တော့ အစစ်ကောင်ခမျာ အီးနင်နေတဲ့ရုပ်နဲ့။ မြင်ယောင်ကြည့်ပါ ။ယောရဲ့ wallထဲ ဝင်ကြည့်ပြီးမှ ကိုယ်တောင် ဝေါဟာရတွေ ကြွယ်ဝလာသည်။ယောက အစစ်ကောင်ဆို လုံးဝကြည့်မရတာကို တွေးမိတော့ ဆတ်သာ ဒီလူ့ကိုပိုပြီး သောက်မြင်ကတ်လာသည်။ အသက်ကလည်း ဆတ်သာနဲ့ရွယ်တူဖြစ်ပြီး
ဒီလူ့ရုပ်ရည်နဲ့ဆို ခပ်ချောချော ကောင်မလေးတွေ ရနိုင်ပါတယ်။ဆတ်သာကတော့ သူ့ကို အစစ်ကောင်ထက်ကို ပိုမြင်လို့မရ။
"ဒါဆို ဒီနေ့မရလည်း နောက်နေ့ပေါ့"
"...."
ဆတ်သာ တစ်ချက်သာ ပြုံးပြလိုက်သည်။ လေကုန်ခံပြီး ပြောမနေတော့။
"ဒါဆို နောက်နေ့Dateမယ်နော်"
"ကိုယ်က Dateမယ်ပြောမိလို့လား။ Dateဖို့စိတ်ကူးမရှိဘူး။ ကိုယ် Dateချင်တဲ့သူက ရှိပြီးသားမို့။ sorry ကိုဇွဲမင်းထွန်း"
ဆတ်သာအပြတ်သားဆုံး ငြင်းလိုက်သည်။ဇွဲမင်းထွန်းတစ်ယောက် အခုလို အငြင်းခံရတာ ပထမဆုံးဖြစ်နေတော ခံပြင်းသွားသည်။ဒါပေမယ့် လက်လျှော့လိုက်ဖို့ အစီအစဉ်မရှိ။
"ကို ပြန်လိုက်ဦးမယ်။Dateဖို့ကိုတော့ ကို ကြိုးစားနေဦးမှာနော် ဆတ်။ ကို ဆတ်သာကို သဘောကျတာမို့လို့"
သဘောကျတာကို အကောင်းမပြောပဲ ပြန်သွားခါနီးမှ ဆတ်သာရဲ့ ပုခုံးပေါ်လက်ကို တင်ပြီး နားနားကပ်ကာ ပြောလိုက်သည်။တခြားသူတွေမြင်ရင် တမျိုးတစ်မည် စဉ်းစားသွားနိုင်သည်။
ဆတ်သာ ပခုံးပေါ်လာတင်တဲ့လက်ကို ဆတ်ခနဲ ဆွဲဖယ်ရင်း ထရပ်လိုက်သည်။
"ဒီမှာ နင်...နင့်ကိုငါ ပြောထားမယ် ။ငါ့အသားကို လာကိုင်တာကို ငါနည်းနည်းလေးတောင် မသတီဘူး။နင်နဲ့ငါက ဘာအကန့်မှမရှိဘူး ။ ငါ့ကိုလာပြီး နင်တွေ့ဖူးတဲ့ မိန်းကလေးတွေလို ပိုင်စိုးပိုင်နင်း လာမလုပ်နဲ့"
ဆတ်သာ ဒေါသထွက်လာရင် အသံတွေက ပိုပြီးတိကျပြတ်သားလာပြီး ပြောသမျှစကားတိုင်းက နားဝင်ချိုနေစရာ အကြောင်းမရှိ။ ကန်တင်းတစ်ခုလုံးက လူတွေကလည်း ဆတ်သာနဲ့ထိုလူကို ကြည့်နေကြသည်။
ယောလည်း ဖြစ်ကြောင်းကုန်စင်ကို တွေ့နေရတော့ အဲ့လူကို မျက်ခွက်တွေချည်း ဆွဲဖြဲပစ်ချင်သည့်စိတ်ကို မနည်းထိန်းထားရသည်။
ဇွဲမင်းထွန်းကတော့ လူပုံအလယ်မှာ အရှက်ခွဲခံလိုက်ရတော့
ဒေါသထောင်းခနဲ ထွက်သွားပြီး ဆတ်သာကို အံကြိတ်သံနဲ့ ပြောလိုက်သည်။
"မင်း လုပ်ထားဦးပေါ့။ နောက်မှငါ့အကြောင်း ကောင်းကောင်းသိမယ်"
ဆတ်သာကတော့ လက်ကိုပိုက်လိုက်ရင်း မဲ့ပြုံးတစ်ချက်ပြုံးပြီး
"Hk မြန်မာကားထဲက လေသံနဲ့။ As you likeပါ Bro။အခုတော့ ပြန်လို့ရပါပြီ"
ဆတ်သာရဲ့ မထုံတထေး မျက်နှာထားကြောင့် ဇွဲမင်းထွန်း တောက်တစ်ချက်ခေါက်ပြီး လှည့်ထွက်သွားသည်။
ဇွဲမင်းထွန်း ပြန်လှည့်လာရင်း ယောတို့စားပွဲပေါ်ကို သောက်လက်စဆေးလိပ်ကို ပစ်ချလိုက်သည်။ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ဆိုသလို ဆေးလိပ်က ယောရဲ့ ထမင်းပန်းကန်ထဲကို တည့်တည့်မတ်မတ် ဝင်သွားသည်။ ဇွဲမင်းထွန်း တွေ့လိုက်ပေမယ့် ဘာမဟုတ်တဲ့ သာမာန်ဝန်ထမ်းလေးဆိုတဲ့ အတွေးနဲ့ ပြန်တောင်းပန်တာမျိုး မလုပ်။
ယောတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထရပ်လိုက်သည်။ရှိန်းလည်း ထိုလူ့လုပ်ရက်က အတော်လေး အောက်တန်းကျမှန်း သိသဖြင့် ယောကိုမတားမိတဲ့အပြင် ထိုလူ့ကို ဆွဲထိုးဖို့ပါ စိတ်ကူးထားသည်။
"ဟို လူ့ငနွားကောင် နင်အခုချက်ချင်း ပြန်လာခဲ့စမ်း"
ယောရဲ့ ပြင်းရှလှတဲ့ vocalကြောင့် ဇွဲမင်းထွန်း ခြေလှမ်းတွေကိုရပ်လိုက်ပြီး နောက်ပြန်လှည့်လိုက်သည်။
"ငါ့ကိုပြောတာလား"
မိမိကိုယ်ကို လက်ညှိုးထိုးရင်း မထီမဲ့မြင်ရုပ်နဲ့ မေးလိုက်သည်။
"ဟုတ်တယ် နင့်ကိုပြောတာ "
ယောလည်း လက်ညှိုးထိုးရင်း တစ်ခွန်းစီကို ပီသစွာ ပြန်ဖြေလိုက်သည်။
"ဘာလဲ ဘာလုပ်ပေးရမလဲ။ မင်းထမင်းပန်းကန်ထဲကို ငါ့စီးကရက်ဝင်သွားတာ မဟုတ်လား။ ရော့ ဒီမှာ ထမင်းဖိုး။ ပိုတောင်ပိုသေးတယ်။ သွားပြန်ဝယ်စားလိုက်"
မတောင်းပန်တဲ့အပြင် တစ်သောင်းတန် လေးငါးဆယ်ရွက်ကို ထုတ်ပြီး ထမင်းဝိုင်းပေါ် ပစ်တင်လိုက်သည့် လူ့တိရစ္ဆာန်ကောင်ကြောင့် ယောရဲ့ သည်းခံနိုင်စွမ်းတွေ ကုန်သွားပြီဖြစ်သည်။
"မင်းကို တောင်းပန်ခိုင်းနေတာ။ မင်း လူလိုနားမလည်ဘူးလား"
ရှိန်းကပါ ဝင်ပြောလိုက်သည်။
"Hk ဘာလဲ ပေးတာနည်းလို့လား"
"နင့်ကို လူလို တောင်းပန်ခိုင်းနေတာ"
ဇွဲမင်းထွန်း ဒေါသထွက်နေတဲ့ ယောရဲ့ မျက်နှာရဲရဲလေးကို ကြည့်ရင်း အနားကပ်သွားပြီး ကလူသလိုအသံနဲ့ ပြောလိုက်သည်။
"မင်းကငါနဲ့ အိပ်ချင်လို့ ဉာဏ်ဆင်နေတာလား"
*ခွမ်း*
ယော အရှေ့က ပန်းကန်ကို လက်သီးနဲ့ ပိတ်ထိုးလိုက်ခြင်း ဖြစ်သည်။
ကန်တင်း တစ်ခုလုံးက လူတွေ ပါးစပ်အဟောင်းသား ဖြစ်ပြီးငြိမ်ကျသွားသည်။
ဆတ်သာလည်း မျက်လုံးထဲ ဘာမှမမြင်တော့ပဲ ယော ဘေးနားကိုသွားသည်။ သွေးတွေ တစ်စက်စက်ကျနေတဲ့ ယောလက်ကိုကြည့်ပြီး ဇွဲမင်းထွန်းကို တစ်ချက် ပိတ်ထိုးလိုက်သည်။
ဇွဲမင်းထွန်းလည်း ယောကိုကြည့်ပြီး ကြောင်နေတာကြောင့် ဆတ်သာထိုးတာကို ဘာမွ မတုန့်ပြန်နိုင်လိုက်။ ရှိန်းလည်း အငိုက်မိနေတဲ့ ဇွဲမင်းထွန်းကို ကော်လံကဆွဲပြီးကို လက်သီးစာ အပီအပြင် ကျွေးလိုက်သည်။
ကြမ်းပြင်ပေါ် လဲကျသွားပြီး ကွဲသွားတဲ့ နှုတ်ခမ်းက သွေးကို သုတ်နေတဲ့ ဇွဲမင်းထွန်းဆီကို ယောအကြည့်စူးစူးနဲ့ ကြည့်နေသည် ။ကွဲသွားသည့် ပန်းကန်ကွဲစကို ယော ကောက်ကိုင်လိုက်သည်။
"ဘာတဲ့။ ငါကနင်နဲ့ အိပ်ချင်တယ် ဟုတ်လား။ ခွေးစကားလာမပြောနဲ့ တတောင်းစား ။ နင့် dickကို အခုချက်ချင်းဖြတ်ပြီး ခွေးကျွေးပစ်လိုက် လို့ရတယ်။ ယောဆိုတဲ့ငါက နင့်ကို သောက်ဂရုစိုက်မနေဘူး"
ယောအသံက သိသိသာသာကို တုန်ယင်နေသည်။ ကြောက်လို့ တုန်နေတာမျိုး မဟုတ်ပဲ ဒေါသကို မနည်းထိန်းချုပ်ထားရသဖြင့် တုန်နေခြင်းမျိုးဖြစ်သည်။
"ယော စိတ်လျော့။ Relaxနော်"
ရှိန်းဘေးကနေ ဖြောင်းဖျနေသည်။
ဆတ်သာလည်း ယောလက်ထဲက ပန်းကန်ကွဲစကို ဖြေးဖြေးချင်း ယူလိုက်သည်။
ဇွဲမင်းထွန်းတစ်ယောက် မာန်မလျှော့သေးပဲ ထရပ်လိုက်သည်။ ဇွဲမင်းထွန်းက ယောကို ရိုက်ရန် လက်ပြင်လိုက်တော့ ဆတ္က ယောကို သူ့နောက်ဆွဲပို့ပြီး ကာလိုက်သည်။ အခုချိန်မှာ ယောကို လွှတ်ပေးလိုက်ရင် ယော စိတ်မထိန်းနိုင်ပဲ တစ်ခုခု မိုက်မဲတာ လုပ်မိသွားမည်ကို ဆတ်သာ မလိုလားပေ။ ရှိန်းကတော့ ဇွဲမင်းထွန်းလက်ကို ဖမ်းချုပ်ပြီး ထိုးရန် ပြင်လိုက်သည်။
"အခုချက်ချင်းရပ်လိုက်စမ်း"
နေသစ်ရဲ့ သြဇာအပြည့်နဲ့ အသံကြောင့် ဇွဲမင်းထွန်း
နေသစ်ကို လှမ်းကြည့်လိုက်သည်။ ရှိန်းလည်း ဇွဲမင်းထွန်း ထံရွယ်ထားသည့် လက်သီးကို ပြန်ချလိုက်သည်။
နေသစ်ကုမ္ပဏီကို ရောက်တော့ မြင်လိုက်ရသည်က မသက်သာလှပေ။ MT လုပ်ငန်းစုရဲ့ အငယ်ဆုံးသားနဲ့ ငယ်လေးတို့ ပြဿနာတစ်ခုခု ဖြစ်ထားတာက ထင်ရှားနေသည်။ ဒါပေမယ့် ငယ်လေးတို့ မလွန်ဘူးဆိုတာ နေသစ်ယုံကြည်သည်။
"မင်း အဖေကို ငါပြန်မတိုင်ရသေးခင် မင်းအခု ပြန်လိုက်တော့ ဇွဲမင်းထွန်း"
နေသစ်အာဏာပါပါ ပြောလိုက်သည်။ ဇွဲမင်းထွန်း ဆိုတဲ့ လက်ကြောမတင်းတဲ့ သူဌေးသားက သူ့အဖေကိုတော့ သေလောက်အောင် ကြောက်တာကို နေသစ် ကောင်းကောင်းသိသည်။ သူ့အဖေ၊အကိုတွေကတော့ လူကြီးလူကောင်း ဆန်သလောက် အငယ်ဆုံးသားကျမှ စုန်းပြူးဖြစ်ပြီး ဆိုးသွမ်းနေခြင်း ဖြစ်သည်။
"ဒီမှာ ငါမင်းအဖေဆီ ဖုန်းခေါ်လိုက်တော့မယ်"
နေသစ်ဖုန်းကိုပြပြီး ပြောလိုက်မှ ဇွဲမင်းထွန်းတစ်ယောက် ဘုကြည့်ကြည့်ပြီး ထွက်သွားသည်။
"ကဲ ဘာဖြစ်တာလဲ သိချင်တာမို့လို့ ရှင်းပြဖို့လိုက်ခဲ့ကြ။ ငယ်လေးရော ယောရော ရှိန်းရော "
"ယောက ဆေးခန်းသွားရမယ်ထင်တယ် ကိုကို"
နေသစ်အခုမှ သေချာကြည့်မိတယ်။ယောရဲ့လက်မှာ သွေးတွေနီရဲနေတာ။
"သွားရမယ်လေ။ အဆင်ပြေရဲ့လား ။ ကိုယ်လိုက်ပို့ပေးရလား"
"ရတယ်ကိုကို။ ဆတ်ခေါ်သွားလိုက်မယ်"
ယောလည်း သွေးပူနေတုန်းကတော့ မနာပေမယ့် အခုမှနာလာသည်။ ဒေါသထွက်ရင် အနီးအနားမှာရှိတဲ့ အရာကို လက်နဲ့ရိုက်ပစ်သည့် အကျင့်ကို ယောဘယ်လိုမှ ဖျောက်လို့မရ။
ဆတ်သာ ယောရဲ့ ဒဏ်ရာမရသည့် ဘယ်ဘက်လက်ကနေဆွဲပြီး ကားဆီကို ခေါ်သွားလိုက်သည်။
~~~~~~
The author has someting to say:
ယောရဲ့profileကပုံလေးကအဘချိုး(ရှန်ချင်းချိုး)ပုံပါ။ သိုင်းလောကသားတွေသိပါတယ်။