Love you 59 seconds (Myanmar...
By Kuro_Fuyu
284K 47.9K 2.5K
Original Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန်ယင်းတစ်ယောက် မသိရသည်မှာဘြာေ... More
Prologue
Chapter 1: Tragedy of lagging
Chapter 2: That man is not your regular Joe
Chapter 3: The Villains Dungeon
Chapter 4: Continue the Villains Dungeon
Ch 5: Ding Feng Bo
Ch 6: The Small Impoverished Guild~
Game info
Ch 7: Knockout, Knockout
Ch 8: Yan Nan
Ch 9: Playing Chess
Ch 10: Little Dough
Ch 11: A family of Three
Ch 12: Soup
Ch 13: knockout-ing~
Ch 14: XC
Ch 15: The Livelihood issue
Ch 16: Pulling the Train Also Requires Techique
Ch 17: Little Xiao EM(Emei) is born
Ch 18: Shifu
Ch 19: Level Up
Ch 20: Warehouse
Ch 21: Catching The Big Fish
Ch 22: Critical Moment
Ch 23: Training Babies(Pet)
Ch 24: Tricyclic
Ch 25 : Set Up the Stall
Ch 26: Lan Jing Shi
Ch 28: Strolling No.1
Ch 29: Shimei
Ch 30: Sister-in-Law~
Ch 31: My Apprentice, Let's Get Married
Ch 32: The Assembly Hall
Ch 33: Ye Xi Hu
Ch 34: The Villains Hunting
Ch 35: PK
Ch 36: Wheat , Wheat
Ch 37: Baozi(Bun)
Ch 38: Text Message
Ch 39: Going to the Zoo
Ch 40: The Zoo
Ch 41: 'Long Absence' from the Game
Ch 42: To Do Trading Route
Ch 43: Inexplicable
Ch 44: "Proposing"
Ch 45: Electricity congestion
Ch 46: Their Troublesome Thoughts
Ch 47: YY
Ch 48: Xin Gan Bao Bei(Precious Baby)
Ch 49: The Sister-in-law Boss
Ch 50: Going Home
Ch 51: 'Press Down'
Ch 52: Live Together
Ch 53: 'Renyao'
Ch 54: The Interview
Ch 55: Lunch
Ch 56: The Confession
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69(Final)
Translater Note
Ch 27: Unexpected Mistake
2.8K 544 27
By Kuro_Fuyu
ဝူဟန်ယင်း စောင့်ရတာစိတ်မရှည်သောကြောင့် အရင်မတ်ဆေ့ခ်ျကို ပြန်သွားရန် Shift + enterကိုနှိပ်သည်။ သူမတ်ဆေ့ခ်ျကိုရောက်တော့ Enterနှိပ်ပြီး world channel တွင် မတ်ဆေ့ခ်ျပို့လိုက်သည်။
သုံးမိနစ်တကယ်ပြည့် မပြည့်မသေချာ ... ထို့ကြောင့်စခရင်က သူ့မတ်ဆေ့ခ်ျအသစ်ကိုကြည့်လိုက်ကာ လုံးဝစွံ့အသွားသည်။
world channelတွင် မတ်ဆေ့ခ်ျပေါ်နေပြီး ထိုစာကြောင်းဘေးမှ နာမည်က ...XC!!!
World channelက XCရဲ့မတ်ဆေ့ခ်ျကြောင့် ချက်ချင်းပေါက်ကွဲမတတ် legendaryကစားသမားက ဒီလိုပြောတာ တကယ့်ကိုရှားပါးမြင်ကွင်းပဲ ... တကယ့်ကိုရုတ်ရုတ်သဲသဲဖြစ်နေပေမယ့် ဒါကအဓိကပြသာနာမဟုတ်ဘူး!!
"ငါ့ဟာမရဘူး"
အားလုံးလက်တော့ပ်ပေ့ခ်ျတွေဘအလုပ်မလုပ်တာကိုကြည့်ခြင်းဖြင့် သူတို့ဝိုင်ဖိုင်လည်းမရတော့တာ မေးစရာတောင်မလို ... ခဏအကြာအခြားအခန်းမှ အဆောင်ဖော်ကလည်း ဝိုင်ဖိုင်အင်တာနက်ရလားဆိုတဲ့အကြောင်းလာပြောသည်။
************************************
Router box
Modem box
Ethernet cables
မှားပါရင်ခွင့်လွှတ် ...
Thank you all ❤️
August 27, 2020
-----------------------------------------------------------
တနင်္လာ‌နေ့ ၇:၂၀မနက်ခင်းအချိန်တွင် ... အတန်းရှိသောကြောင့် လေးယောက်သားကုတင်မှ ပျင်းရိစွာ ထလာကြသည်။ တကယ်တမ်းက ခြောက်နာရီတွင် အလံလွှင့်ထူခြင်းအခမ်းအနားရှိကာ သူတို့ဖုန်းalarms တွေ တစ်ခုပြီးတစ်ခု မြည်နေခဲ့သည်။ သို့သော် သူတို့လေးယောက်လုံးအကုန်ပိတ်ကာ ဆက်အိပ်နေကြသည်။
အတန်းအချိန်ဇယားကို ကြည့် ၊ မနက်ခင်း ငါးချိန်ရှိသည်။ ငါးချိန်ထဲမှ သုံးချိန်က မေဂျာအတန်းဖြစ်ကာ သူဂိမ်းကစားရန်လက်တော့ပ်ယူလို့ မဖြစ်နိုင်‌ပေ။ မှတ်စုစာအုပ်ကို သူနဲ့အတူယူကာ တစ်ကြိမ်လောက်တော့ ဟန်ဆောင်လိုက်သည်။
မနေ့ကညအကြောင်းကို ပြောရလျှင် ...ဂိမ်းထဲ အရမ်းကို ပွဲစည်ခဲ့သည်။ Love You 59 Seconds က အစိမ်းရောင် ရှောင်ယောင်ကို သတ်ပြီးနောက် world channel မှာသူ့ကို သူ(ရှောင်ယောင်)ကမနားတမ်းနှုတ်ဆက်နေတော့သည်။
(T/N : Minstrel အမျိုးအစားကို '‌ရှောင်ယောင်'အမျိုးအစား လို့ပဲသုံးပါမယ်)
ဒါပေမယ့် အခုထိ Love You 59 Seconds က ရေခဲတုံးဖြစ်သလို စကားပြောလေ့မရှိပေ ... ထို့ကြောင့် World channelက စာတွေတစ်ကြောင်းမှ ပြန်ဖြေဖို့ စိတ်ကူးမရှိ။ ဘယ်လိုပဲဖြစ်ပါစေ ...အဖွဲ့သားတွေကတော့ မတိုက်ခိုက်ဘဲလွှတ်ပေးကြမှာမဟုတ်ပေ။ သိသာစွာ ရှောင်လွှဲလို့မရသော စကားစစ်ပွဲထိုးနေကြခြင်းပင်။
တစ်ညလုံးရှောင်ဝူ. ကXCကိုခေါ်ကာ Love You 59 Seconds နောက်လိုက်လျက် မြေပုံရှိနေရာတိုင်းကို ပြေးလွှားနေကြသည်။ ရတနာမြေပုံဖွင့်ရန် မြင်းသည်ဓားပြတွေအားလုံးကို တိုက်ခိုက်ခဲ့ကြသည်။ သူကံကောင်းသည်မှာ အချို့အိမ်မွေးစကေးစာအုပ်ကို ကောက်ခဲ့ရသည်။ ညအချိန် ၁၁နာရီနီးလာသဖြင့် မီးဖြတ်တော့မည်ကို ဝူဟန်ယင်းသတိရကာ
World channel ကိုတစ်ချက်ကြည့်တော့ ရှောင်ယောင်ကတက်ကြွနေသေးကာ အဆုံးမရှိကျိန်ဆဲလို့ကောင်းနေတုန်း ...။
ဝူဟန်ယင်းနည်းနည်းတော့ ဒေါသထွက်မိသည်။ သတ်ခံရသူမှာ သူ ၊ ပစ္စည်းကောက်ခဲ့သူမှာလည်း သူပဲ ... ဒါပေမယ့်အခု Love You 59 Seconds ကကျိန်ဆဲတဲ့ ထဲပါသွားပြီ ...သူ(Love You 59 Seconds)တကယ် မတုန်လှုပ်ဘူးလား ...
သူစာအချို့ရိုက်နှိပ်ပြီး world channelကိုပို့သည်။ တွေးပြီး သက်တောင့်သက်သာမရှိသလို ခံစားရတာမို့ သူဆက်ပြီး နောက်မတ်ဆေ့ချ်ကိုရိုက်လိုက်သည်။
Systemက နောက်မတ်ဆေ့ချ်ပို့ရန် သုံးမိနစ်စောင့်ရမည်ကို အကြောင်းကြားသည်။ ဝူဟန်ယင်းရွေးချယ်စရာမရှိဘဲ စောင့်ကာ ရှောင်ဝူ.နဲ့ XCကိုရွေ့ Love You 59 Seconds နောက်ကိုလိုက်စေသည်။ ထပ်တိုးအနေနဲ့ မတ်ဆေ့ချ်ကိုရိုက်ကာ သုံးမိနစ်အချိန်ပြည့်သည့်အခါ စာပို့လိုက်သည်။
ဝူဟန်ယင်း စောင့်ရတာစိတ်မရှည်သောကြောင့် အရင်မတ်ဆေ့ချ်ကို ပြန်သွားရန် Shift + enterကိုနှိပ်သည်။ သူမတ်ဆေ့ချ်ကိုရောက်တော့ Enterနှိပ်ပြီး world channel တွင် မတ်ဆေ့ချ်ပို့လိုက်သည်။
သုံးမိနစ်တကယ်ပြည့် မပြည့်မသေချာ ... ထို့ကြောင့်စခရင်က သူ့မတ်ဆေ့ချ်အသစ်ကိုကြည့်လိုက်ကာ လုံးဝစွံ့အသွားသည်။
world channelတွင် မတ်ဆေ့ချ်ပေါ်နေပြီး ထိုစာကြောင်းဘေးမှ နာမည်က ...XC!!!
{World}[ရှောင်ဝူ.]: ရွင်ထုံ-ကျွမ်းရှောင့် Yan Nanကိုလာခဲ့ ...မင်းရဲ့ဟာကိုငါယူခဲ့တာ!
{World}[XC]: မင်း Pkချင်တယ်မလား Yan Nanလာခဲ့ ...ငါ့ရှစ်ဖူကိုကျိန်ဆဲနေတာရပ်လိုက်!
{Team}[ရှောင်ဝူ.]: ရှစ်ဖူ! မကောင်းတော့ဘူး....
ဝူဟန်ယင်းလက်ဖဝါးနဲ့ မျက်နှာကိုပွတ်လျက် ...TLBBရဲ့ ဘေးချင်းကပ်ဖွင့်ထားသော ဂိမ်းဝင်းဒိုးနှစ်ခုကိုကြည့်သည်။ သူ့မျက်နှာကြွက်သားတွေတောင် တွန့်သွားသလို ... Love You 59 Seconds နောက်လိုက်နေတာ ရှောင်ဝူ.နဲ့XC ဂိမ်းဝင်းဒိုးနှစ်ခုလုံးဖွင့်ထားတာဖြစ်သည်။ ဝင်းဒိုးတစ်ခုက team channelကိုကြည့်ပြီးနောက်တစ်ခုက system channelကို ဖွင့်ထားသည်။
သူဒီလိုလုပ်တာက teamမှ Love You 59 Seconds ပို့သောစာတွေကိုကြည့်လို့ရပြီး နောက်တစ်ခုက မြင်းသည်ဓားပြတွေရဲ့ တည်နေရာကိုsystem ကအကြောင်းကြားသောကြောင့်ပင်။
ဒါ့ကြောင့် သူအကောင့်နှစ်ခုကို ရောထွေးသွားရခြင်းပင် ...
World channelက XCရဲ့မတ်ဆေ့ချ်ကြောင့် ချက်ချင်းပေါက်ကွဲမတတ် legendaryကစားသမားက ဒီလိုပြောတာ တကယ့်ကိုရှားပါးမြင်ကွင်းပဲ ... တကယ့်ကိုရုတ်ရုတ်သဲသဲဖြစ်နေပေမယ့် ဒါကအဓိကပြသာနာမဟုတ်ဘူး!!
အခုအားလုံးသည် XC နဲ့ရှောင်ဝူ. ကလူတစ်ယောက်ထဲပဲလို့တွေးနေကြပြီ။ အကောင့်နှစ်ခုကို တစ်ပြိုင်တည်းဖွင့်ထားမှန်း သိသာလွန်းတယ်။
Love You 59 Secondsဘာမှမပြောခင်  team channelကို ဝူဟန်ယင်းစာပို့လိုက်သည်။ ရုတ်တရက်အခန်းတစ်ခုလုံးအမှောင်ကျသွားသည်။ လက်တော့ပ်အလင်းရောင်က ပြန်ပွင့်လာပေမယ့် TLBB ဝင်းဒိုးက မတုန့်ပြန် ၊ ပျက်သွားသည်ပင်။
"အခုမှ10.54 ပဲရှိသေးတာလေ!" မြို့ပြင်မှ ဓားပြတွေနဲ့ တိုက်ခိုက်နေသော သူ့ဘေးမှအခန်းဖော်ကျယ်လောင်စွာကျိန်ဆဲသည်။ "တနင်္ဂတွေနေ့ ပါဝါမရှိဘူး အစောင့်အန်ကယ်ရဲ့နာရီကအမြဲမြန်နေတာ"
ဝူဟန်ယင်းအခုထိ ဖွင့်ထားဆဲလက်တော့ပ်ကိုကြည့်လျက် ...ဂိမ်းထဲဝင်ပြီး အဖြစ်အပျက်ကိုရှင်းပြရန်စဉ်းစားလိုက်သည်။ ကံမကောင်းတာက အခန်းထဲတွင် အီတာနက်နန်းကြိုးကနှစ်ခုပဲရှိသည်။ အခန်းထဲမီးဖြတ်လိုက်သည့်အတွက် ဝိုင်ဖိုင်လည်းမရှိတော့ပေ။
ပြီးတော့ လပ်တော့ပ်နှစ်ခုသာ အင်တာနက်ရရန် အီတာနက်နှစ်ခုနဲ့ချိတ်နိုင်သည်။ ဝူဟန်ယင်း သူ့အတွက်အီတာနက်နန်းကြိုးမယူ ... ဒါ့ကြောင့်သူစိတ်ဓာတ်ကျကာ နောက်ဆုံးတော့ ကျောင်းထန်ခုံနေရာသွားပြီး Love You 59 Seconds ကိုမတ်ဆေ့ချ်ပို့ပေးရန်ပြောသည်။ သူ့ဘက်ကပါဝါပြတ်တာမို့ မနက်ဖြန်မှ လိုင်းတက်မည့်အကြောင်းပြောပြီးတော့ သန့်ရှင်းကာအိပ်ယာဝင်လေသည်။
မနက်ခင်းအတန်းတွေက အရမ်းပင်ပန်းကာ အတန်းချိန်အတွင်းလည်း သူအလွန်အိပ်ငိုက်တတ်သည်။ အတန်းပြီးတော့ နေ့လည်၁၂.၃၀နေပြီ။ ဒီအချိန်ကန်တင်းရဲ့လူအများဆုံးနဲ့ အလုပ်ရှုပ်ဆုံးအချိန်ပင် ... ထင်တဲ့အတိုင်း ကန်တင်းထိုင်ခုံနေရာမရှိ ...ထို့ကြောင့် နေ့လည်စာကိုဝယ်ကာအဆောင်ပြန်၍စားသည်။
နေ့လည်ခင်းတွင် သုံးနာရီ-သမိုင်းချိန်ရှိသည်။ ပရော်ပဆာက တက်ရောက်သူစာရင်းကောက်သော်လည်း ဘယ်သူမှအတန်းတက်လေ့မရှိပေ ...ပရော်ပဆာလျှို ၊ အသက်ကြီးရင့်ကာ တက်ရောက်သူစာရင်းကောက်တိုင်း ဦးခေါင်းကိုငုံ့ထားမြဲပင် ... သူခေါ်တဲ့နာမည်က ပြန်ထူးရင်ဘယ်သူလဲဆိုတာ ခေါင်းမ‌မော့ကြည့်ပေ။
အတန်းအပြည့်က အယောက်ရှစ်ဆယ်ရှိကာ တကယ်တက်တာက သုံးဆယ် ၊ လေးဆယ်လောက်သာ ... အချို့ကသူတို့သူငယ်ချင်းတွေအတွက် roll callရရန် ကူညီပေးကြသည်။
လေးယောက်လုံးနေ့လည်စာ စားပြီးချိန်တွင် နေ့လည်တစ်နာရီရှိနေပြီဖြစ်ကာ အခုချိန်ကကျောင်းသားအဆောင်မှာ အပျင်းတစ်လို့ပအကောင်းဆုံးချိန်ဖြစ်သည်။ သူနေ့လည်အတန်းမတက်ဘူးဆိုတာ သိတော့ ကျောင်းထန်ကဘေးအခန်းက အတန်းဖော်တွေကို roll callကူညီရန် ပြောသည်။
အစားစားပြီး ဝူဟန်ယင်းအလွန်ပျင်းရိနေသည်။ ထို့ကြောင့် ထိုင်ခုံကိုဆွဲယူကာ ဂိမ်းထဲဝင်သင့်လားလို့ တွေးသည်။
လက်တော့ပ်ကိုဖွင့်လိုက်သည် ...တနင်္လာနေ့တိုင်း TLBBဂိမ်းကအပတ်စဉ် updateပေးသည်။ patchက နည်းနည်းများတာကို သတိထားမိကာ patch ကိုဒေါင်းပြီး ခဏအကြာinstallလိုက်သည်။
ကျောင်းအင်တာနက် စိတ်ပျက်ဖွယ်ကောင်းစွာ နှေးလွန်းသည်။ အချို့download linkတွေ သူကြိုးစားကြည့်သော်လည်း download speedအမြန်ဆုံးက ဂဏန်းတစ်လုံးဖြစ် 7kb ဒါမှမဟုတ် 8kbသာ ရှာတွေ့သည်။ ဒီ downloadနှုန်းနဲ့တင် ကစားသမားကိုရူးသွားစေလိမ့်မယ် ။
ဒေါင်းပြီးဖို့ သူစိတ်ရှည်လက်ရှည်စောင့်နေတုန်း ရုတ်တရက် ၈၅% ရောက်စဉ် 0kb သို့ပြန်ကျသွားသည်။  ဝူဟန်ယင်းစောင့်နေသော်လည်း 0kbကမတက်ပေ။ အခြား web browserတွေပိတ်ရင်ပိုမြန်လိမ့်မည်လို့ တွေးကာ သူ web browsersတွေက်ပိတ်မည့်အချိန် Baidu ပေ့ချ်ကအလုပ်မလုပ်တာကို တွေ့လိုက်ရသည်။
(T/N : China မှာGoogleမသုံးဘဲ အဲ့အစား Baidu ကိုသုံးကြပါတယ်)
အောက်ခြေညာဘက်ထောင့်မှ သူဝိုင်ဖိုင်လိုင်းလုံးဝမရတော့ဘူးဆိုတာ မြင်လိုက်ရသည်။
"မင်းတို့ဝိုင်ဖိုင်ရကြလား?"
"ငါ့ဟာမရဘူး"
အားလုံးလက်တော့ပ်ပေ့ချ်တွေဘအလုပ်မလုပ်တာကိုကြည့်ခြင်းဖြင့် သူတို့ဝိုင်ဖိုင်လည်းမရတော့တာ မေးစရာတောင်မလို ... ခဏအကြာအခြားအခန်းမှ အဆောင်ဖော်ကလည်း ဝိုင်ဖိုင်အင်တာနက်ရလားဆိုတဲ့အကြောင်းလာပြောသည်။
အဆောင်မှ အင်တာနက်ကအလွန်ညံ့ကာ တစ်ခါတစ်လေပြတ်တောက်သွားတက်သည်။ အမှန်တကယ် အောက်ထပ်ကစက်သည် ဟိုးအရင်တုန်းကစက်အဟောင်းဖြစ်သဖြင့် သူတို့လည်းဘာမှမတတ်နိုင်ပေ။ အဆောင်နေကျောင်းသားတွေကံကောင်းရင် ညနေခင်းလောက်လိုင်းပြန်ရနိုင်သလို တစ်ခါတစ်ခါနေ့လည်ခင်းပြန်ပြတ်တတ်သည်။ အဆိုးဆုံးကိစ္စကတော့ မနက်ဖြန်အထိလိုင်းကျနေဦးမှာပင်။
အင်တာနက်မရှိတော့ အဆောင်နေကျောင်းသားတွစိတ်ဓာတ်ကျသွားကာ သူတို့လည်းဘာမှလုပ်စရာမရှိတော့ အချို့ကအပြင်ထွက်ကြသလို အချို့ကလည်း အနားယူကြသည်။
မနေ့ညက ‌မ‌တော်တဆကိုဝူဟန်ယင်းပြန်စဉ်းစားမိပြီး ချက်ချင်းလက်တော့ပ်ကိုအိတ်ထဲကောက်ထည့်ကာ နေရာယူဖို့အတန်းသွားရန်အဆင်သင့်ပြင်သည်။ အတန်းထဲမှာလည်းဝိုင်ဖိုင်လိုင်းရသော်လည်း သေချာတာလိုင်းမပြတ်ပေ။
"ငါအတန်းသွားလိုက်ဦးမယ်" ဝူဟန်ယင်းပြောကာ လျင်မြန်စွာအခန်းထဲမှ ပြေးထွက်သွားသည်။ စောလေ ကောင်းတဲ့ထိုင်ခုံနေရာ ရလေပဲ။
အတန်း ၁၀၂ သည်ကျယ်ဝန်းသောစာသင်ခန်းဖြစ်ကာ ထိုင်ခုံအလယ်တန်းနဲ့ အနောက်တန်းကသာ ပါဝါပလပ်တပ်ထားသည်။ အတန်းကနှစ်နာရီ စမှာဖြစ်ပြီး အခုမှတစ်နာရီသာရှိကာစောနေသေးသည်။ ထို့‌ကြောင့် ဘယ်သူမှမရှိပေ။ အလယ်တန်းရဲ့ညာဘက်တွင် ဝူဟန်ယင်းထိုင်လိုက်ကာ ပလပ်ပေါက်တွေ့‌တော့လက်တော့ပ်နဲ့ ချက်ချင်းတပ်လိုက်သည်။ သူခဏကြာရှာဖွေပြီး နောက်ဆုံးဝိုင်ဖိုင်ချိတ်နိုင်သွားသည်။ လိုင်းမငြိမ်ပေမယ့် update patchတော့ပြီးလောက်သည်။
အွန်လိုင်းတက်တဲ့သူ သိပ်မရှိ ... Guildထဲမှ အချို့က Tricyclic သို့မဟုတ် ချက်စ်ကစားရန် လူခေါ်နေကြသည်။
ရှောင်ဝူ. guildထဲ နှုတ်ဆက်‌လိုက်စဉ် ရှောင်ရှောင်လေးနဲ့အခြားလူတွေက ပေါက်ကွဲမတတ်ဖြစ်သွားသည်။ လက်ပြအမူအရာတွေ တစ်ခုပြီးတစ်ခုပေါ်လာကာ မသိရင်ဗုံးကျဲလိုက်သကဲ့သို့ပင် ... သူတို့က သူ့ကို'နောက်မီးလင်း'နေသည်ကို ဝန်းခံခိုင်းသလိုဖြစ်နေသည်။
(T/N : Adultery - နောက်မီးလင်းခြင်း၊ ဖောက်ပြန်ခြင်းတို့ကိုပြောတာပါ။ သူငယ်ချင်းအချင်းချင်းစနောက်တဲ့ သဘောနဲ့လည်းသုံးကြပါတယ်။ ဗန်းစကားအရ 'မင်းအချစ်ဆုံးသူငယ်ချင်းက မင်းကိုအသိမပေးဘဲ ရည်းစားထားတယ်' ဆိုသလိုမျိုး ။ BL အရ ယောက်ျားလေးတစ်ယောက်ကို နောက်ယောက်ျားတစ်ယောက်နဲ့ 'ချစ်ကြိုက်'နေတယ်လို့ သံသယရှိတာပါ)
Guildထဲ လူအနည်းငယ်ကလွဲ ကျန်အဖွဲ့သားတွေ Love You 59 Secondsက XCမှန်းမသိကြပေ ... အားလုံးသိတာက...ရှောင်ဝူ. = XC ၊ Love You 59 Seconds = XC၏ရှစ်ဖူ...囧
Guildကမဟုတ်သည့်လူတွေက XC နဲ့ရှောင်ဝူ.ခေါင်း ပေါ်က Ding Feng Boအဖွဲ့သားတွေဆိုတာကြိပဲတွေ့ကာ ချက်ချင်း သူတို့နှစ်ယောက်က တစ်ယောက်တည်းပဲဆိုတာ ကောက်ချက်ချလိုက်ကြသည်။
အဖွဲ့သားတွေကဘဝူဟန်ယင်းကို စနောက်ပြောဆိုနေသောကြောင့် ဝူဟန်ယင်းကီးဘုတ်အဝေးတစ်နေရာကိုရောက်နေသလို ဟန်ဆောင်ကာ guild channel ကိုပိတ်လိုက်သည်။ မိတ်ဆွေစာရင်းကိုဖွင့်ကြည့်တော့ Love You 59 Seconds လိုင်းမတက်သည်ကိုတွေ့ကာ သူခဏကြာစောင့်နေပေမယ့် မလာပေ။ အခု ၁:၃၀ရှိနေပြီ ...ထို့ကြောင့် အခန်းထဲတွင် လူနည်းနည်းပါးပါးတော့ရောက်လာသည်။ ကျယ်ဝန်းသောစာသင်ခန်းက တစ်ဖြည်းဖြည်းကျောင်းသူကျောင်းသားတွေနဲ့ပြည့်လာသည်။
တစ်စုံတစ်ယောက်က သူ့ဘေးနားလာထိုင်သော်လည်း သူမမှုပေ ...ဘာလို့ဆို သူအခန်းဖော်တွေတစ်ယောက်မှ အတန်းမတက်ဘူးဆိုတာ သိနေတာကြောင့် နေရာဦးထားစရာမလို။
ကျောင်းခေါင်းလောင်းမြည်သံဖြင့် အတန်းစတော့မှာဖြစ်လို့ မိုက်ခရိုဖုန်းမှ ပရော်ပဆာအသံဖြင့် lectureစတော့မည်ဖြစ်ကြောင့် အသံအချက်ပြသည်။
စာသင်ခန်းက ညီလာခံလောက်မကျယ်ဝန်းပေ သို့သော် တစ်ခန်းလုံးစပီကာထည့်သွင်းထားကာ ဝူဟန်ယင်းခေါင်းပေါ်မှာတောင် တစ်ခုရှိသည်။
နည်းနည်းအသံမြင့်မြင့်နှင့် တည်ငြိမ်သော ယောက်ျားလေးအသံသည် ဝူဟန်ယင်းခေါင်းပေါ် စပီကာမှ ထွက်လာစဉ် ဝူဟန်ယင်းက ချမ်ချမ်ကျွင့်ဇူကို Love You 59 Secondsဘယ်တော့လိုင်းတက်မလဲမေးကာစာရိုက်နေလျက် ...သူအသံကြားပြီး ရှော့ခ်ရကာ လက်တွေပင်ရပ်တန့်သွားသည်။ ဘယ်တုန်းက အသက်ရင့်ရင်ပရော်ပဆာလျှိုအသံက ငယ်တဲ့အသံပေါက်သွားတာလဲ?!
သူကြက်သေသေလျက်‌ ‌ခေါင်းမော့ကြည့်လိုက်သည်။ အမဲရောင်ကုတ်အင်္ကျီအရှည်ကို အပေါ်ဆုံးကြယ်သီးနှစ်လုံးဖြုတ်ထားကာ အော်တစ်လွှာတွင်အရောင်ဖျော့ဖျော့ဆွယ်တာဝတ်ဆင်ထားသော လူတစ်ယောက် စင်မြင့်တွင်ရပ်နေသည်။ ကိုင်းမပါသောမျက်မှန်နှင့် သူ့မျက်နှာဘယ်လိုကြည့်ကြည့် တစ်သက်လုံးဆင်မြန်းထားသော ရေခဲမျက်နှာဖြင့် ပရော်ပဆာရှချန်ပင် ...
ဝူဟန်ယင်း နေရာတင်ခဏမျှ ခဲသွားသည်။ သူအာရုံပြန်ကပ်သည့်အချိန် လက်တော့ပ်ကိုသိမ်းကာ စားပွဲခုံအောက်သာဝင်ပုန်းလိုက်ချင်သည်။ ...သူအတန်းမှားဝင်လာတာ ...
************************************
အီတာနက်ကြိုးက အင်တာနက်မော်ဒန်နဲ့ဆက်သွယ်တာ ... ကြိုးက desktopနဲ့လက်တော့ပ်ကိုဆက်သွယ်ပါတယ်။ ဝိုင်ဖိုင်routerက internetကို receivedပေးတယ်...မော်ဒန်boxနဲ့ router box မတူညီတဲ့ power sourcesနှစ်ခု ပလပ်တပ်လို့ရပါတယ်။
အစောင့်က အဆောင်က ဝိုင်ဖိုင်routerနဲ့ဆက်ထားတဲ့ အဓိကပါဝါကိုပိတ်လိုက်ရင် ဝိုင်ဖိုင်ပါပိတ်သွားမှာပါ။ ဒါပေမယ့် မော်ဒန်ကိုမတူတဲ့ ပါဝါ sourceကိုတပ်လိုက်ရင် ပါဝါလုံးဝမပြတ်တော့ပါဘူး(ဒုတိယထပ်ပါဝါမပြတ်တဲ့အကြောင်းရင်းပါ)
အီတာနက်ပလပ်ပေါက်က တစ်ခန်းမှ နှစ်ပေါက်ပဲပေးတာပါ။ ကြိုးရှိတာနဲ့တခါတည်းတပ်လိုက်ရုံပါပဲ
Router box
Modem box
Ethernet cables
အမှားပါရင်ခွင့်လွှတ် ...
Thank you all ❤️
August 27, 2020
-----------------------------------------------------------
Continue Reading
You'll Also Like
209K 31.4K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
244K 23.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
263K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.3M 46.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd