Ultralegends

Por Vero_Jeon

331K 42.1K 3.5K

' this is the start of our tears..... ' Taekook Fanfiction... Start date - March 26, 2020 End date - Jun... Más

Prologue
1 : Mysterious Little Boy
2 : He is Emperor's
3 : She want to become Empress
4 : Becoming Empress
5 : Emperor is rough as a beast
6 : The strange blue eyes
7 : Enemy is everywhere
8 : Empress with strange man
9 : Emperor's Punishment
11 : Starting of the storm
12 : Empress is not a human
13 : Please don't ignore me
14 : Something is getting near
15 : Believe me, my Lord
16 : I found my brother
17 : Ending of Qin Prince
18 : We can't run away from destiny
19 : Full moon night
20 : Emperor will go to military
21 : Promise me my heart
22 : Wait for me, my lord
23 : Her trump card
24 : Who is the betrayer?
25 : What happened to emperor?
26 : Believe in you, my lord
27 : Cause I love you
28 : Empress is a monster
29 : King Tai Yang and his capital
30 : I'm coming back to save you
31 : You are safe now
32 : I will not forgive him
33 : Never not
34 : Kill me heal me
35 : Her impenitence
36 : Beautiful pain
37 : The brightest moon in the sky
38 : Don't leave me
Epilogue
Season 2
Book Order
Book!!
About Extra 1,2,3

10 : The Rabbit

8.5K 1.1K 87
Por Vero_Jeon


ေဆာင္းဝင္လာၿပီမို႔ နန္းေတာ္တစ္ခြင္တြင္ ခ်ယ္ရီပန္းမ်ားႏွင့္ ႏွင္းေဖြးေဖြးတို႔က သဘာဝ၏ အလွတရားကို ေဖာ္က်ဴးေနလ်က္ ရွိသည္။ ေႏြးေထြးသည့္ အိပ္ရာထက္မွ လူးလြန္႔ ႏိုးထလာေသာ ထယ္ေယာင္းသည္ သမ္းေဝလိုက္ရင္း အေစခံမ်ား တစ္ကိုယ္ရည္ သန္႔ရွင္းမႈ ျပဳလုပ္ေပးျခင္းကို ခံယူလိုက္၏။ ထို႔ေနာက္ တန္ဖိုးႀကီး တိမ္မ်ွင္ပိုးထည္ႏွင့္ ခ်ဳပ္လုပ္ထားေသာ ဝတ္ရံုကို ဝတ္ဆင္လိုက္ေတာ့ ထယ္ေယာင္း၏ အလွဟာ ၿပိဳင္ဘက္ ကင္းေလသည္။ ေက်ာက္စိမ္းဆံထိုးက ပိုၿပီး က်က္သေရရွိေစသည္...။

မနက္စာကို ႏွစ္ေယာက္စာ ျပင္ဆင္ေစၿပီး
ေတာ္ဝင္စာၾကည့္တိုက္ထံသို႔ ထြက္လာခဲ့သည္။ ယုသည္ တရားဝင္ကိုယ္ရံေတာ္တစ္ေယာက္ ျဖစ္လာၿပီမို႔ ထယ္ေယာင္းအနားတြင္ ေဂ်ာင္ဂု ရွိေနခ်ိန္ကလြဲ၍ တစ္ခ်ိန္လံုး
အတူရွိေနသည္။  ယခုေနာက္ပိုင္း နယ္ေျမသစ္ တိုးခ်ဲ႕ေရး ကိစၥမ်ားႏွင့္ အလုပ္ရႉပ္ေနသည့္ ေဂ်ာင္ဂုဟာ ထယ္ေယာင္းဆီ ေရာက္မလာႏိုင္တာ သံုးရက္ခန္႔ ရွိေနၿပီ ျဖစ္သည္။

စာၾကည့္တိုက္ထဲ ဝင္သြားလိုက္ေတာ့ ေဂ်ာင္ဂုက
တစ္ေန႔တာကို စတင္ျဖတ္သန္းရန္ အဆင္သင့္ ျဖစ္ေနေလၿပီ။
ထယ္ေယာင္းကိုျမင္ေတာ့ ေဂ်ာင္ဂုရဲ႕ မ်က္ႏွာႂကြက္သားတို႔ဟာ တည္ၾကည္ေသာ အၿပံဳးတစ္ပြင့္ကို အလ်င္အျမန္ ဖန္တီးေပးသည္။ ထယ္ေယာင္း၏ ခါးသိမ္သိမ္ကို သိမ္းက်ံဳးေပြ႔ဖက္ရင္း ေပါင္ေပၚသို႔ ဆြဲတင္ လိုက္သည္။ လည္စပ္နားက ဆံႏြယ္တို႔ကို ေမႊးၾကဴလိုက္ေတာ့ မေနတတ္စြာ တခစ္ခစ္ရယ္သည္။ ထိုရယ္သံေလးဟာ တစ္ေန႔တာ၏ ခြန္အားျဖစ္ေပသည္။

" အရွင္ အခ်ိန္မလြန္ခင္ မနက္စာသံုးေဆာင္ပါ "

" မနက္စာ လာပို႔တဲ့ လူကို စားလို႔မရဘူးလား အဟင္း "

" မသင့္ေတာ္တဲ့စကားကို မေျပာပါနဲ႔ အရွင္..
အဆာလြန္သြားရင္ မေကာင္းဘူး ကြၽန္ေတာ္မ်ိဳးအတြက္ပါ ယူလာခဲ့တာမို႔ အတူသံုးေဆာင္ရေအာင္ "

ယတိျပတ္ ျငင္းဆန္မႈေၾကာင့္ ဘာမွမစားရေသးခင္
အစာမေက်ျဖစ္သြားေသာ ဧကရာဇ္ႀကီးပင္ ။ အထိန္းေတာ္ေတြနဲ႔ ကိုယ္ရံေတာ္ေတြအားလံုးကို အျပင္ထုတ္ထားတာမို႔ သူတို႔ႏွစ္ေယာက္ မနက္စာ စားခ်ိန္ဟာ ခါတိုင္းထက္ပင္ ပိုၾကာခဲ့ေလသည္..။

" ကြၽန္ေတာ္ ျပန္ေတာ့မယ္ အရွင္ အနားယူပါဦးေနာ္ က်န္းမာေရးက အဓိက အေရးႀကီးဆံုးပါ "

" ဒါဆို ကိုယ္ေတာ့္ကို နမ္း "

အလိုမက်သလို ဆူေထာ္လာသည့္ ႏႈတ္ခမ္းတစ္စံုကို ဖိကပ္လိုက္ေတာ့ လက္ႏွစ္ဖက္ဟာ လည္တိုင္ကို အလိုက္သိစြာ သိုင္းဖက္လာသည္။ ေဂ်ာင္ဂု စေနာက္ခ်င္လာတာမို႔ နက္ရိႉင္းသည့္ အနမ္းမ်ိဳးကို မဖန္တီးေတာ့ဘဲ ထိကပ္ရံုသာ နမ္းလိုက္တာမို႔ ထယ္ေယာင္းသည္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားကာ ေဂ်ာင္ဂုကို နားမလည္သလို ၾကည့္ေလသည္။ ၿပံဳးစစ မ်က္ႏွာအမူအရာကို အရိပ္အကဲ ဖမ္းလိုက္ေလေတာ့မွ..
အတည္ စိတ္ဆိုးသြားကာ စာၾကည့္တိုက္ထဲမွ အျမန္ ထြက္သြားေတာ့သည္ ။

ေဂ်ာင္ဂုကေတာ့ စိတ္ဆိုးသြားသည့္ ေပါက္စေလးကိုသာ အသည္းတယားယားႏွင့္ က်န္ခဲ့ေတာ့သည္။ ထယ္ေယာင္းသည္ ဘယ္ေတာ့အခါမွ ၾကာၾကာ စိတ္မဆိုးတတ္ပါေခ် ။

*********

ၿမိဳ႕ေတာ္၏ အစြန္းဘက္က်ေသာ ေနရာတြင္ သံထည္ေစ်း တစ္ခု ရွိသည္။ ထိုေစ်းတြင္ သံထည္သာ မကဘဲ ရွားပါး ပစၥည္းအစံု ရႏိုင္ေလသည္။ ရွားပါး တန္ဖိုးႀကီးသည့္ ပစၥည္း မွန္သမ်ွ ရွာေတြ႔ႏိုင္ေသာေၾကာင့္ ခ်မ္းသာသည့္ လူမ်ားအတြက္ နိဗၺာန္ဘံုအလားပင္။ သို႔ေသာ္ ထိုေစ်းတြင္ ေရာင္းခ်သူမ်ားက ဘုရင္ထံ အခြန္သံုးဆ ေဆာင္ရသည္မို႔
ေတာ္ရံု အရင္းအႏွီးေလာက္ႏွင့္ ထ္ိုေစ်းတြင္ ဝင္ဆံ့ႏိုင္ဖို႔ မျဖစ္ႏိုင္ေခ် ။

ထိုေစ်းထဲသို႔ မ်က္ႏွာတြင္ ပုဝါအုပ္ထားသည့္ အမ်ိဳးသမီး ႏွစ္ေယာက္ တစ္စံုတစ္ခုကို ရွာေဖြဝယ္ယူေန၏ ။ ထိုေစ်း၏
အႀကီးမားဆံုး အားသာခ်က္မွာ ေစ်းသို႔ဝင္လ်ွင္ လူတိုင္း မ်က္ႏွာအုပ္ထားရသည္။ ထို႔အျပင္ ဝယ္ယူသူ၏ လံုၿခံဳေရး အတြက္ ဝယ္ယူသည့္ ပစၥည္း စာရင္းအျပင္..
ဝယ္ယူသူ၏ ပံုသဏၭာန္ ၊ ေယာက္်ား မိန္းမ ကအစ ဖံုးကြယ္
လွ်ိဳ႕ဝွက္ေပးထားၾကသည္ ။ ထို႔ေၾကာင့္.. ႏိုင္ငံ၏ စီးပြားေရး အခ်က္အခ်ာ ေစ်းကြက္တစ္ခုအျဖစ္ တည္ရွိေနေပသည္ ။

တန္ဖိုးႀကီး ေဆးျမစ္မ်ား ေရာင္းခ်သည့္ ဆိုင္သို႔ ထို အမ်ိဳးသမီးႏွစ္ေယာက္ ဝင္သြားေတာ့ မေကာင္းဆိုးဝါး မ်က္ႏွာဖံုးကို တပ္ဆင္ထားသည့္ ေထာင္ေထာင္ေမာင္းေမာင္း လူႀကီးတစ္ေယာက္က ေဖာ္ေရြစြာ ႀကိဳဆိုေလသည္။

အနည္းငယ္ ပိုၿပီး ႏြမ္းပါးပံုရသည့္ အမ်ိဳးသမီးက အလိုရွိသည့္အရာကို အရင္ေျပာၾကားလာသည္...။

" သံုးရက္ေက်ာ္မွ အာနိသင္ျပမယ့္ အဆိပ္တစ္မ်ိဳး လိုခ်င္တယ္ တစ္ခါတည္း အသက္ပါသြားႏိုင္မယ့္ အျပင္းစားထဲက ျပေပးပါ "

အမ်ိဳးသမီးငယ္၏ စကားက ထိုလူႀကီးအတြက္ မထူးဆန္းပါေခ်။ သူတို႔ဆိုင္တြင္ အသက္ကယ္ေဆးထက္ အသက္ေသေစမယ့္ ေဆးမ်ိဳးကိုသာ ရွာဝယ္ၾကသည္ မဟုတ္ေလာ။ ဝယ္ယူသူ အမ်ားစုက အမ်ိဳးသမီးမ်ားပင္ ျဖစ္ၾကသည္။

" ေရႊစ တစ္ေထာင္ "

အနက္ေရာင္ႏွင့္ အျဖဴေရာင္စပ္ထားသည့္ လက္သံုးလံုးခန္႔ ရွိေသာ ပုလင္းေလးကို ထုတ္ေပးလိုက္သည္ႏွင့္ စကားတစ္ခြန္းမွ မဟေသးေသာ အမ်ိဳးသမီး၏ လက္ထဲသို႔ ေရာက္သြား၏ ။

" အနံ႕ အရသာ မရွိဘူး ပမာဏ နည္းနည္းကေတာင္ ေသေစႏိုင္တယ္ အစာအိမ္ထဲထက္ အဆုတ္ထဲေရာက္သြားရင္ ပိုၿပီး အက်ိဳးသက္ေရာက္ေစမယ္
ပမာဏမ်ားရင္ေတာ့ ခ်က္ခ်င္း အာနိသင္ ျပလိမ့္မယ္ "

" ေကာင္းၿပီ အဲ့ဒါယူမယ္ "

ခ်က္ခ်င္း ေရႊစတစ္ေထာင္ ေခ်ကာ ဆိုင္ထဲမွ ခပ္ျမန္ျမန္ ထြက္သြားၾကေသာ အမ်ိဳးသမီးႏွစ္ေယာက္အား ၾကည့္ကာ
ေတာ္ရံု ခ်မ္းသာသည့္ အိမ္ေတာ္က မဟုတ္မွန္း ထိုလူႀကီး  ရိပ္မိေလသည္။ သို႔ေသာ္ သူ႔အလုပ္ မဟုတ္တာမို႔ ဆက္ၿပီး ေတြးေတာ မေနေတာ့ဘဲ လက္ထဲက ေရႊစထုပ္ကိုသာ သြားရည္တျမားျမား ေရၾကည့္ေနေတာ့သည္။

**********

" ယု! ေဆာင္းဝင္လာၿပီေလ အရွင့္အတြက္ ဝတ္စံုတစ္ထည္ေလာက္ ခ်ဳပ္ေပးခ်င္လိုက္တာ "

ယုက ဘဝင္မက်သလို အၾကည့္မ်ိဳးႏွင့္ ထယ္ေယာင္းကို ၾကည့္လိုက္၏။ တစ္ႏိုင္ငံလံုးမွာ အခ်မ္းသာဆံုးလူကိုမွ အပင္ပန္းခံၿပီး လုပ္ေပးခ်င္ေနတဲ့ ထယ္ေယာင္းကို ငတံုး လို႔သာ စိတ္ထဲက ဆဲဆိုလိုက္သည္။

" အပင္ပန္းခံမေနပါနဲ႔ ဟိုကျဖင့္ ေရႊခ်ည္ထိုးထားတဲ့ ဝတ္စံုေတြေတာင္ မီးထိုင္ရိႉ႕လို႔ မကုန္ႏိုင္တဲ့ဟာ "

" ယုကလဲ မစဥ္းစားတတ္လိုက္တာ တယုတယနဲ႔ ကိုယ္တိုင္ ဖန္တီးထားတဲ့အရာထက္ တန္ဖိုးႀကီးတာ ရွိႏ္ိုင္ပါ့မလား "

" လူသားေတြကိုနားမလည္..အမ္း မင္းက လူသားမွ မဟုတ္တာ တံုးလိုက္တာ ထယ္ေယာင္းရယ္ "

လူသားတစ္ေယာက္ျဖစ္မွ လူသားေတြလို ေနထိုင္ၿပီး ကိုယ္ ျမတ္ႏိုးတဲ့ အရာကို ပိုင္ဆိုင္ခြင့္ရမည္လား။ သူလက္မခံႏိုင္ပါ။
ယုစကားေၾကာင့္ မျဖစ္ျဖစ္ေအာင္ ဝတ္ရံု တစ္ထည္ေလာက္ေတာ့ ခ်ဳပ္ရမည္။

" အရွင္မပါဘဲ အျပင္ထြက္လို႔မရတာမို႔.. ယု ကပဲ ပိတ္စ သြားဝယ္ေပးႏိုင္မလား ေတာက္ေတာက္ေျပာင္ေျပာင္ႀကီးေတြ မဟုတ္ဘူး အရွင္က ဘာအေရာင္နဲ႔ျဖစ္ျဖစ္လိုက္ေပမယ့္ အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ ေရြးဝယ္ခဲ့ေနာ္ အနီေရာင္နဲ႔ အနက္ေရာင္ေတြခ်ည္းဝတ္တာျမင္ဖူးတယ္ "

" ေနပါဦး ဝယ္ေပးမယ္ ေျပာမိလို႔လား "

" တကယ္ႀကီး မဝယ္ေပးဘူးေပါ့ေလ "

ရႊန္းလဲ့ေနတဲ့ မ်က္ဝန္းေတြနဲ႔ ေတာင္းဆိုေနတဲ့ ထယ္ေယာင္းကို ယု ျငင္းဆန္ႏိုင္စြမ္း မရွိေခ်။ သက္ျပင္းခ်ရင္းသာ ထယ္ေယာင္းေရွ႕မွ ထြက္ခြာလာခဲ့ ေတာ့သည္...။

ယုထြက္သြားေတာ့ ထယ္ေယာင္း ဥယ်ာဥ္ထဲက ေရကန္တြင္ ငါးစာ ထိုင္ေကြၽးေနလိုက္၏။ အနည္းငယ္ၾကာေတာ့ ဖိနပ္ကို လာထိသည့္ ခံစားခ်က္ေၾကာင့္ ငံု႔ၾကည့္မိေတာ့ အျဖဴအမည္း စပ္ထားသည့္ ယုန္ေလးတစ္ေကာင္ ျဖစ္သည္။ ထူးဆန္းတာက ယုန္ေလးသည္ သူ႔ကို မေၾကာက္ဘဲ အတင့္ရဲစြာ ဖိနပ္ကို ပြတ္သီးပြတ္သပ္ လုပ္ေနေလသည္...။

" ခ်စ္စရာေကာင္းလိုက္တာ!! "

ယုန္ေလးကို ေပြ႔ခ်ီလိုက္ရင္း နမ္းရႉံ႕လိုက္သည္။

" ယုန္သား မစားရတာၾကာၿပီ နန္းေတာ္ထဲ ေရာက္လာၿပီး ကတည္းကပဲ အဟိ "

ယုထြက္သြားသည္မို႔ မြန္းေလးသည္ သူ႔အနား အခစား ဝင္လာသည္။ ေျခလွမ္းေတြက သိပ္မူမမွန္ေသးတာမို႔ ေဂ်ာင္ဂု ေပးထားတဲ့ ႀကိမ္ဒဏ္ဟာ အခုထိ မေပ်ာက္ေသးဘူး ထင္သည္။ ျမင္းကိစၥဟာ မြန္းေလးႏွင့္ မဆိုင္ဘဲ သူကိုယ္တိုင္က စိတ္ပါခဲ့တာမို႔ အျပစ္မေပးရန္ ေတာင္းဆိုေသာ္လည္း ေဒါသအရွိန္မေသေသးတဲ့ ေဂ်ာင္ဂု မြန္းေလးကို ႀကိမ္ဒဏ္ အခ်က္ ငါးဆယ္ ေပးခဲ့သည္။ သူသာဆို အတြင္းေၾကသြားႏိုင္သည္။

" သခင္ ဘာလို႔ ေတြ႔ကရာအေကာင္ကို ကိုင္ေနတာလဲ အဲ့ဒါ မိဖုရား ဘတ္ယူရီဟာ ျဖစ္မယ္ ယုန္ေပ်ာက္ရွာသံၾကားတယ္"

" သူ႔ဟာသူ ေရာက္လာတာပါ မြန္းေလး မင္း ယုန္သား ႀကိဳက္လား "

မြန္းေလး ထိုစကားေၾကာင့္ ထယ္ေယာင္းရဲ႕ လက္ထဲက ယုန္ကိုၾကည့္ၿပီး သြားရည္ယိုလာသည္။ သို႔ေသာ္ တင္ပါးက နာက်င္မႈက ဆႏၵကို အလိုမလိုက္ရန္ အဆက္မျပတ္ သတိေပးေနသည္။

" အရွင္သတ္တာခံရလိမ့္မယ္ ယုန္ကို ကြၽန္ေတာ္ျပန္ပို႔ေပးလိုက္မယ္ "

ထယ္ေယာင္းသည္ ႏွေမ်ာတသႏွင့္ မြန္းေလးလက္ထဲ ယုန္ကို ေပးလိုက္ရေတာ့သည္။ ယုန္ဆိုတာ သူတို႔အတြက္ အစာပဲမို႔
အရွင့္အျမင္မွာေတာ့ ထူးဆန္းေနလိမ့္မည္။ ထို႔ေၾကာင့္ ယုန္ကို မ်က္စိေရွ႕ပင္ ေပၚမလာေစရန္ ဂ႐ုစိုက္ရေပမည္ ။



To be continued....

Who miss me ? 👀


______________________________________




ဆောင်းဝင်လာပြီမို့ နန်းတော်တစ်ခွင်တွင် ချယ်ရီပန်းများနှင့် နှင်းဖွေးဖွေးတို့က သဘာဝ၏ အလှတရားကို ဖော်ကျူးနေလျက် ရှိသည်။ နွေးထွေးသည့် အိပ်ရာထက်မှ လူးလွန့် နိုးထလာသော ထယ်ယောင်းသည် သမ်းဝေလိုက်ရင်း အစေခံများ တစ်ကိုယ်ရည် သန့်ရှင်းမှု ပြုလုပ်ပေးခြင်းကို ခံယူလိုက်၏။ ထို့နောက် တန်ဖိုးကြီး တိမ်မျှင်ပိုးထည်နှင့် ချုပ်လုပ်ထားသော ဝတ်ရုံကို ဝတ်ဆင်လိုက်တော့ ထယ်ယောင်း၏ အလှဟာ ပြိုင်ဘက် ကင်းလေသည်။ ကျောက်စိမ်းဆံထိုးက ပိုပြီး ကျက်သရေရှိစေသည်...။

မနက်စာကို နှစ်ယောက်စာ ပြင်ဆင်စေပြီး
တော်ဝင်စာကြည့်တိုက်ထံသို့ ထွက်လာခဲ့သည်။ ယုသည် တရားဝင်ကိုယ်ရံတော်တစ်ယောက် ဖြစ်လာပြီမို့ ထယ်ယောင်းအနားတွင် ဂျောင်ဂု ရှိနေချိန်ကလွဲ၍ တစ်ချိန်လုံး
အတူရှိနေသည်။  ယခုနောက်ပိုင်း နယ်မြေသစ် တိုးချဲ့ရေး ကိစ္စများနှင့် အလုပ်ရှူပ်နေသည့် ဂျောင်ဂုဟာ ထယ်ယောင်းဆီ ရောက်မလာနိုင်တာ သုံးရက်ခန့် ရှိနေပြီ ဖြစ်သည်။

စာကြည့်တိုက်ထဲ ဝင်သွားလိုက်တော့ ဂျောင်ဂုက
တစ်နေ့တာကို စတင်ဖြတ်သန်းရန် အဆင်သင့် ဖြစ်နေလေပြီ။
ထယ်ယောင်းကိုမြင်တော့ ဂျောင်ဂုရဲ့ မျက်နှာကြွက်သားတို့ဟာ တည်ကြည်သော အပြုံးတစ်ပွင့်ကို အလျင်အမြန် ဖန်တီးပေးသည်။ ထယ်ယောင်း၏ ခါးသိမ်သိမ်ကို သိမ်းကျုံးပွေ့ဖက်ရင်း ပေါင်ပေါ်သို့ ဆွဲတင် လိုက်သည်။ လည်စပ်နားက ဆံနွယ်တို့ကို မွှေးကြူလိုက်တော့ မနေတတ်စွာ တခစ်ခစ်ရယ်သည်။ ထိုရယ်သံလေးဟာ တစ်နေ့တာ၏ ခွန်အားဖြစ်ပေသည်။

" အရှင် အချိန်မလွန်ခင် မနက်စာသုံးဆောင်ပါ "

" မနက်စာ လာပို့တဲ့ လူကို စားလို့မရဘူးလား အဟင်း "

" မသင့်တော်တဲ့စကားကို မပြောပါနဲ့ အရှင်..
အဆာလွန်သွားရင် မကောင်းဘူး ကျွန်တော်မျိုးအတွက်ပါ ယူလာခဲ့တာမို့ အတူသုံးဆောင်ရအောင် "

ယတိပြတ် ငြင်းဆန်မှုကြောင့် ဘာမှမစားရသေးခင်
အစာမကျေဖြစ်သွားသော ဧကရာဇ်ကြီးပင် ။ အထိန်းတော်တွေနဲ့ ကိုယ်ရံတော်တွေအားလုံးကို အပြင်ထုတ်ထားတာမို့ သူတို့နှစ်ယောက် မနက်စာ စားချိန်ဟာ ခါတိုင်းထက်ပင် ပိုကြာခဲ့လေသည်..။

" ကျွန်တော် ပြန်တော့မယ် အရှင် အနားယူပါဦးနော် ကျန်းမာရေးက အဓိက အရေးကြီးဆုံးပါ "

" ဒါဆို ကိုယ်တော့်ကို နမ်း "

အလိုမကျသလို ဆူထော်လာသည့် နှုတ်ခမ်းတစ်စုံကို ဖိကပ်လိုက်တော့ လက်နှစ်ဖက်ဟာ လည်တိုင်ကို အလိုက်သိစွာ သိုင်းဖက်လာသည်။ ဂျောင်ဂု စနောက်ချင်လာတာမို့ နက်ရှိူင်းသည့် အနမ်းမျိုးကို မဖန်တီးတော့ဘဲ ထိကပ်ရုံသာ နမ်းလိုက်တာမို့ ထယ်ယောင်းသည် ကြောင်တောင်တောင် ဖြစ်သွားကာ ဂျောင်ဂုကို နားမလည်သလို ကြည့်လေသည်။ ပြုံးစစ မျက်နှာအမူအရာကို အရိပ်အကဲ ဖမ်းလိုက်လေတော့မှ..
အတည် စိတ်ဆိုးသွားကာ စာကြည့်တိုက်ထဲမှ အမြန် ထွက်သွားတော့သည် ။

ဂျောင်ဂုကတော့ စိတ်ဆိုးသွားသည့် ပေါက်စလေးကိုသာ အသည်းတယားယားနှင့် ကျန်ခဲ့တော့သည်။ ထယ်ယောင်းသည် ဘယ်တော့အခါမှ ကြာကြာ စိတ်မဆိုးတတ်ပါချေ ။

*********

မြို့တော်၏ အစွန်းဘက်ကျသော နေရာတွင် သံထည်ဈေး တစ်ခု ရှိသည်။ ထိုဈေးတွင် သံထည်သာ မကဘဲ ရှားပါး ပစ္စည်းအစုံ ရနိုင်လေသည်။ ရှားပါး တန်ဖိုးကြီးသည့် ပစ္စည်း မှန်သမျှ ရှာတွေ့နိုင်သောကြောင့် ချမ်းသာသည့် လူများအတွက် နိဗ္ဗာန်ဘုံအလားပင်။ သို့သော် ထိုဈေးတွင် ရောင်းချသူများက ဘုရင်ထံ အခွန်သုံးဆ ဆောင်ရသည်မို့
တော်ရုံ အရင်းအနှီးလောက်နှင့် ထ်ိုဈေးတွင် ဝင်ဆံ့နိုင်ဖို့ မဖြစ်နိုင်ချေ ။

ထိုဈေးထဲသို့ မျက်နှာတွင် ပုဝါအုပ်ထားသည့် အမျိုးသမီး နှစ်ယောက် တစ်စုံတစ်ခုကို ရှာဖွေဝယ်ယူနေ၏ ။ ထိုဈေး၏
အကြီးမားဆုံး အားသာချက်မှာ ဈေးသို့ဝင်လျှင် လူတိုင်း မျက်နှာအုပ်ထားရသည်။ ထို့အပြင် ဝယ်ယူသူ၏ လုံခြုံရေး အတွက် ဝယ်ယူသည့် ပစ္စည်း စာရင်းအပြင်..
ဝယ်ယူသူ၏ ပုံသဏ္ဌာန် ၊ ယောက်ျား မိန်းမ ကအစ ဖုံးကွယ်
လျှို့ဝှက်ပေးထားကြသည် ။ ထို့ကြောင့်.. နိုင်ငံ၏ စီးပွားရေး အချက်အချာ ဈေးကွက်တစ်ခုအဖြစ် တည်ရှိနေပေသည် ။

တန်ဖိုးကြီး ဆေးမြစ်များ ရောင်းချသည့် ဆိုင်သို့ ထို အမျိုးသမီးနှစ်ယောက် ဝင်သွားတော့ မကောင်းဆိုးဝါး မျက်နှာဖုံးကို တပ်ဆင်ထားသည့် ထောင်ထောင်မောင်းမောင်း လူကြီးတစ်ယောက်က ဖော်ရွေစွာ ကြိုဆိုလေသည်။

အနည်းငယ် ပိုပြီး နွမ်းပါးပုံရသည့် အမျိုးသမီးက အလိုရှိသည့်အရာကို အရင်ပြောကြားလာသည်...။

" သုံးရက်ကျော်မှ အာနိသင်ပြမယ့် အဆိပ်တစ်မျိုး လိုချင်တယ် တစ်ခါတည်း အသက်ပါသွားနိုင်မယ့် အပြင်းစားထဲက ပြပေးပါ "

အမျိုးသမီးငယ်၏ စကားက ထိုလူကြီးအတွက် မထူးဆန်းပါချေ။ သူတို့ဆိုင်တွင် အသက်ကယ်ဆေးထက် အသက်သေစေမယ့် ဆေးမျိုးကိုသာ ရှာဝယ်ကြသည် မဟုတ်လော။ ဝယ်ယူသူ အများစုက အမျိုးသမီးများပင် ဖြစ်ကြသည်။

" ရွှေစ တစ်ထောင် "

အနက်ရောင်နှင့် အဖြူရောင်စပ်ထားသည့် လက်သုံးလုံးခန့် ရှိသော ပုလင်းလေးကို ထုတ်ပေးလိုက်သည်နှင့် စကားတစ်ခွန်းမှ မဟသေးသော အမျိုးသမီး၏ လက်ထဲသို့ ရောက်သွား၏ ။

" အနံ့ အရသာ မရှိဘူး ပမာဏ နည်းနည်းကတောင် သေစေနိုင်တယ် အစာအိမ်ထဲထက် အဆုတ်ထဲရောက်သွားရင် ပိုပြီး အကျိုးသက်ရောက်စေမယ်
ပမာဏများရင်တော့ ချက်ချင်း အာနိသင် ပြလိမ့်မယ် "

" ကောင်းပြီ အဲ့ဒါယူမယ် "

ချက်ချင်း ရွှေစတစ်ထောင် ချေကာ ဆိုင်ထဲမှ ခပ်မြန်မြန် ထွက်သွားကြသော အမျိုးသမီးနှစ်ယောက်အား ကြည့်ကာ
တော်ရုံ ချမ်းသာသည့် အိမ်တော်က မဟုတ်မှန်း ထိုလူကြီး  ရိပ်မိလေသည်။ သို့သော် သူ့အလုပ် မဟုတ်တာမို့ ဆက်ပြီး တွေးတော မနေတော့ဘဲ လက်ထဲက ရွှေစထုပ်ကိုသာ သွားရည်တမြားမြား ရေကြည့်နေတော့သည်။


**********


" ယု! ဆောင်းဝင်လာပြီလေ အရှင့်အတွက် ဝတ်စုံတစ်ထည်လောက် ချုပ်ပေးချင်လိုက်တာ "

ယုက ဘဝင်မကျသလို အကြည့်မျိုးနှင့် ထယ်ယောင်းကို ကြည့်လိုက်၏။ တစ်နိုင်ငံလုံးမှာ အချမ်းသာဆုံးလူကိုမှ အပင်ပန်းခံပြီး လုပ်ပေးချင်နေတဲ့ ထယ်ယောင်းကို ငတုံး လို့သာ စိတ်ထဲက ဆဲဆိုလိုက်သည်။

" အပင်ပန်းခံမနေပါနဲ့ ဟိုကဖြင့် ရွှေချည်ထိုးထားတဲ့ ဝတ်စုံတွေတောင် မီးထိုင်ရှိူ့လို့ မကုန်နိုင်တဲ့ဟာ "

" ယုကလဲ မစဉ်းစားတတ်လိုက်တာ တယုတယနဲ့ ကိုယ်တိုင် ဖန်တီးထားတဲ့အရာထက် တန်ဖိုးကြီးတာ ရှိန်ိုင်ပါ့မလား "

" လူသားတွေကိုနားမလည်..အမ်း မင်းက လူသားမှ မဟုတ်တာ တုံးလိုက်တာ ထယ်ယောင်းရယ် "

လူသားတစ်ယောက်ဖြစ်မှ လူသားတွေလို နေထိုင်ပြီး ကိုယ် မြတ်နိုးတဲ့ အရာကို ပိုင်ဆိုင်ခွင့်ရမည်လား။ သူလက်မခံနိုင်ပါ။
ယုစကားကြောင့် မဖြစ်ဖြစ်အောင် ဝတ်ရုံ တစ်ထည်လောက်တော့ ချုပ်ရမည်။

" အရှင်မပါဘဲ အပြင်ထွက်လို့မရတာမို့.. ယု ကပဲ ပိတ်စ သွားဝယ်ပေးနိုင်မလား တောက်တောက်ပြောင်ပြောင်ကြီးတွေ မဟုတ်ဘူး အရှင်က ဘာအရောင်နဲ့ဖြစ်ဖြစ်လိုက်ပေမယ့် အရောင်ဖျော့ဖျော့လေးတွေ ရွေးဝယ်ခဲ့နော် အနီရောင်နဲ့ အနက်ရောင်တွေချည်းဝတ်တာမြင်ဖူးတယ် "

" နေပါဦး ဝယ်ပေးမယ် ပြောမိလို့လား "

" တကယ်ကြီး မဝယ်ပေးဘူးပေါ့လေ "

ရွှန်းလဲ့နေတဲ့ မျက်ဝန်းတွေနဲ့ တောင်းဆိုနေတဲ့ ထယ်ယောင်းကို ယု ငြင်းဆန်နိုင်စွမ်း မရှိချေ။ သက်ပြင်းချရင်းသာ ထယ်ယောင်းရှေ့မှ ထွက်ခွာလာခဲ့ တော့သည်...။

ယုထွက်သွားတော့ ထယ်ယောင်း ဥယျာဉ်ထဲက ရေကန်တွင် ငါးစာ ထိုင်ကျွေးနေလိုက်၏။ အနည်းငယ်ကြာတော့ ဖိနပ်ကို လာထိသည့် ခံစားချက်ကြောင့် ငုံ့ကြည့်မိတော့ အဖြူအမည်း စပ်ထားသည့် ယုန်လေးတစ်ကောင် ဖြစ်သည်။ ထူးဆန်းတာက ယုန်လေးသည် သူ့ကို မကြောက်ဘဲ အတင့်ရဲစွာ ဖိနပ်ကို ပွတ်သီးပွတ်သပ် လုပ်နေလေသည်...။

" ချစ်စရာကောင်းလိုက်တာ!! "

ယုန်လေးကို ပွေ့ချီလိုက်ရင်း နမ်းရှူံ့လိုက်သည်။

" ယုန်သား မစားရတာကြာပြီ နန်းတော်ထဲ ရောက်လာပြီး ကတည်းကပဲ အဟိ "

ယုထွက်သွားသည်မို့ မွန်းလေးသည် သူ့အနား အခစား ဝင်လာသည်။ ခြေလှမ်းတွေက သိပ်မူမမှန်သေးတာမို့ ဂျောင်ဂု ပေးထားတဲ့ ကြိမ်ဒဏ်ဟာ အခုထိ မပျောက်သေးဘူး ထင်သည်။ မြင်းကိစ္စဟာ မွန်းလေးနှင့် မဆိုင်ဘဲ သူကိုယ်တိုင်က စိတ်ပါခဲ့တာမို့ အပြစ်မပေးရန် တောင်းဆိုသော်လည်း ဒေါသအရှိန်မသေသေးတဲ့ ဂျောင်ဂု မွန်းလေးကို ကြိမ်ဒဏ် အချက် ငါးဆယ် ပေးခဲ့သည်။ သူသာဆို အတွင်းကြေသွားနိုင်သည်။

" သခင် ဘာလို့ တွေ့ကရာအကောင်ကို ကိုင်နေတာလဲ အဲ့ဒါ မိဖုရား ဘတ်ယူရီဟာ ဖြစ်မယ် ယုန်ပျောက်ရှာသံကြားတယ်"

" သူ့ဟာသူ ရောက်လာတာပါ မွန်းလေး မင်း ယုန်သား ကြိုက်လား "

မွန်းလေး ထိုစကားကြောင့် ထယ်ယောင်းရဲ့ လက်ထဲက ယုန်ကိုကြည့်ပြီး သွားရည်ယိုလာသည်။ သို့သော် တင်ပါးက နာကျင်မှုက ဆန္ဒကို အလိုမလိုက်ရန် အဆက်မပြတ် သတိပေးနေသည်။

" အရှင်သတ်တာခံရလိမ့်မယ် ယုန်ကို ကျွန်တော်ပြန်ပို့ပေးလိုက်မယ် "

ထယ်ယောင်းသည် နှမျောတသနှင့် မွန်းလေးလက်ထဲ ယုန်ကို ပေးလိုက်ရတော့သည်။ ယုန်ဆိုတာ သူတို့အတွက် အစာပဲမို့
အရှင့်အမြင်မှာတော့ ထူးဆန်းနေလိမ့်မည်။ ထို့ကြောင့် ယုန်ကို မျက်စိရှေ့ပင် ပေါ်မလာစေရန် ဂရုစိုက်ရပေမည် ။




To be continued....

Who miss me ? 👀








Seguir leyendo

También te gustarán

566K 35.2K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
7.9M 461K 48
Wang Li Xun, the Crown Prince, goes out hunting for the Celestial Flower to save his mother from a terminal illness. When he nearly dies from the att...
270K 47.5K 59
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
57.7K 7.8K 31
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...