22 : Wait for me, my lord

5.4K 865 83
                                    

အဆောင်တော်ထဲမှာ ထယ်ယောင်း နိုးလာတော့
နေအတော်မြင့်နေပြီ ဖြစ်သည်။ သူဘာကြောင့် ဒီအချိန်ထိ
အိပ်မောကျသွားမိမှန်းမသိချေ။ နောက်ဆုံးမှတ်မိခဲ့တဲ့
ပုံရိပ်သည်ကား မြေခွေး သဏ္ဍာန်နဲ့ သူ့ကို တောင်ကုန်းပေါ်မှ
ဂျောင်ဂု သယ်ဆောင်လာခြင်းသာ။ နွေးထွေးတဲ့ လက်မောင်းတွေကြားမှာ နန်းတော်ရောက်သည်ကိုပင်
မသိနိုင်တော့ဘဲ နှစ်ခြိုက်စွာ အိပ်မောကျနေမိခဲ့သည်။

" ယု! "

ထယ်ယောင်း အသံပြုလိုက်သည်နှင့် အပြင်မှာရပ်နေတဲ့
ယုရော မွန်းလေး ပါ အိပ်ဆောင်ထဲ ဝင်လာ၏။ သူ့ကို ခစားနေကျ အပျိုတော်လေးတွေပါ ရောက်လာပြီး မျက်နှာသစ်ဖို့ ကူညီပေး၏။

" ကောင်းကောင်းအိပ်ပျော်နေခဲ့တာပဲ "

" အင်း, ယု..အရှင်နဲ့ အစ်ကိုတော် ထွက်ခွာသွားပြီလား "

ရေနွေးစိမ်ထားတဲ့ အဝတ်စိုနဲ့ မျက်နှာကို သန့်ရှင်းနေရင်း
မေးမြန်း၏။

" အာရုံမတက်ခင်ကတည်းက ထွက်ခွာသွားပြီ ရာသီဥတုက
အရမ်းဆိုးဝါးလောက်အောင် အေးနေတာမို့ အရှင်က
ဧကရီကို မနှိုးတော့ဖို့ မိန့်တယ် "

" ဟင်း.. "

ဂျောင်ဂုကို မနှုတ်ဆက်လိုက်ရ၍ ထယ်ယောင်း ရင်ထဲ
စိတ်မကောင်းဖြစ်သွားရ၏။ အစ်ကိုကြီးဖြစ်သူကိုလည်း
မနှုတ်ဆက်လိုက်ရပေ။ နှစ်ယောက်လုံး ထိခိုက် ဒဏ်ရာ မရစေရန် ဆုတောင်းနိုင်ရုံမှတစ်ပါး အခြားတတ်နိုင်တာ မရှိချေ...။

နှစ်တစ်နှစ်ရဲ့ ဒုတိယမြောက်လ ရောက်နေပြီမို့ နေ့ခင်းဘက်တွေမှာ အအေးသက်သာ၏။ ကပ်ချွဲစရာ အရှင်လည်း မရှိသလို၊ လုပ်စရာလည်းမရှိတဲ့ ထယ်ယောင်းမှာ အလွန်ပျင်းရိနေလေသည်။ ထို့ကြောင့် ဝါသနာအသစ်ကို
ရှာဖွေလေတော့သည်။

" စစ်ပွဲက ဘယ်လောက်ကြာနိုင်လဲသိလား မွန်းလေး "

ယုထက်စာရင် မွန်းလေးက ပိုပြီး တိုက်ပွဲအတွေ့အကြုံနဲ့
ဗဟုသုတ ပိုများသည်။ ယုက ထယ်ယောင်းနဲ့ တွေ့ဆုံပြီး
နောက်မှသာ လူသားတွေရဲ့ နေထိုင်မှုပုံစံထဲ ဝင်ရောက်လာခြင်းပင်ဖြစ်၏။

Ultralegends Where stories live. Discover now