9 : Emperor's Punishment

9.1K 1.1K 79
                                    


အိပ်မောကျနေတဲ့ ထယ်ယောင်းကို ရင်ဘတ်ထိ စောင်ဆွဲခြုံပေးခဲ့ရင်း ဂျောင်ဂု အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။
အပြင်မှာ ရပ်နေတဲ့လူစိမ်းကို ဂျောင်ဂု စေ့စေ့ကြည့်ရင်း..
ထိုင်ခုံတွင် နေရာယူလိုက်၏။ ထိုလူသည် ဂျောင်ဂုကို အရိုအသေမပေးပေ။ အထိန်းတော်ကြီးက ထိုအပြုအမူကြောင့် တစ်စုံတစ်ခုပြောရန် ပြင်တော့ ဂျောင်ဂုက ကြိုတားလိုက်သည်။ အချိန်အတန်ငယ်ကြာသည် အထိ လူစိမ်းကလည်း ဘာမှမပြောသလို ဂျောင်ဂုကလည်း
ထိုလူကို ခေါင်းအစခြေအဆုံး စိုက်ကြည့်နေသည်။

အခန်းတွင်းက လေထုသည် လိုအပ်သည်ထက် အေးစက်နေ၏။ အထိန်းတော်ကြီးကတော့ ဂျောင်ဂု၏ ဒေါသ အခြေအနေကို ရိပ်မိနေပြီဖြစ်သည်။ ဧကရီပျောက်နေတဲ့ နေ့ရက်တွေမှာ သူစိမ်းယောက်ျားတစ်ယောက်နဲ့ တစ်ချိန်လုံး
အတူရှိနေသည်ဆိုသည့် အမှန်တရားက ကောင်းကောင်း
ဒေါသထွက်ရန် လုံလောက်ပေ၏...။

" ယောင်းကို ကယ်တင်ပေးခဲ့တဲ့အတွက် ကိုယ်တော် မင်းကို
ကျေးဇူးတင်ပါတယ် မင်းလိုချင်တဲ့အရာကိုပြော အကုန် ဖြည့်ဆည်းပေးမယ် "

ယုသည် သေချာတွေးတောနေဟန်ရှိ၏။ ဒီလိုဆုလာဘ်မျိုးကို
ငြင်းဆိုလိုက်လျှင် သူသည် မိုက်လုံးကြီးရာကျပေလိမ့်မည်။
ယုက ဂျောင်ဂုရှေ့တွင် ဒူးထောက်လေတာမို့ ဂျောင်ဂုက သဘောကျစွာ ပြုံးလေ၏။ သူလို ဧကရာဇ်ကို ဒူးမထောက်ဝံ့သူ မရှိပေ။ ဂျောင်ဂု၏ အရှိန်အဝါက သာမန် လူတစ်ယောက်အတွက် များစွာ ကြောက်ရွံ့ခြင်းကို ပေးစွမ်းနိုင်သည်။

" ဧကရီက သူ့ရဲ့ကိုယ်ရံတော်တစ်ယောက် ဖြစ်လာခွင့်ပေးမယ်လို့ ကတိပေးခဲ့ပါတယ် အရှင် ကျွန်တော် လိုချင်တဲ့ ဆုလာဘ်ကတော့ အဲ့ဒါပါပဲ ဧကရီရဲ့ ကတိကို အရှင်က ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ် "

ဂျောင်ဂုသည် ယုစကားကြောင့် ပုံမှန်ထက် မျက်နှာတည်သွားလေ၏။ သူ့လူတွေကလွဲပြီး ထယ်ယောင်း အနားမှာ ဘယ်သူ့ကိုမှ ရှိမနေစေချင်တာ သူ့ရဲ့ အတ္တဖြစ်သည်။ သို့သော် ကတိကိုဖောက်ဖျက်ခြင်းက သူ၏ ရာဇဝင်တွင် မရှိချေ၊

" ကောင်းပြီလေ မင်းပြောသလို ကိုယ်တော်ဖြည့်ဆည်းပေးမယ် ဒါပေမယ့် ကိုယ်တော်ရဲ့ အမိန့်ကိုပဲ တိုက်ရိုက်နာခံရမယ် ဧကရီရဲ့ အမိန့်က ဘာပဲ ဖြစ်နေပါစေ ကိုယ်တော်ရဲ့ အမိန့်ကိုဆန့်ကျင်ခွင့် မရှိတာကို
လက်ခံနိုင်မယ်ဆိုရင် ယောင်းရဲ့ ကိုယ်ရံတော် တစ်ယောက်
လုပ်လို့ရပြီ "

Ultralegends حيث تعيش القصص. اكتشف الآن